← Chapters

မေးခိုင်ရောဂါ (၁)

Vol. 3 Ch. 39

မေးခိုင်ရောဂါ (၁)

Vol. 3 Ch. 39

သူတို့ အနည်းငယ်သည် တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာ ကြည့်လိုက် မိကြတော့သည်။ ၎င်းသည် ဤနေရာသို့ သူတိူ့ အုပ်စဖွဲ့ကာ လာရခြင်း၏ မူလရည်ရွယ်ချက် ဖြစ်ပေသည်။

မာချောင်းဝမ်၏ မျက်ခုံးများ တင်းကျပ်စွာ တွန့်ချိုးသွားခဲ့တော့သည်။ တစ်ဖက်တွင် ရဲ့ရှင်းချန်အား မုန်းတီးသော်လည်း အခြားတစ်ဖက်တွင်မူ မနာလိုဖြစ်ခြင်း ကြောက်ရွံ့ခြင်းနှင့် ဝေခွဲမရဖြစ်ခြင်းတို့အား ခံစားနေရလေသည်။

မိမိ၏ သူငယ်ချင်းကောင်းအား အသက်ဆုံးရှုံး စေခဲ့သည့် အတွက် ရဲ့ရှင်းချန်အား မုန်းတီးသော်လည်း ဤမျှ ပြည့်စုံကောင်းမွန်သည့် လုံခြုံရေးအိမ်အား ပိုင်ဆိုင်ထားသည့် အတွက်မူ မနာလိုဖြစ်မိလေသည်။ လူတိုင်း ဆာလောင်မွတ်သိပ်ကာ အေးခဲနေချိန်တွင် ရဲ့ရှင်းချန်ကမူ ပေါ့ပေါ့ပါးပါး အဝတ်အစားများ ဝတ်ဆင်လျှက် ဝိုင်နီနှင့် အမဲသားကင်အား သုံးဆောင်နေနိုင်သေးသည်။

ရဲ့ရှင်းချန်၏ စကားလုံးများကြောင့် ထိုးနှက်ခံရမည်အား ကြောက်ရွံ့ခြင်းနှင့် အကျပ်ရိုက်ခြင်းတို့ ဖြစ်ပေါ်နေသော်လည်း ဤလုံခြုံရေးအိမ်၏ ပိုင်ရှင် ဖြစ်ချင်စိတ်သည်လည်း ပြင်းပြနေသေး၏။

သို့သော် ယခုအချိန်တွင် တံခါးဖွင့်၍ လုံခြုံရေးအိမ်အတွင်းသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းအား ရှာဖွေရမည် ဖြစ်လေသည်။ မာချောင်းဝမ်သည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ညင်သာသောအသံဖြင့် ပြောလိုက်သည်။

"ရဲ့ရှင်းချန် ငါတို့က အိမ်နီးချင်းတွေပဲလေ ငါ ပြောပါရစေ တံခါးမြန်မြန်ဖွင့်ပြီး ငါတို့ကို အထဲဝင်ခွင့် ပေးလိုက်ပါ မင်း ငါ့ညီကို သတ်ခဲ့တဲ့ကိစ္စကို လောလောဆယ် ငါ အရေးမယူဘဲ နေပေးမယ်"

ချန်းရူအာသည်လည်း ညင်သာစွာဖြင့် ထပ်ပြောလိုက်လေသည်။

"ဟုတ်တယ် အစ်ကိုရှင်းချန် တကယ်တော့ ဘယ်သူကမှ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး ဘယ်သူမှ အစ်ကို့ကို ဒုက္ခမပေးပါဘူး လူတိုင်းက အစ်ကိုနဲ့ အတူတူ နေချင်ရုံပါပဲ လူများရင် အင်အားရှိတယ်လေ ရူအာတို့ အတူတူ ကပ်ဘေးကို ရင်ဆိုင်ကြမယ် ဘာလို့ ရူအာတို့ရဲ့ စေတနာကို နားမလည်ရတာလဲ"

ချူယောင်သည်လည်း အလျင်အမြန်ပင် ထောက်ခံလျှက် ဖြည့်စွက် ပြောဆိုလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် ငါတို့က နင့်ကို အိပ်ခန်းကျယ်ကြီးမှာ ပေးနေမယ်လေ ကြည့်စမ်း ငါတို့ ဘယ်လောက်တောင် ထောက်ထားညှာတာလဲဆိုတာ ပစ္စည်းတွေ ဆိုရင်တောင် မင်းကို အရင်သုံးခွင့်ပေးမယ် မင်းသုံးလို့ ပိုတာကျမှ ငါတို့ ခွဲဝေယူကြမယ်လေ ဟုတ်ပြီလား"

ထိုအချိန်တွင် သူတို့သည် အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။ မည်သို့ပင်ဆိုစေ နံရံတစ်ချပ်ခြားရုံဖြင့် နတ်ပြည်သို့ ရောက်နိုင်သည်မဟုတ်ပါလော။ ဗီဒီယိုအား မြင်လိုက်ရချိန် ကတည်းမှ စတင်၍ ဤအိမ်အား သူတို့ အိပ်မက်မက်နေခဲ့သည်မှာ ကြာမြင့်ခဲပြီ ဖြစ်သည်။

သို့သော် ရဲ့ရှင်းချန်မှာမူ သူတို့အား ရယ်စရာကောင်းသည်ဟုသာ ထင်မြင်မိလေသည်။

"မင်းတို့တွေ အဆင်ပြေရဲ့လား ဒါမှမဟုတ် မင်းတို့ ဦးနှောက်တွေ အေးခဲသွားတာများလား ဒါမှမဟုတ်ရင်လည်း ယူလာဖို့ မေ့သွားတာလား အဲ့လိုမှ မဟုတ်ရင် နောက်ဆက်တွဲ အကျိုးဆက်တွေက ငါ မခံနိုင်လောက်အောင် ဆိုးရွားလွန်းတယ်တဲ့လား ပြီးတော့ ငါက အကောင်းအဆိုးကို မသိဘူး မင်းတို့ရဲ့ စေတနာကို နားမလည်ဘူး ဟုတ်လား ကြည့်စမ်း မင်းတို့က ငါ့ကို အိပ်ခန်းကျယ်ကြီးမှာ နေခွင့် ပေးလောက်အောင်တောင် သဘောထားကြီးသေးတယ်ပေါ့လေ"

"ကျေးဇူးပြုပြီး မင်းတို့ နေမကောင်းဘူးဆိုရင် ဆေးရုံသွားပြီး တန်းစီလိုက်ကြပါကွာ ဒီအိမ်က အစကတည်းက ငါ့အိမ်လေ ဒါကို မင်းတို့က အိမ်ရှင်လိုလိုနဲ့ ငါ့ကို နေရာ လာချထား ပေးနေတာလား အိမ်ကနေ ထွက်လာတာ ကြာပြီဆိုတော့ ဂေါ်သမ်မြို့ကို ဘယ်လိုသွားရမလဲဆိုတာ မေ့သွားကြပြီလား"

"မင်းတို့ဆီမှာ တခြားစွမ်းရည်တွေ ရှိသေးရင် မြန်မြန်ထုတ်သုံးလိုက် ငါ သိပ်အလျင်လိုနေတယ် မင်းတို့ အိမ်ထဲ ဝင်နိုင်မဝင်နိုင် တကယ် ကြည့်ချင်နေပြီ"

ထိုသို့ပြောနေစဉ် ရဲ့ရှင်းချန်၏ လက်များသည်လည်း အငြိမ်မနေခဲ့ချေ။ ကျည်ဆန်များ ဖြည့်တင်း ပြီးနောက် ရဲ့ရှင်းချန်သည် နေရာလွတ်ထဲမှ ဒူးလေးနှင့် လေးတို့အား ထုတ်ယူလိုက်လေသည်။ ထို့အပြင် အခြေအနေ မကောင်းသည့် သံချေးတက်ကာ မှိုတက်နေသည့် မြားအချို့ကိုလည်း ထုတ်ယူလိုက်တော့သည်။

ကျည်ဆန်များသည် အလွန် တန်ဖိုးကြီးလှလေရာ သူ အသုံးမပြုရက်ချေ။ သတ္တိမွေးရန် အတွက်သာ ပစ္စတိုအား ထုတ်ယူထားခြင်း ဖြစ်ပေသည်။

လေးနှင့် မြားများသည်လည်း အလွန် တန်ဖိုးကြီး လှသော်လည်း ရဲ့ရှင်းချန် မှ လက်နက်များ ဝယ်ယူစဉ် ကတည်းမှ အများအပြား ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယူလာစဉ်တွင် သံချေးတက်ကာ မှိုတက်နေသည့် မြားများအား သေချာ မကြည့်မိခဲ့သောကြောင့် အမှိုက်များအဖြစ် နေရာလွတ်ထဲတွင် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။

ရဲ့ရှင်းချန်သည် ရုတ်တရက် တစ်စုံတစ်ခုအား သတိရသွားခဲ့ကာ အလွန်ပင် ဝမ်းသာသွားတော့သည်။ သူ၏ ယခင် အချိန်များမှ ပေါ့ဆမှုသည် ယခုကဲ့သို့ အံ့သြဖွယ်ကောင်းသည့် အကျိုးသက်ရောက်မှု ရှိလာခဲ့သည်ဟု တွေးမိလိုက်လေသည်။

အထပ်တိုင်းရှိ လုံခြုံရေး ကင်မရာများ မှတစ်ဆင့် သူတို့၏ လှုပ်ရှားမှုများအား ရှင်းလင်းစွာ မြင်တွေ့နိုင်ကာ တီးတိုး စကားပြောသံများကိုပင် သဲ့သဲ့ ကြားနေရလေသည်။

"ငါတို့ ဘာလုပ်ကြမလဲ အခု လီထောင်လည်း သေသွားပြီဆိုတော့ သော့ကို ဘယ်လိုဖွင့်ရမလဲဆိုတာ ငါတို့ မသိတော့ဘူး အခုပဲ ပြန်ပြီး ဆုတ်ခွာ လိုက်ကြရင်ကော ပြန်ရောက်မှ ပိုကောင်းတဲ့ နည်းလမ်း ထပ်စဉ်းစားပြီး ပြန်လာကြမယ်လေ"

မာချောင်းဝမ်မှ တစ်ချက်ကြည့်ကာ တီးတိုး ပြောဆိုလိုက်သည်။

"ဆုတ်ခွာမယ် ငါတို့ ဒီအထိ ရောက်နေပြီကို လက်ဗလာနဲ့ ဘယ်လိုလုပ် ပြန်လို့ရမှာလဲ"

စွန်းမင်မှ ခွဲခြမ်းစိတ်ဖြာကာ ပြောဆိုလာခဲ့သည်။

"ဒီ ရဲ့ရှင်းချန်က သိပ်မရိုးရှင်းဘူး အခု သူ့ပုံစံကို ကြည့်ရတာ နှင်းတွေ ကျလာမယ်ဆိုတာ ကြိုသိနေပုံရတယ် ဒါမှမဟုတ်ရင် ဒီလောက် ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားမှာ မဟုတ်ဘူး"

မှန်ပေသည်။ လူတိုင်း ယခုမှ သဘောပေါက်စ ပြုလာကြခြင်း ဖြစ်သည်။ ဤကဲ့သို့ အလွန်အေးခဲလှသည့် ရာသီဥတုတွင် အိမ်တိုင်း ဆာလောင် မွတ်သိပ်ပြီး အေးခဲနေကြခြင်း ဖြစ်သည်။ အိမ်တွင် စားနပ်ရိက္ခာများ စုဆောင်းထားသူများပင်လျှင် အခက်အခဲများနှင့် ရင်ဆိုင်နေရပေသည်။

သို့သော် ဤရဲ့ရှင်းချန်မှာမူ ကောင်းကောင်းစားကာ နွေးနွေးထွေးထွေး ဝတ်ဆင်နိုင်ရုံသာမက သာမန်နေ့ရက်များတွင် အခြားသူများ မခံစားနိုင်သည့် ဘဝမျိုးကိုပင် ခံစားနေနိုင်သေးလေသည်။

လျှပ်စစ်မီး ရှားပါးနေပြီး လူတစ်ဦးလျှင် နှစ်နာရီခန့်သာ လျှပ်စစ်မီးသုံးခွင့် ရချိန်တွင်ပင် သူသည် လုံခြုံရေးတံခါးအား လျှပ်စစ်စီးကူးစေနိုင်သည်အထိ စွမ်းဆောင်နိုင်လှပေသည်။

ရဲ့ရှင်းချန်၏ လုံခြုံရေးတံခါးသည် ဤကဲ့သို့သော အခြေအနေများအတွက် ကြိုတင်၍ ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း သိသာ ထင်ရှားလှပေသည်။

ကျန်းဖုန်းသည် နှုတ်ခမ်းအား ကိုက်လိုက်ပြီးနောက် ပို၍ မနာလိုဖြစ်လာတော့သည်။

"ဒီလိုဆိုရင်တော့ ဒီ ရဲ့ရှင်းချန်က ပိုလို့တောင် သေသင့်သေးတယ်"

"နှင်းတွေ အများကြီးကျမယ်ဆိုတာ သူ သေချာပေါက် ကြိုသိနေတာပဲ ဒါပေမဲ့ သူက ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပြီးတော့ ငါတို့ကို ဘာမှ အသိမပေးခဲ့ဘူး သူက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး သေကို သေသင့်တယ်"

သူသည် မြေပြင်ပေါ်သို့ တံတွေးထွေးချလိုက်လေသည်။ ကျန်းဖုန်းသည် ရဲ့ရှင်းချန်နှင့် အစကတည်းမှ အဆင်မပြေခဲ့ပေ။ ယခုအချိန်တွင် ရဲ့ရှင်းချန်အား ပို၍ မုန်းတီးလာခဲ့ကာ အသေ သတ်ပစ်ချင်စိတ်များပင် ပေါ်ပေါက် လာခဲ့တော့သည်။

စွန်းမင်သည် ကျန်းဖုန်းအား မော့ကြည့် လိုက်သော်လည်း စကားတစ်ခွန်းမျှ မဆိုသလို မှတ်ချက်လည်း မပေးခဲ့ချေ။ သူတို့ထဲမှ မည်သူမဆို ဤကဲ့သို့သော သတင်းမျိုးအား ကြိုတင်သိရှိပါမူ မိသားစုနှင့် သူငယ်ချင်းများကိုသာ ဦးစားပေး သတိပေးမည် ဖြစ်သည်။ သူစိမ်း တစ်ယောက်၏ အသက်ရှင်ခြင်း သေဆုံးခြင်းအား မည်သူက ဂရုစိုက်လိမ့်မည်နည်း။

"အခု ပြဿနာက ငါတို့ မိသားစုကို ဘယ်လိုလုပ်ကြမလဲဆိုတာပဲ အခု တံခါးကို ဖွင့်လို့မရဘူး တိုက်ရိုက်ချိုးဖျက်ဖို့ ကြိုးစားကြည့်ရင်ကော"

စွန်းမင် စကားပြောနေစဉ် ခေါင်းမော့ကာ ကျန်းဖုန်း မာချောင်းဝမ်နှင့် ဆုတ်ခွာရန် ဟန်ပြင်နေသည့် လျန်ကျစ်ချောင်တို့အား ကြည့်လိုက်မိသည်။

သူတို့သုံးဦးသည် အဖွဲ့ထဲတွင် ကျန်ရစ်သည့် အမျိုးသား အနည်းငယ်ထဲမှ ဖြစ်လေသည်။ တံခါးအား အတင်းအဓမ္မ ဖျက်ဆီးမည်ဆိုပါမူ သူတို့သုံးဦးသည် အဓိက အင်အားစု ဖြစ်လာလိမ့်မည် ဖြစ်ပေသည်။ သူတို့ ခေါင်းငုံ့လျှဥ် အတန်ကြာ တီးတိုး တိုင်ပင်နေကြလေသည်။

ရဲ့ရှင်းချန်သည် လုံခြုံရေးကင်မရာ မှတ်တမ်းအား ကြည့်လိုက်ချိန်တွင် သူတို့အဖွဲ့ လှည့်ထွက်သွားသည်ကိုသာ မြင်လိုက်ရလေသည်။

သူသည် စိတ် ရှုပ်ထွေးသွားကာ သူတို့ အဘယ်ကြောင့် ဤမျှ မြန်မြန်ဆန်ဆန် ပြန်သွားကြသနည်းဟု ရဲ့ရှင်းချန် တွေးမိလိုက်လေသည်။ လှပသည့် အိပ်မက်အား ဆက်လက် မက်ချင်သေးသဖြင့် သူ သည် အိပ်ယာအတွင်း၌ ပြန်လှဲကာ စောင်ခြုံလိုက်လေသည်။

သို့သော် အတန်ကြာပြီးနောက် အချက်ပေးသံ ထပ်မံ မြည်လာပြန်ရာ ရဲ့ရှင်းချန် နိုးသွားလေတော့သည်။ ကင်မရာ မှတ်တမ်း အတွင်း၌ လူအနည်းငယ် ပြန်ရောက် လာကြပြန်သည်။ ဤတစ်ကြိမ်တွင် သူတို့သည် ကြီးမားကာ ထူထဲသည့် သစ်တုံးကြီး တစ်တုံးအား တရွတ်တိုက် ဆွဲယူလာကြလေသည်။ ကြည့်ရသည်မှာ တစ်စုံတစ်ယောက်၏ ကုတင်မှ ဖြုတ်ယူလာခြင်း ဖြစ်ဟန်တူသည်။

အမျိုးသမီး အနည်းငယ်ကမူ သူတို့ သုံးဦးဘေးတွင် ထီးများကိုင်လျှက် ရဲ့ရှင်းချန်မှ သူတို့အား မည်သည်နှင့် ပက်လိမ့်မည်နည်းဟု တွေးတောနေကြလေသည်။

အမျိုးသား သုံးဦးသည် တစ်ပြိုင်နက် အော်ဟစ်လိုက်ပြီးနောက် တံခါးအား ဝင်တိုက်ရန် သစ်တုံးကြီးအား အတူတကွ မြှောက်ချီ လိုက်ကြကုန်တော့သည်။

အသံသည် အလွန်ပင် ကျယ်လောင်လှရာ ကင်မရာမှ တစ်ဆင့် ကြည့်နေသည့် ရဲ့ရှင်းချန်ပင် သူတို့၏ ဝင်တိုက်မှုကြောင့် အိမ်ကြီး တုန်ခါသွားမည်ဟု စိတ်ကူးယဉ်မိသည်အထိ ခံစားလိုက်ရလေသည်။

သူတို့သုံးဦးသည် အစွမ်းကုန် အင်အားသုံး၍ တံခါးအား တိုက်ခိုက်လိုက်ကြလေသည်။ နောက်ဆုံးတွင် တံခါးမှ ဆေးသုတ်ထားသည့် နေရာအနည်းငယ်သာ ကွာကျသွားခဲ့လေသည်။

ငါးမိနစ်ခန့် ကြာသွားသော်လည်း တံခါးသည် အနည်းငယ်မျှပင် မရွေ့လျားခဲ့ပေ။ တွန်းဖွင့်နိုင်မည့် လက္ခဏာအား လုံးဝမတွေ့ရသေးချေ။ သူတို့တစ်ဖွဲ့လုံး အကြံအိုက်သွားကြလေတော့သည်။

ထိုအချိန်တွင် ရဲ့ရှင်းချန်သည် ဆက်သွယ်ရေးစက်အား ဖြည်းညှင်းစွာ အသုံးပြုလိုက်လေသည်။

"မင်းတို့မှာ တခြားနည်းလမ်းတွေ ရှိသေးလား မရှိတော့ဘူးဆိုရင် ငါ့အလှည့်ပဲ"

ရဲ့ရှင်းချန်သည် အစောပိုင်းတွင် ထုတ်ယူထားသည့် လက်နက်အား ကိုင်လျှက် တတိယထပ်ရှိ လသာဆောင်တံခါးအား အေးအေးလူလူ ဖွင့်လိုက်လေသည်။ ဤတစ်ကြိမ်တွင် သူသည် လိမ္မာပါးနပ်လာခဲ့သည်။ ကြိုတင်၍ အနွေးထည်နှင့် ချည်သားအင်္ကျီတို့အား ဝတ်ဆင်ထားခဲ့ကာ သီးခြားဖွင့်နိုင်သည့် ပြတင်းပေါက်မှ နေရာလွတ် ငယ်လေးတစ်ခုအား တိတ်ဆိတ်စွာ ဖွင့်လိုက်လေသည်။ ချိန်ထားသည့် ထောင့်အား အသေးစိတ် ချိန်ညှိနေစဉ် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။

"ရွှီး"

မြားတစ်စင်းပြီး တစ်စင်း ပစ်လွှတ်လိုက်ရာ အောက်ထပ်မှ အော်ဟစ်သံများအား ကြားလိုက်ရသည်။ သူတို့၏ လူအနည်းငယ်သည် အရပ် မျက်နှာအနှံ့သို့ ပြေးလွှား သွားကြကုန်တော့သည်။

"ဟူး နှမြောစရာပဲ သူ ပြေးတာ မြန်လွန်းတယ်"

All Chapters