← Chapters

အခန်း (၄၈၃-၄၈၄)

Vol. 35 Ch. 483-484

အခန်း (၄၈၃-၄၈၄)

Vol. 35 Ch. 483-484

အပိုင်း(၄၈၃)

မေလီဆာက ခေါင်းကို အသာအယာ မော့ကြည့်ကာ လင်ကျဲကို ခိုးကြည့်လိုက်သည်။ လင်ကျဲ၏ တည်ကြည်နေသော မျက်နှာကို မြင်ရပြီး မည်သည့် တုံ့ပြန်မှုမျှ မရရှိသောအခါ စာအုပ်ဆိုင်ပိုင်ရှင်က သူမကို ခွင့်လွှတ်သလား၊ မခွင့်လွှတ်ဘူးလား ဆိုသည်ကို သူမ ဝေခွဲမရ ဖြစ်နေသည်။

သူမသည် စာအုပ်ဆိုင်ပိုင်ရှင်၏ အကူအညီကို ရရှိခဲ့ပါလျက်နှင့် သူမ၏ ဖခင်ကို မကာကွယ်နိုင်ခဲ့ဘဲ ထိုတိုက်ပွဲကြီးထဲမှ လွတ်မြောက်အောင် မကူညီနိုင်ခဲ့ပေ။ ဤအချက်က မစ္စတာလင်ကို စိတ်ပျက်စေမှာ ဖြစ်သဖြင့် သူမအနေဖြင့် တောင်းပန်ရပေမည်။

"အနည်းဆုံးတော့... အနည်းဆုံးတော့ ဝယ်လ် သေသွားခဲ့ပါပြီ..."

မေလီဆာသည် ခေါင်းကို မော့ကာ အနည်းငယ် ပို၍ ခိုင်မာသော လေသံဖြင့် ပြောလိုက်သည်။

"အာ... အဘိုးဝယ်လ် သေသွားပြီ ဟုတ်လား..."

လင်ကျဲမှာ အကြီးအကျယ် ထိတ်လန့်သွားခဲ့သည်။

"အဲဒါကို ဘယ်သူ ပြောတာလဲ"

‘ဟင်...’

မေလီဆာ၏ မျက်လုံးများ ပြူးကျယ်သွားပြီး လင်ကျဲကဲ့သို့ပင် သူမလည်း ဝေခွဲမရ ဖြစ်သွားသည်။

"မ... မဟုတ်ဘူးလား..."

မေလီဆာသည် မူလက အပြစ်ရှိစိတ် ခံစားနေရခြင်း ဖြစ်သည်။ သူမ၏ အမြင်တွင် ၆၇ လမ်းမ တိုက်ပွဲ၏ ပြင်းထန်မှုမှာ သူမကဲ့သို့ ကလေးတစ်ယောက် ခံနိုင်ရည်ရှိရန် ခက်ခဲလွန်းလှသည်၊ အထူးသဖြင့် နောက်ဆုံး 'အခရာအဆင့်' များ၏ ထိပ်တိုက်တွေ့မှုပင်။ ထိုစဉ်က ဝယ်လ် သေဆုံးသွားသည်ကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည် မဟုတ်ပေ။

အတိအကျ ပြောရလျှင် မည်သူမျှ မတွေ့ခဲ့ချေ။ ဂျိုးဇက်ပင်လျှင် မမြင်ခဲ့ရပါချေ။

‘ဝယ်လ်က တကယ်ပဲ သေသွားခဲ့တာလား...’

ထိုအောက်လမ်း မှော်ဆရာသည် အလွန်ပင် ကောက်ကျစ်သူဖြစ်ရာ သူ၏ အလောင်းကို မမြင်ရသရွေ့ မေလီဆာလည်း လုံးဝ စိတ်မချနိုင်ပေ။

"သူ သေလား၊ ရှင်လားဆိုတာ ငါလည်း မသိပါဘူး... အတည်ပြုချင်ရုံ သက်သက်ပါ..."

လင်ကျဲက အလေးအနက် ပြောလိုက်သည်။

မေလီဆာ "..."

"ထားပါတော့... အဲဒီအကြောင်း အခု မပြောရအောင်"

လင်ကျဲ မျက်မှောင်ကြုတ်ရင်း သူကိုင်ထားသော အရာကို ချလိုက်သည်။ အမှန်အတိုင်း ပြောရလျှင် ဝယ်လ်သည် ဆိုးသွမ်းမှုများ ပြုလုပ်ခဲ့ပြီး ဂိုဏ်းတစ်ခုနှင့် ပူးပေါင်းခဲ့သော်လည်း၊ သူသည် မည်သူ့ကိုမျှ ဒုက္ခမပေးခဲ့ဘဲ တကယ်တမ်းတွင်မူ အတော်လေး စိတ်ကောင်းရှိသူ ဖြစ်သည်။ သူ သူ့လိုလူမျိုးက မသေသင့်သေးပေ။ ထို့အပြင်... လူတစ်ယောက် အသက်ရှင်သလား၊ သေသလား ဆိုတာကို သည်နေရာမှာ ဆွေးနွေးနေရတာက နည်းနည်း ထူးဆန်းနေသည်။

ဝယ်လ်က ဘယ်လိုပဲ ဖြစ်ဖြစ်... သူသည် လင်ကျဲကို လက်ဆောင်တွေ ပေးခဲ့ဖူးသည်။ ဆိုင်အတွက် ကူညီပေးခဲ့ဖူးသည်။ သူငယ်ချင်းတစ်ယောက်ဟုပင် သတ်မှတ်နိုင်သည်။ သူငယ်ချင်းတစ်ယောက် အခုလို လွယ်လွယ်ကူကူ သေသွားလိမ့်မည်ဆိုသည်ကို လင်ကျဲ အလွယ်တကူ မယုံကြည်နိုင်ပေ။

လင်ကျဲ ချောင်းတစ်ချက် ဟန့်လိုက်ပြီး မေးလိုက်၏။

"မင်းရဲ့ အဖေ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကြောင့် ငါ့ဆီ လာတာလား..."

ဝယ်လ် အသတ်မခံရသေးဘူးဆိုတဲ့ အချက်ကြောင့် မေလီဆာမှာ တုန်လှုပ်နေဆဲ ဖြစ်သည်။

‘မစ္စတာလင်က ဝယ်လ် သေမသေ စစ်ခိုင်းနေတာလား... ဝယ်လ်က အသက်ရှင်နေသေးတယ်လို့ သူက သွယ်ဝိုက်ပြောနေတာလား...’

မေလီဆာသည် လက်သီးကို တင်းတင်းဆုပ်ထားသဖြင့် သူမ၏ လက်သည်းများမှာ လက်ဖဝါးထဲသို့ပင် စိုက်ဝင်လုနီးပါး ဖြစ်နေသည်။ သူမ၏ စိတ်ထဲတွင် ဖော်ပြမရနိုင်သော မုန်တိုင်းတစ်ခု ပြင်းထန်နေသဖြင့် အသက်ရှူရန်ပင် ခက်ခဲနေသည်။ ဝယ်လ် အသက်ရှင်နေသေးသည်ဟူသော အချက်ကို သူမ လက်မခံနိုင်ပေ။

"မင်းအဖေအကြောင်း ငါ သိပြီးသားပါ... ဒါပေမဲ့ မင်း ဝမ်းနည်းမှုတွေထဲကနေ ရုန်းထွက်နိုင်ဖို့ ငါ မျှော်လင့်ပါတယ်... ဘာလို့လဲဆိုတော့ မင်းကို စောင့်ကြိုနေတဲ့ ပိုကြီးမားတဲ့ တာဝန်တစ်ခု ရှိနေလို့ပဲ"

လင်ကျဲက ဆံပင်နီမလေးကို နှစ်သိမ့်လိုက်သည်။

"အရေးကြီးဆုံးကတော့ ကွယ်လွန်သွားတဲ့သူတွေ အေးအေးချမ်းချမ်း အနားယူနိုင်ဖို့ မင်းရဲ့ ကြီးပြင်းလာမှုကို သူတို့ကို မြင်အောင် ပြသဖို့ပဲ..."

မေလီဆာ မော့ကြည့်လိုက်သည်။ ဝယ်လ် အသက်ရှင်နေသေးသည်ဆိုသည့် အချက်ကို သူမ ဘေးဖယ်ထားလိုက်သည်။

‘ပိုကြီးမားတဲ့ တာဝန် ဟုတ်လား... ဝယ်လ်ကို သတ်ပြီး အဖေအတွက် လက်စားချေရမယ်လို့ သူ ပြောနေတာလား... မစ္စတာလင်က မပြောရင်တောင် ဒီတာဝန်ကို ကျွန်မ သေချာပေါက် လုပ်ဆောင်မှာပါ...’

မေလီဆာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။

"အဖေ ကျွန်မရဲ့ ကြီးပြင်းလာမှုကို မြင်စေရပါမယ်... အဖေ မလုပ်နိုင်ခဲ့တာတွေ၊ အဖေ မစွမ်းဆောင်နိုင်ခဲ့တာတွေကို ကျွန်မ ပြီးမြောက်အောင် လုပ်ပြမယ်ဆိုတာကို အဖေ သိစေရပါမယ်..."

မေလီဆာ ပြောရင်းနှင့် အသံမှာ အနည်းငယ် တုန်ယင်လာသည်။

လင်ကျဲ ခေါင်းညိတ်လိုက်၏။

"လိမ္မာတဲ့ ကလေးပဲ"

...

မေလီဆာသည် ကျလာလုဆဲဆဲ မျက်ရည်များကို အတင်းအကြပ် အောင့်ထားစဉ်မှာပင် လင်ကျဲ၏ နူးညံ့သိမ်မွေ့သော အသံသည် သူမ၏ နားစည်ထဲသို့ တိုးဝင်လာခဲ့သည်။

ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီဟူသော သတင်းကို ကြားသိခဲ့ရသည့် ညကတည်းက သူမသည် နောက်နောင်တွင် ဘယ်တော့မှ မျက်ရည်မကျတော့ပါဟု ကိုယ့်ကိုယ်ကိုယ် သန္နိဋ္ဌာန် ချထားခဲ့မိသည်။ သို့သော်လည်း ယခုကဲ့သို့ စိတ်အေးလက်အေး ရင်ဖွင့်တိုင်ပင်နိုင်ပြီး နှစ်သိမ့်မှု ပေးနိုင်မည့်သူတစ်ဦးနှင့် တွေ့ဆုံလိုက်ရသည့်အခါတွင်မူ သူမသည် ခံစားချက်တို့ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ မျက်ရည်များ ဖြိုင်ဖြိုင် ကျဆင်းလာခဲ့ရလေသည်။

"မစ္စတာလင်..."

မေလီဆာက မျက်ရည်စများဖြင့် လင်ကျဲကို မော့ကြည့်ကာ တုန်ရီသော အသံဖြင့် စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

"ကျွန်မ အဖေကို ပြန်ရှင်လာအောင် လုပ်ပေးလို့ ရမလားဟင်... ကျွန်မ ဘာပဲလုပ်ရလုပ်ရပါ၊ နောက်ဆုံး ကျွန်မရဲ့ အသက်နဲ့ လဲရမယ်ဆိုရင်တောင် ကြည်ကြည်ဖြူဖြူ လဲလှယ်ပေးပါ့မယ်..."

လင်ကျဲမှာ ထိုစကားကို ကြားလိုက်ရသဖြင့် အံ့အားသင့်သွားရသည်။ 'မိမိအသက်နဲ့ လဲရမယ်' ဟူသော စကားကြောင့် ဤမိန်းကလေးငယ်မှာ ဖခင်ကွယ်လွန်သွားသည့်အပေါ် စိတ်ထိခိုက်လွန်းလှသဖြင့် အသက်ကိုပင် စတေးရန်အထိ ကြံစည်နေသလောဟု တွေးတောကာ စိုးရိမ်ပူပန်မိသွားသည်။

ထို့ကြောင့်ပင် သူက ခေါင်းကို အမြန်ခါယမ်းလိုက်၏။

"ဆုံးရှုံးသွားတဲ့ အသက်တစ်ချောင်းအတွက် နောက်ထပ် အသက်တစ်ချောင်းနဲ့ လဲလှယ်လို့ မရနိုင်ပါဘူးကွယ်... အဲဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စရပ်တစ်ခုပါပဲ..."

လင်ကျဲ၏ ငြင်းဆိုမှုကို ကြားလိုက်ရသည့်အခါ မေလီဆာကမူ မစ္စတာလင်သည် ဂျိုးဇက်ကို ရှင်သန်အောင် ပြုလုပ်ပေးရန် ငြင်းပယ်လိုက်ခြင်းဖြစ်သည်ဟု မှတ်ယူလိုက်သည်။ မိမိဘက်မှ ပေးဆပ်ရမည့် တန်ဖိုးမှာ မလုံလောက်သေးသောကြောင့်ဟု သူမ ထင်မြင်နေခဲ့ပြီး ဤရလဒ်ကိုလည်း သူမ ကြိုတင်တွေးဆထားပြီးသား ဖြစ်သည်။

မိမိကိုယ်မိမိ အားကိုးရာမဲ့လှသည်ဟု တွေးတောကာ ဒေါသတကြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ ယခုအချိန်တွင် သူမကို အမျက်အထွက်ဆုံး ဖြစ်စေသည့်အရာမှာ ဝယ်လ် အသက်ရှင်လျက် ရှိနေသေးသည်ဟူသော သံသယပင် ဖြစ်သည်။ အကယ်၍သာ ထိုအချက်မှာ အမှန်ဖြစ်နေပါက သူမ၏ ဖခင်သည် အကျိုးမဲ့ သေဆုံးသွားခြင်းသာ ဖြစ်တော့မည်။ ဖခင် တစ်သက်လုံး ဆုပ်ကိုင်ခဲ့သည့် ယုံကြည်ချက်များနှင့် စံတန်ဖိုးများအားလုံးမှာလည်း ထိုတောက်လောင်နေသော မီးလျှံများအကြားတွင် အလဟဿ မြုပ်နှံခံလိုက်ရသကဲ့သို့ ရှိပေလိမ့်မည်။

ကိစ္စအားလုံးမှာ အချည်းနှီး ဖြစ်ခဲ့ရပြီး လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်က 'သူရဲကောင်းဆန်စွာ စတေးခဲ့ခြင်း' ဟူသော ဂုဏ်ပုဒ်တစ်ခု ပေးရုံမျှဖြင့် ကျေနပ်နေရမည်လော။ မေလီဆာ၏ ရင်ထဲတွင် ဒေါသတရားတို့မှာ မီးဟုန်းဟုန်း တောက်လောင်နေတော့သည်။

လင်ကျဲမှာမူ သက်ပြင်းတစ်ချက်ကိုသာ ခိုး၍ ချလိုက်မိ၏။ လိမ်ညာခြင်းဟူသည် မည်သည့်အခါမျှ ကောင်းကျိုးမပေးသည်မှာ အမှန်ပင်။ ဂျိုးဇက်မှာ ဘေးကင်းရန်ကင်းနှင့် ရှိနေပါလျက် သေဆုံးသွားပြီဟု လိမ်ညာပြောဆိုခဲ့ရခြင်းနှင့် မေလီဆာ၏ မျက်ရည်များကို မြင်တွေ့ရသည့်အခါ သူ့စိတ်ထဲတွင် မချိတင်ကဲ ဖြစ်မိလာသည်။ စေတနာနှင့် ပြောလိုက်သော လိမ်ညာမှုဟု ဆိုသော်ငြားလည်း ငိုထားသဖြင့် ဖောင်းအစ်နေသော မေလီဆာ၏ မျက်ဝန်းများကို မြင်ရသည်မှာ စိတ်မသက်မသာ ဖြစ်ရသည်။

တစ်ဖက်တွင်လည်း ဂျိုးဇက်၏ သားသမီးအပေါ် ဆုံးမသွန်သင်ပုံမှာ တင်းကျပ်လွန်းလှသည်ဟု သူ ခံစားနေရသည်။

"မေလီဆာ..."

လင်ကျဲသည် နူးညံ့သော အပြုံး၊ ကြင်နာသော အသံတို့ဖြင့် သူမကို အားပေးစကား ဆိုလိုက်၏။

"သေဆုံးသွားတဲ့သူတွေကတော့ ပြန်ရှင်လာမှာ မဟုတ်ဘူး... ဒါပေမဲ့ ဒီလောကကြီးမှာ အံ့ဖွယ်ဖြစ်ရပ်တွေ ဆိုတာ ရှိတတ်တယ်လို့ မင်း ယုံကြည်ထားလို့ ရပါတယ်"

မေလီဆာသည် ချက်ချင်းပင် ခေါင်းမော့ကာ လင်ကျဲကို မျက်လုံးအစုံ ပြူးကျယ်လျက် ငေးကြည့်မိသွားသည်။

"သေချာ စဉ်းစားကြည့်စမ်းပါ... မင်းရဲ့ အဖေက ဘာကို အမြင်ချင်ဆုံး ဖြစ်မလဲ"

လင်ကျဲက သူမ အမြင်မှန်ရစေရန်အတွက် ဦးဆောင်၍ မေးခွန်းထုတ်လိုက်သည်။ မေလီဆာ မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားခန်း ဝင်လိုက်သည်။ အဖေ အမြင်ချင်ဆုံး အရာဆိုသည်မှာ... ဝယ်လ်၏ ခေါင်းပြတ်ကို မြင်တွေ့ရခြင်းသာ ဖြစ်ရမည်။

"ကျွန်မ သိပြီ... အဲဒါက..."

မေလီဆာက ပြန်လည်ဖြေကြားရန် ဟန်ပြင်လိုက်သော်လည်း လင်ကျဲက လက်မြှောက်ကာ တားမြစ်လိုက်ပြီး လေသံကို အလေးအနက် ပြောင်းလဲကာ ဆိုလိုက်သည်။

"မင်းအဖေ တကယ် အလိုရှိတာကတော့ မင်းရဲ့ ရင့်ကျက် တိုးတက်လာမှုကို မြင်တွေ့ရဖို့ပဲ ဖြစ်လိမ့်မယ်..."

မေလီဆာ တစ်ယောက် အံ့အားသင့်သွားရ၏။

"တစ်နေ့မှာ မင်းဟာ ရင့်ကျက်လာပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့အခါမျိုးမှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာနိုင်တာပေါ့..."

လင်ကျဲက မရေမရာ အရိပ်အမြွက် ပြောလိုက်ပြီး သူပြောသော စကား၏ ခိုင်လုံမှုကို မြှင့်တင်ရန်အတွက် 'သက်စောင့် စုန်းမကြီး’ ၏ ကျောက်ဆစ်အပိုင်းအစကို ကောက်ကိုင်လိုက်သည်။

"မင်း မူလစုန်းမကြီးတွေရဲ့ ဒဏ္ဍာရီအကြောင်းကို သိလား မေလီဆာ"

လင်ကျဲက စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲလိုက်၏။

"ငါ့လက်ထဲမှာ ရှိနေတဲ့ ဒီအပိုင်းအစဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မူ စုန်းမကြီး တစ်ပါး ချန်ရစ်ခဲ့တဲ့ အမွေအနှစ်တစ်ခုပဲ... ဒါဟာ သက်စောင့်မီးလျှံကို ကိုယ်စားပြုတယ်"

***

အပိုင်း(၄၈၄)

ရှေးဟောင်းသုတေသန ပညာရပ်မှာ လင်ကျဲအတွက် ဒုတိယ ဘုရားသခင်သဖွယ်ဖြစ်ပြီး သူ အမြတ်နိုးဆုံး ဘာသာရပ်တစ်ခုလည်း ဖြစ်သည်။ ရှေးဟောင်းပစ္စည်းများနှင့် ၎င်းတို့၏ ထူးခြားဆန်းပြားမှုများကို သူသည် အလွန်ပင် စိတ်ဝင်စားသူ ဖြစ်သည်။ ဤအပိုင်းအစလေးမှာ နှစ်ကာလများစွာကို ဖြတ်သန်းပြီးနောက် သူ၏လက်ထဲသို့ ရောက်ရှိလာခြင်းမှာ ကံကြမ္မာ၏ ဖန်တီးမှုနှင့် အံ့ဖွယ်တစ်ရပ်ပင် ဖြစ်သည်ဟု သူက ဆိုလိုခြင်းဖြစ်သည်။

"ကြည့်စမ်း၊ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက လူတစ်ယောက် ချန်ရစ်ခဲ့တဲ့ ရှေးဟောင်းပစ္စည်းကို ဒီနေ့မှာ မင်း မြင်တွေ့နေရတာဟာ အံ့ဖွယ်တစ်မျိုးပဲ မဟုတ်ဘူးလား..."

လင်ကျဲက လေးလေးနက်နက် ဆိုသည်။

"ဒါဟာ အချိန်ကာလရဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုပဲ... ကမ္ဘာကြီးက ပေးအပ်တဲ့ လက်ဆောင်တစ်ခုပေါ့... ကံကြမ္မာဆိုတာ ခန့်မှန်းရခက်ပေမဲ့ မင်းဘက်ကသာ ယုံကြည်ချက်ရှိရှိနဲ့ စောင့်ဆိုင်းနေမယ်ဆိုရင် အဲဒီနေ့ဟာ ရောက်ရှိလာမှာပါ..."

မေလီဆာ၏ မျက်ဝန်းများမှာ ပိုမို ပြူးကျယ်သွားခဲ့၏။

'အံ့ဖွယ်ဖြစ်ရပ်...'

'သက်စောင့်မီးလျှံ...'

မူလ စုန်းမကြီး လေးပါးအနက် ပထမဆုံး ကျဆုံးခဲ့သည့် 'သက်စောင့် စုန်းမကြီး' လော။ သေခြင်းနှင့် ရှင်ခြင်း သံသရာကို အစိုးရသည့် စုန်းမကြီးကို ဆိုလိုခြင်းလော။ မစ္စတာလင်သည် ထိုမျှ တန်ခိုးအာဏာ ကြီးမားလှသော အပိုင်းအစကို သာမန်အရုပ်တစ်ခုကဲ့သို့ အေးအေးဆေးဆေး ကိုင်တွယ် ကစားနေသည် မဟုတ်ပါလော။

မေလီဆာ တံတွေးကို ဂဏာမငြိမ်စွာ မျိုချလိုက်မိသည်။ အကယ်၍ မစ္စတာလင်သည် သက်စောင့် စုန်းမကြီး၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်ဆိုပါက သူပြောဆိုနေသော အံ့ဖွယ်ဖြစ်ရပ်မှာ ဖခင်ဖြစ်သူကို အသက်ပြန်သွင်းပေးမည့် ကိစ္စပင် ဖြစ်ရမည်။ သို့သော် ထိုသို့ဖြစ်လာရန်အတွက် မိမိ၏ ရင့်ကျက်မှုမှာ အဓိက လိုအပ်ချက် ဖြစ်နေသည်။

"ဒါဆို... အဲဒီ အံ့ဖွယ်ဖြစ်ရပ်ကို တွေ့မြင်နိုင်ဖို့ ကျွန်မ ဘယ်လိုမျိုး ကြိုးစားအားထုတ်ရမလဲဟင်"

မေလီဆာက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။ လင်ကျဲက မျက်တောင်တစ်ချက် ခတ်လိုက်၏။

"ဒါကတော့ မင်းအပေါ်မှာပဲ မူတည်လိမ့်မယ်... မင်းရဲ့ တိုးတက်မှုကိုတော့ မင်းရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကြည့်ပြီး ဆုံးဖြတ်ရမှာပေါ့... ဒီကျောက်အပိုင်းအစတွေလိုမျိုးပဲလေ၊ စုစုပေါင်း သုံးခုရှိတဲ့အထဲမှာ အခု ငါ့ဆီမှာ နှစ်ခုရှိနေပြီ... ကျန်တဲ့ တတိယမြောက် အပိုင်းအစကလည်း ကံကြမ္မာအလိုအရ ငါ့ဆီ ရောက်လာကောင်း ရောက်လာနိုင်တာပဲ"

"ဒါနဲ့ အလားတူပါပဲ... တစ်နေ့နေ့မှာ မင်းရဲ့ အဖေကလည်း မင်းရှေ့ကို ရုတ်တရက် ပြန်ရောက်လာနိုင်တာမျိုးပေါ့"

ဤစကားကို ကြားလိုက်ရသည့်အခါ မေလီဆာမှာ အတွေးတစ်ခု ဝင်လာခဲ့သည်။ 'ကျောက်အပိုင်းအစ သုံးခုစလုံး စုံညီသွားတဲ့နေ့မှာ အဖေ ပြန်ရှင်လာမှာပဲ' ဟု သူမ မှတ်ယူလိုက်မိသည်။

စိတ်လှုပ်ရှားမှုနှင့်အတူ စိတ်သက်သာရာ ရသွားသော မေလီဆာသည် မစ္စတာလင်၏ စိတ်ကျေနပ်မှု ရရှိစေရန်အတွက် သူမ မည်သို့ ကောင်းမွန်စွာ ပြုမူရမည်ကို စတင် စဉ်းစားလေတော့သည်။

မေလီဆာမှာ ဝေခွဲမရဖြစ်နေဆဲ ဖြစ်သည်ကို မြင်တွေ့ရသောအခါ လင်ကျဲက သူမအား စာအုပ်တစ်အုပ် လမ်းညွှန်ပေးရန် စိတ်ကူးလိုက်မိသည်။ ဖခင်ကွယ်လွန်ခါစ လူတစ်ယောက်ကို စာအုပ်ရောင်းပြီး ပိုက်ဆံရှာခြင်းမှာ လူကျင့်ဝတ်နှင့် မညီသကဲ့သို့ ရှိသော်လည်း ဤအခြေအနေသည် သူ၏ ကုန်ပစ္စည်းကို မိတ်ဆက်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။

ထို့ကြောင့်ပင် လင်ကျဲသည် စာအုပ်စင်ဆီသို့ လှည့်ကာ စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။ စာအုပ်မျက်နှာဖုံးပေါ်မှ ဖုန်မှုန့်များကို သုတ်သင်လိုက်သည့်အခါတွင်မူ စာအုပ်ခေါင်းစဉ်မှာ ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။

'နှလုံးသား...'

“အိမ်ပြန်ရောက်တဲ့အခါ ဒီစာအုပ်ကို သေသေချာချာ ဖတ်ကြည့်လိုက်ပါ၊ မင်းအတွက် အများကြီး အထောက်အကူပြုပါလိမ့်မယ်”

လင်းကျဲသည် နူးညံ့ပျူငှာသော အပြုံးဖြင့် မေလီဆာ့ထံသို့ စာအုပ်ကို ကမ်းပေးလိုက်သည်။ မေလီဆာသည် တုန်ရီနေသော လက်အစုံဖြင့် ထိုစာအုပ်ကို လှမ်းယူလိုက်မိသည်။ စာအုပ်မျက်နှာဖုံးပေါ်ရှိ အမည်မှာ ‘မီးလျှံ၏ ဆန္ဒ’ ဟူ၍ ဖြစ်သည်။

“ဒီစာအုပ်က ရိုးရှင်းပေမဲ့ မင်းအတွက်တော့ အကျိုးကျေးဇူး များလိမ့်မယ်လို့ ငါယုံကြည်တယ်... အဓိကကတော့ မင်းရဲ့ ရင်ထဲက မငြိမ်မသက်ဖြစ်မှုတွေကို ငြိမ်းအေးစေပြီး မင်းအပေါ်ထားတဲ့ ဖခင်ကြီးရဲ့ မျှော်လင့်ချက်နဲ့ မေတ္တာတရားတွေကို နားလည်စေပါလိမ့်မယ်...”

မေလီဆာသည် စာအုပ်ကို ထိုနေရာ၌ပင် ချက်ချင်းလှန်လှောကြည့်ရှုရန် ပြင်လိုက်သော်လည်း လင်းကျဲက တားမြစ်လိုက်သည်။

“ဒီစာအုပ်ကို စိတ်အေးလက်အေး ရှိနေတဲ့အချိန်ကျမှ ဖတ်စေချင်တယ်… ဒီနေရာကတော့ ဖတ်ဖို့ သိပ်ပြီး မသင့်တော်သေးဘူးလေ”

လင်းကျဲသည် ဆိုင်တံခါးဝဘက်သို့ တစ်ချက်ဝေ့ကြည့်ရင်း အကြံပြုလိုက်သည်။

‘ဂျိုးဇက်ကြီးက ဆိုင်အသစ်အတွက် မီးသီးတွေဝယ်ပြီး ပြန်ရောက်လာတော့မှာ... နင် ဒီမှာ ဆက်နေရင် သူနဲ့ တိုးမှာပေါ့... မြန်မြန်ပြန်တော့...'

မေလီဆာက စာအုပ်ကို အမြန်ပင် ပြန်ပိတ်လိုက်၏။

“စိတ်မရှိပါနဲ့ မစ္စတာလင်၊ ကျွန်မ အဆင်အခြင်မဲ့သွားပါတယ်… ဒီစာအုပ်အပေါ် လေးစားမှု ကင်းမဲ့သလို ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပါ…”

“ရပါတယ်... ကဲ… သွားတော့လေ”

လင်းကျဲက လက်ကာပြရင်း သူမကို ပြန်ခိုင်းလိုက်သည်။ မေလီဆာ အပြင်သို့ ထွက်ခါနီးဆဲဆဲတွင် လင်းကျဲက လည်ချောင်းတစ်ချက်ဟန့်ကာ လှမ်းခေါ်လိုက်ပြန်သည်။

“အဟမ်း... စာအုပ်ဖိုးက ၃၇ ဒေါ်လာ ကျသင့်မယ်နော်…”

မေလီဆာမှာ ခဏမျှ ကြောင်အသွားသော်လည်း ချက်ချင်းပင် သဘောပေါက်သွားသည်။ 'ဤသည်မှာ ပေးဆပ်ရမည့် လိုအပ်သော တန်ဖိုးပင် ဖြစ်ရမည်' ဟု သူမ တွေးလိုက်မိ၏။ ထို့ကြောင့် သူမ၏ အိတ်ကပ်ထဲမှ ဒေါ်လာ ၄၀ ကို အမြန်ထုတ်ယူကာ မစ္စတာလင်အား ပေးရန် ပြင်လိုက်သော်လည်း လက်ကို ပြန်ရုပ်လိုက်သည်။

မစ္စတာလင်က ၃၇ ဒေါ်လာဟု ဆိုထားလျှင် ၃၇ ဒေါ်လာသာ ဖြစ်ရမည်။ တစ်ဆင့် ၊ တစ်ပြားမျှ ပိုပေးခြင်းသည်ပင်လျှင် သူ့အပေါ် လေးစားမှု ကင်းမဲ့ရာ ရောက်ပေလိမ့်မည်။ ထို့ကြောင့်ပင် မေလီဆာသည် အကြွေများကို အသည်းအသန် ရှာဖွေပြီး ၃၇ ဒေါ်လာ တိတိကို လင်းကျဲထံသို့ အပ်နှံလိုက်သည်။

လင်းကျဲမှာမူ အသာအယာ ပြုံးရုံမှတစ်ပါး ဘာမျှ မပြောနိုင်တော့ပေ။

"..."

မေလီဆာ တစ်ယောက် စာအုပ်ဆိုင်ထဲမှ ထွက်ခွာလာသည့်အခါ စိတ်လှုပ်ရှားတက်ကြွမှုများဖြင့် ပြည့်နှက်နေသည်။ အမှန်စင်စစ် ဤစာအုပ်ဆိုင်သို့ သူမ ရောက်ရှိလာသည့် အကြိမ်တိုင်းတွင် ကံကြမ္မာ၏ လမ်းညွှန်မှုဟု ခံစားရပြီး အရာရာကိုလည်း များစွာ သိမြင်နားလည်ခဲ့ရသည်။ ယခုလည်း မစ္စတာလင်သည် သူမ၏ ဖခင်ကို ပြန်လည် အသက်သွင်းပေးနိုင်စွမ်း ရှိသော်လည်း ထိုသို့ဖြစ်လာရန်မှာ သူမ၏ အရည်အချင်းကို အရင်ဆုံး သက်သေပြရမည် ဖြစ်ကြောင်း နားလည်သွားခဲ့ပြီ။

'ဒီလိုဆိုမှတော့...'

မေလီဆာ လက်တစ်ဖက်ကို မြှောက်လိုက်ရာ သူမ၏ လက်ဖဝါးပေါ်တွင် ရဲရဲတောက်နေသော မီးလျှံတစ်ခု ပေါ်လာခဲ့သည်။

“အဖေ့ရဲ့ တာဝန်တွေကို ဆက်ခံရာမှာ အောင်မြင်အောင် ငါ အရင်ဆုံး လုပ်ပြရမယ်…”

မေလီဆာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်သို့ ပြန်လှည့်လာခဲ့သည်။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ကလည်း မေလီဆာအား သူမ ဖခင်၏ ရာထူးကို ဆက်ခံရန် အကြောင်းကြားပြီးသား ဖြစ်သည်။ သူမ၏ အသက်အရွယ်နှင့်ဆိုလျှင် ဤရာထူးမှာ ကြီးလေးလွန်းသည်ဟု ထင်ရသော်လည်း မျှော်စင်ရှိ ဝန်ထမ်းအများအပြားမှာ သူမ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ကြသူများဖြစ်၍ မည်သူမျှ ကန့်ကွက်ဝံ့ခြင်း မရှိကြပေ။

ထို့အပြင် သူမသည် ဖျက်ဆီးခြင်း အဆင့် သို့ တရားဝင် ရောက်ရှိနေပြီဖြစ်ကာ အမှန်တရား အသင်းတော်၏ အဆင့်သတ်မှတ်ချက် စစ်ဆေးမှုတွင်လည်း အောင်မြင်ပြီးသား ဖြစ်သည်။ ၆၇ လမ်းမကြီးတွင် ဖြစ်ပွားခဲ့သော ပြင်းထန်သော တိုက်ပွဲကြီးအပြီး၌ သူရဲကောင်းများစွာ စတေးခဲ့ရသဖြင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှာ အပြောင်းအလဲများစွာ ဖြစ်ပေါ်နေသည်။ ယခုအချိန်တွင် ဖွဲ့စည်းပုံများကို ပြန်လည် ပြုပြင်တည်ဆောက်ရန်မှာ မျှော်စင်၏ ထိပ်တန်းဦးစားပေး လုပ်ငန်းတစ်ခု ဖြစ်လာခဲ့သည်။

…

လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်အတွင်း…

မဟာ ရောင်စဉ် သူရဲကောင်းကြီး အဆင့်သို့ ရာထူးတိုးမြှင့်ခံထားရသော ဂရက်သည် အလင်းရောင် ခပ်မှိန်မှိန် ရုံးခန်းအတွင်း၌ ရှိနေသည်။ ကွန်ပျူတာ ဖန်သားပြင်မှ ထွက်ပေါ်နေသော အပြာရောင် အလင်းတန်းများသည် သူ၏ မျက်နှာပေါ်တွင် ရောင်ပြန်ဟပ်နေပြီး သူသည် ကီးဘုတ်ကို အားသွန်ခွန်စိုက် ရိုက်နှိပ်နေသည်။

ဖန်သားပြင်ပေါ်တွင် စာသားတစ်ကြောင်း ပေါ်လာခဲ့သည်။

[သင်သည် ရောင်စဉ် သူရဲကောင်းကြီး 'ဗီဗီယန်' ၏ လုပ်ပိုင်ခွင့်များအားလုံးကို အောင်မြင်စွာ လွှဲပြောင်းရယူပြီးပါပြီ]

တိုက်ပွဲကြီး ဖြစ်ပွားနေစဉ်အတွင်း မစ္စတာလင်၏ ရည်ရွယ်ချက်များကို စုံစမ်းထောက်လှမ်းရန် စေလွှတ်ခြင်းခံရသော ထိပ်တန်းလျှို့ဝှက် အေးဂျင့် ဂရက်သည် တိုက်ပွဲအပြီးတွင် ကွယ်လွန်သွားသူ ဗီဗီယန်၏ နေရာကို ဆက်ခံကာ ရောင်စဉ် သူရဲကောင်းကြီး အဆင့်သို့ တိုးမြှင့်ခြင်း ခံခဲ့ရသည်။

“သူရဲကောင်း ဗီဗီယန်က တကယ်ကို မွန်မြတ်တဲ့သူ တစ်ယောက်ပါပဲ...”

ဗီဗီယန်၏ လုပ်ပိုင်ခွင့်များကို ရရှိပြီးနောက်တွင် ဂရက်သည် ကျန်ရှိနေသော အလုပ်များကို ရှင်းလင်းရင်း ယခင်က မှတ်တမ်းဟောင်းများကို ကြည့်ရှုမိခဲ့သည်။ ထိုမှတ်တမ်းများထဲတွင် ဂျိုးဇက်၏ ထောက်လှမ်းရေး အလုပ်များကို ကူညီပေးခဲ့သည့် အချက်အလက်များလည်း ပါဝင်နေသည်။ ဗီဗီယန်သည် ရောင်စဉ် သူရဲကောင်းများအကြားတွင် ခွန်အားပိုင်း၌ နာမည်ကျော်ကြားခြင်း မရှိသော်လည်း သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်ရည်ကိုယ်သွေးနှင့် ကွပ်ကဲမှုစွမ်းရည်မှာ အထူးပင် ပြောင်မြောက်လှသည်။

ထို့အပြင်... သတ္တိဗျတ္တိနှင့် ပြည့်စုံသော ဤအမျိုးသမီး သူရဲကောင်းသည် ဆရာဂျိုးဇက်အပေါ်တွင် စိတ်ကူးယဉ် အချစ်များ ရှိခဲ့သည်ဟု သတင်းကြီးခဲ့ဖူးသည်။ သို့သော်လည်း ဂျိုးဇက်ကမူ ကွယ်လွန်သွားပြီဖြစ်သော ဇနီးသည်အပေါ်တွင်သာ ပင်လယ်ကဲ့သို့ နက်ရှိုင်းပြီး ကြယ်တာရာများကဲ့သို့ မပြောင်းလဲသော မေတ္တာတရားဖြင့် သစ္စာရှိခဲ့သည်။ သို့သော် နောက်ဆုံးတွင်မူ သူတို့ နှစ်ဦးစလုံးသည် တာဝန်ထမ်းဆောင်ရင်း အတူတကွ ကွယ်လွန်သွားခဲ့ကြရလေပြီ။

ဂရက် စိတ်ထဲတွင် မသက်မသာ ဖြစ်လာသဖြင့် အစီအစဉ်များကို ပိတ်ရန် ပြင်လိုက်စဉ်မှာပင် အောက်ဆုံးနားရှိ စာကြောင်းတစ်ကြောင်းကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။

“စုံစမ်းမေးမြန်းမှု... ရောင်စဉ် သူရဲကောင်း 'ဒါယာ' နှင့် သက်ဆိုင်သော မှတ်တမ်းများ...”

ဂရက်မှာ အံ့အားသင့်သွားရသည်။ 'ဒါယာ' ဆိုသည်မှာ ဂျိုးဇက်၏ ကွယ်လွန်သူ ဇနီးအမည် ဖြစ်သည်။

***

All Chapters