← Chapters

စုရှောင်လန်ထံသတင်းပို့ခြင်း

Vol. 42 Ch. 583

စုရှောင်လန်ထံသတင်းပို့ခြင်း

Vol. 42 Ch. 583

အန်လင်းသည် ကောင်းကင်အားကြည့်ကာ အတန်းများ ပြီးစီးသွားလောက်ပြီဟု ခန့်မှန်းမိလိုက်သည်။

စုရှောင်လန်သည် အတန်းချိန်များ ပြီးစီးသွားပါက ဗာမီလီယမ်ငှက်ဂိုဏ်း၏ ကျင့်ကြံခြင်းများကို မစတင်မီ ခဏတဖြုတ် အနားယူရန် အဆောင်သို့ ပြန်လာလေ့ရှိသည်။

အန်လင်းမှာ တံခါးရှေ့တွင်ရပ်ကာ စိတ်လှုပ်ရှားနေဟန်ဖြင့် တဒေါက်ဒေါက် ခေါက်လိုက်သည်။

ဒေါက်.....ဒေါက်.....ဒေါက်.....

တံခါးခေါက်သံနှင့်အတူ သူ၏နှလုံခုန်သံမှာလည်း ဆူညံနေလေပြီ။

တစ်လလုံးလုံး ခွဲခွာနေရသည့်အပြင် ခက်ခဲကြမ်းတမ်းမှုများစွာကို ကျော်ဖြတ်ခ့ရပြီးနောက် သူသည် စုရှောင်လန်နှင့် ဘဝပေါင်းများစွာ ဝေးကွာသွားသလို ခံစားနေမိသည်။ သူ၏နှလုံးသားသည် ပြုတ်ထွက်မတတ် ခုန်ပေါက်နေပြီး ချစ်ခင်မြတ်နိုးရသော မိန်းမငယ်လေးကိုလည်း လွန်စွာမှ တွေ့ချင်နေပြီပင်။

တီနာနှင့် ရွှယ်ကျန်ထျန်းတို့မှာလည်း အန်လင်း၏ဘေးတွင် ရှိနေကာ သိလိုစိတ်များ ပြင်းပြနေကြသည်။

ရှောင်ဇယ်သည် ပထမဆုံးအကြိမ် တွေ့ဆုံမှု၌ တစ်စုံတစ်ခု မှားယွင်းသွားမည်ကို စိုးရွံ့ကာ ဆံပင်များကိုပြင်ပြီး အင်္ကျီပေါ်မှ မရှိသော ဖုန်များကိုခါကာ ညင်သာသော အပြုံးတစ်ခုကို အတင်းလုပ်ယူထားသည်။

ကျွီ......

တံခါးမှာ ဖြည်းညင်းစွာ ပွင့်ဟလာသည်။

နေ့ရောညပါ အန်လင်း၏ အတွေးထဲ လွှမ်းမိုးနေခဲ့သော မျက်နှာလေးအား တွေ့လိုက်ရကာ သိမ်မွေ့နူးညံ့သော ရနံ့ချိုချိုလေးမှာလည်း နှာခေါင်းဝထံ ပျံ့လွင့်လာသည်။

စုရှောင်လန်သည် ကျက်သရေရှိသော ကျောက်စိမ်း​ရောင်ဝတ်စုံကို ဆင်မြန်းထားပြီး အောက်ခြေတွင် လှပသော မုယောစပါးလေးများကို ရေးခြယ်ထားသည်။ သူမ၏ ပျော့ပြောင်းလှပသော ဆံကေသာမှာ ပုခုံးထက်မှ ပြေလျော့စွာ ကျဆင်းနေသည်။ ကြွေရုပ်လေးလို ပြစ်မျိုးမှဲ့မထင် ချစ်စဖွယ် ကောင်းနေသော သူမ၏ ပါးပြင်လေးများမှာ ခပ်ရဲရဲလေး ဖြစ်နေလေသည်။ အန်လင်းအတွက် စုရှောင်လန်မှာ တုနှိုင်းမမှီအောင် တင့်တယ်လွန်းသူပင်။

စုရှောင်လန်သည် အနည်းငယ် အံ့အားသင့်သွားရပြီးနောက် မျက်ရည်အဝဲသား ဖြစ်သွားကာ အောက်နှုတ်ခမ်းသားအား ခပ်ဖွဖွ ဖိကိုက်လိုက်သည်။

"ဘယ်သူ့ကို ရှာနေတာလဲ။"

အန်လင်းမှာ ကြောင်တောင်တောင် ဖြစ်သွားရပါသော်လည်း သူမ စနောက်နေမှန်း သိလိုက်သောကြောင့် ညင်သာစွာ ပြုံးလိုက်သည်။

"အန်လင်းရဲ့ တာအိုလက်တွဲဖော်ကို တွေ့ချင်လို့ပါ။"

"စိတ်မကောင်းပါဘူး။ အန်လင်းရဲ့ တာအိုလက်တွဲဖော်က ဒီမှာမရှိဘူး။"

စုရှောင်လန်မှာ ရုပ်တည်ကြီးနှင့် စကားဆိုနေပါသော်လည်း ဖုံးကွယ်မရသော အပြုံးများမှာ သူမ၏ စနောက်မှုကို သစ္စာဖောက်နေသည်။

"အဲ့ဒါဆိုရင် ကောင်းကင်နတ်မိမယ်လေး စုရှောင်လန်ကို ဒီသားရဲလေး လက်ဆောင်ပေးခဲ့ပါရစေ။"

အန်လင်းသည် လုံးလုံး လုံးလုံးဖြင့် ချစ်စဖွယ်ကောင်းလွန်းသော ရွှယ်ကျန်ထျန်းအား အရှေ့သို့ တွန်းပို့လိုက်သည်။

စုရှောင်လန်မှာ အန်လင်း ထိုသို့တုံ့ပြန်လာမည်ဟု ထင်မထားသောကြောင့် အနည်းငယ် မကျေမနပ် ဖြစ်သွားရသည်။

သို့သော် အမွေးပွပွ၊ လုံးလုံးနှင့် အသည်းယားစရာကောင်းသော အကောင်လေးအား တွေ့လိုက်ရသောအခါ အမူအရာ ပြောင်းလဲသွားလေသည်။

"ဒါ....ဒါက မြူနှင်းဝိဉာဉ်သားရဲလေးလား။"

စုရှောင်လန် ပျော်ရွှင်စွာဖြင့် ရွှယ်ကျန်ထျန်းအား ပွေ့ချီကာ ချစ်မဝ ဖြစ်နေမိသည်။

ရွှယ်ကျန်ထျန်းသည် ထိုသို့ဟိုကိုင်သည်ကိုင် လုပ်ခံရသည်ကို သဘောမကျပါသော်လည်း အန်လင်း၏ အကြည့်တစ်ချက်ကြောင့် ပါးစပ်ပိတ်ကာ ငြိမ်ခံနေရလေသည်။

"ကောင်းကင်နတ်မိမယ် ရှောင်လန်...ကျွန်တော့်ရဲ့ လက်ဆောင်ကို ကြိုက်ရဲ့လားခင်ဗျ။"

အန်လင်း မျှော်လင့်တကြီး မေးမြန်းလိုက်သည်။

စုရှောင်လန်မှာ ရွှယ်ကျန်ထျန်းအား ပွေ့ဖက်ထားရင်း လမ်းဖယ်ပေးလိုက်သည်။

"ဟွန်း.....ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်။"

အန်လင်း စိတ်လှုပ်ရှားစွာ အထဲသို့ ဝင်လာခဲ့သည်။

စုရှောင်လန်သည် ရွှယ်ကျန်ထျန်းအား အောက်သို့ချပေးကာ ၎င်းတို့အတွက် လက်ဖက်ရည်အချို့ ပြင်ဆင်ပေးနေပါ​သော်လည်း သူမ၏ မျက်ဝန်းများမှာ အန်လင်းထံတွင်သာ ရှိနေသည်။

"ရှေးဟောင်းထိုက်ချူးကုန်းမြေကို သွားရတာ ဘယ်လိုနေလဲ။ ကြည့်ရတာတော့ ခြေအကောင်း၊ လက်အကောင်းပါပဲ။"

စုရှောင်လန်၏ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်သော အရိပ်အယောင်များကို တွေ့လိုက်ရသောကြောင့် အန်လင်းမှာ နားရွက်တက်ချိတ်မတတ် သွားကြီးဖြီးနေသည်။

"အဆင်ပြေပါတယ်။ ဆုလာဘ်တွေလည်း အများကြီး ရလာတယ်။ မင်းကို ကိစ္စတွေအားလုံး ပြောပြမယ်လေ။"

"အော်....ဟုတ်သားပဲ။ ဒါကို့ရဲ့ သားရဲတွေလေ....တီနာနဲ့ ရွှယ်ကျန်ထျန်းတဲ့။ ဒါကတော့ ကို့တပည့် ရှောင်ဇယ်။"

အန်လင်းမှာ တီနာတို့အား စုရှောင်လန်နှင့် မိတ်ဆက်ပေးလိုက်သည်။

"ကောင်းကင်နတ်မိမယ် ရှောင်လန်က အရမ်းလှတာပဲ။"

တီနာမှာ စုရှောင်လန်အားကြည့်ကာ နွေးထွေးစွာ ပြုံးပြလိုက်သည်။

"ဆရာကတော်နဲ့ တွေ့ဆုံခွင့်ရတာ ဝမ်းသာပါတယ်။"

ရှောင်ဇယ် လေးစားရိုသေစွာ အရိုအသေ ပေးလိုက်သည်။

စုရှောင်လန်၏ ခန္ဓာကိုယ်ထဲတွင် အလွန်သန့်စင်သော နဂါးသွေးဆက် ရှိနေပြီး ထိုသွေးဆက်၏ အရှိန်အဝါကြောင့် ရင်းနှီးကျွမ်းဝင်နေသလို ခံစားမိစေသည်။ ထို့အပြင် အားကောင်းလွန်းလှသော အခြားသွေးဆက် တစ်ခုကိုလည်း အာရုံခံမိသောကြောင့် ဆရာဖြစ်သူ၏ တာအိုလက်တွဲဖော်အား မလေးစားပဲ မနေနိုင်တော့ပေ။

ရွှယ်ကျန်ထျန်းမှာ အတောင်လေးများကို တဖျတ်ဖျတ် ခတ်နေသည်။

"သခင်မက လှပခြင်းနဲ့ ပြီးပြည့်စုံခြင်းကို ပေါင်းစပ်ထားသလိုပဲ။"

စုရှောင်လန်မှာ မြှောက်ပင့်ချီးကျူးသော စကားများကြောင့် မပြုံးပဲ မနေနိုင်တော့ပေ။

သားရဲနှစ်ကောင်နဲ့ တပည့်တစ်ယောက်.....ဒင်းတစ်လအတွင်း ဒါတွေရလာတာလား......

"တွေ့ရတာ ဝမ်းသာပါတယ်နော်။ အန်လင်းကို ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။"

သူမသည် ခံစားချက်များအား တည်ငြိမ်စေလိုက်ပြီးနောက် နွေးနွေးထွေးထွေး ပြုံးပြနှုတ်ဆက်ကာ အားလုံးကို လက်ဖက်ရည် ပြင်ပေးလိုက်သည်။

စုရှောင်လန်၏ ယဉ်ကျေးပျူငှာသော အပြုအမူများကြောင့် ရှောင်ဇယ်နှင့် တီနာတို့မှာ လက်ဖက်ရည်အား လက်ခံကာ အန်လင်းကသာ ၎င်းတို့အား ကာကွယ်ပေးခဲ့သူဖြစ်ကြောင်း ပြောပြလိုက်ကြသည်။

ထိုသို့ဖြင့် စကားစမြည် အနည်းငယ် ပြောဆိုပြီးနောက် အန်လင်းသည် တီနာ၊ ရွှယ်ကျန်ထျန်းနှင့် ရှောင်ဇယ်တို့အား လှည့်ပတ်ကြည့်ရှုရန် အဝေးသို့ ပို့ထားလိုက်သည်။

သူ့အတွက်လည်း ချစ်ရသူလေး စုရှောင်လန်နှင့် နှစ်ဦးတည်း တစ်တီတူးရန် အချိန်လိုသေးသည်။

အန်လင်းသည် တစ်ခုတလေမှ ထိန်ချန်မထားပဲ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများ အားလုံးကို စုရှောင်လန်အား ပြောပြလိုက်သည်။

စုရှောင်လန်သည် မေးဖျားလေးအားထောက်ကာ အန်လင်း ​ပြောသမျှ အကြောင်းအရာများကို မပျင်းမရိ နားထောင်နေသည်။ အန္တရာယ်နှင့် တွေ့ဆုံခဲ့ရသော ကိစ္စများကို နားထောင်ရာတွင် သူမ၏ မျက်ခုံးလေးများ ကျုံ့သွားလေ့ရှိပြီး မည်သို့လွတ်မြောက်လာကြောင်း ပြောပြလာသော အခါမှသာ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်သည်။

ဇာတ်လမ်းမှာ တဖြည်းဖြည်း ဇာတ်ရှိန်တက်လာပြီး သွေးမျိုးနွယ်စု ကျင့်ကြံသူ သုံးဦးအား အစေခံအဖြစ် စာချုပ်ချုပ်ခဲ့သည်ကို သိလိုက်ရသောအချိန်တွင် သူမ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ထို့နောက် ရှောင်ဇယ်အား တပည့်အဖြစ် လက်ခံခဲ့ရပုံကို ကြားရသောအခါ သူမ တခွိခွိနှင့် ရယ်မောနေတော့သည်။

အန်လင်းမှာ ထိုအခိုက်အတန့်လေးအား သဘောကျနေမိသည်။ ချစ်ခင်မြတ်နိုးရသော မိန်းမငယ်လေးသည် သူ့အတွက် စိုးရိမ်ပူပန်ပေးသကဲ့သို့ ရရှိလာသော အောင်မြင်မှုများအတွက်လည်း ပျော်ရွှင်ဝမ်းသာပေးသည်။ မဆင်မခြင် ချခဲ့သော ဆုံးဖြတ်ချက်များအတွက် ဆူပူပေးပြန်သည်။ ထိုခံစားချက်မှာ စိတ်ကျေနပ်စရာ ​ကောင်းလွန်းပြီး တိမ်စိုင်များကြား မျောလွင့်နေရသလို စိတ်ကူးယဉ်ဆန်စွာ ကြည်နူးစေသည်။

အန်လင်းသည် ချီလော့မြို့သို့ ရောက်ရှိခဲ့ပုံကိုလည်း စုရှောင်လန်အား ပြောပြခဲ့သည်။

ထိုအတွေ့အကြုံသည် အံ့အားသင့်ဖွယ် ကောင်းလွန်းသောကြောင့် စုရှောင်လန်မှာ အန်လင်း ပြောပြသော ကမ္ဘာကြီးအား မြင်ယောင်ကြည့်မိသည်။

"ရှောင်လန်....ကိုက မတူညီတဲ့ မှတ်ဉာဏ်တွေနဲ့ တခြားတစ်ယောက်လို ဖြစ်သွားရင် ဘာလုပ်မှာလဲ။"

အန်လင်းမှာ ချီလော့မြို့တွင် တွေ့ခဲ့ရသော စုရှောင်လန်ကို တွေးမိကာ ထိုမေးခွန်းအား မေးမြန်းလိုက်သည်။

စုရှောင်လန် မျက်မှောင်ကျုံ့ကာ အန်လင်း၏ မျက်ဝန်းများအား လေးလေးနက်နက် ကြည့်ရှုလိုက်သည်။

သူမ ဆုံးဖြတ်ချက် ချထားဟန်ဖြင့် သွယ်ဝိုက်ကာ တုံ့ပြန်လိုက်သည်။

"နင်ကနင်ပဲ ဖြစ်နေသရွေ့တော့ ငါတို့အတူရှိခဲ့တဲ့ မှတ်ဉာဏ်တွေ ပျောက်သွားရင်တောင်မှ ထပ်ချစ်မိသွားဦးမှာပဲ။"

ထိုသို့ပြောပြီးနောက်တွင်မှ စုရှောင်လန် ရှက်သွေးဖြာလာကာ အကြည့်လွှဲလိုက်သည်။ လှပသော ဆံနွယ်လေးများကြားမှ မွှေးညှင်းနုလေးများနှင့် နူးညံ့သော နားရွက်ဖျားလေးအား အန်လင်း မြင်နေရသည်။ ထိုနားရွက်ဖျားလေးမှာ ရှက်သွေးလေးများကြောင့် ပန်းနုရောင် သမ်းနေလေသည်။

အန်လင်းမှာ စုရှောင်လန်၏ တုံ့ပြန်မှုကြောင့် သကာအိုးထဲ စိမ်လိုက်ရသလို အဆုံးမရှိသော ချိုမြိန်မှုများကို ခံစားလိုက်ရသည်။

စုရှောင်လန်က ငါ့ကိုဝန်ခံနေတာလို့ သတ်မှတ်လို့ရလား......ငါဘာလုပ်ရမလဲ....သူမကို နမ်းလိုက်ရမလား.....

ဒါပေမယ့် သူမက တစ်ဖက်ကို လှည့်နေတာလေ....ဆွဲပြီးနမ်းလိုက်ရင် ဖိအားပေးသလိုများ ဖြစ်သွားမလား.....

အန်လင်း အတွေးများကြား နစ်မြုပ်နေချိန်မှာပင် စုရှောင်လန် စကားဆိုလာသည်။

"နင်ငါ့ကို ဝန်ခံစရာရှိတယ်လို့ ပြောထားတယ်မလား။ ကောင်းကင်လဟာပြင်သားရဲနဲ့တွေ့ပြီး ဖြစ်ခဲ့တဲ့ဟာဆိုလား။"

"အမ်...."

အန်လင်းမှာ နှလုံးသား တစ်ခုလုံး လေးလံလာရသည်။

ဒါကိုပြောရတော့မယ့်အချိန် ရောက်လာပြီလား.......ဒုက္ခပဲ.....စုရှောင်လန် ငါ့ကိုရိုက်သတ်လောက်လား....ညင်ညင်သာသာလေးတော့ လုပ်မှာပါနော်.....

အန်လင်း စိတ်လှုပ်ရှားနေသည်ကို ဖုံးကွယ်ကာ တည်ငြိမ်ချင်ယောင်ဆောင်လိုက်သည်။

"အဟမ်း....ရှောင်လန် မတော်တဆ အခြေအနေ တချို့ကြောင့် ဝေလငါးလေးနဲ့ကိုနဲ့မှာ ရှုပ်ထွေးတဲ့ ပက်သတ်ဆက်နွယ်မှုတွေ ရှိလာပြီး သူကကို့ကို ဖေဖေလို့ ခေါ်နေရင် မင်းဘာလုပ်မှာလဲ။"

စုရှောင်လန်မှာ မယုံကြည်နိုင်မှုများကြောင့် မျက်လုံးအပြူးသား ဖြစ်သွားရသည်။

"ဘာပြောလိုက်တယ်..."

All Chapters