← Chapters

ရောင်စဉ်ငါးမျိုးနတ်ဘုရားတောင်

Vol. 4 Ch. 366

ရောင်စဉ်ငါးမျိုးနတ်ဘုရားတောင်

Vol. 4 Ch. 366

ချင်းရှောင်းနတ်သမီးက သူမ၏ ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်လေသည်။ ဓားမှ ထွက်ပေါ်လာသည့် ဓားခြိမ်းသံသည် နွားရိုင်းကြီး၏ ကြုံးဝါးသံကို ဖုံးလွှမ်း သွားလေသည်။ ထို့နောက် သူမသည် အဖြူရောင် အမျိုးသမီးကို စတင် တိုက်ခိုက် လိုက်လေတော့သည်။

ထိုအချိန်မှာပင် ဝူချင်ကျီက နဂါးငွေ့တန်း ရေလိုက်ကာဖြင့် ဝန်းရံ ကာဆီးထားသည့် ခရမ်းရောင် ကလပ်ထံသို့ အေးဆေးစွာဖြင့် လျှောက်သွားနေလေသည်။

ဆန်းလျန်က တောင်နှင့်မြစ်ရေ သင်္ကေတကို အသုံးပြုကာ နွားရိုင်းကြီးကို အဆက်မပြတ် တိုက်ခိုက် နေလေသည်။

တောင်နှင့်မြစ်ရေ သင်္ကေတ တန်ခိုးစွမ်းအားသည် ချင်းရွှမ်နတ်တံခါးတွင် တန်ခိုးစွမ်းအား အမြင့်ဆုံး မဟုတ်သည့်တိုင် အလွန်ထူးခြားသည့် သင်္ကေတ တစ်ခုဖြစ်လေသည်။

ထိုသင်္ကေတသည် အသုံးပြုသူ၏ တန်ခိုးစွမ်းအား မြင့်မားလေ ထိုသင်္ကေတကလည်း တန်ခိုးစွမ်းအား မြင့်မားလာလေ ဖြစ်လေသည်။

ဆန်းလျန်သည် နတ်ဘုရား တစ်ပါး ဖြစ်လာပြီးသည့် နောက်ပိုင်း တန်ခိုးစွမ်းအားများက အဆမတန် တိုးတက်လာခဲ့လေရာ ယခု တောင်နှင့်မြစ်ရေ သင်္ကေတကို အသုံးပြုလိုက်သည့် အခါ နက်ရှိုင်းသော တန်ခိုးစွမ်းအားများသည် ဆန်းလျန်၏ စိတ်ဝိညာဉ် အတွင်းပိုင်းမှ စီးဆင်း ထွက်ပေါ် လာခဲ့လေသည်။

ကမ္ဘာဦးကာလတွင် ကမ္ဘာမြေပြင်ပေါ်တွင် မည်သည့်အရာမျှ မရှိပါ။ စီးဆင်းနေသည့် မြစ်များနှင့် မြင့်မားလွန်းသည့် တောင်တန်းများကသာ ကမ္ဘာမြေပြင်ပေါ်တွင် အထီးကျန်ဆန်စွာ တည်ရှိကြလေသည်။

မြစ်များသည် ကမ္ဘကြီး၏ သွေးကြောများဖြစ်ပြီး တောင်များသည် ကမ္ဘာမြေကြီး၏ ဝိညာဉ်ပင် ဖြစ်လေသည်။

တောင်နှင့်မြစ်ရေ သင်္ကေတသည် ဆန်းလျန်၏ တန်ခိုးစွမ်းအားနှင့် ဝိညာဉ်စွမ်းအား များဖြင့် ပေါင်းစပ်မိသည့်အခါ အမြင့်ဆုံးသော တန်ခိုးစွမ်းအား တစ်ခု ဖြစ်တည်လာလေသည်။

တန်ခိုးစွမ်းအား ဆိုသည်မှာ မူလဖြစ်တည်မှု ဖြစ်ပြီး ဝိညာဉ်စွမ်းအား ဆိုသည်က ဝိညာဉ် ဖြစ်လေသည်။ တောင်နှင့်မြစ်ရေသည် ကမ္ဘာမြေ၏ မူလဖြစ်တည်မှုနှင့် ဝိညာဉ်ဖြစ်သည်ဆိုလျှင် တောင်နှင့်မြစ်ရေ သင်္ကေတကို တန်ခိုးစွမ်းအားနှင့် ဝိညာဉ်စွမ်းအားဖြင့် ပေါင်းစပ်လိုက်သည့် ဆန်းလျန်သည် မူလအစ ကမ္ဘာမြေပြင်အလား သက်ရှိသတ္တဝါများ အားလုံး၏ ဝိသေသ လက္ခဏာများကို ကျော်လွန် သွားခဲ့လေသည်။

တောင်နှင့်မြစ်ရေများသည် ဆန်းလျန်၏ တန်ခိုးစွမ်းအားနှင့် ဝိညာဉ်စွမ်းအားများ အတွင်းသို့ စီးဝင်လာလေသည်။ ထိုအခါ ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများ ပေါ်ထွက်လာပြီး သူ့ရှေ့မှ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် အဖျက်တရား စွမ်းအားသည် ပေါ်ထွက်လာလေသည်။

နွားရိုင်းကြီးသည် အလွန်ဒေါသ ထွက်နေပြီး သူ၏ဦးချိုကြီးနှစ်ခုမှာ နေမင်းနှစ်စင်းအလား ထွန်းလင်း တောက်ပလာလေသည်။

နွားရိုင်းကြီးသည် မျိုးရိုးမြင့်မြတ်သည့် မှော်ဝင်သတ္တဝါကြီး တစ်ကောင်ဖြစ်လေသည်။

သူသည် လူသားပုံသဏ္ဌာန် ပြောင်းလဲနိုင်ခြင်း မရှိသည့်တိုင်အောင် ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများ ပိုင်ဆိုင်ထားသည့် အတွက် လောကနတ်ဘုရားများပင်လျှင် ထိုနွားရိုင်းကြီးကို အထင်မသေးရဲကြပေ။

ဆန်းလျန်နှင့် နွားရိုင်းကြီး၏ တိုက်ပွဲလှိုင်းတံပိုးများသည် ပြင်းထန် နေလေသည်။ နွားရိုင်းကြီး၏ ဦးချိုမှ တန်ခိုးစွမ်းအားများသည် ဆန်းလျန် ဖန်ဆင်းထားသည့် တောင်နှင့်မြစ်ရေ များကို အဆက်မပြတ် ထိုးနှက်နေလေသည်။

ဆန်းလျန်နှင့် နွားရိုင်းကြီးတို့၏ တန်ခိုးစွမ်းအားများ ရိုက်ခတ်သွားပြီး မိုးနှင့်မြေတွင် ကျယ်လောင်သည့် အသံကြီးတစ်သံ ထွက်ပေါ်လာလေသည်။ ထို့နောက် လောကတစ်ခုလုံး တိတ်ဆိတ် သွားလေသည်။

ပင်လယ်တစ်စင်း …

ပင်လယ်ထက်တွင် လမင်းတစ်စင်းက ထွန်းလင်းနေလေသည်။

ထို့နောက် လှိုင်းတံပိုး ထန်နေသည့်မြစ်များ …

လျှို့ဝှက်ဆန်းကြယ်လွန်းသည့် နန်းတော်ကြီးများ…

အဆုံးမဲ့သစ်တောများ…

မြင်ကွင်းများက တစ်ခုပြီးတစ်ခု ပြောင်းလဲသွားလေသည်။

ဆန်းလျန်နှင့် နွားရိုင်းကြီး၏ တန်ခိုးစွမ်းအားများသည် အလင်းကို ဖြတ်သန်း ထိုးဖောက်သွားသည့် အတွက် ကမ္ဘာမြေပေါ်ရှိ နေရာဒေသများကို လျှပ်တစ်ပြက် မြင်တွေ့ လိုက်ရခြင်းပင် ဖြစ်လေသည်။

ဆန်းလျန်နှင့် နွားရိုင်းကြီးသည် တိတ်ဆိတ် ငြိမ်သက်စွာဖြင့် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေကြလေသည်။

နွားရိုင်းကြီး၏ မျက်ဝန်းများဆီမှ ခရမ်းရောင် အငွေ့များ ထွက်ပေါ်လာပြီး ပို၍ပင် တန်ခိုးစွမ်းအား မြင့်မားလာလေသည်။ နွားရိုင်းကြီး၏ ခန္ဓာကိုယ်မှာလည်း တောင်ကုန်း တစ်ခုအလား ကြီးထွား လာလေသည်။ သူ့ကိုကြည့်ရသည်မှာ သားရဲတို့၏ ဘုရင်တစ်ပါး အလား ခမ်းနား လွန်းလှလေ၏။

သို့သော် နွားရိုင်းကြီး၏ မျက်ဝန်းဆီမှ ခရမ်းရောင် အငွေ့များသည် ဆန်းလျန် အနားသို့ ရောက်သည့် အခါတွင်တော့ ပျောက်ကွယ် သွားကြရလေသည်။

ဆန်းလျန်သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရပ်နေလေသည်။

ဆန်းလျန်၏ နောက်ဘက်မှ မြေပြင်သည် ပုံမှန်အတိုင်းပင် ဖြစ်သော်လည်း ဆန်းလျန်၏ ရှေ့ဘက်ရှိ မြေပြင်တွင် အလွန်နက်သည့် တွင်းပေါက်ကြီး တစ်ခု ဖြစ်ပေါ်နေလေသည်။

ထိုတွင်းပေါက်ကြီးမှာ ဆန်းလျန်နှင့် နွားရိုင်းကြီး၏ တန်ခိုးစွမ်းအား ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသည့် တွင်းပေါက်ကြီး ဖြစ်လေသည်။

နွားရိုင်းကြီး၏ တန်ခိုးစွမ်းအားသည် ဆန်းလျန်၏ တန်ခိုးစွမ်းအားကို ကျော်လွန်နိုင်ခဲ့ခြင်း မရှိပါ။

ဆန်းလျန်သည် အလွန်မှ ကြောက်မက်ဖွယ် ကောင်းသူတစ်ယောက် ဖြစ်လေသည်။

ဆန်းလျန်သည် မြင့်မားသည့် တောင်တစ်တောင်နှင့်လည်း ဆင်တူသလို ရှည်လျားသည့် မြစ်တစ်စင်းနှင့်လည်း ဆင်တူလေသည်။ သူ့ကို မည်သည့်အရာကမှ ကျော်လွှားနိုင်မည် မဟုတ်ပေ။

ထို့ပြင် သူနှင့် နွားရိုင်းကြီး၏ တိုက်ပွဲသည် ချင်းရှောင်းနတ်သမီးနှင့် အဖြူရောင် အမျိုးသမီး၏ တိုက်ပွဲကို သက်ရောက်မှု မရှိစေရန်လည်း ဆန်းလျန်က ထိန်းထား ပေးခဲ့လေသည်။

ပျက်စီးနေသည့် မိုးကောင်းကင်ခုံရုံးသည် အထီးကျန်ဆန် လွန်းလှသည်။

သို့သော် ဆန်းလျန်သည် ထိုနေရာတွင် ရှိနေပြီး သူ၏ နတ်ဘုရားဝိညာဉ်က ထွန်းလင်း တောက်ပလျက် ရှိလေသည်။ သူ၏မျက်နှာက တည်ကြည် လေးနက်နေပြီး ရောင်စဉ်ငါးခုက သူ့ကို ဝန်းရံထားလေသည်။

သူ့ကို ကြည့်ရသည်မှာ တောင်နှင့်မြစ်ကို အုပ်စိုးသည့် ရှေးဟောင်း နတ်ဘုရားတစ်ပါး အလားပင် ထင်မှတ်ရလေသည်။

ဆန်းလျန်ကိုစိုက်ကြည့်နေသည့် နွားရိုင်းကြီး၏ မျက်ဝန်းများက အေးစက် နေလေသည်။ သူက မည်သည့်စကားမှ မဆိုပါ။ သို့သော် သူ့တွင်ရှိသမျှ တန်ခိုးစွမ်းအားများဖြင့် ဆန်းလျန်ကို အမှုန့်ချေပစ်ချင် နေမိလေသည်။

ခွန်အားကြီးမားမှုသည် တာအို စွမ်းအားများကို မည်သို့ အနိုင်ရနိုင် ပါမည်နည်း။ သို့မဟုတ်ပါက တာအို ကျင့်စဉ်များသည် လောကတွင် ပြက်လုံးများ သဖွယ် ဖြစ်နေပေလိမ့်မည်။

နွားရိုင်းကြီးမှာ မွေးရာပါ တန်ခိုးစွမ်းအားမြင့်မားပြီး ခွန်အားကြီးသူဖြစ်လေသည်။ ထို့ကြောင့် သူက လူသား ပုံသဏ္ဌာန်ပြောင်းလဲရန်လည်း မည်သည့် အခါကမှ စဉ်းစားခဲ့ခြင်း မရှိပေ။

ယခုတော့ သူ့ရှေ့မှ လူသားသည် သူ့ထက်လည်း တန်ခိုးစွမ်းအား ကြီးသလို သူ့ထက်လည်း ခွန်အားနှင့် ပြည့်စုံလေသည်။ နွားရိုင်းကြီးသည် ထိုသူကို အမှုန့်ချေပစ်ချင် နေမိလေသည်။

ဆန်းလျန်က တောင်နှင့်မြစ်ရေ သင်္ကေတကို ဖော်ထုတ်လိုက်သည်။ တောင်နှင့်မြစ်ရေ သင်္ကေတသည် ဆန်းလျန်၏ မြင့်မြတ်သော တန်ခိုးစွမ်းအားများဖြင့် ပေါင်းစပ်သွားပြီး မိုးမြေ တစ်ခုလုံးပင် တုန်ခါသွားလေသည်။

နွားရိုင်းကြီး၏ ကျောထက်မှ အစိမ်းရောင် နတ်ဘုရားစွမ်းအားများ ထွက်ပေါ်လာလေသည်။ နွားရိုင်းကြီးက ရပ်တန့်နေရာမှ ဆန်းလျန်ဆီသို့ တစ်ရှိန်ထိုး ဝင်ရောက်လာလေသည်။

ဆန်းလျန်ဖန်ဆင်းထားသည့် တောင်သည် မည်မျှ လေးလံနိုင်ပါသနည်း။ လောကတွင် သူရွှေ့မပစ်နိုင်သည့် တောင်ဟူ၍ မရှိပေ။

ဆန်းလျန်၏ ပုံစံကတော့ အေးအေးဆေးဆေးပင် ဖြစ်လေသည်။

ဆန်းလျန်ထံမှ အဝါရောင် အလင်းတန်းတစ်ခု ဖြာထွက်လာပြီး တောင်တစ်တောင် အသွင်သို့ ပြောင်းသွား လေသည်။ ထို့နောက် အစိမ်းရောင် အလင်းတန်းတစ်ခု ဖြာထွက်လာကာ တောင်တစ်တောင် ဖြစ်တည် လာပြန်လေသည်။

နွားရိုင်းကြီးသည် ဆန်းလျန် ဖန်ဆင်းနေသည့် တောင်များကို ကြည့်ကာ ခဏတာမျှ ရပ်တန့် သွားလေသည်။ သို့သော် တစ်ချက်ကြုံးဝါးလိုက်ပြီး ရှေ့သို့ အဆက်မပြတ် ဝင်ရောက်လာလေသည်။

ဆန်းလျန်ထံမှ အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး တောင်တစ်တောင် ထပ်မံပေါ်ပေါက် လာပြန်လေသည်။

ထို့နောက် အနက်ရောင် အလင်းတန်းနှင့် အဖြူရောင် အလင်းတန်း တစ်ပြိုင်တည်း ထွက်ပေါ်လာပြီး တောင်နှစ်တောင် ထပ်မံ ပေါ်ပေါက်လာလေသည်။

တောင်ထပ် ငါးခုသည် နွားရိုင်းကြီးကို ဖိထားလေသည်။ နွားရိုင်းကြီးသည် ထိုတောင်ထိပ် များကို ဆက်ပြီး ထမ်းထားနိုင်စွမ်း မရှိတော့ပေ။

ဆန်းလျန်ရှေ့ရှိ မြေပြင်တွင် ဖြစ်ပေါ်နေသည့် အပေါက်ကြီးထဲသို့ နွားရိုင်းကြီးမှာ နစ်မြုပ် သွားလေတော့သည်။

၎င်းသည် ယခင်စစ်ပွဲမှ စတင်ခဲ့သည့် နက်နဲသော တွင်းထဲသို့ နစ်မြုပ်ခဲ့သည်။ အစိမ်း၊ အဝါရောင်၊ အနီရောင်၊ အနက်ရောင်နှင့် အဖြူရောင် တောင်ငါးလုံးက နွားရိုင်းကြီးကို တွင်းနက်ကြီးထဲတွင် ဖိနှိပ်ထားလေသည်။

ဆန်းလျန်၏ စိတ်ထဲတွင် ပျော်ရွှင်မှုကို ခံစားလိုက်ရလေသည်။

နွားရိုင်းကြီးကို အနိုင်ယူလိုက်နိုင်သည့် အတွက် ပျော်ရွှင်မိခြင်း မဟုတ်ခဲ့ပါ။ တောင်နှင့်မြစ်ရေ သင်္ကေတကို ဒြပ်စင်စွမ်းအား ငါးမျိုးဖြင့် ပေါင်းစပ်ကာ သူ၏ တန်ခိုးစွမ်းအား များကို မြှင့်တင်နိုင်ခဲ့ခြင်း အတွက် ပျော်ရွှင်ခဲ့ခြင်း ဖြစ်လေသည်။

နွားရိုုင်းကြီးကို ဖိနှိပ်ထားရန် အတွက် ဆန်းလျန်ဖန်ဆင်းခဲ့သည့် နတ်ဘုရားတောင် ငါးခုသည် တန်ခိုးစွမ်းအား အနှစ်သာရကို အခြေခံ ထားလေသည်။ ထိုတောင်များသည် ဖြစ်တည် ပြီးသည့်နောက် ပျက်စီးသွားခြင်း မရှိနိုင်ပေ။ ထိုတောင်များသည် မိုးမြေဖြစ်တည်မှု သဘာဝ တရားနှင့် ဆက်စပ် နေလေသည်။

နွားရိုင်းကြီးသည် တန်ခိုးစွမ်းအား မည်မျှပင် မြင့်မားပါစေ ထိုနတ်ဘုရားတောင် ငါးခုမှ အချိန်ခဏလေး အတွင်း လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ဆန်းလျန်သည် နွားရိုင်းကြီးကို စိတ်မဝင်စားတော့ပါ။

သူက ဝူချင်ကျီရှိရာသို့ လှည့်ကြည့် လိုက်လေသည်။

ဝူချင်ကျီ၏ အဖြူရောင် ဆံပင်များသည် အိပ်မက်ဆန်စွာ လေထဲတွင် လွင့်မျောနေလေသည်။

သူက တန်ခိုးစွမ်းအားကို အသုံးပြုကာ ခရမ်းရောင်ကလပ်ကို ကာရံထားသည့် နဂါးငွေ့တန်း ရေလိုက်ကာကို ချိုးဖျက်ရန် ကြိုးစားနေလေသည်။

ဆန်းလျန်က နတ်ဘုရားတောင် ငါးလုံးဖြင့် နွားရိုင်းကြီးကို ချုပ်ထား လိုက်သည်ကို မြင်တွေ့လိုက်ရသည့် အခါတွင်တော့ ဝူချင်ကျီမှာ အလွန် အံ့သြသွားရလေသည်။

"မိတ်ဆွေ ဝူချင်ကျီ၊ အခုနေထွက်သွားမယ်ဆိုရင် ခင်ဗျားကို ကျုပ်လွှတ်ပေးလိုက်မယ်"

ဆန်းလျန်က ပြောလိုက်လေသည်။

ဝူချင်ကျီက ဆန်းလျန်ကို စကားပြန်မပြောပါ။

ယခုအချိန်တွင် သူ့အနေဖြင့် ခရမ်းရောင် ကလပ်ထက်မှ ပစ္စည်းကို မရရှိနိုင်ပါက သူကြိုးစားခဲ့သမျှ အရာအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

အမှန်တော့ နွားရိုင်းကြီးမှာ မြင့်မြတ်သောမျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်ပြီး တာအို ဆရာများပင်လျှင် ထိုနွားရိုင်းကြီးကို လေးစားကြလေသည်။ နွားရိုင်းကြီး၏ ခန္ဓာကိုယ်မှာလည်း ရွှေခန္ဓာကျင့်စဉ် အောင်မြင်ထားသူ သို့မဟုတ် နတ်ဘီလူး ကျင့်စဉ် အောင်မြင်ထားသူများကဲ့သို့ ခိုင်ခံ့ သန်မာလွန်းလှသည်။

ထို့ကြောင့် နွားရိုင်းကြီးနှင့် အပြင်းအထန် တိုက်ခိုက်ပြီးသည့်နောက် ဆန်းလျန်၏ တန်ခိုးစွမ်းအား များမှာလည်း လျော့နည်း နေလိမ့်မည်ဟု ဝူချင်ကျီက ခန့်မှန်း လိုက်လေသည်။

ထို့ကြောင့် ဝူချင်ကျီ အတွက်တော့ အလျှော့ပေးလိုက်ရန် မဖြစ်နိုင်ပေ။

ဆန်းလျန်သည် ဝူချင်ကျီထံသို့ တစ်လှမ်းချင်း လှမ်းလာနေလေသည်။ သူ၏မျက်ဝန်းများက အေးစက်နေပြီး အသူရာ ချောက်ကိုးထပ်မှ သေမင်း တစ်ပါးအလား ထင်မှရလေသည်။

ဆန်းလျန်၏ ပုံစံကို ကြည့်ကာ ဝူချင်ကျီသည် ထိတ်လန့် တုန်လှုပ်လာလေသည်။

သို့သော် ဝူချင်ကျီ၏ ရင်ထဲတွင် ခံစားရသည့် အကြောက်တရားသည် ဒေါသအဖြစ် ကူးပြောင်း သွားလေသည်။

သူ၏ ဦး ခေါင်းထိပ်၌ အဝါရောင် တန်ခိုးစွမ်းအားများ ဖုံးလွှမ်းနေသည့် ရှေးဟောင်း မျှော်စင်တစ်ခု ပေါ်လာပြီး ထိုအရာက ထိုအရာက ဆန်းလျန်၏ ဓားဝိညာဉ်ကို ပိတ်ဆို့ ဟန့်တား ထားလိုက်လေသည်။

***

All Chapters