← Chapters

အခန်း (၄၄၅-၄၄၆)

Vol. 35 Ch. 445-446

အခန်း (၄၄၅-၄၄၆)

Vol. 35 Ch. 445-446

ယွမ်ကျိုး အပိုင်း (၄၄၅)

စကားစစ်ထိုးပွဲ

စားဖိုမှူးကျန်းမှာ ယွမ်ကျိုး၏ အထူးလက်ရာ ငန်းကင်ကြောင့် ဖမ်းစားခံလိုက်ရပြီး ယုတ္တိကျစွာမတွေးတော နိုင်တော့သည့်အချိန်တွင် ဝူကျိုးနှင့် ကျွမ်းရှင်းမူတို့ဘက်တွင်လည်း ပြင်းထန်သော အငြင်းပွားမှု့ ဖြစ်ခဲ့သည်။

"ရှင်ဘာလို့ အဲ့ဒီလိုပြောရတာလဲ ကျွန်မကိုရှင်းပြစမ်းပါ"

ကျွမ်းရှင်းမူ မှာ နူးညံလှပသူ ဖြစ်သော်လည်း စိတ်ဆိုးလျှင် ကြောက်ဖို့ကောင်းပေသည်။

ဝူကျိုးက အကြံအိုက်နေဟန်ဖြင့်

"ပြောပြီးပြီလေ ၊သူက တစ်ကမ္ဘာလုံးမှာ ပထမရတာ မဟုတ်ရင် ပထမ မဟုတ်ဘူးလို့၊ဘာပြဿနာရှိသေးလို့လဲ"

"ကျွန်မတို့ ဆိုင်ထဲကထွက်လာမှ ပြောလည်းရတာကို ဘာလို့ တခြားသူတွေ့ရှေ့မှာ မျက်နှာပူစရာ ဖြစ်အောင် လုပ်ခဲ့ရတာလဲ၊သူတို့ ဆိုင်ထဲကမောင်းမထုတ်လိုက်တာပဲ တော်သေးတယ်"

ကျွမ်းရှင်းမူမှာ နားမလည်နိုင်တော့ပေ။

"ဘာလို့ မရ ရမှာလဲ၊ကိုယ်က သူ့ရှေ့မှာ အဲ့တာလေး ပြောပြချင်ရုံပါ၊မင်းကဘာဖြစ်လို့ စိတ်ဆိုးရတာလဲ"

ဝူကျိုးမှာလည်း သူ့ချစ်သူကို နားမလည်နိုင်ပါ။

"ဘာလို့ စိတ်ဆိုးတာလဲ‌ ဟုတ်လား ၊ဒီနေ့ ယောင်ကျင်း ဘာပြောလဲ သိလား သူက ကျွန်မတို့ရဲ့ ဒီနေ့လုပ်ရပ် ကို အရှက်ရတယ်တဲ့ကျွန်မတို့ အဲ့မှာစားဖို့ သူမိတ်ဆက်ပေးတာ ရှင်မသိဘူးလား၊ပြီးတော့ ဘာ‌လို့ ဆိုင်ထဲမှာ အဲ့လိုတွေ သွားပြောခဲ့တာလဲ"ကျွမ်းရှင်းမူက မကျေနပ်တော့ပေ။

"ဟာ ကိုယ်က အမှန်ပဲပြောတာကို"

ဝူကျိုးမှာ တစ်ခုခုမှားနေသည်ကို သတိမပြုမိသေးပေ။

"မင်းက ကိုယ့်ကို လိမ်စေချင်လို့လား"

"အဲ့လို မဟုတ်ဘူးလေ ဒါပေမဲ့ ရှင်ကိုယ့်ရှင်တော့ ထိန်းသိမ်းသင့်တာပေါ့ ၊ ကျွန်မတို့ရဲ့ မဂ်လာပွဲအတွက် စားသောက်ဆိူင်ရွေးနေတာကြီးကို"

ကျွမ်းရှင်းမူမှာ စိတ်မထိန်းနိုင်တော့ပါ။

"ဒါဆို မင်းက ဘာလုပ်စေချင်နေတာလဲ"

ဝူကျိုးက စိတ်ဆိုးပြီး ထရပ်လိုက်သည်။

"ထွက်လာပြီးမှ ကျွန်မနဲ့ နှစ်ကိုယ်ကြားပြောလေ၊ဒါလေးတောင် မလုပ်နိူင်ဘူးလား"

ကျွမ်းရှင်းမူမှာမနေနိုင်ပဲ မေးမတော့သည်။

"ကိုယ်က အမှန်ပဲ ပြောချင်တာ"

ဝူကျိုးမှာ ဆက်လက်ခေါင်းမာနေဆဲ။

"ကောင်းပြီလေ ကျွန်မတို့ စိတ်ငြိမ်ဖို့ အချိန်လိုနေပြီ"

ပြောပြီးတာနှင့် ကျွမ်းရှင်းမူက ချာကနဲ လှည့်ထွက်သွားသည်။

"ငါဘာမှားခဲ့ပါလိမ့်"

ဝူကျိုးမှာ စိုးရိမ်ပူပန်ပြီး ကူကယ်ရာမဲ့စွာဖြင့် ထားခဲ့ခံရ တော့သည်။

သူ့ခမျာ မရပ်မနားတွေးနေသော်လည်း အဖြေရှာမရနိုင်ပါ။

ဝူကျိုး၏ အမြင်တွင် ငန်းကင်က အရသာမကောင်းလျှင် မကောင်းဘူးပဲ ဖြစ်သည်။သူက အတွေးထဲကအတိူင်း ပြောပြခဲ့ခြင်းသာ။ထို့အပြင် သူ၏ အကဲဖြတ်မှု့ကို လက်မခံရုံသာမက ဖြေရှင်းချက်ကို ဇွဲကောင်းကောင်းနှင့် တောင်းနေသူမှာ ထိုစားဖိုမှူးသာဖြစ်သည်။

ထို့သူ့ငန်းကင်က အကောင်းဆုံး ပထမဟု ပြောနေခြင်းကို သူက သဘောမတူခဲ့မိသည်က ပြဿနာဟု မထင်ပေ။

သို့သော်လည်း ဝူကျိုးနားလည်ထားသည့် တစ်ခုတော့ ရှိသည်။မည်သည့် အ‌ခြေအနေဖြစ်ဖြစ် ချစ်သူ ကောင်မလေးကို ချော့ရမည်ပင်။

ထို့ကြောင့် သူကချက်ချင်း ဖုန်းခေါ်၍ အမှား၀န်ခံပြီး တောင်းပန်တော့သည်။

အဖြစ်ဆိုးသည်က၊ ကျွမ်းရှင်းမူက သူ့စိတ်ဓါတ်ကို ပြုပြင်နိုင်ပြီဟု ထင်နေခဲ့ခြင်းပင်။သူမက ဝူကျိုးကို မှားခဲ့သည့်အရာကို ပြောပြဖို့

ဆက်တိုက် တိုက်တွန်းနေခဲ့သည်။

အမှားမလုပ်ခဲ့ဟု ယုံကြည်နေသည့် ဝူကျိုးမှာ ဘာပြောရမှန်း မသိပါချေ။ဤသို့ဖြင့် ကျွမ်းရှင်းမူက ဖုန်းတောင် မကိုင်သည့်အဆင့်သို့ ရောက်သွားခဲ့လေသည်။

တစ်ရက် နှစ်ရက် ၊ဝူကျိုး ထပ်မစောင့်နိုင်တော့။ကျန်းချန်းရှီကို အရေးတကြီး ဖုန်းခေါ်ရတော့သည်။

တစ်ခုခုကို အရေးတကြီး ဆွေးနွေးနေကြပြီး အဆုံးတွင် ကျန်းချန်းရှီက ကူညီရန်သဘောတူလိုက်သည်။

"ဒီလူက သူ့ရဲ့အချစ်‌‌ရေးအကြံပေး လုပ်စေချင်တယ်ပေါ့လေ"

ကျန်းချန်းရှီက ဖုန်းချရင်း အတော်လေး ပျော်မြူးနေမိသည်။

အမှန်မှာမူ သူမက မိန်းမငယ်လေးများ၏ တွေးခေါ်ပုံများကို ပြောပြရင်း ယွမ်ကျိုးနှင့် ဝူကျိုးတို့ကို စနောက်ခဲ့သည်မှာ အက်ကြောင်းထပ်နေပြီ ဖြစ်သည်။သို့ဖြစ်၍ ဝူကျိုးအကူအညီ တောင်းမိခြင်းပင်။

"သူဌေးယွမ် ကျွန်မကို ကူညီပါဦး"

ကျန်းချန်းရှီက ပွင့်လင်းစွာ ‌ဆိုလိုက်သည်။

ယွမ်ကျိုး၏ တုံ့ပြန်မှု့-

"ကျွန်တော့်မှာ ပိုက်ဆံမရှိဘူးနော်"

ဟာသပဲ၊ကျန်းချန်းရှီက ကုမ္ပဏီပိုင်ရှင်ဖြစ်သည်။သူမသာ ငွေချေးလိုလျှင် ပမာဏကြီးကြီးပဲဖြစ်လိမ့်မည်။

"အလကားလည်း မကျွေးနိုင်ဘူး"

ခဏကြာသော် သူကထပ်ပြောလိုက်သည်။

"ဘာ ရှင်အတွေးများနေပြီ ကိစ္စက ဒီလို... "

ကျန်းချန်းရှီမှာ မျက်လုံးလှိမ့်ပြရင်း ရှင်းပြမိတော့သည်။

ယွမ်ကျိုး၏တုံ့ပြန်မှု့က အံ့ဩစရာမကောင်းပေ။အမှန်တကယ်တွင် ကျန်းချန်းရှီအနေဖြင့် ထိုနှစ်ချက်နှင့်သာ ယွမ်ကျိုးကို အမြတ်ထုတ်၍ရလေသည်။အနည်းဆုံးတော့ ယွမ်ကျိုးက ထိုအတိုင်းသာ နားလည်ထားသည်။

သူ့ငွေတွေကိုခိုးယူချင်သည့် တစ်စုံတစ်ယောက်က အမြဲရှိနေသည်ပဲ။

"ကျွန်တော်က စည်းကမ်းအတိုင်းဆောင်ရွက်ရုံပါ"

ယွမ်ကျိုးက ခေါင်းငြိမ့်ပြလိုက်သည်။

"အင်းပါ ဒါပဲ ညနေတွေ့ကြမယ်"

ကျန်းချန်းရှီ ပြောပြီးပြီးချင်း ဖုန်းချသွားသည်က အတော်လေး ရှားပါးလှသည်။

"တော်တော် အားစိုက်ထားတာပဲ"

ပြောရင်း ယွမ်ကျိုးက ဖုန်းချလိုက်သည်။

ကျန်းချန်းရှီ၏ ဖြေရှင်းပုံက ရိုးရှင်းသည်။ကျွမ်းရှင်းမူကို ယွမ်ကျိုးစားသောက်ဆိူင်တွင် ဧည့်ခံရန် စီစဉ်လိုက်သည်။

ထိုနေရာတွင် စားသောက်ကြမည်ဖြစ်၍

ဆိုင်ပေါက်၀မှာ တွေ့ဆုံဖို့ ချိန်းဆိုလိုက်သည်။

ကျွမ်းရှင်းမူ ရောက်လာ‌သောအခါ ဝူကျိုးကိုမတွေ့ရပေ။သူမအနေဖြင့် စိတ်အေးသွားသည်လား၊စိတ်ပျက်မိသည်လား မသိသော်လည်း ကျန်းချန်းရှီဆီသွား၍ နှုတ်ဆက်နေဆဲဖြစ်သည်။

"အမကျန်းရေ မဂ်လာညနေခင်းလေးပါ"

ကျွမ်းရှင်းမူက သိမ်မွေ့စွာ ‌ပြုံးပြလိုက်သည်။

"လောက၀တ်တွေ လုပ်မနေပါနဲ့ ၊အစ်မက ငယ်ငယ်လှလှ မိန်းကလေးတွေဆို သဘောကျပြီသား"

ကျန်းချန်းရှီက ကျွမ်းရှင်းမူမျက်နှာကို တို့ထိရင်း စနောက်လိုက်သည်။

"အမရဲ့ ထမင်းဖိတ်ကျွေးတာကို ကျေးဇူးတင်လို့ပါ"

ကျွမ်းရှင်းမူက ရှက်စနိုးဖြင့် ပြောလိုက်သည်။

"လာပါ သွားရအောင် အလှလေး"

ကျန်းချန်းရှီက လူဆိုးတစ်ယောက်လိုမျိုး ပြုမှုလိုက်သည်။

"အမကျန်းလည်း လှပါတယ်နော်"

ကျွမ်းရှင်းမူက ပြန်၍ ချီးမွမ်းလိုက်သည်။

အမျိုးသမီးများက လျင်မြန်စွာ ရင်းနှီးလွယ်သည်။အထူးသဖြင့် ကျန်းချန်းရှီ ဆိုလျှင် အကဲပိုစွာ ပြုမှုနေလျှင်တောင်မှ တစ်ဖက်သူက ပိုနီးကပ်လာသည်သာ ခံစားရမည်ဖြငဧ၏စ်သည်။သူတို့ ဆိုင်ထဲတွင် နေရာ‌ရကြသည့်အခါ အကောင်းဆုံးသူငယ်ချင်းများ ဖြစ်နေကြလေပြီ။

ကျွမ်းရှင်းမူသည် ရုံးစာရေးတစ်ယောက်သာ ဖြစ်သည်။ ကျန်းချန်းရှီမှာ သူမ၏ ကြိုးစားအားထုတ်မှုများကြောင့် အထွေထွေဒါရိုက်တာအဖြစ် မြင့်တက်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ကျွမ်းရှင်းမူ၏ နှလုံးသားထဲတွင်တော့ လေးစားမှုနှင့် အားကျမှုများ ပြည့်နှက်နေခဲ့သည်။

ထို့အပြင် ကျန်းချန်ရှီ သူမကို အရင် ချဉ်းကပ်လာသည့်အခါ ကျွမ်းရှင်းမူ၏ ရင်ထဲတွင် မသိမသာ ဂုဏ်ယူမှုတစ်မျိုး ပေါ်ပေါက်လာခဲ့သည်။

ရည်ရွယ်ချက်အောင်မြင်သွားသည်ကို သိလိုက်သော ကျန်းချန်ရှီသည် ယွန်းကျိုးကို လက်ဟန်ဖြင့် အချက်ပြလိုက်သည်။ သူမတို့နှစ်ဦးအကြား အချက်ပြနည်းမှာ အစားအစာ မှာယူခြင်းသာ ဖြစ်သည်။

"သူဌေးယွမ် ဟင်းပွဲမှာချင်လို့ရှင်” ကျန်းချန်ရှီက ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။

“မနေ့တုန်းက မလာဖြစ်ဘူးနော် သူဌေးယွမ်က ဟင်းပွဲအသစ် ထပ်ထည့်ထားတယ် အရသာကောင်းတယ်လို့ ပြောကြတယ်”

သူမက မှာယူနေရင်း ကျွမ်းရှင်းမူနှင့် စကားဆက်ပြောနေခဲ့သည်။

“ဟုတ်တယ် သူဌေးရဲ့ လက်ရာက တကယ့်ကို တုနှိုင်းမဲ့ပဲ”

ကျွမ်းရှင်းမူက ပြောသော်လည်း ဝူကျိုးကို သတိရမိသဖြင့် မျက်နှာပေါ်တွင် အနည်းငယ် စိတ်မကောင်းသည့် အရိပ်တစ်ခု ဖြတ်ပြေးသွားသည်။

“ဖားကိတ်မုန့် နှစ်ပွဲပေးပါ” ဟု ကျန်းချန်ရှီက တိုက်ရိုက် မှာယူလိုက်သည်။

“တစ်ယောက် တစ်ပွဲစီလား” ဟု ယွမ်ကျိုးက အလုပ်သဘောဖြင့် မေးလိုက်သည်။

“မဟုတ်ပါဘူး ကျွန်မ တစ်ယောက်တည်း နှစ်ပွဲစားမယ်”

ကျန်းချန်ရှီက တည်ကြည်စွာ ပြန်ဖြေသည်။

“တောင်းပန်ပါတယ် ကျွန်တော့်ဆိုင်ရဲ့ စည်းမျဉ်းအရ လူတစ်ယောက်ကို တစ်ပွဲပဲ မှာလို့ရပါတယ်”

ယွမ်ကျိုးက လေးနက်စွာ ပြောလိုက်သည်။

“ရက်နည်းနည်းလောက် မလာတာနဲ့ စည်းမျဉ်း မေ့သွားပြီလား ဒီဆိုင်မှာ တစ်ခါတည်း နှစ်ပွဲ မှာလို့ရခဲ့တာ ဘယ်တုန်းကရှိလို့လဲ”

ဝူဟိုင်က လှောင်ပြောင်သံဖြင့် ကျယ်ကျယ်ပြောလိုက်သည်။

“ကျွန်မ မသိဘူး ဒီနေ့တော့ နှစ်ပွဲ စားချင်တယ် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက အမြဲလာနေတဲ့ ဖောက်သည်ပဲ”

ကျန်းချန်ရှီက ခပ်တည်တည် ပြောလိုက်သည်။

“စည်းမျဉ်းအရ မရပါဘူး”

ယွမ်ကျိုးက ခေါင်းညိတ်ကာ

ပြန်ဖြေသည်။

“အစ်မ သူဌေးယွမ်က တကယ် စည်းမျဉ်းရှိပါတယ် မဖြစ်မနေစားချင်ရင် ကျွန်မရဲ့ပွဲ စားလိုက်ပါလား”

အခြားဖောက်သည်များ ကြည့်နေကြသည်ကို မြင်ပြီး ကျွမ်းရှင်းမူက အရှက်ရစွာ တားမြစ်လိုက်သည်။

“မင်းပွဲက မင်းပွဲပဲ ဒီနေ့တော့ နှစ်ပွဲ စားချင်လို့”

ကျန်းချန်ရှီက ခေါင်းယမ်းကာ ငြင်းဆိုလိုက်သည်။

“ဒါပေမဲ့”

ကျွမ်းရှင်းမူ ဆက်ပြောရန် ကြိုးစားသော်လည်း ကျန်းချန်ရှီက စကားဖြတ်တောက်လိုက်သည်။

“ကျွန်မ ဖားကိတ်မုန် နှစ်ပွဲ စားချင်တယ် ဘယ်လိုလဲ”

သူမက ရင်ဘတ်ကို လက်ဖြင့် ပုတ်ကာ အလွန်အလေးအနက် မေးလိုက်သည်။

“တောင်းပန်ပါတယ် ကျွန်တော့်ဆိုင်မှာ မရပါဘူး”

ယွမ်ကျိုးကလည်း တည်ကြည်စွာ ပြန်ဖြေသည်။

“သေချာလား”

ကျန်းချန်ရှီက ဆက်မေးပြန်သည်။

“ဟုတ်ပါတယ်”

ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ တစ်ပွဲပဲ ပေးပါ တော့”

ကျန်းချန်ရှီက ချက်ချင်း အရှုံးခံလိုက်သည်။

“ဟူး”

ကျွမ်းရှင်းမူသည် အသက်ရှူ‌ ချောင်ပြီး စိတ်သက်သာရာ ရသွားသည်။ အကယ်၍ ဆိုင်ထဲမှ ထုတ်ပယ်ခံရမည်ဆိုလျှင် အလွန်အရှက်ရမည် ဖြစ်သည်။ ကံကောင်းစွာဖြင့် ကျန်းချန်ရှီ ထပ်မံ မခြိမ်းခြောက်တော့ပေ။

“ခဏစောင့်ပါ”

ယွမ်ကျိုးက ပြောပြီး မီးဖိုခန်းသို့ ပြန်ဝင်သွားသည်။

ယွမ်ကျိုး၏ မျက်လုံးများသည် စိတ်သက်သာရာ ရသွားသည့် ကျွမ်းရှင်းမူကို တစ်ချက်ကြည့်ပြီး

“ဒီသရုပ်ဆောင်မှုက လုံလောက်ပြီထင်တယ်ငါသာ စားဖိုမှူးမလုပ်ရင် သရုပ်ဆောင်ဆုတော့ ရမှာသေချာတယ်”

ကိုယ့်ကိုယ်ကို စိတ်ကျေနပ်စွာ တွေးမိလိုက်သည်။

ဟုတ်ပေသည်။ဒီဇာတ်ကွက်မှာ

ကျွမ်းရှင်းမူအတွက်သာ အထူးစီစဉ်ထားခြင်း ဖြစ်သည်။

“ကြောက်သွားလား သူဌေးယွမ်က စည်းကမ်းတင်းကြပ်ပြီး ခိုင်မာလွန်းတဲ့ အလုပ်ရှင်ပဲအချက်ပြုတ်လက်ရာသာ မကောင်းရင် သူ့ဆိုင် ဘယ်လိုဖြစ်မလဲ မသိဘူး”

ကျန်းချန်ရှီက ပြုံးလျက် ပြောလိုက်သည်။

သူဌေးယွမ်က သူ့အခြေခံမူတွေကို ကာကွယ်နေတာပါ ဒီခေတ်မှာ ငွေထက် စည်းမျဉ်းကို ယုံကြည်သူတွေ နည်းလာပြီ‌ ဆိုတော့

ဒီလို ‘တုံးအတာ' က တကယ်တော့ ချစ်ဖို့ကောင်းပါတယ်”

ကျွမ်းရှင်မူက နူးညံ့စွာ ပြန်ဖြေလိုက်သည်။

ကျန်းချန်ရှီ၏ မျက်လုံးထဲတွင် အလင်းတစ်ခု လင်းလက်သွားသည်။

“မင်းကသာ အဲဒီတုံးအမှုကို ချစ်ဖို့ကောင်းတယ်လို့ ထင်ရင် လုံလောက်ပါပြီ”

သူမက အဓိပ္ပာယ်နှစ်ခွရှိသည့် စကားတစ်ခွန်းဖြင့် ပြန်ဖြေလိုက်သည်။

ကျွမ်းရှင်မူ:.....

ယွမ်ကျိုး

အပိုင်း (၄၄၅)

ပြီးပါပြီ။

၄၄၆ မှ ၄၅၀

ယွမ်ကျိုး အပိုင်း (၄၄၆)

ခိုင်မြဲကြာရှည်

ကျန်းချန်းရှီ၏ စကားများက အဓိပ္ပာယ်တစ်စုံတစ်ရာကောက်နိုင်ဟန် ထင်ရသော်လည်း မည်သည်ကို ရည်ညွှန်းသည်ကိုတော့‌ ကျွမ်းရှင်းမူ မသေချာခဲ့ပါ။

ကျန်းချန်းရှီက ဆက်မေးသည်။

"တုံးအတာကမှ ချစ်စရာလေးထင်ရင် ဘာလို့ သူနဲ့ ဆက်ပြီး ရန်ဖြစ်နေသေးတာတုန်း"

"သူက အဲ့လိုပဲဆိုတာ သိနေလို့လေ"

ကျွမ်းရှင်းမူ၏ လှပသည့်မျက်နှာက ခါးသက်သည့်အပြုံးနှင့် အချစ်၏ လေးနက်မှု့များရောယှက်နေသည်။

"ဒါဆို အခုရော"

ကျန်းချန်းရှီက အလေးအနက်မေးမိသည်။

"ကျွန်မတို့က အတူတူရှိလာတာ ကြာနေပြီ၊သူက ခေါင်းမာပြီး လောကကြီးရဲ့ အလှည့်အပြောင်းတွေကို နားမလည်တဲ့သူ၊ဒါပေမဲ့လည်း

ကျွန်မလုပ်နိုင်တာမှ မရှိတာ"

ကျွမ်းရှင်းမူ ကူကယ်ရာမဲ့နေမိသည်။

"လူတိူင်းက မတူကြဘူးလေ"

ကျန်းချန်းရှီ ခေါင်းညိတ်မိသည်။

"ဒါက သူဆိုးနေတာတော့လည်း မဟုတ်ပါဘူး၊ဒါပေမဲ့ ဒီလူအသိုင်းအဝိုင်းမှာက လိုက်လျောညီထွေ ရှိတဲ့သူတွေပဲ ကျန်‌နေနိုင်တာ"

သက်ပြင်းချသံက ထွက်ပေါ်လာသည်။

"လိုက်လျောညီထွေ ရှိတာပဲ ပိုကောင်းပါတယ်‌ ဒီလောကြီးထဲမှာ သူဌေးယွမ်လိုမျိုး ခေါင်းသိပ်မာတဲ့လူက ရှိပါ့ဦးမလား"

ကျန်းချန်းရှီက ရုတ်တရက် အသံကျယ်လာသည်။

“လူတစ်ယောက် နှစ်ပွဲမှာစားတာ ဘာလို့ မရတာလဲ၊ အစားအစာ ကျန်မကျန်က ငါတို့နဲ့ပဲ

ဆိုင်တာမဟုတ်ဘူးလား၊ ဒါပေမယ့် သူက အစားအစာ ဖြုန်းတီးတဲ့သူဆိုပြီး နာမည်ပျက်စာရင်းထဲ ထည့်မယ်လို့ရုတ်တရက် စည်းကမ်း ချလိုက် သေးတယ်

ဟွန့် ပိုက်ဆံ ဝင်လာတာကို မယူချင်တဲ့ လူမိုက်သာသာပဲ”

ကျန်းချန်ရှီက ယွမ်ကျိုးကို လက်ညှိုးထိုးရန်‌တွေ့ပြောလိုက်သည်။

“ဒါ ကျွန်တော့် စည်းကမ်းပါပဲ”

ယွမ်ကျိုးက လေးနက်စွာ ပြန်ပြောလိုက်သည်။

“ဒါဆို ရှင်က ငတုံးပဲ”

ကျန်းချန်ရှီ ခေါင်းညိတ်ကာ အတည်ပြုသလို ပြောလိုက်သည်။

ဘေးဘက်ရှိ ဖောက်သည်များကတော့ ထိုမြင်ကွင်းကို ကြည့်ပြီး တစ်ခုခုကို သဘောပေါက်လာကြသည်။ ယွမ်ကျိုးမှာ အရူးဟု စကားနာထိုးခံနေရသော်လည်း တိတ်တဆိတ် နူးညံ့စွာ ပြုံးနေခဲ့သည်ပင်။

“ဒါပေမယ့် ပုံသေ လုပ်တတ်တယ်ဆိုတာကလည်း သိပ်မဆိုးဘူးထင်တယ်နော် သူဌေးယွမ် ဒီလောက် ဟင်းချက်ကောင်းတာလည်း အဲ့ဒီကြောင့် ဖြစ်မယ်"

ကျန်းချန်ရှီက ယွမ်ကျိုးကို လှောင်ပြောင်ပြီးနောက် ကျွမ်းရှင်းမူဘက် လှည့်ပြောလိုက်သည်။

“ဟုတ်တယ် ပုံသေသမား တွေကလည်း ကောင်းနိုင်ပါတယ်”

ကျွမ်းရှင်းမူက အတွေးထဲ နစ်မြုပ်သလို ဖြစ်နေသည်။

ကျန်းချန်ရှီကတော့ သူမကို မနှောက်ယှက်ဘဲ တိတ်တဆိတ် ကြည့်နေခဲ့သည်။

မိနစ်အနည်းငယ်အကြာတွင် ကျွမ်းရှင်းမူ သတိပြန်ဝင်လာသည်။ မျက်နှာပေါ်မှာ အနည်းငယ် ရှက်သလို ဖြစ်ကာ ကျန်းချန်ရှီကို ကြည့်ပြီး ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် အစ်မကျန်း”

ထို့နောက် သူမ ချက်ချင်း ထရပ်ပြီး

"သူ‌ဌေးယွမ်၊ ကျွန်မ ဟင်းမမှာရသေးဘူးနော် အခု ထွက်သွားရင် အစားအစာ ဖြုန်းတီးတယ်လို့ ထင်ပြီး အမည်ပျက်စာရင်း ထည့်မှာလား” မေးလိုက်သည်။

“မလုပ်ပါဘူး”

ယွမ်ကျိုး ခေါင်းညိတ်လိုက်သည်။

“ဒါဆို ကောင်းပြီ”

ပြောပြီး ကျွမ်းရှင်းမူ ခြေလှမ်းမြန်မြန်နဲ့ ထွက်သွားသည်။

စားသောက်ဆိုင်အပြင်သို့ ရောက်ချင်း၊ သူမ အကျွမ်းတဝင်ရှိသော ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။

“ဟယ်လို ညစာစားချိန် ရောက်နေပြီနော် ကျွန်မ မစားရသေးဘူး ရိုမန်တစ်ဆန်တဲ့ အနောက်တိုင်းစားသောက်ဆိုင်တစ်ခုကို ခေါ်ပြီး ကျွေးမလား”

ဖုန်းချိတ်ဆက်သွားချင်းချင်း သူမ ချိုသာစွာ ပြောလိုက်သည်။

“ကောင်းပြီ ကောင်းပြီ ကောင်းပြီ တစ်သက်လုံးတောင် ကျွေးနိုင်တယ် မင်း ဘယ်မှာလဲ ကိုယ် လာခေါ်မယ်”

ဝူကျိုးက ချက်ချင်း ပြန်ဖြေလိုက်သည်။

ထို့နောက် ချစ်သူနှစ်ဦး ဖုန်းထဲမှာ ချိုမြိန်စကားများ ပြောဆိုရင်း အချစ်ကို ဖော်ပြနေကြသည်။

စားသောက်ဆိုင်ထဲမှာတော့ လူတိုင်း ပျော်ရွှင်သွားပြီး နေ့စဉ် စနောက်နေကျပြက်လုံးများ ပြန်စတင်လာကြသည်။

“ခင့်ဗျားမှာ ဒီလို ကြင်နာစိတ်လည်း ရှိမယ်လို့ မထင်ခဲ့ဘူးနော်”

ဝူဟိုင်က ကျန်းချန်ရှီကို လှည့်ပြီး ရယ်ပြောင်လိုက်သည်။

“ဟုတ်တာပေါ့ ဒီ လှပတဲ့နတ်သမီးလေးက မျက်နှာအများကြီး ရှိတဲ့သူပဲ၊ စမ်းကြည့်ချင်လား”

ကျန်းချန်ရှီက စကားပြန်လှည့်ပစ်လိုက်သည်။

“မလိုပါဘူး၊ အဲ့ဒီလိုဖြစ်ဖို့ထိ ကံမရှိပါဘူး”

ဝူဟိုင် ချက်ချင်း လက်လျော့လိုက်သည်။

“ဒါနဲ့ သူဌေးယွမ် ဒီနေ့ ကောင်းကောင်းလုပ်ခဲ့တယ် ဆုဘာလိုချင်လဲဟင်”

ကျန်းချန်ရှီက ငွေ့ရည်ဖွဲ့နေသည့် မျက်၀န်းဝိုင်းဝိုင်းလေးများဖြင့် မေးလိုက်သည်။

“မလိုပါဘူး ကျွန်တော် အမှန်တရားပဲ ပြောခဲ့တာပါ”

ယွမ်ကျိုးက တိတိကျကျ ငြင်းဆိုလိုက်သည်။

သူ ပြောသွားသည့် လေသံအရ၊

“မင်းဖားကိတ်မုန့်ဖိုး မရှင်းသေးတာ ကျုပ်မေ့သွားဖို့ စဉ်းတောင် မစဉ်းစားနဲ့” ပြောနေသကဲ့သို့ပင်။

“ရိုမန်တစ်ဆန်မှု မရှိလိုက်တဲ့ အရူးပဲ"

ကျန်းချန်ရှီက လက်နဲ့ နဖူးကို အုပ်ကာ ခေါင်းကိုက်သွားခဲ့သည်။

“လာပေးတာ ကျေးဇူးတင်ပါတယ်"

ယွမ်ကျိုးက မီနူးကို လက်ညှိုးညွှန်ပြီး ပြောလိုက်သည်။

“ဘဏ်ကနေ လွှဲပြီးပါပြီ၊ ကျွန်မ အကြွေးမရှောင်ပါဘူးနော်”

ကျန်းချန်ရှီမှာတော့ ရိုက်ချင်လွန်း၍ လက်တွေယားလာလေပြီ။

လက်တွေ့ဘ၀ကို ခဏထား၊ အကယ်၍ ၀တ္ထုစာအုပ်များတွင် လှပသည့် ဒါရိုက်တာချုပ်မလေး တစ်ယောက်က ယောက်ျားတစ်ယောက်ဘ၀တွင် ပေါ်လာပါက ထိုသူသည် အလျင်အမြန် ဆွဲထားလိုက်မည် မဟုတ်ပါလော။

ယွမ်ကျိုးက မိန်းမလှလေးရှေ့တွင်တောင်

“မင်း ငါ့ကို သတ်ဖို့ စီစဉ်နေတယ်လား” အမူအရာပြကာ သတိထားနေပုံပင်။

ည ၁၀ နာရီ တိတိ ရောက်သောအခါ ချန်ဒူးချန်နယ်မှ “လူထုစွမ်းရည်” အစီအစဉ် ပြန်လည် ထုတ်လွှင့်လာသည်။

တီဗီရှေ့မှာ စောင့်နေသူများက အစားအသောက်ချစ်သူများသာမက ရိုးရာအနုပညာရှင်များကို နှစ်သက်ကြသည့် လူလတ်ပိုင်းများ၊ တိတ်တဆိတ် နေထိုင်သည့် အဘိုးအဘွားများပါ ပါဝင်ကြသည်။

အစီအစဉ်ရဲ့ လူကြိုက်များမှုကို ထိုကနေ သိနိုင်သည်။ ထို့အပြင် ယခင်မတိုင်မီ ထုတ်လွှင့်ထားခဲ့တဲ့ ကြိုတင်ကြော်ငြာကြောင့် လူကြိုက်များမှု ပိုမို မြင့်တက်လာခဲ့သည်။

အဘယ်ကြောင့်နည်း။ ဤလောကကြီးကားအစားအသောက်ချစ်သူများနဲ့ ရုပ်ရည်လှပမှုကို လိုက်စားသူများ လွှမ်းမိုးနေသည့် အရာဖြစ်သည်။

ယွမ်ကျိုးက ထို အားသာချက် နှစ်ခုလုံးကို ရှိထားသူဖြစ်သဖြင့် ကြည့်ရှုသူများကြားမှာ လူကြိုက်များတာ မထူးဆန်းပါ။

“မင်္ဂလာပါရှင်/ခင်ဗျာ၊ ဒီမှာ ‘လူထုစွမ်းရည်’ အစီအစဉ်ပါ၊ ပြန်လည်တွေ့ဆုံရတာ ဝမ်းသာပါတယ်”

တီဗီဖန်သားပြင်ပေါ်တွင် အလင်းရောင်အပြည့်ဖြင့် ချောမောသပ်ရပ်သော အစီအစဉ်တင်ဆက်သူလု မျက်နှာ ပေါ်ထွက်လာသည်။

“သူဌေးယွမ် ရုပ်ထုထွင်းပြခဲ့တဲ့ အပိုင်း ထုတ်လွှင့်ပြီးနောက်၊ ပရိသတ်များရဲ့ စာများကို ကျွန်တော်တို့ လက်ခံရရှိခဲ့ပါတယ် လူကြီးမင်းတို့ရဲ့ တောင်းဆိုချက်အရ ယွမ်ကျိုး စားသောက်ဆိုင်ကို ထပ်မံ လာရောက်ခဲ့ပါပြီဗျ”

သူ နောက်လှည့်လိုက်ချင်းပဲ ဆိုင်နာမည်မတပ်ထားသေးသော ယွမ်ကျိုးရဲ့ စားသောက်ဆိုင် တံခါးရှေ့ရှိ မြင်ကွင်း ပေါ်ထွက်လာသည်။

ရိုက်ကူးချိန်မှာ နေရောင်အလင်း တောက်ပနေပြီး၊ နေရောင်ခြည်များက ယွမ်ကျိုးပေါ် တိုက်ရိုက် လင်းကျလာသည်။

နွေးထွေးတဲ့ ရွှေရောင်အလင်းတန်းများနဲ့ ယွမ်ကျိုး၏ တည်ငြိမ်ပြီး အေးချမ်းသည့် သဘောထားတို့ ပေါင်းစပ်သွားရာမှာ သူ့ရဲ့ အရှိန်အဝါက တင်ဆက်သူထက်ပင် ကျော်လွန်သွားသည်။

“ဟာ သူက စားဖိုမှူးပဲမဟုတ်လား

ဒီလောက်တောင် ချောဖို့ လိုလို့လား”

တီဗီရှေ့မှာ ထိုင်ကြည့်နေတဲ့ လူငယ်တစ်ယောက်ဆီက အံ့ဩသံ ထွက်လာသည်။

ထိုသို့ ပြောပြီးမကြာခင်ပဲ ယွမ်ကျိုးက ကင်မရာကို အေးဆေးစွာ ခေါင်းညိတ်ပြနေသည့် မြင်ကွင်း ထပ်မံ ပေါ်လာသည်။

“ဟယ် စားဖိုမှူးတောင် ဒီလောက် ချောနေပြီဆိုရင် ငါလို ရုံးဝန်ထမ်းက ဘာလုပ်ရမှာလဲ”

သူလည်း အစားအသောက်ချစ်သူ တစ်ယောက်ပင် ဖြစ်သည်။ စနောက်နေသော်လည်း နောက်ထပ် ပြသမယ့် ဟင်းလျာများကို စောင့်မျှော်နေသူတစ်ယောက်ပင် ဖြစ်သည်။

“သူ ဝတ်ထားတာ ဘာလဲ မီးဖိုချောင်ဝတ်စုံလို မဟုတ်ဘူးနော်”

တီဗီကြည့်နေတဲ့ အဘိုးတစ်ယောက် မနားလည်သလို မေးလိုက်သည်။

“ဟန်၀တ်စုံ ပေါ့ အဘိုး ရိုးရာဝတ်စုံတစ်မျိုးပါ လွယ်ကူကူ ဝတ်လို့ရပါတယ်”

မြေးမလေးက ရှင်းပြလိုက်သည်။

“အေးဟေ သမီးလေးက ဒီလို တီဗီအစီအစဉ်ကို အဘိုးတို့နဲ့ အတူ ကြည့်မယ်ဆိုတာ ရှားတယ်နော်”

အဘိုးက ရယ်မောကာ ဟာသလုပ်လိုက်သည်။

“ဟာဟား ဒီအစီအစဉ်က ကောင်းလို့ပါ”

မြေးမလေးက အနည်းငယ် ရှက်သလို ဖြစ်နေသည်။

တကယ်တမ်းတွင် အရသာရှိရှိ ဟင်းလျာများနဲ့ ယွမ်ကျိုး၏ ချောမောသန့်ရှင်းသည့် မျက်နှာကြောင့် ကြည့်နေခြင်းဆိုတာ မပြောရဲပါ။

“အင်း အဘိုးရဲ့ မြေးမလေး ပြောတာ အမြဲ မှန်တယ်နော်”

အဘိုးက ပြုံးရယ်ရင်း ခေါင်းညိတ်လိုက်သည်။

တင်ဆက်သူလုက ယွမ်ကျိုး၏ ပရိုဂရမ်တွင်ပြသမည့် ဟင်းလျာများကို မေးမြန်းနေသည်။

“ဒီအစီအစဉ်အတွက် ဘာဟင်းချက်မလဲ ဆိုတာ ပြောပြပေးပါဦး”

“တစ်ပွဲက ကျင်လင်း‌ ဆေးဖက်၀င်ဟင်း၊ နောက်တစ်ပွဲက ရှုးရှဲ ၀က်သားတောက်တော်ကြော်ပါ”

ယွမ်ကျိုးက အေးဆေးတည်ငြိမ်စွာ ဖြေလိုက်သည်။

တီဗီပေါ်မှာ ပြသနေချိန်၊ ယွမ်ကျိုးရဲ့ မျက်နှာအမူအရာက တည်ငြိမ်လှသည်။ သို့သော် သူ့ကိုယ်ဟန်၏ လွှမ်းမိုးမှုနဲ့ တည်ရှိမှုသဘောကတော့ ထင်ရှားလှသည်။

အစီအစဉ်တင်ဆက်သူလု ၏ ရူထောင့်ကသာ ယွမ်ကျိုးရှေ့မှာ ရပ်နေချိန် သူ ခံစားရသည့် ဖိအားကို သိနိုင်သည်။

သို့သော် ထိုအရာကြောင့်ပင် ပရိသတ်များအတွက် ယွမ်ကျိုးဟာ ရိုးရှင်းစွာ ဟင်းချက်တတ်သူတစ်ယောက်သာမဟုတ်ဘဲ ချက်ပြုတ်မှုကို အနုပညာအဖြစ် မြှင့်တင်ထားသည့် အစစ်အမှန် မီးဖိုချောင်ပညာရှင်တစ်ယောက်ဟုထင်မြင်စေခဲ့သည်။

“တီဗီပေါ်မှာ သူဌေးယွမ်က ပိုပြီး ဆွဲဆောင်မှုရှိတယ်နော်”

တီဗီရှေ့က မိန်းကလေးတစ်ယောက်မှာ စိတ်ထဲကနေ တွေးမိသည်။

ပထမအပိုင်းမှာ စကားပြောဆိုမှုမရှိဘဲလူအများက ယွမ်ကျိုးကို ရိုးရာပညာများ ဆက်ခံထားသော လက်မှုပညာရှင်တစ်ယောက်အဖြစ် မြင်ခဲ့ကြသည်။

သို့သော် ယခုအပိုင်းမှာမူ ယွမ်ကျိုးဟာ အဆင့်မြင့် အနုပညာရှင်တစ်ယောက်လို ဖြစ်နေသည်။

ဟင်းတစ်ပွဲချင်းစီက သူ့လက်ထဲမှာ အသက်ဝင်လာသည့်ဟန်၊ အနုပညာတစ်ခုအဖြစ် ပေါင်းစပ်သွားသည်။

အစီအစဉ် အဆုံးသတ်ခါနီးတွင် နောက်ပြောင်မှူ့အ‌‌သေးစားလေး ထပ်မံ ပေါင်းထည့်ထားသည်။ ထိုအရာက ယွမ်ကျိုးကိုယ်တိုင် တင်ဆက်သူအား ထည့်မေးပေးဖို့ အထူးတောင်းဆိုထားသည့် မေးခွန်းကြောင့် ဖြစ်သည်။

"သူဌေးယွမ်၊ လူတွေ ဒီနေရာကို လာစားဖို့ အကြောင်းရင်း တစ်ခုတည်း ပေးရမယ်ဆိုရင် ဘာပြောချင်သလဲ”

မျက်နှာပေါ်မှာ ခံ့ညားသည့် အပြုံးလေးနှင့် တင်ဆက်သူ လုက မေးလိုက်သည်။

တီဗီရှေ့က ပရိသတ်များကတော့ “သူ့လက်မှုပညာကြောင့်လား အရသာကြောင့်လား” ခန့်မှန်းနေချိန် ယွမ်ကျိုးက တည်တံ့စွာ ပြောလိုက်သည်။

“ဆိုင်ရှင်က ချောလို့ ကျွန်တော်က ချောလို့ ကျွန်တော်ကိုယ်တိုင် ကအရမ်းချောလို့ပဲ”

သူ့အသံထဲမှာတော့

“ဒါက သိသာလောက်အောင် ထင်ရှားနေပြီးသား မဟုတ်လား” ဟု ယုံကြည်ချက်ပြည့်ဝနေသည်။

ယွမ်ကျိုး

အပိုင်း(၄၄၆)

ပြီးပါပြီ။

All Chapters