← Chapters

အခန်း (၄၄၇-၄၄၈)

Vol. 35 Ch. 447-448

အခန်း (၄၄၇-၄၄၈)

Vol. 35 Ch. 447-448

ယွမ်ကျိုး အပိုင်း (၄၄၇)

ယွမ်ကျိုး ထို‌သို့ပြောလိုက်သည်နှင့်၊သူက

ကြည့်ရှူ့သူများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်နိုင်သည်။ ထူးဆန်းနေသော်လည်း သူတို့က ဆိုင်သွား၍ ဟင်းမြည်းစမ်းရန် ကြိုးစားနေဆဲဖြစ်သည်။

ရလဒ်အနေဖြင့် ယွမ်ကျိုး၏ ပထမဆုံးတာ၀န်က အောင်မြင်သွားပြီဖြစ်သည်။

သီအီုရီအရဆိုရလျှင်၊ပုံမှန်ဖောက်သည်များအပြင် အစားအသောက် ထုတ်လွှင့်သူကောင်းလေး မန်မန်နှင့် ဟင်းပွဲအသစ်များ၏ မင်းသားလေး မာဇီထတို့မှာ ယွမ်ကျိုး၏ ဟင်းပွဲအသစ်များကို အလွတ်မခံတတ်ကြပါ။

သို့သော် ယခုအကြိမ်လာရောက်သော ထုတ်လွှင့်သူမှာ ချစ်စရာကောင်းသည့် မန်မန် မဟုတ်ပေ။

ထိုသူကတခြားသူများနှင့် ကွဲပြားလေသည်။

ပထမဆုံး၊သူမက အဝါနုရောင် ကုတ်၊တီရှပ်အဖြူ၊နှင့် စတိုင်ပန့်အနက်ရောင်ကို ၀တ်ဆင်ထားသည်။သူမပုံစံက သာမာန်ဆန်ပြီး မျက်လုံးကြီးကြီးနှင့် ညဏ်ကောင်း၍ ချစ်စဖွယ်ကောင်းဟန် ပေါက်လေသည်။

သူမကိုယ့်သူမ အမှန်တရား ဘက်တော်သား သို့မဟုတ် အတုအယောင် ဖော်ထုတ်ရေးသမား ခေါ်ပြီး ထုတ်လွှင့်မှု့နာမည်ပြောင်မှာ ဒါဒါဖြစ်သည်။သူမက တိုက်ရိုက်ထုတ်လွှင့်ရန်အတွက် ဖုန်းမဆောင်ထားပေ။ထိုအစား နားကပ်အနေဖြင့် ဘလူးတုနားကြပ်ကို တပ်ထားပြီး ရင်ဘတ်တွင်တပ်ထားသည့် လီလီပန်းပွင့်ရင်ထိုးထဲတွင် စောင့်ကြည့်ကင်မရာထည့်ထားလေသည်။

သူမက ထိုသို့သာ တစ်မူထူးသည့် တိုက်ရိုက်ထုတ်လွှင့်မှု့သမားဖြစ်သည်။

.တစ်နည်း ဆိုရသော် သူမက ကြည့်ရှု့သူများနှင့် တစ်ပြေးညီ နားကြပ်မှတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်နေတာဖြစ်သည်။

"ကျွန်မ အခုတလော ထရမ်း ဖြစ်နေတာကိုနည်းနည်းပါးပါး စုံစမ်းထားတယ်၊ယွမ်ကျိုး စားသောက်ဆိုင်က ဟင်းပွဲတွေက အရသာ ရှိပေမဲ့ ဈေးနှုန်းတွေက ပုံမှန်ထက်ကျော်လွန်နေတယ်၊သူက ဈေးကြီးတယ်ဆိုတာထက် ပိုနေပြီ"

ဒါဒါ၏ နူးညံ့ပြေပြစ်သော အသံက ခိုင်မာမှု့တစ်ချို့ကို သယ်ဆောင်လာသည်။

"တွေ့လား၊ကျွန်မတို့တွေ ဒီလို အမြတ်ကြီးစားတဲ့ အတုအယောင်ဆိုင်မျိုးကို ဆိုင်ထပ်မဖွင့်နိုင်တော့အောင် ပညာပေးကြရအောင်"

တစ်ခြားဖက်မှ မခံရပ်မခံနိုင်ဖြစ်နေသော အမျိုးသမီးတစ်ဦး၏ အသံက ထွက်လာသည်။

"ဟုတ်ပါ့ ဒါဒါ ဂရုစိုက်နော် အဲ့သူဌေးက တန်းစီစက်မှာ စောင့်ကြည့်နေတဲ့ သူ့လူတွေရှိတယ်တဲ့၊ လူဆိုးတွေကို ခန့်ထားတာလားမသိဘူး"

အသံနူးညံသည့် ယောက်ျားတစ်ယောက် က ဂရုတစိုက်ပြောလိုက်သည်။

"ဟင်းပွဲတွေက အရသာရှိရင်တောင် ဈေးသိပ်ကြီးလို့မဖြစ်ဘူးလေ၊အဲ့သူဌေးက နောက်ခံတောင့်လို့ပဲဖြစ်ရမယ်"

လူတစ်ယောက်ကလည်း တည်ငြိမ်စွာနှင့် မှတ်ချက်ပေးလိုက်သည်။

"အင်း ကျွန်မ တီဗွီထဲမှတည်းက ဒါကိုမြင်ပါတယ်"ဒါဒါက ယွမ်ကျိုးစားသောက်ဆိုင်ကို ခိုးကြည့်ပြီး တရားမျှတသည့်လေသံဖြင့် ပြောလိုက်သည်။

"အဲဒါကြောင့် ဂရုစိုက်ပါလို့ပြောတာပေါ့၊မင်းသာ အသုံးဝင်မယ့် သတင်းတွေကို ရိုက်ကူးလို့ရရင် အမိုက်စားပဲ၊မင်းအကူအညီလိုရင် ပုံမှန်လိုပဲ လျှို့ဝှက်ခလုတ်ကို နှိပ်လိုက်နော်"

စိတ်ပူနေသည့် အမျိုးသမီးတစ်ယောက်က သတိပေးလိုက်သည်။

"အိုကေ ကျွန်မအခု သွားတော့မယ်နော်"

ဒါဒါက တိုးတိုးလေး ဖြေပြီး ပုံမှန်ဖောက်သည်တစ်ယောက်ကဲ့သို့ တန်းသွားစီလိုက်သည်။

သူမတန်းသွားစီသည်ကို မြင်သည်နှင့် ကြည့်ရူသူများက တိတ်တိတ်နေလိုက်သည်။အကြောင်းမှာ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကြီးကြပ်သူက တိတ်ဆိတ်ခိုင်းလိုက်၍ ဖြစ်သည်။

ထိုကြီးကြပ်သူက စောစောကအသံနူးညံသည့် ယောက်က်ျား‌ပင်.ဖြစ်သည်။

ဤကိစ္စ၏ မူရင်းဇစ်မြစ်နှင့် ဒါဒါကဲ့သို့ အတုအယောင် ဖော်ထုတ်ရေးသမားတစ်‌ယောက်က အဘယ့်ကြောင့် ယွမ်ကျိုးစားသောက်ဆိူင်ဆီ စုံစမ်းရန်လာခဲ့ခြင်းကို ရှင်းပြရန်မှာ လွယ်ကူပါသည်။

ယခုခေတ်တွင် တိုက်ရိုက်ထုတ်လွှင့်သည့်များက အတော်လေး ကျော်ကြားလှသည်။

ထုတ်လွှင့်မှု့အမျိုးမျိုးရှိသည့်အထဲ၊ဒါဒါက မတူထူးခြားသည့် တစ်ခုကို လုပ်ချင်တာဖြစ်သည်။တစ်နေ့မှာ လမ်းပေါ် အမှိုက်စည်းကမ်းမဲ့ပစ်သူတစ်ယောက်ကို မြင်၍ ထိုအကြံစပေါ်ခဲ့ခြင်းဖြစ်သည်။

"ငါဒီလိုမျိုး သဘာ၀ကျတဲ့ အစီအစဉ်တွေကို ထုတ်လွှင့်လို့ရတာပဲ"

ဒါဒါက ထိုသို့တွေးပြီး ထုတ်လွှင့်သူ့တစ်ယောက်ဖြစ်လာခြင်းပင်။

သူမက ထို နိုင်ငံသားမဆန်သည့် စည်းကမ်းမဲ့အပြုအမူများကို လူအများ မြင်တွေ့စေပြီး ကဲ့ရဲ့နိုင်ရန် ရည်ရွယ်ခဲ့သည်။သို့သော် ရိုက်ကူးခံရသည့်သူများကို မသိနိုင်ရန် မျက်နှာများကိုတော့ ဝါးထားလေသည်။

နောက်ဆုံးတွင် ထိုသူတို့၏မျက်နှာမှာ ဖော်ထုတ်ခံရခြင်းမရှိ‌သော်လည်း ထို စည်းကမ်းမဲ့အပြုအမူများမှာ ငယ်ငယ်ကြီးကြီး အင်တာနက်တွင် ဖော်ထုတ်ခံလိုက်ရသည်။

ဒါဒါလည်း ထိုအချက်များကြောင့် လူထုအာရုံစိုက်မှု့ကို ရပြီး နာမည်ကျော်ကြားလာခဲ့သည်။

ထိုအချိန်မှစပြီး ထိုကိစွများ၏ နောက်ကွယ်သို့ဆက်လိုက်ရင်း ဒါဒါက အထူးထုတ်လွှင့်မှု့ပြုလုပ်ပြီး အင်တာနက်ပေါ်တင်ခြင်း ဖြစ်သည်။သူမက စောင့်ကြည့်ကင်မရာငယ်လေးဖြင့် ပရိသတ်များ၏ ညစ်ပတ်မည် မှတ်ချက်ပေးထားသော ဆိုင်များရဲ့မီးဖိုချောင်များကိုလည်း ခိုးရိုက်ကူးရန် တာ၀န်ရှိလေသည်။

ယွမ်ကျိုး စားသောက်ဆိုင်က ဟင်းလျာတွေက အလွန်ဈေးကြီးလွန်း၍ လူတွေ သည်းမခံနိုင်ကြပေ။ ထို့ကြောင့် ဒါဒါ ရဲ့ ပရိသတ်တွေက ယွမ်ကျိုး ကို စားသုံးသူတွေကို လှည့်စားနေတာလို့ စွပ်စွဲခဲ့ကြသည်။ ဒါဟာ ဒီနေ့ ဒါဒါ ဒီကိုလာရတဲ့ အကြောင်းရင်းဖြစ်သည်။

သို့ သော် ဒါဒါ က ပြင်ဆင်မှုမရှိဘဲ တိုက်ခိုက်မည့်သူမဟုတ်ပေ။ ထို့ကြောင့် ယွမ်ကျိုး အကြောင်းကို အများကြီး စုံစမ်းလေ့လာခဲ့တယ်။

အင်တာနက်ပေါ်မှာတော့ အများစုက ကောင်းသည့် မှတ်ချက်တွေချည်းပဲပင်။ ယွမ်ကျိုး က အရမ်းချောတယ်" “ဟင်းတွေ အရမ်းအရသာရှိတယ်” လူအများကပြောထားကြသည်။

မကောင်းတဲ့ မှတ်ချက်တစ်ခုတောင် မတွေ့ရပေ။

ဒါဒါ ဒီကို လာရတဲ့ တခြားအရေးကြီးဆုံးအကြောင်းကတော့ မီနူးကြောင့်ပင်။

ဒါဒါ၏ ပထမဆုံးအတွေးက

“ဘာလဲဟ ကြက်ဥကြော်ထမင်းက ရွှေထမင်းလားဘယ်လိုလုပ် ၁၈၈ယွမ် တန်နိုင်ရတာလဲဓါးပြတိုက်နေတာလားဟ"

"နေပါဦး၊ဘုရား ဘုရား လက်ဖက်ကြက်ဥက ယွမ်၁၈၈၈တဲ့"

“တစ်ခါတုန်းက ကျွန်းသွားပြီးကြက်ဥကြော် စားဖို့ လူထုလှုပ်ရှားမှု့ လုပ်မယ်ဆိုတဲ့ အပန်းဖြေအစီအစဉ်တစ်ခုရှိခဲ့တယ် အဲဒါကို ငါ ရယ်စရာလို့ပဲ ထင်ခဲ့တာ ဒါပေမယ့် အခုတော့ လက်ဖက်ကြက်ဥစားဖို့တောင် ဒီလောက်လူအုပ်များများ လိုမယ်ထင်တယ်”

ဒါဒါ မီနူးကို ကြည့်ပြီး မခံချိမခံသာ ဖြစ်နေသည်။

အစားသောက်ဖိုရမ်တွေမှာ လူအများစုက ဟင်းတွေက အရသာကောင်းရှိသည်ချီးကျူးထားကြသည်။ ဈေးကို သံသယထားသူတွေရှိရင်လည်း “စားပြီးမှ သိလိမ့်မယ်” ဆိုတဲ့ စာတစ်ကြောင်းနဲ့ပဲ အကြောင်းပြန်တတ်သည်။

“ဒီလို ကြော်ငြာက ‘သုံးဖူးသူမှ သိ’ ဆိုတာလို့ မထင်ဘူးလား”

ဒါဒါ က စိတ်ထဲမှာ ရယ်သွမ်းသွေးလိုက်သည်။

လက်ဖက်ကြက်ဥတစ်လုံး ယွမ်၁၈၈၈ယွမ်

ကြက်ဥကြော်ထမင်း ၁၈၈ယွမ်

ခေါက်ခွဲတစ်ပွဲ ၂၆၈ယွမ်

ယခုလိုဈေးတွေကြောင့် ဒါဒါက မိမိရဲ့"အတုအယောင် ဖော်ထုတ်ရေးသမား"

ဟူသော အမည်ကို ထိန်းသိမ်းဖို့ လာရောက်စုံစမ်းရခြင်းပင်။

“ဒီစားသောက်ဆိုင်ကို စားသုံးသူအဖွဲ့အစည်းက ဘာလို့ မပိတ်သေးတာလဲ”

စိတ်၀င်တစား ရှာဖွေခဲ့သေးသည်။ တစ်ခုရှိတာက ယွမ်ကျိုး စားသောက်ဆိုင်မှာ ဈေးနှုန်းတွေကို မီနူးပေါ်မှာ ထင်ရှားစွာ ရေးထားတာ ဖြစ်သည်။ လူတိုင်း မြင်နိုင်အောင် ကြီးကြီးမားမား ဖော်ပြထားသည့် အတွက် စားသုံးသူအဖွဲ့အစည်းအနေဖြင့် ဥပဒေဘက်က အရေးယူ၍မရပါ။

"လှည့်ကွက်ကောင်းလေးတွေ ရှိသားပဲ"

ဒါဒါက မဲ့ရွဲ့လိုက်သည်။

“ပြဿနာမရှိပါဘူး သူတို့မလုပ်ရင် ငါ့နည်းလမ်းနဲ့ ငါလုပ်မယ်”

ဒါဒါက မိမိ၏ နာမည်ကြီးမှုကို စဉ်းစားပြီး စိတ်တင်းလိုက်သည်။

ပရိသတ်အဖွဲ့ထဲက အကြီးအကဲတွေကို တိုင်ပင်ပြီးနောက် သူမက ထိုစားသောက်ဆိုင်ပိုင်ရှင်နောက်ကွယ်တွင် အင်အားကြီးသူတစ်ယောက်ရှိနိုင်သည်လို့ ခန့်မှန်းလိုက်သည်။ သို့သော် ကြောက်ရွံနေမည် မဟုတ်။

သူမရဲ့ ရည်ရွယ်ချက်က ထိုဆိုင်သည် ဈေးအဆမတန်ကြီးမားသော်လည်း နာမည်ကြီးမှုနှင့် အမှန်တကယ် မကိုက်ညီဘူး ထုတ်ဖော်ပြချင်ရုံသာ။

အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုကို စဉ်းစားပြီးမှသာ စလှုပ်ရှားဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှာ သူ့မရှေ့က ဖောက်သည်တစ်ယောက်က

“မနေ့ကလို ငန်းကင်ကို ဘယ်တော့ ပြန်ရောင်းမလဲမသိဘူးကွာ စားချင်လွန်းလို့ သွားရေတောင် ကျတယ်” တမ်းတစွာ ပြောလိုက်သည်။

“ငါဘယ်လိုလို့ သိမလဲ”

တစ်ယောက်က စိတ်ဆိုးစွာ ပြန်ဖြေလိုက်သည်။

“မနေ့က မင်းဘာသာ စောစော မရောက်တာပဲ အပြစ်တင်၊ မင်း အဲ့ငန်းသားရဲ့အရသာကို မသိလို့နော် တကယ်ကို အကောင်းဆုံးပဲကွာ”

တခြားသူ တစ်ယောက်က ဟန်ပါပါဖြင့် မြိန်ရေရှက်ရေ အားရစဖွယ် ကြွားလိုက်သည်။

“ဘာလို့ လာကြွားနေတာလဲ နောက်တစ်ခါ ငါ က တစ်ကောင်လုံး ဝယ်စားပစ်မယ်”

နောက်တစ်ယောက်က အံ့ကြိတ်ပြီး ပြောလိုက်သည်။

“အဲဒီငန်းတစ်ကောင်က ယွမ် ၅၈၈၈ တန်တယ်နော် မနေ့က လေးပုံတစ်ပုံ ဖိုးတောင် မပေးနိုင်တဲ့ မင်းက တစ်ကောင်လုံး ဝယ်မယ်လို့ ပြောရဲတယ်‌”

တစ်ဖက်သူက ကဲ့ရဲ့လိုက်သည်။

“နှစ်လတစ်ခါ လာစားမယ်ကွာ”

ထိုသူက ဆုံးဖြတ်ချက်ချလိုက်သည်။

ဒါဒါက မျက်နှာမှာ အံ့ဩမှု့အပြည့်ဖြင့်

“စိတ်မရှိပါနဲ့၊ ကျွန်မ အခုမှ ပထမဆုံးလာတာပါ ဘယ်ဟင်းက၅၈၈၈ယွမ် တန်လောက်အောင် ဈေးကြီးတာလဲ”

သို့ရာတွင် စိတ်ထဲမှာမူ

“ငန်းတစ်ကောင် ၅၈၈၈ယွမ်၊ ရွှေဥတွေ ထုတ်နေတာလားဟ”

မကျေမနပ် ရွတ်လိုက်သည်။

“သူဌေးယွမ်ရဲ့ ဟင်းပွဲအသစ် 'အဆင့်မြင့်ငန်းကင်'လေ၊ကျစ် ကျစ် ...မင်းမစားလိုက်ရင် နောင်တရမဲ့ ဟာမျိုးပေါ့ကွာ မင်းတစ်ခါစားလိုက်တာနဲ့ အတောမသတ်နိူင်တော့ဘူး"

ထိုဖောက်သည်က မစားရ၀ခမန်း လျှာသပ်ရင်း ဖြေလိုက်သည်။

“ ဟင် ဒါပေမယ့် ဈေးကတော့…”

ဒါဒါက မပြောဘဲ မနေနိုင်တော့ပေ။

“အင်း ဈေးတော့ ကြီးတယ် ဒါပေမယ့် လက်ရာက ပေးရတာတန်ပါတယ် ဒီနေ့တော့ မစားနိုင်တော့လို့ စိတ်မကောင်းဘူးကွာ"

ထိုဖောက်သည်က အနည်းငယ် ခံပြင်းစွာ ဖြင့် ဆိုလိုက်သည်။

ဒါဒါ၏ စိတ်ထဲတွင်မူ ပို၍ ခိုင်မာလာသည်။

"ငါ စားကို စားကြည့်မှ ဖြစ်မယ်၊ဒီလို ဈေးကြီးကြီးနဲ့ရောင်းတာ ဘာကိုပါလိမ့်"

သို့သော် သူမက ဒွိဟဖြစ်နေသေးသည်။

လူအများကြီးက အရသာရှိသည် ပြောနေကြသော်လည်း ဟင်းပွဲများကိုမူ ၀ယ်စားရန်မတတ်နိုင်ဟု ငြီးငြူနေကြသေးသည်။

ကြည့်ရသည်မှာ တစ်ခုခုတော့ ရှိနေပုံပင်။

ယွမ်ကျိုး

အပိုင်း (၄၄၇)

ပြီးပါပြီ။

ယွမ်ကျိုး အပိုင်း (၄၄၈)

"အခု နေ့လည်စာချိန် စတင်ပါပြီ၊ ပထမဆုံးဧည့်သည် ၁၀ယောက် ကျေးဇူးပြု၍ ဝင်လာပြီး အစားအသောက် သုံးဆောင်နိုင်ပါတယ်"

ကျိုကျာက တံခါးရှေ့မှာ ပြုံးပြုံးလေးနဲ့ ပြောလိုက်သည်။

“ဟူး တော်သေးတယ် ငါက နံပါတ် ၉ မို့လို့”

ဒါဒါက လက်ထဲက နံပါတ်လက်မှတ်ကို ကြည့်ပြီး ပြောလိုက်သည်။

“တန်းစီစက် ရှိလာတာ တကယ်ကောင်းတယ် ငါ ပထမတစ်သုတ်ထဲမှာတင် စားနိုင်ပြီ”

ရှေ့မှာ ရပ်နေတဲ့ ဖောက်သည်တစ်ယောက်က ပျော်ရွှင်စွာ ပြောလာသည်။

“‌ အေးဗျာ မဟုတ်ရင် ပိုက်ဆံနဲ့ အချိန်အမြဲရှိတဲ့ လူတွေကို ဘယ်တော့မှ မယှဉ်နိုင်ဘူး”

အခြားဖောက်သည်တစ်ယောက်ကလည်း

မကျေနပ်စွာ ပြောလိုက်သည်။

ထိုသူ့စကားများက ဝူဟိူင်နှင့်လင်းဟုန်

တို့လို လူတွေကို ဆိုလိုခြင်းပဲ ဖြစ်သည်။

သူတို့၏တည်နေရာ အားသာချက်တော့ ရှိသေးသော်လည်း အခုအခြေအနေက ထိုမတိုင်ခင်ထက် ပိုကောင်းလာခြင်းက အမှန်ပင်။

“ဒီစားသောက်ဆိုင် စီးပွားရေးက ဒီလောက်ကောင်းတာလား”

ဒါဒါက စိတ်ထဲမှာပဲ ပြောချင်ခဲ့မိသော်လည်း မထင်မှတ်ပဲ ထုတ်ပြောလိုက်မိသည်။

“ဟားဟား၊ ဟုတ်တာပေါ့ ကြည့်လိုက်ပါဦး

ဒီလူတွေ အားလုံး နေ့လည်စာ စားဖို့ လာကြတာ၊ တန်းစီစက် မရှိခင်တုန်းက လမ်းတစ်လျှောက်လုံး လူတွေပြည့်နေတာ‌ ‌ပေါ့”

ရှေ့က ဖောက်သည်က လမ်းလျှောက်ရင်း ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် ဒီနေရာက ဟင်းတွေ ဈေးကြီးတယ်လို့ ကြားဖူးတယ်နော်”

ဒါဒါက အံ့ဩသွားပြီး မေးလိုက်သည်။

“ဟုတ်တယ် ဈေးကြီးတယ် ဒါပေမယ့် တစ်ခါတစ်ရံ စားတာဆိုရင်တော့ အဆင်ပြေတယ်လေ”

ဖောက်သည်က ပြုံးပြီး ပြောသည်။

“ဟုတ်သည် ငါတို့က ဒီမှာ အရသာကောင်းတဲ့ ဟင်းလျာတွေကို ခံစားဖို့နဲ့ သူဌေးယွမ် ရဲ့ လက်ရာကို မြည်းစမ်းဖို့ လာကြတာ”

ပြောပြီးနောက် တစ်ယောက်က အလွန် စိတ်လှုပ်ရှားနေပြီး ချက်ချင်း ဝင်သွားလိုက်သည်။

“တကယ် ဒီလောက်အံ့ဩဖို့ကောင်းလား”

ဒါဒါက စိတ်ရှုပ်ထွေးစွာ သူတို့နောက်လိုက်ပြီး ဆိုင်ထဲ ဝင်သွားသည်။

ဆိုင်ထဲ ဝင်လိုက်တာနှင့် ဒါဒါက နွေးထွေးမှု တစ်မျိုး ခံစားလိုက်ရသည်။ လေအေးပေးစက်က နွေးထွေးမှု့ မဟုတ်ပဲ နွေဦးရာသီလို အသက်ဝင်လှုပ်ရှားတဲ့ နွေးထွေးမှုမျိုးဖြစ်သည်။

“နွေးနေတာပဲ”

ဒါဒါက တိတ်တိတ်လေး ပြောပြီး နံရံပေါ်က ဈေးနှုန်းစာရင်းကို ပြန်လှည့်ကြည့်လိုက်သည်။ ဒီနေ့ သူမ လာရတဲ့ အဓိကအကြောင်းက ထိုအရာကြောင့်ပင်။

ဒါဒါလှည့်ကြည့်လိုက်တဲ့အချိန်မှာ သူမရဲ့ ရင်ထိုးထဲက စောင့်ကြည့်ကင်မရာကလည်း ဈေးနှုန်းစာရင်းကို ရိုက်ကူးနေသည်။

ထိုအချိန်မှာ အံ့ဩသံတွေ ဆက်တိုက် ထွက်လာသည်။

“ဟယ် အဲဒါ ဘာလဲ တုန်ပို ဝက်ခြေထောက်ဟင်း ၂၀၈၀ ယွမ် ငန်းကင် ၅၈၈၈ ယွမ်”

အသံနူးညံ့သည့် ယောက်ျားတစ်ယောက်က အံ့ဩလွန်း၍ အသံတောင် ပြောင်းသွားသည်။

“ပုံမှန်ဖီးနစ် အမြီးပုဇွန်ဟင်းတောင် ၁၂၈၈ ယွမ်လား မယုံနိုင်ဘူး”

အသံတည်ငြိမ်တဲ့ မိန်းမတစ်ယောက်က ပြောသည်။

"မန်ထိုတစ်လုံး ၆၄ ယွမ်ဆိုတာ မြင်ဘူးကြလား”

အခြားတစ်ယောက်ကလည်း ဆက်ပြောနေသည်။

“ရှူး ဈေးအနည်းဆုံးကိုပဲ မှာရအောင်”

ဒါဒါက တိုးတိုးလေး ပြောလိုက်သည်။

“နှမ်း ကိတ်မုန့်ပဲ မှာလိုက်ရအောင် ကိတ်မုန့်လေးတောင် ၅၈ ယွမ်နဲ့ ရောင်းတာနော်”

အသံတည်ငြိမ်တဲ့ မိန်းမကတောင် မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။

“အိုကေ”

ဒါဒါက အသံနိမ့်နဲ့ သဘောတူပြီး လှည့်ကာ ထိုင်ခုံမှာ ထိုင်လိုက်သည်။

“မင်္ဂလာပါဘာသုံးဆောင်ချင်ပါသလဲ”

ကျိုကျာက ယဉ်ကျေးစွာ မေးလိုက်သည်။

“နှမ်းရေညှိကိတ်မုန့် ပါ”

ဒါဒါက သာမန်ကာလျှံကာ ပြောလိုက်သည်။

“တောင်းပန်ပါတယ် ဒီလို မုန့်လေးတွေကို နေ့လည်စာနဲ့ ညစာအချိန်မှာ မရောင်းပါဘူးရှင့်”

ကျိုကျာက ပြုံးပြီး ပြောလိုက်သည်။

“ဘာကြောင့်လဲ”

ဒါဒါက မျက်ခုံးတွန့်ပြီး မေးလိုက်သည်။

“ဒါကို မီနူးပေါ်မှာ ရေးထားပါတယ် ကျွန်မတို့ဆိုင်က အခြားဟင်းလျာတွေ လည်း အရမ်းကောင်းပါတယ်”

ကျိုကျာက သေချာရှင်းပြလိုက်သည်။

“ဒါဆို ထမင်းပွဲပေါင်း၁၀၀ ဆိုတာကရော

ဘာလဲ”

ဒါဒါက ဈေးအနည်းဆုံးကိုပဲ ရွေးလိုက်သည်။

သူမက ယွမ်ကျိုးစားသောက်ဆိုင်မှာ ပိုက်ဆံများများ သုံးဖို့ ၀န်လေးနေသည်။

“ဒါက ဆန်ကို အဓိကပစ္စည်းအဖြစ် သုံးပြီး ချက်ထားတဲ့ ဟင်းလျာတွေပါ”

ကျိုကျာက ထမင်းပွဲပေါင်း၁၀၀ ထဲက ဟင်းအမျိုးအစားတွေကို အသေးစိတ် မိတ်ဆက်ပေးလိုက်သည်။

“ဒါဆို ပဲငံပြာရည်ထမင်းပေးပါ ကြော်တာ မဟုတ်တဲ့ အမျိုးအစားနော်”

ဒါဒါက အနည်းငယ် ခက်ခဲသည့် ဟင်းတစ်မျိုးကို မှာလိုက်သည်။

“ကောင်းပါပြီ စုစုပေါင်း၉၈ ယွမ်ပါ ကျွန်မတို့ဆိုင်မှာငွေကို အရင်ရှင်းရပါတယ်”

ကျိုကျာက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ဒီမှာယွမ်၁၀၀ပါ”

ဒါဒါက အသစ်စက်စက် ၁၀၀ ယွမ်တန် ငွေစက္ကူတစ်ရွက် ထုတ်ပေးလိုက်သည်။

“ဒီမှာ ပြန်အမ်းငွေ ၂ ယွမ်ပါ”

ကျိုကျာက ငွေစေ့ နှစ်စေ့ ထုတ်ပြီး ပြန်ပေးလိုက်သည်။

အခုဆိုလျှင် ယွမ်ကျိုး က အဆင့်မြင့်ထားတာကြောင့် ငွေပြန်အမ်းခြင်းကိုကိုယ်တိုင် မလုပ်တော့ပေ။ ကျိုကျာကို ငွေစေ့အနည်းငယ် ပေးထားပြီး သူမကိုသာ ပြန်အမ်းခိုင်းထားသည်။

စနစ်ကတော့ ညနေမှပဲ ငွေသေတ္တာထဲက စုစုပေါင်းငွေကို တွက်ချက်သည်။

ထို့ကြောင့်ကျိုကျာနဲ့ ရှန်မင် တို့က ပြန်အမ်းပေးဖို့ ကူညီကြသည်။ သို့သော် ဒီနေရာမှာ ဖောက်သည်အများစုက ဘဏ်ကလွှဲပြီး ပေးချေလေ့ ရှိကြသည်။

“အိုကေ”

ဒါဒါက ခေါင်းညိတ်လိုက်သည်။

ငွေကို လက်ခံပြီးနောက်ကျိုကျာကဟင်းအမည်ကိုယွမ်ကျိုး ကို သွားပြောလိုက်သည်။

“ပဲငံပြာရည်ထမင်း တစ်ပွဲပါ”

ကျိုကျာ က ဟင်းပွဲစာရင်း တင်ပြလိုက်သည်။

ယွမ်ကျိုး က ခေါင်းညိတ်ပြီး စတင်ပြင်ဆင်လိုက်သည်။

“တစ်ယောက်ယောက်က ဒီဟင်းပွဲကိုမှာတာ ပထမဆုံးပဲ"

သူက စိတ်ထဲမှာတိတ်တိတ်လေး ပြောလိုက်ပြီး ချက်ပြုတ်ဖို့ စလုပ်လ်ုက်သည်။

ပဲငံပြာရည်ထမင်းနှင့် ပဲငံပြာရည်ထမင်းကြော် တို့မှာ တကယ်တမ်းအားဖြင့် မတူညီကြပေ။

ပဲငံပြာရည်ထမင်းကြော်ကိုတော့ ပုံမှန်အားဖြင့် ချက်ထားသည့် ထမင်းအေးကို အရသာဆော့စ်တွေနဲ့ အရင်ရောပြီးမှမီးပေါ်မှာ မွှေကြော်ရသည်။ ယွမ်ကျိုး လည်း ထိုသို့ပင် ချက်တတ်သည်။

သို့သော်ပဲငံပြာရည်ထမင်းကတော့ ကွဲပြားသည်။

မီးပေါ်မှာမွှေကြော်ဖို့ မလိုအပ်ပဲ ဆန်ကို သေချာချက်ပြီးနောက် ဆော့စ်ကို လောင်းထည့်လိုက်ရုံနှင့် ပြီးသွားပြီ။

လွယ်ကူသည်ဟု ထင်ရသော်လည်း စားဖိုမှူးက

အပူချိန်နဲ့ ရေဓာတ်ကို တိတိကျကျ ထိန်းချုပ်နိုင်ရမည် ဖြစ်သည်။

ထမင်းမာသွားလျှင် စားလို့ မရသကဲ့သို့ ပျော့လွန်းသွားလျှင်လည်း အနံ့အရသာမရှိချေ။

"စနစ် ၊ပဲငံပြာရည်ထမင်းကို

ချက်ဖို့ ခယ့်ရှနန်းသုံးဆန် က အကောင်းဆုံးပစ္စည်းလို့ ထင်တယ် မင်းလည်း အဲဒီလိုထင်လား”

လက်ရှိ ဆန်ကမသင့်တော်ဟု ထင်၍ ယွမ်ကျိုး က တိုက်ရိုက် မေးလိုက်သည်။

System က စာသားတစ်ခု ပြသလိုက်သည်။

“ခယ့်ရှ နန်းသုံးဆန် ကို ပြင်ဆင်ထားပြီးပါပြီယူပြီး အသုံးပြုနိုင်ပါတယ်"

မျက်နှာအကာအောက်မှာ ယွမ်ကျိုး က ပေါ့ပါးတဲ့ အပြုံးလေး တစ်ချက် ပြုံးလိုက်သည်။

“ဒီလိုအချိန်တွေကို ငါ သဘောကျတယ်”

သူက လှည့်ပြီး “ခယ့်ရှဆန်” အမှတ်အသားတပ်ထားသည့် ဗီဒိုတံခါးလေးကို “ပင်” ဆိုတဲ့ အသံနဲ့ ဖွင့်လိုက်သည်။

ထို့နောက် လက်ဖဝါးအရွယ် ကြွေပန်းကန်လေးယူပြီး ဆန်ကို တစ်ဝက်ခန့် ထည့်လိုက်သည်။

"ခယ့်ရှနန်းသုံးဆန် ရဲ့ဆန်စေ့တွေက ကြီးပြီး အစိမ်းရောင်က အဖြူရောင်ထဲမှာ ရောပါနေလို့ ကျောက်စိမ်းလိုပဲလို့ ပြောကြတယ်”

ယွမ်ကျိုး က လက်ထဲက ဆန်စေ့တွေကို သေချာ ကြည့်ရှုလိုက်သည်။

အမှန်တကယ် ခယ့်ရှနန်းသုံးဆန် ဖြစ်နေတာကို မြင်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် ဆေးကြောဖို့ ပြင်ဆင်တော့သည်။

ကျိုးကျိုးနန်းသုံးဆန်

ကဲ့သို့ မဆေးရသည့် ဆန်မဟုတ်ပဲခယ့်ရှ နန်းသုံးဆန် မှာ အနည်းငယ်ထပ် ဆေးရသည်။

System က ထပ်ပြီး စာသားပြသလိုက်သည်။

“ခယ့်ရှနန်းသုံးဆန် က ဆယ်ပြည်ထောင်စု မင်းဆက်ငါးဆက် ကာလထဲက စတင်‌ ပေါ်ပေါက်ခဲ့တာပါ ခယ့်ရှဆိုတာက ဟူနန်ပြည်နယ် ယုံရွှမ်းစီရင်စုအောက်က နယ်မြို့နာမည်ပါ၊

ကုရုံပင် ခယ့်ရှ မြို့၊ ကောင်ကျန်းရွာရဲ့ မြေဆီလွှာ က အနံ့အရသာ ထူးခြားတဲ့ စပါးမျိုး စိုက်ပျိူးလို့ ရပါတယ်၊အဲ့ဒါကိုစပါးတွေထဲက ရတနာလိူ့လည်း ခေါ်ကြပါတယ်၊ရှေးမင်းဆက်ကတည်းက အင်ပါယာဆီ နှစ်စဉ် ဆက်သလို့ ၊ဒါကြောင့် အဲ့ကတည်းက ခယ့်ရှ နန်းသုံးဆန်လို့ ခေါ်တာပါ"

"ကောင်းကျန်းရွာရဲ့ ဧရိယာက စတုရန်းမီတာ ၁၅၀၀လောက်ပဲ ကျယ်တာပါ၊ဒါပေမဲ့ ထွက်တဲ့ဆန်ကတော့ နူးညံ၊စေးကပ်ပြီး တောက်ပချောမွေ့တဲ့အထိအတွေ့၊၊အိစက်မွှေးပျံ့တဲ့အရသာ၊မူးယစ်ချိုမြိန်ဖွယ် လတ်ဆတ်တဲ့သင်းရနံ့ ရှိပါတယ်"

"စနစ် မင်းရဲ့ကျယ်ပြန့်လှတဲ့ ဗဟုသုတပေါင်း သောင်းခြောက်ထောင်ကို တစ်ဖက်သူ အဆင့်သင့်မဖြစ်သေးခင်မှာ မပြောသင့်ဘူးကွ"

ယွမ်ကျိုးက ဆန်ကို ရေထဲမှာဆေးနေရင်းနှင့်စနစ်ကို စနောက်လိုက်သည်။

သူမှန်ပေသည်။စနစ်က မမျှော့်လင့်စွာဖြင့် ခယ့်ရှနန်းတွင်းဆန်ကို လာ‌မိတ်ဆက်‌သည့်အချိန်မှာ ယွမ်ကျိုးက စိတ်အားထက်သန်စွာ ချက်ပြုတ်နေတာဖြစ်သည်။

“မင်းက တလွဲတွေလုပ်နေတာပဲ"

သူ ထပ်ပြောလိုက်သည်။

သို့သော် စနစ်က က မိတ်ဆက်ပြီးတာနဲ့ တိတ်ဆိတ်သွားသည်။

ယွမ်ကျိုးကလည်းမလွှဲမရှောင် ဖြစ်သွားပြီး ထပ်ပြောလိုက်သည်။

“အမှန်တော့ ခယ့်ရှနန်းသုံးဆန်အကြောင်း ငါလည်း သိပါတယ် ဒါပေမယ့် မင်း မိတ်ဆက်ပေးတာအတွက် ကျေးဇူးတင်ပါတယ်ကွာ”

ပြောပြီးတာနှင့် စနစ် က ပြန်မတုံ့ပြန်သည်ကို မြင်လိုက်၍ သူ စိတ်အေးသွားခဲ့သည်။

ထမင်းကျက်လာသည်ကို စောင့်ရင်းနှင့်

ယွမ်ကျိုးက ပဲငံပြာရည်ကို စတင်ပြင်ဆင်လိုက်သည်။

ယွမ်ကျိုး

အပိုင်း (၄၄၈)

ပြီးပါပြီ။

All Chapters