← Chapters

ပျင်းရိဖွယ်ကောင်းသောအင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏စမ်းသပ်ချက်များ

Vol. 42 Ch. 591

ပျင်းရိဖွယ်ကောင်းသောအင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏စမ်းသပ်ချက်များ

Vol. 42 Ch. 591

ကျောင်းသားများကြားတွင် စိတ်မရှည်သူများစွာလည်း ရှိနေသည်။

၎င်းတို့သည် တိုက်ပွဲအတွင်း ဝင်မပါနိုင်သော်လည်း စကားအားဖြင့်တော့ ပြော၍ရသေးသည်။

"အိုး....ချစမ်းပါ.....ငါ့ကောင်ရဲ့ ခုပဲခုခံမနေပဲ။ လက်ဦးမှုယူပြီး ဆော်ပစ်လိုက်စမ်းပါ။"

"ချ....ချ.....သူ့ခါးကိုချ....အေး....ဟုတ်တယ်....ဘယ်ဘက်....ဘယ်ဘက်....အခုညာဘက်ကိုချ။"

"ခန္ဓာကိုယ် အောက်ပိုင်းကိုသိပ်ထည့်ပစ်.....နင့်မေကြီးထဲမှ....ငါ့ပြောတာ အောက်ပိုင်းကွ...ဟေ့ကောင်ရ။"

"ယီးပဲကွာ။ မင်းကဘာလို့ အဲ့လောက်တောင် တုံးအနေရတာလဲ။"

တိုက်ပွဲအတွင်း အသက်နှင့်ရင်းကာ တိုက်ခိုက်နေရသော ကျောင်းသား: "......."

သူ့အား လမ်းပြပေးနေသော နည်းပြဆယ်နှင့်ချီ ရှိနေပါသော်လည်း သူသည် အကြံအတိုင်း လိုက်လံလုပ်ဆောင်ရာတွင် မထူးချွန်လှပေ။

တဖြည်းဖြည်းနှင့် အားလုံး၏ စကားအသုံးအနှုန်းများမှာ ပိုမိုရိုင်းစိုင်းလာကြသည်။

"မင်းဟာက ပြီးရောပြီးဦးမှာလား။ မလုပ်နိုင်လည်း အရှုံးပေးလိုက်တော့ကွာ။"

"လူတွေရဲ့ အချိန်ကို ဖြုန်းတီးတယ်ဆိုတာ ရာဇဝတ်မှုပဲ။ မင်းက လူထောင်ပေါင်းများစွာရဲ့ အချိန်တွေကိုဖြုန်းပြီး ပစ်မှုကျူးလွန်နေတာပဲကွ။"

"မင်းကလိပ်လား....ဟမ်.....ယီးလိုလို မှိုလိုလိုနဲ့။ ခုပဲခုခံနေတော့မှာလား။"

"မင်းက နတ်ဘုရားအန်ဆီကနေ သင်ယူထားတာလား။ မင်းတို့နှစ်ယောက် လိပ်စုံတွဲလုပ်ဖို့များ ဆုံးဖြတ်ထားတာလား။"

ထိုစကားကြောင့် အန်လင်း ဒေါသထွက်သွားရသည်။

"ယီးထဲမှ.....ဘယ်သူအဲ့စကား ပြောလိုက်တာလဲ။ ဝန်ခံစမ်း....ငါအသက်ချမ်းသာပေးမယ်။"

စုရှောင်လန်တို့မှာ ဝါးခနဲ ရယ်ပွဲကျသွားရသည်။

အဆုံးတွင်မူ တိုက်ပွဲဝင်နေသော ကျောင်းသား၏ သက်ရှိစွမ်းအင် ချပ်ဝတ်မှာ ပျက်စီးသွားပြီး ရန်သူ၏ဓားမှာ ရင်ဘတ်ထဲ ဖောက်ဝင်သွားသောကြောင့် တိုက်ပွဲလည်း အဆုံးသတ်သွားခဲ့သ​ည်။

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ အောက်ဆုံးထပ်တွင် အောင်ပွဲခံသံများ ဆူညံသွားရလေသည်။

ကျရှုံးသွားသော တိုက်ပွဲဝင်ကျောင်းသားမှာ ကျေနပ်ပီတိ ဖြစ်နေဟန်နှင့် မျက်ဝန်းများကို ပိတ်ထားသည်။ ကျောင်းမပြီးခင် သူ၏အိမ်မက်တစ်ခုဖြစ်သော လူထောင်ပေါင်းများစွာရှေ့၌ ခက်ခဲကြမ်းတမ်းသော တိုက်ပွဲတစ်ခုကို အသက်နှင့်ရင်းကာ တိုက်ခိုက်ဖူးခဲ့ပြီ ဖြစ်သည်။

ဒုတိယထပ် ဝင်ပေါက်မှာ ဖြည်းညင်းစွာ ပွင့်ဟလာပြီးနောက် အားလုံးမှာ လှေကားများအတိုင်း တက်သွားလိုက်ကြသည်။

ထိုနေရာတွင် အံ့ဖွယ်စိတ်ဆန္ဒ ခုနစ်ထောင်ကျော် ရှိနေသည်။

အန်လင်းသည် ထုံးစံအတိုင်း တစ်ချက်တည်းဖြင့် ပြိုင်ဘက်အား အဆုံးသတ်လိုက်ပြန်သည်။

ဒုတိယထပ်တွင် ရှိနေသော အံ့ဖွယ်စိတ်ဆန္ဒများသည် ပထမထပ်ရှိ အံ့ဖွယ်စိတ်ဆန္ဒများထက် များစွာအားကောင်းသောကြောင့် ကျောင်းသားတစ်ထောင်ကျော် ထုတ်ပယ်ခံလိုက်ရသည်။

ထိုသို့ဖြင့် ၎င်းတို့မှာ တတိယထပ်၊ စတုတ္ထထပ်၊ ပဉ္စမထပ်သို့ ရောက်ရှိလာခဲ့ကြသည်။

အန်လင်းသည် အံ့ဖွယ်စိတ်ဆန္ဒများအား နဖူးတောက်၍ပင် သတ်နိုင်နေသောကြောင့် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အတွင်းရှိ အချိန်အများစုအား စောင့်ဆိုင်းရင်းဖြင့်သာ ကုန်ဆုံးနေရသည်။

အထပ်နှစ်ဆယ်သို့ ရောက်လာသည်အထိ အန်လင်းမှာ လက်သီးတစ်ချက်ဖြင့် သတ်နိုင်နေဆဲပင်။

ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်သောအခါ တိုက်ပွဲပေါင်း တစ်ထောင်ကျော်ခန့် ရှိနေသေးသည်ကို တွေ့လိုက်ရသည်။

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ထဲသို့ ရောက်ရှိနေသည်မှာ တစ်ရက်နီးပါးခန့် ရှိနေလေပြီ။

မျှော်စင်အတွင်း ရှိနေရသည်မှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းရမည့်အစား အိပ်ပျော်သွားမတတ် ပျင်းရိနေရသောကြောင့် အန်လင်းတို့မှာ လောင်းကစားဝိုင်းကို စဖွဲ့တော့သည်။

အန်လင်းသည် တစ်ဆယ်၊ နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ်၊ ငါးဆယ်၊ ခြောက်ဆယ်၊ ခုနစ်ဆယ်နှင့် တစ်ရာအထိ ရေးသားထားသော ကတ်ဆယ်ကတ်အား ထုတ်ယူလိုက်သည်။

"ဒီစမ်းသပ်မှုက မိနစ်သုံးဆယ်အတွင်း ပြီးလိမ့်မယ်လို့ လောင်းတယ်။"

ရွှမ်းယွမ်ချန်မှာ သိုလှောင်လက်စွပ်ထဲမှ ချီကျောက်တုံး တစ်တုံးအားထုတ်ကာ သုံးဆယ်ဟု ရေးသားထားသော ကတ်ပြားပေါ် တင်လိုက်သည်။

"ဟီးဟီးဟီး...."

လျှိုချင်းဟွမ် လှောင်ပြုံးပြုံးကာ မထီမဲ့မြင် ပြောလိုက်သည်။

"ဒီငချွတ်တွေကို ကြည့်ပါဦး။ ဒင်းတို့တွေက တိုက်ပွဲကို မိနစ်သုံးဆယ်အတွင်း ပြီးမယ်များ ထင်နေလား။ မိနစ်တစ်ရာကျော်လိမ့်မယ်လို့ လောင်းတယ်။"

"အဲ့ဒါဆို ငါလည်း မိနစ်တစ်ရာကျော်ကိုလောင်းမယ်။"

စုချန်းရန်မှာ စက္ကန့်အနည်းငယ်ခန့် လေးလေးနက်နက် စဉ်းစားပြီးနောက် လျှိုချင်းဟွမ်၏ လမ်းစဉ်အတိုင်း တစ်ရာဟု ရေးထားသော ကတ်ပြားပေါ် ချီကျောက်တုံး တင်လိုက်သည်။ မိနစ်တစ်ရာကျော်တွင် တိုက်ပွဲပြီးဆုံးနိုင်ခြေ မြင့်မားပါသော်လည်း လောင်းကြေးစားကြေးမှာ နိမ့်ပေသည်။

စုရှောင်လန်မှာ အနည်းငယ် တွေးတောပြီးနောက် ငါးဆယ်ဟု ရေးထားသော ကတ်ပြားပေါ် ချီကျောက်တုံး တင်လိုက်သည်။

"မိနစ်ငါးဆယ်ကို လောင်းလိုက်မယ်။ ဘယ်သူမှလည်း မလောင်းရသေးဘူးဆိုတော့။"

ထန်းရှီမန် ခေါင်းကုတ်နေရသည်။

"အဲ့ဒါဆို ငါကခြောက်ဆယ်ကွာ။"

လုကျန်း အသက်ပြင်းပြင်း ရှူလိုက်သည်။

"ခုနစ်ဆယ်မိနစ်ကို လောင်းမယ်။"

အန်လင်းမှာ ချီကျောက်တုံးအား တစ်ရာဟု ရေးထားသော ကတ်ပြားပေါ် တင်လိုက်သည်။

"ငါလည်း မိနစ်တစ်ရာကျော်ပဲလောင်းမယ်။"

"အချိန်စပြီနော်။"

မိနစ်သုံးဆယ် ကြာမြင့်သွားပြီးနောက် ရွှမ်းယွမ်ချန်သည် မစောင့်နိုင်တော့သော အမူအရာဖြင့် ဟိုဟိုသည်သည် ကြည့်ရှုလိုက်သောအခါ ဆက်လက်တိုက်ခိုက်နေသော လူဆယ်နှင့်ချီကို တွေ့လိုရသည်။

"မင်းတို့အားလုံးက ငါစိတ်ညစ်အောင် လုပ်နေတာပဲ။ ပိုက်ဆံဆိုတာ ရှာမရမလွယ်ဘူး။ အခုတော့ စိတ်ဝိဉာဉ်ကျောက်တုံး တစ်သောင်း ပလုံပါပြီ။"

မိနစ်ငါးဆယ် ကြာပြီးနောက် စုရှောင်လန်မှာ နှုတ်ခမ်းအားစူကာ သနားစဖွယ် အမူအရာဖြင့် အန်လင်းအား ကြည့်ရှုလာသည်။

အန်လင်း နွေးထွေးစွာ ပြုံးပြလိုက်သည်။

"စိတ်မပူပါနဲ့။ မင်းအကြိမ်တစ်ထောင်လောက် ရှုံးသွားရင်တောင် ကို့ဆီမှာ ငွေအလုံအလောက် ရှိနေဦးမှာ။"

စုရှောင်လန် ရယ်မောလိုက်သည်။

"ငါ့မှာ ပိုက်ဆံမရှိတော့ရင် နင့်ဆီလာမှနဲ့တူတယ်။"

"မင်းမှာပိုက်ဆံရှိရှိမရှိရှိ ကို့ဆီလာလို့ ရပါတယ်။"

အန်လင်း တုံ့ပြန်လိုက်သည်။

လျှိုချင်းဟွမ် မျက်နှာတစ်ခုလုံး မည်းမှောင်လာသည်။

"ဟိတ်.... ငါတို့က အလောင်းအစား လုပ်နေတာနော်။ နင်တို့နှစ်ယောက် ငါတို့ကို ခွေးစာမကျွေးပါနဲ့လား။"

"ဟုတ်တယ်။ အဲ့ကောင်ကိုပြောပစ်။ ဘာလဲ....အားမနာလျှာမကျိုးနဲ့ FA တွေရှေ့မှာ ခွေးစာလာကျွေးနေတာ။"

ထန်းရှီမန် အားရဝမ်းသာ ထောက်ခံလိုက်သည်။

ထိုအချိန်တွင် တိုက်ပွဲများလည်း ပြီးစီးသွားလေပြီ။

ငါးဆယ့်ကိုးမိနစ် ကုန်လွန်သွားပြီ ဖြစ်သောကြောင့် မိနစ်ခြောက်ဆယ်အား လောင်းကြေးထပ်ထားသော ထန်းရှီမန် အနိုင်ရသွားခဲ့သည်။

"ဟားဟားဟား......အားနာပါးနာနဲ့ပဲ သိမ်းလိုက်ပါဦးမယ်။"

ထန်းရှီမန်မှာ နို့နံ့မစင်သေးသော ကလေးတစ်ယောက်လို ရယ်မောကာ ချီကျောက်တုံးများအား အားရပါးရ သိမ်းဆည်းလိုက်သည်။

သူ၏ခန့်မှန်းချက်သည် အလွန်တိကျသောကြောင့် အကြိမ်ရေ အနည်းငယ်ခန့် အနိုင်ရခဲ့သည်။ ထို့ကြောင့်ပင် ထန်းရှီမန်မှာ စည်းလွတ်ဝါးလွတ် ပျော်ရွှင်နေရခြင်း ဖြစ်သည်။

အရေးအကြီးဆုံးမှာ သူသည် အလောင်းအစားဖြင့်ဖြစ်စေ ကျောင်းတော်၏ ပါရမီရှင်များအား အနိုင်ရနိုင်ခဲ့လေပြီ။

မည်သို့ပင်ဆိုစေကာမူ ခန့်မှန်းနိုင်ခြင်းမှာလည်း စွမ်းရည်တစ်ခု ဖြစ်သည်။

ထိုသို့ဖြင့် အန်လင်း၏ လောင်းကစားဝိုင်းမှာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်တွင် စိတ်ဝင်စားမှု အများဆုံး နေရာတစ်ခု ဖြစ်လာသည်။

ကျောင်းသားများစွာမှာ အချိန်ခန့်မှန်းခြင်း လောင်းကစားတွင် ပါဝင်လာကြပြီး အချို့မှာ တစ်ဦးချင်း အနိုင်အရှုံးကို လောင်းလာသည်။ အားလုံးသည် ပျင်းရိခြင်းကို ဖယ်ရှားရန်အတွက် လောင်းကစားပေါင်းစုံ ပြုလုပ်ကြတော့သည်။

ကျင့်ကြံရမယ်.....ယီးကိုကျင့်ကြံပါလား.....ငါတို့အားလုံးရဲ့ ကျင့်ကြံရေး အခြေခံက တစ်ရာခိုင်နှုန်းထိ လျှော့ချခံထားရတာကွ.....

ထန်းရှီမန်မှာ နောက်ထပ်တစ်ကြိမ် အနိုင်ရသွားပြန်သောကြောင့် အန်လင်းတို့ သက်ပြင်းချလိုက်မိကြသည်။ ထို့နောက် မျှော်စင်၏ နောက်တစ်ဆင့်သို့ ရောက်ရှိလာကြသည်။

ကျောင်းသားအရေအတွက်မှာလည်း တစ်ထောင်ဝန်းကျင်မျှသာ ကျန်ရှိတော့သည်။

ထိုသည်မှာ စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်၏ အတော်ဆုံး ကျောင်းသားများဖြစ်ပြီး အနိမ့်ဆုံးသူမှာ တာအိုခန္ဓာ အဆင့်ကိုးမျှ ရှိသည်။

နှစ်ဆယ့်တစ်ထပ်မြောက်၌

ဝုန်း......

လေထုထဲတွင် ကြောက်မက်ဖွယ် အရှိန်အဝါများ ကြီးစိုးနေပြီး အံဖွယ်စိတ်ဆန္ဒ တစ်ထောင်ကျော်အဖြစ် ခွဲထွက်သွားကြသည်။

ထိုစိတ်ဆန္ဒများတွင် ရေခဲများ၊ မီးလျှံများ အစရှိသဖြင့် ကိုယ်ပိုင်နယ်ပယ်များကို အသီးသီး ပိုင်ဆိုင်ထားသည်။

အန်လင်း အနည်းငယ် အံ့အားသင့်သွားရသည်။

"ကြည့်ရတာ ဒီတစ်ခေါက် ပြိုင်ဘက်တွေက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ခြေလှမ်းတဝက်လောက် ရောက်ထားတဲ့သူတွေထင်တယ်။"

ရွှမ်းယွမ်ချန် ခေါင်းညိတ်ပြလိုက်သည်။

"ဒီအံ့ဖွယ်စိတ်ဆန္ဒတွေနဲ့ တိုက်ခိုက်ရုံနဲ့တင် ကျောင်းသားတွေ အမြင်တော်တော် ပွင့်သွားလိမ့်မယ်။ ဒါက ကျောင်းတော်ကနေ ဉာဏ်အလင်းဖွင့်ပေးတာပဲ။"

လေပြင်မုန်တိုင်း နယ်ပယ်နှင့် အမျိုးသားတစ်ဦးမှာ အန်လင်းထံ ပြေးဝင်လာသည်။

အန်လင်းမှာ ပါးတစ်ချက်ရိုက်ကာ အဆုံးသတ်လိုက်ပြန်သည်။

"ငါတို့အတွက်တော့ ဘာမှသိပ်မထူးပါဘူ"

ရွှမ်းယွမ်ချန် သက်ပြင်းချကာ ရန်သူအား ထက်ပိုင်းဖြတ်လိုက်သည်။

ထို့နောက် လောင်းကစားဝိုင်းကြီး ပြန်လည်စတင်တော့သည်။

ဤတစ်ကြိမ်တွင် အစ်ကိုကြီးချန်၏ ယုံကြည်မှုနှင့်အတူ ပထမဆုံးအကြိမ် အနိုင်ရရှိသွားသည်။

တိုက်ပွဲများအားလုံး မိနစ်သုံးဆယ်ဝန်းကျင်တွင် အဆုံးသတ်သွားခဲ့လေသည်။

အံ့ဖွယ်စိတ်ဆန္ဒများမှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သို့ ခြေလှမ်းတဝက်မျှ ရောက်ရှိထားကြသောကြောင့် တိုက်ပွဲမှာ ကြမ်းတမ်းပြင်းထန်ပြီး အချိန်ဆွဲထားလိုသော ကျောင်းသားများသည်ပင် စွမ်းအင်မလုံလောက်ကြပေ။

အစ်ကိုကြီးချန်မှာ လွန်စွာပျော်ရွှင်နေမိသည်။

ကျန်ရှိနေသော ကျောင်းသားများမှာ ခြောက်ရာဝန်းကျင်မျှသာ ရှိတော့သည်။

အထပ်နှစ်ဆယ်မှ သုံးဆယ်အထိ ကြုံတွေ့ရသော ပြိုင်ဘက်များမှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်၏ တဝက်သို့ ရောက်ရှိနေသူများ ဖြစ်သည်။

သုံးဆယ့်တစ်ထပ်သို့ ရောက်ရှိလာပြီးနောက် ကျောင်းသားဦးရေ နှစ်ရာသာ ကျန်ရှိတော့သည်။

အံ့ဖွယ်စိတ်ဆန္ဒများသည်လည်း စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း စဦးအဆင့် ဖြစ်လာကြသည်။

အန်လင်းမှာ ရန်သူအား တစ်ချက်တည်း အဆုံးသတ်ပေးလိုက်ပြန်သည်။

လေးဆယ့်ခြောက်ထပ်မြောက်တွင် အံ့ဖွယ်စိတ်ဆန္ဒများမှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အဆင့်သို့ ရောက်ရှိလာသည်။

အန်လင်းမှာ တစ်ချက်တည်းဖြင့် မရတော့ပဲ ပါးနှစ်ချက်ရိုက်ပေးရန် လိုအပ်လာလေသည်။

ခြောက်ဆယ့်တစ်ထပ်မြောက်တွင်မူ အံ့ဖွယ်စိတ်ဆန္ဒများမှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ဖြစ်သွားသည်။

အန်လင်းမှာ ရန်သူအား အပြီးသတ်ရန် ပါးသုံးချက် ရိုက်ပေးလိုက်ရသည်။

စီနီယာကျောင်းသားထန် ရှုံးနိမ့်ခဲ့ဖူးသော အထပ်ခုနစ်ဆယ်မြောက်တွင်မူ အန်လင်းမှာ စိန်ခေါ်မှုအား ကြုံတွေ့လိုက်ရတော့သည်။

All Chapters