သနားစရာ ချန်းရူအာ
Vol. 3 Ch. 32
ကျန်းဖုန်းသည် ချန်းရူအာ၏ အိမ်သို့ အပြေးအလွှား ရောက်ရှိလာသောအခါ သူမသည် သူ့အား အိမ်အတွင်းသို့ လှိုက်လှဲစွာဖြင့် ဖိတ်ခေါ်လိုက်လေသည်။
ကျန်းဖုန်း၏ တင်ပါးသည် ဆိုဖာပေါ်သို့ ထိုင်မိသည်နှင့် တစ်ပြိုင်နက် ချန်းရူအာမှ သူ၏ ရင်ခွင်ထဲသို့ မှီချလိုက်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။
"ဟင့် ဟင့် ဟင့် ညီမ အရမ်းကြောက်တာပဲ အဲဒီ ရဲ့ရှင်းချန် ဆိုတဲ့ကောင်က တကယ့် တိရစ္ဆာန်ပဲ"
"ညီမက သူ့ဆီမှာ စားစရာလေး နည်းနည်း သွားပြီး ချေးငှားရုံတင်ပါ ဒါပေမဲ့ သူက သူက ညီမကို စော်ကားတယ်"
"သူက ညီမကို အတင်းအဓမ္မ သူနဲ့ အိပ်ခိုင်းတယ် ညီမက ငြင်းလိုက်တော့ သူက ညီမကို ရိုက်နှက်တယ်"
ချန်းရူအာ့ ကိုယ်ပေါ်ရှိ ပွန်းပဲ့ ဒဏ်ရာများမှာ ယမန်နေ့မှ ချူယောင်နှင့် ရန်ဖြစ်ထားခြင်းကြောင့် ရရှိထားခြင်း ဖြစ်သော်လည်း ယခုအခါ ထိုဒဏ်ရာများအား ရဲ့ရှင်းချန်ကြောင့်ဟု သူမသည် ဗြောင်ကျကျပင် လွှဲချလိုက်လေတော့သည်။
"ကျန်းဖုန်းရယ် ညီမ အရမ်းဝမ်းနည်းတာပဲ ညီမတို့ မိသားစုက စည်းကမ်း ကြီးတယ်ဆိုတာ အစ်ကိုလည်း သိတာပဲလေ အရင်က သူ့အချစ်ကို ငြင်းပယ်ခဲ့ဖူးတာလေးနဲ့ပဲ အခုလိုမျိုး အခုလိုမျိုး စကားလုံးတွေ သုံးပြီး ညီမကို အရှက်ခွဲတယ်"
ထိုအခါ ကျန်းဖုန်း၏ ရင်ထဲတွင် ဒေါသထွက်မှုများ နှင့်အတူ ကြည်နူးမှုတို့ပါ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာခဲ့လေသည်။
သူ ဒေါသထွက်ရခြင်းမှာ ရဲ့ရှင်းချန်မှ ဤမျှအထိ အရှက်မရှိဘဲ သူ၏ရူအာလေးအား အနိုင်ကျင့်ရဲသည့် အတွက်ကြောင့် ဖြစ်ပေ။ သို့ရာတွင် ချန်းရူအာသည် မတရား အနိုင်ကျင့်ခံ ရပြီးနောက် သူ၏ ထံသို့ ဦးစွာပြေးလာကာ ရင်ဖွင့် တိုင်တန်းခြင်းအား တွေးမိချိန်တွင် ချန်းရူအာ၏ နှလုံးသားထဲတွင် သူသည် အလွန် အရေးပါသောသူ ဖြစ်နေကြောင်း သိလိုက်ရသဖြင့် ကျေနပ် ကြည်နူးသွားရတော့သည်။
သူ၏နှလုံးသား တစ်ခုလုံး နာကျင်သွားရကာ အလျင်စလို ပြန်ပြောလိုက်သည်။
"ရူအာ မငိုပါနဲ့တော့ ကိုယ် အခုပဲ အဲဒီခွေးကောင် ရဲ့ရှင်းချန်ဆီ သွားလိုက်မယ် မင်းကို ဒီလို ဆက်ဆံရဲတဲ့ ကောင်ကို ကိုယ် သတ်ပစ်လား မပစ်ဘူးလားဆိုတာ စောင့်သာ ကြည့်နေလိုက်"
ချန်းရူအာနှင့် ချူယောင်တို့ နှစ်ယောက်မှာမူ ဤကျန်းဖုန်းသည် လှည့်စားရ အလွန်ပင် လွယ်ကူလှသည်ဟု တွေးလျှက် တိတ်တဆိတ် အကဲခတ် လိုက်ကြလေတော့သည်။ သူတို့သည် လူရွေးမှန်သွားခဲ့ကြပြီ ဖြစ်သည်။
အစကမူ ချန်းရူအာသည် ကျန်းဖုန်း၏ ဦးနှောက်အား ဆေးကြောရန် အတွက် စကားလုံးပေါင်း များစွာ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ဤလူမိုက်မှာ မည်သို့မျှ ဆွဲဆောင် စည်းရုံးရန်ပင် မလိုအပ်ဘဲ သူ ကိုယ်တိုင်ကပင် သူရဲကောင်း လုပ်ချင်နေသဖြင့် သူမအတွက် ခွန်အားများစွာ သက်သာသွားခဲ့လေသည်။
သူမသည် ကျန်းဖုန်း၏ လက်တစ်ဖက်အား ဆုပ်ကိုင်ထားကာ မျက်ရည်ဝဲနေသည့် မျက်ဝန်းများဖြင့် သူ့အား စိုက်ကြည့် လိုက်လေတော့သည်။
"ရဲ့ရှင်းချန်အိမ်မှာ ပစ္စည်းတွေ အများကြီးရှိတယ် လျှပ်စစ်မီး ထုတ်တဲ့ စက်တွေတောင် ရှိနိုင်တယ် အရင်က ညီမနဲ့ ယောင်ယောင် သူ့ဆီသွားတုန်းက မီးပျက်နေတာတောင် သူ့အိမ်မှာ အနွေးဓာတ်ရနေသေးတယ် သူ နွေရာသီ အအေးမိရောဂါ ဖြစ်နေတယ်လို့တောင် ညီမကို ပြောသေးတယ်နော်"
"သူက သိပ်ယုတ်မာတာပဲ"
ချန်းရူအာသည် စကားစအား ရပ်လိုက်ပြီးနောက် 'ခွေးကောင်' ဟူသော စကားလုံးအား ထုတ်ပြောမိမတတ် ဖြစ်သွားသဖြင့် အမြန်ပင် စကားလွှဲလိုက်ရလေသည်။
"အဲဒီလို လူယုတ်မာက ဘာလို့ ဒီလောက် ကောင်းကောင်း မွန်မွန် နဲ့ နေနိုင်ရတာလဲ"
"ညီမနဲ့ ယောင်ယောင်လည်း ဘာမှမစားရတာ ကြာလှပြီ ကျန်းဖုန်းရယ် တို့တွေ သူ့အိမ်ကိုလုယူပြီး နောင်ကျ အတူတူနေကြဖို့ နည်းလမ်းလေးများ မစဉ်းစားသင့်ဘူးလား"
ကျန်းဖုန်းသည် ရဲ့ရှင်းချန်အား လုံးဝမနှစ်မြို့ချေ။
သူတို့ နှစ်ဦးစလုံးသည် ချန်းရူအာအား လိုက်နေကြသူများ ဖြစ်ကြသည့်တိုင် ရဲ့ရှင်းချန်၏ မိသားစုနောက်ခံမှာ ကျန်းဖုန်းထက် အဆပေါင်းများစွာ သာလွန်နေခဲ့လေသည်။ ကျန်းဖုန်း၏ မိသားစုတွင် ငွေ အနည်းငယ်သာ ရှိကာ ချန်းရူအာကဲ့သို့ မိန်းကလေးမျိုးအား လိုက်ရန် သိန်းထောင်ချီ သောင်းချီ၍ မသုံးစွဲနိုင်ချေ။ ထို့ကြောင့် သူသည် ရဲ့ရှင်းချန်နှင့် သူ၏ ဝမ်းကွဲအစ်ကို ဖြစ်သူတို့အား အမြဲတမ်း မနာလိုဖြစ်ခဲ့ရလေသည်။
သို့သော် အခုတော့
ချန်းရူအာမှ ကျန်းဖုန်း၏ လက်မောင်းအား တင်းကြပ်စွာ ဖက်တွယ်ထားရာတွင် သူမ၏ ဆံနွယ်စလေးများသည် ကျန်းဖုန်း၏ မျက်နှာပေါ်သို့ လာရောက်ထိခတ်နေခဲ့သည်။
ထိုခဏတွင် ကျန်းဖုန်းသည် ရဲ့ရှင်းချန် ဆိုသည်မှာ မည်သည့် ကောင်မှ မဟုတ်ဟု ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေကာမူ အခုချိန်တွင် ချန်းရူအာ၏ အနားတွင် ရှိနေသူမှာ သူ သာလျှင်ဖြစ်ကာ သူမကိုယ်တိုင်မှ သူ့အား လာရောက်ရန် ဖိတ်ခေါ်ခဲ့ခြင်း မဟုတ်ပါလော။
"ကောင်းပါပြီ ကောင်းပါပြီ ရူအာ ပြောတဲ့အတိုင်း အကုန် လုပ်ပေးပါ့မယ်"
ကျန်းဖုန်းသည် အသိစိတ် အာရုံများ လွတ်ကင်းနေခဲ့ ပြီဖြစ်သည်။ ချူယောင်မှ ချန်းရူအာအား မျက်ရိပ်ပြလိုက်ပြီးနောက် မီးဖိုချောင်ထဲသို့ တိတ်တဆိတ် ဝင်သွားလိုက်ကာ သစ်သီးလှီး ဓားနှစ်ချောင်းနှင့် ဟင်းသီးဟင်းရွက်လှီး ဓားမကြီး နှစ်လက်အား ယူဆောင်လာခဲ့လေသည်။
"ဒါပေမဲ့ ရဲ့ရှင်းချန်က အရမ်း ကောက်ကျစ်လွန်းတယ် နင် ဒဏ်ရာရသွားမှာ စိုးရိမ်မိတယ် ဒီလိုလုပ်ပါလား ကျန်းဖုန်း နင် လက်နက်တစ်ခုခု ယူသွားပါလား"
ဓားမကြီး နှစ်လက်အား ကျန်းဖုန်း၏ လက်အတွင်းသို့ ထိုးထည့် ပေးလိုက်သော်လည်း သူမသည် အနည်းငယ် တုံ့ဆိုင်းနေဟန် ပြနေခဲ့လေသည်။
"ငါ သူ့ကို ဓားနဲ့ခုတ်လို့ သေသွားရင် ဘယ်လိုလုပ်မလဲ"
ချူယောင်မှ ဆက်လက်၍ မြှောက်ပင့်ပေးလိုက်လေသည်။
"သေသွားတော့ရော ဘာဖြစ်လဲ သူ မသေရင်တောင် ငါတို့က ပိုကြောက်နေရအုန်းမယ် တကယ်လို့ သူ အသက်ရှင်နေပြီး ငါတို့ကို ပြန်လက်စားချေရင် ဘယ်လိုလုပ်ကြမလဲ"
လူသတ်သည်ဟု ပြောရသည်မှာ လွယ်ကူလှသော်လည်း ယခုကဲ့သို့ ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းတွင် လူတစ်ယောက်အား အမှန်တကယ် သတ်မိပါမူ ထောင်ချခံရမည် သို့မဟုတ် သေဒဏ်ပေးခံရမည် ဖြစ်လေသည်။
ကျန်းဖုန်းသည် လက်ထဲတွင် ဓားမကြီးကို ကိုင်ထားရင်း အနည်းငယ် တွေဝေနေမိလေသည်။ ဤသည်အား မြင်သောအခါ ချန်းရူအာမှ အလျင်အမြန်ပင် ဟန်ဆောင်၍ ငိုကြွေးပြ ပြန်လေသည်။
"ဟုတ်တယ် ဟုတ်တယ် အဲဒီ ရဲ့ရှင်းချန်ကလေ အဲဒီတုန်းက ညီမအင်္ကျီတွေကို တစ်ဝက်လောက် ချွတ်ပစ်လိုက်တာ ကံကောင်းလို့ ယောင်ယောင် အချိန်မီရောက်လာပြီး ညီမကို ကယ်လိုက်လို့ပေါ့ မဟုတ်ရင် ညီမ ညီမတော့ သေသာ သေလိုက်ချင်တော့တာပဲ"
သူမသည် ငိုကြွေးရင်းဖြင့် ကျန်းဖုန်း၏ ရင်ခွင်အတွင်းသို့ ထပ်မံ၍ မှီချလိုက်ပြန်ကာ သူ၏နားနားသို့ ကပ်၍ တရှိုက်ရှိုက် ငိုပြလေတော့သည်။
နောက်ဆုံးတွင် သူမ၏ လှည့်ကွက်များမှာ အလွန်ပင် အစွမ်းထက်လှပေသည်။ ကျန်းဖုန်းသည် အစပိုင်းတွင် တွေဝေ နေခဲ့သော်လည်း ချန်းရူအာ၏ ကြေကွဲဖွယ်ရာ ငိုရှိုက်သံအား ကြားလိုက်ရသောအခါ စောင်အား ကြမ်းတမ်းစွာ စည်းနှောင်ထားသော 'ချည်စောင်ထူကြီး' အတွင်းသို့ ဓားမကြီးအား ချက်ချင်းပင် ထိုးသွင်း ဝှက်သိမ်းလိုက်လေတော့သည်။
"သွားကြစို့ အချိန်ဆွဲမနေနဲ့တော့ ပြဿနာ ထပ်မတက်ခင် အခုပဲ သွားကြမယ်"
သူတို့အဖွဲ့တွင် မိန်းမနှစ်ယောက်နှင့် ယောက်ျားတစ်ယောက် သာ ပါဝင်ကြလေသည်။ ကျန်းဖုန်းမှ ဓားမကြီး နှစ်လက်အား ရင်ခွင်ထဲတွင် ဝှက်ထားပြီးနောက် ချန်းရူအာနှင့် ချူယောင်တို့မှာမူ သစ်သီးလှီးဓား တစ်လက်စီကို ကိုင်ဆောင်ထားကြသည်။
မကြာမီ သူတို့သည် ရဲ့ရှင်းချန်၏ အိမ်ရှေ့သို့ ရောက်ရှိ လာကြတော့သည်။
ပထမထပ်မှာ နှင်းများဖုံးလွှမ်းလျှက် ပိတ်ဆို့နေပြီ ဖြစ်သဖြင့် ယခု သူတို့သည် ရဲ့ရှင်းချန်၏ ဒုတိယထပ် တံခါးရှေ့တွင် ရပ်နေကြခြင်း ဖြစ်သည်။
ချန်းရူအာနှင့် ချူယောင်တို့သည် ဘေးဘက်ရှိ ထောင့် တစ်နေရာတွင် ပုန်းကွယ်နေခဲ့ကြကာ ကျန်းဖုန်း တစ်ယောက်တည်းသာ ရှေ့သို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။
"ရှင်းချန် ရှင်းချန် အိမ်မှာရှိလား ငါ ကျန်းဖုန်းပါကွ"
"မင်း အိမ်မှာရှိလား ရှင်းချန် ငါ မင်းနဲ့ ကိစ္စလေး တစ်ခုလောက် ဆွေးနွေးချင်လို့ပါ အဆင်ပြေရင် တံခါးလေး ဖွင့်ပေးနိုင်မလား ငါ အထဲဝင်ပြီး အသေးစိတ် ပြောပြပါ့မယ်"
ကျန်းဖုန်းသည် တံခါးအား မှီလျှက် တံခါးကိုလည်းခေါက် လူခေါ် ခေါင်းလောင်းအားလည်း နှိပ်နေခဲ့လေသည်။ လျှပ်စစ်မီး ပြတ်တောက် သွားပြီဖြစ်သဖြင့် လူခေါ် ခေါင်းလောင်း အလုပ်လုပ်ခြင်း ရှိမရှိကိုမူ သူ မသိပေ။
"ကျန်းဖုန်း"
ရဲ့ရှင်းချန်သည် ခေါင်းမော့လိုက်ကာ ရုပ်ရှင်ကြည့်နေခြင်းအား ရပ်တန့်လိုက်လေသည်။ ကျန်းဖုန်းမှ သူ့အား လာရှာရသည့် အကြောင်းရင်းကို သူ နားမလည်နိုင်ခဲ့ချေ။ အချစ်ပြိုင်ဘက်များ တွေ့ဆုံချိန်တွင် အထူးသဖြင့် မနာလိုဝန်တိုမှုများ ရှိတတ်သည် မဟုတ်ပါလော။ သူသည် ချန်းရူအာအား မကြိုက်တော့လျှင်တောင် သူနှင့် ကျန်းဖုန်းတို့သည် သူငယ်ချင်းများ လုံးဝမဟုတ်ကြပေ။
သူသည် အဝေးထိန်းခလုတ်အား ယူလျှက် ရုပ်ရှင်အား ခဏရပ်တန့်လိုက်ပြီးနောက် ထရပ်လိုက်ကာ အိမ်ပတ်ပတ်လည်ရှိ လုံခြုံရေးကင်မရာများအား စစ်ဆေးကြည့်လိုက်လေသည်။
သူ၏ အိမ်နောက်ကွယ်တွင် ပုန်းအောင်းနေသည့် ချန်းရူအာနှင့် ချူယောင်တို့အား သူ တွေ့လိုက်ရတော့သည်။ သူတို့သည် ခေါင်းပြူထွက်လျှက် ကျန်းဖုန်းရှိရာသို့ လှမ်းကြည့်နေခဲ့ကြကာ ကျန်းဖုန်းသည်လည်း သူ၏ရင်ဘတ်အား မကြာခဏ ပွတ်သပ် ကိုင်တွယ်နေသည်ကို မြင်တွေ့လိုက်ရသည်။
‘ဟင် အဲဒါ ဘာကြီးလဲ ဓားမကြီးလား’
ကျန်းဖုန်းသည် အင်္ကျီအား ဆွဲဖွင့်လျှက် ရင်ခွင်ထဲရှိ ဓားမကြီး၏ နေရာအား ပြုပြင်နေသည်ကို ရဲ့ရှင်းချန် ပကင်မရာမှ မြင်တွေ့လိုက်ရသည်။
ရဲ့ရှင်းချန်သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သည့် အတွက် ချန်းရူအာ မည်မျှ ယုတ်မာကြောင်းအား သိထားသည့်တိုင်အောင် လုံခြုံရေးကင်မရာပေါ်ရှိ မြင်ကွင်းအား မြင်လိုက်ရသောအခါ အသက်ရှူ မှားသွားရလေသည်။
ချန်းရူအာမှ သူ၏ အသက်အား ဤမျှမြန်မြန် သတ်ပစ်ရန် ကြံစည်လိမ့်မည်ဟု သူ အမှန်ပင် မထင်ထားခဲ့ချေ။ ရဲ့ရှင်းချန်၏ မျက်လုံးများသည် အေးစက်သွားပြီးနောက် သူ၏ နေရာလွတ်ထဲမှ ပစ္စတို တစ်လက်အား ထုတ်လိုက်ကာ ကျည်ထိုးလိုက်လေသည်။
သူသည် ဓာတ်လှေကားဖြင့် တတိယထပ်သို့ တက်သွားပြီးနောက် ဒုတိယထပ်ရှိ တစ်လမ်းသွား အသံပို့စနစ်အား နှစ်လမ်းသွား အသံပို့စနစ်သို့ ပြောင်းလဲရန် တတိယထပ် ထိန်းချုပ်ခန်း အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
"ဘယ်သူလဲ"
ကျန်းဖုန်းသည် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ကာ အော်ခေါ်နေသော်လည်း မည်သူမျှ ပြန်မထူးသဖြင့် သူ၏လုပ်ရပ်များသည် အခြားသူများ၏ အာရုံစိုက်မှုအား ခံရမည်ကို ထိတ်လန့်ကာ စိုးရိမ်ပူပန်နေခဲ့သည်။
ရဲ့ရှင်းချန်၏ အသံအား ကြားလိုက်ရသောအခါ ကျန်းဖုန်း၏ မျက်လုံးများ အရောင်လက်သွားခဲ့သည်။ သူသည် ချန်းရူအာနှင့် ချူယောင်တို့ကို အသင့်ပြင်ထားရန် အလျင်အမြန် လက်ဟန်ပြလိုက်လေသည်။
ကျန်းဖုန်းမှ ဆက်လက်၍ ပြောဖြေလိုက်သည်။
"ရှင်းချန် ငါ ကျန်းဖုန်းပါ ငါ့အိမ်မှာ စားစရာ ဘာမှမရှိတော့လို့ မင်းဆီက စားစရာလေး တစ်ခုခုများ ရနိုင်မလားလို့ပါကွာ"
သူ၏အသံမှာ တောင်းပန် တိုးလျှိုးနေသော်လည်း သူ၏ မျက်လုံးထဲရှိ ရူးသွပ်မှုများအား ရဲ့ရှင်းချန် ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။
"ငါ့ဆီလာရှာလည်း အလကားပဲ ငါ့အိမ်မှာ စားစရာ ဘာမှမရှိဘူး"