သူငယ်ချင်း အတုအယောင်များ
Vol. 3 Ch. 28
"ငါ ဘယ်လိုသိလဲဆိုတာ ခန့်မှန်းကြည့်စမ်းပါ"
ရဲ့ရှင်းချန်၏ မျက်နှာအမူအရာမှာ ရက်စက် ကြမ်းကြုတ်နေခဲ့သည်။
"ပါတီပွဲမှာ လူတစ်စုရဲ့ ဝိုင်းဝန်း လှောင်ပြောင်တာကို ခံခဲ့ရတဲ့သူက ငါလေ အပျက်မ တစ်ယောက်ကို လိုက်ပိုးပန်းနေပေမယ့် မရတဲ့ကောင်လို့ သူတို့က ပြောကြသေးတာ ငါ ရဲ့ရှင်းချန်က လူတကာနဲ့ လိုက်အိပ်နေတတ်တဲ့ မင်းလို အပျက်မ တစ်ယောက်ရဲ့ ကစားတာခံရတာတောင် သာယာနေသေးတဲ့ အရူးတစ်ယောက်နဲ့ တူတယ်တဲ့လေ"
"ချန်းရူအာ မင်းက အရမ်းကို ညစ်ပတ်လွန်းတယ်"
ထိုစကားများအား ကြားလိုက်ရချိန်တွင် ချန်းရူအာ၏ မျက်နှာမှာ စိမ်းလိုက် ဖြူလိုက် ဖြစ်သွားလေတော့သည်။ ချူယောင်၏ မျက်လုံးများမှာမူ ဝမ်းသာအားရမှုကြောင့် ရုတ်တရက် တောက်ပသွားခဲ့သည်။
"ရှင် ရှင် အဲဒါ ဘာသဘောနဲ့ ပြောတာလဲ"
ရဲ့ရှင်းချန်သည် အတိတ်တွင် ထိုအချိန်ကာလအား ပြန်လည်၍ တွေးတောမိသော်လည်း ယခု ပြန်တွေးကြည့်သောအခါ အချိန် အတော်ကြာခဲ့ပြီဟု ခံစားလိုက်ရသည်။
"ကျန့်ရွှမ်း ကို မင်း မှတ်မိသေးလား မင်းကို ယွမ် ငါးသောင်းပေးပြီး လွှင့်ပစ်ခဲ့တဲ့ ကျန့်မိသားစုရဲ့ သခင်လေးလေ"
"ဟားဟား မင်း သိလား ယွမ် ငါးသောင်းတည်းနဲ့ မင်းနဲ့ တစ်လကျော်လောက် အိပ်ခဲ့ရတယ်ဆိုပြီး သူက ငါတို့ရှေ့မှာ ကြွားတောင် ကြွားသွားသေးတယ် အပြင်မှာ ခန္ဓာကိုယ် ရောင်းစားနေတဲ့ ပြည့်တန်ဆာတွေထက်တောင် မင်းက ဈေးပေါသေးတယ်လို့ သူက ပြောသွားသေးတာ"
ရဲ့ရှင်းချန်မှာ အသံထွက်၍ပင် ရယ်မောလိုက်မိလေသည်။
"ဟုတ်ပါရဲ့ ကိုကိုရှင်းချန်က အကောင်းဆုံးပါလို့ မင်း ပြောတတ် နေသေးတာပဲ ငါ ရဲ့ရှင်းချန်က မင်းကို ငါ့ နှလုံးသားအပြည့်နဲ့ ဆက်ဆံခဲ့တာပါ နောက်ဆုံးတော့ မင်းက"
သူသည် ရုတ်တရက် မျက်လုံးများ ပင့်ကြည့်လိုက်ပြီးနောက် ချန်းရူအာအား ပြုံးပြလိုက်လေတော့သည်။
"မင်းက ဘာလို့ ဒီလောက်တောင် ညစ်ပတ်နေရတာလဲ အပျက်မရဲ့"
ရဲ့ရှင်းချန်၏ စကားများမှာ ဓားတစ်လက်သဖွယ် ချန်းရူအာ၏ နှလုံးသားထဲသို့ ရက်စက်စွာ ထိုးစိုက်ဝင်ရောက်သွားခဲ့ကာ သူမ၏ မျှော်လင့်ချက်များ ကိုလည်း အတင်းအဓမ္မ ဖြတ်တောက် လိုက်လေတော့သည်။
ထိုစကားများအား ကြားလိုက်ရချိန်တွင် ချန်းရူအာ၏ မျက်လုံးများ နီရဲသွားခဲ့လေသည်။
"ပါးစပ်ပိတ်ထားစမ်း ရှင် ဘာတွေ လျှောက်ပြောနေတာလဲ"
သူမ၏ မျက်နှာမှာ ကြောက်စရာ ကောင်းလောက်အောင် ဖြူလျော့သွားခဲ့ကာ အလွန်အမင်း ဒေါသထွက်မှုကြောင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေတော့သည်။
ကျင်းဟိုင်တက္ကသိုလ်၏ ကျောင်းအလှလေး တစ်ဦးအနေဖြင့် ဤကဲ့သို့ စော်ကားခံရခြင်းမျိုးအား မည်သည့်အချိန်တွင် ကြုံဖူးခဲ့လိမ့်မည်နည်း။
သူမသည်သာ အမြဲတမ်း အခြားသူများအား လိုသုံး တစ်ခုလို သဘောထားခဲ့သူ ဖြစ်လေသည်။ သူမသည် မည်သည့် အချိန်တွင်များ သူတစ်ပါး၏ ကစားစရာ ဖြစ်သွားရလေသနည်း။
ကျန့်ရွှမ်းအား သူမမှ သဘောမကျ၍ ဖြတ်ပစ်ခဲ့ခြင်း ဟုသာ ချန်းရူအာ အမြဲတမ်း ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ကျန့်ရွှမ်းမှ သူမအား အရွှန်းဖောက်စရာ ကစားစရာတစ်ခု ကဲ့သို့ သဘောထားခဲ့လိမ့်မည်ဟု မည်သူမှ ထင်မှတ်ထားခဲ့လိမ့်မည်နည်း။
"ငါက အမှန်တရားကို ပြောပြရုံတင်ပါ မင်းက ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ"
ရဲ့ရှင်းချန်သည် သမ်းဝေလိုက်ပြီးနောက် နာရီအား ကြည့်လိုက်လေသည်။
"မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က မဆိုးပါဘူး ဒါပေမယ့် မင်းရဲ့ ရုပ်ရည်က လုံလောက်အောင် မလှသေးတာတော့ နှမြောစရာပဲ မဟုတ်ရင် ဒါရိုက်တာ တစ်ယောက်နဲ့ တစ်ပတ်လောက် သွားအိပ်လိုက်ရင် မင်းဆိုတဲ့ ကောင်မက မင်းသမီးတောင် ဖြစ်သွားနိုင်သေးတယ်"
ချန်းရူအာ၏ ပြန်လည် တုံ့ပြန်စကားကိုပင် မစောင့်တော့ဘဲ ရဲ့ရှင်းချန်သည် ဗီဒီယိုကောလ်အား တိုက်ရိုက် ချလိုက်လေတော့သည်။ သူသည် ချန်းရူအာ၏ ပြဇာတ်အား ကြည့်ရှုပြီးသွားခဲ့ပြီ ဖြစ်သည်။ အစောပိုင်းတွင် သူမ ဖုန်းခေါ်လာချိန်၌ သူသည် အသားကင်နေခဲ့ခြင်း ဖြစ်လေသည်။ ဗီဒီယိုကောလ်အား အချိန်အတော်ကြာ ပြောပြီးနောက်တွင် အသားတုံးများမှာ ခြောက်ကပ်လုနီးပါး ဖြစ်နေချေပြီ။
ဒေါသထွက်စရာ နေရာမရှိဖြစ်ကာ ပျာယာခတ်နေသည့် ချန်းရူအာအား ကြည့်ရင်း ရဲ့ရှင်းချန်မှာ အလွန်အမင်း ကျေနပ် ပျော်ရွှင်နေမိလေတော့သည်။
သူသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ နေရာလွတ်ထဲမှ 'Romanée-Conti' ဝိုင်တစ်ပုလင်းအား ထုတ်ယူလိုက်လေတော့သည်။
ထို့နောက် မီးသွေးဖိုဆီသို့ ပြန်သွားလိုက်ကာ လက် တစ်ဖက်တည်းဖြင့် မီးအား ငြှိမ်းသတ် လိုက်တော့သည်။ လတ်လတ် ဆတ်ဆတ် ကင်ထားသည့် ကြက်သွန်ဖြူနှင့် ကမာကောင်ကင်များအား ယူ၍ ဘေးဖယ်ထားလိုက်လေသည်။ အနည်းငယ် အကျက်လွန်းသွားသည့် ကင်းမွန် ကြက်တောင်ပံ ကြက်ပေါင်နှင့် သိုးနံရိုးများကိုမူ နေရာလွတ်ထဲသို့ ပြန်လည်၍ သိမ်းဆည်းလိုက်ပြီးနောက် အခြားသော စားသောက်ဆိုင် အသီးသီးမှ ပါဆယ်ဆွဲလာသည့် ဟင်းလျာ အပြည့်ပါသည့် စားပွဲ တစ်လုံးဖြင့် အစားထိုးလိုက်တော့သည်။
ဤမျှ ပေါ့ပါးလွတ်လပ်၍ ပူပင်ကြောင့်ကြမဲ့သော အခိုက်အတန့်လေး အတွက် အောင်ပွဲခံရန် အရသာရှိလှသည့် ထမင်းတစ်နပ်နှင့် ဂုဏ်ပြုရန် ထိုက်တန်လှပေသည်။
..
ထိုအချိန် ချန်းရူအာ၏ တိုက်ခန်း ငယ်လေးထဲတွင်မူ ချန်းရူအာသည် ခေါင်းအုံးအား ကိုက်လျှက် သူမ၏ ဒေါသများအား ဖြေဖျောက်ရန် ရဲ့ရှင်းချန်အား ကျိန်ဆဲနေလေတော့သည်။
သူမသည် ကျန့်ရွှမ်းအား မုန်းတီးသော်လည်း ရဲ့ရှင်းချန်ကို ပို၍ပင် မုန်းတီးနေမိလေသည်။ ရဲ့ရှင်းချန်တွင် ရိက္ခာများ ဤမျှ များပြား နေပါလျက်နှင့် သူသည် အဘယ်ကြောင့်များ ဤမျှ တစ်ကိုယ်ကောင်းဆန်ကာ သူမအား အနည်းငယ်မျှပင် မျှ၍ မပေးရလေသနည်း။
ထို့အပြင် သူမအား ချစ်သည်ဟု ပြောခဲ့သူမှာ ရဲ့ရှင်းချန် ကိုယ်တိုင်ပင် ဖြစ်လေသည်။ ရဲ့ရှင်းချန်သည် သူမအား ချစ်လာစေရန် အတွက် သူမမှ အတင်းအဓမ္မ တိုက်တွန်းခဲ့ခြင်းမှ မဟုတ်ချေ။
"ရဲ့ရှင်းချန် နင်က ဘာကောင်မို့လို့လဲ သောက်ကျိုးနည်း နင်ကများ ငါ့ကို ဆဲရဲတယ်ပေါ့လေ"
"နင့်အိမ်မှာသာ အစားအသောက်တွေ အပြည့်အလျှံ မရှိနေရင် နင့်လို ခွေးတစ်ကောင်ကို ငါက သဘောကျမယ်လို့ နင်တကယ် ထင်နေတာလား"
ချူယောင်မှ ဘေးသို့ ကပ်သွားလိုက်ကာ အရူးမတစ်ယောက်ကဲ့သို့ ဆဲရေးတိုင်းထွာနေသည့် ချန်းရူအာအား အထင်သေးသော အမူအရာဖြင့် အေးစက်စက် စိုက်ကြည့် နေလိုက်တော့သည်။
"အဲဒီတုန်းက နင် အရမ်းလွန်သွားခဲ့လို့ မဟုတ်ဘူးလား အဲဒီလိုမှ မဟုတ်ရင် ငါတို့တွေ ညဝတ် အင်္ကျီလေးတွေ ဝတ်ပြီး ဝိုင်နီသောက်ပြီးတော့ အမဲသားကင် ကို အပိုင်းလေးတွေ ညှပ်ပြီး စားနေရလောက်ပြီ"
ချူယောင်မှ ပြတင်းပေါက် အပြင်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။
"ဒေါသမထွက်ပါနဲ့တော့ ဒီနှင်းတွေသာ ဆက်ကျနေမယ်ဆိုရင် ချမ်းသာတဲ့ ယောက်ျားတစ်ယောက်ကို ရှာပြီး ရှူးဂါးဒယ်ဒီ အဖြစ် ချိတ်နိုင်ဖို့ဆိုတာကို တွေးတောင် မတွေးနဲ့တော့ ငါတို့ နှစ်ယောက်စလုံးတောင် အသက်ရှင်နိုင်ပါ့မလား မသိဘူး"
ချူယောင်၏ စကားများအား ကြားပြီးနောက် ချန်းရူအာ၏ ဒေါသများမှာ အကြောက်တရားနှင့် စိတ်ရှုပ်ထွေးမှုများ အဖြစ်သို့ ချက်ချင်း ပြောင်းလဲ သွားပြန်တော့သည်။
ဟုတ်ပေသည်။ ဆယ်ရက်ကျော်ပင် ရှိနေခဲ့ပြီ ဖြစ်သည်။ အိမ်၌ အား အပြည့်သွင်းထားသေည့် ပါဝါဘဏ့် အနည်းငယ် မရှိခဲ့လျှင် သူမ အနေဖြင့် ရက်ပေါင်း မည်မျှ ကုန်လွန်ခဲ့ပြီ ဆိုသည်အား သိနိုင်လိမ့်မည် မဟုတ်ချေ။
ဤဆယ်ရက်သည် ဆယ်နှစ်ထက်ပင် ကျော်ဖြတ်ရန် ပို၍ ခက်ခဲလွန်းလှသည်။
ရက်အနည်းငယ်မျှ နှင်းများကျဆင်းပြီး အစာရေစာ ပြတ်လပ်မှုသည် သာမန်လူ တစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာအား ဂယောင်ခြောက်ခြား ဖြစ်သွားစေရန် လုံလောက်ပေသည်။
ချန်းရူအာသည် ဖန်သားပြင်ပေါ်တွင် မြင်တွေ့ခဲ့ရသည့် မြင်ကွင်းအား မတွေးဘဲ မနေနိုင်တော့ချေ။ သူမသည် မကျေမချမ်းဖြင့် ပြောလိုက်လေသည်။
"ဒါက လုံးဝ မတရားဘူး ဘာလို့ ရဲ့ရှင်းချန်က အဲဒီလောက် သက်တောင့်သက်သာ နေနိုင်ပြီးတော့ ငါက ဒီမှာ အေးခဲဆာလောင်နေရတာလဲ"
ချူယောင်သည် ချန်းရူအာအား တစ်ချက် ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမှ မဆိုခဲ့ပေ။
သူမသည် စောင်အောက်တွင် တိတ်တဆိတ် ခေါင်းမူးခြုံလိုက် ပြီးနောက် သူမ၏ ဖုန်းအား ထုတ်လိုက်ကာ ရဲ့ရှင်းချန်၏ ချတ်ဘောက်အား ရှာဖွေလိုက်လေသည်။
"နင် ရိုအာနဲ့ စကားများကြတာလား သူက နင့်ကို ဒေါသတကြီး ဆဲနေတာ ငါ ကြားလိုက်တယ် တစ်ခုခု ဖြစ်လို့လားဟင်"
ရဲ့ရှင်းချန်သည် ဝက်သားနီနှပ် တစ်တုံးအား ပါးစပ်ထဲသို့ ထည့်လိုက်ကာစ ဖြစ်သည်။
"အင်း သူမ ဘယ်လိုလူမျိုးလဲဆိုတာ ငါ ရုတ်တရက် မြင်သွားလို့လေ"
စာပို့လိုက်သည်နှင့် တစ်ပြိုင်နက် ချူယောင်မှ ချက်ချင်းပင် ပြန် စာပို့လာခဲ့သည်။
"ဝမ်းသာလိုက်တာ နင် သူ့ အကြောင်းကို ခုထိ သေချာ မသိသေးပဲ နင် စိတ်မပြတ်သားနိုင်သေးဘူးလို့ ငါ ထင်နေခဲ့တာ"
"ဟင်း နင်မှ မသိတာ အဲဒီ ချန်းရူအာက အဟိတ်အဟန်တွေ များပြီးတော့ ရုပ်ဝတ္ထုပစ္စည်းတွေကို အရမ်း မက်မောတဲ့အပြင် တစ်ကိုယ်ကောင်းလည်း ဆန်သေးတယ် ပြီးတော့ အပျက်မလေ နင် သူ့ရဲ့ ကစားတာကို ခံနေရတာကို မြင်တော့ ငါ နင့်ကို ပြောပြချင်ခဲ့ပေမယ့် ငါပြောရင် နင် ယုံမှာမဟုတ်ဘူးလို့ တွေးမိပြီး ကြောက်လို့ မပြောခဲ့တာပါ အဲဒီတုန်းက ငါ ဘယ်လောက်တောင် စိုးရိမ်ခဲ့ရလဲဆိုတာ နင် မသိပါဘူးလေ"
"ဘုရားသခင်ကို ကျေးဇူးတင်ရမယ် နောက်ဆုံးတော့ နင် သူ့ရဲ့ စရိုက်မှန်ကို သိသွားခဲ့ပြီပေါ့ အခု နင် အဆင်ပြေရဲ့လား ဝမ်းနည်းနေလားဟင်"
ရဲ့ရှင်းချန်၏ မျက်လုံးများ ကျဉ်းမြောင်း လိုက်မိသည်။
‘သူတို့တွေက တကယ်ကို ညီအစ်မကောင်းတွေပဲ ငါတို့ ရန်ဖြစ်နေတာကို ကြားတာနဲ့ သူက သူငယ်ချင်းရဲ့ ကောင်လေးကို လုဖို့တောင် မစောင့်နိုင်တော့ဘူးတဲ့လား’
သို့သော်လည်း ဤသည်မှာ သာမန်ပင် ဖြစ်လေသည်။ ခို ခို ချင်း ကျီး ကျီးချင်းသာ ပေါင်းကြသည် မဟုတ်ပါလော။ ချူယောင်သည် ချန်းရူအာနှင့် ပေါင်းသင်းနိုင်ပါမူ သူမသည်လည်း မည်မျှ ကောင်းမွန်နိုင်မည်နည်း။ ဒီပုပ်ထဲမှ ဒီပဲပင် ဖြစ်ပေလိမ့်မည်။
"အင်း ဘာမှမဖြစ်ပါဘူး"
ချူယောင်မှ ဆက်လက်၍ စာပို့လာခဲ့သည်။
"အရင်က နင် ရိုအာ့နောက်ကို အဲဒီလို လိုက်နေတာ မြင်ရတော့ ငါ တကယ် ဝမ်းနည်းခဲ့ရတယ်သိလား"
"တကယ်တော့လေ နင် တစ်ခုသိလား ငါ ငါ နင့်ကို အမြဲတမ်း သဘောကျနေခဲ့တာ"
"ဒါပေမယ့် နင့်မျက်လုံးထဲမှာ ရိုအာ တစ်ယောက်ပဲ ရှိနေခဲ့တာလေ ငါကတော့ နင်တို့နှစ်ယောက်ကို ဘေးကနေ တိတ်တဆိတ် ကြည့်နေရုံပဲ တတ်နိုင်ခဲ့တယ်"
"ဒါပေမယ့် အခု ချန်းရူအာက ဘယ်လိုလူစားမျိုးလဲဆိုတာ နင် သိသွားပြီဆိုတော့ နင် သူ့ကို ဆက် မကြိုက် သင့်တော့ဘူးလေ လာပါ ငါနဲ့ တွဲကြရအောင်လေ"
ရဲ့ရှင်းချန်မှာ သောက်လက်စ ဝိုင်နီများပင် သီးသွားမတတ် ဖြစ်သွားရတော့သည်။
"မိုက်တယ်ဟေ့ ဒီချူယောင်က တကယ်ကို တိုက်ရိုက်ကြီးပဲ"
သူ ခေါင်းယမ်းလိုက်ကာ စုပ်သပ်လိုက်မိသည်။ ချူယောင်သည် အမှန်တကယ်ပင် လက်တွေ့ကျလွန်းသည်ဟု သူ ခံစားလိုက်ရလေသည်။ သူမသည် အရင်အချိန်များတွင် သူ့အား အထင်သေးခဲ့သည်မှာ ရှင်းလင်း သေချာလှပေသည်။ သူသည် ချန်းရူအာအား အတူတူ ထမင်းစားရန် ဖိတ်ခေါ်ခဲ့စဉ်ကပင် သူမသည် သူ့အား တစ်ခါမှ ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ဖူးချေ။
အခြေအနေအရ ကြည့်ရလျှင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူတို့၏ ဘဝမှာ အမှန်ပင် သနားစရာ ကောင်းလောက်အောင် ဖြစ်နေခဲ့ပုံရသည်။ အစားအသောက် အနည်းငယ်အတွက် သူမအနေဖြင့် သူ့ အပေါ် သဘောကျဟန်ပြရန် အတင်းအကျပ် ဖိအားပေးခံရသည်အထိပင် ဖြစ်နေချေပြီ။
သို့သော် ရဲ့ရှင်းချန်သည် ဤချူယောင်အား မည်သို့ သဘောကျ နိုင်လိမ့်မည်နည်း။
ချူယောင်၏ ရုပ်ရည်သည် ချန်းရူအာလောက်ပင် မလှသည်ကို ထားလိုက်ဦးတော့။ သူမ၏ ခန္ဓာကိုယ်ကပင်...
ညစ်ပတ်မှုဒီဂရီသည် ချန်းရူအာထက်ပင် ပို၍ ဆိုးရွားနေသေးသည်။
သို့သော် ရဲ့ရှင်းချန်သည် ဤကစားရမည့် အခွင့်အရေးအား လက်လွတ်မခံချင်ပေ။ သူသည် ချက်ချင်းပင် ပြန်စာပို့လိုက်လေသည်။
"မင်းက ငါ့ကို သဘောကျတယ်ပေါ့ တကယ်လား"