← Chapters

အရသာရှိရင် များများစားလိုက်

Vol. 3 Ch. 33

အရသာရှိရင် များများစားလိုက်

Vol. 3 Ch. 33

ရဲ့ရှင်းချန်၏ စကားအား ကြားသောအခါ ချန်းရူအာနှင့် ချူယောင်တို့သည် စိတ်ထဲမှ ကြိမ်းဝါး ဆဲဆိုလိုက်ကြလေတော့သည်။

‘နင့်အိမ်မှာ စားစရာ ဘာမှမရှိဘူးလို့ ဘယ်သူ့ကို လာလိမ်နေတာလဲ မပေးချင်ရင် မပေးချင်ဘူးလို့ ပြောလိုက်ပေါ့ ရဲ့ရှင်းချန် နင် တကယ် အတ္တကြီးလွန်းတဲ့ ခွေးတစ်ကောင်ပဲ သေစမ်း ‘

ရဲ့ရှင်းချန်မှ သူ့ကို အလွယ်တကူ စားစရာပေးမည် မဟုတ်ကြောင်း ကျန်းဖုန်း သိထားသည်မှာ သေချာလှပေသည်။ သူသည် အံ တင်းတင်းကြိတ်လျှက် အိတ်ကပ်ထဲမှ Cephalothrin (ပဋိဇီဝဆေး) တစ်ဘူးအား ထုတ်ယူလိုက်ကာ တံခါးပေါက်ရှိ ချောင်းကြည့်ပေါက်ရှေ့တွင် ဝှေ့ယမ်းပြလိုက်လေသည်။

"ငါ မင်းဆီက အလကားမယူပါဘူးကွာ ငါ့ဆီမှာ Cephalothrin တစ်ဘူးရှိတယ် အဲဒီဆေးနဲ့ လာလဲတာပါ"

ဤကဲ့သို့ ပြင်းထန် ဆိုးရွားလှသည့် ရာသီဥတုမျိုးတွင် ဆေးကုမ္ပဏီများ မဆိုထားနှင့် ဆေးရုံများပင် ပိတ်ထားရပြီ ဖြစ်သည်။

ယခုလိုအချိန်မျိုးတွင် အဖျားတက်ခြင်း အအေးမိခြင်း သို့မဟုတ် မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်ပေါ်ပါက အသက်အန္တရာယ်ပင် စိုးရိမ်ရသည့် အခြေအနေ ဖြစ်နေခဲ့သည်။

ဤ Cephalothrin ဆေးဘူး၏ တန်ဖိုးမှာ စားနပ်ရိက္ခာများထက်ပင် မနိမ့်ကျချေ။

ရဲ့ရှင်းချန် တံခါးဖွင့်လာစေရန်အတွက် ကျန်းဖုန်းသည် သူ အသေအချာ ဖုံးကွယ်သိမ်းဆည်းထားသည့် ရတနာကိုပင် မတွန့်ဆုတ်ဘဲ ထုတ်သုံးလိုက်ခြင်းပင် ဖြစ်လေသည်။

ယခုအချိန်တွင် ရဲ့ရှင်းချန်သည် ထိန်းချုပ်ခန်း အတွင်း၌ ထိုင်လျှက် လုံခြုံရေးကင်မရာ မြင်ကွင်းများအား စိုက်ကြည့်ရင်း တွေးတောနေမိလေသည်။

‘သူတို့ကို သတ်ပစ်လိုက်ရမလား’

သူတို့ကို သတ်ရန်မှာ အလွန်လွယ်ကူလှသည်။ ကျည်ဆန် အနည်းငယ်မျှဖြင့် သူတို့၏ အသက်အား နှုတ်ယူနိုင်သော်လည်း ယင်းမှာ သူတို့အတွက် သက်သာလွန်းနေမည် မဟုတ်ပါလော။

သူ၏ ယခင်ဘဝတွင် ချန်းရူအာကြောင့် သူသည် ဓားချက်ပေါင်း ထောင်ချီ အခုတ်ခံခဲ့ရပြီးဖြစ်လေသည်။ ရဲ့ရှင်းချန်သည် ထိုသည်အား ပြန်တွေးမိပြီးနောက် ချက်ချင်းပင် သူတို့အား မသတ်ချင်တော့ချေ။

မည်သို့ပင်ဖြစ်စေ ဤကပ်ဆိုးကြီးထဲတွင် သေဆုံးသွားခြင်းမှာ နာကျင်မှုများမှ လွတ်မြောက်သွားခြင်း တစ်မျိုးပင် ဖြစ်လေသည်။ သူတို့အား မြန်မြန်ဆန်ဆန် သေခွင့်ပေးလိုက်ရမည့်အစား သေရတာထက် ပိုဆိုးရွားသည့် ဘဝမျိုးကို အား ခံစားရစေရန် အဘယ်ကြောင့် မလုပ်ရမည်နည်း။

အချိန်အတော်ကြာ တွေးတောပြီးနောက် ရဲ့ရှင်းချန်သည် ရုတ်တရက် ရက်စက်စွာ ပြုံးလိုက်လေတော့သည်။

သူသည် ဝရန်တာဖြစ်သော်လည်း အခန်းငယ်လေးအဖြစ် ပြုပြင်ပြောင်းလဲထားသည့် နေရာတစ်ခုဆီသို့ လျှောက်သွားလိုက်လေသည်။

ရဲ့ရှင်းချန်သည် အိမ်နှင့်ဆက်သွယ်ထားသည့် တံခါးအား ဦးစွာ ပိတ်လိုက်ပြီးနောက် နေရာလွတ်၏ အဆုံးတွင် ရှိသည့် ဟင်းသီးဟင်းရွက် အပုပ်အသိုးများနှင့် ရောနှောနေသည့် ပလပ်စတစ်ပုံးအား ထုတ်ယူလိုက်တော့သည်။

ထိုအရာများမှာ သူ ဟင်းချက်သင်စဉ်တွင် ထွက်ပေါ်လာသည့် မီးဖိုချောင်သုံး အမှိုက်သရိုက်များ ဖြစ်လေသည်။ အရိုးကျန်များလည်း အများအပြား ပါဝင်နေခဲ့ကာ သန့်ရှင်းရေးလုပ်ရန် မေ့လျော့နေခဲ့သဖြင့် အမှိုက်မျိုးစုံတို့မှာ ပုပ်ဟောင်းနေခဲ့ပြီ ဖြစ်လေသည်။

သူသည် နှာခေါင်းစည်းအား တပ်လျှက် စကားပြောစက်အား ကိုင်လိုက်လေသည်။ ချောင်းကြည့်ခံရခြင်းမှ ကာကွယ်ပေးသည့်် အလွှာကပ်ထားသည့် ကျည်ကာမှန်အထူကြီး မှတစ်ဆင့် အောက်သို့ လှမ်းကြည့်လိုက်လေရာ ကျန်းဖုန်းသည် ထိုနေရာတွင် ရပ်နေခဲ့ကာ ချန်းရူအာနှင့် ချူယောင်တို့သည်လည်း ခိုးကြောင်ခိုးဝှက်ဖြင့် ရောက်ရှိနေကြသည်အား မြင်တွေ့လိုက်ရလေတော့သည်။

"Cephalothrin ဆေးလား မဆိုးဘူးပဲ မင်းကို စားစရာ နည်းနည်းတော့ လဲပေးလို့ရတယ်"

သူတို့သုံးယောက်သည် တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ကြည့်လိုက်ကြပြီးနောက် ချောင်းကြည့်ပေါက်မှ မမြင်နိုင်သည့် နေရာသို့ ဓားများကို ရွှေ့လိုက်ကြလေတော့သည်။

"ကောင်းပြီလေ ဒါဆို တံခါးဖွင့်ပေးပါဦး ငါ အများကြီး မတောင်းပါဘူး ခေါက်ဆွဲခြောက် ငါးထုပ်ဆို ရပါပြီ"

လက်ရှိ ပေါက်ဈေးအရ Cephalothrin တစ်ဘူးလျှင် ခေါက်ဆွဲခြောက် ခြောက်ထုပ်နှင့် လဲလှယ်နိုင်လေသည်။ ကျန်းဖုန်းသည် ရဲ့ရှင်းချန် တံခါးဖွင့်လာစေရန် ရည်ရွယ်ချက်ဖြင့် တမင်သက်သက် ဈေးလျှော့ တောင်းလိုက်ခြင်း ဖြစ်သည်။

"ခေါက်ဆွဲခြောက် ငါးထုပ်တည်းလား ဒါဆို မင်း နစ်နာသွားမှာပေါ့ ပုံမှန်ပေါက်ဈေးက ခေါက်ဆွဲခြောက် ခြောက်ထုပ်တောင်ရတာကို"

ရဲ့ရှင်းချန်မှ ပြတင်းပေါက် ဖွင့်တော့မည့်ဆဲဆဲတွင် ကျန်းဖုန်းမှ ပြောလိုက်လေသည်။

"ရပါတယ်ကွာ ငါ အခု အရမ်းဆာနေပြီ တခြားလူတွေက လိမ်မယ့် လူတွေချည်းပဲမို့ ငါ မယုံဘူး မင်းကိုပဲ ယုံတာ"

"အဲဒီလိုတော့ ဘယ်ရမလဲ ငါ မင်းကို အနစ်နာ မခံစေရပါဘူး"

ရဲ့ရှင်းချန်သည် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ပြတင်းပေါက်အား ချက်ချင်းဖွင့်လိုက်ကာ သူတို့ သုံးဦးအပေါ်သို့ ဝက်စာပုံး အပြည့်အား လောင်းချလိုက်လေတော့သည်။

လျှပ်တစ်ပြက် အရှိန်အဟုန်ဖြင့် ရဲ့ရှင်းချန်သည် အလွတ် ဖြစ်သွားသော ပလပ်စတစ်ပုံးအား နေရာလွတ်ထဲသို့ ပြန်လည်၍ သိမ်းဆည်းလိုက်ပြီးနောက် ပြတင်းပေါက်အား ချက်ချင်း ပြန်ပိတ်လိုက်လေတော့သည်။

"အားနာစရာ မလိုပါဘူးကွာ"

သူသည် လက်အား ပွတ်သပ်လိုက်ကာ နွေးထွေးသည့် အခန်းအတွင်းသို့ အလျင်အမြန် ပြန်လည်၍ ဝင်ရောက်သွားခဲ့တော့သည်။

‘တောက်ကျိုးနည်း အေးလိုက်တာကွာ’

အခန်းတွင်း အပူချိန်သည် လွန်စွာ နွေးထွေးနေသဖြင့် အပြင်ဘက်တွင် မည်မျှအေးခဲနေသည်အား ရဲ့ရှင်းချန် မေ့သွားခဲ့ခြင်း ဖြစ်သည်။ ပြတင်းပေါက်အား ဆယ်စက္ကန့်ခန့် ဖွင့်ထားမိရုံဖြင့်ပင် သူ၏ လက်များပင် ပြုတ်ကျမတတ် အေးခဲသွားခဲ့ရခြင်း ဖြစ်သည်။

ကျန်းဖုန်းနှင့် ကျန်နှစ်ဦးမှာမူ ရုတ်တရက် အရည်များဖြင့် ပက်ဖျန်း ခံလိုက်ရသဖြင့် လွန်စွာ တုန်လှုပ် အံ့သြသွားကြကုန်သည်။

ချန်းရူအာနှင့် ချူယောင်တို့သည် အလွန်အမင်း ထိတ်လန့်သွားကြကာ အချင်းချင်း ဝင်တိုက်မိပြီးနောက် တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြလေတော့သည်။

"အာ ဒါကြီးက ဘာတွေလဲ"

"ဟယ် ရေနွေးတွေ ပူလိုက်တာ"

အခန်းအပူချိန်ဖြင့် သိမ်းဆည်းထားသည့် ဝက်စာရည်များသည် သူတို့၏ အေးစက်နေသည့် အသားအရေအား ထိခတ်သွားသောအခါ ခဏတာမျှ ပူလောင် စပ်ဖျဉ်းသွားစေခဲ့လေသည်။

သို့သော် စက္ကန့်အနည်းငယ် အကြာတွင် အအေးဒဏ်ကြောင့် ထုံကျဉ်နေသည့် သူတို့၏ အနံ့ခံအာရုံသည် ရုတ်တရက် အလုပ်လုပ်လာခဲ့သည်။

"ဝေါ့ ဒါက ဝေါ့ ဒါကြီးက ဘာတွေလဲ"

ချဉ်စူးစူး ပုပ်စော်နံနေသည့် အနံ့ဆိုးကြီးမှာ သူတို့၏ နှာခေါင်းအတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာလေသည်။

"အား အမှိုက်တွေပဲ ဝေါ့"

ဝက်စာရည်များ စိုရွှဲနေသည့် ချန်းရူအာနှင့် ချူယောင်တို့သည် ဘေးသို့ ပြေးထွက်သွားကြ ပြီးနောက် အော်ဟစ်လျှက် အော့အန် နေကြကုန်တော့သည်။

ယခုအချိန်တွင် ကျန်းဖုန်း၏ မျက်လုံးများမှာ ရဲ့ရှင်းချန်၏ ရန်စမှုကြောင့် နီရဲနေခဲ့ပြီ ဖြစ်ကာ တံခါးအား ရူးသွပ်စွာ ထုရိုက်နေလေတော့သည်။

"ရဲ့ရှင်းချန် မင်းကို ငါ @#¥ %..@ အခုချက်ချင်း ထွက်ခဲ့စမ်း ငါ မင်းကို သတ်ပစ်မယ်"

ရဲ့ရှင်းချန်သည် သူ၏ ကိုယ်ပေါ်မှ အနံ့ဆိုးများအား ရလိုက်သဖြင့် မျက်မှောင်ကြုတ်လျှက် ရေချိုးခန်း အတွင်းသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်တော့သည်။ သုံးပြီးသား ရာဘာပုံးအား ထုတ်ယူလိုက်ကာ ရေပိုက်ဖြင့် ထိုးဆေးလိုက်လေသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ နေရာလွတ်တွင် အလိုအလျောက် သန့်စင်ပေးသည့် စနစ်ပါဝင်သဖြင့် အနံ့ဆိုး အနည်းငယ်မျှပင် ကျန်ရစ်နေမည် မဟုတ်ချေ။

သူသည် ဆက်သွယ်ရေးစက်အား ကိုင်ထားကာ တံခါးအပြင်ဘက်မှ ရူးသွပ်နေသည့် အသံများအား နားထောင်ရင်းဖြင့် ကျန်းဖုန်းအား ဖြည်းညင်းစွာ ပြန်ပြောလိုက်လေသည်။

"မင်းက ငါ့ကို ဒီလောက်တောင် ယုံကြည်နေမှတော့ မင်းကို ငါ အနစ်နာ မခံစေရပါဘူးကွာ ငါ့ကို ကြည့်ပါဦး မင်းတို့တွေ ဆာလောင်နေတာ ကြာပြီဆိုတာ သိလို့ ဒီဝက်စာပုံးကို ပေးလိုက်တာပါ ငါ့ကို အားနာနေစရာ မလိုပါဘူး"

"ဟူး မင်းတို့ မသိလို့ပါ။ ဒီဝက်စာပုံးကို စုဆောင်းရတာ သိပ်မလွယ်ဘူးကွ အခုတော့ မင်းတို့ သုံးယောက်လုံးအတွက် အကုန်ပေးလိုက်ပါပြီ"

"လောက်ရဲ့လား အရသာရှိတယ်မလား အရသာရှိရင် များများသာ စားလိုက်"

သူ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ရဲ့ရှင်းချန်သည် ဆက်သွယ်ရေးစက်အား ပိတ်လိုက်တော့သည်။ ယခုအချိန်တွင် သူသည် ရေအား ကောင်းမွန်စွာ ချိုးပြီးနောက် သူ၏ ကိုယ်ပေါ်တွင် မတော်တဆ စွန်းထင်းသွားသည့် အနံ့အသက်များအား ဖယ်ရှားပစ်ရန်သာ လိုလားနေခဲ့ခြင်း ဖြစ်သည်။

ကျန်းဖုန်းမှာမူ ရဲ့ရှင်းချန်၏ စကားများကြောင့် အလွန်အမင်း ဒေါသထွက်ကာ အသိစိတ်လွတ်မတတ် ဖြစ်သွားခဲ့ရသည်။ သူသည် ရဲ့ရှင်းချန်၏ တံခါးအား အကြိမ်ကြိမ် ထိုးကြိတ် နေသော်လည်း အလွိုင်းသတ္တုစပ် တံခါးအထူကြီးမှာ အနည်းငယ်မျှပင် ပျက်စီးသွားခြင်း မရှိဘဲ ကျန်းဖုန်း၏ လက်သာလျှင် ပြင်းထန်စွာ နာကျင်သွားခဲ့ရလေသည်။

သူသည် အရှုံးမပေးလိုသဖြင့် အင်္ကျီအတွင်းမှ ဓားမကြီးအား ထုတ်ယူလိုက်ကာ တံခါးအား ခုတ်ချလိုက်လေသည်။

သို့ရာတွင် ကျန်းဖုန်းက အကြိမ်ကြိမ် ခုတ်ချနေသော်လည်း တံခါးမှာမူ မတုန်မလှုပ်ပင် ရှိနေဆဲပင် ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ကျန်းဖုန်း၏ လက်မှာ ဓားမကြီး၏ ပြန်ကန်အားကြောင့် တုန်ခါသွားခဲ့ကာ ဓားမကြီးမှာ လွင့်စဉ်ထွက်သွားလျှက် သူ၏ခေါင်းပေါ်မှ ရှပ်ပြေး၍ အနောက်ဘက်ရှိ နှင်းပြင်ပေါ်သို့ ကျသွားခဲ့သည်။ သူ၏ လက်မနှင့် လက်ညှိုးတို့မှပင် သွေးများ စိမ့်ထွက်လာခဲ့တော့သည်။

ကျန်းဖုန်းသည် ဤမျှ ရုတ်တရက် ဖြစ်ပေါ်လာသည့် အပြောင်းအလဲကြောင့် ထိတ်လန့်သွားခဲ့ရသည်။ အနည်းငယ်လေးသာ လွဲသွားပါမူ ထိုဓားမကြီးမှ သူ၏ခေါင်းအား ဖြတ်တောက်သွားမည် ဖြစ်လေသည်။

ချန်းရူအာနှင့် ချူယောင်တို့သည်လည်း ကျန်းဖုန်းဘက်မှ ထွက်ပေါ်လာသည့် အသံများကြောင့် ထိတ်လန့်သွားကြကုန်တော့သည်။ သူတို့နှစ်ဦးသည် ကြောက်လန့်သွားကြသဖြင့် ကျန်းဖုန်းအား ပစ်ထားခဲ့ကာ ပြေးလွှား သွားကြလေတော့သည်။

သူတို့နှစ်ဦး ပြေးသွားသည်အား မြင်သောအခါ ကျန်းဖုန်းသည် ဆက်လက်၍ မတိုက်ခိုက်တော့ချေ။ သူ၏ ဓားမကြီးအား ကမန်းကတန်း ကောက်ယူလျှက် ချန်းရူအာ ထွက်ပြေးသွားသည့် လမ်းကြောင်းဆီသို့ ယိုင်နဲ့နဲ့ ဖြင့် လျှောက်သွား လိုက်လေတော့သည်။

ရဲ့ရှင်းချန်သည် သူ၏ဖုန်းအား ယူကာ အိမ်ရှိ လုံခြုံရေး ကင်မရာများနှင့် ချိတ်ဆက်လိုက်လေသည်။ သူသည် ရေချိုးကန်ထဲတွင် လှဲလျောင်းလျှက် ကင်မရာမှ မြင်ကွင်းများအား ကြည့်ရှုနေခဲ့လေသည်။

သူ ရယ်ရမည်လား သက်ပြင်းချရမည်လားပင် မသိတော့ချေ။ သူတို့ကိုယ် သူတို့ အထင်ကြီးလွန်းနေကြကာ သူ့အား သတ်ရန် ကြံစည်ရဲသည်ကို တွေးလျှက် ရယ်မောလိုက်မိတော့သည်။

သူ သက်ပြင်းချမိသည်မှာ ချန်းရူအာ၏ ရက်စက် ယုတ်မာမှုကြောင့် ဖြစ်ပေသည်။ ဤကျန်းဖုန်းသည် သူမအပေါ်တွင် အကောင်းဆုံး ဆက်ဆံပေးခဲ့သည်။

သို့သော် ရလဒ်မှာမူ မည်သို့ ဖြစ်သွားလေသနည်း။ ချန်းရူအာ၏ တုံ့ဆိုင်းမှုမရှိ အသုံးချခြင်းကိုသာလျှင် ခံလိုက်ရသည် မဟုတ်ပါလော။

မထင်မှတ်ထားသော ပြဿနာများနှင့် ကြုံတွေ့ရသောအခါ ချန်းရူအာသည် အနည်းငယ်မျှပင် တွန့်ဆုတ်မနေဘဲ ကျန်းဖုန်းအား နောက်ချန် ထားရစ်ကာ ဦးစွာ ထွက်ပြေးသွားခဲ့လေသည်။

ရဲ့ရှင်းချန်သည် ကျန်းဖုန်း၏ အဖြစ်ကို သနားမိသကဲ့သို့ ယခင်ဘဝတွင် သူ၏ကိုယ်ပိုင် အဖြစ်အပျက်များ အတွက်လည်း ဝမ်းနည်းကြေကွဲမိလေသည်။

All Chapters