← Chapters

ဒဏ္ဍာရီလာအဆင့် နောက်လိုက်ရှိတာ မင်းတစ်ယောက်တည်းလို့ ထင်နေတာလား

Vol. 19 Ch. 278

ဒဏ္ဍာရီလာအဆင့် နောက်လိုက်ရှိတာ မင်းတစ်ယောက်တည်းလို့ ထင်နေတာလား

Vol. 19 Ch. 278

"ဒီတစ္ဆေက ငါ့အပိုင်ပဲ"

သူ၏ ချုပ်ချယ်လိုသော စကားကို ကြားပြီးနောက် မြေအောက်သခင် အလွန် အံ့အားသင့်သွားရသည်။ ထိုလူငယ်လေးအား သူ တွေဝေစွာ စိုက်ကြည့်နေမိသည်။

သူ့မျက်လုံးထဲတွင် ထိုလူငယ်လေးသည် အသက်နှစ်ဆယ်ထက် ပိုငယ်ဦးမည်။ သူသည် အလွန်ငယ်ရွယ်၍ ဖြူစင်လှသည်။ ထို့အပြင် ထိုလူငယ်လေးသည် အလွန်ထူးခြားဆန်းကြယ်နေသည်။

ကိုယ့်ကိုယ်ကိုယ် အလွန် ယုံကြည်မှုရှိဟန်နှင့် အာဏာရှင်ဆန်သော ပုံစံအရ သူသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

"မင်းက … ယဲ့ဖန်ပဲ"

ထိုစဉ် မဟူရာ ဧကရာဇ်က ချက်ချင်း ထခုန်မိပြီး ယဲ့ဖန်အား အလွန် ကြမ်းကြုတ်သော ချီဓာတ်များ ပါဝင်သော မျက်လုံးများဖြင့် စိုက်ကြည့်လာသည်။

"ကောင်စုတ်လေး … မင်းက ငါ့သားကို သတ်ခဲ့ပြီး‌တော့ အရှေ့အာရှက ငါ့ဂိုဏ်းခွဲကို ဖျက်ဆီးခဲ့တယ်"

သူ့စကားကြောင့် ယဲ့ဖန်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးတိအေးစက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

"မင်းရဲ့သားလား။ မင်းက ငါ့မိတ်ဆွေကို သတ်ဖို့ လုပ်နေတာလေ။ ဘာလို့ ငါက မင်းရဲ့သားကို မသတ်ဘဲ နေရမှာလဲ"

….

ယဲ့ဖန်၏ ရိုးစင်းသော စကားလုံးများက မဟူရာ ဧကရာဇ်အား အလွန် ဒေါသထွက်သွားစေသည်။ ထို့နောက် မဟူရာ ဧကရာဇ်၏ မျက်လုံးများက မီးဝင်းဝင်းတောက်လာကာ ကြောက်မက်ဖွယ် ကောင်းသော ကြမ်းကြုတ်သည့် ချီဓာတ်များကို ထုတ်လွှတ်လာ၏။

"ယဲ့ဖန် ဒီကို ရောက်လာပြီ … ငါ့ကျေးကျွန်တွေ ထွက်လာခဲ့ကြတော့"

မဟူရာ ဧကရာဇ်က ငလျင်လှုပ်မတတ် အသံဖြင့် ဟစ်အော်လိုက်သည်။ ထို့နောက် ဝုန်းခနဲ အသံနှင့်အတူ သားရဲကောင်များ ပြေးလာလေသလား မှတ်ရသည့် ခြေသံများစွာ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။

ထိတ်လန့်ဖွယ်ကောင်းလှပါဘိ။

ထိုအသံများကို ကြားလိုက်ရပြီးနောက် မြေအောက်သခင်၏ မျက်နှာက ချက်ချင်း တင်းမာသွားသည်။

"ကောင်လေး … မြန်မြန်ပြေးတော့။ ငါ မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မင်း သူ့ကို အနိုင်မယူနိုင်ဘူး"

"သူက မဟူရာ ဧကရာဇ်ပဲ။ သူ့မှာ မရဏ အစေခံ ခုနစ်ယောက်ရှိတယ်။ ပြေးတော့"

မြေအောက်သခင်သည် သူ အသက်မရှင်နိုင်တော့မှန်း သိပါသည်၊ သို့သော် သူ ယဲ့ဖန်ကို မသေစေချင်ပါ။

မြေအောက်သခင်၏ စကားကြောင့် ယဲ့ဖန်က အနည်းငယ် မကောင်းဆိုးဝါးဆန်သော လှောင်ပြုံးဖြင့် ပြောလိုက်သည်။

"စိတ်မပူနဲ့ … သူတို့က ပုရွက်ဆိတ်သာသာလေးတွေပါ"

*ဘာ*

ယဲ့ဖန်၏ စကားကြောင့်‌ မြေအောက်သခင် နားဝေတိမ်တောင် ဖြစ်သွားရသည်။

*ပုရွက်ဆိတ်သာသာလေးတွေတဲ့လား*

*အနောက်ဘက်မှာ ဘယ်သူမှ မဟူရာ ဧကရာဇ်ရဲ့ မရဏအစေခံတွေကို ပုရွက်ဆိတ်တွေလို့ မခေါ်ရဲကြဘူးလေ*

*ဒီလူ …*

ယဲ့ဖန်၏ ထင်တိုင်းကြဲနေမှုက မြေအောက်သခင်၏ အသိတရားတို့ကို ဖြိုဖျက်နေသလိုပင်။ မြေအောက်သခင်က ယဲ့ဖန်အား ထွက်သွားရန် ဆက်၍ တိုက်တွန်းမည် ကြံလိုက်စဉ်တွင် များစွာသော တစ္ဆေလူသားများက ရုတ်တရက် ကောင်းကင်ပေါ်မှ ဆင်းလာသဖြင့် ဒုန်းခနဲ အသံကျယ်များ ထွက်ပေါ်လာသည်။

တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်။

….

မကြာခင်မှာပင် အယောက်ငါးဆယ်ကျော်ခန့် ရှိသော သိုင်းပညာရှင်များ စုဝေးရောက်ရှိလာကြသည်။ သူတို့ထဲမှ ခုနစ်ယောက်သည် ဒဏ္ဍာရီလာ စဦးအဆင့်များ ဖြစ်ကြသည်။ ကျန်လူ အယောက်ငါးဆယ်တို့သည် ဒဏ္ဍာရီအဆင့် လူအိုကြီးများ ဖြစ်ကြသည်။

…

မြေအောက်သခင်သည် ကြက်သီးထမတတ် တုန်လှုပ်လာသည်။

"မဖြစ်နိုင်ဘူး ဘယ်လိုလုပ်ပြီး ဒဏ္ဍာရီလာ အဆင့်တွေ ဒီလောက် အများကြီး ရှိနေရတာလဲ။ မရဏ အစေခံ ခုနစ်ယောက်လုံး အဆင့်တက်သွားဖို့က မဖြစ်နိုင်ဘူးလေ"

မြေအောက်သခင် အလွန်အမင်း ထိတ်လန့်နေသည်။

မဟူရာ ဧကရာဇ်၌ စုစုပေါင်း အစေခံ ရှစ်ယောက်ရှိသည်။ လွန်ခဲ့သည့် နှစ်များစွာက သူ့အစေခံထဲမှ တစ်ယောက်ဖြစ်သည့် တစ္ဆေဘုရင်သည် မဟူရာ ကြက်ခြေခတ် သိုင်းကွက်ကို သုံး၍ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် တစ်ယောက်နှင့်အတူ‌ သေဆုံးသွားသည်။

ထိုအချိန်တုန်းက ထိုမရဏ အစေခံသည် ဒဏ္ဍာရီ နောက်ဆုံးအဆင့်သာ ရှိသေးသည်။

ဒဏ္ဍာရီ နောက်ဆုံးအဆင့်နှင့် ဒဏ္ဍာရီလာ စဦးအဆင့်ကြား၌ အဆင့်နှစ်ဆင့်သာ ရှိသော်လည်း ဒဏ္ဍာရီအဆင့်‌ တော်တော်များများသည် သူတို့တစ်ဘဝလုံး ကြိုးစားလျင်တောင်မှ ဒဏ္ဍာရီလာအဆင့်သို့ မရောက်ရှိနိုင်ပါ။

ဤမျှ အချိန်တိုလေးအတွင်း၌ အစေခံ ခုနစ်ယောက်လုံးက ဒဏ္ဍာရီလာအဆင့်သို့ တက်ရောက်သွားသည်ကို သူ နည်းနည်းလေးမှ မယုံကြည်နိုင်ပါ။

သို့သော် တစ်ခဏအကြာတွင် မြေအောင်သခင်သည် အံ့ဩဖွယ်ကောင်းသော တစ်စုံတစ်ခုကို တွေးလိုက်မိဟန်ဖြင့် အလွန် ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး ရေရွတ်လိုက်သည်။

"ငါ သိပြီ၊ မင်း … မင်း သူတို့ကို အချိန်တိုလေးအတွင်း ဒဏ္ဍာရီလာအဆင့် ရောက်သွားအောင် သူတို့ရဲ့ အတည်စွမ်းအင်ကို ဝါးမျိုတဲ့ မဟူရာ ကြက်ခြေခတ် လျှပ်တပြက် မရဏ တိုက်ကွက်ကို သုံးလိုက်တာပဲ"

…

မြေအောက်သခင် ချက်ချင်း တွေဝေသွားရသည်။ အစေခံ ခုနစ်ယောက်လုံးသည် တကယ်ကို ဒဏ္ဍာရီလာ အဆင့်ဖြစ်နေသည်။

မဟူရာ ဧကရာဇ်နှင့် ဆိုလျှင် စုစုပေါင်း ဒဏ္ဍာရီလာအဆင့် ရှစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ မြေအောက်သခင် ကြယ်သီး တဖြန်းဖြန်းထသွားရသည်။

"မဟုတ်ဘူး … ကောင်လေး … ဒါ ငါ့အမှားကြောင့်ပါ"

မြေအောက်သခင်က စိတ်ဓာတ်ကျသွားသော အကြည့်ဖြင့် ပြောဆိုလိုက်သည်။

*သူ သေမှာပဲ*

ယဲ့ဖန်က အလွန် ငယ်ရွယ်သေးသည်။ ထို့ပြင် သူက ဒဏ္ဍာရီလာ အဆင့် ဖြစ်နေလျင်တောင်မှ ဒဏ္ဍာရီလာအဆင့် ရှစ်ယောက်ကို သူ တစ်ပြိုင်တည်း မတိုက်ခိုက်နိုင်ပါ။

သူ မုချသေသွားလိမ့်မည်။ မြေအောက်သခင်၏ စိတ်ဓာတ်ကျနေသော အမူအရာကို ကြည့်ပြီး မဟူရာ ဧကရာဇ်က မနှစ်မြို့ဖွယ်ကောင်းသော အပြုံးမျိုးဖြင့် ပြောလာသည်။

"ဟားဟား … ဘယ်လိုလဲ … မင်း ကြောက်နေပြီမလား"

"ငါ မရဏ အစေခံ ခုနစ်ယောက်နဲ့ ပူးပေါင်းလိုက်တဲ့ အချိန်ကျရင် ဒီကမ္ဘာပေါ်က ရှေးဟား အရှေ့တိုင်း ကလန်တွေ ၊ အနောက်နိုင်ငံက နတ်သမီးဌာနနဲ့ အလင်းတော် ဘုရားကျောင်းက လူအိုကြီးတွေကလွဲပြီး ဘယ်သူမှ ငါတို့ကို မတားဆီးနိုင်တော့ဘူး"

မဟူရာ ဧကရာဇ်က အလွန် မောက်မာသော အကြည့်ဖြင့် ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် အလွန် အာဏာရှင်ဆန်ပြီး ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေသည်။

"ခွေးမသားလေး … ဒီနေ့ ငါတို့ ကျန်းနန် စီရင်စုဒေသကို ရှင်းလင်းပစ်ပြီး မင်းကို နုတ်နုတ်စင်းပစ်မယ်ကွ"

ကမ္ဘာပေါ်မှ လူအနည်းငယ်လောက်သာ မဟူရာ ဧကရာဇ်နှင့် သူ၏ မရဏ အစေခံ ခုနစ်ယောက်ကို တားဆီးနိုင်သည်။

ထိုအချိန်တွင် မြေအောက်သခင်၏ မျက်နှာက မည်းမှောင်သွားသည်။ အင်အားကြီးလှချည်လား။

မဟူရာ ကြက်ခြေခတ်အဖွဲ့၏ စုပေါင်းခွန်အားက မြေအောက်ကမ္ဘာ လုပ်ကြံရေးအဖွဲ့၏ ခွန်အားကို သေချာပေါက် သာလွန်နေသည်။

သို့သော် ယဲ့ဖန် ပြောလိုက်သော စကားက မြေအောက်သခင်အား ထပ်မံ၍ ထိတ်လန့်သွားစေသည်။

"ဒဏ္ဍာရီလာအဆင့် နောက်လိုက်ရှိတာ မင်းတစ်ယောက်တည်းလို့ ထင်နေတာလား"

*ဘာ*

သူ့စကားကြောင့်‌ မြေအောက်သခင်နှင့် မဟူရာ ဧကရာဇ်တို့ နှစ်ယောက်လုံး မှင်တက်သွားကြသည်။ ထိုစဉ် ခြေသံအချို့ ထွက်ပေါ်လာသည်။

နောက်ထပ် အဖွဲ့တစ်ဖွဲ့က လမ်းကြားလေးထဲ ဝင်ရောက်လာ၏။ လူပေါင်း ဒါဇင်နဲ့ချိပါဝင်ပြီး သူတို့ထဲမှ အားအနည်းဆုံးသူတောင်မှ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။

ထိုအဖွဲ့အား လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်နှင့် လူအိုကြီး လေးယောက်၊ စုစုပေါင်း လူငါးယောက်က ဦးဆောင်လာခြင်း ဖြစ်သည်။

သူတို့ ဖြည်းညှင်းစွာ လျှောက်လာနေခြင်း ဖြစ်သော်လည်း သူတို့၏ ခြေသံများက ကမ္ဘာကို ကိုင်လှုပ်နိုင်ပုံ ရသည်။

"အမှောင်ဂိုဏ်းချုပ် ကျိုချင်းချန်"

လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာကို မြင်လိုက်သည်နှင့် မဟူရာ ဧကရာဇ်နှင့် မြေအောက်သခင်တို့ ဇဝေဇဝါဖြစ်ကာ မျက်မှောင်ကြုတ်သွားကြသည်။

ကျိုချင်းချန်သည် အနောက်တိုင်းသား သိုင်းပညာရှင်များ၏ စိတ်ထဲတွင် ကြောက်စရာ အကောင်းဆုံးသော အရှေ့တိုင်းသား ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင် ဖြစ်သည်။

မဟူရာ ဧကရာဇ်ကိုယ်တိုင်တောင်မှ သူ့ကို ရန်စချင်စိတ် မရှိပေ။ ထို့ကြောင့်လည်း မဟူရာ ဧကရာဇ် ကျန်းရှီမြို့ထဲသို့ တိတ်တဆိတ် ခိုးဝင်လာခြင်း ဖြစ်သည်။

ကျိုချင်းချန်က သူ ရှိနေသည်ကို သိနေလိမ့်မည်ဟု မဟူရာ ဧကရာဇ် ထင်မှတ်မထားမိပါ။ နောက်ထပ် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်က မဟူရာ ဧကရာဇ်နှင့် မြေအောက်သခင်တို့အား မှင်တက် သွားစေသည်။

"ဂါရဝပြုပါတယ် သခင်ကြီး"

သူ့စကားအဆုံးတွင် အမှောင်ဂိုဏ်းသား အားလုံးက ယဲ့ဖန်ရှေ့ ချက်ချင်း ဒူးတစ်ဘက် ထောက်လိုက်ကြသည်။

…

ဤမြင်ကွင်းကို ကြည့်ပြီး မဟူရာ ဧကရာဇ်နှင့် မြေအောက်သခင်တို့ အလွန်အမင်း အံ့အားသင့်သွားကြသည်။

*သ…သခင်ကြီးတဲ့လား*

*ဒီ အရှေ့တိုင်းသား ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်က ယဲ့ဖန်ကို သခင်ကြီးလို့ ခေါ်နေတယ်*

*မဖြစ်နိုင်ဘူး*

သို့သော် ဤသည်ကား အစသာ ရှိသေးသည်။

ဒုန်း! ဒုန်း! ဒုန်း!

အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူမည်း၊ လူဖြူနှင့် အရှေ့တိုင်းသား မျက်နှာပေါက်များ ပါဝင်သော နောက်ထပ် အဖွဲ့တစ်ဖွဲ့က အင်မော်တယ် စစ်သားများကဲ့သို့ ရောက်ရှိလာကြသည်။

တွေးကြည့်စရာမလိုလောက်အောင်ပင် သူတို့အားလုံးသည် အနည်းဆုံး ဒဏ္ဍာရီအဆင့်များ ဖြစ်ကြသည်။ ထို့ပြင် သူတို့၏ အင်္ကျီ လက်ကောက်ဝတ်နေရာ၌ 'ဒုစရိုက်' ဟူသော စကားလုံးကို ရေးထွင်းထားသည်။

ဤသည်ကို မြင်လိုက်သည်နှင့် မဟူရာ ဧကရာဇ်နှင့် သူ၏ မရဏ အစေခံ ခုနစ်ယောက်တို့ ထိတ်လန့်ကာ နောင်တရလာသည်။

"ဒုစရိုက် မြို့တော် … သူတို့ … သူတို့က ဒုစရိုက်ရဲ့ အကြောက်အလန့်မရှိတဲ့ တိုက်ခိုက်ရေးသမားတွေပဲ"

မဟူရာ ဧကရာဇ်နှင့် သူ၏ အစေခံ ခုနစ်ယောက်တို့ မယုံသင်္ကာဟန်များဖြင့် ပြည့်နှက်လာသည်။ မကြာသေးခင်ကပင် ဒုစရိုက် ဧကရာဇ်အသစ် ပြန်လည် ပေါ်ထွက်လာမှုကြောင့် ဒုစရိုက်မြို့တော်သည် ကမ္ဘာတစ်ဝိုင်းရှိ သိုင်းလောက၌ အထွတ်အထိပ်သို့ ရောက်ရှိလာကြသည်။

ကြောက်မက်ဖွယ်ကောင်းသော အင်အားစုများအားလုံးက ဒုစရိုက်မြို့တော်သည် အနာဂတ်၌ တစ်ကမ္ဘာလုံးအနှံ့တွင် ကြောက်စရာအကောင်းဆုံးသော အင်အားစုများထဲမှ တစ်ခု ဖြစ်လာမည်ဟု ယူဆထားကြသည်။

မဟူရာ ဧကရာဇ်နှင့် သူ့လူများ ထိတ်လန့်ပြီး မလှုပ်မယက် ရှိနေစဉ်တွင် ဒုစရိုက်၏ အကြောက်အလန့်ကင်းသည့် တိုက်ခိုက်ရေးသမားများက အလွန် အရေးပါသော လူတစ်ယောက်အတွက် လမ်းဖယ်ပေးလာကြသည်။

ဧကရာဇ်ကဲ့သို့ လူတစ်ယောက်က လူအုပ်အလယ်မှ ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။ ထိုလူကို မြင်သည့်နှင့် မဟူရာ ဧကရာဇ်နှင့် သူ့လူများ မျက်ခုံး လှုပ်လာကြသည်။

ထိုလူသည် သူတို့ ကြောက်ရသည့် ဒုစရိုက် ဧကရာဇ်ဖြစ်သည်ကို သူတို့ တပ်အပ်ပြောနိုင်သည်။ သို့သော် နောက်ထပ် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်က လူတိုင်းအား အံ့ဩကာ ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။

ဒုန်းခနဲ အသံနှင့်အတူ ဒုစရိုက် ဧကရာဇ်က ယဲ့ဖန်ရှေ့ လေးဘက်ထောက် ဝပ်တွား၍ စိတ်လှုပ်ရှားစွာ နှုတ်ဆက်လာသည်။

" ကျွန်တော် မိုရို သွေးစွန်း တစ္ဆေက သခင်ကြီးကို ဂါရဝ ပြုပါတယ်"

All Chapters