အခန်း (၄၁၅-၄၁၆)
Vol. 32 Ch. 415-416
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း (၄၁၅)
မန်နေဂျာချုပ်ချန် ၏စကားများနှင့် ပတ်သက်၍ ဒါရိုက်တာချုပ်ကျန်းက မည်သည့်မှတ်ချက်မှ မပေးခဲ့ချေ။
သူက ယွမ်ကျိုး ဆောင်ထားသည့် အခွန်စာရင်းများကိုသာ ယူလာပြီး အေးစက်စက်ပုံစံဖြင့် ပြလိုက်သည်။
"ဖတ်စ်"
မန်နေဂျာချုပ်ချန်မှာ သူ့မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသည့် အသံပင်ကြားလိုက်ရသလို ခံစားလိုက်ရသည်။အတော်လေး အထိနာပေသည်။
ခင်ဗျား နောက်နေတာများလား။
သေးငယ်သော စား သောက်ဆိုင်ေလးက ဤမျှသောအခွန်များစွာကို ဆောင်နိုင်သည်မှာ ဖြစ်နိုင်ပါရဲ့လား။
မန်နေဂျာချုပ်ချန်မှာ "နောက်ပြောင်ခံရသည့်"
အမူအရာကိုသာ ပြသလျက်ရှိသည်။
ဤစကားများကို ဒါရိုက်တာကျန်းက ပြောခဲ့ခြင်း မဟုတ်ပါက သူက တဖက်သူ၏ မျက်နှာကို တချက်လောက် ဖြတ်ရိုက်မိပေလိမ့်မည်။
"စိတ်မရှိပါနဲ့ ဆရာ ဆိုလိုတာက ဒီလို ဆိုင်လေးက လတိုင်း ယွမ်၁၀သန်း အခွန်ဆောင်တယ်လို့လား "
မန်နေဂျာချုပ်ချန်၏ အသံမှာ မယုံနိုင်ခြင်းများနှင့် ပြည့်နှက်နေသည်။ထို့အပြင့် သူက
မှင်သက်နေပုံပင်။
"အင်း အဲ့လောက်နီးပါးပေါ့"
ဒါရိုက်တာကျန်းက ရိုးရိုးသားသား ဖြေလိုက်သည်။
"ဒါက ဖြစ်နိုင်တယ်လို့ မထင်ဘူး ဒီလိပ်စာက မှားနေတာရှိသေးလား"
မန်နေဂျာချန်က အသက်ပြင်းပြင်းရှူပြီး စကားလှလှဖြင့် လှည့်မေးလိုက်သည်။
"ဒါရိုက်တာကျန်း အရင်နှစ်ဆိုရင် ဆိုင်၄၁၅ဆိုင်မှာ ဆိုင်တစ်ဆိုင်က တစ်နှစ်ကိုအခွန်၃သန်းစီပဲ ဆောင်နိုင်ကြပါတယ်"
လက်ထောက် ဒင်က စာရွက်များပြပြီး ၀င်ပြောလိုက်သည်။
ဒါရိုက်တာကျန်းက တည်ငြိမ်စွာဖြင့်
"အင်း ဒီနံပါတ်က ဌာနချုပ်မှုးလင်း ကိုယ်တိုင် အစီရင်ခံထားတာပဲ"
"အားနာပါတယ် ဆရာကို အလုပ်ရှုပ်စေမိပြီ"
မန်နေဂျာချုပ်ချန်က သူ့ကိုယ်သူ့ ဒေါသထွက်ပေါက်ကွဲမိတော့မည့် အဖြစ်မှ ထိန်းနိုင်ရန် အကောင်းဆုံး ကြိုးစားလိုက်သည်။
ဒါရိုက်တာကျန်းက ခေါင်းငြိမ့်ရင်း
"ရပါတယ် နှုတ်ဆက်ပါတယ်ဗျာ"
"တပ် တပ် တပ်"
လူသုံးယောက်က တံခါးမှ လျင်မြန်စွာ ထွက်သွားကြသည်။
မန်နေဂျာချန်က ဌာန အပြင်ဘက်ရောက်သည့်အထိ ခြေလှမ်းများကို မရပ်တန့်ခဲ့ပေ။
"အဲ့ဒီလူက ဘာနောက်ခံအင်အားမှ မရှိပါဘူးလို့ မင်းပြောခဲ့လား မပြောခဲ့ဘူးလား"
မန်နေဂျာချန်အနေဖြင့် ယွမ်ကျိူး အခွန်ဆောင်သည့်ကိစ္စကို မယုံနိူင်သေးပဲ ဖြစ်နေသည်။
"ကျွန်တော်တို့ ဘာမှမတွေ့ခဲ့ပါဘူး ဆရာ"
လက်ထောက် ဒင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်"
နျူလီကလည်း ထောက်ခံလိုက်သည်။
"ဒါဆို ဒါရိုက်တာကျန်း လိမ်တယ်လို့ ပြောချင်ကြတာလား"
မန်နေဂျာချန်က ရှုပ်ထွေးနေပုံပင်။
"ကျွန်တော် ကြည့်ရသလောက် ဒါရိုက်တာကျန်းက လိမ့်မဲ့ပုံမပေါ်ပါဘူး ပြီးတော့ ကျတော်ရဲ့ တွက်ချက်ပုံအရ အဲဒီလူက ၁၀သန်း အခွန်ဆောင်တာ တကယ်ပဲဖြစ်နိုင်ချေရှိတယ်"
"ဘာ စတုရန်း ၁၀၀တောင် မပြည့်တဲ့ ဆိုင်သေးလေးက ဒီလို အခွန်ဆောင်နိုင်တာ ဖြစ်နိုင်ရဲ့လား"
စာရွက်စာတမ်းများကို လျစ်လျူရှုပြီး မန်နေဂျာချန်က လက်မခံနိုင်သေးပေ။
"ဒါက လွဲပြီး မဖြစ်နိုင်ပါဘူး ဆရာ"
နျုလီမျက်နှာမှာ မယုံနိုင်ဟန်ဖြစ်နေသေးသည်။
"သူက စိတ်လွတ်နေတာလား သူ့ကဒီလို ကစားနေရင် ငါတို့က ဘယ်လိုမျိုး လုပ်ကြမလဲ"
မန်နေဂျာချန်က ဆူပူမှု့ကို မရပ်နိုင်တော့ပေ။ယွမ်ကျိုးသာ အမှန် အခွန်ဆောင်ခဲ့လျှင် သူက ဂိမ်းတစ်ခုကို ကစားနေခြင်းပင်။
" မဖြေရှင်းနိုင်ခြင်း" သည်သာ အဖြေဖြစ်နေသည်။တခြားနည်းလမ်းများ မရှိတော့ပါ။
"ကျွန်တော်တို့ ဘယ်သွားကြမလဲ
မန်နေဂျာချန်"
လက်ထောက်ဒင်က စာရွက်တွေသိမ်းပြီး မေးလိုက်သည်။
"ကျွန်မတို့ ဘာလုပ်သင့်လဲ "နျူလီက မမေးပဲ မနေနိူင်တော့ပေ။
သူတိူ့မှာ ဂုဏ်ပြုပွဲ ကျင်းပဖို့တောင် ပြင်ဆင်ပြီးနေပြီ။သို့သော် ယွမ်ကျိုးက အခွန်များများဆောင်ခြင်း ကိစွကဲ့သို့ ပုံမှန်မဟုတ်သော နည်းလမ်းဖြင့် ကျော်လွှားနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြဖူးချေ။
အတော်လေး သိပွံနည်းမကျသည့်ကိစွတစ်ရပ်ပေ။ဒီလှုပ်ရှားမှု့က အခွန်ရုံးကို အထင်ကြီးစေသည့်အပြင် မန်နေဂျာချန် ၀ယ်ယူနိုင်ဖို့ကိုပါ
ပိတ်ဆို့နိူင်ခဲ့လေသည်။
အခက်အခဲတစ်စုံတစ်ရာမရှိပဲ အရှုပ်အထွေးကို ဖြေရှင်းနိုင်သွားလေသည်။
နောက်ဆုံးမှာ အခွန်များများဆောင်နိုင်သူကို အခွန်ဆောင်ရုံးက ကာကွယ်ကြမည်မှာ ဧကန်ပင်ဖြစိသည်။
"ငါတို့ ဘာမှမလုပ်နိူင်ဘူး တခြားအခွင့်အရေးတွေ စောင့်တာပေါ့"
မန်နေဂျာချန်က မျက်လုံးလှိမ့်ရင်း ဒေါသတကြီး အံကြိတ်လိုက်သည်။
"ခဏစောင့်ပါ ကားသွားယူလိုက်ပါ့မယ် "
လက်ထောက်ဒင်က သော့ယူပြီး ထွက်သွားသည်။
"အင်း"
မန်နေဂျာချန်က အဝေးမှရပ်ထားသည့် ကားကို ကြည့်ရင်း ပြောလိုက်သည်။
သူတို့က စိတ်ရှုပ်ရှုပ်ဖြင့် ကားရပ်ထားသည့် နေရာတောင်ကျော်လာမိ၍ ယခု ကားဆီပြန်သွားနေရတာ ဖြစ်ပေသည်။
ကိစ္မများ ပြီးဆုံးသွားသည့်နောက်တွင် အချိန်မှာ မစောတော့ပေ။နံနက်၁၁နာရီရှိနေပြီ ဖြစ်၍ ယွမ်ကျိူးက သူ့၏နေ့လည်စာကို ပြင်ဆင်လိုက်သည်။
အမှန်တွင် အခွန်ပမာဏများများ ဆောင်ထားရသဖြင့် သူသည် မည်သည့် စိုးရိမ်မှု့မှမရှိပဲ နေမြဲအတိုင်းဖြစ်နေသည်။
"နေ့လည်ကျ အသီးအရွက် တခွက်နဲ့ အမဲသား ချက်ဦးမှပါလေ"
ယွမ်ကျိုးက မီးဖိုချောင် ပစွည်းများကိုကြည့်ရင်း ရေရွတ်လိုက်သည်။
"ဟွာ လာ ဇီ လာ" ဟူသော နားထောင်ကောင်းသော အသံများကြားလိုက်ရပြီး
တစ်အောင့်လောက်အကြာ ယွမ်ကျိုးက အသားဟင်းတစ်ခွက် ဟင်းရွက်ကြော်တစ်ခွက်နှင့် ထမင်းတစ်ပန်းကန်ကို ပြင်ဆင်ပြီးသွားသည်။
"အင်း ငါ့လက်ရာက ထပ်ပြီး တိုးတက်လာပြန်ပြီ" ယွမ်ကျိုးက မွှေးကြိုင်နေသည့် ဟင်းရနံ့ကိုရှုလိုက်ရင်း ဂုဏ်ယူစွာ ပြောလိုက်သည်။
"ကဲ စားတော့မယ်"ယွမ်ကျိုးကထိုင်ပြီး စားရန်ပြင်လိုက်သည်။
သူတစ်လုပ်ပဲ.စားရသေးသည့်အချိန်တွင် အပြင်ဘက်ကအသံကို ရုတ်တရက်ကြားလိုက်ရသည်။
ထိုအသံက အာဟူ တီးခတ်နေသည့် အသံပင်ဖြစ်သည်။
ပထမက ယွမ်ကျိုးမှာ မည့်သည့်မှ ထူးထူးခြားခြား မခံစားရပေ။အာဟူတီးခတ်နေသည့် သာယာနာပျော်ဖွယ်အသံက ပိုပိုရှင်းလင်းလာမှသာ ယွမ်ကျိုးကြားရတာဖြစ်သည်။
"အားဟူ ရဲ့ အသံက ဘယ်ကလာတာလဲ"
ယွမ်ကျိုး ဇဝေဇဝါဖြစ်သွားသည်။
"ဝူ ဝူ ဝူ .."သာယာငြိမ့်ညောင်းသည့် တေးသံကလေထဲမှာ ပျံ့လွင့်လာသည်။ယွမ်ကျိုး မှာ ထိုသံစဉ်၏အဓိပ္ပာယ်ကို၎င်း မည်သည့်သံစဉ်ဆိုသည်ကို၎င်း နားမလည်သော်လည်း အလိုလိုနစ်မျောသွားလေသည်။
ဆယ်မိနစ်ကျော်ကြာသောအခါ တေးသံ
ပြီးသွားလေသည်။ထိုအခါမှ ယွမ်ကျိုးမှာ
ထိုင်ရာမထ နားထောင်နေမိမှန်း သတိပြုမိသွားသည်။
"အရမ်း အရမ်းကိုကောင်းတယ်"
ယွမ်ကျိုး က တူနှင့်ပန်းကန်ကို ပြန်ချပြီး စိတ်လှုပ်ရှားမှု့အပြည့်ဖြင့် ရေရွတ်လိုကိသည်။
"ပါ့"
ယွမ်ကျိုး ကထိုတေးသံ ထွက်လာသည့်နေရာကို လိုက်ရှာရန် နောက်ဖေးတံခါးကို သွားဖွင့်လိုက်သည်။
ယွမ်ကျိုး စားသောက်ဆိုင်နောက်တွင် နောက်ဖေးလမ်းကြားလေးရှိလေသည်။လမ်းခင်းကျောက်ပြားများက ရေညှိတက်နေသဖြင့် ရှေးကျပြီး ပျက်စီးယိုယွင်းနေပုံ ပေါက်နေသည်။
ထိုလမ်းအဆုံး ယွမ်ကျိုး၏ ဆိုင်နောက်နားတွင် လူတစ်ယောက်ကထိုင်နေသည်ကို လှမ်းမြင်လိုက်ရသည်။
မီးခိုးရောင် အနောက်တိူင်း၀တ်စုံနှင့် သပ်ရှင်းသပ်ရပ်ပုံ ပေါက်သည့်ထိုလူက အာဟူ ကို သေသေချာချာ တီးခတ်နေသည်။
"ရှီ ရှီ ဆို ဆို" တခဏ အကြာ ထိုလူ တီးခတ်မှု့ပြီးသွားသောအခါ ယွမ်ကျိုးက ရေရွတ်လိုက်မိသည်။
"ခဏလောက်ပါ ခင်ဗျား က အာဟူတီးနေတဲ့သူမလား"ယွမ်ကျိုးက အလေးအနက်မေးလိုက်သည်။
"ဟုတ်ပါတယ်" ထိုလူကလှည့်ပြီး ပြန်ဖြေလိုက်သည်။
ထိူသူမျက်နှာက ဖြူပြီးကြည်လင်နေသော်လည်း အရေးအကြောင်းများပေါ်နေပြီဖြစ်သည်။လက်ချောင်းများက ပိန်ပါးကာ ရှည်သွယ်ပြီး သူ့မတ်တပ်ရပ်နေပုံက ဖြောင့်တန်းနေကာ ဇွဲကြီးဟန်ပေါ်နေသည်။
သို့သော် သူ့၏၀တ်စုံများက အတော်လေးဟောင်းနွမ်းနေပြီး မူလက အနက်ရောင်အကျီမှာ လျှော်ဖွပ်လွန်း၍ မီးခို့းရောင်ပြောင်းသွားဟန်တူသည်။ထိုအရာများမှာ ယွမ်ကျိုးအနီးကပ်သတိပြုမိသည် များဖြစ်သည်။
"ခင်ဗျား တီးသွားတာက အရမ်းကောင်းတယ်ဗျာ" ယွမ်ကျိုးက စိတ်ရင်းနှင့် ချီးကျုးလိုက်သည်။
"ချီးကျူး ပေးလို့ ကျေးဇူးပါ"
ထိုလူက ခေါင်းငြိမ့်ပြီး ကျေးဇူးတင်လိုက်သည်။
"ရပါတယ်ဗျာ နားထောင်လိုက်ရတဲ့ ကျွန်တော်ကပဲ ကံကောင်းတာပေါ့၊ ခင်ဗျား ကျွန်တော်နဲ့ ထမင်းတစ်နပ် လောက် စားချင်လား ကျွန်တော်ကစားဖိုမှုးဆိုတော့ ဒါပဲ လက်ဆောင်ပေးနိုင်တယ်"
ယွမ်ကျိုးက ဖြည်းဖြည်းနှင့် စကားများများပြောလိုက်သည်။
"OKလေ " ထိုလူက ယွမ်ကျိုးကို ကြည့်ပြီး သဘောတူလိုက်သည်။
"ခင်ဗျားခဏလောက် ထိုင်စောင့်ပေးလို့ရမလား ကျွန်တော် နှစ်ယောက်စာ ချက်ရမှာမို့လို့ပါ"
ထိုလူသဘောတူသည် ကိုမြင်သည့်အခါ ယွမ်ကျိုးက အပြုံးဖျော့ဖျော့ ဖြင့်ပြောလိုက်သည်။
"ခင်ဗျားကို အလုပ်ရှုပ်စေမိပါပြီ"
ထိုလူက လက်ဆွဲအိတ်ကို ဂရုတစိုက်ကိုင်ပြီးယွမ်ကျိုးနောက် လိုက်လာလိုက်သည်။
"ဒီမှာ ခဏစောင့်ပေးပါဗျ"
ယွမ်ကျိူးက ဆိူင်တွင်းရှိစားပွဲ တစ်လုံးကို ညွှန်ပြပြီး ပြောလိုက်သည်။
"ကျေးဇူးပါ" ထိုလူက ညင်သာစွာ ဖြေလိုက်သည်။
"ဒါဆို ကျွန်တော် သွားချက်တော့မယ်နော်"ယွမ်ကျိုးက ပြောရင်း ထွက်သွားသည်။
ခဏအကြာ ဆိုင်တွင်းတွင် ချက်ပြုတ်ကြော်လှော်နေသည့် အသံသာ ရှိနေသည်။ထိုသက်လတ်ပိုင်းလူက တယောအိတ်ကို တန်ဖိုးကြီး ရတနာကဲ့သို့ ကိုင်တွယ်ရင်း ထိုင်စောင့်နေသည်။
ယွမ်ကျိုးမှာ ၅မိနစ်လောက်ဖြင့် အဓိကဟင်းပွဲများကို ပြင်ဆင်ပြီးသွားပြီးဖြစ်သည်။
တုန့်ပို ၀က်လက်ပေါင်းနှင့် ကျင်းလင်ဆေးဖက်၀င်ဟင်းလျာများကို စားပွဲပေါ်တွင် ခင်းကျင်းထားသည်။
"ခင်ဗျားက ဘယ်မှာ အလုပ်လုပ်တာလဲဗျ"
သူတို့စားနေစဉ်အတွင်းမှာ ယွမ်ကျိူး ကရုတ်တရက် မေးလိုက်သည်။
ထိုသူကို ယွမ်ကျိုး ထမင်းခေါ်ကျွေးရသည့် အကြောင်းရင်းမှာ သူသည် တစ်ခုခုစားချင်ဟန်ရှိပြီး ဆာလောင်နေသည်မှာ အတော်ကြာနေဟန် ပေါက်သောကြောင့်ဖြစ်သည်။
အပိုင်း (၄၁၅)
ပြီးပါပြီ။
၄၁၆ မှ ၄၂၀
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၁၆)
ယွမ်ကျိုးက သူ့တစ်ပါး ကိုယ်ရေးကိုယ်တာကို ၀င်စွက်ဖက်ရခြင်းကို သဘောမကျသော်လည်း ထိုသူကဲ့သို့ အရည်အချင်းရှိသည့် လူလတ်ပိုင်းတစ်ယောက်က ယခုလိုအခြေအနေ ရောက်နေရခြင်းကို အမှန်တကယ် ဒွိဟဖြစ်ရလေသည်။
ထိုသို့သောသူမျိုးကို ပထမဆုံးမြင်ဖူးခြင်း ဖြစ်ပေသည်။အ၀တ်အစားများမှာ ရိုးရှင်းပြီး ဟောင်းနွမ်းနေသော်လည်း မျက်လုံးများကမူ ကြည်လင်ပြီး ရင့်ကျက်နေသည်။
သူ့မျက်နှာပေါ်တွင် "နောက်ကွယ်က ဇာတ်လမ်း"တစ်ခုရှိသည်ဟု ရေးထားသလိုပင်။
ထို့ကြောင့် ယွမ်ကျိုးမှာ "ကျွန်တော်မှာ အရက်ရှိတယ်" ပြောထွက်လုနီးပါးဖြစ်နေသည်။
"ကျွန်တော်က အခုမှ ဒီကိုရောက်ဖူးတာပါ၊သင့်တော်တဲ့ အလုပ်လည်း ရှာမတွေ့သေးလို့လေ"
ထိုယောက်ျားက ကျက်သရေရှိရှိ စားနေခြင်း မဟုတ်သော်လည်း ပုံမှန်အတိုင်းသာ စားနေခဲ့ရင်း မေးခွန်းကို တဲ့တိုးဖြေလိုက်သည်။
“စိတ်အေးအေးနဲ့ ရှာပါ ဒီနေရာမှာအခွင့်အလမ်းတွေ များပါတယ်”
ယွမ်ကျိုးက နူးညံ့စွာ ပြောလိုက်သည်။
“အင်းဗျာ”
လူလတ်ပိုင်းအရွယ် ယောက်ျားက ပါးစပ်ထဲက အစာကို မြန်မြန် မျိုချပြီး ခေါင်းညိတ်လိုက်သည်။
ထို့နောက် နှစ်ယောက်လုံး စကားမပြောဘဲ ဟင်းတွေကို ခူးစား၊ ခပ်စားတဲ့ အသံတွေ ပဲ ဆက်တိုက် ကြားနေရတော့သည်။
လူလတ်ပိုင်းအရွယ် ယောက်ျားက အရမ်း မြန်မြန် စားနေခဲ့သည်။
“ခင်ဗျားရဲ့ လက်ရာက တကယ်ကို ကောင်းပါတယ် ကျေးဇူးတင်ပါတယ်ကွာ”
ထမင်းဖြူကိုပါ စားပြီးမှပဲ သူက ပန်းကန်ကို ချလိုက်သည်။
“ချီးကျူးပေးတာ ကျေးဇူးတင်ပါတယ်"
ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။
“တကယ် ပြောတာပါ”
လူလတ်ပိုင်းအရွယ် ယောက်ျားက တည်ကြည်စွာ ပြောလိုက်သည်။
နှစ်ယောက်လုံးက စကားများတဲ့သူ မဟုတ်ကြ၍ ဆိုင်ထဲမှာ တိတ်ဆိတ်သွားသည်။
နောက်ဆုံးမှာ တိတ်ဆိတ်မှုကို လူလတ်ပိုင်းအရွယ် ယောက်ျားကပဲ ချိုးဖောက်လိုက်သည်။
“ကျွန်တော့်နာမည် ဒူရှန်းပါ မင်းနာမည်ကို သိလို့ရမလား”
သူက မေးလိုက်သည်။
“ကျွန်တော့်နာမည် ယွမ်ကျိုးပါ ဒီဆိုင်ရဲ့ စားဖိုမှူးပါ”
ယွမ်ကျိုးက ယဉ်ကျေးစွာ ဖြေလိုက်သည်။
“အခု တစ်ယောက်နဲ့တစ်ယောက် နာမည် သိပြီးပြီဆိုတော့ မိတ်ဆွေတွေ ဖြစ်သွားပြီပဲ”
ဒူရှန်းက ပြောလိုက်သည်။
“ဟုတ်ပါတယ်”
ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။
“မင်း ကျွေးမွေးတာကို ကျေးဇူးတင်တဲ့အနေနဲ့… ငါ အာဟူ ကို တစ်ခါ ထပ်တီးပေးချင်တယ်”
ထိုသို့ ပြောသည့်အချိန်မှာ ဒူရှန်းက ကိုယ့်စွမ်းရည်ကို အထူး ထုတ်ဖော်ပြောတာမျိုး မဟုတ်ပဲ အလွန် သဘာဝကျသော အကြောင်းအရာကဲ့သို့ ပြောလိုက်တာ ဖြစ်သည်။
ဒူရှန်းက အာဟူတီးပြီး ကျေးဇူးတင်ကြောင်း ပြသခြင်းကို သာမန်အရာတစ်ခုလို ပြောသွားခဲ့သည်။
မိမိမှာ ပိုက်ဆံမရှိသည့်အပြင် တခြား ကျေးဇူးတင်စရာလည်း မရှိသည့်အကြောင်းကို အထူး မရှင်းပြခဲ့ပေ။
သူ့ အမူအရာက အေးဆေးစွာဖြင့် ဂရုမစိုက်သလိုပဲ ဖြစ်နေခဲ့သည်။
“ကျေးဇူးအများကြီးတင်ပါတယ်၊ ဒူရှန်း”
ယွမ်ကျိုးမှာ ဝမ်းသာအံ့သြသွားပြီး ချက်ချင်း ခေါင်းညိတ်ကာ လက်ခံလိုက်သည်။
“တီးမယ့် သီချင်းက ‘ စမ်းရေ နှစ်စင်းထဲက
လရောင်ပြန်’ ပါ”
လူလတ်ပိုင်းအရွယ် ယောက်ျားက တီးမည့် သီချင်းနာမည်ကို အရင် ပြောပြီးမှ အာဟူကို ကိုင်လိုက်သည်။
မကြာခင် ကောင်းကင်မှ စီးဆင်းလာသလို နူးညံ့သည့် သံစဥ်လှိုင်းများက တီးခတ်နေသည် အာဟူကနေ ထွက်ပေါ်လာခဲ့သည်။
ယွမ်ကျိုးက ဒီသီချင်းကို လုံးလုံးမသိခဲ့ပါ။
သို့သော် ဒူရှန်း၏ တီးခတ်မှုက အရမ်းကောင်းလွန်း၍ နာမည်မသိသည့် သီချင်းတောင်မှ ယွမ်ကျိုးကို အလွန် လွှမ်းမိုးနိုင်ခဲ့သည်။
ယခုလို နာမည်ကြီး သီချင်းတစ်ပုဒ်မှာ ပိုပြီး ပြောစရာ မလိုတော့ပါပေ။
နှစ်ယောက်က ဆိုင်ထဲမှာ ကိုယ်ပိုင် နေရာယူထားကြသည်။
ယွမ်ကျိုးက မီးဖိုခန်းထဲက ချက်ပြုတ်သည့် ထိုင်ခုံပေါ်မှာ ထိုင်ပြီး သီချင်းကို အာရုံစိုက်မှု့အပြည့်နှင့် နားထောင်နေသည်။
ဒူရှန်းက ခန်းမကြီးဘက်မှာ ထိုင်ပြီး ခေါင်းကို နည်းနည်း ငုံကာ အာဟူးကို စူးစိုက်စွာ တီးခတ်နေခဲ့သည်။
အမှန်တကယ် ယွမ်ကျိုး ခန့်မှန်းချက်က မမှားခဲ့ပါ။
ဒူရှန်းက နှစ်ရက်လုံးလုံး အစားအစာကိုမ၀ရေစာသာ စားခဲ့ရခြင်းဖြစ်သည်။
အလုပ်မရှိ၊ ကိုယ်ပိုင် ပိုက်ဆံလည်း မရှိသော်လည်း သူ့လက်ထဲမှာ တန်ဖိုးရှိသည့် အာဟူးတစ်လက်ပဲ ကျန်ခဲ့ခြင်းဖြစ်နိုင်သည်။
နည်းလမ်းကျကျတွေးလျှင် သူ့ကဲ့သို့ အရည်အချင်းရှိသည့် လူတစ်ယောက်က
တီးခတ်မှု့ပညာကို အသုံးချပြီး အနည်းဆုံး နွေးထွေးစွာ ဝတ်ဆင်နိုင်ရန်၊ ဝအောင် စားနိုင်ရန် လုပ်လို့ရနိုင်မည်မှာ အမှန်ပင်။
သို့သော် ဒူရှန်းက ထို့သို့ မလုပ်ခဲ့ပေ။
ထို့ထက် ဆိုးရွားခြင်းက ယွမ်ကျိုးဆိုင် နောက်ဖက်တံခါးဘက် လူမသွားလာသည့် လမ်းကြားမှာ တိတ်တိတ်လေး အာဟူးကို တီးခဲ့နေခြင်းပဲ ဖြစ်သည်။
ထိုအရာက သူ့အတွက် တီးပြနေခြင်းနှင့် တူ၍မနေပေဘူးလား။
'စမ်းရေ နှစ်စင်းထဲက
လရောင်ပြန်’သီချင်းတစ်ပုဒ်မှာ မိနစ်အနည်းငယ်နဲ့ ပြီးဆုံးသွားနိုင်၍ ဒူရှန်းလည်း မကြာခင်ပဲ တီးခတ်မှု့ပြီးသွားခဲ့သည်။
“ရှီရှီ စုစု…” ပြောပြီးတာနှင့် တစ်ပြိုင်နက်
သူက ကိရိယာအိတ်ကို မြန်မြန် စုဆောင်းပြီး ထွက်ခွာဖို့ ပြင်လိုက်သည်။
“ယွမ်ကျိုး၊ မင်းကို အနှောင့်အယှက် ဖြစ်စေခဲ့တာရှိရင် တောင်းပန်ပါတယ် ငါ သွားတော့မယ်”
ဒူရှန်းက တံခါးအနားရောက်ပြီးမှ ကျေးဇူးတင်စကား ပြောလိုက်သည်။
ယခုတစ်ခါတော့ ယွမ်ကျိုးရဲ့ ဆိုင်ရှေ့ တံခါးကနေပဲ ထွက်သွားခဲ့ခြင်းဖြစ်သည်။
“ကျေးဇူးတင်ရမှာက ငါပါ လမ်းမှာ သတိထားပါ”
ယွမ်ကျိုးက ယဉ်ကျေးစွာ တံခါးထိ လိုက်ပို့ပေးလိုက်သည်။
စားဖိုမှုးတစ်ယောက်ဖြစ်သည့်အတွက် ဒူရှန်း အရမ်း ဆာလောင်နေခြင်းကို ယွမ်ကျိုးက သိနိုင်ခဲ့လေသည်။
အမှန်မှာ ယွမ်ကျိုးက အနည်းငယ် စပ်စုချင်ခဲ့တာ ဖြစ်သည်။
သူ့အိတ်ထဲမှာ ပိုက်ဆံ မရှိလောက်ဘူးလည်း ခန့်မှန်းမိလိုက်သည်
ထိုအရာက ယွမ်ကျိုးကို နည်းနည်း စိတ်ဝင်စားစေခဲ့သည်။
“သူ့အာဟူးတီးတဲ့ ပညာနဲ့ အသက်မွေးရင်တောင် ပိုက်ဆံ အများကြီး ရနိုင်မှာပဲ
အနည်းဆုံးတော့ ငါလို နားမလည်တဲ့ သာမန်သူတောင် သူ့ပညာက ဘယ်လောက်ကောင်းလဲ ဆိုတာ ခံစားနိုင်တယ်”
ယွမ်ကျိုးက ကိုယ့်ဘာသာကိုယ် တိုးတိုး ရေရွတ်လိုက်သည်
ဒူရှန်းက အစားအသောက်တောင် မဝယ်နိုင်သည့် အခြေအနေဖြစ်နေရင်တောင်မှ အဘယ့်ကြောင့် တီးခတ်သူအဖြစ်အသက်မွေးဝမ်းကျောင်း မလုပ်ခဲ့သနည်းဆိုတာကိုမူ မည်သူမှ မသိနိုင်ပေ။
ယွမ်ကျိုးလည်း မသိနိုင်၊တခြားသူတွေလည်း မသိနိုင်ကြပေ။
သူက အာဟူးတီးသည့် ပညာနဲ့ ပိုက်ဆံရှာချင်စိတ် မရှိတာလည်း ဖြစ်နိုင်သည်။
သို့မဟုတ် ကိုယ့်ပညာကို ရောင်းမစားချင်တာလည်း ဖြစ်နိုင်သည်။
ဘယ်သူ သိနိုင်မည်လဲ။
ပညာရှင်အချို့က ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းထားသည့် ယုံကြည်ချက်တစ်ခု ရှိတတ်ကြသည်။
ထို ယုံကြည်ချက်ကြောင့် နောက်တစ်နပ်စာ အတွက်တောင် မသေချာနိုင်သည့် အခြေအနေထိ ရောက်သွားကြသည်။
သို့သော် ထိုကဲ့သို့ အတွေးအခေါ်မျိုးကို ယွမ်ကျိုး နားမလည်နိုင်ပေ။
“ထားပါတော့ နေ့လယ်စာ ပြင်ရမယ့် အချိန်ရောက်ပြီ”
ယွမ်ကျိုးက စိတ်ထဲက အတွေးအခေါ်တွေကို ဖယ်ရှားလိုက်ပြီး နေ့လယ်စာ ပြင်ဆင်မှုကို အလေးထားစွာ စတင်လိုက်သည်။
…
အချိန်က မကြာခင်ပဲ ကုန်သွားခဲ့သည်။
နေ့လယ်စာ စတင်ချိန် မတိုင်ခင် နာရီဝက်လောက် ကျန်နေချိန်မှာ ပြိုင်ပွဲပြီးပြီးချင်း နောက်မှ အချိန်ကြာကြာယူပြီး ယွမ်ကျိုးကို ဆရာအဖြစ် လက်ခံထားသည့် မာစတာချန် ရောက်လာခဲ့သည်။
သူက ချက်ချင်း မလာခဲ့သည့် အကြောင်းရင်းကိုလည်း အထူးရှင်းပြခဲ့သည်။
အလုပ်ကနေ လုံးဝ နုတ်ထွက်ပြီးမှ သင်ယူရန် လာချင်ခဲ့တာကြောင့် ဖြစ်သည်။
“မင်္ဂလာပါ မဟာမာစတာ ယွမ် ဒီဟာက ကီနန် လက်ဖက်ပင် အဖျားလေးတွေကို သုံးပြီး ပြုလုပ်ထားတဲ့ လက်ဖက်ရည်ပါ
အပူချိန်ကိုလည်း ချက်ချင်း သောက်လို့ရအောင် အဆင်သင့်ဘလုပ်ထားတာပါ”
မာစတာချန်က ရောက်သည့်အချိန်မှာပဲ
ကြွေဖလားလေး တစ်လုံးကို လေးစားစွာဖြင့် ပေးလိုက်သည်။
“ဒီလို မလုပ်လည်း ရပါတယ် အဲ့ဒီမှာပဲ ရပ်ပြီး လမ်းမပိတ်ပါနဲ့”
ယွမ်ကျိုးက မျက်ခုံးခပ်လှုပ်လှုပ်ဖြစ်သွားသော်လည်း လက်ဖက်ရည်ကို လက်မခံခဲ့နိုင်ပါ။
“ကျွန်တော်ကို မင်းဘေးမှာ နေပြီး သင်ယူခွင့်ပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ”
မာစတာချန်က မျက်နှာတည်ကြည်စွာဖြင့် ပြောလိုက်သည်။
ယခုလို လေးစားစွာ ပြုမူနေခြင်းက တပည့်ခံ အခမ်းအနားလိုမျိုး ဖြစ်နေခဲ့သည်။
“ငါ အခုချိန်မှာ တပည့် မလက်ခံသေးဘူး ဒါကြောင့် မင်းက ငါ့တပည့် မဟုတ်ဘူး ကိုယ်ကြည့်ချင်သလို ဘေးကကြည့်ရုံပဲ”
ယွမ်ကျိုးက ရှင်းရှင်းလင်းလင်း ပြောလိုက်သည်
“ပြဿနာ မရှိပါဘူး မဟာမာစတာယွမ် မကြိုက်ရင် နောက်တစ်ခါ ဒီလို မလုပ်တော့ပါဘူး”
မာစတာချန်က တည်ကြည်စွာ ပြောပြီး လက်ဖက်ရည်ဖလားကို သိမ်းကာ နံရံဘေးမှာ သွားရပ်လိုက်သည်။
ထိုနေရာကနေ မီးဖိုခန်းတစ်ခုလုံးကို ပြည့်စုံစွာ မြင်နိုင်ပြီး ကျိုကျာ၏ အလုပ်ကိုလည်း မထိခိုက်စေပါ။
“မင်း အလုပ်ကနေ နုတ်ထွက်ပြီးပြီလား”
ယွမ်ကျိုးက ရုတ်တရက် ခေါင်းမော့ပြီး မေးလိုက်သည်။
“ဟုတ်ပါတယ် ကျွန်တော်အတွက် လုံလောက်ပြီလို့ ခံစားရချိန်အထိ ဒီမှာပဲ နေမယ်လို့ ဆုံးဖြတ်ထားပါတယ် မင်းကို အနှောင့်အယှက် မဖြစ်စေဘူးလို့ မျှော်လင့်တာပဲ”
မာစတာချန်က ခေါင်းညိတ်လိုက်သည်
“မဖြစ်ပါဘူး အချိန်မှန် လာရင် ရပြီ စားချင်ရင်တော့ တန်းစီရပါမယ်”
ယွမ်ကျိုးက ခေါင်းခါပြီး ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်… မဟာမာစတာယွမ်”
မာစတာချန်က လေးစားစွာ ပြန်ပြောလိုက်သည်။
“ဒီလို မခေါ်ပါနဲ့ ယွမ်ကျိုးလို့ပဲ ခေါ်ပါ”
အဲ့ဒီအမည်ကို ထပ်ကြားရတော့ ယွမ်ကျိုး မနေနိုင်တော့ဘဲ ပြောလိုက်သည်။
“ဒါဆို သူဌေးယွမ်လို့ ခေါ်မယ်”
မာစတာချန်က ဂုဏ်သိက္ခာမြင့်ပြီး စိတ်မရှည်တတ်ပဲ ခေါင်းမာသူ ဖြစ်တာကြောင့် ဒီနေရာမှာလည်း လက်မလျော့ခြင်းက ဖြစ်နိုင်ချေရှိသည်။
တပည့် မလက်ခံသော်လည်း ကြည့်ခွင့်ပေးထားခြင်းကိုတောင် သင်ယူခွင့်တစ်ခုလို့ သူ ယူဆထားသည်။
နာမည်ကို တိုက်ရိုက် ခေါ်တာက လေးစားမှု မရှိသကဲ့သို့ ခံစားရ၍ ဒီလိုပဲ ခေါ်လိုက်တာ ဖြစ်သည်။
“ကောင်းပြီ အခု နေ့လယ်စာအတွက် လိုအပ်သည့်အပိုင်းတွေ ပြင်နေတာ”
ယွမ်ကျိုးက ခေါင်းညိတ်ပြီး အလုပ်ကို ဆက်လုပ်လိုက်သည်။
ထိုစကားကြားသည်နှင့် မာစတာချန်က မျက်လုံးမခွာဘဲ ယွမ်ကျိုးရဲ့ လက်လှုပ်ရှားမှုတိုင်းကို စူးစိုက်ကြည့်နေခဲ့သည်။
ဟိုးအရင်တုန်းက ရှားပါး ပစ္စည်းပြိုင်ပွဲမှာလည်း ယခုလို လုပ်နေခြင်းကို မြင်ဖူးခဲ့သော်လည်း ထိုအချိန်မှာက ယခုလောက် နီးနီးကပ်ကပ် မမြင်ရပေ။
ပြိုင်ပွဲကျင်းပသည့် နေရာက ယွမ်ကျိုးရဲ့ ဆိုင်လို အနံ့မထွက်အောင်၊ ဖုန်မဝင်အောင် စနစ်တကျ စီစဉ်ထားခြင်းမရှိပါ။
ဆိုင်က သေးသေးလေး ဖြစ်သည့်အတွက် ဒီနေ့မှာ ယွမ်ကျိုး ပြင်ဆင်နေပုံ အသေးစိတ်ကို ပထမဆုံးအကြိမ် ယခုလောက် နီးနီးကပ်ကပ် မြင်ရခြင်း ဖြစ်သည်။
“ဖောက်သည်များရှင်၊ ဆိုင်ဖွင့်ချိန် စတင်ပါပြီ ပထမဆုံး ဖောက်သည် ၁၀ ယောက် ဝင်လာပြီး နေရာယူနိုင်ပါပြီ”။
ကျိုကျာ၏ ရှင်းလင်းပြတ်သားသည့် အသံက တံခါးဘက်ကနေ ပျံ့လွင့်လာသည်။
သူတို့ အလေးအနက် ပြောနေသည့်အချိန်မှာပဲ ကျိုကျာ ရောက်လာပြီး အားလုံး ပြင်ဆင်ပြီးသား ဖြစ်နေခဲ့သည်။
“သူဌေး ဖီးနစ်အမြီး ပုစွန်တစ်ပွဲနဲ့ ကြက်ဥထမင်းကြော် တစ်ပွဲပါ”
အော်ဒါ အသံက မကြာခင် ရောက်လာသည်။
“ကောင်းပြီ”
ယွမ်ကျိုးက ခေါင်းညိတ်ပြီး ပုစွန်တွေကို စတင် ဆွဲယူလိုက်သည်။
“ဟွာလာ”
ယွမ်ကျိုးက ငါးဖမ်းအိမ်လေးကို သုံးပြီး အရေအတွက် တိတိကျကျနှင့် ပုစွန်တွေကို ဆွဲတင်လိုက်သည်။
“အခု ပုစွန်တွေကို ပြင်တော့မယ်ထင်တာပဲ”
မာစတာချန် ကိုယ်တိုင်မှာ ကွမ်တုံး အစားအစာကျွမ်းကျင်သူ ဖြစ်၍ ဖီးနစ်အ မြှီး ပုစွန် ချက်နည်းကို ကောင်းကောင်း သိထားသည်။
ပုံမှန်ဆိုလျှင် ပုစွန်တွေကို တစ်ကောင်ချင်း သန့်စင်ပြီး အကြော ထုတ်ကာ ဆီထဲထည့်ကြော်ရမယ့် အချိန်ဖြစ်သည်။
သို့သော် ယွမ်ကျိုး လုပ်ပုံလုပ်နည်းက သူ့နားလည်မှုကို ကျော်လွန်နေခဲ့သည်။
“မဟာမာစတာယွမ် ဖြစ်တာ မအံ့သြပါဘူး ပုစွန် သန့်စင်တာတောင် သာမန်လူတွေနဲ့ မတူအောင် လုပ်နိုင်တာကို”
အလုပ်လုပ် နေပုံကို အာရုံစိုက်ကြည့်ရင်း မာစတာချန်က မနေနိုင်ဘဲ ပြောလိုက်သည်။
အပိုင်း (၄၁၆)
ပြီးပါပြီ။