← Chapters

အခန်း (၄၉၁-၄၉၂)

Vol. 36 Ch. 491-492

အခန်း (၄၉၁-၄၉၂)

Vol. 36 Ch. 491-492

အပိုင်း(၄၉၁)

ဗဟိုခရိုင်ရှိ အိမ်အမှတ် (၇၂) ၏ တိတ်ဆိတ်မှုကို အလျင်စလို ခြေသံများက ဖြိုခွင်းလိုက်သည်။ အိမ်ဖော်မလေးတစ်ဦးသည် လှေကားပေါ်သို့ ပြေးတက်သွားပြီး သခင်မ၏ အခန်းတံခါးကို အသာအယာ တွန်းဖွင့်လိုက်သည်။ သခင်မမှာ အိမ်ထဲမှ မထွက်သည်မှာ သုံးရက်ရှိပြီဖြစ်ရာ ဤအတိုင်းသာ ဆက်သွားပါက အစာငတ်ပြီး သေဆုံးသွားနိုင်ပေသည်။

“မစ္စ မာရီယာ...”

အိမ်ဖော်မလေးသည် ကုတင်ပေါ်တွင် ကွေးကွေးလေး အိပ်နေသော ပုံသဏ္ဌာန်တစ်ခုကို တွေ့လိုက်ရသည်။ သူမ၏ သခင်မဖြစ်သူ အမှန်တရားအသင်းတော် ဥက္ကဋ္ဌ မာရီယာသည် အထက်ပိုင်း ခရိုင်မှ ပြန်လာကတည်းက သရဲသဘက် မြင်လိုက်ရသည့်အလား ငိုယိုကာ အိမ်ထဲသို့ ပြေးဝင်လာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ သူမသည် အခန်းထဲတွင် အောင်းနေခဲ့သည်မှာ သုံးရက်တိုင်ခဲ့ပြီ။

ပညာရှင်မျိုးရိုးမှ ဆင်းသက်လာသူတစ်ဦးအနေဖြင့် မာရီယာသည် သူမ၏ မိဘများထံမှ သိပ္ပံပညာအပေါ် စိတ်ဝင်စားမှုကို အမွေဆက်ခံခဲ့ပြီး အမှန်တရားအသင်းတော်၏ ဥက္ကဋ္ဌဖြစ်လာသည်အထိ ကြိုးစားခဲ့သူဖြစ်သည်။ မာရီယာကို ကလေးဘဝကတည်းက စောင့်ရှောက်လာခဲ့သော အိမ်ဖော်မလေးသည် သူမ၏ သခင်မလေး ဤမျှအထိ ထိတ်လန့်နေသည်ကို ယခုမှ ပထမဆုံး မြင်ဖူးခြင်းပင်။

အိမ်ဖော်မလေးက သတ္တိမွေးကာ ကုတင်နားသို့ လျှောက်သွားလိုက်ရာ စောင်အောက်ရှိ လူမှာ ထိန်းမနိုင်သိမ်းမရ တုန်ရင်နေသည်ကို မြင်လိုက်ရသည်။ သူမ စောင်ကို မလိုက်သည့်အခါ မာရီယာမှာ ထိတ်လန့်သွားသော ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်တော့သည်။ သူမ၏ မျက်နှာမှာ ဖြူရော်နေပြီး မျက်လုံးများ မို့အစ်ကာ ခြေလက်များမှာလည်း အေးစက်နေသည်။ သုံးရက်အတွင်းမှာပင် သူမသည် အတော်လေး ပိန်ကျသွားပုံရသည်။

“မစ္စ... မာရီယာ...”

သခင်မ၏ အခြေအနေကြောင့် အိမ်ဖော်မလေးမှာ များစွာ တုန်လှုပ်သွားရသည်။ မာရီယာမှာ တုန်ရင်နေဆဲဖြစ်ပြီး သူမ၏ မျက်ဝန်းများမှာ ဗလာဖြစ်နေကာ စိတ်လွင့်နေပုံရသည်။ သူမတွင် ကိုယ်ပိုင်အသိစိတ် အနည်းငယ် ကျန်ရှိနေသေးသော်လည်း 'ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း' မှာမူ ထာဝရ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“မစ္စ... ဘာဖြစ်လို့လဲဟင်...”

အိမ်ဖော်မလေးက စိုးရိမ်တကြီး မေးလိုက်သည်။

“သက်... သက်စောင့် စုန်းမကြီး အသတ်ခံလိုက်ရပြီ.... လူသားတွေရဲ့ အသက်ဇီဝကို စောင့်ရှောက်ပေးတဲ့ စုန်းမကြီး လုံးဝ ပျောက်ကွယ်သွားပြီ...”

သူမက ရှိုက်ကြီးတငင် ပြောလိုက်သည်။

သက်စောင့် စုန်းမကြီးသည် အောင်ပိုင်းခရိုင်တွင် သူမကို အကြိမ်ကြိမ် ကယ်တင်ခဲ့ဖူးပြီး မာရီယာမှာ သူမ ဆင်းသက်လာရန်အတွက် ခန္ဓာကိုယ်အဖြစ်ပင် အသုံးပြုခံရလုနီးပါး ဖြစ်ခဲ့ဖူးသည်။ ယခုအခါ သက်စောင့် စုန်းမကြီး ကျဆုံးသွားပြီဖြစ်ကြောင်းကို မာရီယာမှာ အထင်အရှား ခံစားနေရသည်။

အဇီး တစ်ခုလုံး၏ လူသားသက်ရှိများဆိုင်ရာ လောကနိယာမ ကိုယ်ပွားဖြစ်သော သက်စောင့် စုန်းမကြီး ကျဆုံးသွားခြင်းမှာ လူသားမျိုးနွယ်၏ အကာအကွယ်မှာ စက္ကူပါးလေးကဲ့သို့ မည်သည့်အချိန်တွင်မဆို ပေါက်ထွက်သွားနိုင်ပြီဟု ဆိုလိုခြင်းပင်။ ဤအချက်ကို အပြည့်အဝ လက်ခံလိုက်ရသော မာရီယာမှာ သူမ၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ထာဝရ လက်လွှတ်လိုက်ရလေတော့သည်။

...

ဘလိုက်သ် ဆစ်စလေ သည် သူ၏ ကိုယ်တိုင်းချုပ် ဝတ်စုံထဲမှ လက်ရာမြောက်လှသော အိတ်ဆောင်နာရီကို ထုတ်ယူကာ လက်တံများ ၁၀ နာရီသို့ ညွှန်ပြသည်အထိ ကြည့်နေမိသည်။ ထို့နောက် နာရီကို ပြန်သိမ်းကာ ပြတင်းပေါက် အပြင်ဘက်သို့ ငေးကြည့်လိုက်သည်။

သူ စီးနင်းလာသော ကားမှာ ရေပေါ်တွင် မျောပါနေသည့်အလား ငြိမ့်ညောင်းလှပြီး ပတ်ဝန်းကျင်ရှိ လမ်းမများမှာလည်း သပ်ရပ်လှပကာ လမ်းဘေးဝဲယာတွင် မျိုးဆက်များစွာ အစဉ်အလာရှိခဲ့သော အဆင့်မြင့်ဆိုင်ခန်းများ ရှိနေကြသည်။

“ဗဟိုအုပ်ချုပ်ရေးအဖွဲ့ရဲ့ လက်အောက်မှာ နော်ဇင်ဟာ တကယ်ကို ကြီးကျယ်ခမ်းနားတာပဲ...”

ဘလိုက်သ်က မြည်တမ်းလိုက်ရင်း ရှေ့ခန်းရှိ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော ဒရိုင်ဘာဘက်သို့ လှည့်ကြည့်လိုက်သည်။

“မှန်ပါတယ် ခင်ဗျာ”

ဒရိုင်ဘာက ချက်ချင်း ပြန်ပြောလိုက်သည်။

“ဟုတ်တယ်၊ နော်ဇင်မှာ ဆင်းရဲသား တစ်ယောက်တောင် မတွေ့ရဘူး...”

ဘလိုက်သ်က ဆက်ပြောသည်။

“နော်ဇင်ရဲ့ သာယာဝပြောမှုနဲ့ ပျော်ရွှင်မှုကို ကြည့်ရုံနဲ့တင် ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေက အချည်းနှီး မဖြစ်ခဲ့ဘူးလို့ ခံစားရတယ်...”

“ဆရာက တကယ်ကို ကြင်နာတတ်တာပဲခင်ဗျာ”

'ဟက်... ဒါပေါ့... ဒါ ဗဟိုခရိုင်လေ၊ ဆင်းရဲသား ဘယ်ရှိပါ့မလဲ'

ဒရိုင်ဘာက စိတ်ထဲမှ ကဲ့ရဲ့လိုက်သော်လည်း အပြင်သို့ ထုတ်မပြောဝံ့ပေ။ ဤအဘိုးကြီးမှာ သာမန်လူတစ်ယောက် မဟုတ်သောကြောင့်ပင်။

“အမှန်ပဲ၊ ငါက စိတ်နှလုံး နုနယ်လွန်းတော့ ဆင်းရဲသားတွေကို မကြည့်ရက်ဘူး”

ဘလိုက်သ်က သက်ပြင်းချလိုက်သည်။

သူသည် အမှန်စင်စစ် နော်ဇင်တစ်ခုလုံးကို ထိန်းချုပ်ထားသော ‘စီရင်ရေးဗျူရို’ ၏ အကြီးအကဲများထဲမှ တစ်ဦးဖြစ်ပြီး မြို့တော်ရှိ အလေးစားရဆုံး ပုဂ္ဂိုလ်များထဲတွင် ပါဝင်သည်။ စီရင်ရေးဗျူရိုမှာ နော်ဇင် ဗဟိုအုပ်ချုပ်ရေးအဖွဲ့၏ အမြင့်ဆုံး အဆင့်အတန်းဖြစ်ပြီး ၎င်းကို ဦးဆောင်သူများသည် မျိုးရိုးစဉ်ဆက် ရာထူးကို ဆက်ခံလာသူများ ဖြစ်ကြသည်။ သူတို့၏ ဘိုးဘေးများမှာ နော်ဇင်ကို တည်ထောင်ခဲ့သည့် ကြီးမြတ်သော ပုဂ္ဂိုလ်ကြီး ၁၂ ဦးပင် ဖြစ်သည်။

ထိုပုဂ္ဂိုလ်ကြီးတစ်ဦး၏ မျိုးဆက်ဖြစ်သော ဘလိုက်သ် ဆစ်စလေသည် သူ၏ ထူးချွန်မှုကြောင့် စီရင်ရေးဗျူရို၏ အဖွဲ့ဝင်ဖြစ်လာခဲ့သော်လည်း သူ၏ အဆင့်အတန်းမှာ ထိပ်တန်းအဆင့်တွင် မရှိသေးချေ။ သို့မဟုတ်ပါက စာအုပ်ဆိုင်ပိုင်ရှင်၏ ဆိုင်ခွဲကို စုံစမ်းစစ်ဆေးရန် သူကိုယ်တိုင် စေလွှတ်ခံရမည် မဟုတ်ပေ။

လွန်ခဲ့သော လဝက်ခန့်က ဗဟိုပန်းခြံ၏ အောက် မီတာ ထောင်ပေါင်းများစွာရှိ ‘ပြောင်းပြန်သစ်ပင်’ အောက်တွင် စီရင်ရေးဗျူရို၏ အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။ ထိုစဉ်က သူတို့သည် ကောက်ချက်နှစ်ခု ချမှတ်ခဲ့ကြသည် - ပထမအချက်... ‘မီးလျှံဓားလမ်းစဉ်’ အဖွဲ့က လင်ကျဲကို တိုက်ခိုက်မည့်အချိန်ကို စောင့်ကြည့်ရန်ဖြစ်ပြီး၊ ဒုတိယအချက်မှာ လင်ကျဲ၏ ဆိုင်ခွဲဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို စုံစမ်းရန် ဖြစ်သည်။

ထိုအဘိုးကြီး အဘွားကြီးများကြားတွင် အသက်အငယ်ဆုံးဖြစ်သော ဘလိုက်သ်သည် ဆိုင်ခွဲကို စုံစမ်းစစ်ဆေးမည့် တာဝန်ကို ယုံကြည်ချက်အပြည့်ဖြင့် လက်ခံခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဘလိုက်သ်သည် ထိုစာအုပ်ဆိုင်၏ အင်အားမှာ ဤမျှအထိ ကြီးမားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ဘလိုက်သ် သိထားရသလောက် စာအုပ်ဆိုင်ပိုင်ရှင်သည် အစကတည်းက တစ်ယောက်တည်း ရပ်တည်လာသူဖြစ်ပြီး သူ၏ တစ်ဦးတည်းသော အဖော်မှာ ဆိုင်ခွဲဖွင့်ရန် ကူညီပေးသည့် လက်ထောက်မိန်းကလေးသာ ရှိသည်ဟူ၍ ဖြစ်သည်။ စာအုပ်ဆိုင်ရှင်မှာ အံ့မခန်းစွမ်းအားများကို အကြိမ်ကြိမ် ပြသခဲ့သော်လည်း ဘလိုက်သ်ကတော့ သံသယရှိနေဆဲပင်။

လင်ကျဲ၏ ခန့်မှန်းရခက်သော အပြုအမူများကြောင့် သူ၏ စစ်မှန်သော ရည်ရွယ်ချက်ကို သိရှိရန် ခဲယဉ်းလှသည်။ အကယ်၍ သူ၌ မည်သည့် ရည်ရွယ်ချက်မျှ မရှိပါက ဤအရာများကို အဘယ်ကြောင့် လုပ်ဆောင်နေသနည်း။ သို့သော် ရည်ရွယ်ချက် ရှိသည်ဆိုလျှင်လည်း သူ၏ စွမ်းအားအရ နော်ဇင်ကို ဖျက်ဆီးရန်မှာ ခက်ခဲသော ကိစ္စမဟုတ်သော်လည်း သူ ထိုသို့ မလုပ်ခဲ့ချေ။ ယင်းအစား သူသည် သူ၏ စွမ်းအားများကို ဖြန့်ဝေပေးခြင်း၊ ဆိုင်ခွဲဖွင့်ခြင်းနှင့် သူ၏ ဩဇာအာဏာကို ချဲ့ထွင်ခြင်းများကိုသာ ပြုလုပ်နေသည်။

အမှန်တကယ် အစွမ်းထက်သူများသည် အင်းဆက်ပိုးမွှားမျှသာရှိသော သာမန်လူများနှင့် လက်တွဲလုပ်ဆောင်ရန် ရွံရှာတတ်ကြသည်။ အကယ်၍ လင်ကျဲသာ ‘သစ်ပင် စုန်းမကြီး’ ၏ စွမ်းအားကို ကျော်လွန်ထားသူဖြစ်ပါက သူသည် တစ်ခုခု လုပ်ဆောင်ပြီးလောက်ပြီ ဖြစ်သည်။

ထို့ကြောင့်ပင် ဘလိုက်သ်သည် လင်ကျဲ၏ ဆိုင်ခွဲကို စုံစမ်းမည့် တာဝန်ကို မိမိဘာသာ အဆိုပြုကာ လက်ခံခဲ့ခြင်းဖြစ်သည်။ အကယ်၍ ဤတာဝန် အောင်မြင်ပါက သူသည် စီရင်ရေးဗျူရို၏ အဓိက ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်မှာ အသေအချာပင်။

“ဆရာ... ရောက်ပါပြီ”

ဒရိုင်ဘာက ကားကို ဧရိယာ (A)၊ အမှတ် (၄၈) ၌ ရပ်လိုက်သည်။ မူလက ဖရက်ဒ် မိသားစု၏ အိမ်ကြီးမှာ ယခုအခါ လုံးဝ ပြုပြင်မွမ်းမံထားပြီး အလွန်အမင်း ခမ်းနားထည်ဝါသော စာအုပ်ဆိုင်ကြီးတစ်ခု ဖြစ်နေပြီဖြစ်သည်။

ဘလိုက်သ်သည် ကားပေါ်မှ ဆင်းလိုက်ရာ ကြီးမားလှသော စာအုပ်ဆိုင်ကြီးထဲတွင် နုနယ်လှပသော မိန်းကလေးတစ်ဦးတည်းသာ ရှိနေသည်ကို တွေ့လိုက်ရသည်။ ဤမိန်းကလေးမှာ အမှန်တရားအသင်းတော်မှ ဖန်တီးခဲ့သော ‘ဟိုမန်ကျူးလပ်စ်’ တစ်ဦးဖြစ်ကြောင်း သူ မှတ်မိလိုက်သည်။ သို့သော် ယခုအခါ သူမကို လင်ကျဲက အစစ်အမှန် မိန်းကလေးတစ်ဦးအဖြစ် ပြောင်းလဲပေးထားပြီး သူမ၏ စွမ်းအားအဆင့်မှာ ခန့်မှန်းရန် ခက်ခဲလှသည်။

“ကြိုဆိုပါတယ်...”

မွန်းက ဘလိုက်သ် အထဲသို့ မဝင်လာမီမှာပင် စက်ရုပ်တစ်ရုပ်ကဲ့သို့ ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။ ဆိုင်ခွဲမှာ ဖွင့်လှစ်ပြီးခါစသာ ရှိသေးရာ ဘလိုက်သ်မှာ ပထမဆုံး ဝယ်သူပင် ဖြစ်သည်။ တစ်နည်းအားဖြင့် သူသည် မစ္စတာလင်၏ ‘စမ်းသပ်မှု’ ကို ပထမဆုံး လက်ခံရမည့်သူ ဖြစ်သည်။

ဘလိုက်သ်က သူ၏ လက်ကိုင်တုတ်ကို အားပြုကာ စာအုပ်ဆိုင် ကောင်တာဆီသို့ လျှောက်သွားရင်း ပြုံးပြလိုက်သည်။

“မင်္ဂလာပါ ကောင်မလေး... မင်းတို့ရဲ့ စာအုပ်ဆိုင်က တကယ်ကို ခမ်းနားတာပဲ”

ဘလိုက်သ်က ပြုံးလျက် ဆိုသည်။

“ဒီလို သိက္ခာရှိတဲ့ စာအုပ်ဆိုင်မျိုးက ဗဟိုခရိုင်ရဲ့ ပတ်ဝန်းကျင်နဲ့ တကယ်ကို လိုက်ဖက်လှပါတယ်”

မွန်းက မည်သည့်အဖြေမျှ မပေးဘဲ သူ့ကို အရေးမပါသော အင်းဆက်တစ်ကောင်ကို ကြည့်သည့်အလား စိုက်ကြည့်နေသည်။ ဘလိုက်သ်မှာ တစ်ခါမျှ ဤကဲ့သို့ အဆက်ဆံမခံခဲ့ရဖူးသဖြင့် တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း မွန်း၏ ဖိအားပေးသော အကြည့်များကြောင့် အသက်ရှူပင် ကျပ်လာခဲ့ရသည်။

မွန်း၏ ဆိုင်ခွဲတွင် လင်ကျဲ၏ ဆိုင်မှာကဲ့သို့ အဆုံးမဲ့ စာအုပ်များ မရှိပေ။ ယင်းအစား ဤနေရာရှိ စာအုပ်များမှာ မစ္စတာလင်ကိုယ်တိုင် ရွေးချယ်ပေးထားခြင်း ဖြစ်သည်။ ဤသည်မှာ မစ္စတာလင်က သူတို့အပေါ် ထားရှိသော ယုံကြည်မှုဖြစ်ကြောင်း မွန်းနှင့် ဗင်းဆင့်တို့က သဘောတူထားကြသည်။ ထို့ကြောင့် သူတို့သည် စာအုပ်တစ်အုပ်ချင်းစီ၏ အကြောင်းအရာများကို အကြမ်းဖျင်း သိထားကြသော်လည်း အသေးစိတ်တော့ မဖတ်ကြချေ။ အဘယ်ကြောင့်ဆိုသော် မွန်းနှင့် ဗင်းဆင့်တို့ပင်လျှင် ဤစာအုပ်အားလုံးကို လွတ်လပ်စွာ ဖတ်ရှုခွင့်ရပါက သူတို့၏ စိတ်ကျန်းမာရေးမှာ ပျက်ပြားသွားနိုင်သောကြောင့်ပင်။

“ရှင်က ဒီစာအုပ်ဆိုင်ထဲကို ဝင်လာပြီဆိုတော့ ‘စမ်းသပ်မှု’ အတွက် အဆင်သင့် ဖြစ်နေပြီလို့ ဆိုလိုတာလား...”

မွန်း၏ နက်မှောင်သော မျက်ဝန်းများက ညကောင်းကင်ယံမှ တောက်ပသော ကြယ်တစ်ပွင့်အလား အလင်းတန်းတစ်ခု လင်းလက်သွားသည်။

“ဘာ... စမ်းသပ်မှု ဟုတ်လား...”

ဘလိုက်သ်မှာ မွန်းကို နားမလည်နိုင်စွာ ကြည့်နေမိသည်။ ဤသည်မှာ သူ မျှော်လင့်ထားသည်နှင့် လုံးဝ ခြားနားနေသည်။

ဗဟိုအုပ်ချုပ်ရေးအဖွဲ့၏ ထောက်လှမ်းရေး သတင်းများအရ စာအုပ်ဆိုင်ရှင်သည် စာအုပ်မရောင်းမီ ဟန်ပြအပြုအမူများ အရင်လုပ်တတ်ပြီး စာအုပ်ဆိုင်ရှင်တစ်ဦး၏ အခန်းကဏ္ဍအတိုင်းသာ နေထိုင်တတ်သည်ဟု သိထားသည်။ သူသည် သာမန်လူများကို ရန်မပြုတတ်သလို၊ သူ မည်သူမည်ဝါဖြစ်ကြောင်းကို ပြောဆိုခြင်းကိုလည်း မနှစ်သက်ဘဲ သူ၏ နတ်ဘုရားစွမ်းအားများကိုလည်း အလွယ်တကူ မထုတ်ပြတတ်ဟု ဆိုသည်။

ဘလိုက်သ်သည် စကားစမြည်ပြောရင်း စာအုပ်ဆိုင်ရှင် မည်သူမည်ဝါဖြစ်ကြောင်းကို စုံစမ်းလိုခြင်း ဖြစ်သည်။ သို့သော်လည်း ဤမိန်းကလေးငယ်မှာမူ သူ ဝင်လာသည်နှင့် တစ်ပြိုင်နက် သူမ၏ သဘာဝလွန် စွမ်းအားများဖြင့် သူ့ကို အတင်းအကျပ် ဖိနှိပ်လိုက်ခြင်း ဖြစ်သည်။

အဖြူရောင် ဝတ်စုံဝတ် မိန်းကလေးမှာ တစ်ဖက်သို့ လှည့်သွားပြီး အနက်ရောင် စာအုပ်စင်တစ်ခုဆီသို့ လျှောက်သွားသည်။ သူမသည် စာအုပ်တစ်အုပ်ကို ရွေးထုတ်ကာ ရတနာတစ်ပါးအလား ဘလိုက်သ်ထံသို့ မြှောက်ပြလိုက်သည်။

မွန်းက သူမ၏ ဆံပင်များကို အသာအယာ သပ်တင်ရင်း နားရွက်နောက်သို့ ပို့လိုက်သည်။ လက်ထဲရှိ စာအုပ်ကိုသာ ထည့်မစဉ်းစားပါက သူမ၏ အပြုအမူမှာ အလွန်ပင် ကျော့ရှင်းလှသည်။

ထိုစာအုပ်တွင် ချောမွေ့ကာ ပြောင်လက်နေသော မျက်နှာဖုံးရှိ၏။

'ဒါ... ဒါက လူ့အရေခွံနဲ့ ချုပ်ထားတဲ့ စာအုပ်လား...'

ဘလိုက်သ်၏ မျက်လုံးများမှာ အစွမ်းကုန် ပြူးကျယ်သွားရလေတော့သည်။

“မစ္စတာလင်ရဲ့ လက်ရာကို ရှင် တကယ် ခံစားကြည့်လိုက်မယ်ဆိုရင် ရှင့်ရဲ့ အတွေးအခေါ်တွေ အနည်းငယ် ပြောင်းလဲသွားနိုင်ပါတယ်”

မွန်းက ခေါင်းကို အနည်းငယ် စောင်း၏။ မစ္စတာလင်၏ စာအုပ်အပေါ် သူမ၏ လေးစားကြည်ညိုမှုကြောင့် နှုတ်ခမ်းအစုံမှာ အနည်းငယ် ပြုံးယောင်သန်းသွားခဲ့လေသည်။

***

အပိုင်း(၄၉၂)

အဖြူရောင်ဝတ်စုံနှင့် မိန်းကလေး၏ နှုတ်ခမ်းများက တွန့်ကွေးကာ ပြုံးလိုက်၏။ သူမ၏ အနက်ရောင်မျက်ဝန်းများမှာ အဆုံးမရှိသော ချောက်ကမ္ဘာကြီးကဲ့သို့ မှောင်အတိ ကျနေသည်။

မွန်းသည် မစ္စတာလင်ကဲ့သို့ သူတစ်ပါးကို လမ်းညွှန်ပေးခြင်း၊ စာအုပ်ရောင်းရရန် နည်းလမ်းအမျိုးမျိုး ထုတ်သုံးခြင်းနှင့် ပိုက်ဆံရှာခြင်းတို့ကို စိတ်မဝင်စားပေ။ သူမ၏ တာဝန်မှာ စာအုပ်များကို ပြန့်ပွားစေရန်ဖြစ်ပြီး မည်သူမဆို ဖတ်ရှုနိုင်သည်။ အကယ်၍ ထိုသူများမှာ ရူးသွပ်မသွားခဲ့ပါက မစ္စတာလင် ရွေးချယ်လိုက်သောသူ ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း... သူတို့သာ ရူးသွပ်သွားခဲ့ပါက မစ္စတာလင်၏ နောက်လိုက်ဖြစ်ရန် အရည်အချင်းမရှိသဖြင့် အမြန်ဆုံး ဖယ်ရှားပစ်ရန်သာ လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် မလိုအပ်သောသူများသည် အရင်းအမြစ်များကို ဖြုန်းတီးရာရောက်ပြီး နောက်ဆုံးပွဲသိမ်းဗျူဟာကိုပင် ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။

ဘလိုက်သ်သည် မိန်းကလေး၏ အပြုံးကိုကြည့်ကာ တုန်ရင်နေမိသည်။

'သူက ဘာလို့ ပုံမှန်ဇာတ်ညွှန်းအတိုင်း မသွားတာလဲ... အဓိကအချက်ကို မပြောခင် အများကြီး စကားပလ္လင်ခံရမှာ မဟုတ်ဘူးလား... ဘာလို့ စစချင်းတင် ဒီလောက် ဗူးပေါ်သလို ပေါ်နေရတာလဲ'

“ကျေး... ကျေးဇူးတင်ပါတယ် မစ္စ လက်ထောက်”

ဘလိုက်သ်က အတင်းပြုံးပြလိုက်၏။

“ဒီစာအုပ်ကို ကျွန်တော် ယူသွားပြီး အိမ်ရောက်မှ အေးအေးဆေးဆေး ဖတ်ပါ့မယ်”

“ယူသွားမယ် ဟုတ်လား...”

မွန်း၏ အပြုံးမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ခေါင်းကို တစ်ချက် စောင်းလိုက်သည်။ သူမ၏ ပုံစံမှာ ချစ်စရာကောင်းသော်လည်း တစ်ဖက်တွင်မူ အေးစိမ့်သော ထိတ်လန့်မှုကို ပေးစွမ်းနေသည်။

“ရှင် ပြန်သွားလို့ ရပါတယ်...”

မွန်းက ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။

“ဒါပေမဲ့ အခုပဲ ဖတ်ကြည့်ဖို့ ငါ အကြံပေးချင်တယ်... တကယ်လို့ ဒီစာအုပ်က ရှင်နဲ့ မကိုက်ညီဘူးဆိုရင် ရှင့် အတွက် သိပ်ပြီး ခက်ခဲမယ့်စာအုပ်မျိုး မဟုတ်တာကို ငါ လဲပေးနိုင်တာပေါ့”

ဘလိုက်သ်၏ နှုတ်ခမ်းများ တုန်ရီသွား၏။ သူ ဤစာအုပ်ကို လုံးဝ မဖတ်ဝံ့ချေ။ သူ၏ ပါရမီမှာ ပုံမှန်သာဖြစ်သော်လည်း မလာခင်ကပင် သူ၏ မိသားစုအတွင်းရှိ အထက်လမ်း မှော်ဆရာများထံမှ စာအုပ်၏ စွမ်းအားကို ခုခံနိုင်မည့် ‘အဆောင်လက်ဖွဲ့’ များကို သူ့ခန္ဓာကိုယ်တွင် ထည့်သွင်းထားခဲ့သည်။

ဘလိုက်သ်သည် ဤစာအုပ်ကို ယခုဖတ်ရန် လုံးဝ အစီအစဉ်မရှိပေ။ သူ၏ ရည်မှန်းချက်မှာ စာအုပ်ကို ရယူသွားပြီး စမ်းသပ်မှုများ ပြုလုပ်ရန်သာ ဖြစ်သည်။

“ဒါကြောင့် ဒီမှာတင် ဖတ်တာက ပိုကောင်းပါလိမ့်မယ်...”

မွန်းက နောက်ဆုံးပိတ် အိတ်နဲ့လွယ် ပြောလိုက်သည်။

“မဟုတ်တာ... မဟုတ်တာ... ကျွန်တော် အိမ်မှာပဲ ဖတ်ပါ့မယ်... ဒီမှာ ဆိုင်အလုပ်တွေကို မနှောင့်ယှက်ချင်လို့ပါ”

ဘလိုက်သ်က အလျင်အမြန် ငြင်းဆိုလိုက်သည်။

ထိုစကားကို ကြားသောအခါ မွန်းက ခဏမျှ တိတ်ဆိတ်သွား၏။

“နှောင့်ယှက်တာမျိုး မရှိပါဘူး... ဒါပေမဲ့ ရှင်က ဒီစာအုပ်ကို မကိုင်တွယ်နိုင်ဘူးဆိုရင်တော့ ငါ အဲဒါကို ပြန်သိမ်းရလိမ့်မယ်... မဟုတ်ရင် ငါ့အချိန်တွေကို ဖြုန်းတီးရာ ရောက်လိမ့်မယ်”

“ဘာအချိန်တွေ ဖြုန်းတီးတာလဲဗျ... မစ္စ လက်ထောက်က တကယ်ကို နောက်ပြောင်တတ်တာပဲ”

ဘလိုက်သ်က သူမစကားကို ဟန်ဆောင်ဖုံးဖိလိုက်သည်။

“ရှင့်ရဲ့ အလောင်းကို သိမ်းဆည်းရမယ့် အချိန်ကို ပြောတာပါ”

မွန်းက မျက်နှာသေဖြင့် ပြန်ပြောလိုက်ရာ ဘလိုက်သ်မှာ စကားပင် ဆက်မထွက်နိုင်တော့ချေ။

“ဘယ်လိုပဲဖြစ်ဖြစ် စာအုပ်ကိုတော့ ငါ ပြန်ယူရမှာပဲလေ...”

ဘလိုက်သ်မှာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရပြီး မွန်းကို ကြည့်ရုံနှင့်ပင် ကြီးမားသော ဖိအားများကို ခံစားနေရသည်။ ဤသည်မှာ သူ တစ်ခါမျှ မကြုံဖူးသော ခံစားချက်မျိုးပင်။

စီရင်ရေးဗျူရို၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော သူသည် အဆင့်အတန်း နိမ့်ပါးသည်ဆိုဦးတော့ 'ဖျက်ဆီးခြင်းအဆင့်' ရှိသော သဘာဝလွန် စွမ်းအားရှင် တစ်ဦးဖြစ်သည်။ မလာခင်ကလည်း အထက်လမ်း မှော်ဆရာများ၏ အဆောင်လက်ဖွဲ့များစွာဖြင့် အင်အားဖြည့်ထားခဲ့သေးသည်။ သို့သော် ယခုအခါ သူသည် မွန်း၏ ရှေ့တွင် လုံးဝ ဖိနှိပ်ခြင်း ခံနေရပြီး၊ ထွက်ပြေးရန် ကြိုးစားပါက မွန်းက သူ့ကို တစ်ချက်တည်းနှင့် သတ်ပစ်နိုင်ကြောင်း သိနေသည်။

ဘလိုက်သ်သည် မှော်ဆရာများ ပေးထားသော အဆောင်လက်ဖွဲ့များကို ပြန်လည်အာရုံပြုရင်း စာအုပ်ကို ဖြည်းညင်းစွာ လှမ်းယူလိုက်သည်။ သူ မျက်လုံးများကို ခဏပိတ်ကာ ပြန်ဖွင့်လိုက်သည့်အခါ...

ဟူး... ဟူး...

သူ၏ စိတ်ထဲတွင် ရောင်စုံဖန်ပြတင်းပေါက်များကဲ့သို့ တောက်ပသော အလင်းရောင်များ ပေါ်လာသည်။ ဘလိုက်သ် စာအုပ်ကို ကြည့်လိုက်သည့်အခါ ထူထဲသော ဖန်သားလွှာတစ်ခုကို ဖြတ်၍ ကြည့်နေရသကဲ့သို့ ခံစားလိုက်ရသည်။

ဤထူထဲသော ဖန်သားလွှာမှာ သူ၏ အသက်အာမခံချက်ဖြစ်ပြီး စာအုပ်ဖတ်နေသလို ဟန်ဆောင်ရန် သူအသုံးချမည့် လှည့်ကွက်ပင် ဖြစ်သည်။ ဘလိုက်သ်သည် ကြိုတင်ပြင်ဆင်မှုများ လုပ်ခဲ့မိသည့်အတွက် ဝမ်းသာသွားပြီး သက်ပြင်းချနိုင်တော့သည်။

ရုတ်တရက် သူ၏နောက်ကွယ်မှ အမျိုးသားတစ်ဦး၏ အသံကို ကြားလိုက်ရ၏။

“ဘယ်လို ခံစားရလဲ...”

ဘလိုက်သ်မှာ လန့်သွားပြီး လက်ထဲမှ စာအုပ်ပင် လွတ်ကျလုနီးပါး ဖြစ်သွားသည်။ သူသည် ဝေဝါးနေသော အခြေအနေဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ စူးရှတောက်ပသော အလင်းတန်းကြီးတစ်ခုနှင့် ထိပ်တိုက် တိုးတော့သည်။

“အား...”

ဘလိုက်သ်မှာ အော်ဟစ်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။ စကားပြောသူမှာ ဘလိုက်သ်ကို တစ်ချက်သာ ကြည့်လိုက်ပြီးနောက် လျစ်လျူရှုထားလိုက်သည်။

“သခင်မ မွန်း... ဒါက စမ်းသပ်မှု ခံယူဖို့ ရောက်လာတဲ့ လူသစ်လား...”

ဗင်းဆင့်က ကြမ်းပြင်ပေါ်တွင် လဲနေသော ဘလိုက်သ်ကို ကြည့်ကာ မေးလိုက်သည်။

မွန်းက ခေါင်းညိတ်ပြသည်။

“မစ္စတာ ဗင်းဆင့်... ရှင် ရောက်လာတာ တော်တော် ရုတ်တရက် ဆန်လှချေလား”

“ကျွန်တော် တရားဟောရင်း လမ်းကြုံလို့ ဝင်လာတာပါ... ပြီးတော့ သခင်မကိုလည်း လာပြီး နှုတ်ဆက်တာပါ”

ဗင်းဆင့်က ယဉ်ကျေးစွာ ပြန်ဖြေသည်။

မွန်းက ခေါင်းညိတ်ကာ ဘလိုက်သ်ကို အကဲခတ်လိုက်သည်။

“မစ္စတာလင်ရဲ့ စီမံကိန်းက ပြီးဆုံးသွားပြီ... ဒီလူကတော့ ဗဟိုအုပ်ချုပ်ရေးအဖွဲ့က မစ္စတာလင်ရဲ့ သတင်းစကားကို စုံစမ်းဖို့ လွှတ်လိုက်တဲ့ နယ်ရုပ်လေးတစ်ရုပ်ပါပဲ...”

“မျှော်လင့်ထားတဲ့အတိုင်းပဲ... သခင်မက ချက်ချင်း မြင်နိုင်တာပဲနော်”

ဗင်းဆင့်က ချီးကျူးလိုက်သည်။ ထို့နောက် သူက ဘလိုက်သ်ကို ငုံ့ကြည့်လိုက်သည်။ ထိုပုဂ္ဂိုလ်မှာ အစတုန်းက အဆောင် လက်ဖွဲ့များ၏ အားကိုးဖြင့် စာအုပ်၏ လွှမ်းမိုးမှုကို ခုခံနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူသည် နေမင်းကြီးကဲ့သို့ တောက်လောင်နေသော ဗင်းဆင့် ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

နောက်သို့ လှည့်ကြည့်လိုက်သည်နှင့်... ဗင်းဆင့်ကို ကာကွယ်ထားသော နေမင်းစွမ်းအားသည် ဘလိုက်သ်၏ မျက်နှာကို ရိုက်ခတ်သွားရာ သူ၏ မျက်လုံးသူငယ်အိမ်များမှာ ပေါက်ထွက်ကုန်တော့သည်။ ယခုအခါ သူ၏ မျက်လုံးအိမ်များမှာ ဟောင်းလောင်းပေါက် ဖြစ်သွားပြီး ကြမ်းပြင်ပေါ်တွင် အသံကုန် အော်ဟစ်နေရလေတော့သည်။

မွန်းက ဘလိုက်သ်၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း သူ့ကို အပြုံးဖြင့် ကြည့်နေ၏။

ဘလိုက်သ်မှာ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ သူမ၏ ဘေးနားရှိ မည်သူမဆို ညတာ၏ အေးချမ်းတည်ငြိမ်မှုကို ခံစားရမည် ဖြစ်သည်။ မွန်းက သူမ၏ လက်ကို လှုပ်ရှားကာ ဘလိုက်သ်၏ မျက်လုံးများကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။ နူးညံ့သော လရောင်ကဲ့သို့ပင် သူမသည် ဘလိုက်သ်၏ မျက်လုံးများကို ပြန်လည် ကုသပေးလိုက်ခြင်း ဖြစ်သည်။

ဘလိုက်သ် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူသည် လမင်းကြီးကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ အဆုံးမရှိသော ကြယ်တာရာများအထက်တွင် ရှိနေသော လမင်းဝိုင်းကြီးနှင့် ထိုအပေါ်မှ ပြုံးနေသော မွန်း၏ မျက်နှာ...။

“ထတော့”

မွန်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။ ဘလိုက်သ်က မည်သည့်အသိမှ မရှိတော့သော အခြေအနေဖြင့် မွန်း၏ ကူညီမှုဖြင့် ထိုင်ခုံတွင် ထိုင်လိုက်လေတော့သည်။

***

All Chapters