အခန်း (၄၁၇-၄၁၈)
Vol. 32 Ch. 417-418
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၁၇) ကြင်ဖက်တွေ့ခြင်း
"ဒါပေါ့ "ဖြတ်သွားသည့် ကျိုကျာက ဂုဏ်ယူ့သည့်အသံကို မဖုံးကွယ်နိုင်ပေ။
"မာစတာယွမ်က အရမ်းတော်တာပဲ သူရဲ့ ထူးခြားတဲ့ဓါးကိုင်စကေးကို ထည့်မတွက်ရင်တောင် ပုစွန်အခွံလောက်ကတော့ ထိစရာမလိူပဲ ခွာနိူင်တယ်" မာစတာချန်က မှတ်ချက်ပြုလိုက်သည်။
"မှန်တာပေါ့ရှင် မဟုတ်ရင် လူတွေအများကြီးလာစားကြပါ့မလား"
ယွမ်ကျိုးကို ချီးမွမ်းနေသည့် မာစတာချန် ၏စကားများကို ကြားလိုက်ရသည့် ကျိူးကျားက ၀င့်ကြွားသည့်ဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
" ဒီဟင်းပွဲ တွေ က လာစားဖို့ ထိုက်တန်လွန်းတယ်လေ သူဌေးယွမ်က ဟင်းချက်တာအပြင် တော်တဲ့ တခြားဟာတွေရော ရှိသေးတယ်မလား"
မာစတာချန်က ယွမ်ကျိုးဆီက အကြည့်မလွှဲပဲမေးလိုက်သည်။ယွမ်ကျိုး မည်သည်ဘက်ကိုလှည့်လှည့် အကြည့်ကပ်ပါသွားသည်။
"ဒါပေါ့ ကျွန်မတို့သူဌေးက ပန်းပုလည်း ထုတတ်တယ် ပန်းပုရုပ်တွေက အသက်၀င်နေသလိုပဲ"
ကျိုးကျာက ဖောက်သည်များကို ဧည့်ခံနေရင်းဖြေလိုက်သည်။
"အင်း တစ်ခါမြင်ဖူးတယ် တော်တော်လက်ရာလှတယ်"
မာစတာချန်က ချီးမွမ်းလိုက်သည်။
"သူဌေးချက်တဲ့ ဟင်းတွေကလည်း အရသာကောင်းပြီး လူကြိုက်များတယ်"
ယွမ်ကျိုးအကြောင်းပြောလျှင်
ကျိုကျာက
အမြဲ ဂုဏ်ယူနေတတ်သည်။
"သေချာတာပေါ့"
နေ့လည်စာ စားချိန်တစ်လျှောက်လုံး သူတို့နှစ်ယောက်က ယွမ်ကျိုး ၏ ဟင်းချက်လက်ရာအကြောင်းကို ဆွေးနွေးခဲ့ကြသည်။
အမှန်မှာ ထိုင်၍ချီးမွမ်းနေကြခြင်းပင်ဖြစ်သည်။
အစပိုင်းတွင် ယွမ်ကျိုးမှာ ပျော်နေခဲ့သော်လည်း ခဏအကြာမှာ နည်းနည်းရှက်လာခဲ့သည်။ရှက်နေပုံပေါ်သော်လည်း စိတ်ထဲတွင်
"ထပ် ထပ်ချီးကျူးပါဦး ပိုချီးကျူးလို့ရပါတယ် ငါ ခံနိုင်တယ်”
ကိုယ်တိုင် သဘောကျနေခဲ့သည်။
“ဟူး…”
နေ့လယ်စာအချိန် ပြီးသွားပြီး ဖောက်သည်တွေရော ကျိုကျာကိုပါ လိုက်ပို့ပြီးနောက် ယွမ်ကျိုး နောက်ဆုံးမှာ အနားယူခွင့် ရခဲ့သည်။
အချိန်သိပ်မကြာခင်ပဲ အပြင်ဘက်ကနေ သာယာပြီး ပြေပြစ်တဲ့ ယောက်ျားအသံတစ်ခု ကြားလာသည်။
မကြည့်လိုက်ပဲနဲ့တောင် ယွမ်ကျိုး သိလိုက်တယ်— စုမုပဲ ထိုအသံမျိုးလုပ်နိုင်မည်။
"သူဌေးယွမ်"
စုမုရဲ့ အသံက ဆိုင်ထဲမှာ တဖြည်းဖြည်း ပျံ့နှံ့လာခဲ့သည်
“ဘာဖြစ်လို့လဲ”
ယွမ်ကျိုးက မျက်နှာကို တည်ငြိမ်အောင် ပြန်ထားပြီး စုမု ဆိုင်ထဲ ဝင်လာတာကို ကြည့်ရင်း မေးလိုက်သည်
“အိုဘုရားရေ! ကျွန်တော် ဘယ်လောက် ဒုက္ခရောက်နေတယ်ဆိုတာ သိလား”
စုမုက ယွမ်ကျိုးရှေ့က ထိုင်ခုံပေါ် ထိုင်ချလိုက်ပြီး သက်ပြင်းရှည်ချလိုက်သည်
“မသိဘူး။”
ယွမ်ကျိုးက အမှန်တကယ် မသိသလို ခေါင်းခါလိုက်ရင်း နားကို လက်နဲ့ ပွတ်လိုက်သည်။
ဒီလူ၏ အသံက မြင့်လွန်းလို့ အော်ပရာ သီချင်းတောင် ဆိုလို့ရမယ်ဟု ထင်ရသည်။
“ဟူး…”
စုမုက ဘာမှ မပြောဘဲ သက်ပြင်းတစ်ချက် ထပ်ချလိုက်သည်။
“စုယွဲ့ရှန်က ဘယ်မှာလဲ”
ယွမ်ကျိုးက တိုက်ရိုက် မေးမယ့်အစား အမြဲ ကြောင်လေး တစ်ကောင် ကိုင်လာတတ်တဲ့ မိန်းကလေးအကြောင်းကို မေးလိုက်သည်။
“စာလေ့လာနေတယ်”
စုမုက သာမန်အတိုင်း ဖြေလိုက်သည်။
“အဲဒါဆို ကောင်းပြီ”
ယွမ်ကျိုးက ခေါင်းညိတ်ပြီး ထပ်မမေးတော့ပေ။
“ငါ့အကြောင်း မမေးဘူးလား”
စုမုက လက်တစ်ဖက်နဲ့ မျက်နှာထောက်ပြီး ယွမ်ကျိုးကို ကြည့်လိုက်သည်။
“လိုအပ်ပြီထင်ရင် မင်းကိုယ်တိုင် ပြောလာလိမ့်မယ်”
ယွမ်ကျိုးက ပြောရင်း ဖုန်းကို စားပွဲပေါ် ချထားလိုက်သည်။
“ကောင်းပြီ။ ငါ ကြင်ဖက် သွားတွေ့ ရတော့မယ်
စုမုက ရုတ်တရက် ပြောလိုက်သည်။
“အဲဒါ ကောင်းတာပဲ။ ငါတော့ ကောင်မလေးတောင် မရှိသေးဘူး။”
ယွမ်ကျိုးက အေးအေးဆေးဆေး ပြောရင်း စိတ်ထဲမှာ တည်ကြည်သည့် မိန်းကလေးများကို သတိရမိ၍ နည်းနည်း ကူကယ်ရာမဲ့သလို ခံစားရသည်။
“ငါတော့ အကျိုးနည်း အဲလိုထင်မနေဘူးကွာ ငါ့အသက်က ငယ်သေးတယ် ဒါပေမယ့် မိဘတွေက အိမ်ထောင်ရေးနဲ့ စီးပွားရေးကို တွဲဖက်ချင်နေကြတာ"
စုမု စကားကြမ်းကြမ်းများကို သုံးခြင်းက ရှားပါးလှသည်။
“ငြင်းလို့ရတာပဲ”
ယွမ်ကျိုးက တိုက်ရိုက် ပြောလိုက်သည်။
“မရဘူး”
စုမုက ပုခုံးလှုပ်ပြီး ပြန်ဖြေလိုက်သည်။
“လင်းဟုန်ကို မေးကြည့်ပါလား သူ့မှာ အတွေ့အကြုံ မနည်းဘူးလေ”
ယွမ်ကျိုးက လင်းဟုန် တစ်ခါ ကြင်ဖက်သွား တွေ့ဖူးသည်ဟု ပြောခဲ့ခြင်းကို ရုတ်တရက် သတိရလာပြီး ပြောလိုက်သည်။
“ဟုတ်တယ်နော်။ ခင်ဗျားပြောတာ မှန်တယ်”
စုမုက ကိုယ့်ခေါင်းကို ကိုယ်ပုတ်ပြီး ထိုကိစ္စကို ပြန်မှတ်မိသွားသည်။
အဲ့ဒီနောက် ဖုန်းထုတ်ပြီး ခေါ်လိုက်သည်။
“ဟေး လင်းဟုန်၊ ငါ ယွမ်ကျိုးရဲ့ စားသောက်ဆိုင်မှာ ရှိနေတာ မြန်မြန် လာခဲ့ပါ”
ဖုန်း ချိတ်မိတာနဲ့ စုမုက မစောင့်နိုင်သလို ပြောလိုက်သည်။
“ဘာကိစ္စလဲ?”
လင်းဟုန်က မျက်ခုံးလှုပ်လှုပ်ဖြင့် မေးလာသည်။
“တန်းစီကော်မတီ ကိစ္စပဲ”
စုမုက တိုက်ရိုက် ပြောလိုက်သည်။
သူ့ကြင်ဖက်တွေ့ဆုံပွဲအကြောင်း တိုင်ပင်ချင်သည်ဟု မည်သည့်အခါမှ ပြောမည်မဟုတ်ပေ။
“တစ်နာရီအတွင်း လာမယ်”
လင်းဟုန်က တိတိကျကျ ဖြေပြီး ဖုန်းချလိုက်သည်
အမှန်မှာ ထိုကော်မတီက တခုခုကို မကြာခင်က ဆွေးနွေးခဲ့ကြလေသည်။
လူတွေကို ကိုယ်ရဲ့ စီမံခန့်ခွဲမှုကို လိုက်နာစေချင်လျှင် အကျိုးအမြတ်တစ်ချို့ ပေးရမည်ဆိုခြင်းကို မန်မန်၊ ကျန်းချန်းရှီ၊ လင်းဟုန်၊ ယင်ယာ တို့က နားလည်ထားကြသည်။
သို့သော် နားမလည်သည့်သူလည်း ရှိသည်။ ဥပမာ— ဝူဟိုင်း။
“ငါ မသိဘူး မင်းတို့ ဘယ်လိုလုပ်မလဲဆိုတာ ပိုက်ဆံ လှူရမယ်ဆိုရင်တော့ ငါ့ကို လာရှာကြ"
ဝူဟိုင်းက ရက်ရောစွာ အလှူဒါန လုပ်ပေးမည့်သူကဲ့သို့ ပြောလိုက်သည်။
“သူဌေးယွမ်နဲ့ ပတ်သက်ရင် ကျွန်မ အားလုံးကို ထောက်ခံမှာပဲ ”
ယွမ်ကျိုး၏ ပရိတ်သတ်လေး တန်ရှီ ၏စကားပဲဖြစ်သည်။
“မင်းတို့ ဘာလုပ်လုပ် လုပ်ကြပါ။ အလှအပပိုင်းကိုတော့ ငါ တာဝန်ယူမယ်”
စုမုက မျက်ခုံးပင့်ပြီး တည်ကြည်စွာ ပြောလိုက်သည်။
ထိုစကားကြောင့် ကျန်သူတွေ အားလုံး စကားမပြောနိုင်ဘဲ တိတ်သွားကြသည်။
ပြန်ပြောဖို့တောင် မလွယ်ပေ။
ဝူဟိုင်းက နာမည်ကြီး ပန်းချီဆရာ ဖြစ်၍ ပိုက်ဆံမလုံလောက်တာ မရှိနေပါ။
တန်ရှီကလည်း ယွမ်ကျိုးနှင့် ပတ်သက်လျှင် အမြဲ ၁၀၀ ရာခိုင်နှုန်း ထောက်ခံသူဖြစ်သည်။
စုမုကိုတော့ လူတိုင်း တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်
“ဟုတ်တယ်လေ။ သူပြောတာ မမှားပါဘူး"
စုမုရဲ့ သပ်ရပ်လှပတဲ့ မျက်နှာကို ကြည့်ပြီး ကျန်းချန်းရှီက သဘောတူလိုက်သည်။
ထို့ကြောင့် တာဝန်ရှိ လူအချို့က အတွင်းဘက်တွင် စောင့်နေသူတွေ အတွက် အထွေထွေ အသုံးပြုနိုင်သည့် နေရာတွေ ဆောက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
သေချာတာကတော့ အိမ်သာ မဖြစ်မနေ ပါရမှာဖြစ်သည်။
ဟာသပဲ။
အိမ်သာကိစ္စကြောင့်ပင် ကျန်းချန်းရှီ၊ လင်းဟုန်၊ စုမု တို့ သုံးယောက်က ယွမ်ကျိုးဆိုင်
၏ မျက်နှာချင်းဆိုင် တိုက်ခန်းမှာ ကိုယ်ပိုင်အခန်းတွေ ဝယ်ထားကြတာပင်။
အချိန်မရွေး သုံးနိုင်အောင်ဟုဆိုသည်။
ဤသည်မှာ လူတွေက
“ချမ်းသာပြီး ဆန္ဒရှိရာ လုပ်နိုင်သူတွေ” လို့ ခေါ်ကြမယ်ထင်သည် ။ယွမ်ကျိုးတောင် မမျှော်လင့်ထားတဲ့ အခြေအနေဖြစ်သည်။
“တန်းစီကော်မတီ”
ယွမ်ကျိုးက စိတ်ရှုပ်သလို မေးလိုက်သည်။
“ဟုတ်တယ် တန်းစီတဲ့ကိစ္စတွေကို စီမံတဲ့အဖွဲ့ပါ အနိမ့်အမြင့် မရွေး လူအားလုံးပါတယ်"
စုမုက လိမ်ပြောသည့်အခါ တကယ့်အမှန်ကဲ့သို့ ယုံကြည်ရအောင် ပြောနိုင်သူ တစ်ယောက်ပင်။
“အို… အဲ့ဒီလိုလား လင်းဟုန်က ဆင်းရဲသလို ဟန်ဆောင်ပြီး နောက်ဆုံးတော့ လမ်းခွဲသွားတယ်လို့ ကြားထားတယ်”
ယွမ်ကျိုးက အရေးကြီးသကဲ့သို့ မလုပ်ဘဲ လင်းဟုန်၏ ကြင်ဖက်တွေ့ခြင်းကို ပြောလာသည်။
“ဟုတ်တယ် အဲ့ဒီအကြောင်း ငါလည်း ကြားတယ်”
စုမုက ထိုအချိန်က လင်းဟုန် ပြောခဲ့သည့် စကားတွေကို သတိရမိသည်။
“အင်း… ဝါသနာအကြောင်းပေါ့”
ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်
“ငါလည်း အဲ့ဒီနည်းကို လိုက်လုပ်ကြည့်မယ် အလုပ်ဖြစ်မလား ကြည့်ရအောင်”
စုမုက စိတ်ပူပန်သလို မျက်နှာပြလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူက ဆင်းရဲသည့် လူချောလေးတစ်ယောက်နှင့် တူနေသော်လည်း တကယ် ဆင်းရဲသလို ဟန်ဆောင်ဖို့တော့ ခက်ခဲနေသည်။
“သူမက လှတဲ့ မိန်းကလေးဖြစ်ရင်ရော”
ယွမ်ကျိုးက ရှားရှားပါးပါး၀င် စပ်စုလိုက်သည်။
“ဒါဆိုလည်း ဘာဖြစ်လဲ ငါ့လောက်တော့ မလှနိုင်ဘူး”
စုမုက ယုံကြည်ချက်ပြည့်ဝစွာ ပြောလိုက်သည်။
“……”
စုမု ပြောလိုက်သည့် စကားကြောင့် ယွမ်ကျိုးလည်း ဝူဟိုင်းလိုပဲ စကားမပြောနိုင်သည့် ခံစားချက်ကို နောက်ဆုံးတော့ ကြုံလိုက်ရသည်။
စဉ်းစားကြည့်ပါက စုမု ပြောတာက အဓိပ္ပာယ်ရှိလွန်း၍ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားခဲ့တာဖြစ်သည်။
“ဝူဟိုင်း မလာသေးဘူးလား”
စုမုက ယွမ်ကျိုးရဲ့ အရှက်ရမှုကို မသိသလိုနေပြီး သဘာဝအတိုင်း မေးလိုက်သည်။
“မလာသေးဘူး”
ယွမ်ကျိုးက ခေါင်းခါလိုက်သည်
“လင်းဟုန်က ဘာကြောင့် မရောက်သေးတာလဲ”
လင်းဟုန်က တစ်နာရီကြာမည် ပြောထားခြင်းကို သိထားသော်လည်း စောင့်ရခြင်းက
စုမုအတွက် ခက်ခဲနေသည် ။
“မင်း ဖုန်းခေါ်ခဲ့တာက အခုမှ ၁၅ မိနစ်ပဲ ရှိသေးတာနော်”
ယွမ်ကျိုးက အချိန်ကို တစ်ချက်စစ်ကြည့်ပြီး ပြောလိုက်သည်။
“အရမ်း နှေးတယ်”
စုမုက ခေါင်းငုံ့ပြီး သက်ပြင်းချလိုက်သည်။
“စောင့်နေတုန်း ဂိမ်းတစ်ခုခု ကစားလို့ရတာပဲ”
ယွမ်ကျိုးက အကြံပေးလိုက်သည်။
“ခင်ဗျာ ဘာဂိမ်း ကစားနေတာလဲ”
အစကတည်းက ယွမ်ကျိုး ဖုန်းကို စူးစိုက်ကြည့်နေသည် ဆိုတာကို စုမု သတိထားမိခဲ့သည်။
“ဂိမ်းတစ်ခုပဲ”
ယွမ်ကျိုးက တိုတောင်းစွာ ဖြေလိုက်သည်။
“ဂိမ်းဆိုတာ သိပါတယ် ငါမေးတာ ဘာဂိမ်းလဲဆိုတာပါ”
စုမုက စိတ်ဝင်စားစွာ မေးလိုက်သည်။
စိတ်ဝင်စားရုံတင်မကဘဲ စုမုက ကိုယ်ကိုရှေ့တိုးပြီး ယွမ်ကျိုးရဲ့ ဖုန်းမျက်နှာပြင်ကို လှမ်းကြည့်လိုက်သည်။
မျက်နှာပြင်ပေါ်မှာတော့ အရောင်စုံ သစ်သီးတွေ ပွဲကျင်းပနေသလို လေထဲမှာ ပျံနေကြသည်။
“သစ်သီး ဖြတ်တဲ့ ဂိမ်းလား”
ယွမ်ကျိုး မဖြေခင် စုမုက အံ့သြသွားပြီး မေးလိုက်သည်
“ဟုတ်တယ်”
ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။
တစ်ချိန်တည်းမှာပဲ အဆင့်တစ်ခုကို လျင်မြန်စွာ ရောက်ပြီး ဗုံးကိုလည်း အတိအကျ ရှောင်နိုင်ခဲ့သည်။
“သူ ေဌးယွမ်၊ ဒီဂိမ်းကို မင်း ဆက်ကစားနေတာလား အခုဆိုရင် အဟောင်းကြီး ဖြစ်နေပြီနော်"
စုမုက တကယ်ကို နားမလည်နိုင်သလို ပြောလိုက်သည်။
“ဒီဂိမ်းက လက်လှုပ်ရှားမှု အမြန်နှုန်းကို လေ့ကျင့်ပေးနိုင်တယ်
အမေရိကန် ဗာဂျီးနီးယားက သုတေသနအရ ရေရှည် ကစားရင် လူ့အာရုံကြော စနစ်ရဲ့ လိုက်လျောညီထွေမှုကို ၇ ရာခိုင်နှုန်း တိုးစေသတဲ့
ဒါ့အပြင် မျက်လုံးရဲ့ တုံ့ပြန်နိုင်စွမ်းကိုပါ လေ့ကျင့်ပေးနိုင်လို့ ဒီအချက်တွေ မသိတဲ့သူတွေပဲ ဒီဂိမ်းကို အဟောင်းလို့ ပြောကြတာပါ"
ယွမ်ကျိုးက အဆင့်တစ်ခုကို ဖြတ်ပြီးနောက် ခေါင်းမော့ပြီး စုမုကို တည်ကြည်စွာ ပြောလိုက်သည်။
“ဟုတ်ပါပြီ သူဌေးယွမ် ခင်ဗျားက တကယ်ကို အလုပ်အပေါ် အာရုံစိုက်လွန်းတယ် ဂိမ်းတောင် ပျော်ဖို့ မဟုတ်ဘဲ လက်အမြန်နှုန်း လေ့ကျင့်ဖို့ ကစားနေတာပဲ”
စုမုက မျက်ခုံးပင့်လိုက်သည်။
ထိုအချိန်မှာပဲ စုမု စိတ်ထဲမှာ ယွမ်ကျိုး ၏အလုပ်အပေါ် အလွန်အမင်း အလေးထားတတ်မှုကို ပိုမို နားလည်လာခဲ့သည်။
အဘယ်ကြောင့် အဆင့်အားလုံးပြီးသွားပြီးနောက်တောင် ယွမ်ကျိုး ဒီဂိမ်းကို ဆက်ကစားနေသေးလဲ ဆိုတာကိုမူ ယွမ်ကျိုး ကိုယ်တိုင်ပဲ သိနိုင်မည်။
အပိုင်း(၄၁၇)
ပြီးပါပြီ။
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း (၄၁၈)
"တပ် တပ် တပ်"မြန်ဆန်သော ခြေလှမ်းများနှင့်အတူ၊လင်းဟုန်က အပြင်ကနေ ဆိုင်ခန်းမထဲသို့ ၀င်လာသည်။
"ဟေး မင်းက ဒီမှာကိုး"
စုမုက လှည့်ပြီး လင်းဟုန်ကို ပြုံးပြလိုက်သည်။
"ငါ့ကို အဲ့လိုလာမကြည့်နဲ့ ငါက မင်းအရူးလုပ်လို့ရမယ့် မိန်းမတွေလိုမျိုး မဟုတ်ဘူးနော်"
အဖြူရောင်တီရှပ်တွင် ခဲရောင်ဗက်စ်အကျီ၊ကျေမွရာမရှိသည့် ဘောင်းဘီရိုးရိုးတို့ ၀တ်ဆင်ထားသည့် လင်းဟုန်က စုမုကိုတဲ့တိုး ပြောလိုက်သည်။
"လင်းဟုန် မင်းဘယ်လိုတောင် ဒီလိုကြီး ပြောနိုင်ရတာလဲ"
စုမုက မယုံနိုင်စဖွယ်ဖြစ်နေသည့် အမူအရာဖြင့် မေးလိုက်သည်။
"တော်လိုက်တော့ OK ၊အခု ဝူဟိုင်ကို သွားရှာပြီးမှ မင်းနဲ့ပြောတော့မယ်"
လင်းဟုန်က ယွမ်ကျိုးကို အမူအရာမဲ့စွာ ကြည့်ပြီး ပြောလိုက်သည်။
"အင်း အင်း "စုမုက သဘောတူလိုက်သည်။
"ညနေကျရင် တွေ့ကြမယ် သူဌေးယွမ်"
လင်းဟုန်က လက်ကိုယမ်းပြပြီးနောက် စုမုကိုဆွဲခေါ်ရင်း နှုတ်ဆက်သွားသည်။
""ညနေ တွေ့မယ်နော် "
ဆွဲခေါ်ခံနေရသည့် စုမုကလည်း နှုတ်ဆက်သွားသည်။
"အင်း ညနေတွေ့ကြမယ်"
ယွမ်ကျိုးက မတ်တပ်ရပ်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
အားလုံးထွက်သွားပြီးသည့် အချိန်ထိ ယွမ်ကျိုးကထိုနေရာတွင် ထိုင်နေဆဲဖြစ်သည်။
သူက စနစ် ဆုချထားသည့် ပြင်သစ်ဟင်းလျာယဉ်ကျေးမှု့ဓလေ့ အကြောင်း CDကိုတွေ့ပြီး ဖွင့်ကြည့်ရန်ပြင်လိုက်သည်။
"ငါဒီနေ့တော့ ပြင်သစ်ဟင်းပွဲ ယဉ်ကျေးမှု့တွေကို လေ့လာကြည့်ရမယ်"
ယွမ်ကျိုးက သူ့ဘာသာ ရေရွတ်လိုက်သည်။
လူအိုကြီး မာဖီ ၏ အဆိုအရ သင်သည် နောက်ကျလုနီးပါးဖြစ်ပြီး တစ်စုံတစ်ယောက်ကို အရေးတကြီး လိုအပ်နေသည့်အချိန်တွင် တက္ကစီတစ်စီးကို မည့်သည့်အခါမှ ငှားရမ်း၍ရမည် မဟုတ်ပေ။
ရလဒ်အနေဖြင့် ယွမ်ကျိုးက ဗီဒီယို ဖွင့်ကြည့်ပြီး ထုံးတမ်းများကို တိတ်ဆိတ်စွာ သင်ယူနေသည့် အချိန်တွင် တခြားဖောက်သည်တစ်ယောက်က ဆိုင်ထဲ ၀င်လာခဲ့သည်။
"ဟေး သူဌေးယွမ် ဒီတစ်ခါ အင်တာဗျူးအတွက် ပူးပေါင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် အခုက ကြိုတင် အသိပေးတာပါ နှစ်နာရီလောက်နေရင် စကြမှာပါ ”
အနက်ရောင် ဗက်စ်အင်္ကျီ ဝတ်ထားသော လူငယ်တစ်ယောက်က စားသောက်ဆိုင်ထဲ ဝင်လာချင်းပင် ပြောလိုက်သည် ။
သူသည် အစီအစဉ်နာမည်ကို မပြောရသေးကြောင်း သတိရသွားပြီး
“ကျွန်တော်တို့က ‘လူထုစွမ်းရည်’ အစီအစဉ်ရဲ့ ပရိုဂရမ်ဌာနကပါ ကျွန်တော်က ဒီအစီအစဉ်ရဲ့ ဇာတ်ညွှန်းရေးသူပါ ”
နှစ်နာရီဆို ပြင်ဆင်ဖို့ လုံလောက်လား”
ပြီးခဲ့သည့်အခေါက်က အေးစက်စက် ဆက်ဆံခံခဲ့ရသည့် အတွေ့အကြုံကို စဉ်းစားမိသွားသည့်လူငယ်က သတိထားပြီးမေးလိုက်သည်။
ယွမ်ကျိုးသည် လူငယ်၏ ဗက်စ်အင်္ကျီကို ကြည့်လိုက်သည်။ သူ၏ စိတ်ထဲတွင် လင်းဟုန် ဝတ်ထားသော မီးခိုးရောင် ဗက်စ်အင်္ကျီကို သတိရသွားသည် ။
“ဗက်စ်အင်္ကျီ ဝတ်ထားတာတူတူပဲ ဒါပေမယ့် ဘာကြောင့် အရမ်းကွာခြားနေတာလဲ”
“ဘာပြောလိုက်တာပါလဲ” လူငယ်က ရှုပ်ထွေးသွားသည်။
“ အရေးမကြီးပါဘူး ပြီးတော့ အင်တာဗျူး မလိုပါဘူး ”
ယွမ်ကျိုးသည် မျက်နှာအမူအရာနှင့် အသံ
မပြောင်းလဲဘဲ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
“ဘာကိုဆိုလိုတာလဲ”
“ပြောခဲ့တဲ့အတိုင်းပါပဲ”
ယွမ်ကျိုးသည် အမြဲလိုလို တည်ငြိမ်လေးနက်သော ပုံစံဖြင့် ပြန်လည်ဖြေကြားသည် ။
“ကျွန်တော်တို့က မြို့တော်အဆင့် ရုပ်သံဌာနပါ ကြည့်ရှုသူအရမ်းများပါတယ် ကျွန်တော်တို့ဆီမှာ အင်တာဗျူး ခံရတဲ့သူတိုင်း စီးပွားရေးကောင်းလာတတ်ပါတယ် ”
လူငယ်သည် ဒေါသကို ထိန်းချုပ်ကာ အတတ်နိုင်ဆုံး တည်ငြိမ်စွာ ပြောဆိုလိုက်သည် ။
“ခင်ဗျား ကျွန်တော့်စကားကို မနားလည်သေးဘူးထင်ပါတယ် ကျွန်တော် မလိုဘူးလို့ ပြောနေတာပါ ”
ယွမ်ကျိုးသည် ကိုယ့်ကိုယ်ကိုယ် အလွန်ယုံကြည်မှု့ကြီးမားသော လူများကို မနှစ်သက်သောကြောင့် ထပ်မံငြင်းဆိုလိုက်သည် ။
“သေချာလား”ယခုအချိန်တွင် လူငယ်၏အသံက အတော်လေး ကျယ်လောင်လာသည်။
“သေချာပါတယ် တစ်ရာရာခိုင်နှုန်းပဲ ”
ယွမ်ကျိုးသည် မျက်နှာမပြောင်းဘဲခေါင်းညိတ်ပြလိုက်သည် ။
“ခင်ဗျားက အကောင်းအဆိုး မသိတတ်တဲ့လူပဲ ”
လူငယ်သည် အရှက်မရစေရန် ကြိုးစားရင်း စိတ်ထဲမှမူ အတော်လေးဆိုးရွားနေပြီး ပြောဆိုလိုက်သည်။
အသံအလွန်တိုးသဖြင့် ယွမ်ကျိုး မကြားရ၍
“တောင်းပန်ပါတယ် ခင်ဗျား အသံကြိုးကို အိမ်မှာ မေ့ထားခဲ့တာလား”
ယွမ်ကျိုးသည် ထိုသူက မကောင်းသည့် စကား ပြောဆိုနေသည်ကို သိရှိသောကြောင့် အေးအေးဆေးဆေး ပြန်လည်ပြောဆိုလိုက်သည် ။
“ခင်ဗျား… မလိုဘူးဆိုရင် မပြောတော့ပါဘူး ”
လူငယ်သည် ဒေါသထွက်ချင်သော်လည်း နောက်ဆုံးတွင် ထိန်းချုပ်နိုင်ခဲ့သည်။
“ပြန်တဲ့လမ်းမှာ သတိထားပါ ”
ယွမ်ကျိုးသည် ယဉ်ကျေးစွာပင် ပြောဆိုလိုက်သည်။
"တပ် တပ် တပ်"
လူငယ်သည် ဒေါသဖြင့် ခြေလှမ်းများကို အားပြင်းပြင်း လှမ်းကာ ထွက်ခွာသွားသည်။
"တော်တော် ထူးဆန်းပါ့"
ယွမ်ကျိုးသည် ဒေါသမထွက်ဘဲ စိတ်ထဲတွင် အနည်းငယ် အံ့ဩမိသည် ။
သူသည် ကြော်ငြာကို မအားကိုးဘဲ ကိုယ်ပိုင်လက်ရာကိုသာ အားကိုးနေသူဖြစ်သည်။
“ CD ပဲဆက်ကြည့်ရအောင်…”
ယွမ်ကျိုးသည် CD ကို ပြန်လည်ဖွင့်လိုက်သည်။
အခြားဘက်တွင်မူ ဗက်စ်ဝတ်ထားသော လူငယ်သည် လမ်းခွဲမှ ထွက်လာကာ ကားထဲသို့ ဝင်သွားသည်။
ဤအကြိမ်တွင် အစီအစဉ်တင်ဆက်သူ လု သည် အယ်ဒီတာချုပ်၏ အမိန့်ဖြင့် ယွမ်ကျိုးကို အင်တာဗျူးရန် လာရောက်ခဲ့ခြင်းဖြစ်သည်။
လူငယ် ကားပေါ်တက်လာသည်ကို မြင်သောအခါ
“ စာရေးဆရာလီ၊ သူနဲ့ ဆက်သွယ်တာ ဘယ်လိုလဲ”
ဟု မေးမြန်းလိုက်သည် ။
“အခုတော့ သူ့အကြောင်း မပြောစမ်းပါနဲ့ဗျာ အဲဒီလူက အရင်လို ထူးဆန်းနေတုန်းပဲ အရင်တစ်ခါက ကြိုမဆက်သွယ်ထားလို့ အင်တာဗျူး မလုပ်ချင်ခဲ့တာဆို ဒီတစ်ခါတော့ ကျွန်တော်က ယဉ်ယဉ်ကျေးကျေး ပြောပြပြီးသားပဲ၊ ဒါတောင် အတူတူပဲ ဖြစ်နေတုန်း ”
ဗက်စ်အင်္ကျီဝတ်ထားသော လူငယ်ဖြစ်သည့် ဇာတ်ညွှန်းရေးဆရာ လီ က စကားစပြောလိုက်ချင်းပင် သက်ပြင်းချလိုက်သည်။
“ဟားဟား ဒါဆို မျက်နှာချင်းဆိုင်က စားသောက်ဆိုင်ကို သွားကြရအောင် အဲဒီတစ်ဆိုင်နဲ့တော့ ဆက်သွယ်ပြီးပြီမလား”
တင်ဆက်သူ လု သည် အစကတည်းက ယွမ်ကျိုးကို အင်တာဗျူး မလုပ်ချင်သူဖြစ်သောကြောင့် အေးအေးဆေးဆေး ပြောလိုက်သည် ။
“ပြဿနာမရှိပါဘူး ချန် စားသောက်ဆိုင်က ကျွန်တော်တို့ကို ကြိုဆိုတာမှ အရမ်းပဲ နေ့လယ်စာတောင် ပြင်ဆင်ပြီးသားပါ ကျွန်တော်တို့ကို စောင့်နေပါတယ် ”
ယခုတစ်ခါမှာတော့ ဇာတ်ညွှန်းရေးဆရာ လီ က အပြုံးဖြင့် ပြောလိုက်သည် ။
“ကောင်းပြီ သွားကြရအောင် ဒီအနားမှာ စားသောက်ဆိုင်တွေ အများကြီးပဲ သူ့ဆိုင်တစ်ဆိုင်ပဲ အင်တာဗျူး ခံသင့်တယ်လို့ တကယ်ထင်နေတာလား”
တင်ဆက်သူ လု သည် ယာဉ်မောင်းကို လက်ဟန်ပြကာ ကားစတင်ေမာင်းရန် အချက်ပြလိုက်သည်။
“ဟုတ်တယ် အရင်တစ်ခါ ကျွန်တော်တို့ အစီအစဉ်ကြောင့် အဖွားလျု စားသောက်ဆိုင်လည်း စီးပွားရေးကောင်းသွားခဲ့တာ
အဲဒီနေ့မှာ အဲဒီေမာက်မာတဲ့ လူက ကျွန်တော်တို့ကို ငြင်းလို့ အဖွားလျူ စားသောက်ဆိုင်ကို သွားခဲ့တာပါ ”
ဇာတ်ညွှန်းရေးဆရာ လီ သည် တင်ဆက်သူ လု ၏ စကားကို ဆက်လက် လိုက်ပါပြောဆိုလိုက်သည် ။
“ဟုတ်တယ် အဲဒီဆိုင်ပဲ မကြာသေးခင်က တော်တော် ဖွံဖြိုးလာတယ်လို့ ကြားထားတယ် နောက်တစ်ခါ အချိန်ရရင် အခြေအနေကို သွားကြည့်သင့်တယ် ”
တင်ဆက်သူ လု သည် ကိုယ့်ကိုယ်ကိုယ် ကျေနပ်သလို ပြုံးပြလိုက်သည် ။
“အမှန်ပဲ သူတို့က ကျွန်တော်တို့ကို အရမ်းမျှော်လင့်နေကြတာ ကျွန်တော့်အမြင်အရတော့ အဲဒီ သူဌေးလေးက အကောင်းအဆိုးကို မသိတတ်တဲ့ လူပါ အဖိုးတန် အခွင့်အရေးကို အလကား ပေးနေတာတောင် ငြင်းလိုက်တယ်”
ဇာတ်ညွှန်းရေးဆရာ လီ က ၊ အထင်သေးသည့် အသံဖြင့် ပြောလိုက်သည်။
“ဟားဟား အဲ့ဒီအချက်မှာတော့ လုံးဝသဘောတူတယ် ”
တင်ဆက်သူ လု သည် ခေါင်းညိတ်ကာ ထောက်ခံလိုက်သည် ။
ယခုတစ်ခါက် အယ်ဒီတာချုပ်က ယွမ်ကျိုးကို အင်တာဗျူးလုပ်ရန် စီစဉ်ပေးခဲ့ခြင်းဖြစ်သည် ။
သို့သော် ယခင်အခါက ယွမ်ကျိုးကို အင်တာဗျူးလုပ်ရန် စီစဉ်ထားပြီး နောက်ဆုံးတွင် အခြားတစ်ဦးကို အင်တာဗျူးလုပ်ခဲ့ရသည့် အကြိမ်ကိုလည်း သူ အလွန်ကျေနပ်ခဲ့သည် ။
ထို့ကြောင့် တင်ဆက်သူလုသည်ဇာတ်ညွှန်းရေးဆရာ လီ ကို ယွမ်ကျိုးနှင့် တော်ရုံပဲ ဆက်သွယ်ရန် အထူးညွှန်ကြားခဲ့သည်။
ထိုသည်မှာ အယ်ဒီတာချုပ်၏ တောင်းဆိုမှု့ကို လိုက်နာရန်သာ ဖြစ်သည်။
ယွမ်ကျိုး၏ အေးစက်သော မျက်နှာကို စဉ်းစားမိသောအခါ တင်ဆက်သူ လု သည် ထပ်မံ မျက်နှာချင်းဆိုင် မကြုံချင်တော့ပေ။
ချန် စားသောက်ဆိုင်၏ ရိုက်ကူးရေးသည် အလွန်ချောမွေ့စွာ ပြီးစီးခဲ့သည်။
တစ်နေ့တည်းဖြင့် အလုပ်အားလုံး မပြီးစီးသော်လည်း တင်ဆက်သူ လု သည် ထုတ်လွှင့်ဌာနမှ တာဝန်ခံအား ရိုက်ကူးထားသည့် ဖိုင်ကို အမြန်ပြင်ဆင်ရန် ပြောကြားခဲ့သည်။
ညနေ ၆ နာရီ ၅၀ မိနစ်၊ မင်းယန် ရုပ်သံဌာနတတိယထပ်ရှိ အယ်ဒီတာချုပ် ရုံးခန်းရှေ့တွင်
“ဒေါက် ဒေါက် ဒေါက်”
တင်ဆက်သူလု သည် သစ်သားတံခါးကို ခေါက်လိုက်သည် ။
“ဒီနေ့ အလုပ်ဘယ်လိုလဲ အဆင်ပြေသလား”
အယ်ဒီတာချုပ်သည် ရည်မှန်းချက်မြင့်သော သက်လတ်ပိုင်းအရွယ် ယောကျ်ားတစ်ဦးဖြစ်သည်။
မျက်နှာက လေးထောင့်ဖြစ်ပြီး အဝတ်အစားများလည်း အတော်လေး ပုံစံကျသည်။
သူက ခေါင်းေမာ့ကာ မေးမြန်းလိုက်သည် ။
“အဆင်ပြေပါတယ် ဒီဟာက ဒီနေ့ ရိုက်ကူးထားတဲ့ ဖိုင်ပါ ”
တင်ဆက်သူလု သည် တောက်ပသည့် အပြုံးဖြင့် ဖိုင်ကို ကျွမ်းကျင်စွာ ပေးလိုက်သည်။
“ကောင်းတယ် အဲဒီလူက စကားအလှတွေ သိပ် မပြောတတ်ဘူးလို့ ကြားထားတယ် ”
အယ်ဒီတာချုပ်သည် ယွမ်ကျိုး၏ မာနကြီးသည့် သဘောထားကို ကြိုတင် သိရှိထားပြီးသားဖြစ်သည်။
သူက ထိုစကားကို ပြောရင်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။
“ဟုတ် သိပ်မဆိုးပါဘူး ”
တင်ဆက်သူလု သည် အယ်ဒီတာချုပ်က ယွမ်ကျိုးကို ရည်ညွှန်းနေမှန်း မသိသောကြောင့် နည်းနည်းရှုပ်ထွေးသွားသည်။
“မင်း မသိသေးဘူး နှုတ်သီးကောင်းလျှာပါး လီယန်ရိကတောင် အဲ့သူက လူတွေနဲ့ သိပ်စကားမပြောချင်ဘူးလို့ ပြောထားတယ် ”
အယ်ဒီတာချုပ်သည် ဒီနေ့ ရိုက်ကူးထားသည့် ဖိုင်ကို ဖွင့်ရန် ပြင်ဆင်ရင်း ပြောလိုက်သည်။
“လီ ယန်ရိ က ချန်စားသောက်ဆိုင်ကိုလည်း မှတ်ချက် ပေးထားတာလား”
ထိုအချိန်မှသာ တင်ဆက်သူလု သည် တစ်ခုခု မှားနေပြီဟု သဘောပေါက်သွားသည်။
“ချန် စားသောက်ဆိုင် ဘယ်ကဆိုင်လဲ
”
အယ်ဒီတာချုပ်၏ မျက်နှာပေါ်မှာ ရှုပ်ထွေးသည့် အမူအရာ ထွက်ပေါ်လာသည်။
“လျူရှု လမ်းက ချန်ခေါက်ဆွဲပြုတ်စားသောက်ဆိုင်ပါ အဲဒီတစ်ခုလေ ”
တင်ဆက်သူလု သည် မစဉ်းစားမိဘဲ လိပ်စာကို တန်းပြောထုတ်လိုက်သည် ။
“ယွမ်ကျိုးရဲ့ စားသောက်ဆိုင်ကို မသွားဘူးလား”
အယ်ဒီတာချုပ်သည် ဆက်လက် အံ့ဩနေဆဲဖြစ်သည်။
“အယ်ဒီတာချုပ် ဒီနေ့တော့ ချန် စားသောက်ဆိုင်ကိုပဲ ရိုက်ကူးခဲ့တယ် သူဌေး ယွမ်က ထပ်ပြီး ငြင်းလိုက်လို့ပါ ”
တင်ဆက်သူ လု သည် ယွမ်ကျိုး၏ ဆုံးဖြတ်ချက်ကို သတိရသွားပြီး မသက်မသာ မျက်နှာဖြင့် ပြောလိုက်သည် ။
“သူက ထပ်ပြီး ငြင်းတယ်လား ဘာပြဿနာရှိခဲ့လဲ”
ထိုအချိန်မှသာ အယ်ဒီတာချုပ်သည် မျက်နှာထား တင်းတင်းဖြင့် တင်ဆက်သူလု ကို လှည့်ကြည့်လိုက်သည်။
အပိုင်း (၄၁၈)
ပြီးပါပြီ။