မင်းက အရုပ်ဆိုးလွန်းတယ်
Vol. 3 Ch. 29
"ဒါပေမဲ့ မင်းနဲ့ ချန်းရူအာက အချစ်ဆုံးသူငယ်ချင်းတွေ မဟုတ်ဘူးလား ငါက သူ့ကို အခုလေးတင် ဆဲဆိုထားတာ ဒါကို အခု မင်းက ငါနဲ့ လာတွဲမယ်ဆိုရင် မသင့်တော်ဘူး မဟုတ်လား မင်းတို့ရဲ့ ညီအစ်မ သံယောဇဉ်ကို အများကြီး ထိခိုက် သွားစေမှာပေါ့"
ချူယောင်၏ မျက်လုံးများမှာမူ အရောင်လက်သွားတော့သည်။ ဤသည်မှာ သူမအတွက် အခွင့်အရေးရပြီဟု ခံစားလိုက်သည့် အတွက် ဖြစ်လေသည်။
"ဘာ အချစ်ဆုံးသူငယ်ချင်းလဲ"
ဟု သူမမှ တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ မေးလိုက်လေသည်။
"ကျွန်မတို့က ရိုးရိုးသူငယ်ချင်းတွေပါရှင်"
ရဲ့ရှင်းချန် မယုံကြည်မည်အား စိုးရိမ်သည့်အလား ချူယောင်မှ ကပျာကယာ ရှင်းပြလာခဲ့သည်။
"ကျွန်မက သူ့အိမ်မှာ လာနေတာလို့ မထင်လိုက်နဲ့နော် သူက အဖော်ရအောင် ဆိုပြီး ကျွန်မရဲ့ ပစ္စည်းတွေကို သယ်လာခိုင်းတာ ဒါပေမဲ့ ကျွန်မ သူ့အိမ်ကို ရောက်ရောက်ချင်းမှာပဲ ကျွန်မမှာ ပါလာတဲ့ စားနပ်ရိက္ခာတွေ အားလုံးကို သူက ချက်ချင်း သိမ်းသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
"ဒါပေမဲ့ သူ့အမိုးအောက်မှာ နေရတာဆိုတော့ ကျွန်မမှာ ခေါင်းငုံ့ခံ ရုံကလွဲပြီး ရွေးချယ်စရာမှ မရှိတာ ဒေါသထွက်ရင်တောင် ကျွန်မ ဘာမှမလုပ်နိုင်ခဲ့ဘူးလေ"
ထိုအခါ ရဲ့ရှင်းချန်မှ ခေါင်းညိတ်လေသည်။ ချူယောင်မှ ဆက်လက်၍ ပြောလိုက်လေသည်။
"သူ့ကို ကျွန်မ ဘယ်လောက်တောင် မုန်းသလဲဆိုတာ ရှင် သိမှာမဟုတ်ပါဘူး"
"ချန်းရူအာက အပြင်ပန်းကြည့်ရင်တော့ သန့်ရှင်းပုံပေါ်ပါတယ် ဒါပေမဲ့ ဒီမှာ ရက် နည်းနည်းလောက် အတူတူ နေပြီးတဲ့နောက်မှာတော့ စောင်အောက်ထဲမှာ ရေသန့်ဘူးကို အိမ်သာလို သုံးနေတဲ့ သူ့ရဲ့ ပုံစံကို မြင်တွေ့ရလိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့မိဘူး ကျွန်မ ရွံလွန်းလို့ သေတော့မလိုဘဲ အစကတော့ သူနဲ့ ကုတင်ပေါ်မှာ အတူတူအိပ်မလို့ပါပဲ ဒါပေမဲ့ သူ့ရဲ့ ရွံစရာကောင်းတဲ့ အကျင့်ကို မြင်ပြီးနောက်တော့ ကျွန်မလည်း ဆိုဖာပေါ် ပြေးအိပ်လိုက်တော့တာပဲ”
ချူယောင်သည် ရဲ့ရှင်းချန် မှ တစ်ခဏတာ ဒေါသ ထွက်နေခြင်းသာ ဖြစ်မည်အား စိုးရိမ်ပူပန်နေခဲ့ခြင်း ဖြစ်သည်။ သူ၏ ဒေါသများ ပြေလျော့သွား ပြီးနောက် ချန်းရူအာ၏ ခြေသလုံးအား ဆက်၍ ဖက်တွယ်နေမည်ကို သူမ ကြောက်ရွံ့နေမိခဲ့လေသည်။ ထို့ကြောင့် အံ့ကြိတ်ကာ ချန်းရူအာ၏ ညစ်ညမ်းလှသည့် အတွင်းရေးကိစ္စ ဟူသမျှအား ဖောက်သည်ချလိုက်လေသည်။
"လူတိုင်းကတော့ သူ့ကို ဖြူစင်တယ် ကြင်နာတတ်တယ် ပြီးတော့ ကျင်းဟိုင်တက္ကသိုလ်ရဲ့ ကျောင်းအလှနတ်သမီး ဆိုပြီး ပြောကြတာပဲ ဒါပေမဲ့ သူက နေ့တိုင်း ညကလပ်တွေ သွားပြီး ညတိုင်း ယောက်ျားပေါင်းစုံနဲ့ ကုတင်ပေါ်မှာ အိပ်နေခဲ့တယ်ဆိုတာကို ရှင် မသိပါဘူး"
"သူက ရှင်တို့လို ဒုတိယမျိုးဆက် သူဌေးသားတွေနဲ့ပဲ ပတ်သက်နေတာ မဟုတ်ဘူး အသက်ကြီးတဲ့ ပထမမျိုးဆက် သူဌေးကြီးတွေကိုတောင် လက်လွတ်မခံခဲ့တာနော် အဲဒီ ဦးလေးကြီးတွေက သူ့ကို သဘောမကျလို့သာပေါ့ အရင်တုန်းကဆိုရင် ပထမမျိုးဆက် သူဌေးကြီး တစ်ယောက်ကို မြှူဆွယ်ဖို့အတွက် သူက အတွင်းခံကိုချွတ်ပြီး ရေထဲ ပြုတ်ကျသွားသယောင် ဟန်ဆောင်ခဲ့သေးတာ အဲဒီလူကြီးက အလှလေးကို ကယ်တင်တဲ့ သူရဲကောင်းကြီး ဖြစ်လာအောင်လို့လေ
"
"ရယ်စရာကောင်းတာက ဘာလဲသိလား သူ မြူဆွယ်လိုက်တဲ့ အဲ့သူဌေးကြီးက နောက်ဆုံးတော့ ရေကူးကန်ဘေးကို ကူးသွားပြီးနော့ သူ့ကို တစ်ချက်တောင် လှည့်မကြည့်ဘဲ ထွက်သွားခဲ့တာပဲ"
"အို ရှင်းချန် ရှင် သိမှာမဟုတ်ဘူး သူ့ရဲ့ နေ့စဉ် အသုံးစရိတ်တွေ အကုန်လုံးက ရှင်နဲ့ တခြား သူ့နောက်ကို မျက်ကန်းလို လိုက်နေတဲ့ သူတွေ ဆီကနေ လွှဲပေးထားတာချည်းပဲလေ ပြီးခဲ့တဲ့လက ရှင်က သူ့ဆီကို ပိုက်ဆံလွှဲတာ ရုတ်တရက် ရပ်လိုက်တယ်မလား"
"အဲဒါ သူ ဘာသွားလုပ်လဲဆိုတာ ခန့်မှန်းကြည့်ပါလား"
ဤနေရာသို့ အရောက်တွင် ချူယောင်မှ ချန်းရူအာအား ရုတ်တရက် လှမ်းကြည့်လိုက်ပြီးနောက် မျက်လုံး လှန်ပြလိုက်လေသည်။
"အဲဒီ အိတ်အသစ်လေး ရဖို့အတွက် ချန်းရူအာက ဘယ်ကမှ ပိုက်ဆံမရှာနိုင်တော့ နောက်ဆုံးကျတော့ သူ့ကိုယ်သူ သွားရောင်းစားတော့တာပဲ"
"တစ်ညကိုမှ ၁၅၀၀ တည်းလေ ဘယ်လောက်တောင် စျေးပေါပြီး ညစ်ပတ်လိုက်သလဲ"
"ကံကောင်းလို့ ရှင် စောစော သတိဝင်လာလို့ပေါ့ ရှင်းချန်ရယ် အဲဒီလိုမှမဟုတ်ဘဲ သူ့နားမှာသာ ဆက်နေနေရင် ဘယ်လို ရောဂါဆိုးတွေ ကူးစက် ခံရမလဲဆိုတာ ဘယ်သူက သိနိုင်မှာတဲ့လဲ"
ရဲ့ရှင်းချန်သည်လည်း ချန်းရူအာ၏ ကိုယ်ရေးကိုယ်တာ စရိုက်မှန်သည် ဤမျှအထိ ဆိုးရွားနေကြောင်းအား ပထမဆုံးအကြိမ် သိရှိလိုက်ရခြင်း ဖြစ်လေသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ဘဝသစ် တစ်ဖန် ပြန်လည်၍ မွေးဖွားလာခဲ့သော်ငြား ချန်းရူအာဆိုသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး အကောက်ကြံ တတ်ကာ စိတ်သဘောထား သေးသိမ် သူ တစ်ယောက် အဖြစ်သာ သိထားခဲ့ခြင်း ဖြစ်သည်။ သူမသည် အပျိုတစ်ယောက် ဖြစ်ကြောင်း ကြွားလုံးထုတ်လျှက် လူအနည်းငယ်နှင့် ချိန်းတွေ့ချင် နေစဉ်တွင် သူ့အားလည်း ကပ်တွယ်နေခဲ့ ကြောင်းကိုသာ သိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အဆုံးတွင်မူ ချန်းရူအာ၏ သီးသန့် ဘဝသည် ဤမျှတိုင်အောင် ညစ်ညမ်းနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ သူမ၏ ပုံရိပ် အတွက် ဂုဏ်သိက္ခာအား ထိန်းသိမ်းရန်အလို့ငှာ နောက်ဆုံးပေါ် အမှတ်တံဆိပ် အိတ်အား ရရှိနိုင်ရန် ဤကဲ့သို့သော နည်းလမ်းဖြင့် ငွေရှာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ရဲ့ရှင်းချန်သည် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်း လိုက်လေတော့သည်။ ဤလောကကြီးသည် အလွန်တရာ ရယ်စရာ ကောင်းလှသည်ဟု ရုတ်တရက် ခံစားလိုက်မိတော့သည်။
ကံကောင်းထောက်မစွာဖြင့် ချန်းရူအာသည် သူ့အပေါ်၌ မည်သည့် လက်တွေ့ကျသော တိုးတက်မှုကိုမျှ ပြုလုပ်ရန် ဆန္ဒမရှိခဲ့ပေ။ ဤအကြောင်းအား တွေးမိသောအခါ ရဲ့ရှင်းချန်မှာ ပျို့အန်ချင်စိတ်များပင် ပေါ်ပေါက်လာခဲ့ရလေသည်။ အကယ်၍သာ ထိုစဉ် အချိန်များတွ၍် ချန်းရူအာသည် သူ၏ ရှေ့တွင် အေးစက်စက် နတ်ဘုရားမတစ်ပါး၏ ပုံရိပ်အား ထိန်းသိမ်းမထားခဲ့ပါက သူမကြောင့် သူသည် တစ်စုံတစ်ရာသော ညစ်ပတ်သည့် ရောဂါဆိုးများပင် ကူးစက်ခံရနိုင်ချေ ရှိနေခဲ့သည် မဟုတ်လော။
အတိတ်ကာလများတွင် ထိုကဲ့သို့သော မိန်းမတစ်ယောက်၏ အရူးလုပ် ကစားခြင်းအား ခံခဲ့ရသည်မှာ များစွာ နှမြောစရာ ကောင်းလှပေသည်။
ရဲ့ရှင်းချန်အနေဖြင့် သူ့ကိုယ်သူ သနားမိရမည်လား သို့တည်းမဟုတ် ချန်းရူအာမှ သူ့ကို ငြင်းပယ်ခဲ့ခြင်း အတွက် ဝမ်းမြောက်နေရမည်လား ဆိုသည်ကိုပင် မဝေခွဲ တတ်တော့ပါချေ။
"သူ့ရဲ့ ဖြူဖွေး သန့်စင်နေတဲ့ မျက်နှာလေးကို သွားမကြည့်နဲ့နော် တကယ်တော့ သူရဲ့ ဗိုက်ထဲမှာ သန္ဓေသားပေါင်းများစွာ သေဆုံးခဲ့ဖူးတယ် တချို့ဆို သူတို့ရဲ့အဖေက ဘယ်သူမှန်းတောင် မသိလိုက်ဘူး"
"အထက်တန်းကျောင်းတည်းက သူ့မှာ ရှူးဂါးဒယ်ဒီ ရှိနေခဲ့တာ နှစ်တွေကြာလာတာ နဲ့အမျှ သူ့ရဲ့ ရှူးဂါးဒယ်ဒီတွေကလည်း အကြိမ်ကြိမ် ပြောင်းလဲနေခဲ့ပြီလေ"
ရဲ့ရှင်းချန်သည် တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် အသံဖမ်းသည့် မျက်နှာပြင်အား ဖွင့်ထားလိုက်လေသည်။ ချူယောင်သည် ချန်းရူအာအပေါ် သိသိသာသာပင် မကျေမနပ် ဖြစ်နေကြောင်း ထင်ရှားလှပေသည်။
ဤသို့သော် အခြေအနေများအား နားလည်ရန်မှာ မခက်ခဲလှပေ။ မည်သို့ပင်ဆိုစေ ချူယောင်သည်လည်း ထိပ်တန်း အလှပိုင်ရှင် တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူ ဖြစ်သည် မဟုတ်ပါလော။ ကျောင်း အလှနတ်သမီးဆု အတွက်ပင် အမည်စာရင်း၌ အဆိုပြု တင်သွင်းခံခဲ့ရဖူးလေသည်။ ကံမကောင်းစွာဖြင့် ချန်းရူအာ၏ မဲအရေအတွက်မှ များပြားလွန်းနေခဲ့သည် ဖြစ်ရာ သူမသည် ထက်ဝက်ခန့်မျှ အင်အားသုံး ဖိနှိပ်ခြင်းအား ခံခဲ့ရခြင်း ဖြစ်သည်။
ချူယောင်နှင့် ချန်းရူအာတို့သည် အထက်တန်းကျောင်းတည်းမှ တစ်ယောက်ကို တစ်ယောက် သိကျွမ်းခဲ့ကြသူများ ဖြစ်ကြလေသည်။ သူတို့သည် နှစ်ပေါင်းများစွာ ညီအစ်မများသဖွယ် နေထိုင် လာခဲ့ကြသော်လည်း ခန္ဓာကိုယ် အချိုးအစား ရုပ်ဆင်းသဏ္ဌာန် သို့မဟုတ် စာမေးပွဲအမှတ်စာရင်း မည်သည့်ဘက်တွင်မဆို ချန်းရူအာမှ ချူယောင်ထက် အမြဲတစေ သာလွန်နေခဲ့လေသည်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအပြီး နွေရာသီကျောင်းပိတ်ရက် မတိုင်မှီအထိ ဖြစ်သည်။ ချူယောင် သည် ရည်းစားရ ပြီးနောက်ပိုင်းတွင် သူမသည် ရုတ်တရက်ပင် ဒုတိယအကြိမ် အရွယ်ရောက်ခြင်းအား စတင်လာခဲ့လေသည်။ တက္ကသိုလ်ရောက်ချိန်တွင်မူ သူမသည် ကောက်ကြောင်း လှပသည့် နတ်ဘုရားမ တစ်ပါး အဖြစ်သို့ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ရုပ်ဆင်းသဏ္ဌာန်မှာလည်း ယခင်ကထက် များစွာ ပိုမိုလှပလာခဲ့လေသည်။
သို့သော် အဆုံးတွင်မူ သူမသည် ချန်းရူအာအား မယှဉ်နိုင်သေးချေ။
ချူယောင်သည် ချန်းရူအာ၏ ဘေးတွင် ရပ်နေရသည်မှာ ချန်းရူအာအား အမြဲတမ်း ပံ့ပိုးပေးရမည့် နောက်ခံ အရံလူ တစ်ဦး အလား ဖြစ်နေခဲ့ရလေသည်။
သို့ရာတွင် ဤလောက၌ အခြားမိန်းမတစ်ဦးအား ပိုမို ပေါ်လွင်စေရန် အတွက် မည်သည့် မိန်းမကမှ အရံသစ်ရွက်စိမ်းလေး အဖြစ် လိုလားစွာဖြင့် နှိမ့်ချ၍ နေချင်ပါမည်နည်း။
ထို့ပြင် ချူယောင်၏ အခြေအနေများသည်လည်း မဆိုးလှချေ။
သူမ၏ ဒေါသများအား ဖွင့်ထုတ်လိုက် ပြီးနောက် ချူယောင်သည် သူမ၏ မူလ အကြောင်းအရာဆီသို့ ပြန်လှည့်လာခဲ့သည်။
"တကယ်တော့ ကျွန်မ ရှင့်ကို သတိထားမိနေတာ ကြာပါပြီ အဲဒီ အချိန်ကတည်းက ရှင့်ကို သဘောကျနေခဲ့တာ"
"ဒါပေမဲ့ ရှင့်မျက်လုံးထဲမှာ ချန်းရူအာ တစ်ယောက်ပဲ ရှိနေခဲ့တယ် ကျွန်မ ဘယ်လောက်တောင် ဝမ်းနည်းရလဲဆိုတာ ရှင် သိရဲ့လား"
"အထူးသဖြင့် ချန်းရူအာအကြောင်း အများကြီး သိနေရက်နဲ့ ရှင့်ကို မပြောပြနိုင်ခဲ့တဲ့ အချိန်တွေမှာလေ ရှင့်အတွက် ကျွန်မ ဘယ်လောက်တောင် စိုးရိမ် ပူပန်နေရလဲဆိုတာ ရှင်သိလား"
"ရှင့်ကို သူ လှည့်စားသွားမှာကို ကျွန်မ အရမ်းကြောက်ခဲ့ရတာ ဘာပဲဖြစ်ဖြစ် သူက လိမ်ညာတဲ့နေရာမှာ အတော်ဆုံးပဲလေ"
"ဒါပေမဲ့ ကံကောင်း ထောက်မစွာနဲ့ တကယ့်ကို ကံကောင်းလို့ ရှင် သူ့ရဲ့ မျက်နှာ အစစ်အမှန်ကို သိသွားပြီး သတိပြန်ဝင်လာလို့သာပေါ့"
"ကျွန်မကို ရှင့်ရဲ့ ချစ်သူ ဖြစ်ခွင့်ပေးပါ ကျွန်မက ချန်းရူအာလိုမျိုး ဖောက်ပြန်မှာ မဟုတ်ပါဘူး ရှင့်ကို သေချာပေါက် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးမှာပါ"
"ဒါ့အပြင် အခုချိန်မှာ ရှင်အိမ်မှာ တစ်ယောက်တည်း အထီးကျန်နေတယ် မဟုတ်လား ရှင့်ဘေးနားမှာ မိန်းမ တစ်ယောက်သာ ရှိနေမယ်ဆိုရင် ရှင့်ဘဝက အများကြီး ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာမှာပါ မဟုတ်ဘူးလား"
ချူယောင်သည် ချန်းရူအာနှင့် မတူပေ။ သူမသည် မိန်းမပျိုလေးတစ်ဦး၏ ဟန်ပန်အား ထိန်းသိမ်းမထားသလို ချန်းရူအာကဲ့သို့ အေးစက်သည့် နတ်ဘုရားမ ပုံစံမျိုးလည်း မရှိချေ။ သူမမှ သွယ်ဝိုက်ကာ ပြောနေပါက ရဲ့ရှင်းချန်မှ နားမလည်မည်ကို စိုးရိမ်နေခဲ့သည့် အတွက် ဖြစ်လေသည်။
ရဲ့ရှင်းချန်သည် ၎င်းအား ရယ်စရာကောင်းလှသည်ဟုသာ ခံစားလိုက်ရတော့သည်။ ချူယောင်သည် ချန်းရူအာအား ညစ်ပတ်ကာ ကာမဂုဏ်လိုက်စားသူဟု တတွတ်တွတ် ပြောနေသည့်တိုင် သူမ ကိုယ်တိုင်သည်လည်း ချန်းရူအာထက် မည်မျှလောက် ပို၍ သန့်ရှင်းနေပါလိမ့်မည်နည်း။
သူသည် အသံဖမ်းထားသည့် ဖိုင်အား ချန်းရူအာထံသို့ ပေးပို့လိုက်တော့သည်။ ထို့နောက် ချူယောင်ထံသို့ စာပြန်လိုက်လေသည်။
"မင်း ငါ့ကို ဒီလောက်တောင် သဘောကျတယ်လို့ ကြားရတာ တကယ်တော့ ငါ တော်တော်လေး စိတ်လှုပ်ရှားမိပါတယ် ဒါပေမဲ့ ငါ့ကောင်မလေး ဖြစ်ဖို့ ကိစ္စကိုတော့ မင်း မေ့လိုက်တာ ပိုကောင်းလိမ့်မယ် ထင်တယ်"
ရဲ့ရှင်းချန်မှ သူမအား မည်သည့် အတွက်ကြောင့် ငြင်းပယ်ရသည်အား ချူယောင် မှ နားမလည်နိုင် ဖြစ်သွားခဲ့ရသည်။
"ဘာဖြစ်လို့လဲ ရှင့်အနားမှာ အဖော်ပြုပေးမယ့် မိန်းမတစ်ယောက် မလိုအပ်ဘူးလား"
ရဲ့ရှင်းချန်မှ ဖုန်းအား ယူလိုက်ကာ အသံမှ စာသားသို့ ပြောင်းသည့် ခလုတ်အား နှိပ်လိုက်လေသည်။
"ငါ မိန်းမတစ်ယောက် လိုအပ်နေတာ မှန်ပေမဲ့ မင်းက ရုပ်ဆိုးလွန်းတယ် ငါကလည်း အောက်ကျခံ အနစ်နာခံပြီး မပေါင်းချင်ဘူး"
မက်ဆေ့ခ်ျပို့ပြီးနောက် ရဲ့ရှင်းချန်သည် သူ၏ဖုန်းအား အသံတိတ်မုဒ်သို့ ပြောင်းထားလိုက်ပြီးနောက် ရုပ်ရှင်ကြည့်ကာ အစာစားခြင်းကိုသာ ဆက်လက် အာရုံစိုက်နေလိုက်တေ့ာသည်။
ရဲ့ရှင်းချန်ထံမှ မက်ဆေ့ခ်ျအား မြင်သောအခါ ချူယောင်သည် အကြီးအကျယ် ဒေါသထွက်သွားတော့သည်။
‘ရဲ့ရှင်းချန်က အခု ဘာပြောလိုက်တာလဲ’
‘ငါက အရုပ်ဆိုးလွန်းတယ်လို့ သူက တကယ်ကြီး ပြောရဲတာလား’
‘ငါနဲ့တွဲဖို့ကို သူ့ကိုယ်သူ အတင်းအကျပ်တောင် မလုပ်နိုင်ဘူးလို့ တကယ်ကြီး ပြောလိုက်တာလား’
ချူယောင်သည် ဒေါသထွက်လွန်းသဖြင့် သူမ၏ မျက်နှာ အမူအရာများသည် ရှုံ့မဲ့ ယိုယွင်းသွားလုမတတ် ဖြစ်သွားခဲ့ရလေသည်။ သူမသည် ချန်းရူအာထက် အနည်းငယ် ရုပ်ရည်အရ ညံ့ဖျင်း နေလျှင်တောင် မရေမတွက်နိုင်သည့် နောက်မှလိုက်သူ များစွာ ဝန်းရံနေသည့် နတ်ဘုရားမ တစ်ပါးဖြစ်နေဆဲပင် ဖြစ်လေသည်။