← Chapters

အင်အားစုများအားလုံး၏တုံ့ပြန်မှု

Vol. 42 Ch. 582

အင်အားစုများအားလုံး၏တုံ့ပြန်မှု

Vol. 42 Ch. 582

သန့်ရှင်းသော ရေခဲကုန်းမြေရှိ ရေခဲနန်းဆောင်၌

ရွှေရောင်ဂိတ်ပေါက် နှစ်ခုမှာ ဖြည်းညင်းစွာ တုန်ခါလာသည်။

ကြီးမြတ်ဧကရီနှင့် မုန့်ကျီတို့မှာ ဘေးချင်းယှဉ်လျက် ရှိနေကြပြီး မကြာမီတွင် ဟင်းလင်းပြင်သို့အပြန် နန်းဆောင်သခင်မ သုံးဦးနှင့် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိသော နှင်းပျိုမဒီ ဆယ်ဦးတို့ ရွှေရောင်ဂိတ်ပေါက်မှ ထွက်ပေါ်လာကြသည်။

နှင်းပျိုမဒီ အယောက်နှစ်ဆယ်ခန့် ရှေးဟောင်းထိုက်ချူးနယ်​မြေသို့ သွားခဲ့ပါသော်လည်း တဝက်သာ ပြန်ရောက်လာခဲ့သည်။

သို့သော် မုန့်ကျီမှာ ထိုအရာအား ဂရုမစိုက်နိုင်ပေ။

"နင်တို့က နယ်မြေအူတိုင် အပိုင်းအစကိုလည်း မရှာနိုင်ဘူး။ နင်တို့ရလာတဲ့ နယ်မြေအဆီအနှစ် သလင်းကျောက်တွေကိုလည်းကြည့်ဦး။ ကောင်းတာဘာပါသေးလဲ.....ဟမ်....ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါ့ကိုပြောစမ်းပါ။"

သူမသည် ရှေ့တွင်ရှိနေသော နှင်းပျိုမဒီများအားကြည့်ကာ ရွှေရောင်မျက်ဝန်းများမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ​ဖြာထွက်နေသော လက်ထဲတွင် ကိုင်ဆောင်ထားသည့် နတ်ဘုရားလက်နက်မှာလည်း တုန်လှုပ်နေသောကြောင့် အလွန်အမင်း ဒေါသထွက်နေကြောင်း သိသာလှသည်။

ဟင်းလင်းပြင်သို့အပြန် နန်းဆောင်သခင်မများမှာ အပြစ်တင်ခံရမည့် သူများပင်။ သူမတို့သည် အရေးကြီးသော တာဝန်ဝတ္တရားများကို ပုခုံးထမ်းထားရပါသော်လည်း ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် တစ်ခုကိုပင် မရှာနိုင်ခဲ့ပဲ သူတောင်းစားသာသာ ဘဝနှင့်သာ ပြန်လာနိုင်ခဲ့ကြသည်။

ဟင်းလင်းပြင်သို့အပြန် အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ရို့ကူမှာ အရိုအသေ ပေးလိုက်သည်။

"ခံစားချက်အသင်္ချေဒေသမှာ လုံရှန်းနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ အန်လင်းတို့ အဖွဲ့က ကျွန်မတို့ကို ဖမ်းခေါ်သွားခဲ့တယ်။ သူတို့ရဲ့ ခံစားချက်တွေက လွှမ်းမိုးခံထားရလို့သာ ကျွန်မတို့ကို ပြန်လွှတ်ပေးခဲ့တာပါ။ ဒါတောင်မှ သိုလှောင်လက်စွပ်တွေကိုတော့ သိမ်းသွားပါသေးတယ်။"

"ဟမ်.....နင်တို့ရဲ့ သိုလှောင်လက်စွပ်တွေကိုရော အန်လင်းကပဲ ယူသွားတာလား။ ငါတို့လည်း တူတူပဲ။"

လုဝေ အံ့အားသင့်သွားရသည်။

သူမသည် ရှန့်ကွမ်းယီတို့ အဖွဲ့မှဖြစ်ပြီး ၎င်းတို့သည်လည်း အမွဲထွဋ်ခေါင် ဖွတ်မင်းပြောင်ဘဝ ရောက်နေသည်။

နှင်းပျိုမဒီများကြားရှိ လေထုအခြေအနေမှာ တစ်မျိုးတမည် ဖြစ်လာရသည်။

ဒါက ကံကြမ္မာလား.....အတိတ်တုန်းက အန်လင်းရှိနေတဲ့ နေရာနှစ်ခုကို သူတို့ဝင်စီးခဲ့တယ်....အခုကြ အန်လင်းက သူတို့ကို နှစ်ခါတောင် ဝင်စီးသွားတယ်.....

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် နှင်းပျိုမဒီများမှာ ကြောင်တောင်တောင် ဖြစ်နေကြရသည်။ ၎င်းတို့အား အန်လင်းမှ ဓားပြတိုက်သွားသည်ကို နားလည်နိုင်ပါသော်လည်း ဟင်းလင်းပြင်သို့အပြန် အဆင့်များသည်လည်း တူညီသော ကံကြမ္မာကို ရင်ဆိုင်ခဲ့ရသည်လော။ ထိုအဖြစ်အပျက်အား စိတ်ကူးကြည့်၍ပင် မရပေ။

အန်လင်း၏ နာမည်အား ကြားလိုက်ရပြီးနောက် မုန့်ကျီမှာ အတိတ်ကာလ၏ မြင်ကွင်းအချို့အား မြင်ယောင်ကာ ရင်ဘက်တစ်ခုလုံးပင် အောင့်လာမိသည်။

ကြီးမြတ်ဧကရီ သက်ပြင်းချလိုက်သည်။

"အန်လင်း....ထပ်ပြီးတော့ သူပဲလား။"

.....................

ညနက်ယံ၏ လွှမ်းခြုံခြင်းကို ခံထားရသော လွင့်မြောနေသည့် အနက်ရောင်ကုန်းမြေ တစ်ခုပေါ်၌

ကြေးနီရောင် အသားအရေနှင့် အမျိုးသားတစ်ဦးသည် ကြီးမားလှသော ဓားမော့တစ်ခုကို ကျောဘက်တွင် စလွယ်သိုင်းထားပြီး တောင်ပံနက် ဧကရာဇ်နှင့် အကြီးအကဲများအား ကြုံတွေ့ခဲ့ရသည်များကို ပြန်လည်ပြောပြနေသည်။

အကြီးအကဲများမှာ ဆံပင်မွှေးများ ထောင်ထလာသည်အထိ ထိတ်လန့်မိနေကြရသည်။ အန်လင်းသည် ထိုမျှအစွမ်းထက်သော ကျင့်ကြံသူ ဖြစ်နေလိမ့်မည်ဟု ၎င်းတို့ထင်မှတ်မထားခဲ့ပေ။ တစ်ချိန်တည်းမှာပင် အန်လင်းအား အမဲလိုက်ရမည့် တာဝန်အား လက်ရှောင်ခဲ့ခြင်းအပေါ် ကိုယ့်ကိုယ်ကို ကျေးဇူးတင်နေမိကြသည်။ ထိုသို့သာမဟုတ်ပါက ၎င်းတို့အနေဖြင့် ဤနေရာတွင်ပင် ဆက်ရှိနေနိုင်ရန် မသေချာပေ။

တောင်ပံနက် ဧကရာဇ်သည် လေးလေးနက်နက် တွေးတောလိုက်ပြီးနောက် ကျီးကန်းတစ်ကောင်အား ဆင့်ခေါ်ကာ ရရှိလာသော သတင်းအချက်အလက်များ အားလုံးကို မဟူရာ အလင်းတန်းတစ်ခုအဖြစ်​ပြောင်း၍ ၎င်း၏ခန္ဓာကိုယ်ထဲ ထည့်သွင်းပေးလိုက်သည်။

ကျီကန်းမှာ တောင်ပံများ ဖြန့်ကားကာ ပျံသန်းသွားပြီးနောက် မကြာမီပင် အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွားသည်။

မိစ္ဆာရှင်းဓားအား မဖြစ်မနေ ပြန်ရှာရမည် ဖြစ်သောကြောင့် သူ့အနေဖြင့် ညစန္ဒာအကြီးအကဲထံ အချက်အလက်များ ပေးပို့ပေးရုံသာ တတ်နိုင်သည်။

...............

ရက်စက်ကြမ်းကြုတ်သော ဝိဉာဉ်များ အော်ဟစ်မြည်တမ်းနေသော ကုန်းမြေတစ်ခု၌

ခွေးခေါင်းနှင့်လူခန္ဓာရှိကာ အရပ်ရှည်ရှည်၊ ဗလတောင့်တောင့်နှင့် အနက်ရောင်ဝတ်စုံအား ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ရှိနေပြီး သူ၏ဘေးတွင် နှင်းကဲ့သို့ စွတ်စွတ်ဖြူကာ ကျက်သရေရှိလှသော အမျိုးသမီးတစ်ဦး ရှိသည်။

ကျီးကန်းတစ်ကောင်မှာ ရုတ်ချည်းဆိုသလို ပေါ်ထွက်လာကာ အမျိုးသမီး၏ ပုခုံးပေါ် လာရောက်နားခိုလိုက်သည်။

အမျိုးသမီးသည် မျက်ဝန်းများကိုပိတ်ကာ ပေးပို့လာသော သတင်းအချက်အလက်များအား လက်ခံလိုက်ပြီးနောက် အမူအရာ ပြောင်းလဲသွားရသည်။

ဒါ....ဒါအမှန် မဟုတ်နိုင်ဘူး.....အန်လင်းက အဲ့လောက်တောင် စွမ်းနေပြီလား.....

သူမသည် ကမ္ဘာတစ်ခုလုံး ပြောင်းပြန်ဖြစ်သွားသလို ခံစားရကာ စုံစမ်းထားခဲ့သော အကြောင်းအရာများအပေါ် သံသယ ဝင်လာမိသည်။

ဧကရာဇ် ပို့ပေးတဲ့ သတင်းသာ အမှန်ဆိုရင် ဟင်းလင်းပြင်သို့အပြန်ရှိတဲ့ ငါ့အဆင့်က ဘာသုံးစားလို့ ရတော့မှာလဲ....

အမျိုးသမီးမှာ တွေဝေနေသော အမူအရာဖြင့် ခွေးခေါင်းနှင့်လူကိုယ်ရှိသော မကောင်းဆိုးဝါးအား ကြည့်ရှုလိုက်သည်။

..........

အနက်ရောင်စိမ့်တော၌....

ဧကရာဇ် ရိတန်းသည် ရှေ့တွင်ရှိနေသော လူလေးဦးအား ဒေါသတကြီးကြည့်ကာ ရွှေရောင်ဆံနွယ်တိုနှင့် မိန်းမပျိုကို လက်ညှိုးထိုးလိုက်သည်။

"ဒေစီကိုကြည့်စမ်း.....သူမက ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် သုံးခုနဲ့ အနီရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ဆယ့်ငါးခုတောင် ရလာတယ်။"

ထို့နောက် အခြားသုံးဦးအား လက်ညှိုးငေါက်ငေါက် ထိုးလိုက်သည်။

"ကတ်စီဒီ၊ တိုဘိယ၊ မာလင်....မင်းတို့သုံးယောက် ပေါင်းရင်တောင် ဒေစီရလာတဲ့ နယ်မြေအဆီအနှစ် သလင်းကျောက် တဝက်ရှိရဲ့လားကွ....ဟမ်။ ဒေစီက မတော်မတရား အများကြီး ရလာလို့ မဟုတ်ဘူးနော်။ မင်းတို့ကိုက ဘာမှမပါလာတာ။ နားလည်ရဲ့လား။ အထွဋ်အမြတ်သွေးမျှော်စင်ကရမယ့် အရင်းအမြစ်တွေကို မင်းတို့ သက်ဆိုင်ရာ အဖွဲ့တွေက နှစ်ပေါင်းတစ်ရာတိတိ သုံးဆယ်ရာခိုင်နှုန်း ဖြတ်ခံရမယ်။"

ဒေစီမှာ မေးဖျားလေးအား ဝံ့ကြွားစွာမော့လျက် ညှို့ငင်အားပြင်းစွာ ပြုံးလိုက်သည်။

သူမသည် ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူ ဖြစ်ပါသော်လည်း ကတ်စီဒီတို့ သုံးဦးပေါင်းသည်ထက်ပင် နယ်​မြေအဆီအနှစ် သလင်းကျောက်များ ပိုမိုရရှိလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ မမျှော်လင့်ထားသော အဖြစ်အပျက်မှာ သူမအား ရူးလောက်အောင် ပျော်ရွှင်စေသည်။

ကတ်စီဒီ၊ တိုဘိယနှင့် မာလင်တို့မှာ စိတ်မကောင်းဖြစ်နေဟန်ဖြင့် ခေါင်းငုံ့ထားကြပါသော်လည်း စင်စစ်တွင်မူ လှောင်ပြုံးပြုံးနေခြင်းပင်။

အထွဋ်အမြတ်သွေးမျှော်စင်ဟုတ်လား.....ဘယ်သူက အဲ့လိုနေရာအစုတ်အပြတ်ကို ဂရုစိုက်လို့လဲ.....​မြင့်မြတ်သွေးစက်လောက် ဘာကများ ကောင်းမှာတဲ့လဲ....

အန်လင်း၏ မြင့်မြတ်သွေးစက်အား ရရှိပြီးသည့်နောက် ကတ်စီဒီသည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်သို့ ချိုးဖျက်သွားပြီဖြစ်ကာ မာလင်သည်လည်း ထိုအဆင့်သို့ရောက်ရန် သိပ်မလိုတော့ပေ။

တိုဘိယသည် ဟင်းလင်းပြင်သို့အပြန် အလယ်အလတ် အဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး အန်လင်း၏သွေးအား သူ၏တာအိုနှင့် ပေါင်းစည်း၍ ကျင့်ကြံရေးလမ်းစဉ် အသစ်ဖန်တီးကာ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်သို့ တက်လှမ်းရန် ကြိုးစားနေခြင်း ဖြစ်သည်။

...............

ထိုအချိန်တွင် ဧဒင်ဥယျာဉ်တော်၊ ဗုဒ္ဓလောက၊ အရှေ့ပင်လယ်၏ နဂါးမင်းပိုင်နက်နှင့် အနောက်ဘက်ပင်လယ်၏ အံ့ဖွယ်နန်းတော်တို့မှ ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူများမှာလည်း ၎င်းတို့ရရှိလာသော သတင်းအချက်အလက်များကို ပြန်လည်ဖောက်သည်ချကြသောကြောင့် အန်လင်း၏ အမည်နာမမှာ အင်အားကြီး ကျင့်ကြံသူများကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။

...........

စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်

ဖရိုဖရဲ သတ္ထုအုတ်ခဲမှာ တိမ်တိုက်များကြား ပျံဝဲကာ ရင်းနှီးကျွမ်းဝင်နေသော ကျောင်းဝန်းတစ်ခုထံ ဆင်းသက်လာသည်။

"ဝိုး.....ဘီလူးအန်လင်း ဒါနင်နေတဲ့ နေရာလား။ အကြီးကြီးပဲနော်။ ပြီးတော့ အရမ်းလှတာပဲ။"

တီနာ၏ မြစိမ်းရောင် မျက်ဝန်းလေးများမှာ စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပနေသည်။

အင်မော်တယ်ဗိမာန်များမှာ မျက်စိတဆုံး ရှိနေပြီး အဝေးတွင်လည်း ရှုခင်းသာသော တောင်တန်းများကို တွေ့မြင်နိုင်သည်။ ပြိုးပြိုးပြက်ပြက် တောက်ပနေသော တိမ်လွှာများမှာလည်း ကောင်းကင်ထက်တွင် ဝေ့ကာဝဲကာ လှပသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေသည်။ ထို့အပြင် ချီစွမ်းအင်မှာလည်း ပေါကြွယ်ဝလွန်းလှပေသည်။

နေရာတိုင်းတွင် အသက်အန္တရာယ် ရှိနိုင်သော ရှေးဟောင်းထိုက်ချူးကုန်းမြေနှင့် နှိုင်းယှဉ်ပါက ဤကျောင်းတော်ကြီးမှာ သုခဘုံ တစ်ခုလိုပင်။ အန်လင်းမှာ သက်တောင့်သက်သာ ခံစားနေရသောကြောင့် လွတ်လပ်စွာ ရယ်မောလိုက်သည်။

"ဒီနေရာက ဆရာ လေ့လာသင်ယူနေတဲ့ နေရာလား။ ဆရာက လူမှုပတ်ဝန်းကျင်နဲ့ ရောထွေးနေထိုင်ပြီး ဘဝအတွေ့အကြုံ ယူနေတာလား။"

ရှောင်ဇယ်မှာ မေးဖျားကိုပွတ်ကာ လေးလေးနက်နက် တွေးတောနေသည်။

"မဟုတ်ဘူး။ ဒီနေရာက ငါလေ့လာသင်ယူနေထိုင်ကျင့်ကြံတဲ့ နေရာပဲ။ ငါက ဒီမှာပဲနေတာ။"

အန်လင်း တုံ့ပြန်လိုက်သည်။

"အော်...ကျွန်တော် နားလည်ပါပြီ။"

ရှောင်ဇယ် ခေါင်းညိတ်ပြလိုက်သည်။

ကြည့်ရတာ ငါ့အတွေး မမှားတဲ့ပုံပဲ.....ဆရာက ဒီမှာနေပြီး ဘဝအတွေ့အကြုံ ယူနေတာပဲ ဖြစ်ရမယ်.....

ဘယ်ဆရာ့ဆရာကြီးတွေကမှ သူတို့ ဘဝအတွေ့အကြုံ ယူနေတယ်ဆိုတာ ဝန်ခံမှာ မဟုတ်ဘူးလေ.....

ဝန်ခံလိုက်ရင် အတွေ့အကြုံယူရတာ ဘယ်မိုက်တော့မှာလဲ.....

ရွှယ်ကျန်ထျန်း ကောင်းကင်အားကြည့်ကာ ရေရွတ်လိုက်သည်။

"ဒီနေရာက အရမ်းမြင့်ပြီးတော့ ကောင်းကင်နဲ့လည်း တော်တော်နီးတယ်။ ဒါက ကောင်းကင်ဘုံရဲ့ ထိပ်ဖျားများလား။"

အန်လင်း ခေါင်းကုတ်လိုက်သည်။

"အဲ့လိုသဘောမျိုးပေါ့။ ကောင်းကင်ဘုံခုံရုံးက တကယ်လည်း အရမ်းမြင့်တဲ့ နေရာမှာ ရှိနေတာလေ။"

"ဘီလူးအန်လင်း.....ငါတို့ဒီမှာ နေကြမှာလားဟင်။"

တီနာမှာ လှပလွန်းသော ကျောင်းတော်ကြီးအားကြည့်ကာ မျှော်လင့်နေမိသည်။

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ ဒီမှာ ချီစွမ်းအင် အရမ်းအားကောင်းတယ်လေ။ အဲ့ဒါကြောင့် မင်းတို့ကျင့်ကြံရေးအတွက်လည်း အထောက်အကူ ဖြစ်လိမ့်မယ်။ ဧကရာဇ် ဇီဝေးက ဒုကျောင်းအုပ် ယွီဟွားကို ပြောပြပြီးသွားပြီ။ ဘာပဲဖြစ်ဖြစ် မင်းတို့တွေ ပြဿနာ မရှာပဲ ကောင်းကောင်းမွန်မွန် နေရမယ်နော်။"

တီနာသည် ဤနေရာအား သဘောကျလွန်းသောကြောင့် ပျော်ရွှင်စွာ သဘောတူလိုက်သည်။

"မင်းတို့ကို အရမ်းအရေးကြီးတဲ့သူနဲ့ တွေ့ပေးရဦးမယ်။"

အန်လင်း လေးနက်စွာ ပြောလိုက်သည်။

"ဘယ်သူလဲဟင်။"

ရှောင်ဇယ် သိလိုစိတ် ဖြစ်သွားမိသည်။

"မင်းဆရာရဲ့ မိန်းကလေး။"

အန်လင်း စကားဆိုလိုက်သည်။

တီနာနှင့် ရွှယ်ကျန်ထျန်းတို့သည်ပင် စိတ်လှုပ်ရှားသွားပြီး တည်တည်ငြိမ်ငြိမ် ဖြစ်သွားကြသည်။ ၎င်းတို့သခင်၏ တာအိုလက်တွဲဖော်သည် မည်သည့်ပုံစံ ဖြစ်နေလိမ့်မည်ကို သိချင်နေမိကြတော့သည်။

All Chapters