ပြောစရာနတ္ထိဖြစ်သွားရသောဧကရာဇ်ဇီဝေး
Vol. 42 Ch. 581
ဧကရာဇ် ဇီဝေး၏ မေးမြန်းမှုကြောင့် အားလုံး၏ အကြည့်များမှာ အန်လင်းထံ ရောက်ရှိလာသည်။
အန်လင်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်ရသည်။
"ဟဲဟဲ....ဧကရာဇ် ဇီဝေး သူတို့ရဲ့ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေကို သတ်မှတ်တန်ကြေးထက် ဆယ်ရာခိုင်နှုန်း ပိုပေးပြီး ဝယ်လိုက်တာပါ။ အဲ့ဒါကြောင့် မမျှတသလိုလည်း မဖြစ်တော့ဘူးလေ။ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေကို ကျွန်တော် တကယ်လိုအပ်နေလို့ပါ။"
ဧကရာဇ် ဇီဝေးမှာ အနည်းငယ် တုန်လှုပ်သွားရသည်။
"မင်းကဘာလို့ အဲ့လောက်တောင် လိုနေရတာလဲ။"
"ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေကိုသာ အလုံအလောက် မစုနိုင်ရင် ကျွန်တော် နှစ်တစ်သောင်းလောက် ဒုက္ခိတ ဖြစ်သွားရမှာဗျ။"
အန်လင်း အလေးအနက် တုံ့ပြန်လိုက်သည်။
"အဲ့လောက်တောင်ပဲလား။"
ဧကရာဇ် ဇီဝေး အံ့အားသင့်သွားရသည်။
သူ့အနေဖြင့် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များအား မဖြစ်မနေ မလိုအပ်ပေ။ သို့သော် အင်မော်တယ်လက်နက်ထဲတွင် ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခုမျှပင် ရှိမနေသောကြောင့် အထူးအဆန်းဖြစ်ကာ မေးခွန်းထုတ်လိုက်ရခြင်း ဖြစ်သည်။
အန်လင်း ခေါင်းညိတ်ပြလိုက်သည်။
"တကယ်ကို အရေးကြီးတာဗျ။ ပြီးတော့ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ပြည့်ဖို့ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခုပဲ လိုတော့တယ်။ ဧကရာဇ် ဇီဝေးဆီမှာ ရှိလားမသိဘူး။ ရှိတယ်ဆိုရင် ကြိုက်စျေးသာပြောဗျာ။ ငွေရေးကြေးရေးက ခြေသလုံးမွှေးပဲ။"
ဧကရာဇ် ဇီဝေး ရယ်ချင်ပက်ကျိ ဖြစ်သွားသည်။
"မင်းက ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေကို မောင်ပိုင်စီးထားတဲ့အပြင် ငါ့ဆီကပါ လိုချင်နေသေးတယ်ပေါ့။ ပြောစမ်းပါဦး....မင်းက ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ဘယ်လောက်ရအောင် စုနေတာလဲ။"
"အခုတစ်ရာ။"
အန်လင်း စကားဆိုလိုက်သည်။
"ခွီး...."
ဧကရာဇ် ဇီဝေးမှာ အေးစက်ခက်ထန်စွာ မနေနိုင်တော့ပဲ ခွီးခနဲနေအောင် ဝါးလုံးကွဲ ရယ်မောမိတော့သည်။
"အခုတစ်ရာ ဟုတ်လား။ ကောင်းပြီလေ....ငါ့ကိုပြစမ်းပါ။ မင်းဆီမှာ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ကိုးဆယ့်ကိုးခု ရှိနေတယ်ဆိုရင် လိုတဲ့တစ်ခုကို ငါအလကား ပေးလိုက်မယ်။"
သူသည် အန်လင်း၏ စကားအား အနည်းငယ်မျှ ယုံကြည်ခြင်း မရှိကြောင်း သိသာလှသည်။
ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ကိုးဆယ့်ကိုးခု ရှိနေပြီပေါ့လေ.....မဖြစ်နိုင်တာတွေ.....ဘယ်သူ့ကို လာလှိမ့်ဖို့ ကြိုးစားနေတာလဲ.....
အန်လင်း၏ မျက်ဝန်းများမှာ တလက်လက် တောက်ပလာသည်။
ခင်ဗျားကိုယ်တိုင် ကျွန်တော့်ကို ကြွားခိုင်းတာနော်.....နောက်မှလာပြီး အပြစ်မတင်နဲ့.....
သူသည် ရွေးချယ်စရာ မရှိတော့ပဲ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ကိုးဆယ့်ကိုးခုလုံးကို ထုတ်ဖော်ပြသလိုက်သည်။
ချက်ချင်းဆိုသလို ပြိုးပြိုးပြက်ပြက် တောက်ပနေသော ရွှေရောင်အလင်းများ ဖြာထွက်လာပြီး နန်းဆောင်တစ်ခုလုံး မျက်စိကျိန်းလောက်အောင် လင်းထိန်သွားသည်။ ကောင်းကင်နှင့်မြေပြင်တို့သည်ပင် ရွှေရောင်အလင်းများ၏ ခြယ်မှုန်းမှုကို ခံယူလိုက်ရရှာသည်။
ကျင့်ကြံသူများမှာ ထိုအလင်းရောင်များဖြင့် မျက်လုံးများပင် ကန်းတော့မလို ခံစားလိုက်ရသည်။
ဧကရာဇ် ဇီဝေးမှာလည်း တောင်ပုံရာပုံ ဖြစ်နေသော ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များအား ပါးစပ်အဟောင်းသားဖြင့် ငေးမောနေမိသည်။
"သောက်ကျိုးနည်း.....ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေ အများကြီး မင်းဘယ်လိုရလာတာလဲ။"
ဧကရာဇ် ဇီဝေးမှာ မျက်စိရှေ့မှ မြင်ကွင်းကြောင့် အိန္ဒြေပင် မဆည်နိုင်တော့ပေ။
အခြားအင်အားစုများ ရရှိလာသော ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များသည်ပင် အန်လင်း၏ ပိုင်ဆိုင်မှုများနှင့်နှိုင်းယှဉ်ပါက မဆိုသလောက်သာ ဖြစ်သွားရတော့မည်။
နန်းဆောင်အတွင်းရှိ အခြားသော ကျင့်ကြံသူများမှာလည်း မလှုပ်မယက်ဖြင့် ငေးကြောင်နေမိကြသည်။
"ဝါး.....အရမ်းကို တောက်ပလွန်းတယ်။ ဒါတွေအားလုံးက ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေပေါ့လေ။ မိုက်လိုက်တာကွာ။"
"ရွှေရောင်နယ်မြေအဆီအနှစ် အပုံလိုက်ကြီး မြင်ဖူးလိမ့်မယ်လို့ တွေးတောင်မတွေးကြည့်ဖူးဘူး။"
"ဘုရားရေ....ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်နဲ့ လုပ်ထားတဲ့ ရုပ်ထုတောင် ပါနေသေးတယ်ဟ။ တကယ်ကို သောက်ကျိုးနည်းပဲ။"
"ငါကဆင်းရဲလွန်းတော့ ဒါမျိုးတွေ စိတ်ကူးတောင် မယဉ်ရဲပါဘူးကွာ။"
"တကယ်ကို အပုံလိုက်ကြီးဟေ့။ ကိုအန်လင်းက ကောင်းကင်ဘုံခုံရုံး တစ်ခုလုံးမှာ ပါရမီ အရှိဆုံးသူပဲ။"
..........
အန်လင်းမှာ တစ်ခုခုကို သတိရသွားဟန်ဖြင့် စကားဆိုလိုက်သည်။
"ဟုတ်သာ။ အဲ့ရုပ်ထုက ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် နှစ်ဆယ့်သုံးခုနဲ့ လုပ်ထားတာနော်။ စုစုပေါင်း ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ကိုးဆယ့်ကိုးခု ရှိမရှိ တွက်လို့ရအောင် ပြောပြထားတာ။"
ဧကရာဇ် ဇီဝေးသည်လည်း ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များ အားလုံးကို တွက်ချက်ပြီးလောက်ပြီဖြစ်ကြောင်း သူခန့်မှန်းမိသည်။
ဧကရာဇ် ဇီဝေးမှာ ဆောင့်တက်သွားသော သွေးများအား ပြန်လည်ဆွဲချလိုက်ပြီးနောက် သိုလှောင်လက်စွပ်ထဲမှ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခုအားထုတ်ကာ အန်လင်းထံ ပေးအပ်လိုက်သည်။
ထိုသည်မှာ ရှေးဟောင်ထိုက်ချူးကုန်းမြေထဲ မဝင်ခင် ကျင့်ကြံသူများ အားလုံးကို နမူနာအဖြစ် ပြသခဲ့သော ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ဖြစ်သည်။
သူသည် ကတိစကား ဆိုခဲ့သောကြောင့် တည်ကိုတည်ရမည်ပင်။
အန်လင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီးနောက် ဧကရာဇ် ဇီဝေး ပေးလာသော ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်ကို လှမ်းယူလိုက်သည်။
စနစ်၏ ယုတ်မာပက်စက်သော မစ်ရှင်အား အောင်မြင်သွားခဲ့ပြီပင်။
ထို့အပြင် နောက်ဆုံးကျန်သော ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်အား ကုန်းဆင်းရရှိခဲ့သောကြောင့် ကောင်းမွန်သည်ဟု ဆိုနိုင်သည်။
အန်လင်းမှာ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် အခုတစ်ရာအား သိုလှောင်လက်စွပ်ထဲ သိမ်းဆည်းလိုက်သောအခါ အားလုံးမှာ လောကတခွင် မည်းမှောင်သွားသလို ခံစားလိုက်ရသည်။
လျှိုချူးချူး အပါအဝင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သော ကျင့်ကြံသူများမှာလည်း အိမ်မက်မက်နေသလိုလို၊ စိတ်ကူးယဉ်မိနေသလိုလို ဖြစ်နေကြသည်။ အချို့ဆိုလျှင် အန်လင်းကိုပင် မကြည့်ရဲသောကြောင့် ခေါင်းငိုက်စိုက်ကျနေရသည်။
ဧကရာဇ် ဇီဝေးမှာ ပြန်လည်တည်ငြိမ်သွားပါသော်လည်း သိလိုစိတ်များ တဖျဉ်းဖျဉ်း ထနေသည်။
ဒီလောက်များတဲ့ ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေကို အန်လင်းက ဘာလုပ်မလို့လဲ.....
"အန်လင်း မင်းရဲ့မစ်ရှင် အောင်မြင်ခဲ့လား။"
ဧကရာဇ် ဇီဝေး မေးမြန်းလိုက်သည်။
"ဟုတ်ကဲ့။"
အန်လင်း ပြုံးကာခေါင်းညိတ်ပြလိုက်သည်။
ဧကရာဇ် ဇီဝေးသည်လည်း ခပ်ဖွဖွ ပြုံးလိုက်သည်။
"ကြည့်ရတာ မင်းနဲ့စကားလေးဘာလေး ပြောဦးမှနဲ့တူတယ်။"
ရှေးဟောင်းအံ့ဖွယ်အပိုင်းတွင် အန်လင်း ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များအား သူအလွန် သိချင်နေမိသည်။
အန်လင်းမှာ ချက်ချင်းပင် သဘောတူလိုက်သည်။
"ကောင်းတာပေါ့။ ကျွန်တော်လည်း ဧကရာဇ် ဇီဝေးကို တင်ပြစရာ ရှိတယ်။"
ဧကရာဇ် ဇီဝေးသည် အခြားသော ကျင့်ကြံသူများအား စကားအနည်းငယ် ပြောဆိုပြီးနောက် ၎င်းတို့ရရှိလာသော သတင်းအချက်အလက်များအား ကောင်းကင်ဘုံခုံရုံးတွင် စုစည်းရန်အတွက် ဇီဝေးနန်းတော်ထံ ပို့ဆောင်လိုက်သည်။
ထို့နောက် နန်းဆောင်ထဲတွင် အန်လင်း၊ ရှောင်ဇယ်၊ တီနာ၊ ရွှယ်ကျန်ထျန်းနှင့် ဧကရာဇ် ဇီဝေးတို့သာ ကျန်ရစ်ခဲ့သည်။
ဧကရာဇ် ဇီဝေးမှာ ထိုင်ခုံ၊ စားပွဲများနှင့်အတူ လက်ဖက်ရည်ခွက် အချို့ကိုပါ ပေါ်လာစေလိုက်သည်။
"ထိုင်ပါဦး အန်လင်း....ငါတို့ စကားလေးဘာလေး ပြောကြတာပေါ့။"
ဧကရာဇ် ဇီဝေး နွေးထွေးစွာ ပြုံးလိုက်သည်။
အန်လင်း ခေါင်းညိတ်ကာ ချစ်ခြင်းမေတ္တာသစ်သီး တစ်လုံးကို ထုတ်ပေးလိုက်သည်။
ဧကရာဇ် ဇီဝေး၏ မျက်ဝန်းများမှာ အန်လင်းထံတွင်သာ ရှိနေပြီး သစ်သီးအား ကြည့်ပင်မကြည့်ပဲ ယူလိုက်ပြီးနောက် လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။
"အရေးကြီးတာလေး အရင်ပြောလိုက်ရအောင်။ မင်းရှေးဟောင်းအံ့ဖွယ်အပိုင်းမှာ ဘာတွေဖြစ်ခဲ့သေးလဲ။"
အရေးကြီးတာလား.....
အန်လင်း အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။
"သွေးမျိုးနွယ်စုက ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူ သုံးယောက်ကို ကျွန်တော့် အစေခံ လုပ်ခဲ့တယ်။"
"ဖွီး....."
ဧကရာဇ် ဇီဝေးမှာ လက်ဖက်ရည်များ ထွက်ကျကုန်ပြီး မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုလိုက်သည်။
အန်လင်း လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
"အဲ့ဒါအမှန်ပဲ။"
"အသေးစိတ် ပြောပြပါဦး။"
ဧကရာဇ် ဇီဝေးမှာ စိတ်အားတည်ငြိမ်စေရန် အသက်ပြင်းပြင်း ရှူလိုက်ရသည်။
အန်လင်းသည် သူ၏သွေးဖြင့် သွေးမျိုးနွယ်စု ကျင့်ကြံသူများအား ဖိနှိပ်နိုင်ခဲ့ပုံကို သေသေချာချာ ပြောပြလိုက်သည်။
အမှန်အတိုင်း မခြွင်းမချန် ပြောပြနေရခြင်းမှာ သူ၏သွေးအား စစ်ဆေးပေးစေလိုသောကြောင့်ပင်။ အန်လင်းကိုယ်တိုင်သည်လည်း ယခုအခြေအနေအား ထူးဆန်းသည်ဟု ထင်မြင်မိသောကြောင့် ပို၍သိရှိလိုမိသည်။
သို့သော် အန်လင်း ထုတ်ပေးလာသောသွေးတွင် မည်သည့်အရာကိုမှ ဧကရာဇ် ဇီဝေး မတွေ့ခဲ့ရပေ။
"ကတ်စီဒီ၊ မာလင်နဲ့ တိုဘိယ မင်းပြောတဲ့သူတွေက သွေးမျိုးနွယ်စုက နာမည်ကြီးတွေပဲ။ သူတို့တွေက ကောင်းကင်ဘုံခုံရုံးအတွက် သူလျှိုလုပ်ပေးမယ်ဆိုရင် တကယ်ကောင်းတဲ့ အရာပဲ။ သူတို့နဲ့ အဆက်အသွယ်လုပ်ဖို့ ကောင်းကင်ဘုံခုံရုံးက တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။ စိတ်မပူနဲ့။"
ဧကရာဇ် ဇီဝေး၏ နှလုံးသားမှာ အန်လင်းနှင့် ပက်သတ်၍ သိလိုစိတ်များ ပိုမိုပြင်းပြလာရသည်။
အန်လင်းသည်လည်း တီနာနှင့် ရွှယ်ကျန်ထျန်းတို့အား တွေ့ဆုံခဲ့ပုံကို ဆက်လက်ပြောပြလိုက်သည်။ ထို့နောက် ဧရာမ ကြယ်အစုအဝေးတောင်မှတဆင့် ပျက်ပြယ်ခြင်းကြယ်စင်အပိုင်းပေါ်သို့ ရောက်ရှိခဲ့အား ပြောပြခဲ့ပါသော်လည်း နယ်မြေအူတိုင် အပိုင်းအစအား တီနာမှ စုပ်ယူခဲ့သည်ကို ထိန်ချန်ကာ လေလွင့်နေသော ဝိဉာဉ်များအား ဘဝတစ်ပါးသို့ ကူးပြောင်းရန် ရုတ်ချည်းဆိုသလို လမ်းပြပေးနိုင်ခဲ့သည်ဟုသာ ပြောပြခဲ့သည်။
ဧကရာဇ် ဇီဝေးသည် အန်လင်း၏ စွန့်စားခန်းများကို နားထောင်နေရင်း ဧရာမ ဝေလငါးကြီးနှင့် အဖြစ်အပျက်အား ကြားရသောအခါ အံ့သြဘနန်း ဖြစ်မိရသည်။
"ဟူး.....တကယ်ကို ရှုပ်ထွေးပွေလီလွန်းတဲ့ ဆက်နွယ်မှုပဲ။"
ဧကရာဇ် ဇီဝေး ခံစားချက် အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
အန်လင်း၏ နှုတ်ခမ်းအစုံ ရှုံ့မဲ့သွားရသည်။
ငါ့ကိုစောင်းပြောနေသလိုကြီး.....
မည်သို့ပင်ဆိုစေကာမူ သူသည် ဝေလငါးငယ်လေးအား အမှန်တကယ် သတိရမိသည်။ ဝေလငါးငယ်လေးသည် သူ့ထံမှ ကောင်းမွန်သော အရာများကို အမွေရထားသောကြောင့် စိတ်ဓာတ်ရေးရာလည်း အပြစ်ဆိုဖွယ် မရှိပေ။ ဝေလငါးကြီးသည် ဝေလငါးငယ်လေးအား လမ်းမှားသို့ရောက်အောင် ဆွဲခေါ်သွားမည်ကို စိုးရိမ်ပူပန်မိနေသည်။
အန်လင်းမှာ ဧကရာဇ် ဇီဝေးနှင့် သွေးမျိုးနွယ်စု ကျင့်ကြံသူ သူလျှိုများအကြောင်း အသေးစိတ် အစီအစဉ်ချခဲ့သည်။ ထိုသည်မှာ ကတ်စီဒီတို့၏ လုံခြုံရေးအတွက်ပင် ဖြစ်သည်။
ထို့နောက် အန်လင်း၏ ရှေးဟောင်းထိုက်ချူးကုန်းမြေမှ စွန့်စားခန်း ဇာတ်လမ်းရှည်ကြီးလည်း ကန့်လန့်ကာချကာ သူသည် ကျောင်းသားဘဝအား နောက်ထပ်တစ်ကြိမ် ထပ်မံခံစားရန်အတွက် တီနာ၊ ရှောင်ဇယ်၊ ရွှယ်ကျန်ထျန်းတို့နှင့်အတူ ဖရိုဖရဲ သတ္ထုအုတ်ခဲအား စီးနင်းကာ စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်ထံ ပြန်လာခဲ့တော့သည်။