← Chapters

အခန်း (၄၉၇-၄၉၈)

Vol. 36 Ch. 497-498

အခန်း (၄၉၇-၄၉၈)

Vol. 36 Ch. 497-498

အပိုင်း(၄၉၇)

တစ်.... တောက်... တစ်... တောက်...

မွန်းသည် စာအုပ်ဆိုင်ခွဲအသစ်တွင် နာရီတစ်လုံးကို သီးသန့်တပ်ဆင်ထားရာ အချိန်ကုန်ဆုံးသွားပုံကို အထင်အရှား သိရှိနိုင်ပေသည်။

ကြည်လင်ပြတ်သားသော နာရီလက်တံသံများသည် စာအုပ်ဆိုင်အတွင်း ဟိန်းထွက်နေပြီး ကျယ်ပြောလှသော နေရာလွတ်ကြီးအား ပိုမိုတိတ်ဆိတ်ခြောက်ခြားစေသည်။ သို့သော် ဆိုင်အတွင်း ဝယ်သူမရှိခြင်းမှာ ထိုအချက်ကြောင့်တော့ မဟုတ်ပေ။ ဗဟိုခရိုင်ရှိ ဆိုင်ခွဲကို ဖွင့်လှစ်ခဲ့သည်မှာ ၁၀ ရက်ကျော်ခဲ့ပြီ ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ဆိုင်မှာ အတော်လေး ခြောက်ကပ်နေဆဲ ဖြစ်သည်။

ဤအခြေအနေမှာ မွန်းနှင့် ဗင်းဆင့်တို့ ခန့်မှန်းထားသည်နှင့် ကွဲလွဲနေ၏။ မူလက ဝယ်သူများစွာ ရောက်ရှိလာပြီး စာအုပ်များမှတစ်ဆင့် မစ္စတာလင်အတွက် အဆင့်မြင့် နောက်လိုက်နောက်ပါများကို ရွေးချယ်နိုင်မည်ဟု သူတို့ တွေးထားခဲ့ကြခြင်းဖြစ်သည်။

သို့သော် လက်တွေ့တွင်မူ ဝယ်သူ လုံးဝရှိမနေချေ။ လရောင်၏ စွမ်းအားကို ပိုင်ဆိုင်ထားသော မွန်းသည် အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို ကောင်းစွာ နားလည်ထားသည်။

သို့သော်လည်း ၎င်းမှာ ပြဿနာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ပန်းတိုင်မှာ ဤနေရာမဟုတ်ဘဲ နော်ဇင်မြို့၏ တကယ့်အထက်တန်းလွှာများကြားတွင် မျိုးစေ့များ ပျိုးကြဲထားပြီးဖြစ်ရာ အရာအားလုံး စတင်ရန် အချိန်ကိုသာ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

"ကျိကျစ်ရှို့ကတော့ မစ္စတာလင်ရဲ့ ရွေးချယ်ခံ တစ်ယောက် လုံးလုံးလျားလျား ဖြစ်သွားပြီပဲ"

မွန်းက တိုးတိုးလေး ရေရွတ်လိုက်ရာ တိတ်ဆိတ်နေသော ဆိုင်အတွင်း သူမ၏အသံမှာ ပဲ့တင်ထပ်သွားသည်။

ညဥ့်ဦးယံ စုန်းမကြီးအနေဖြင့် 'လမင်း၏မျက်လုံး' စွမ်းအားကို ပိုင်ဆိုင်ထားရာ နော်ဇင်မြို့အတွင်းရှိ ကျိကျစ်ရှို့၏ လှုပ်ရှားမှုများအပါအဝင် မည်သည့်အရာမှ သူမ၏အကြည့်ကို မလွတ်ကင်းနိုင်ချေ။

"လူမျိုးစုတစ်ခုလုံးကို သူ တစ်ဦးတည်းအဖြစ် ပြောင်းလဲပစ်လိုက်တာလား... သူက အဲဒီစာအုပ်တွေကို ဖြန့်ဝေပြီး မစ္စတာလင်ရဲ့ နောက်လိုက်တွေကို တိုးပွားအောင် လုပ်လိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ။ ဒါပေမဲ့ သူက လေလံပွဲကို အသုံးချပြီး သင့်တော်တဲ့သူတွေကို ရွေးချယ်မယ်၊ ပြီးတော့ အဲဒီစွမ်းအားရှင်တွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု အားနည်းနေချိန်မှာ အပိုင်စီးပြီး ထိန်းချုပ်လိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး"

ရုတ်တရက် ရင်းနှီးနေသော အသံတစ်ခုက မွန်း၏အတွေးများကို ထပ်တူကျစွာ ရွတ်ဆိုရင်း ထွက်ပေါ်လာသည်။ မွန်းသည် လှည့်ကြည့်စရာမလိုဘဲ မည်သူဖြစ်ကြောင်း သိလိုက်၏။ ရွှေရောင်ဆံပင်နှင့် ပါးပြင်အထိရှည်သော ပါးသိုင်းမွှေးတို့ဖြင့် ဗင်းဆင့်သည် ကြင်နာတတ်သော သင်းအုပ်ဆရာတစ်ဦးနှင့်ပင် တူနေသေးသည်။

"တစ်နည်းအားဖြင့် ပြောရရင် ကျိကျစ်ရှို့ဟာ မစ္စတာလင်အတွက် အရည်အချင်းအရှိဆုံးနဲ့ အသင့်တော်ဆုံး နောက်လိုက်တွေကို ရွေးချယ်ပေးခဲ့သလို သူ ကိုယ်တိုင်အတွက်လည်း လုံလောက်တဲ့ အစားထိုးရုပ်သေးတွေကို စီစဉ်ပေးခဲ့တာပဲ၊ ဒါဟာ တကယ်ကို ပါးနပ်တဲ့ လုပ်ရပ်ပဲ"

ဗင်းဆင့်က ဆိုသည်။

"ဒါပေါ့..."

မွန်းက အသာအယာ ပြုံးလိုက်၏။

"သူဟာ မစ္စတာလင် ကိုယ်တိုင် ရွေးချယ်ထားတဲ့သူတွေထဲက တစ်ယောက်ပဲလေ"

"တော်ဝင်မျိုးနွယ်အတော်များများက ကျိကျစ်ရှို့ရဲ့ စိတ်ထိန်းချုပ်မှုအောက် ရောက်ကုန်ပြီဆိုတော့ သခင်မရဲ့ဆိုင်မှာ ဝယ်သူမရှိတာ မဆန်းပါဘူး"

ဗင်းဆင့်က မွန်း၏ဘေးတွင် ဝင်ထိုင်ရင်း ရယ်မောလိုက်သည်။

"ဒါဆိုရင် ကျိသားအဖ နှစ်ယောက်စလုံးဟာ မစ္စတာလင်ရဲ့ သစ္စာအရှိဆုံး အစေခံတွေ ဖြစ်သွားကြပြီပေါ့"

"ဒါဟာ သူတို့အတွက် ဂုဏ်ယူစရာပဲ"

မွန်းက တည်ငြိမ်စွာ ပြန်ပြောသည်။ မွန်း၏အမြင်တွင် မစ္စတာလင်၏ လက်ပါးစေဖြစ်ရခြင်းမှာ ကျိသားအဖအတွက် အကောင်းဆုံး ကံကြမ္မာပင် ဖြစ်သည်။ အမှန်တကယ်လည်း မစ္စတာလင်သာ မရှိလျှင် ကျိကျစ်ရှို့မှာ သေဆုံးနေသည်မှာ ကြာလှပြီ ဖြစ်သည်။

"အခု ကျိကျစ်ရှို့က အခြေအနေကောင်းနေပြီဆိုတော့ ငါတို့လည်း လှုပ်ရှားဖို့ အချိန်တန်ပြီ"

မွန်းက ဆို၏။ ဆိုင်ခွဲ၏ ပိုင်ရှင်တစ်ဦးအနေဖြင့် သူမသည် တစ်နည်းအားဖြင့် မစ္စတာလင်၏ ဆန္ဒကို ကိုယ်စားပြုနေသူ ဖြစ်သည်။

"ဗဟိုခရိုင်ကိုလား..."

ဗင်းဆင့်က တွေဝေစွာ မေးလိုက်သည်။

"သစ်ပင်စုန်းမကြီး ဖရက်ဆီးနပ်စ် တစ်ယောက်တည်းပါ၊ ကြောက်နေစရာ မလိုပါဘူး"

မွန်းက ပြောလိုက်ရင်း ပြတင်းပေါက်အပြင်ဘက်တွင် စိမ်းမြမြ ငှက်ကလေးတစ်ကောင် နားနေသည်ကို လှမ်းကြည့်လိုက်သည်။

"သစ်ပင်စုန်းမကြီး... တကယ်ပဲ သစ်ပင်စုန်းမကြီးလား"

ဗင်းဆင့်က အံ့ဩစွာ ရေရွတ်လိုက်သည်။ ထိုစိမ်းမြမြ ငှက်ကလေးသည် နှစ်ကြိမ်မျှ တေးဆိုပြီးနောက် ပြတင်းပေါက်ဘောင်မှ ပျောက်ကွယ်သွားတော့သည်။

...

အဝေးတစ်နေရာ၌ ရှိနေသော ကျိကျစ်ရှို့သည် သူမ၏ ဘောပင်ကို ချလိုက်ပြီး သူမ၏ ရုပ်သေးရုပ်ဖြစ်သော စိမ်းမြမြ ငှက်ကလေးထံမှ မှတ်ဉာဏ်များကို ပြန်လည်ရယူလိုက်သည်။

"သစ်ပင်စုန်းမကြီး..."

ကျိကျစ်ရှို့က တိုးတိုးလေး ရေရွတ်ပြီးနောက် ကျိပိုတုန်ဘက်သို့ လှည့်လိုက်၏။

"စတင်ကြစို့၊ ဒါဟာ သခင်မလေးမွန်းရဲ့ အမိန့်ပဲ၊ သူ့ရဲ့ ဆန္ဒဟာ မစ္စတာလင်ရဲ့ ဆန္ဒပဲ"

ကျိပိုတုန်က မျက်ခုံးပင့်လိုက်သည်။ သူသည် မစ္စတာလင်၏ စာအုပ်ဖြစ်သော 'ဟင်းလင်းပြင်လက်ဝါး' မှတစ်ဆင့် စီးပွားရေးနှင့် ကုန်သွယ်ရေးကို ထိန်းချုပ်နိုင်သည့် စွမ်းအားများ ရရှိထားသူဖြစ်သည်။ ကျိပိုတုန်အတွက် စိတ်ကူးလိုက်ရုံမျှဖြင့် ငွေကြေးနှင့် ကုန်သွယ်ရေး စနစ်တစ်ခုလုံးကို ပြိုလဲသွားစေရန်မှာ မခဲယဉ်းတော့ချေ။

...

ဆာဘိုနာ ပါလာချီ...

ဆာဘိုနာ ပါလာချီ သည် ဗဟိုခရိုင်မှ တော်ဝင်မျိုးနွယ်မျိုးနွယ် ပါလာချီမိသားစု၏ အငယ်ဆုံးသမီး ဖြစ်သည်။ စည်းစိမ်ချမ်းသာကြားတွင် ကြီးပြင်းလာရသဖြင့် ဆာဘိုနာသည် တစ်ခါတစ်ရံ မာန်မာနကြီးတတ်သော်လည်း သူမသည် ထက်မြက်သူဖြစ်သည်။ သူမ၏ မာန်မာနမှာ အခြားသူများ မိမိအား လွယ်လွယ်နှင့် အနိုင်မကျင့်နိုင်စေရန် ပြသခြင်းသာ ဖြစ်သည်ဟု သူမ ယူဆထားသည်။

သူမ၏ မာန်မာနကြောင့်ပင် သူမတွင် သူငယ်ချင်း အများအပြားမရှိချေ။ သို့သော် ရိုးလ်သယံဇာတ ကုမ္ပဏီမှ ကျိမိသားစု၏ သမီးပျို ကျိကျစ်ရှို့ကိုမူ သူမက သူငယ်ချင်းအဖြစ် သတ်မှတ်ထားသည်။ ဆာဘိုနာ၏ အမြင်တွင် ကျိကျစ်ရှို့သည် သာမန်မျိုးရိုးမှ ဆင်းသက်လာသော်လည်း ပါရမီရှိပြီး ဗဟုသုတ ကြွယ်ဝသူဖြစ်ကာ ခေတ်သစ်တစ်ခုအတွက် ကြီးမားသော မျှော်မှန်းချက် ရှိသူဖြစ်သည်။

ကံမကောင်းစွာဖြင့် ဆာဘိုနာ၏ မိဘများက သူမကို ကခုန်ခြင်းအတတ်များ သင်ယူခိုင်းပြီးနောက်ပိုင်းတွင် ကျိကျစ်ရှို့နှင့် တဖြည်းဖြည်း ဝေးကွာသွားခဲ့ရသည်။ ပါလာချီမိသားစု၏ အိမ်ထိန်းများကလည်း ကျိမိသားစုမှာ သွေးနိမ့်သော ကုန်သည်များသာဖြစ်ပြီး သူတို့ကို ကိရိယာတစ်ခုလိုသာ အသုံးချသင့်ကြောင်း၊ ကျိကျစ်ရှို့က ဆာဘိုနာနှင့် ရင်းနှီးအောင် လုပ်ခြင်းမှာလည်း သူမတို့ မိသားစု အခြေအနေကို ထိန်းသိမ်းရန်သာ ဖြစ်ကြောင်း အမြဲ သတိပေးလေ့ရှိသည်။

သို့သော် ဆာဘိုနာက ဂရုမစိုက်ချေ။ ကျိကျစ်ရှို့သည် အလှပြင်ခြင်းနှင့် အသုံးအဆောင်များအကြောင်းသာ စဉ်းစားတတ်သည့် အခြားတော်ဝင်မျိုးနွယ်သမီးပျိုများထက် များစွာ သာလွန်ထက်မြက်သည်ဟု သူမ ခံစားရသည်။ ကျိကျစ်ရှို့နှင့် သူငယ်ချင်းဖြစ်ရခြင်းမှာ သူမအတွက် ဂုဏ်ယူစရာပင်။

အချိန်အတော်ကြာ၊ မဟုတ်သေး၊ ယနေ့အထိပင် ကျိကျစ်ရှို့မှာ ဆာဘိုနာ၏ အိုင်ဒေါ တစ်ဦး ဖြစ်နေဆဲဖြစ်သည်။ ဆာဘိုနာသည် ကခုန်ခြင်း သို့မဟုတ် တော်ဝင်မျိုးနွယ်တို့၏ ဝါသနာများတွင် စိတ်မဝင်စားချေ။ သူမ၏ တကယ့်အိပ်မက်မှာ အနာဂတ်တွင် အိမ်ထောင်ရေးအတွက် အသုံးချခံ ကိရိယာတစ်ခု ဖြစ်မသွားဘဲ စွမ်းအားရှင် တစ်ဦး ဖြစ်လာရန်ဖြစ်သည်။

သူမ၏ စုံစမ်းချက်များအရ သူမ၏ သူငယ်ချင်းကောင်း ကျိကျစ်ရှို့မှာ မကြာသေးမီ နှစ်များအတွင်း အင်အားကြီးသော စွမ်းအားရှင်တစ်ဦး ဖြစ်လာခဲ့သည်ဟု သိရသည်။ ထို့ကြောင့် ဆာဘိုနာသည် သူမနှင့် ဆက်သွယ်ပြီး စွမ်းအားရှင်တစ်ဦး ဖြစ်လာနိုင်မည့် အခွင့်အရေးကို ရယူရန် စဉ်းစားနေမိသည်။

ဤအချက်က သူမအား ကျိကျစ်ရှို့ကို ပိုမို အားကျစေခဲ့ပြီး ဆာဘိုနာသည် တစ်ခါတစ်ရံ မိမိကိုယ်မိမိ အားပေးရန်အတွက် စားပွဲထောင့်တွင် ကျိကျစ်ရှို့၏ အမည်ကို တိတ်တဆိတ် ထွင်းထုထားလေ့ ရှိတော့သည်။

ဗဟိုခရိုင် အစွန်အဖျားရှိ ကခုန်ခြင်းအကယ်ဒမီတွင် ရက်အနည်းငယ်ကြာ လေ့ကျင့်ပြီးနောက် ဆာဘိုနာသည် နောက်ဆုံးတွင် အိမ်သို့ ပြန်ရောက်လာခဲ့သည်။

"ဖေဖေ... မေမေ..."

ဆာဘိုနာသည် သူမ၏ သားရေခရီးဆောင်အိတ်ကို ဆွဲရင်း တံခါးကိုတွန်းဖွင့်ကာ လှမ်းခေါ်လိုက်သည်။ ထို့နောက် တွေ့လိုက်ရသော မြင်ကွင်းကြောင့် သူမ အံ့ဩမှင်သက်ကာ ရပ်တန့်သွားမိ၏။

သူမ၏ ဖခင်၊ မိခင်၊ အစ်ကိုနှင့် အစ်မတို့သည် ထမင်းစားပွဲတွင် ငြိမ်သက်စွာ ဝိုင်းထိုင်နေကြသည်။ သို့သော် အစားအသောက်စားမည့် အချိန်ကား မဟုတ်ချေ။

"ဖေဖေ... မေမေ... သမီး ပြန်ရောက်ပြီ"

ဆာဘိုနာက တိုးတိုးလေး ပြောလိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။ သူမ လှည့်ကြည့်လိုက်သောအခါ သူမကို အိမ်အရောက် ပို့ဆောင်ပေးခဲ့သည့် ဒရိုင်ဘာမှာလည်း စားပွဲဘေးရှိ မိဘမောင်ဘွားများနည်းတူ စက်ရုပ်တစ်ရုပ်ကဲ့သို့ မလှုပ်မယှက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ဇဝေဇဝါဖြစ်သွားသော ဆာဘိုနာသည် မျက်မှောင်ကြုတ်လျက် ထိုင်ခုံတစ်ခုကို ဆွဲထုတ်ကာ စားပွဲတွင် ဂရုတစိုက် ဝင်ထိုင်လိုက်သည်။ သူမ၏ မိဘနှင့် မောင်ဘွားများမှာ မျက်တောင်မခတ်သော မျက်နှာများဖြင့် တစ်ပုံစံတည်း တူညီသော အပြုံးများကို ပြုံးနေကြသည်။

"ဖေဖေ... မေမေ... လူကြီးမင်းတို့ ဘာဖြစ်နေကြတာလဲဟင်"

"ငါတို့ ဘာမှမဖြစ်ပါဘူး... ငါတို့ရဲ့ ချစ်လှစွာသော ဆာဘိုနာ

သူမ၏ မိဘနှစ်ဦးက တစ်ချိန်တည်း၊ တစ်သံတည်းဖြင့် ပြိုင်တူ ဖြေကြားလိုက်သည်။

ဆာဘိုနာ "..."

မရေမရာသော မလုံခြုံမှုကြီးက ဆာဘိုနာကို လွှမ်းမိုးသွားသည်။ သူမ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ အိမ်ဖော်များ၊ ဒရိုင်ဘာ၊ နောက်ဆုံး အိမ်မွေးကြောင်နက်နှင့် အမဲလိုက်ခွေးတို့ပင်လျှင် တစ်ပြိုင်နက်တည်း မျက်တောင်ခတ်ရင်း ဆာဘိုနာကို စူးစိုက်ကြည့်နေကြသည်။ သူတို့အားလုံး၏ အကြည့်နှင့် မျက်နှာထားမှာ ထပ်တူကျနေ၏။

သူတို့၏ နှုတ်ခမ်းထောင့်များမှာ အပေါ်သို့ အနည်းငယ် ကွေးတက်နေကြပြီး ထိုအပြုံးမှာ အိမ်မွေးကြောင်နက်၏ မျက်နှာပေါ်တွင်ပင် ထင်ဟပ်နေသည်။

ဆာဘိုနာသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိုးရိမ်စိတ်ကြောင့် ထိုင်ခုံပေါ်မှပင် လုလုခင်ခင် လဲကျမတတ် ဖြစ်သွားသည်။ သူမသည် အမြန်ထရပ်ကာ တံခါးဆီသို့ ဦးတည်လိုက်၏။

'ဒါဟာ စွမ်းအားရှင်တစ်ယောက်ပဲ... တစ်ယောက်ယောက်က စွမ်းအားတွေသုံးပြီး ငါ့မိဘတွေကို ထိန်းချုပ်ထားတာ...'

ဆာဘိုနာသည် မည်သည့် စွမ်းအားလေ့ကျင့်မှုမှ မရှိထားသည့် သာမန်လူသားတစ်ဦးသာ ဖြစ်သည်။ သူမသည် အိမ်ထဲမှ ထွက်ပြေးရန် တံခါးဆီသို့ အပြင်းအထန် ပြေးတော့သည်။

"ဘယ်ကို သွားမလို့လဲ... ငါတို့ရဲ့ ချစ်လှစွာသော ဆာဘိုနာ"

စံအိမ်တော်တစ်ခုလုံးမှ အသံများ ဟိန်းထွက်လာသည်။ ထိုအသံမှာ လူတိုင်း၏ ပါးစပ်မှ ထွက်လာသကဲ့သို့ ဖြစ်ပြီး လေသံမှာလည်း တစ်ထေရာတည်း တူညီနေသည်။

"အား..."

ဆာဘိုနာသည် ကော်ဇောပေါ်တွင် ခလုတ်တိုက်လဲရင်း အော်ဟစ်မိတော့သည်။

"ဘယ်ကို သွားမလို့လဲ... ငါတို့ရဲ့ ချစ်လှစွာသော ဆာဘိုနာ"

သူမ၏ မိခင်က သူမအနားသို့ ချဉ်းကပ်လာသည်။ နှုတ်ခမ်းထောင့် ကွေးညွှတ်ပုံမှာ ပေတံဖြင့် တိုင်းတာထားသကဲ့သို့ တိကျလွန်းလှ၏။ ရုတ်တရက်ဆိုသလို သူမမိခင်၏ မျက်နှာမှာ ငုံဖူးသော ပန်းတစ်ပွင့်ပွင့်လာသကဲ့သို့ ကွဲအက်သွားပြီး အသားစများ ထွက်ပေါ်လာကာ ရွံရှာဖွယ်ကောင်းသော သွေးရောင်လွှမ်းသည့် ပန်းကြီးတစ်ပွင့်အဖြစ် ပြောင်းလဲသွားတော့သည်။

ဆာဘိုနာ အော်ဟစ်ငိုယိုရန်ပင် အချိန်မရလိုက်မီ ထိုပန်းကြီး၏ အလယ်ဗဟိုတွင် မှိုပွင့်ဖတ် များ စတင်စုဖွဲ့လာသည်။

"ဘယ်ကို သွားမလို့လဲ... ငါ့ရဲ့ ချစ်လှစွာသော ညီမလေး"

ဆာဘိုနာ၏ အစ်မဖြစ်သူမှာလည်း ထပ်တူညီသော မျက်နှာထားဖြင့် သူတို့မိခင်၏ နောက်တွင် ရပ်နေသည်။

"ကျွန်မ... ကျွန်မ... ကျွန်မ မမကျိကျစ်ရှို့ ဆီကို သွားမလို့..."

ဆာဘိုနာမှာ မြေပြင်ပေါ်တွင် ထိုင်လျက် ခြေထောက်များ လုံးဝထုံကျင်နေပြီး သူမသိသော တစ်ဦးတည်းသော စွမ်းအားရှင်၏ အမည်ကို အသည်းအသန် ရွတ်ဆိုလိုက်မိသည်။

ဆာဘိုနာ အံ့ဩသွားသည်က သူမ၏မိခင်ဖြစ်သူ၏ ဦးခေါင်းမှာ အပေါ်သို့ လှည့်တက်သွားခြင်းပင်။ ကျိကျစ်ရှို့၏ အမည်ကို ကြားလိုက်ရသောအခါ အသားစပွင့်ဖတ်များမှာ တဖြည်းဖြည်း ပြန်လည်စိပိတ်သွားပြီး မူလတောင့်တင်းနေသော မျက်နှာမှာ ပြန်လည်ပေါ်ပေါက်လာသည်။

ခဏချင်းပင် ထိုမျက်နှာမှာ အင်္ဂတေနံရံမှ ဖုန်မှုန့်များ ကွာကျသွားသကဲ့သို့ ပျော့ပျောင်းလာပြီး သက်ရှိထင်ရှား ပြန်ဖြစ်လာသည်။ ထို့နောက်... သူမမိခင်၏ ပါးစပ် ပွင့်လာသောအခါ ထွက်လာသည့် စကားမှာ "ငါ့ကို ဘာလာရှာတာလဲ ဆာဘိုနာ" ဟူ၍ ဖြစ်သည်။ ကျိကျစ်ရှို့၏ ရွှင်လန်းသော အသံမှာ ဆာဘိုနာ့မိခင်၏ ပါးစပ်မှတစ်ဆင့် ထွက်ပေါ်လာခြင်းပင်။

"မမကျိ... မမ... အား..."

ဆာဘိုနာသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏ပါးစပ်ကို အုပ်လိုက်မိသည်။ သူမသည် အော်ဟစ်မြဲ အော်ဟစ်ရင်း မြေပြင်ပေါ်မှ ထကာ အိမ်အပြင်သို့ အသည်းအသန် ပြေးထွက်သွားတော့သည်။

ဆာဘိုနာ့မိခင်၏ ကိုယ်ထည်ကို ခဏတာ ငှားရမ်းထားသော ကျိကျစ်ရှို့မှာမူ လဲကျမတတ် ပြေးထွက်သွားသော မိန်းကလေးကို ကြည့်ကာ ခေါင်းကို စောင်းလျက် ဇဝေဇဝါဖြင့် ကျန်ရစ်ခဲ့သည်။

ဆာဘိုနာသည် ခြံတံခါးပြင်ပသို့ ပြေးထွက်လာခဲ့သည်။ တော်ဝင်မျိုးနွယ်သမီးပျိုတစ်ဦးဖြစ်သဖြင့် မြေကြီးနှင့် ထိတွေ့ရခဲသော သူမသည် ယခုအခါ ခြေလှမ်းတိုင်းတွင် ခလုတ်တိုက် လဲကျနေတော့သည်။ သူမ၏ ဒူးနှင့် တံတောင်ဆပ်များတွင် သွေးများ ထွက်နေသော်လည်း ကြောက်စိတ်ကြောင့် နာကျင်မှုကိုပင် မခံစားရတော့ချေ။

သူမသည် သူမဖခင် အလုပ်လုပ်ရာ 'ဗဟိုရဲဌာန' ဆီသို့ ဦးတည်ချင်နေသည်။ ပါလာချီမိသားစုမှာ ဗဟိုရဲဌာန၏ အရှင်သခင်များ မဟုတ်ပါလား။

"ကယ်ကြပါဦး... ကယ်ကြပါဦး..."

သူမ အော်ဟစ်ရင်း ပြေးလွှားနေမိသည်။

အိမ်နှင့် အတော်ဝေးဝေး ရောက်မှသာ အသက်ကို ဝဝရှူနိုင်တော့ပြီး မထိန်းနိုင်အောင် ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

"ဖေဖေ... မေမေ..."

***

အပိုင်း(၄၉၈)

ဆာဘိုနာသည် လမ်းမပေါ်တွင် ကြောင်တောင်တောင် ရပ်နေမိသည်။ သို့သော် လမ်းပေါ်တွင် သူမ မြင်တွေ့ရသည်မှာ ပို၍ပင် ယုံကြည်နိုင်စရာ မရှိတော့...။

အမြဲတမ်း လိမ္မာယဉ်ကျေးပြီး ခိုင်းသမျှလုပ်တတ်သော အလုပ်သမားများသည် တစ်စုံတစ်ခု ပူးကပ်နေသကဲ့သို့ စက်ရုံများနှင့် ဆိုင်များကို ဖျက်ဆီးနေကြသည်။ သူတို့သည် အရူးများကဲ့သို့ အလံများကို မြှောက်ကိုင်ထားကြပြီး အဝေးဆီမှ ပေါက်ကွဲသံကြီးများကိုလည်း သဲ့သဲ့ကြားနေရသည်။

တစ်ချိန်က စနစ်တကျ ရှိခဲ့သော ဗဟိုခရိုင်မှာ ယခုအခါ ငရဲခန်းတစ်ခုကဲ့သို့ ဖရိုဖရဲ ဖြစ်နေချေပြီ။

ဆာဘိုနာသည် ခေါင်းကို လက်ဖြင့် အုပ်ထားမိသည်။ မြင်တွေ့နေရသမျှမှာ သူမ၏ ကမ္ဘာကြီးကို တစ်ခဏချင်းအတွင်း ရိုက်ချိုးဖျက်ဆီးပစ်လိုက်သလိုပင်။

"ဘာတွေ ဖြစ်ကုန်တာလဲ..."

သူမ တိုးတိုးလေး ရေရွတ်နေစဉ် အလုပ်သမားခေါင်းဆောင် တစ်ဦးက တော်ဝင်မျိုးနွယ်အမျိုးသမီးတစ်ဦးကို ဆွဲထုတ်ကာ မြေပြင်ပေါ်သို့ ရက်ရက်စက်စက် လွှင့်ပစ်လိုက်သည်ကို တွေ့လိုက်ရသည်။

ဆာဘိုနာသည် ထိုတော်ဝင်မျိုးနွယ်အမျိုးသမီးမှာ သူမနှင့် ရင်းနှီးသူဖြစ်ကြောင်း သိလိုက်သဖြင့် တားဆီးရန် ပြင်လိုက်သော်လည်း ထိုအလုပ်သမားခေါင်းဆောင်က ခေါင်းမော့ကြည့်လာသည်။ ကြမ်းတမ်းသော ထိုမျက်နှာပေါ်တွင် သူမအိမ်တွင် မြင်တွေ့ခဲ့ရသည့် နူးညံ့သိမ်မွေ့သော အပြုံးမျိုး ပေါ်ပေါက်နေ၏။

ကျိကျစ်ရှို့...

"အား... အား..."

ဆာဘိုနာသည် ထပ်မံ အော်ဟစ်ရင်း ဆက်လက် ပြေးလွှားနေမိသည်။ သူမသည် အရူးတစ်ယောက်ကဲ့သို့ ပြေးနေသော်လည်း ထိုအပြုံးမှာ နေရာတိုင်း၊ လူတိုင်း၏ မျက်နှာပေါ်တွင် ရှိနေသကဲ့သို့ ခံစားနေရသည်။

ဒုန်း...

ဦးတည်ရာမဲ့ ပြေးလွှားနေသော ဆာဘိုနာသည် သန်မာသော အမျိုးသားတစ်ဦးနှင့် တိုက်မိသွားသည်။ သူမ မော့ကြည့်လိုက်သောအခါ ကြင်နာတတ်သော သင်းအုပ်ဆရာတစ်ဦး၏ မျက်နှာကို တွေ့လိုက်ရ၏။ ထိုသူ၏ အပြုံးမှာ နူးညံ့ပြီး ကျိကျစ်ရှို့၏ အပြုံးနှင့် လုံးဝ ကွဲပြားသည်။ သူ၏ လက်ထဲတွင်လည်း 'နေမင်းကျမ်းစာ' ဟု အမည်ရသော စာအုပ်တစ်အုပ်ကို ကိုင်ထားလေသည်။

....

ဆာဘိုနာသည် 'နေမင်းကျမ်းစာ' ကို ကိုင်ဆောင်ထားသူကို မှတ်မိသွားသည်။ သူကား 'အမိုးခုံးဘုရားကျောင်း' ပျက်စီးသွားပြီးနောက်ပိုင်း နော်ဇင်တွင် ရေပန်းအစားဆုံး ဖြစ်လာသည့် 'နေမင်းယုံကြည်မှုအဖွဲ့' ၏ ပုပ်ရဟန်းမင်းကြီး ဗင်းဆင့် ပင် ဖြစ်သည်။

ဗဟိုခရိုင်ရှိ အထက်တန်းလွှာများဖြစ်သည့် ဆာဘိုနာ၏ မိဘများသည် ဗင်းဆင့်နှင့် ထိတွေ့ဆက်ဆံဖူးသည်။ ထိုစဉ်က ဆာဘိုနာသည် ထိုသို့သော ဘာသာရေးပွဲများတွင် ပါဝင်ရန် စိတ်မပါခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် နေမင်းယုံကြည်မှုအဖွဲ့သည် တန်းတူညီမျှမှုနှင့် တရားမျှတမှုဟူသော ခေါင်းစဉ်အောက်တွင် သာမန်လူတန်းစားများကို အလုပ်အကျွေးပြုသည်ဟု ကြွေးကြော်ထားသောကြောင့်ပင်။

ယခင်က တော်ဝင်မျိုးနွယ်များနှင့် ပူးပေါင်းခဲ့သော အမိုးခုံးဘုရားကျောင်းနှင့် ခြားနားစွာပင်... နေမင်းယုံကြည်မှုအဖွဲ့၏ အစွန်းရောက်သော စင်ကြယ်မှုက သူမကို စိတ်မသက်မသာ ဖြစ်စေသည်။ သူမ၏ အတွင်းစိတ်ထဲမှ လောဘနှင့် အမှောင်ထုများကို နေရောင်အောက်တွင် ဖော်ထုတ်ပြသနေရသကဲ့သို့ သူမ ခံစားရသည်။

သို့သော် နေမင်းယုံကြည်မှုအဖွဲ့၏ သြဇာအာဏာမှာ ကြီးထွားလာပြီး တော်ဝင်မျိုးနွယ်တို့၏ လုပ်ငန်းအတော်များများကို သက်ရောက်မှုရှိလာသဖြင့် သူမ၏မိဘများမှာ ဗင်းဆင့်နှင့် မဖြစ်မနေ ဆက်သွယ်ခဲ့ကြရခြင်း ဖြစ်သည်။

"မစ္စတာဗင်းဆင့်... ကျွန်မမိဘတွေ... သူတို့ ရူးကုန်ကြပြီ။ ကျိကျစ်ရှို့က သူတို့ကို ပူးဝင်ထိန်းချုပ်ထားတာ။ သူက မိစ္ဆာမကြီးပဲ... သူက မိစ္ဆာမ... သူ့ကို သန့်စင်ပေးပါဦး..."

ဆာဘိုနာမှာ ရွေးချယ်စရာမရှိတော့ဘဲ ရှိုက်ကြီးတငင် ငိုကြွေးရင်း နောက်ဘက်ကို ညွှန်ပြကာ အော်ဟစ်လိုက်မိသည်။

ဗင်းဆင့်က သူမကို ပြုံးပြလိုက်ရာ ဆာဘိုနာ ချက်ချင်း တုန်လှုပ်သွားသည်။ သူမသည် 'အပြုံး' များကို ကြောက်လန့်နေပြီဖြစ်ပြီး တစ်စုံတစ်ယောက် ပြုံးသည်ကို မြင်ရုံနှင့်ပင် စိတ်ဒဏ်ရာ ရနေရှာပြီ။

သို့သော် ဗင်းဆင့်မှာ ကျိကျစ်ရှို့နှင့် မတူပေ။ သူက ဆာဘိုနာ၏ ခေါင်းကို အသာအယာ ပုတ်ရင်း ပြောလိုက်သည်။

"မကြောက်ပါနဲ့ ကလေး... တရားစီရင်ရာနေ့ ရောက်လာပြီ။ ကောင်းတဲ့သူရော ဆိုးတဲ့သူပါ သူတို့ရဲ့ လုပ်ရပ်နဲ့ ထိုက်တန်တဲ့ ရလဒ်တွေကို ရကြလိမ့်မယ်..."

"ငါတို့ရဲ့ အရှင်သခင်က မကြာခင် ဆင်းသက်လာတော့မယ်။ အခုဖြစ်နေတဲ့ ဖရိုဖရဲ အခြေအနေတွေက အသွင်ကူးပြောင်းမှု မတိုင်ခင် ခံစားရတဲ့ မွေးဖွားခြင်း ဝေဒနာတွေပါပဲ။ ငါ့နောက်ကို လိုက်ခဲ့ပါ... ပိုပြီး တန်းတူညီမျှတဲ့၊ ပိုပြီး လွတ်လပ်တဲ့၊ ပိုပြီး တောက်ပတဲ့ အနာဂတ်အတွက် ဗတ္တိဇံကို စတင်ကြစို့... အကယ်၍ မင်းဟာ စိတ်ကောင်းရှိသူဆိုရင် ငါတို့ထဲက တစ်ယောက် ဖြစ်လာပြီး အရှင်သခင်ရဲ့ ကောင်းချီးနဲ့ ကာကွယ်မှုကို ရပါလိမ့်မယ်..."

ဆာဘိုနာသည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိသည်။ ဤတော်ဝင်မျိုးနွယ်သမီးပျို၏ မျက်စိရှေ့တွင် ဖြစ်ပျက်နေသမျှမှာ သူမ၏ ကမ္ဘာကြီးကို မြေလှန်ပစ်နေသကဲ့သို့ပင်။ ဗင်းဆင့်၏ ခန့်ညားထည်ဝါသော လေသံကြောင့် သူမတွင် ငြင်းဆန်ခွင့် မရှိမှန်း နားလည်လိုက်သည်။ ထို့ကြောင့် သူမသည် ဗင်းဆင့်၏နောက်မှ လိုက်ပါရင်း လူအုပ်ကြီးထဲသို့ ရောနှောသွားရတော့သည်။

လမ်းမများပေါ်တွင် သေနတ်သံများနှင့် ရှုပ်ထွေးဆူညံမှုများက သူမ၏ အမြင်အာရုံကို ပြည့်နှက်နေသည်။ ဗဟိုရဲဌာနသို့ အန္တရာယ်ကင်းကင်း ရောက်နိုင်ပါ့မလား သူမ မသေချာချေ။ ဗင်းဆင့်၏ နောက်တွင် လိုက်ပါလာသော တပည့်အချို့မှာ စာအုပ်များကို ကိုင်ထားကြ၏။ ထိုစာအုပ်များကို ကြည့်လိုက်ရုံဖြင့် ဆာဘိုနာမှာ ခေါင်းမူးသွားရသည်။

ထို့ပြင် ထိုတပည့်များ၏ နောက်တွင် ရှိနေသည်မှာ လက်နက်ကိရိယာ အစုံအလင် ကိုင်ဆောင်ထားသော ဆင်းရဲသား ရာပေါင်းများစွာပင် ဖြစ်သည်။

ဆာဘိုနာ၏ မျက်နှာတွင် ရွံရှာသော အရိပ်အယောင်များ ချက်ချင်း ပေါ်လာသည်။ တော်ဝင်မျိုးနွယ်မျိုးနွယ်အဖြစ် မွေးဖွားလာသူဖြစ်သဖြင့် လူတန်းစားခွဲခြားမှုမှာ သူမ၏ စိတ်ထဲတွင် ငယ်စဉ်ကတည်းက စွဲမြဲနေခဲ့သည်။ ထို့ကြောင့် ဆင်းရဲသားများအပေါ် နှိမ်ချလိုစိတ်မှာ ဗီဇကဲ့သို့ ဖြစ်နေချေပြီ။

ထိုညစ်ပတ်ပြီး နံစော်နေသော နိမ့်ကျသည့် ဆင်းရဲသားများကို သူမ တကယ်ပင် ရွံရှာမိသည်။ သို့သော် ဗင်းဆင့်က ထိုအချက်ကို သတိပြုမိသွားပြီး သူမကို စိုက်ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။

"မင်း သူတို့ကို ရွံသလား ကလေး..."

"ဒါပေါ့... သူတို့က နော်ဇင်ရဲ့ ပိုးမွှားတွေပဲ၊ နိမ့်ကျတဲ့ ပုရွက်ဆိတ်တွေ။ သူတို့က ကျွန်မနဲ့ တစ်နေရာတည်းမှာ နေထိုင်ဖို့ ဘယ်လိုမှ မထိုက်တန်ဘူး။"

ဆာဘိုနာမှာ ဒေါသတကြီး ဖြေကြားနေရင်းမှ သတိဝင်လာကာ စကားကို ချက်ချင်း ပြန်ပြင်လိုက်ရသည်။

"ဟို... မဟုတ်ပါဘူး၊ အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်မ ကျိကျစ်ရှို့ရဲ့ ထိန်းချုပ်မှုကို ခံထားရလို့ ဖြစ်မှာပါ။ သူက တကယ့် မိစ္ဆာမကြီးပါ၊ ကျွန်မကို ကယ်ပါဦး..."

ဆာဘိုနာသည် အသည်းအသန် ရှင်းပြနေပြီး သူမ၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နေသည်။ သူမသည် အလှပြရုပ်သေးရုပ်များကဲ့သို့သော အခြားတော်ဝင်မျိုးနွယ်သမီးပျိုများထက် ပိုမိုထက်မြက်သူဖြစ်သဖြင့် လက်ရှိအခြေအနေကို မြန်မြန်ဆန်ဆန် သုံးသပ်နိုင်ခဲ့သည်။ ဤလူအုပ်မှာ တော်ဝင်မျိုးနွယ်များကို တော်လှန်နေသည့် ဆင်းရဲသားများ ဖြစ်သည်။ သူတို့ကို ရွံရှာကြောင်း ဖော်ပြမိလျှင် သူမ သေချာပေါက် အသတ်ခံရပေလိမ့်မည်။

သို့သော် ဗဟိုရဲဌာနသို့ ရောက်သွားလျှင် ထိုနေရာရှိ အရာရှိများမှာ သူမ၏ ဆွေမျိုးများသာ ဖြစ်သဖြင့် ထိုလက်နက်ကိုင် ရဲတပ်ဖွဲ့က ဤပိုးမွှားများကို ရှင်းလင်းပေးလိမ့်မည်ဟု ဆာဘိုနာက တွေးတောရင်း သက်ပြင်းချလိုက်မိသည်။

"ကောင်းပြီ... အဲဒီတော့ သူတို့နဲ့အတူ သွားရပ်လိုက်ပါ ကလေး"

ဗင်းဆင့်က ပြုံးလျက် ဆိုသည်။

ဆာဘိုနာက ဗင်းဆင့်ကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး နောက်ဆုံးမှ တပည့်ဖြစ်သူ၏ နောက်တွင် ပုန်းလျှိုးလိုက်သည်။ ထို့နောက် အခြားသူများကဲ့သို့ပင် သူမ၏ လက်ချောင်းဖြင့် နေမင်းပုံစံကို ဆွဲပြီး ရင်ဘတ်ပေါ်တွင် လက်ယှက်ထားလိုက်သည်။ ဆင်းရဲသားများထံမှ ထွက်လာသော အနံ့ဆိုးများကြောင့် သူမ ပျို့တက်လာသော်လည်း အောင့်အည်းထားကာ စိတ်ထဲမှသာ ကျိန်ဆဲနေမိတော့သည်။

ဗင်းဆင့်သည် ဗဟိုခရိုင် လမ်းမကြီးပေါ်တွင် 'နေမင်းကျမ်းစာ' ကို ကိုင်ဆောင်ကာ လျှောက်လှမ်းနေရင်း အသံကျယ်ကျယ်ဖြင့် ရွတ်ဆိုနေသည်။

"ငါ့ရဲ့ မျက်လုံးတွေကို မင်းတို့ဆီ ငှားပေးမယ်... အနည်းဆုံးတော့ အလင်းရောင်ကို ခဏတာ မြင်နိုင်အောင်လို့ပေါ့..."

ဆင်းရဲသား လူအုပ်ကြီးထဲသို့ ရောက်သွားမှပင် ဗဟိုခရိုင်ရှိ ဆင်းရဲသားအားလုံးမှာ ဗင်းဆင့်၏ ခေါ်ဆောင်မှုကြောင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း ဆာဘိုနာ နားလည်သွားသည်။ ပုံမှန်အားဖြင့် တော်ဝင်မျိုးနွယ်တစ်ဦး၏ အနား ၁၀ မီတာအတွင်း ကပ်လာလျှင်ပင် လေထုကို ညစ်ညမ်းစေသည်ဟု ကဲ့ရဲ့ခံရလေ့ရှိသော ထိုပိုးမွှားများ၏ မျက်လုံးများထဲတွင် ယခုအခါ နေမင်းကဲ့သို့ တောက်ပသော အရိပ်အယောင်များ ရှိနေကြသည်။

ဆာဘိုနာမှာ တံတွေးမျိုချရင်း တုန်တုန်ရင်ရင်ဖြင့် ဗင်းဆင့်နောက်မှ လိုက်ပါကာ ကျမ်းစာလာ စာသားများကို လိုက်လံ ရွတ်ဆိုနေရတော့သည်။

"...ငါတို့ မွေးဖွားလာတယ်၊ လမ်းလျှောက်တယ်၊ စားသောက်တယ်၊ ချစ်ခင်ကြတယ်... အရာအားလုံးဟာ နေမင်းဆီက လာတာပဲ၊ နေမင်းကို ငါတို့ ချီးမွမ်းကြစို့..."

"လမင်းရဲ့ အလင်းဟာ နေမင်းဆီက လာတယ်၊ ကြယ်တာရာတွေရဲ့ အလင်းဟာလည်း နေမင်းဆီက လာတယ်၊ ခပ်သိမ်းသော အရာတို့ရဲ့ အရောင်ဟာလည်း နေမင်းဆီက လာတာပဲ..."

"ဒီလောကကြီးမှာ နေရောင်အောက်မှာ လျှောက်လှမ်းသူတိုင်းဟာ တန်းတူညီမျှကြပါတယ်။"

ဗင်းဆင့်၏ ဦးဆောင်မှုအောက်တွင် ဆင်းရဲသားများမှာ အောင်ပွဲခံသီချင်းများကို သီဆိုနေကြပြီး အောက်ဘက်ခရိုင်မှ အလုပ်လက်မဲ့ အလုပ်သမားများမှာလည်း ကျိကျစ်ရှို့၏ လှုံ့ဆော်မှုဖြင့် ဗဟိုခရိုင်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာကြသည်။ ဗဟိုခရိုင်တစ်ခုလုံးမှာ မီးခိုးငွေ့များနှင့် ဖရိုဖရဲ ဖြစ်နေပြီး ကမ္ဘာပျက်နေသကဲ့သို့ပင်။ နော်ဇင်၏ တစ်ချိန်က သာယာဝပြောမှုနှင့် စနစ်တကျ ရှိမှုတို့မှာ ယနေ့၏ ရက်စက်ကြမ်းကြုတ်မှုများဖြင့် အစားထိုးခြင်း ခံလိုက်ရချေပြီ။

'ငါ့အိမ်... ဒီဆင်းရဲသားတွေ ဖျက်ဆီးလိုက်ပြီ...'

ဆာဘိုနာသည် သွားကြိတ်ရင်း တွေးနေမိသည်။

သူတို့သည် ဗဟိုရဲဌာနသို့ ရောက်ရှိလာကြသော်လည်း ရဲအရာရှိအားလုံးမှာ ဝင်ရောက်မစွက်ဖက်ရန် အမိန့်ပေးခြင်း ခံထားရသည်။ ဆာဘိုနာ စိတ်ထဲမှ အော်ဟစ်နေမိ၏။ ရဲချုပ်မှာ သူမ၏ ဖခင်ဖြစ်သော်လည်း သူသည် တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုကို ခံထားရသဖြင့် ထိုအမိန့်ပေးသူမှာ သူမဖခင် မဟုတ်နိုင်တော့ချေ။

သူမသည် အမှန်တရားကို ထရပ်ပြောချင်သော်လည်း ကြောက်ရွံ့မှုက လွှမ်းမိုးထားသည်။ သူမဖခင်တင်မကဘဲ ဗဟိုခရိုင်ရှိ တော်ဝင်မျိုးနွယ်အားလုံးနီးပါးမှာ ကျိကျစ်ရှို့၏ ထိန်းချုပ်မှုကို ခံနေရချေပြီ။ ဤလက်နက်ကိုင် ဆင်းရဲသားများမှာ ဥပဒေမဲ့ ပြုမူနေကြပြီး တစ်စုံတစ်ယောက်က တားဆီးရန် ကြိုးစားလျှင်ပင် အသတ်ခံရမည်မှာ သေချာသည်။

***

All Chapters