← Chapters

အခန်း (၄၄၃-၄၄၄)

Vol. 35 Ch. 443-444

အခန်း (၄၄၃-၄၄၄)

Vol. 35 Ch. 443-444

ယွမ်ကျိုး အပိုင်း (၄၄၃)

ငန်းသားကင်ကြောင့် ဘ၀ကြီး အား သံသယ၀င်သွားခြင်း။

"ဒီကောင်မလေးက လူသာငယ်ပေမဲ့ စကားတော့ အရမ်းများသားပဲ"

စားဖိုမှူးကျန်းမှာ မန်မန်က ယွမ်ကျိုးဘက်ကမှန်းသိသည့် အတွက် ကြမ်းတမ်းစွာ တုံ့ပြန့်လိုက်သည်။

မန်မန်က ပြုံးပြီးပြောလိုက်သည်။

"ဟုတ်ပါတယ် ကျွန်မလည်း မြင်တယ်လေ ရှင်က‌‌တော့ အတော်လေးအသက်ကြီးပြီး အကြင်နာတရားလည်း ကင်းမဲ့နေတာကိုလေ"

စားဖိုမှူးကျန်းက ပျက်ရယ်ပြုရင်း

"ငါက ကြင်နာတတ်ရင်တောင် မင်းတို့အပေါ်မှာတော့ မဖြစ်နိုင်ဘူး ကောင်မလေး"

"ကောင်းပြီလေ မကြင်နာတတ်တဲ့လူအိုကြီး ၊ အပြင်မှာ စိတ်ရှည်ရှည်နဲ့‌ စောင့်လိုက်ပါဦး"

မန်မန်က လက်ခါပြီး ခွန့်းတုံ့မပြန်တော့ဘဲ လုပ်ရမည့်အရာသာ လုပ်လိုက်တော့သည်။

"ဟမ့်" စားဖိုမှူးကျန်းက မန်မန်ကို နှာခေါင်းရှုံ့လိုက်သည်။

"ဘယ်လိုတောင် စိတ်မမှန်တဲ့ လူကြီးလဲ၊

သူနဲ့စာရင် လီယန်ယိတောင် ပိုကောင်းသေးတယ်"

ထိုနှာခေါင်းရှုံသံကြောင့် မန်မန်က မပြောဘဲ မနေနိုင်တော့ပေ။

မန်မန်မှာ လီယန်ယီက ဟင်းပွဲတွေကို အရသာရှိရှိစားပြီး စောဒကတက်ခြင်း၊အတော်လေး ပြဿနာရှာခြင်း တို့ကြောင့် မနှစ်မြို့ဆုံးသော‌သူဖြစ်သည်။

သို့သော် စားဖိုမှူးကျန်းကဲ့သို့ လူအိုကြီးနှင့် ရင်ဆိုင်ရသောအခါ လီယန်ယိက ပို၍ သဘောကျစဖွယ်တောင် ခံစားလာရသည်။

၁၂နာရီထိုးလုခါနီးတွင် ၊ လူတွေပိုများလာသည်ကို ကြည့်ရင်း စားဖိုမှူးကျန်းက မျက်မှောင်ကြုပ်သထက် ကြုပ်လိုက်သည်။

"ဘာလဲဟ ဒီဆိူင်က ရောင်းအားကောင်းတာလား"

စားဖိုမှုးကျန်းက ယွမ်ကျိုး၏ မိသားစုနောက်ခံအကြောင်းအရာများကိုသာ အဓိက စုံစမ်းရခဲ့တာဖြစ်သည်။လုပ်ငန်းအခြေအနေကို အထူးတလည် မသိရှိသည့် အပြင်စာရွက်စာတမ်းပေါ်မှ"သိပ်မဆိုးပါ"ဟူသော မှတ်ချက်အနည်းငယ်ကိုသာ တွေ့ခဲ့တာဖြစ်သည်။

ယခုလိူ ဆိုင်ငယ်လေးနှင့် ကျဉ်းမြောင်းသောနေရာကို ကြည့်ပြီး ထိုမှတ်ချက်ကို အတည်မယူခဲ့ပေ။

သို့သော်လည်း ဆိုင်ငယ်လေး၏ အရွယ်အစားနှင့် ရောင်းအားကောင်းမှု့က အကြီးအကျယ် ဆန့်ကျင့်ဘက်ဖြစ်နေသည်။

"ဟေ့ လူငယ်လေး ဒီနေရာကဟင်းပွဲတွေက တကယ် အရသာ ရှိတာလား"

စားဖိုမှူးကျန်းမှာ သူ့ရှေ့မှာ ရှိသည့် ဝူဟိုင်ကို မမေးဘဲ‌မနေနိုင်တော့။

"ကျွန်တော့်ကို မေးတာလား"

ဝူဟိုင်က မုတ်ဆိတ်တို‌လေးများကို ပွတ်ရင်း လှည့်ကြည့်လာသည်။

"မင်းအပြင် တခြားလူ ရှိလို့လား"

စားဖိုမှူးကျန်းက "အဓိပ္ပာယ်မရှိလိုက်တာ"ဟူ‌ သောလေသံဖြင့် ပြန်ဖြေလိုက်သည်။

တစ်ချိန်တည်းမှာပင် ဆိုင်အတွင်းသို့ အဆက်မပြတ်၀င်နေသော ဖောက်သည်များကို ကြည့်ရင်း တစ်ခုခုတော့ရှိနေရမည် တွေးတောနေမိသည်။

"ကျွန်တော် ထင်တာတော့ အဲဒါက ခင်ဗျားစားရင်းနဲ့ သိဖို့ မဖြစ်နိုင်လောက်ဘူးဗျ"

ဝူဟိုင်က မည့်သည့်အခါမှ သဘောကောင်းသူ မဟုတ်ခဲ့ပေ။

"ဘာလို့လဲ အရသာ မကောင်းလို့လား"

စားဖိုမှုးကျန်းက ချက်ချင်း စိတ်လှုပ်ရှားသွားသည်။

"ဟင့်အင်း အဲဒီအချိန်ကျရင် ခင်ဗျားပါးစပ်က အရသာရှိတာတွေစားဖို့ အရမ်းအလုပ်ရှုပ်နေမှာလေ"

ဝူဟိုင်က ပခုံးတွန့်ပြရင်း "အသိသာကြီးပဲ "ဟူသည့် ပုံစံပြလိုက်သည်။

"ဟမ့် အခုခေတ် လူငယ်တွေများ လူကြီးတွေကို လေးစားရကောင်းမှန်းမသိဘူး"

စားဖိုမှုးကျန်းက အရူးလုပ်ခံရကြောင်း သဘောပေါက်သွားသောအခါ ဝူဟိုင်ကို စိန်းစိန်းဝါးဝါးကြည့်ရင်း ရှုံ့ချလိုက်သည်။

"ခင်ဗျားလည်း အငယ်တွေကို သဘောမကျရင် ကျွန်တော် လေးစားလည်း အလကားပဲလေ"

ဝူဟိုင်က အစကတည်းက စားဖိုမှူးကျန်း၊ယွမ်ကျိုးနှင့် မန်မန်တို့ကြားက စကားဝိုင်းကို ကြားခဲ့ပြီးဖြစ်သည်။

သူ့ကဲ့သို့ ယောက်ျားကြီးတစ်ယောက်က သူတိူ့ကို ကူညီပြီး လူကြီးတစ်ယောက်နှင့် စကားများငြင်းခုံနေရန် မသင့်တော်ပေ။

ယွမ်ကျိုးက ဆိုင်ရှင်ဖြစ်၍ စည်းကမ်းများနှင့် ပြောနိူင်သည်။သူကမူ ဖောက်သည်တစ်ယောက်သာ ဖြစ်၍ ၀င်ပြော၍မရနိူင်ပါ။သို့သော် ထိုစိတ်ရှုပ်ဖို့ ကောင်းသည့် လူအိုကြီးက သူ့ဘာသာ ရန်လာစသည့် အခါတွင်ဝူဟိုင်က ကျော်သွားပေးမည်

မဟုတ်ပေ။

"မင်းကို ထပ်မပြောတော့ဘူး"

ဝူဟိုင်၏ အကြောက်အလန့်ကင်းမဲ့ပုံကို မြင်၍ စားဖိုမှူးကျန်းက ပြောပြောဆိုဆိုနှင့် လှည့်ထွက်သွားတော့သည်။

ကျိုကျာက ဆိုင်ဖွင့်မည့် အချိန်ကို စတင်ကြော်ငြာနေပြီ ဖြစ်သည်။

"တကယ်လို့ ခင်ဗျား မပြောချင်ရင် လာမပြောနဲ့ပေါ့ဗျာ"

ထိုလူကြီးကို ဆန့်ကျင့်ပြီးနောက် ဝူဟိုင်က သက်ပြင်းအသာချရင်း ဟင်းတစ်ပွဲလောက်

ပိုမှာနိုင်ကောင်းရဲ့ သာ တွေးနေမိသည်။

စားဖိုမှူးကျန်းက ဆိူင်တွင်းရောက်သည်နှင့် ယွမ်ကျိုးကို

"မင်းငါ့ကို အပြင်မှာ အကြာကြီးစောင့်ခိုင်းပြီးပြီဆိုတော့ မင်းရဲ့ငန်းသားကင်က စောင့်ရတာနဲ့တန်ရဲ့လား သိချင်မိပါရဲ့"

"မှာထားတဲ့ ငန်းသားကင်က ၅၈၈၈ယွမ် ပါ

ဘဏ်အကောင့် မဟုတ်လဲ ငွေသားနဲ့ရှင်းလို့ရတယ်"

ယွမ်ကျိုးက စားဖိုမှုးကျန်း၏ ရန်စမှု့ကို ဂရုမစိုက်ဘဲ တဲ့တိုးသာ ပြောချလိုက်တော့သည်။

ယွမ်ကျိုးပြောပြီးသည်နှင့် တစ်ပြိုင်နက် ဟင်းပွဲမှာယူနေသည့် အသံများက တစ်ခဏချင်း တိတ်ကျသွားလေတော့သည်။

"ကျစ် ကျစ် ဒီလူကြီးက စိန်ခေါ်ဖို့လာတာမလား"

ဖောက်သည်အားလုံးက လှည့်လာပြီး စားဖိုမှုးကျန်းကို စိုက်ကြည့်ကြသည်။

"မင်းက လာစားတဲ့ဖောက်သည်ကို ငွေညှစ်ဖို့ ကြိုးစားနေတာလား"

ဟင်းပွဲဈေးနှုန်းက စားဖိုမှူးကျန်းကို သွေးတက်သွားစေသည်။

သူက ငွေမရှိ၍ မဟုတ်ဘဲ ငန်းကင် တစ်ကောင်က ယခုလောက် ဈေးကြီးမည်ဟု ထင်မထားခဲ့ခြင်းသာ။သူ့ကိုယ်တိုင်ရောင်းသည့် ငန်းကင်တောင်မှ ၈၈၈ယွမ်မကျော်ခဲ့ပေ။

ယွမ်ကျိုး၏ ဈေးနှုန်းက သူ့ရဲ့ငန်းကင်အကြိမ်အနည်းငယ် ရောင်းမှ ရသည့် ငွေထက်တောင် ဈေးပိုကြီးနေသည်။

"ခင်ဗျား မတတ်နိုင်ရင်လည်း ကျွန်တော်နဲ့ စပ်၀ယ်လိုက်ပါလား"

ဝူဟိုင်က အရေးတကြီးဖြင့် ထပြီး ပြောလိုက်သည်။

သဘာ၀ကျစွာပင် သူ၏ ရည်ရွယ်ချက်မှာ စားဖိုမှူးကျန်းကို ကူညီရန် မဟုတ်ဘဲ ဘဲကင်စားချင်၍သာ ဖြစ်သည်။

ရယ်စရာ ကောင်းလေစွ။

သူ့က စားရဖို့သာ အာရုံရှိနေတာ ဖြစ်သည်။

ယခုလို အခွင့်အရေးမျိုးကို သူမည့်သည့်အခါမှ လက်လွှတ်ခံမည် မဟုတ်ပေ။

"ဟုတ်တယ် ကျွန်တော်တို့လည်း ကူညီနိုင်ပါတယ် ...နော်"

တခြားဖောက်သည်များကလည်းရေးကြီးသုတ်ပျာ ထလာကြသည်။

သူဌေးယွမ်က တခြားသူများ၏ ရန်ရှာမှု့များကို ကောင်းကောင်းဖြေရှင်းနိုင်ပါလိမ့်မည်။

ဖောက်သည်များက ငန်းသားကင် ဟင်းပွဲ အသစ်ကသာ အရေးကြီးဆုံးဟု ခံယူထားကြသည်။

"ဟုတ်တယ် ခင်ဗျား အကုန်မစားနိုင်ရင် နာမည်ပျက်စာရင်းထဲ ထည့်ခံရပြီး လာ အပြစ်ရှာလို့ရမှာ မဟုတ်တော့ဘူးနော် ဒီလိုလုပ် ကျွန်တော်နဲ့ တစ်၀က်စီစားရင်ရော ဒါဆို အဆင်ပြေမယ် ထင်တယ်"

ဆံပင်ကို သပ်ရပ်စွာဖီးထားသည့် လူတစ်

‌ယောက်က လေသံအေးအေးဖြင့် ညှိနှိုင်းလိုက်သည်။

"သူပြောတာ မှန်တယ် ရှုံးနိမ့်တာက ရှက်စရာ မဟုတ်ဘူး ခင်ဗျားမှာ ထပ်ပြီး ရှုံးနိမ့်ဖို့ အခွင့်မရေးမရှိ တော့မှသာ ကြောက်စရာ အကောင်းဆုံးပဲ၊ဒါပေမဲ့ ကျုပ်နဲ့သာ ငန်းကင် ကို ခွဲစားရင် ဒါတွေအားလုံး ပြေလည် သွားမှာပါဗျ"

ထိုကဲ့‌သို့ အကြုံပြုချက်များကသာ ယွမ်ကျိူးဆိုင်ထဲတွင် သောသောညံနေ‌လေသည်။

ဖောက်သည်များက အမှန်တကယ်ပင် ဉာဏ်ကုန်အောင် စဉ်းစားပြီးမှ ဆုံးဖြတ်ထားကြတာဖြစ်သည်။

ငန်းသားကင်ကို စားချင်ကြသော်လည်း၊ စားဖိုမှူး ကျန်း ၏မာနကြီးပြီး ကြမ်းတမ်းတဲ့ အပြုအမူကိုတော့ မနှစ်သက်ကြပါပေ။

သူတို့ ပြောကြတာတွေက တကယ်ကို ထိရောက်ပြီး ခိုင်မာနေခဲ့သည်။ စားဖိုမှူးကျန်းက တစ်ချက်တည်းနဲ့ ကျဆုံးသွားမယ့်သူ၊အနိုင်မရနိုင်မယ့်သူဟု ပြောဆိုနေကြသော်လည်း အမှန်တရားကလည်း ထိုသို့ပင် ဖြစ်နေသည်။

“တော်ကြပါတော့ မင်းတို့လှည့်စားတာ မယုံဘူး စားချင်ရင် ကိုယ်တိုင်ငွေချေပြီး စားကြ"

စားဖိုမှူးကျန်းက ယွမ်၅၈၈၈ လောက်ပေးပြီး ယွမ်ကျိုးရဲ့ ငန်းသားကင်ကို စမ်းစားဖို့ မတန်ဘူးလို့ တွေးထားသည်။ သူ့လက်ရာထက်လည်း အရသာမကောင်းနိုင်ဘူးလို့ ယုံကြည်ထားတာပဲဖြစ်သည်။

ဖောက်သည်တွေက သူရှုံးမယ် ပြောကြသော်လည်း စားဖိုမှူးကျန်းက စိတ်ထဲ မထည့်ထားပါ။

သူကြောက်မည်ထင်‌နေကြသလား။

ယွမ်ကျိုးက ငန်းသားကင်ကို ထုတ်လာရန်နှင့် စားဖိုမှူးကျန်း အရှက်ကွဲပြီး ပြန်သွားစေရန် ပြုလုပ်ဖို့ ဖောက်သည်တွေက တိတ်တဆိတ် ဆုံးဖြတ်လိုက်ကြသည်။

အသစ်ထွက်တဲ့ ဟင်းတစ်ပွဲကို လေးပိုင်းခွဲပြီး အတူတကွ စမ်းစားကြမယ်လို ဆုံးဖြတ်လိုက်ကြသည်။

“ငွေချေပြီးမှ စားရမယ်ဆိုတာ ဘာလဲ အရသာမကောင်းလို့ ဖောက်သည် တွေက ငွေမပေးမှာ ကြောက်တာလား”

ဟင်းပွဲထွက်လာတာ စောင့်နေချိန်တွင် စားဖိုမှူးကျန်းက မကျေနပ်သံနဲ့ ညည်းညူလိုက်သေးသည်။

ယွမ်ကျိုးက မပြောမဆိုပဲ ငန်းသားကင်ကို ယူလာပြီး တည်ခင်းလိုက်သည်။

“အေးအေးဆေးဆေး စောင့်ပြီး သုံးဆောင်ပါ” တည်ငြိမ်စွာ ပြောလိုက်သည်။

“လူငယ်ကလေး၊ ဒီအဘိုး ငန်းသားကင်အရသာစမ်းစားတုန်းက မင်းက အမေလက်ထဲမှာ နို့စို့နေတုန်းပဲ ရှိသေးဦးမယ်”

စားဖိုမှူးကျန်းက အညှာတာမဲ့စွာ လှောင်ပြောင်ပြောလိုက်သည်။

ယွမ်ကျိုးကလည်း အသံတိတ် မနေတော့ပဲ၊ တည်ကြည်စွာ ပြန်ပြောလိုက်သည်။

“သက်တမ်းတစ်လျှောက်လုံး ငန်းသားကင်ချက်ပြုတ်လာတဲ့ ဆရာကြီးကျန်းရေ၊ စားပြီးမှ ဒီလိုစကားကို ထပ်ပြောနိုင်သေးရင် ကောင်းမယ်ထင်ပါတယ်”

“ဟား ဟား…”

စားဖိုမှူးကျန်းက မဲ့ပြုံးတစ်ချက်နဲ့ ပြန် ဖြေလိုက်သည်။

သူက တူကို ယူပြီး ဟင်းပွဲအသစ်ကို စမ်းစားကြည့်လိုက်သည်။

ငန်းသားကင်သည် ပါးလွှာသော အပေါ်ယံ အရေပြား အလွှာက ကွက်၍ ကြွပ်ရွ‌နေအောင်၊

အသားနူးညံ့ကာ အဆီမလွန်အောင် ပြုလုပ်ရသည်ကို အချက်ပြုတ်ကျွမ်းကျင်သူတိုင်း သိကြသည်။

ယခင်က အဆီလို့ မယူဆခဲ့သမျှ ဟင်းပွဲတွေမှာ ယနေ့ခေတ် လူတွေ့အတွက်တော့ အဆီများသလို ခံစားလာရပြီဖြစ်သည်။

စားဖိုမှူးကျန်းရဲ့ နည်းလမ်းကတော့ အချဉ်ပိုများတဲ့ သစ်သီးဆော့စ်နဲ့ တွဲစားစေခြင်းပဲ ဖြစ်သည်။

ယခုတစ်ခါ သူက အပြစ်ရှာဖို့လာတာဖြစ်၍ ဆော့စ်မထည့်ဘဲ စမ်းစားဖို့ ဆုံးဖြတ်လိုက်သည်။

သူ ရွေးလိုက်သည့် အပိုင်းက လည်ပင်းနဲ့ ရင်ဘတ်ဆက်ရာ အဆီများဆုံးနေရာပင် ဖြစ်သည်။

“ဗဂျီ… ဗဂျီ…”

အသားဝါးသံလေးက သာယာစွာ ထွက်ပေါ်လာသည်။

ပထမဆုံး ခံစားမိတာက ကွက်၍ ကြွပ်ရွနေသည့်အရေပြားအလွှာပင်။

မီးကင်၍ ဖောင်းပွလာသည့် အရေပြားပူဖောင်းလေးများတွင် အဆီအနံ့မဟုတ်ပဲ နူးညံ့သည့် အချဉ်အရသာ‌လေးတစ်မျိုး ရှိနေသည်။

ထို အချဉ် ဖျော့ဖျော့လေးကြောင့် အရေပြားဟာ အဆီမများဘဲ ပို၍ ကြွပ်ရွလတ်ဆတ်နေသည်။

သွားတွေက အောက်ဘက်ရှိ အဆီအလွှာကို ဝါးမိချိန်တွင် အဆီ မထင်ရလောက်အောင် ပျော့ပျောင်းပြီး သစ်သီးအသားလေးလို ပါးစပ်ထဲဝင်လိုက်သည်နှင့် ပျော်ဝင်သွားသည်။

ထိုအခိုက် နူးညံ့တဲ့ သစ်သီးရနံ့နှင့် အသားအနံ့တို့ကပေါင်းစပ်သွားသည်။

အောက်ဆုံးရှိ အနီ‌‌ရောင်အသားလွှာကလည်း မမာပါပေ။ သစ်သီးရနံ့နဲ့ အဆီအနံ့တို့ စိမ့်ဝင်၍ လတ်ဆတ်ပြီး အရသာပြည့်စုံစေသည်။

အခြား ငန်းသားကင်များလို အဆီထူအီတဲ့ ခံစားချက် မရှိပါ။

လူသားတို့သည် ရာစုနှစ်ပေါင်းများစွာ တိုးတက်ပြောင်းလဲလာခြင်းဟာ အသားအရသာကို ရှာဖွေဖို့ပဲ ဖြစ်သည်ဟု ခံစားရသည်။

စားဖိုမှူးကျန်း စိတ်ထဲတွင် ထိုစကားများက ထဲထဲဝင်ဝင် လှုပ်ရှားလာသည်။

အဆီများသင့်တဲ့ အပိုင်းကတောင် မအီဘဲ မွှေးကြိုင်နေသည်။

အရေပြားက ကြွပ်ရွ၊ အဆီက သစ်သီးရနံ့လို မွှေးပျံ့ပြီး အသားလွှာကလည်း နူးညံ့ပျော့ပျောင်းလှသည်။

ယခုအချိန်မှာ စားဖိုမှူးကျန်း စိတ်ထဲမှာ တစ်ခုတည်းသော အတွေးပဲ ကျန်ရှိခဲ့သည်—

ဤငန်းသားကင်ဟာ အနုပညာတစ်ရပ် ဖြစ်နေခဲ့သည်။

မည်မျှ သိပ္ပံနည်းမကျ လိုက်သနည်း။

ယွမ်ကျိုး

အပိုင်း (၄၄၃)

ပြီးပါပြီ။ယွမ်ကျိုး အပိုင်း (၄၄၄)

တစ်စုံတစ်ယောက်၏ ကမ္ဘာကြီး‌ ပေါ်အမြင်အား ချိုးဖျက်ခြင်း

“မဖြစ်နိုင်ဘူး ဒါက လက်တွေ့မကျဘူး”

ထိုစကားလုံးတွေကသာ စားဖိုမှုးကျန်း၏ဦးနှောက်ထဲမှာ လည်ပတ်နေခဲ့သည်။ သို့သော် သူ ဟင်းပွဲကို ယူစားသည့် အရှိန်က ပိုမြန်လာခဲ့ခြင်းကို သူကိုယ်တိုင်တောင် မသိခဲ့ပေ။

ငန်းသားကို တစ်ပိုင်းပြီးတစ်ပိုင်း ခုတ်ပြီး သူ့ပါးစပ်ထဲ ဆက်တိုက် ထည့်စားနေခဲ့သည်။

“အံ့ဩစရာပဲ အပိုင်းတိုင်းက အရသာ မတူဘူး သူ ဘယ်လိုများလုပ်ထားတာလဲ”

ယခု စားနေသည့်အပိုင်းက ငန်းရင်သားပဲဖြစ်သည်။ ပုံမှန်ဆိုလျှင် ငန်းရင်သားမှာ ခြောက်သွေ့ပြီး ကြမ်းတမ်းတတ်သည်။

စားဖိုမှုးတွေက ထိုအသားကို ချက်မယ်ဆိုလျှင် ခပ်သေးသေး လှီးပြီး မီးပြင်းပြင်းနဲ့ အမြန်ကြော်တတ်ကြသည်။

မဟုတ်လျှင် မီးကင်လိုက်ပါက အလွန်ကြမ်းသွားတတ်သည်။ အဘယ့်ကြောင့်ဆိုသော် ငန်းရင်သားက အဆီထူထူ မရှိပဲ ပါးလွှာ‌သော အရေပါးသာ ဖုံးထားတာဖြစ်သည်။

သို့သော် သူ့ပါးစပ်ထဲက အသားက လုံးဝ မတူပေ။လတ်လတ်ဆတ်ဆတ် ကြွပ်ရွနေသည့် အညိုရောင် အရေခွံနှင့် နူးညံသည့် အတွင်းသားက ကိုက်လိုက်တိုင်း အသားရဲ့ အဆီရနံ့က တစ်ဖြည်းဖြည်းချင်း ပိုမိုပြင်းထန်လာသည်။

မီးအပူနှင့်ထိထား၍ ဖောင်းကြွလာသည့် အပေါ်ယံအရေခွံမှာ စားလိုက်လျှင် အမှန်တကယ်ကို ထူးခြားကောင်းမွန်လှသည့် အရသာ အတွေ့အကြုံတစ်ခုပဲဖြစ်သည်။

“ဘာလို့ ငန်းရင်သားက လုံးဝ မမာရတာလဲ”စားဖိုမှုးကျန်းက မယုံနိုင်သလို ထပ်ပြီး ကိုက်စားလိုက်သည်။

ပါးစပ်က “မဖြစ်နိုင်ဘူး” လို့ ပြောနေရင်းနဲ့ပင် သူ့လက်ကတော့ မရပ်မနား စားနေခဲ့သည်။

“ဆော့စ်ကို မစမ်းရသေးဘူး အဲဒါပဲ မကောင်းတာဖြစ်မလား”

သူ့ရှေ့မှာ ရှိနေ သော ဇီးသီးချဉ်ဆော့စ်ကိုရုတ်တရက် တွေ့လိုက်သည်။လက်ဖဝါးလောက် အရွယ်ရှိသည့် ကြွေပန်းကန်ငယ်ထဲတွင် သစ်သီးချဉ်ဆော့စ်ကို ထည့်ထားသည်။

ရိုးရာလုပ်နည်းအတိုင်း သစ်သီးများထည့်ပြီး အချဉ်အရသာ တိုးထားခြင်း မဟုတ်ပဲ ကွဲပြားနေသည်။ ထိုပန်းကန်ထဲရှိ ပယင်းရောင် အနှစ်များတွင် ပန်းပွင့်ချပ်များက မျောနေလေသည်။

မြင်ရုံနဲ့ သန့်ရှင်းလတ်ဆတ်ပြီး လှပလွန်းသည်။

“ဒါတွေက ပွင့်ချပ်တွေလား ပွင့်ချပ်က ခါးမလားမသိဘူး”

စားဖိုမှုးကျန်း တွေးတောနေစဉ်အတွင်း ယခုအချိန်မှာ သူ့အရသာခံအာရုံတွေက ရှေ့က အရသာကို မြန်မြန်လေး ခံစားချင်နေပြီး စိတ်က မထိန်းနိုင်တော့သည့် အခြေအနေရောက်နေပြီဖြစ်သည်။

ငန်းသားတစ်ပိုင်း ယူပြီး ဆော့စ်ထဲ စိမ်ကာ ဆက်မစောင့်နိုင်တော့ဘဲ ပါးစပ်ထဲ ထည့်လိုက်သည်။

ပယင်းနီရောင် ဆော့စ်အနှစ်နဲ့ ဖုံးလွှမ်းလိုက်တဲ့အခါ နီညိုရောင် ငန်းအသားလွှာကပို၍ပြောင်လက်ချောမွေ့လာပြီး စားချင်စိတ်ကို ပိုများလာစေသည်။

“ဗဂျီ ဗဂျီ”

ပါးစပ်ထဲ ထည့်လိုက်တာနှင့် တစ်ပြိုင်နက်စားဖိုမှုးကျန်း တုန်လှုပ်သွားသည်။

“ဟာ…”

အချဉ်ရသာကို ခပ်ပြင်းပြင်း ခံစားလိုက်မိသည်နှင့် လူ့ခန္ဓာကိုယ်က သဘာဝအတိုင်း တုံ့ပြန်မိသွားသည်။

အချဉ်ဆော့စ်က ငန်းသားကို ဖုံးလွှမ်းထား၍ ပါးစပ်ထဲ ဝင်သွားချိန်မှာ အလွန်ချဉ်သည့် အရသာကို ခံစားရပြီး တစ်ပြိုင်နက်တည်း လည်ချောင်းထဲတွင် တံတွေး မျိုချမိစေသည်။ စားဖိုမှုးကျန်းလည်း မထိန်းနိုင်ဘဲ ဆက်ကိုက် နေမိသည်။

အသားကို ကိုက်လိုက်သည်နှင့် အတွင်းမှအသားအရည်တွေက အချဉ်ရသာကြောင့် တစ်ပြိုင်နက် ထွက်ပေါ်လာပြီး လတ်ဆတ်တဲ့ အနံ့နဲ့ အရသာကို ခံစားရသည်။

ထိုအချိန်မှာ အချဉ်ရသာက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သစ်သီးရဲ့ သဘာဝ ချိုမြိန်သည့်အရသာက ဆက်လက် ပေါ်ထွက်လာသည်။

ဆော့စ်ထဲမှ ပွင့်ချပ်တစ်ချပ်ကို ကိုက်မိသွားချိန်မှာ ပန်း၏နူးညံ့မှုနဲ့ အနည်းငယ်ခါးသက်သည့် အရသာလေးက ငန်းသား အရသာကို တစ်ဆင့်ပြီးတစ်ဆင့် ပိုမို ပြည့်စုံစေသည်။

ထိုသို့သော အရသာထူးကဲမှု့ကို စားဖိုမှုးကျန်း မည်သို့မျှ မငြင်းနိုင်တော့ပေ။ သတိမထားမိခင် ငန်းတစ်ကောင်လုံးနဲ့ ဆော့စ်ပါ အကုန်စားပြီးသွားခဲ့သည်။

“ငါ… တကယ်ပဲ အကုန်စားပြီးပြီလား”

သူ အနည်းငယ် မေ့လျော့သလို ဖြစ်သွားသည်။

“ဟွာလာ”

စားဖိုမှုးကျန်း လက်နှစ်ဖက်ကို စားပွဲပေါ် ထောက်ပြီး ရုတ်တရက် ထလိုက်တာနဲ့ ထိုင်ခုံနဲ့ ခိုက်မိသံ ကျယ်ကျယ်ထွက်သွားသည်။

ထိုအသံကြောင့် အခြားဖောက်သည်အနည်းငယ်က လှမ်းကြည့်လိုက်ကြသည်။

သူတို့အတွက် အရသာရှိသည့် ဟင်းပွဲကို စားနေသည့် အချိန်ကို လှမ်းနှောင့်ယှက်လိုက်သလိုပဲ ဖြစ်သွားသည်။

ထိုအရာကို ဂရုမစိုက်သည့် သူများကတော့ စားဖိုမှုးကျန်းနဲ့ တည်တည်ငြိမ်ငြိမ်နှင့် ချက်ပြုတ်နေသည့် ယွမ်ကျိုးပဲ ဖြစ်သည်။

“ကောင်လေး မင်း ဒီဟင်းကို ဘယ်လိုချက်ထားတာလဲ ငန်းအဆီကို ဘယ်လို ဖယ်ရှားထားတာလဲ ဒါ လုံးဝ မဖြစ်နိုင်ဘူး‌လေ”

စားဖိုမှုးကျန်းက တုန်ယင်နေသည့်လက်ချောင်းများဖြင့် ညွှန်ပြရင်း အလျင်စလို မေးလိုက်သည်။

အနားမှာ စောင့်နေသည့် ဖောက်သည်တစ်ယောက်က မကျေနပ်သလို ထပြောလိုက်သည်။

“ဟေ့ မေးချင်ရင်တောင် အနည်းဆုံးယဉ်ကျေးရမှာပေါ့ စကားကို သေချာ ပြောပါဦး”

စားဖိုမှုးကျန်းက ဖောက်သည်များ ပြောသံကို လုံးဝ မဂရုစိုက်ဘဲ ယွမ်ကျိုးကို စိုက်ကြည့်နေဆဲဖြစ်ကာ

“ဘယ်လို ဖြစ်နိုင်မှာလဲ မင်း တစ်ခုခု လျှို့ဝှက်နည်းလမ်း သုံးထားတာလား

ငန်းအဆီကြောင့် ဖြစ်တဲ့ ပျစ်နှစ်ပြီး အီနေတာကို ဘယ်လိုမျိုး ဒီလောက် ပြီးပြည့်စုံအောင် ဖယ်ရှားနိုင်တာလဲ ၊

ပန်းပွင့်ရဲ့ ခါးသက်သက် အရသာကတောင် အသားကို ထောက်ပံ့ပေးတဲ့ အကောင်းဆုံး လိုအပ်ချက် ဖြစ်နေတယ် ဒါ ဘယ်လိုလုပ်နိုင်ခဲ့တာလဲ”

“ကျေးဇူးပြုပြီး ပြောပြနိုင်မလား ငန်းအဆီကို ဘယ်လို ဖယ်ရှားလိုက်တာလဲ”

“တစ်ချက်လောက် ပြောပြပါဦး ဘယ်လို လုပ်ခဲ့တာလဲ တကယ်တမ်း ဘယ်လို အောင်မြင်ခဲ့တာလဲ”

ယွမ်ကျိုး သွားရာနောက်သို့လည်း တဖြည်းဖြည်း လိုက်ကပ်သွားရင်းလည်ပင်းကို မြှောက်ကာ အဆက်မပြတ် စိတ်လှုပ်ရှားစွာ မေးမြန်းနေမိသည်။

“ကြက်ဥကြော်ထမင်း ရပါပြီ”

ယွမ်ကျိုးက သာမာန်ကာလျှံကာဖြင့် ဖောက်သည်တစ်ဦး၏ စားပွဲပေါ် သေချာတင်ပေးလိုက်သည်။

စိတ်လှုပ်ရှားလွန်နေသော စားဖိုမှုးကျန်းကို လုံးဝ သတိမထားမိသကဲ့သို့ပင်။

“ဟေ့ မင်းမမွေးခင်ထဲက ငန်းကင်တတ်နေရင်တောင်မှ ငါ့ကို ကျော်နိုင်မယ် မထင်ထားဘူးကွာ”

စားဖိုမှုးကျန်းက ယွမ်ကျိုး၏ ဟန်ဝတ်စုံ လက်စကို အလွန်စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။

ယွမ်ကျိုးက လက်ကို စိုက်ကြည့်ကာ အေးဆေးစွာ ပြောသည်။

“တောင်းပန်ပါတယ် ကျွန်တော်မှာ ပြောပြပေးရမယ့် တာဝန် မရှိပါဘူး ခင်ဗျား စားပြီးပြီဆိုရင် ကျေးဇူးပြုပြီး ထွက်ပေးပါ ဒီနေရာမှာ ကြာရှည် နေခြင်းက အဆင်မပြေပါဘူး”

ယွမ်ကျိုး၏ အေးစက်စက် မျက်လုံးအကြည့်ကြောင့် စားဖိုမှုးကျန်းက လက်ကို မသိမသာ လွှတ်လိုက်ရသော်လည်း စိတ်က မလျော့သေးပါ။ သူက ယွမ်ကျိုး နောက်ကို ထပ်ချပ်မကွာ လိုက်နေသည်။

“မပြောမချင်း ငါ မထွက်သွားနိုင်ဘူးအမြန် ပြောပြစမ်းပါကွာ”

အသံတွင် အတင်းအကျပ်ဆန်မှုထက် စိတ်ပူပန်မှုက ပိုထင်ရှားလာသည်။

ထိုအချိန်တွင် ဝူဟိုင် ထလာကာ အခြားသူများကို နေရာပေးပြီးနောက် စားဖိုမှုးကျန်းရှေ့တွင် ရပ်ကာ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

“သူ မပြောချင်ဘူးဆိုတာ ရှင်းနေပါပြီ ခင်ဗျား ဘလိုတောင် အရှက်မရှိမေးနေသေးတာလဲ သူများကို ဖိအားပေးနေရအောင်

ခင်ဗျားကိုယ် ခင်ဗျားဘယ်သူထင်နေတာလဲ"

စားဖိုမှုးကျန်းက စိတ်မသက်သာစွာ ပြန်ဖြေသည်။

“ဒါ ငါနဲ့ သူ့ကြားက ကိစ္စပါ မင်း၀င်မပါနဲ့”

"အင်း ကျွန့်တော် ကိစွမဟုတ်ရင်တောင် ခင်ဗျားက လမ်းပိတ်နေတယ်လေ"

"ပြီးတော့ ခင်ဗျားက အသက်ကြီးနေလို့ ဒါလေးတောင် ကျွန်တော်က ပြောလို့မရတော့ဘူးလား"

“ ဟုတ်တယ် ခင်ဗျား ဒီမှာ ဟိုလိုလို ဒီလိုလို လုပ်နေတာကြောင့် ကျွန်တော်တို့ စားတာ အနှောက်အယှက် ဖြစ်တယ်”

အခြားဖောက်သည်တစ်ဦးလည်း ခေါင်းမော့ကာ ထောက်ခံသည်။

“ဟုတ်တယ် ခင်ဗျားက သူ့တပည့် မဟုတ်ပါဘူး ဘာကြောင့် သူက မဖြစ်မနေ သင်ကြားပေးရမလဲ”

“ခင်ဗျား လည်း စားဖိုမှုးဆိုရင် ပိုပြီး စည်းကမ်းရှိသင့်တယ်လေ သူဌေးယွမ်ရဲ့အကြံဉာဏ်တောင်းချင်တဲ့ လူတွေ အများကြီး ရှိတယ် ခင်ဗျားလည်း တန်းစီရမှာပေါ့”

ဖောက်သည်များ တဖြည်းဖြည်း ဝင်ပြောလာကြသည်။

မန်မန်လည်း ဘေးက ထောက်ခံသည်။

“ဟုတ်ပါတယ် မပြောချင်ရင် မပြောလို့ ရတာကို”

ထိုအချိန်တွင် မာစတာချန်က ရှေ့တက်လာသည်။

“ခင်ဗျားက စားဖိုမှုးကျန်း မဟုတ်လား ကျွန်တော်က ဆရာချင်ပါ”

အသံနူးညံ့သော်လည်း သဘောထားတည်ကြည်သည်။

“အခု လုပ်ရပ်က စားသောက်ဆိုင် လုပ်ငန်းကို ထိခိုက်စေပါတယ် ပြီးတော့ သူဌေးယွမ်မှာ လည်း ပြောပြပေးရမည့် တာဝန် မရှိပါဘူးစားဖိုမှုးအသင်း ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ သတိပေးလိုက်ပါ့မယ် ဆက်လက် အနှောင့်အယှက် ဖြစ်စေရင် အရေးယူခံရမှာပါ"

စကားသံမှာ မပြင်းထန်သော်လည်း အဓိပ္ပါယ်မှာ ထင်ရှားလှသည်။

ဝင်လာစဉ်က ဂုဏ်ယူအောင်မြင်မှုဖြင့် ပြည့်နေသော စားဖိုမှုးကျန်း၏ မျက်နှာသည် ယခုတော့ အရှက်ရမှုနှင့် စိတ်ရှုပ်ထွေးမှုတို့ ဖြင့် ပြည့်နှက်သွားသည်။

ပြီးပြည့်စုံလှသော ငန်းသားကင်တစ်ပွဲက သူ့ယုံကြည်ချက်အားလုံးကို တိတ်တဆိတ် ဖျက်ဆီးလိုက်သလို ဖြစ်နေသည်။

“မပြောချင်ရင် မပြောနဲ့ ငါဘာသာ လေ့လာမယ် ဘာပဲဖြစ်ဖြစ် ငါ့ဘဝတစ်လျှောက်လုံး ငန်းကင်လာခဲ့တာကွ”

အသံကို ကျယ်‌အောင် လုပ်ကြိုးစားသော်လည်း အတွင်းမှာတော့ မသိမသာ စိုးရိမ်ပူပန်မှု ရှိနေသည်။

ပြောပြီးနောက် ချက်ချင်း လှည့်ထွက်သွားသည်။

ကားမမောင်းတော့ဘဲ တက္ကစီစီးကာ ကျင်ရွမ်းငန်းကင် စားသောက်ဆိုင်သို့ ပြန်သွားသည်။

တံခါးသို့ဝင်ဝင်ချင်း အလျင်အမြန် လမ်း လျှောက်ကာ မီးဖိုခန်းသို့ တိုက်ရိုက် ဝင်ရောက်လာသည်။

“ဒီနေ့ သီးသန့် မီးဖိုခန်းကို ငါ သုံးမယ် ငန်းအားလုံး ဒီကို ပို့ပေး ပြီးရင် အားလုံး အပြင်ထွက်နေကြ”

တပည့်များကို ချက်ချင်း အမိန့်ပေးလိုက်သည်။

“ငန်းအားလုံး ပို့ပြီးပါပြီဆရာ အအေးထိန်းကန်ထဲ ထားထားပါတယ်”

မီးဖို ချောင်အကူက လေးစားစွာ ပြန်ဖြေသည်။

“ကောင်းတယ် အခုတော့ အားလုံး ထွက်သွား”

စကားပြီးပြီးချင်း တံခါးပိတ်သံ ချက်ချင်း ထွက်ပေါ်လာသည်။

“ဘာဖြစ်လာတာလဲ”

အလုပ်သမားများ တိုးတိုးလေး ဆွေးနွေးကြသော်လည်း ထိုအချိန်တွင် စားဖိုမှုးကျန်းသည် အားလုံးမှ ခွဲထွက်ပြီး သူ့အတွင်းစိတ်နှင့်သာ ရင်ဆိုင်နေခဲ့သည်။

သူက သီးသန့် မီးဖိုခန်းထဲကို ဝင်ပြီး တစ်ညလုံး ကိုယ့်ကိုယ်ကို ပိတ်ကာ အလုပ်လုပ်နေခဲ့သည်။

ယွမ်ကျိုး အသုံးပြုသော မြေအိုးမီးဖိုတွင် တစ်ကြိမ်လျှင် ငန်းတစ်ကောင်သာ ကင်နိုင်သော်လည်း စားဖိုမှုးကျန်း၏ မီးဖိုမှာ အလွန် ကြီးမား၍ တစ်ကြိမ်တည်း ငန်းရှစ်ကောင်အထိ ထည့်ကင်နိုင်သည်။

မီးဖိုအတွင်း အသားညှော်နံ့များ ဆက်တိုက် ထွက်ပေါ်နေပြီး တစ်ခန်းလုံး အသားရနံ့များ ပြည့်နှက်နေသည်။ သို့သော် သူ၏ မျက်နှာပေါ်တွင်တော့ မကျေနပ်မှုသာ မြင်ရသည်။

“မဟုတ်သေးဘူး အရသာက မမှန်သေးဘူးပြဿနာက ဘာလဲ”

စားဖိုမှုးကျန်းက ကိုယ့်ကိုယ်ကို တိတ်တဆိတ် ပြောကာ ထပ်ခါထပ်ခါ စမ်းသပ်နေသည်။

တစ်ကောင်ပြီး တစ်ကောင် ကင်သည်။ တစ်ပွဲပြီး တစ်ပွဲ စမ်းမြည်းသည်။ သို့သော် စိတ်ထဲတွင် ခံစားခဲ့ရသော အရသာကို မရရှိနိုင်သေးပေ။

ညအမှောင်က ပိုမို နက်ရှိုင်းလာသော်လည်း မီးဖိုထဲမှ မီးတောက်များ မပျောက်ကွယ်သေးပါ။ သူ၏ မျက်လုံးများတွင်လည်း အနားယူလိုစိတ် မပေါ်လာသေးပါ။

“ဘယ်နေရာမှာ မှားနေတာလဲ ဘယ်အဆင့်မှာ လွဲနေတာလဲ”

သူ၏ အသံက တဖြည်းဖြည်း အားနည်းလာသော်လည်း လက်ကတော့ မရပ်တန့်သေးပါ။

ညလုံးပေါက် မီးဖိုအပူနှင့် အနံ့အရသာများအကြား စားဖိုမှုးကျန်း တစ်ယောက်တည်းသာ တိတ်ဆိတ်စွာ ဆက်လက် ရုန်းကန်နေခဲ့သည်။

အပြင်ဘက်တွင် ရောင်နီသန်းလာပြီဖြစ်သည်။ငန်းကင် ညှော်နံ့များ ပြည့်နှက်နေသည့်မီးဖိုချောင်အလယ်မှာ စားဖိုမှူးကျန်းတစ်ယောက်တည်း အားပြတ်စွာ ထိုင်နေလေသည်။

ယွမ်ကျိုး

အပိုင်း (၄၄၄)

ပြီးပါပြီ။

All Chapters