← Chapters

မေးခိုင်ရောဂါ (၂)

Vol. 3 Ch. 40

မေးခိုင်ရောဂါ (၂)

Vol. 3 Ch. 40

ဒူးလေးများ၏ ကျည်ဖြည့်နှုန်းသည် အနည်းငယ် နှေးကွေးလှပေသည်။ ရဲ့ရှင်းချန် သူတို့ တစ်ဦးချင်းစီအား မြားတစ်စင်းစီ မပစ်လွှတ်နိုင်မီမှာပင် သူတို့သည် ပစ်ခတ်နိုင်သည့် အကွာအဝေးမှ လွတ်ကင်းသွားကြပြီ ဖြစ်သည်။ ရဲ့ရှင်းချန်သည် သူ၏ မြားများအား မဖြုန်းတီးလိုသဖြင့် ဒူးလေးအား သိမ်းဆည်းလိုက်ကာ အပေါက်ငယ်လေးအား ပြန်ပိတ်လိုက်လေသည်။

လူခြောက်ဦး အနက် သုံးဦးသည် မြားအပစ်ခံရပြီး တစ်ဦးမှာမူ နှစ်ကြိမ် တိုင်တိုင် အပစ်ခံရလေသည်။ ရဲ့ရှင်းချန် ပခုံးတွန့်လိုက်မိသည်။ ရုပ်ဆိုးလှသည့် ချန်းရူအာမှ ရှောင်တိမ်း သွားနိုင်ခြင်းမှာ အလွန်ပင် နှမြောစရာကောင်းလှပေသည်။

သူ လှည့်ကာ အိမ်အတွင်းသို့ ပြန်ဝင်လာပြီးနောက် အဝတ်အစားများအား ချွတ်ရင်း လက်များကို ပွတ်သပ်နေလိုက်လေသည်။ အပြင်ဘက်ရာသီဥတုသည် မည်မျှအေးကြောင်း တွေးမိရင်းဖြင့် သက်ပြင်းမချပဲ မနေနိုင်အောင် ဖြစ်သွားတေ့ာသည်။ ဤမျှ သေးငယ်သည့် အပေါက်လေးမှ ဝင်လာသော လေသည်ပင်လျှင် အနွေးထည်များနှင့် ချည်သားအင်္ကျီများ ထပ်ကာ ဝတ်ဆင်ထားသည့် သူ၏ ခန္ဓာကိုယ်အား တုန်ခါသွားစေရန် လုံလောက်လှပေသည်။

"ဟူး ဒီဒူးလေးတွေရဲ့ ကုန်ဆုံးမှုက ပြဿနာတစ်ခုပဲ"

ရဲ့ရှင်းချန် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ထံတွင် ဒူးလေး အမြောက်အမြား ရှိသော်လည်း သူ၏အိမ်အား လုယူလိုသူများ၏ အရေအတွက်ကိုမူ မခံနိုင်ပေ။ သူ၏အိမ်အား လာရောက် လုယူသူတိုင်းအား မြားနှစ်စင်းစီ ပစ်ခတ်မည်ဆိုပါက သူ့ထံတွင် မြားတောင်ကြီး ရှိနေစေကာမူ လုံလောက်လိမ့်မည် မဟုတ်ပေ။

ဒုတိယထပ်ရှိ တံခါးဆီသို့ ဆင်းလာစဉ် မြားများအား ပြန်လည်ကောက်ယူရန် မလွယ်ကူကြောင်း သူ တွေးနေမိလေသည်။ ရဲ့ရှင်းချန် မျက်စိမှိတ်လျှက် တံခါးအပြင်ဘက် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည့်အသုံးပြုပြီးသား မြားများအား သူ၏ နေရာလွတ် အတွင်းသို့ ပြန်လည်ရယူရန် ကြိုးစားကြည့်ရာ တကယ်ပင် အောင်မြင်သွားခဲ့လေသည်။

ချက်ချင်းပင် သူသည် စိတ်သက်သာရာ ရသွားခဲ့သည်။ နောင်တွင် လူများအား ပစ်ခတ်မည်ဆိုလျှင်ပင် မြားများ သူတို့၏ ခန္ဓာကိုယ် အတွင်းသို့ တိုက်ရိုက် မစိုက်ဝင်သွားစေရန် အတတ်နိုင်ဆုံး ကြိုးစားရမည်ဟု တွက်ဆလိုက်လေသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခုသာ ချန်ထားနိုင်ပြီး ထုတ်ယူ၍မရလောက်အောင် မနက်ရှိုင်းပါက အကောင်းဆုံး ဖြစ်ပေမည်။

"ဒီပစ္စည်းတွေနဲ့ဆို ငါ နောက်ထပ် ဘဝပေါင်းများစွာ အသက်ရှင်နိုင်ပြီကွ"

ရဲ့ရှင်းချန် မှာမူ သက်သောင့်သက်သာ ရှိနေသော်လည်း အချို့လူများမှာမူ အလွန်ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

ချန်းရူအာနှင့် ကျန်ခုနစ်ဦးသည် မူလတွင် သူတို့၏ လူအင်အားအား အသုံးချ၍ ရဲ့ရှင်းချန်၏ အိမ်အား လုယူရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် သူတို့သည်သာ အားလုံး ဆုံးရှုံး သွားလိမ့်မည်ဟု မထင်မှတ် ထားခဲ့ကြပေ။ အမျိုးသားတစ်ဦး သေဆုံး သွားရုံသာမက သုံးဦးမှာလည်း ချွန်ထက်သည့် လက်နက် တစ်ခုခုကြောင့် ဒဏ်ရာ ရသွားခဲ့သေးသည်။ လူစုသည် စွန်းမင်၏ အိမ်သို့ လူးလှိမ့်တက်ကာ ပြန်ရောက်လာကြသည်။

လီထောင်၏ အလောင်းကိုပင် ကောက်ယူရန် ဂရုမစိုက်နိုင်ခဲ့ကြချေ။ အိမ်သို့ ပြန်ရောက်လာသောအခါ သူတို့အားလုံး ချွေးအေးများပြန်နေခဲ့ကာ ကြမ်းပြင်ပေါ်တွင် ထိုင်လျှက် ပြင်းထန်စွာ အသက်ရှူနေကြလေသည်။

သူတို့အဖွဲ့ထဲမှ အမျိုးသားသုံးဦးအား ရဲ့ရှင်းချန် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ကျန်းဖုန်း မာချောင်းဝမ်နှင့် လျန်ကျစ်ချောင်တို့၏ မျက်နှာများမှာ ဖြူရော်နေခဲ့သည်။ ယခုမှသာ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများအား ကြည့်ရန် အချိန်ရခြင်း ဖြစ်သည်။

ရဲ့ရှင်းချန်၏ ပစ်မှတ်ထားမှုသည် အလွန်ကောင်းမွန်လှပေသည်။ သူတို့သုံးဦး၏ အဝတ်အစားများ ဖုံးကွယ်မထားသော နေရာများအား ရွေးချယ်ကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ကံမကောင်းစွာဖြင့် တစ်ချက်သာ လွဲချော်သွားကာ ခြေထောက်အား တိုက်ရိုက် စိုက်ဝင်သွားခဲ့လေသည်။

ဤတစ်ကြိမ်တွင် ကံဆိုးသူ မောင်ရှင် ဖြစ်သွားသူမှာ ကျန်းဖုန်း ဖြစ်သည်။ သူ သည် အံကြိတ်လျှက် မြားတစ်ဝိုက်ရှိ အဝတ်အစားများအား ဖြတ်တောက် လိုက်လေသည်။ ထိုအခါမှသာ မည်သည့်အရာကြောင့် ဒဏ်ရာရခဲ့သည်အား လူတိုင်း မြင်တွေ့ရလေတော့သည်။

မြားခေါင်းအား မြင်လိုက်ရချိန်တွင် သူတို့၏ မျက်နှာ အမူအရာများသည် လျင်မြန်စွာ ပြောင်းလဲသွားခဲ့လေတော့သည်။ မြားခေါင်းသည် သံချေးများ ဖုံးလွှမ်းနေသည်မှာ ထင်ရှားလှကာ မြားပေါ်ရှိ သစ်သားသည်ပင်လျှင် မှိုများ တက်နေခဲ့လေသည်။

သာမန်မြားတစ်စင်းဆိုပါက ကိစ္စမရှိပေ။ မြားခေါင်းအား ဆွဲနှုတ်လျှက် အရက်ပြန်ဖြင့် ပိုးသတ်ကာ ပတ်တီးစည်းပြီးနောက် ရောင်ရမ်းမှုကျဆေး အနည်းငယ်သောက်လျှက် ဒဏ်ရာသည် သူ့အလိုလို ကျက်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းရုံသာ ဖြစ်လေသည်။ သို့သော် လက်ရှိတွင်မူ မြားခေါင်းသည် သံချေးများ ဖုံးလွှမ်းနေသည် မဟုတ်ပါလော။

၎င်းသည် ကူးစက်ရောဂါ၏ အရင်းအမြစ် ဖြစ်ပေသည်။ ပဋိဇီဝဆေးများ မရှိပါက သူတို့ သေရမည် ဖြစ်သည်။

"မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ဒါ အမှန်မဖြစ်နိုင်ဘူး အမှန်မဖြစ်နိုင်ဘူး"

"ဟင့်အင်း ဟင့်အင်း ဒါ ဘယ်လိုဖြစ်ရတာလဲ"

"ငါ မသေချင်သေးဘူး ဒါ မင်းတို့အပြစ်တွေချည်းပဲ ငါ ဆုတ်ခွာဖို့ ပြောသားပဲ ဒါပေမဲ့ မင်းတို့က တိုက်ခိုက်ဖို့ အတင်းလုပ်ခဲ့တာ ငါ ငယ်ပါသေးတယ် ငါ မသေချင်သေးဘူး"

ကျန်းဖုန်း၏ မျက်နှာ အမူအရာများသည် အေးခဲသွားခဲ့တော့သည်။ ဤသည်မှာ မည်သည့် အဓိပ္ပာယ် ဖြစ်ကြောင်း သူ ကောင်းစွာ နားလည်ထားလေသည်။ ပုံမှန် အခြေအနေတွင်ပင် အချိန်မီ ဆေးကုသမှု မခံယူရဘဲ အသွားအလာ ကန့်သတ်ခံရပါက သေဆုံးရန် အလွန် လွယ်ကူလှလေရာ ဤကဲ့သို့သော အခြေအနေမျိုးတွင် ဆိုဖွယ်ရာပင် မရှိတော့ချေ။

"ဖြန်း"

ပြတ်သားလှသော အသံတစ်သံ နှင့်အတူ စွန်းမင်သည် ခေါင်းအား လှည့်ကာ ချန်းရူအာအား ပြင်းထန်လှသည့် ပါးရိုက်ချက်တစ်ခု ပေးလိုက်လေသည်။ ဒဏ်ရာရ သူများသည် သူမ၏ ဆွေမျိုးများနှင့် သူငယ်ချင်းများ ဖြစ်ကြသည်။ ဤ အရာအားလုံးသည် ချန်းရူအာမှ ရဲ့ရှင်းချန်၏ အိမ်အား လုယူရန် သူတို့အား တိုက်တွန်းခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

"ခွေးမ နင့်ကြောင့် ဖြစ်ရတာ"

စွန်းမင်သည် နောက်ထပ် ခြေကန်ချက်တစ်ခု ထပ်ပေးလိုက်ကာ ချန်းရူအာ၏ ဝမ်းဗိုက်အောက်ပိုင်းအား ရက်စက်စွာ နင်းချလိုက်လျှက် အော်ဟစ်ဆဲဆိုလိုက်လေတော့သည်။

"ရဲ့ရှင်းချန်ရဲ့ စရိုက်က ပျော့ညံ့ပြီးတော့ ခြယ်လှယ်ရလွယ်တယ်လို့ နင် ပြောခဲ့တယ်မလား သူ့အိမ်က ဖွင့်ရလွယ်တယ်လို့ နင်ပဲ ပြောခဲ့တာမလား ဘာလို့ မြားတစ်စင်း ပါလာရတာလဲ နင်က ကြိုသိနေလို့ အဝေးကြီးကို ပြေးခဲ့တာမလား"

ချန်းရူအာသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီးနောက် အထိတ်တလန့်ဖြင့် မျက်နှာအား ကွယ်ထားလိုက်လေသည်။

"ငါ ငါလည်း မသိပါဘူး ငါတို့ အဲဒီကို နှစ်ခါ သွားခဲ့တာပဲ သူ သူ ငါတို့ကို ရေနဲ့ တစ်ခါပဲ ပက်ဖူးတာပါ မယုံရင် ကျန်းဖုန်းကို မေးကြည့်လို့ရပါတယ်"

နာမည်ခေါ်ခံရပြီးနောက်တွင် ကျန်းဖုန်းသည် သတိပြန်ဝင်လာခဲ့သည်။ မိမိ၏ ဒဏ်ရာများအား သူ ဂရုမစိုက်နိုင်တော့ချေ။ ချန်းရူအာအား သူ၏ ဝမ်းကွဲအစ်မဖြစ်သူမှ ဤကဲ့သို့ ဆက်ဆံနေသည်အား မြင်သောအခါ သူသည် အလျင်အမြန်ပင် စွန်းမင်အား ချန်းရူအာထံမှ ဆွဲဖယ်လိုက်လေသည်။

"အစ်မ ဒီလို မလုပ်ပါနဲ့ တကယ်ပါ တကယ်ပါ သူပြောတာ အမှန်ပါပဲ ရဲ့ရှင်းချန်ဆီမှာ မြားလိုမျိုး ပစ္စည်းရှိတယ်ဆိုတာ ရူအာ တကယ်မသိဘူးဆိုတာ ကျွန်တော် သက်သေခံပေးနိုင်ပါတယ်"

စွန်းမင်သည် ကျန်းဖုန်း၏ တွန်းထုတ်မှုကြောင့် ယိမ်းယိုင်သွားခဲ့လေသည်။ သူမ၏ ဝမ်းကွဲမောင်လေး၏ ကံဆိုးမှုအတွက် စိတ်မကောင်းဖြစ်ရကာ သူ မကြိုးစားသည့် အတွက်လည်း ဒေါသထွက်မိလေသည်။ သူသည် ချန်းရူအာနှင့်တောင် ရောထွေးနေခဲ့သေးသည်။

သူမက ချန်းရူအာနှင့် ချူယောင်အား လက်ညှိုးထိုးလျှက် ပြောဆိုလိုက်လေသည်။

"ဒါဆို ပြောစမ်း သူတို့နှစ်ယောက်က ဘာလို့ အဆင်ပြေနေတာလဲ ပြီးတော့ သူတို့က အစကတည်းက အဝေးမှာ သွားပုန်းနေတာလေ"

ချူယောင်သည် မပျော်မရွှင်ဖြစ်သွားခဲ့ကာ တီးတိုးစွာ ညည်းတွားပြလိုက်လေသည်။

"နင်လည်း အဆင်ပြေနေတာပဲ မဟုတ်ဘူးလား ဘာလို့ ငါနဲ့ ရူအာကိုပဲ အပြစ်တင်နေရတာလဲ"

စွန်းမင် မှ အလွန် ဒေါသထွက် သွားပြီးနောက် ကျိန်ဆဲလိုက်လေသည်။

"ငါ မြန်မြန်တုံ့ပြန်နိုင်လို့ ရှောင်နိုင်သွားတာ ဒါက ငါ ကံကောင်းသွားလို့ပဲ မြားတစ်စင်းက ငါ့ခေါင်းကိုတောင် ရှပ်သွားသေးတယ် နင်က ငါ့ကို ဝေဖန်ရဲသေးတယ်ပေါ့ အခုတော့ ဒီခွေးမ နှစ်ကောင်ကြောင့် သူတို့အားလုံး ဒီလိုအခြေအနေ ရောက်သွားရပြီ နင်တို့အားလုံး ထွက်သွားကြစမ်း"

ထိုအချိန်တွင် မာချောင်းဝမ်သည် မတ်တပ်ရပ်လာပြီးနောက် စွန်းမင်အား ဆွဲထားကာ အကြည့်တစ်ချက် ပေးလိုက်လေသည်။

"အခု ငါတို့အနည်းငယ် ဒဏ်ရာရနေပြီဆိုတော့ တစ်ယောက်ယောက်ကတော့ ငါတို့ကို ပြုစုစောင့်ရှောက်ပေးရမယ်လေ"

သူသည် စွန်းမင်၏ နားနားသို့ ကပ်ကာ တီးတိုးပြောလိုက်လေသည်။ သူသည်လည်း မသေချင်သေးချေ။ ထို့ကြောင့် အမြန်ဆုံး ဖြေရှင်းနည်းတစ်ခု ရှာရမည် ဖြစ်သည်။

စွန်းမင်၏ ရင်ဘတ်သည် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။ သူမသည် ချန်းရူအာနှင့် ချူယောင်အား စိုက်ကြည့်လျှက် အော်ဟစ်ဆဲဆိုလိုက်တော့သည်။

"ဒေါက်တာလင်းကို လာကူညီပေးဖို့ ဘာလို့ မတောင်းဆိုရသေးတာလဲ"

သူမပြောသည့် ဒေါက်တာလင်းဆိုသည်မှာ ယခင် အချိုတွင် လျိုချီလုံ၏ သားအား ကုသပေးခဲ့သည့် လင်းစစ်ကျား ဖြစ်လေသည်။ စွန်းမင်သည် ဘေးသို့ လျှောက်သွားလိုက်ကာ ဖုန်းအား ပုတ်လိုက်ပြီးနောက် ချန်းရူအာထံသို့ ပြန်ပစ်ပေးလိုက်လေသည်။

သူမမှ ဖုန်းခေါ်လိုက် ပြီးနောက် လင်းစစ်ကျားသည် အလွန်လျင်မြန်စွာ ရောက်ရှိ လာခဲ့လေသည်။

"ကျေးဇူးပြုပြီး ဒေါက်တာလင်း သူတို့ရဲ့ အသက်က ဆရာမအပေါ်မှာပဲ မူတည်နေတော့တယ်"

မြားခေါင်းများသည် အသားထဲတွင် မကျန်ခဲ့သော်လည်း ဒဏ်ရာများမှာ အလွန်နက်ရှိုင်းလှပေသည်။ လင်းစစ်ကျားသည် ရှေးဦး သူနာပြုသေတ္တာအား သယ်လာပြီးနောက် သူတို့၏ ဒဏ်ရာများအား ကြည့်ရန် ဆောင့်ကြောင့် ထိုင်လိုက်လေသည်။ ထို့နောက် သူမ၏ မျက်ခုံးများ ချက်ချင်း တွန့်ချိုးသွားလေတော့သည်။

"ဒါ ရှင်တို့ ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားရတာလဲ"

လင်းစစ်ကျားသည် ဂွမ်းလုံးတစ်လုံးအား ထုတ်ယူလိုက်ကာ သူတို့၏ ဒဏ်ရာများအား သုတ်လိုက်လေသည်။ ဂွမ်းလုံးပေါ်တွင် သွေးခဲများနှင့် သံချေးကွက်များ ရှိနေသည်အား သူမ မြင်တွေ့လိုက်ရတော့သည်။

သူမသည် အတန်ကြာ တိတ်ဆိတ်နေပြီးမှ ရွေးချယ်စရာ မရှိဟန်ဖြင့် မတ်တပ်ရပ်လျှက် စွန်းမင်အား ပြောပြလိုက်လေသည်။

"သူတို့ရဲ့ ဒဏ်ရာတွေမှာ သံချေးတွေ ပေနေတယ်"

စွန်းမင် မှ အလျင်အမြန်ပင် လင်းစစ်ကျား၏ လက်အား ဆုပ်ကိုင်လိုက်လေသည်။

"ငါတို့ သိပါတယ် ငါတို့ သိပါတယ် ဒေါက်တာလင်းမှာ နည်းလမ်းရှိလားဟင် သ.. သူ ခွဲစိတ်ဖို့ လိုအပ်မလား"

လင်းစစ်ကျားမှ ခေါင်းညိတ်လိုက် ပြီးနောက် ပြန်လည်၍ ခေါင်းခါလိုက်ပြန်သည်။

"သူတို့ရဲ့ ဒဏ်ရာတွေက အရမ်းကြီးပြီးတော့ နက်တယ်။ ဒဏ်ရာတွေ ကျက်ဖို့ပဲ လိုချင်တယ်ဆိုရင်တော့ ချုပ်ရုံပဲ"

"ဒါပေမဲ့ သူတို့ ဒဏ်ရာတွေမှာ သံချေးတွေ ရှိနေသေးတယ်လေ"

All Chapters