အခန်း (၄၂၁-၄၂၂)
Vol. 33 Ch. 421-422
ကျွမ်းကျင်စားဖိုမှူးစနစ် စာစဉ်(၃၃) အပိုင်း(၄၂၁ မှ ၄၃၀)
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၂၁)
မိန်းမလှလေးများကို အရေးပေးခြင်း
“ဟေး၊ ရှင်ဘာပြောချင်တာလဲ
သူ့ကို ဒီခေါ်လာတာ ကျွန်မနော်
အခုမှ ရှင်က သူ့ကို ငြင်းပယ်မလို့လား”
ကျန်းချန်းရှီက စားပွဲကို တစ်ချက်ထုလိုက်ပြီး အရေးတကြီးမေးလိုက်သည်။
“အစ်မ ကျန်း သူ ကျွန်မကိုပါ ကျွေးစရာ မလိုပါဘူး”
ယွမ်ကျိုး၏ စကားကြောင့် အရှက်ရသွားသည့် ယင်ယာက ဒေါသကြောင့် မျက်နှာနီနီနဲ့ ပြန်ပြောလိုက်သည်။
“မဟုတ်ပါဘူး၊ အဲဒီအချိန်က ငါ အဲလိုမပြောခဲ့တာကိုပဲ ရှင်းပြတာပါ”
ယွမ်ကျိုးက မျက်မှောင်ကြုတ်ပြီး ရှင်းပြလိုက်သည် ။
ကျန်းချန်းရှီက ယင်ယာကို ပြန်ထိုင်ခိုင်းပြီးနောက် ချက်ချင်းပြောလိုက်သည်။
“ဒါပေမယ့် ကျွန်မ အခြားသူတွေကို ခေါ်လာပြီး အတူစားလို့ မရဘူးလို့လည်း ရှင်မပြောခဲ့ဘူးမဟုတ်လား”
ကျန်းချန်းရှီက ယွမ်ကျိုးကို ယုံကြည်မှု့ရှိစွာ ကြည့်ပြီး ပြောလိုက်သည်။
“ ကျွန်တော် အဲဒီလို မပြောခဲ့ပါဘူး”
ယွမ်ကျိုးက ခေါင်းညိတ်ပြီး လက်ခံလိုက်သည်။
ထိုအချိန်မှ ယင်ယာက ကျန်းချန်းရှီ၏ အကူအညီနှင့် ပြန်ထိုင်လိုက်သည်။
သို့သော် မျက်နှာပေါ်မှ အနီရောင်တော့ မပျောက်သေးပေ။ ဒေါသ မပြေသေးမှန်း သိသာပေသည်။
“ကောင်းပြီ အခု ကတိတည်ရမယ့် အချိန်ပဲ ကျွန်မတို့ ဟင်းမှာတော့မယ်”
ကျန်းချန်းရှီက ဘုရင်မတစ်ပါးလို အမိန့်ပေးပြီး ပြောလိုက်သည်။
“ဒီမှာ မီနူးပါ ကြိုက်တာရွေးကြပါ”
ယွမ်ကျိုးက ကြာပန်းပုံပါသည့် လှပသော မီနူးကတ်ကို စားပွဲပေါ် တင်ပေးလိုက်သည်။
“မီနူး တစ်အုပ် ထပ်လိုသေးတယ်”
စားပွဲပေါ်မှာ မီနူး တစ်အုပ်ပဲ တွေ့တာနှင့် တစ်ပြိုင်နက် ကျန်းချန်းရှီက ချက်ချင်း အော်ပြောလိုက်သည် ။
“ရပါတယ်”
ယွမ်ကျိုးက ချက်ချင်းပဲ နောက်တစ်အုပ် ထုတ်ပေးလိုက်သည်။
ကျန်းချန်းရှီသည် အသံကျယ်သူတစ်ယောက်ဖြစ်မှန်း သိသော်လည်း ယခုတစ်ခါ အော်သံက ယွမ်ကျိုးကိုတောင် ထိတ်လန့်သွားစေသည်
သူ့နား အနားမှာ ကပ်၍မီးပန်းဖောက်လိုက်သကဲ့သို့ပင်။
နားကို ထပ်ပြီး မနာကျင်ရအောင် ယွမ်ကျိုးက သူမကို ဆက်လုပ်ခွင့်ပေးလိုက်သည်။
“ဟွန့်”
ယင်ယာက ယွမ်ကျိုး ပေးသည့် မီနူးကို လက်ခံပြီး အေးစက်စက်ဖြင့် နှာခေါင်းရှုံလိုက်သည်။
ယနေ့တွင် ယင်ယာက လည်ပင်းမြင့် အနက်ရောင် ရှပ်အင်္ကျီကို ဝတ်ထားသည်။
အဖြူရောင်ကြယ်သီးလေးတွေက အင်္ကျီကို အလှဆင်ပေးပြီး သူမရဲ့ ဖြူ၀င်းနေသည့် အသားအရေကို ပေါ်လွင်စေသည်။
လှပသည့်မိန်းကလေးတစ်ယောက်မှာ ဒေါသထွက်နေချိန်မှာတောင် လှနေတတ်လေသည်။
ယွမ်ကျိုးမှာမူ သူမ ဒေါသထွက်ရသည့် အကြောင်းရင်းကို မသိသော်လည်း လှပသည်ဟု ခံစားမိလေသည်။
“ကြိုက်တာ မှာလို့ရရင် ကျွန်ုမ ဒုန်ပို ဝက်လက်ပေါင်းနှစ်ပွဲကို အရင်မှာမယ်”
ကျန်းချန်းရှီမှာ ထိုဟင်းပွဲကို အမြဲလိုချင်နေခဲ့တာပင်။
သို့သော် အကြိမ်တိုင်း တစ်ပွဲပဲ စားရ၍ မကျေနပ်ခဲ့ပေ။
“တောင်းပန်ပါတယ် စည်းကမ်းတွေကိုတော့ လိုက်နာရပါမယ်”
ယွမ်ကျိုးက နံရံပေါ်က စည်းကမ်းစာကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
“ဒါဆို ဘာလို့ ကြိုက်တာ မှာလို့ရတယ်လို့ ပြောတာလဲ”
ကျန်းချန်းရှီက အလျှော့မပေးဘဲ ပြန်မေးလိုက်သည်။
“ဟုတ်တယ် မင်းက ပိုက်ဆံမပေးလည်းရတယ် မီနူးထဲက ဟင်းအားလုံးကို မှာလို့ရပါတယ် ဒါပေမယ့် ဟင်းတစ်မျိုးကို မင်းစားနိုင်သလောက် တစ်ပွဲပဲရမှာပါ”
ယွမ်ကျိုးက သဘာ၀ကျစွာ ခေါင်းညိတ်ရင်း ပြောလိုက်သည်၊။
“သံလိုက်အိမ် မြှောင်ကြီး ရှင်က တစ်နေ့နေ့မှာ တကယ့် သံလိုက်အိမ်မြှောင် ဖြစ်သွား တော့မှာပဲ”
ကျန်းချန်းရှီက ပြောစရာစကား မရှိတော့သလို ခံစားလိုက်ရသည်။
“ဒါဆို ကြိုတင်ပြင်ဆင်ရတဲ့ ဟင်းတွေကိုလည်း အခုပဲ အားလုံး မှာလို့ရတယ်ပေါ့”
ယင်ယာက သေချာအောင် မေး လိုက်သည်။
“ဟုတ်ပါတယ် အားလုံး ပြင်ဆင်ပြီးသားပဲ”
ယွမ်ကျိုးက မျက်နှာမပြောင်းဘဲ ခေါင်းညိတ် လိုက်သည်။
“သူဌေးယွမ်၊ မင်း အဲလိုနဲ့ဆို ချစ်သူမရနိုင်ဘူးနော်”
ကျန်းချန်းရှီက သက်ပြင်းချပြီး ပြောလိုက်သည်။
“ရပါတယ် မိန်းကလေးတွေက အရမ်းအကဲဆတ်လွန်းတယ်လေ”
ယွမ်ကျိုးက မိန်းကလေးနှစ်ယောက်ကို ခပ်တည်တည် ကြည့်ပြီး ပြန်ပြောလိုက်သည်။
“ဟားဟား ယာလေး၊ နင်လည်း ဒုန်ပို ဝက်လက်ပေါင်း တစ်ပွဲ မှာလိုက် ဒီဟင်းက ဈေးအမြင့်ဆုံးပဲ သူ့ကို နည်းနည်း ရင်နာအောင် လုပ်ရအောင်”
ကျန်းချန်းရှီက ဘေးမှာရှိတဲ့ ယင်ယာကို ပြောလိုက်သည်။
“အင်း ကျွန်မလည်း ဒုန်ပို ဝက်လက်ပေါင်း တစ်ပွဲ လိုချင်တယ်”
ယင်ယာက မီနူးကို ကြည့်ရင်း ပြောလိုက်သည်။
သူမက ရည်ရွယ်ချက်ရှိရှိနှင့် ယွမ်ကျိုး
အကြည့်ကို ရှောင်လိုက်သည်။
“ရပါတယ် ခဏလေး စောင့်ပါ”
ယွမ်ကျိုး အသံက နူးညံ့နေသော်လည်း ယင်ယာရဲ့ အသံမှာ အေးစက်စက် ဖြစ်နေလေသည်။
“တခြား ဟင်းတွေ လိုရင်လည်း ဆက်ပြီး မှာလို့ရပါတယ် ကျွန်တော်ကို လှမ်းပြောလိုက် အသံကြားရတယ်”
ယင်ယာက တိတ်ဆိတ် နေပြီး ကျန်းချန်းရှီက ခက်ခက်ခဲခဲစဉ်းစားရင်း ဟင်းမှာဖို့ ပြင်နေတာကို တွေ့သည့်အခါ ယွမ်ကျိုးက ပြောလိုက်သည်။
ထို့နောက် သူက ပိုက်ဆံအိတ်ကို ထုတ်ပြီး စားပွဲပေါ် တင် လိုက်သည်။
ထိုအချိန်မှာပဲ မိန်းကလေးနှစ်ယောက်လုံးက ယွမ်ကျိုးကို လှည့်ကြည့်လိုက်ကြသည်။
“ရှင် ဘာလုပ်နေတာလဲ”
ကျန်းချန်းရှီက တိုက်ရိုက်မေး လိုက်သည်။
“ပိုက်ဆံရှင်းနေတာ”
ယွမ်ကျိုးက “မေးစရာမလိုဘူး” ဆိုသည့်မျက်နှာနဲ့ ပြန်ပြောသည်။
“အဓိပ္ပာယ်မရှိတာ ရှင်ဘာလို့ ကိုယ့်ကိုယ်ကိုယ် ပိုက်ဆံပြန်ပေးနေတာလဲလို့ မေးနေတာ”
ကျန်းချန်းရှီမှာ ယွမ်ကျိုးနဲ့ စကားပြောတိုင်း စိတ်ရှည်နိုင်မှု့ အတိုင်းအတာ စမ်းသပ်ခံနေရသကဲ့သို့ ခံစားရလေသည်။
“စားမယ်ဆိုရင် အရင်ဆုံး ပိုက်ဆံရှင်းရမယ် ဒါက ကျွန်တော့် စည်းကမ်းပဲ”
ယွမ်ကျိုးက ပေါ့ပေါ့ပါးပါး ပြော လိုက်သည်။
“ဒါဆို ရှင်က သူများကို ကျွေးရင်လည်း ပိုက်ဆံပေးလား ကိုယ့်ဟင်းကို ကိုယ်စားရင်လည်း ပေးတယ်လို့တော့ မပြောနဲ့နော်”
ကျန်းချန်းရှီက အာစေးမိသကဲ့သို့ အမူအရာဖြင့် မေး လိုက်သည်။
“ပေးတာပေါ့”
ယွမ်ကျိုးက ခေါင်းညိတ်လိုက်ခြင်းကို မိန်းကလေးနှစ်ယောက်လုံး မမျှော်လင့်ထားကြပေ။
“ကိုယ့်ဆိုင်မှာ ကိုယ်စားတာကိုတောင် ပိုက်ဆံပေးတယ်လား ရှင်က တကယ်ပဲ သံလိုက်အိမ်မြှောင်ကနေ လူဖြစ်လာတာလား”
ကျန်းချန်းရှီက အံ့အားသင့်စွာ ပြော လိုက်သည်။
“ကိုယ့်ကိုကိုယ့် နမူနာ ပြတာပါ”
ယွမ်ကျိုးက အလွန် တည်ကြည်သည့် မျက်နှာနဲ့ ပြန်ပြော လိုက်သည်။
“သူဌေးယွမ် ရှင်နိုင်ပါတယ် ရှင်နိုင်ပါတယ်"
ကျန်းချန်းရှီက လက်ဖျား ခါမိလောက်အောင် သူ့ကို မချီးကျူးပဲ မနေနိုင်တော့ပေ။
ကိစ္စတစ်ခုကို အချိန်ကြာကြာ ဆက်လက်လိုက်နာနိုင်ဖို့ဆိုတာ မလွယ်ပါ။
ဥပမာဆိုရလျှင် မနက်တိုင်း စောစောထနိုင်သည့် အကျင့်မှာ လူအများအတွက် မခက်ခဲသကဲသို့ ထင်ရသော်လည်း အချိန်ကြာကြာ ထိန်းသိမ်းဖို့ရန်မှာ ခက်ခဲလှပေသည်။
မိမိ၏ အခြေခံစည်းမျဥ်းကို အမြဲတမ်း မပြောင်းဘဲ ထိန်းထားနိုင်ဖို့ရန်မှာ အတော်လေး ပိုခက်ခဲပါသည်။
ထို့ကြောင့်ပင် ကျန်းချန်းရှီနဲ့ ယင်ယာတို့ နှစ်ယောက်စလုံးက ယွမ်ကျိုးကို စိတ်ထဲကနေ လေးစားမိကြခြင်း ဖြစ်သည်။
ယခုလိုနည်းလမ်းကသာ ယွမ်ကျိုးချမှတ်ထားသည့် စည်းကမ်းများကို သူတို့ပါ လိုက်နာနိုင်နေခြင်း ဖြစ်လောက်ပေသည်။
“တုံးအပြီး အသိနှေးတယ်”
ယွမ်ကျိုးက နောက်ပြန်လှည့်သွားချိန်မှာ ယင်ယာက ရုတ်တရက် ပြော လိုက်သည်။
ယွမ်ကျိုးက မျက်ခုံးကြုတ်ပြီး အံ့သြသည့်အမူအရာဖြင့် ယင်ယာကို ကြည့် လိုက်သည်။
သူ့စိတ်ထဲမှာမူ
“ကိုယ့်ကိုယ်ကိုယ် ပိုက်ဆံပေးတာကို မိုက်မဲတယ်လို့ ထင်နေတာ ဖြစ်မယ် ဒါပေမယ့် ငါက မမှားဘူးနော်”
ဟု စဉ်းစားမိလိုက်သည်။
သို့ဟော် ထိုစကားကိုတော့ ထုတ်မပြောခဲ့ ပေ။ မီးဖိုဘက်ကို ပြန်သွားပြီးနောက် ယွမ်ကျိုးက စိတ်အနှောင့်အယှက်ဖြစ်စရာ အားလုံးကို ဖယ်ရှားပြီး ဟင်းအတွက် ပြင်ဆင်မှုတွေကို သေချာစွာ လုပ် နေသည်။
ဒုန်ပို ဝက်လက်ပေါင်း နှစ်ပွဲကို သယ်လာချိန်မှာတော့ ကျန်းချန်းရှီနဲ့ ယင်ယာတို့က တခြားဟင်းတွေကိုလည်း အကုန်မှာပြီးသား ဖြစ်နေပြီဖြစ်သည်။
အမြဲလိုလိုပင် ယွမ်ကျိုးက ကိုယ်တိုင် ပိုက်ဆံရှင်းပြီးမှ ဟင်းချက်ရန် စလုပ်တတ်သည်။
“ဒီသူဌေးယွမ်က တကယ်ကို စည်းကမ်းတကျ ဖြစ်လွန်းတာပဲ”
ကျန်းချန်းရှီက ယင်ယာကို လှည့်ကြည့်ပြီး ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
“သူက မိုက်မဲလွန်းတာပါ”
ယင်ယာက လှောင် ပြောင်လိုက်သည်။
“ဟားဟား ဟုတ်တယ်နော် ဒီမှာ အရမ်းလှတဲ့ ယင်ယာတောင် ရောက်နေပြီ၊ သူကတော့ နင့်ကို သတိမထားမိသလိုပဲ
ရိုမန်တစ်ဆိုတာ ဘာမှန်း မသိဘူး”
ကျန်းချန်းရှီက ရယ်မောပြီး ယင်ယာကို စတင် နောက်ပြောင် လိုက်သည်။
“အစ်မ ကျန်း၊ ကျွန်မ ပြောချင်တာ အဲဒါ မဟုတ်ပါဘူး”
ချက်ချင်းပဲ ယင်ယာရဲ့ ဖြူဖွေးသည့် မျက်နှာက ရှက်လွန်း၍ အနီရောင်သန်းသွားသည်။
“ဒါဆို ဘာလဲ နင် မကြာသေးခင်က ယွမ်ကျိုးရဲ့ ဆိုင်အကြောင်း ရုပ်သံလွှင့်တာတွေ ကြည့်ထားတယ်မဟုတ်လား
သူ့ကို ကြိုက်သွားတဲ့ မိန်းကလေးတွေ အများကြီးပဲ နင် စိတ်မပူဘူးလား”
အချစ်ရေးမှာ အရှုံးများခဲ့ဖူးသည့် အမျိုးသမီးတစ်ယောက်အနေနှင့် ကျန်းချန်းရှီက ထိုမိန်းမငယ်လေးကို လွယ်လွယ်ကူကူ စနောက်နိုင်သည်။
“ကျွန်မနဲ့မှ မဆိုင်နေတာကို”
ယင်ယာက ခေါင်းကို လှည့်ပြီး သဘာဝကျစွာပြော လိုက်သည်။
“ဟားဟား ကောင်းပြီလေ နင်ပြောသလိုပဲပေါ့ ကဲ အခုစားကြရအောင်
ဒီဟင်းတွေက သူဌေးယွမ်က အထူးကျွေးတာနော် ဝူဟိုင်ဆိုရင် ကျွန်မတို့ကို အရမ်း မနာလိုဖြစ်နေလောက်ပြီ”
ယင်ယာ ရှက်နေတာကို မြင်၍ ကျန်းချန်းရှီက စနောက်တာ ရပ်ပြီး ခေါင်းစဉ်ပြောင်း လိုက်သည်။
ကျန်းချန်းရှီမှာ မိန်းမလှလေးများကို အမြဲ သည်းခံပြီး ဂရုစိုက်တတ်သူဖြစ်သည်။
အလုပ်ချိန် မဟုတ်သည့်အတွက် ဆိုင်ထဲက လေထုကလည်း သာယာနေပြီး ဟင်းရနံ့တွေက တိတ်ဆိတ်စွာ မွှေးပျံ့နေသည်။
ရုပ်သံဌာနတွင်လည်း လေထုက ရွှင်ပြနေသည်။
အယ်ဒီတာချုပ်က အစီအစဉ်တင်ဆက်သူ လုကို ချီးကျူးနေသည်။
“ဒီတစ်ခါ ‘လူထုစွမ်းရည်' အစီအစဉ်ရဲ့ ကြည့်ရှုနှုန်းက အဆင့်နှစ်ဆင့် တက်လာတယ်
အားလုံးကို ဂုဏ်ပြုပါတယ်”
အယ်ဒီတာချုပ် ပြောလိုက်ချိန်မှာ လူတိုင်း တိတ်ဆိတ်သွားသည်။
သို့သော် တီးတိုး ပြောသံတွေက ရှိနေဆဲဖြစ်သည်။
“ယွမ်ကျိုး ဆိုတဲ့လူက ပရိသတ်ကြားမှာ တော်တော် နာမည်ကြီးနေတာပဲ”
ဇာတ်ညွှန်းရေးဆရာ လီက စိတ်မချမ်းမသာ နှင့် ပြော လိုက်သည်။
“ရိုက်ကူးပြီးသွားလို့ ကံကောင်းပါတယ်ဗျာ”
အစီအစဉ်တင်ဆက်သူ လုက ပြုံးပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်
သို့သော မာဖီရဲ့ ဥပဒေအတိုင်း မတွေ့ချင်ဆုံးသူကို ပိုပြီး တွေ့လာရန် အကြောင်းဖန်တတ်လေသည်။
“ဒီ ‘ယွမ်ကျိုးရဲ့ မှတ်တမ်း’ အပိုင်းက တကယ်ကို ကောင်းတယ်”
ဝန်ထမ်းတွေကို ချီးကျူးပြီးနောက် အယ်ဒီတာချုပ်က ဘေးမှာရှိသည့် တင်ဆက်သူလုကို လှည့်ပြီး ပြော လိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ အယ်ဒီတာချုပ်”
တင်ဆက်သူလုက အပြုံးကို ထိန်းပြီး သေချာယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။
“ကောင်းပါတယ်။ ဆက်ကြိုးစားပါ”
“ ဟုတ်ကဲ့ပါ ခဏလေး၊ ‘ဆက်ကြိုးစားပါ’ ဆိုတာ ဘာအဓိပ္ပာယ်လဲဗျ”
အစီအစဉ်တင်ဆက်သူ လုက အစမှာတော့ ဂုဏ်ယူစွာ ခေါင်းညိတ်လိုက်မိ သော်လည်း ချက်ချင်းပဲ သတိရလာပြီး ပြန်မေး လိုက်သည်။
“ပရိသတ်ကြားမှာ အရမ်း လူကြိုက်များလို့ ယွမ်ကျိုးရဲ့ ဆိုင်အကြောင်းကို စီးရီးတစ်ခုအဖြစ် ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်တာ”
အယ်ဒီတာချုပ်က ပြုံးပြီး ပြန်ဖြေ လိုက်သည်။
“အိုမဖြစ်ဘူး…”
တင်ဆက်သူလုက ထိတ်ထိတ်လန့်လန့်ဖြင့် စိတ်ထဲမှာတော့ အကျယ်ကြီး အော်ဟစ်လိုက်မိသည်။
အပိုင်း(၄၂၁)
ပြီးပါပြီ။
ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၂၂) မိန်းမလှလေးများကို အရေးပေးခြင်း
အယ်ဒီတာချုပ်က တင်ဆက်သူလု၏ ပုခုံးကို ပြုံးပြုံးကြီး ပုတ်လိုက်ရင်း
“ထုတ်လုပ်သူနဲ့ ငါဇာတ်လမ်းတွဲတစ်ခုလို ရိုက်ဖို့ဆုံးဖြတ်ပြီးပြီ မှတ်တမ်းရုပ်ရှင်ဆိုတော့ မိနစ်၂၀ က မလုံလောက်ဘူး”
“ဒီတစ်ခါ ရိုက်ကူးမှုမှာ မင်းကောင်းကောင်းလုပ်ခဲ့တယ် ဒါကို မင်းကိုပဲ ဆက်လုပ်ခိုင်းလိုက်မယ် အခြေအနေကောင်းနေတုန်း ပိုကြိုးစားပြီး ပထမနှစ်နေရာကို ကျော်လိုက်ရအောင်”
အယ်ဒီတာချုပ်က ရည်မှန်းချက်ကြီးစွာ ပြောလိုက်သည်။
ရုပ်သံလွှင့်ဌာန၏ ကြည့်ရှုမှုအမြင့်ဆုံး အစီအစဉ်မှာ နာမည်ကြီး ဥပဒေရေးရာ အစီအစဉ်ဖြစ်ပြီး တင်ဆက်သူကလည်း အတော်လေး လွှမ်းမိုးမှု့အားကောင်းသူ ဖြစ်သည်။
ထိုသူကို ကျော်နိုင်မည်လို့ တင်ဆက်သူလု မစဉ်းစားရဲပါ။
“ဒါပေမယ့် ချန် စားသောက်ဆိုင် ရိုက်ကူးမှုက မပြီးသေးပါဘူး”
သူက အလျှော့မပေးချင်သလို ပြောလိုက်သည်။
ဟာသပဲ ။ယွမ်ကျိုးကို အင်တာဗျူးလုပ်စဉ်တုန်းက ထိုသူမှာ စကားတစ်လုံးမှ မပြောခဲ့ဘဲ အသံတောင် မထွက်ခဲ့သဖြင့် အလွန်အဆင်မပြေခဲ့သည်များကို တစ်ခုချင်း ပြန်သတိရလာမိသည်။
“ပြဿနာမရှိပါဘူး မှတ်တမ်းရုပ်ရှင် ပြီးမှ ပြန်လုပ်လိုက်”
အယ်ဒီတာချုပ်က လက်ယမ်းပြပြီး သဘောမတူလိုက်ပေ။
“ဒါပေမယ့်…”
“မင်းကို ယုံကြည်တယ်”
“ဒါပေမယ့်…”
“ဒီတာဝန်ကို မင်းကိုပေးလိုက်ပြီ”
“ဒါပေမယ့်…”
“နောက်ပြီး အဲ့ဒီစားဖိုမှူးနဲ့ ဆက်သွယ်ဖို့ မမေ့နဲ့ ဒီအပိုင်းမှာ စကားမပြောလည်း မဆိုးပေမယ့် အပြန်အလှန် ဆက်သွယ်မှုတော့ လိုတယ်”
ဟု ထပ်မံ ညွှန်ကြားသေးသည်။
သုံးခါဆက်တိုက် ဖြတ်ပြောခံရပြီးနောက် တင်ဆက်သူလုက ပြောစရာ မကျန်တော့ပါ။
အယ်ဒီတာချုပ်က စာရွက်စာတမ်းတွေ စုစည်းပြီးနောက်
“အင်း ထပ်ပြောစရာ ရှိသေးလား” ဟု မေးလိုက်သည်။
“မရှိတော့ပါဘူး… အလုပ်သွားလုပ်ပါမယ် အယ်ဒီတာချုပ်”
တင်ဆက်သူလုက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“ကိုယ်ကိုကိုယ် ဖိအားမပေးနဲ့”
အယ်ဒီတာချုပ်က နောက်ဆုံး မှာကြားလိုက်သည်။
တင်ဆက်သူလုက ခေါင်းညိတ်ပြီး တိတ်တိတ်လေး ထွက်ခွာသွားသည်။
ကိုယ့်နေရာကို ပြန်ရောက်ချိန် ကြည့်ရှုမှုအမှတ်များကို ကြည့်ပြီး သက်ပြင်းချလိုက်ရင်း
“နာကျင်ရပေမယ့် ပျော်လည်း ပျော်ရတယ်လေ”
ယွမ်ကျိုးကတော့ ထိုအရာအားလုံးကို မသိပါ။ သူသည် အနောက်တိုင်းစားသောက်ပွဲ အလေ့အထများကို ဆက်လက် လေ့လာနေဆဲဖြစ်သည်။
အချိန်ကြာပြီဖြစ်သဖြင့် ထုတ်ဖော်ဖို့ အချိန်ရောက်လာပြီဟု ထင်သော်လည်း စိတ်ရှည်မှုတော့ မလျော့ပါ။
နေ့လယ် သုံးနာရီခန့်တွင် နေရောင်က သာယာစွာ တောက်ပနေသည်။ ယနေ့တွင် ယွမ်ကျိုးသည် ပန်းပုမထုလုပ်ဘဲ စားသောက်ဆိုင်ရှေ့တွင် ထိုင်နေသည်။
“ဒီနေ့ နေရောင်က လှတယ်နော်” ဆိုင်နီးနားချင်း သူဌေးတုန်က ပြုံးပြီး ပြောလာသည်။
“ဟုတ်တယ် အရမ်းနေလို့ကောင်းနေတယ်” ယွမ်ကျိုးက ခေါင်းညိတ်ပြသည်။
“ယွမ်လေးရေ၊ လက်တွဲဖော် မိန်းကလေးတစ်ယောက်တော့ ရှာသင့်ပြီ နော်”
အသက်ကြီးသူအနေဖြင့် စိုးရိမ်သလို ပြောလိုက်သည်။
“ဟုတ်ပါတယ် ကျွန်တော်လည်း ကြိုးစားနေပါတယ်”
ယွမ်ကျိုးက ခပ်တည်တည် ပြန်ဖြေသည်။
“မင်းဆိုင်ကို မိန်းကလေးတွေ အများကြီး လာတယ် မြန်မြန် လုပ်ထား”
သူဌေးတုန်က ပြုံးလျက် ပြောသည်။
“အင်း” ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။
ယွမ်ကျိုးက နေရောင်အောက်မှာ အေးဆေးနေရချိန်၊ ဝူဟုန်ဘက်မှာတော့ မအေးချမ်းပါ။
“ဝူဟုန်၊ အဲ့ဒီစားဖိုမှူးက ဘယ်သူ့ကိုမှ တပည့်မခေါ်ဘူး အိမ်မက်မက်မနေနဲ့”
လှပသောမိန်းကလေးက မျက်နှာနီနီဖြင့် ဒေါသတကြီး ပြောနေသည်။
“အဒေါ်၊ ကျွန်တော်နဲ့ ဒီကိုတောင် လိုက်လာပြီးသားဆိုရင် ဘာလို့ ဒီကိစ္စကို ဆက်စိုးရိမ်နေသေးတာလဲ” ဝူဟုန်က မသိမသာ မေးလိုက်သည်။
“ငါ ဒီကို လာချင်လို့လား မင်းကို စိုးရိမ်လို့ပဲလေ” လှပသောမိန်းကလေးက မျက်ခုံးတွန့် ချိုးကာ မတတ်နိုင်သလို ပြောလိုက်သည်။
“သူ တပည့်မခေါ်ချင်လည်း ကျွန်တော် လုပ်နိုင်အောင် လုပ်မယ် စိတ်ရှည်မှုဆိုတာ ကျွန်တော်မှာ အများကြီးရှိတဲ့ဟာပဲ”
ဝူဟုန်က မျက်လုံးများတောက်ပလာပြီး ပြောလိုက်သည်။
“မအောင်မြင်ရင် ငါနဲ့အတူ ပြန်မယ်လို့ ကတိပေးထားတာ မမေ့နဲ့”
လှပသောမိန်းကလေးက စိုးရိမ်သံဖြင့် ပြောသည်။
အငြင်းပွားနေသူ နှစ်ဦးမှာ ဝူဟုန်နှင့် သူ၏ အဒေါ်ဖြစ်ပြီး “လူထုစွမ်းရည်” အစီအစဉ်ကို ကြည့်ပြီးနောက် ချန်ဒူသို့ လာခဲ့ကြခြင်း ဖြစ်သည်။
ဝူဟုန်က ဒီနှစ်မှာပဲ တက္ကသိုလ်ပြီးထားသူ ဖြစ်သည်။ သူ၏ အိမ်မက်မှာ ချက်ပြုတ်ပညာကို လေ့လာပြီး မီရှဲလင် ကြယ်သုံးပွင့် အဆင့် စားဖိုမှူးဖြစ်လာရန်ပင် ။
အဒေါ်ဖြစ်သူဝူချန့်က အသက်အရ တစ်နှစ်ပဲ ကြီးသော်လည်း မျိုးဆက်အရ အကြီးဖြစ်သဖြင့် သူ့ကို အလွန်ဂရုစိုက်သည်။
အကြောင်းကြောင်းကြောင့် ဝူချန့်က ဝူဟုန်ကို တကယ့် အငယ်လိုမျိုး ခံယူထားပြီး၊ ဆရာရှာသည့် ကိစ္စကို သဘော မတူညီသော်လည်း အခြားအရာအားလုံးမှာ ဝူဟုန်က သူမကို လေးစားသည်။
ဝူချန့်က ဝူဟုန်ကို အလွန်ချစ်ခင်သဖြင့် အဝေးကြီးမှတောင် ချင်ဒူးအထိ လိုက်လာခဲ့ခြင်း ဖြစ်သည်။
“သိပါတယ် ဒါပေမယ့် အောင်မြင်နိုင်ရင် အဲဒါ ကျွန်တော်ရဲ့ အရည်အချင်းပဲ” ဝူဟုန်က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။
“မလာခင်က သူ့အကြောင်း စုံစမ်းထားတယ် ဆရာအဆင့်ရှိသူတောင် မအောင်မြင်ဘူး
မင်းလို လူငယ်က ဘယ်လို လုပ်နိုင်မလဲ”
ဝူချန့်က ဟန့်တားသံဖြင့် ပြောလိုက်သည်။
“သူနဲ့ မတူဘူး ကျွန်တော်က ပိုတော်တယ်” ဟု ဝူဟုန်က မလျော့တမ်း ပြန်ပြောသည်။
“မပြောတော့ဘူး စားသောက်ဆိုင် ရောက်နေပြီ”
ဝူချန့်က ယွမ်ကျိုး၏ ဆိုင်ကို တွေ့လိုက်သဖြင့် စကားရပ်လိုက်သည်။
“ဟူး…”
ဝူဟုန်က ယွမ်ကျိုးကို ဆိုင်ရှေ့မှာ အေးဆေးထိုင်နေတာကို တွေ့ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
“ကြောက်ရင် မသွားနဲ့” ဝူချန့်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
သူမအမြင်အရ ဝူဟုန်က စကားကြီးပြောတတ်သော်လည်း လက်တွေ့လုပ်သည့်အခါ မကြာခဏ လက်လျှော့တတ်သူ ဖြစ်သည်။ အရင်က ဆရာရှာခဲ့စဉ်ကလည်း ခွင့်မရသဖြင့် လက်လျှော့ခဲ့ဖူးသည်။
ဝူချန့်အမြင်အရ ဝူဟုန်က ဝတ္ထုတွေ ဖတ်လွန်းသူပဲ ဖြစ်သည်။ အခကြေးငွေပေးပြီး ပညာရှာလို့ရသော်လည်း မည်သည့်ကြောင်းအရင်းကြောင့် ဆရာလိုက်ရှာနေရသနည်း
သို့သော် ဝူဟုန်က ဆရာဆိုတာ အရေးကြီးကြောင်းကိုသာ အမြဲ ယုံကြည်နေသည်။
“မင်္ဂလာပါ ယွမ်ကျိုးကျွန်တော်က ဝူဟုန်ပါ ‘လူထုစွမ်းရည်’ အစီအစဉ်မှာ ခင်ဗျားရဲ့ ပန်းထုစွမ်းရည်ကို တွေ့ခဲ့ပါတယ်
အရမ်းလှပြီး လက်ရာက အပြစ်ပြောစရာ မရှိအောင် ပြီးပြည့်စုံတယ် ဒါကြောင့် ခင်ဗျားရဲ့ တပည့်ဖြစ်ချင်ပါတယ်”
ဝူဟုန်က တန်းတန်းမတ်မတ် ပြောလိုက်သည်။
သူက ယွမ်ကျိုးကို စကားပြောခွင့်တောင် မပေးဘဲ အားလုံးကို တစ်ခါတည်း ပြောထုတ်လိုက်ခြင်း ဖြစ်သည်။
“မင်္ဂလာပါ ဒါပေမယ့် ကျွန်တော် ဘယ်သူ့ကိုမှ တပည့်မခေါ်ချင်ပါဘူး”
ယွမ်ကျိုးက ဝူဟုန် ပြောပြီးမှ ခပ်တည်တည် ပြန်ဖြေသည်။
ဝူဟုန်၏ မျက်နှာ ပေါ်က ပြင်းပြသော အမူအရာနှင့် လက်သီးဆုပ်ထားသည့် အနေအထားကို မြင်သဖြင့် ယွမ်ကျိုးကလည်း လေးလေးနက်နက် ဖြေဆိုခဲ့သည်။
“ကျွန်တော်က စကားနားထောင်ပါတယ်
ဆိုင်ထဲမှာ ခင်ဗျားတစ်ယောက်တည်း လုပ်ရတာ မလွယ်ဘူးဆိုတာလည်း သိပါတယ် ပန်းကန်သယ်တာ၊ ကြမ်းသန့်ရှင်းရေးလုပ်တာ၊ ပန်းကန်ဆေးတာ အားလုံး လုပ်နိုင်ပါတယ်”
ဝူဟုန်က စိတ်အားထက်သန်စွာ ပြောလာသည်။
ထိုအချိန် ယွမ်ကျိုးက ထရပ်ပြီး အဝေးဘက်ကို ကြည့်လိုက်ရာ ဝူချန့်ကို သတိပြုမိသွားသည်။
ယွမ်ကျိုး၏ နားအကြားကောင်းမှုကြောင့် ဆရာတင်မည်ဆိုသည့် သူတို့၏ စကားများကို ကြားပြီးသား ဖြစ်သည်။
သို့သော် သူ့အနေနှင့် တပည့်အဖြစ်ခွင့်ပေးနိုင်သူ မဟုတ်ကြောင်း ကိုယ်တိုင် သိထားသည်။
ဝူဟိုင် တောင်းဆိုခဲ့စဉ်ကတောင် ဆရာတပည့်အဖြစ် မဟုတ်ဘဲ ပညာ ဖလှယ်မှုအဖြစ်သာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဝူဟိုင်၏ မီးဖိုချောင်ကို ဖျက်ဆီးနိုင်စွမ်းကို ပြန်သတိရသွားသဖြင့် ယွမ်ကျိုးက လက်မခံရဲပါ။
အရင်က “ရောင်စုံအမဲအူ” ဟင်းကို သတိရနေသေးသောကြောင့် အရောင်တွေ ပါသည့်အရာကို လုံးဝ မစားတော့ပါ။
“တောင်းပန်ပါတယ် ဒီလိုအလုပ်တွေ အတွက် လူမလိုပါဘူး အချို့အလုပ်တွေကို ဝန်ထမ်းတွေက လုပ်နေကြပြီးသားပါ အဒေါ်နဲ့အတူ ပြန်သွားလိုက်ပါ”
ယွမ်ကျိုးက အေးအေးဆေးဆေး ပြောသည်။
“လစာမယူဘဲ အလုပ်လုပ်ပေးနိုင်ပါတယ်” ဝူဟုန်က ယုံကြည်ချက်အပြည့်ဖြင့် လက်မလျှော့ပဲ ထပ်ပြောလိုက်သည်။
အခမဲ့ ကူညီသူကို ဘယ်သူမှ မငြင်းလောက်ဘူးလို့ ထင်ခဲ့သည်။
“ကျေးဇူးတင်ပါတယ် ဒါပေမယ့် မလိုပါဘူး” ယွမ်ကျိုးက ထပ်မံ ငြင်းဆိုပြန်သည်။
“ဘာလို့ ကျွန်တော်ကို လက်မခံရတာလဲ”
ဝူဟုန်က တဲ့တိုးမေးလိုက်သည်။
ယွမ်ကျိုးမှာ အခြားစားဖိုမှူးများလို မာန်မာနမရှိသဖြင့် ဝူဟုန်က ယုံကြည်လာပြီး တိုက်ရိုက် မေးရဲလာခြင်း ဖြစ်သည်။
ယွမ်ကျိုး၏ စိတ်ထားက တကယ့်ကို ကောင်းမွန်သည်။ အခြားစားဖိုမှူးများသာ ဆိုလျှင် အကြောင်းမဲ့ တပည့်ခံချင်ပါက ချက်ချင်း လှည့်ထွက်သွားကြလိမ့်မည်။
စိတ်သေဘာထားမကောင်းသူတွေဆိုလျှင်တော့ တိုက်ရိုက် ဆူပူနိုင်သည်။
ယွမ်ကျိုးကတော့ ခပ်တည်တည်ပဲ ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော် တပည့်မခေါ်ချင်ပါဘူး” ယွမ်ကျိုးက ဆရာချန်ကို ပြောခဲ့သည့်အတိုင်း ထပ်မံ ဖြေသည်။
“ခင်ဗျား လက်မခံမချင်း ကျွန်တော် မသွားဘူး” ဝူဟုန်က ရုတ်တရက် ပြောလိုက်သည်။
“အချိန်မဖြုန်းပါနဲ့ ပြန်သွားပါ”
ယွမ်ကျိုးက မျက် မှောင်ကြုတ်က ပြောလိုက်သည်။
သို့သော် ဝူဟုန်က ယွမ်ကျိုး၏ ဆိုင်ရှေ့မှာပဲ တင်းမာစွာ ရပ်နေပြီး မျက်လုံးမလွှဲဘဲ ကြည့်နေသည်။
“အင်း… ဒီကောင်လေးက တကယ့်ကို ခေါင်းမာတာပဲ”
သူဌေးတုန်က ပြုံးလျက် တိုးတိုးလေး ရေရွတ်လိုက် သည်။
ယွမ်ကျိုးကမူ ဂရုမစိုက်ပါ။ ထိုင်ခုံကို ဆိုင်အတွင်း ပြန်ရွှေ့ပြီး ညစာအတွက် အစားအစာများကို စတင် ပြင်ဆင်လိုက်သည်။
ယွမ်ကျိုး ပြန်ဝင်သွားသည်ကို တွေ့သဖြင့် ဝူချန့်က ဝူဟုန်အနား သွားကာ
“မအောင်မြင်ဘူးဆိုတော့ ငါနဲ့အတူ ပြန်ရအောင်” ပြောလာသည်။
“မပြန်ဘူး ဒီမှာပဲ စောင့်မယ်” ဝူဟုန်က တည်ကြည်စွာ ပြောသည်။
“ဒါပေမယ့် မင်း ကတိပေးထားတာပဲ” ဟုဝူချန့်က စိတ်ရှုပ်စွာ၊ စိုးရိမ်မှု့အပြည့်ဖြင့် ပြောလိုက်သည်။
အပိုင်း(၄၂၂)
ပြီးပါပြီ။