← Chapters

အခု မင်း သေလို့ရပြီ

Vol. 19 Ch. 281

အခု မင်း သေလို့ရပြီ

Vol. 19 Ch. 281

လမ်းကြားလေးထဲ၌ ထင်မှတ်မထားလောက်အောင် တိတ်ဆိတ်လို့သွားသည်။ လူတိုင်းသည် သူတို့ ထိန်းမနိုင်သိမ်းမရစွာ ရင်တွေခုန်လာသည်ဟု ခံစားမိသည်။

သူတို့အားလုံး ထိုမြင်ကွင်းကို ကြည့်နေရင်း သူတို့ မျက်စိတွေ ပြာလာလေသလားဟု သံသယ ဝင်လာကြသည်။

*သ…သခင်ကြီးတဲ့လား*

*ထပ်ပြီးတော့ သခင်ကြီးတဲ့*

*ကျိုချင်းချန်၊ သွေးစွန်း တစ္ဆေနှင့် ဝံပုလွေရိုင်းတို့အားလုံးက ယဲ့ဖန်ကို သူတို့၏ သခင်ကြီး သတ်မှတ်တယ်ဆိုကတည်းက သူက ထူးဆန်းတဲ့ အဖွဲ့အစည်း တစ်ခုခုရဲ့ သခင်ကြီး ဖြစ်ရမယ် … ဒါပေမဲ့ သူကိုယ်တိုင်ကိုက သေခြင်းတရားရဲ့ တားမြစ်ထားတဲ့အရာဖြစ်တဲ့ နတ်ဆိုးတောင်ကြားရဲ့ အရှင်သခင်က ဘယ်လိုလုပ် ယဲ့ဖန်ကို သူ့ရဲ့ သခင်ကြီးအဖြစ် ခံယူထားရတာလဲ*

သူသည် လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာ အချိန်တုန်းက ကမ္ဘာကို တုန်လှုပ်စေခဲ့သည့် ထိပ်တန်း နတ်ဆိုးဘုရင်တစ်ပါး ဖြစ်သည်။

သူသည် နတ်ဆိုးတို့၏ သင်္ကေတ နာမ်စားဖြစ်သည်။

*ဒါ လုံးဝ မဖြစ်နိုင်ပါဘူး*

မဟူရာ ဧကရာဇ်နှင့် သူ၏ မရဏ အစေခံ ခုနစ်ယောက်တို့အားလုံး မှင်တက်သွားကြသည်။ မြေအောက်သခင်လည်း လုံးဝကို နားဝေတိမ်တောင် ဖြစ်နေ၏။

"ချီးပဲကွာ … သူ … သူက ဘယ်လိုလူစားမျိုးလဲ"

ထိုစဉ် မဟူရာ ဧကရာဇ်သည် တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားရသည်။ တားမြစ်ထားသင့် ပုဂ္ဂိုလ်တစ်ယောက်ကို ရန်စမိသည့်အတွက် စိတ်ထဲထင့်နေခဲ့သည်၊ သို့မဟုတ်လျှင် ဒီလောက် ထိပ်တန်း သိုင်းပညာရှင်များစွာနှင့် ဆုံရလိမ့်မည် မဟုတ်ပေ။

နတ်ဆိုးတောင်ကြား၏ အရှင်သခင် ထွက်ပေါ်လာမှုက သူ့အား အလွန် သွေးပျက်သွားစေသည်။ လွန်ခဲ့သည့် နှစ်များစွာက လူတစ်ယောက်မှလွဲ၍ ကမ္ဘာမြေပေါ်မှ မည်သူကိုမဆို ရန်စနိုင်သည်ဟု သူ့ကို လူတစ်ယောက်က သတိပေးဖူးခဲ့ဖူသည်။ ထိုရန်မစသင့်သည့် ပုဂ္ဂိုလ်ဆိုသည်မှာ နတ်ဆိုးတောင်ကြား၏ အရှင်သခင်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရန်သူသည် တစ္ဆေလူသားတို့၏ သဘာဝရန်သူ ဖြစ်သော နတ်ဆိုးလူသားတစ်ယောက် ဖြစ်နေခြင်းကြောင့်ပင်။

အကယ်၍ သူသာ ဒီနတ်ဆိုးလူသားအား ရန်စမိပါက သူ သေချာပေါက် သေဆုံရလိမ့်မည်။ သို့သော် ယခုအချိန်တွင် သူက … နတ်ဆိုးတောင်ကြား၏ အရှင်သခင်ကို ရန်စမိခဲ့ပြီ ဖြစ်သည်။

မဟူရာ ဧကရာဇ်သည် ရုတ်ချည်း ကတုန်ကယင် ဖြစ်လာကာ နောက်လှည့်ကာ ချက်ချင်း ထွက်ပြေးချင်စိတ်ပေါက်နေသည်။ သူ ယဲ့ဖန်ကို ဘယ်သောအခါမှ ထပ်မံ၍ မမြင်လိုတော့ပါ။

သို့သော် ယဲ့ဖန်က အားလုံး၏ အမူအရာများကို ဥပေက္ခာပြုထားသည်။ ထို့နောက် သူက အမှောင်သခင်အား စိုက်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

"မင်းရဲ့ ပြန်လည်ဝင်စားခြင်း ရောက်လာပြီပဲ … မကြာခင်မှာ မင်းရဲ့ မူလ ခန္ဓာကိုယ်ကလည်း ပေါ်ပေါက်လာတော့မှာပဲ"

သူ့စကားကို ကြားပြီးနောက် အမှောင်သခင် အလွန် တက်ကြွသွားသည်။ သူသည် နတ်ဆိုးတောင်ကြားထဲ၌ နှစ်တစ်သောင်းကျော်ကြာ ပိတ်မိနေခဲ့သည်။ သူ ထွက်ခွာချင်သော်လည်း မလုပ်နိုင်ခဲ့ပေ။

ယခင်က အမှောင်သခင်သည် နတ်ဆိုးချီဓာတ် အမျှင်စုအနည်းငယ်ကို ထုတ်ဖော်၍ အားနည်းသော သိုင်းပညာရှင်အချို့ကို ဖြားယောင်းခေါ်ဆောင်၍ သူ့အစေခံများအဖြစ် ပြုလုပ်ခဲ့သည်။

ယဲ့ဖန် နတ်ဆိုးတောင်ကြားထဲသို့ ဝင်ရောက်လာခဲ့စဉ်အခါက သူသည် သူ၏ ဆုဒြာကို ချန်ထားပေးရစ်ခဲ့သဖြင့် အမှောင်သခင်သည် ချိပ်ပိတ်ထားရာမှ လွတ်မြောက်လာခဲ့သည်။

သူ ထွက်သွားသည့်အခါ အမှောင်သခင်က သူ၏ ပြန်လည်ဝင်စားခြင်းကို အသုံးပြု၍ ချိပ်တံဆိပ်ကို ဖျက်ဆီးခဲ့ပြီး ရျွင်းအာနှင့်အတူ ကျန်းရှီမြို့သို့ ခရီးထွက်လာခဲ့သည်။

ထိုစဉ် ရွှင်းအာကလည်း ယဲ့ဖန်ဘေးသို့ ရောက်လာသည်။ သူမသည် ခြေဖျားထောက်လိုက်ပြီးနောက် ယဲ့ဖန်၏ ခြေထောက်ပေါ်သို့ တွယ်တက်လေတော့သည်။ ထို့နောက် သူမသည် သူ၏ မျက်နှာကို ပွေ့ဖက်၍ နမ်းလိုက်သည်။

"အစ်ကိုကြီး …. ကျေးဇူးတင်ပါတယ်"

ယဲ့ဖန်သည် သူမကို ကယ်တင်ရန်အတွက် မြောင်ဒေသရှိ ဝူနတ်ဘုရားတောင်ကို ရှင်းလင်းပြီး ဝူနတ်ဘုရား ဆယ့်နှစ်ယောက်လုံးကို သတ်ဖြတ်ခဲ့မှန်း သူမ သိပါသည်။

သူက နတ်ဆိုးတောင်ကြားထဲကိုတောင်မှ ဝင်ရောက်ခဲ့ပြီး သူ့အသက်ကို ရင်း၍ မဟာ ဝူနတ်ဘုရားကိုတောင် သတ်ခဲ့သေးသည်။

ရွှင်းအာသည် ယဲ့ဖန်အား စကြဝဠာထဲတွင် သူ အချစ်ရဆုံးသူအဖြစ် လုံးဝ မှတ်ယူထားခဲ့ပြီးပြီ ဖြစ်သည်။ ယဲ့ဖန်သာ မရှိခဲ့လျင် ရွှင်းအာ သေဆုံးခဲ့သည်မှာ ကြာလှပြီဖြစ်သည်။

ယဲ့ဖန်က ရွှင်းအာ၏ ဦးခေါင်းသေးသေးလေးက ပွတ်သပ်၍ ပြုံးကာ ပြောလိုက်သည်။

"မင်းက ငါ့မိသားစုဝင်ပဲလေ … မင်း ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး"

ယဲ့ဖန်၏ စကားကြောင့် ရွှင်းအာ တဒင်္ဂမျှ မှင်တက်သွားသည်။ ထို့နောက် သူမ၏ မျက်ရည်ပြည့်လျှမ်းနေသော မျက်လုံးများက နီရဲလို့လာပြီး ခေါင်းတဆတ်ဆတ် ညိတ်ပြလေသည်။

တစ်ဘက်တွင် အမှောင်ဂိုဏ်းချုပ် ကျိုချင်းချန်သည် နတ်ဆိုးတောင်ကြား အရှင်သခင်အား အလွန် ထိတ်လန့်နေသော မျက်နှာနှင့် စိုက်ကြည့်နေသည်။

နတ်ဆိုးတောင်ကြား အရှင်သခင်သည် ဒဏ္ဍာရီလာအဆင့်ကိုယ်ထဲသို့ ပြန်လည်ဝင်စားထားခြင်း ဖြစ်သော်လည်း သူ့ကို မြင်နေရုံနှင့် အမှောင်ဂိုဏ်းချုပ် ကျိုချင်းချန်တောင်မှ ကျောချမ်းလာရသည်။

ထိုစဉ် ယဲ့ဖန်က ရွှင်းအာအား အောက်ပြန်ချလိုက်ပြီး မဟူရာ ဧကရာဇ်အား စိုက်ကြည့်ကာ ရှေ့သို့ တစ်လှမ်းတိုးလာပြီး ပြောလိုက်သည်။

"တစ္ဆေကောင် မင်း အခု သေလို့ရပြီ"

*ဘာ*

သူ့စကားကြောင့် မဟူရာ ဧကရာဇ် ၊ သူ၏ မရဏ အစေခံခုနစ်ယောက်နှင့် မဟူရာ ကြက်ခြေခတ် အဖွဲ့၏ အသန်မာဆုံးသော အဖွဲ့သားများအားလုံး နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားရသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ မျက်နှာများ ပြာနှမ်းလို့လာသည်။

ထိုစဉ် မဟူရာ ဧကရာဇ်က စကားစလာသည်။

"တော်တော်မောက်မာတဲ့ ခွေးမသားလေးပဲ … ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်တွေကို သုံးပြီး ငါတို့အားလုံးကို သတ်နိုင်မယ်လို့ မင်း ထင်နေတာလား"

မဟူရာ ဧကရာဇ်က အလွန်ရက်စက်သော အကြည့်များဖြင့် ပြောလာသည်။

"မင်းက အရမ်းနုံတာပဲ။ ငါတို့မှာ ဒဏ္ဍာရီလာအဆင့် ရှစ်ယောက်တောင် ရှိတယ် ဒါပေမယ့် မင်းမှာက လေးယောက်ပဲ ရှိတာလေ၊ နှစ်ဆ တစ်ဆပဲ၊ ဘယ်သူ နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ယဲ့ဖန်ဘက်တွင်မူ မြေအောက်သခင်က တစ္ဆေကလေးငယ်ကြောင့် အပြင်းအထန် ဒဏ်ရာရနေပြီး သူ့ခွန်အား အကုန်လုံး ဆုံးရှုံးထားရသည်။

အမှောင်ဂိုဏ်းချုပ် ၊ ဒုစရိုက် ဧကရာဇ် ၊ ဆိုက်ဘေးရီးယား ဝံပုလွေဘုရင်နှင့် နတ်ဆိုးတောင်ကြား အရှင်သခင်တို့သာ ရန်သူများကို တိုက်ခိုက်နိုင်သည်။

မဟူရာ ဧကရာဇ်က သူ၏ မရဏ အစေခံ ခုနစ်ယောက်အား လှောင်ရယ်၍ ပြောလိုက်သည်။

"အဲ့လူ လေးယောက်ကို တားထားလိုက် … အဲ့ခွေးမသားလေးကို ငါ ရှင်းလိုက်မယ်"

မဟူရာ ဧကရာဇ်၏ စကားကြောင့် မရဏ အစေခံ ခုနစ်ယောက်လုံး ချက်ချင်း စိတ်လှုပ်ရှားလာကြသည်။

"သေပေတော့"

ကြုံးဝါးသံနှင့်အတူ တိုက်ပွဲက စတင်လာလေသည်။

မရဏ အစေခံ ခုနစ်ယောက်သည် ကျိုချင်းချန်၊ မိုရို သွေးစွန်းတစ္ဆေ ၊ ဝံပုလွေရိုင်းနှင့် ပြန်လည် ဝင်စားလာသော နတ်ဆိုးတောင်ကြား အရှင်သခင်ထံသို့ ပြေးဝင်သွားကြသည်။

"ယဲ့ဖန် သတိထား"

မြေအောက်သခင်သည် သူ၏ တိုက်ပွဲဝင်ခွန်အားအား ဆုံးရှုံးထားရသော်လည်း အမြင်အာရုံက စူးရှနေသေးသည်။ မဟူရာ ဧကရာဇ်၏ မကောင်းသော ရည်ရွယ်ချက်ကို ချက်ချင်း မြင်ပြီး သူ့မျက်နှာပေါ်၌ ကြောက်စိတ်များ ဖုံးလွှမ်းသွားသည်။

သို့သော် ယဲ့ဖန်က မဟူရာ ဧကရာဇ်၏ တိုက်စစ်ကို ဂရုပင်မစိုက်ပေ။ သူသည် လေထဲသို့ လက်တစ်ချောင်းဖြင့် အသာလေး ဆတ်ခနဲ တောက်လိုက်သည်။

*ဘာ*

ယဲ့ဖန်၏ တုံ့ပြန်မှုကြောင့် မြေအောက်သခင်သည် အလွန် ကြောက်ရွံ့သွားသည်။ ယဲ့ဖန် တိုက်ကွက်‌ ထုတ်ဖော်လိုက်သောအခါမှသာ သူသည် ဆရာသခင်အဆင့်သာ ရှိသေးသည်ကို မြေအောက်သခင် သိရှိသွားသည်။

*သောက်ကျိုးနည်း*

မြေအောက်သခင် ကျယ်လောင်စွာ ဆဲဆိုလိုက်မိသည်။ ယခင်က သူသည် ယဲ့ဖန်က ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင် တစ်ယောက် ဖြစ်မည် သို့မဟုတ် ဒဏ္ဍာရီလာအဆင့် လေးယောက်၏ သခင်ကြီး ဖြစ်သည့်အတွက် ထူးဆန်းသော အဖွဲ့အစည်း၏ ထိပ်တန်း အမွေဆက်ခံသူဟု ယုံကြည်ခဲ့မိသည်။

ယဲ့ဖန်က ဆရာသခင်အဆင့်သာ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားမိပါ၊ ဆရာသခင်အဆင့်သည် ဒဏ္ဍာရီလာအဆင့်ရှေ့တွင် ပုရွက်ဆိတ်သာသာ အဆင့်သာ ဖြစ်သည်။

ထို့ကြောင့် မြေအောက်သခင် အလွန် ကြောက်လန့်သွားသည်။ မဟူရာ ဧကရာဇ်တောင်မှ တဒင်္ဂမျှ မှင်တက်သွားရသည်။ ယဲ့ဖန်၏ တိုက်ပွဲဝင် ခွန်အားကို မြင်ပြီးနောက် စိတ်လှုပ်ရှားမှုကြောင့် မဟူရာ ဧကရာဇ်၏ ပါးစပ်သည် ရွဲ့စောင်းသွားသည်။

"ဟားဟား … ပုရွက်ဆိတ်လိုကောင်၊ လက်စသတ်တော့ မင်းက ဒီအတိုင်း ရဲရင့်ပြီး အတိုက်အခိုက် ကျွမ်းကျင်တဲ့ ပုရွက်ဆိတ်လိုကောင် ဖြစ်နေတာကိုး"

မဟူရာ ဧကရာဇ် အလွန် တက်ကြွလာကာ ဒဏ္ဍာရီလာအဆင့် လေးယောက်ကြောင့် ဖြစ်လာသည့် ထိတ်လန့်မှုတောင် ချက်ချင်း ပျောက်ကွယ်သွားသည်။

"ဒီကောင်ကို ငါ ဖမ်းလိုက်နိုင်တာနဲ့ ဟို ဒဏ္ဍာရီလာအဆင့်လေးယောက် သေချာပေါက်က သေမှာပဲ"

မဟူရာ ဧကရာဇ်သည် ယဲ့ဖန်ထံသို့ ရုတ်တရက် လက်ကို ဝေ့ကာ လှုပ်ရှားလိုက်သည်။ လေတိုးသံနှင့်အတူ များစွာသော တစ္ဆေချီဓာတ်များက ယဲ့ဖန်ထံသို့ ဖိနှိပ်နိုင်သော ဟန်ပန်ဖြင့် တိုးဝင်သွားသည်။

ထိုဖိအားပါသော တိုက်ကွက်သည် ဆရာသခင်အဆင့် မဆိုထားနှင့် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်ကိုတောင် သေစေနိုင်လောက်သည်။

"ပေါက်ထွက်သွားစမ်း"

ထိုစဉ် ယဲ့ဖန်က လှောင်ရယ်၍ ရုတ်တရက် လေထဲသို့ လက်ညှိုးဖြင့် ထိုးလိုက်သည်။

*သူတော့ သေတော့မှာပဲ*

ဤမြင်ကွင်းကိုကြည့်ပြီး မြေအောက်သခင်၏ မျက်နှာက ပြာနှမ်းလာသည်။ ယဲ့ဖန်က ဒဏ္ဍာရီလာအဆင့် တစ်ယောက်၏ ရူးသွပ်စေလောက်သော တိုက်ကွက်အား ဆရာသခင်အဆင့်တစ်ယောက်အနေဖြင့် ပေါ့ပေါ့ပါးပါးနှင့် ခုခံလိမ့်မည်ဟု သူ ထင်မှတ်မထားမိပါ။

*သူ … သူ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ*

ထိုအချိန်တွင် သူသည် ယဲ့ဖန်၏ လက်ချောင်း၊ လက်ဖဝါးနှင့် ခန္ဓာကိုယ်တို့က မဟူရာ ဧကရာဇ်၏ လက်ဖဝါးကြောင့် ကျိုးပဲ့သွားတော့မည်ကို ကြိုမြင်နေခဲ့သည်။

ထို့ကြောင့် မြေအောက်သခင်၏ မျက်နှာက ဖြူစွတ်သွားပြီး သူ့မျက်လုံးများကို ပိတ်ထားလိုက်သည်။

ဒုန်း!

တိုက်ကွက်နှစ်ခုသည် စက္ကန့်ပိုင်းအတွင်း ထိပ်တိုက်တွေ့သွားရသည်။ သို့ပေမဲ့ နောက်ထပ် ဖြစ်ပေါ်လာသည့် အရာက အလွန် ထိတ်လန့်ဖွယ်ကောင်းလှသည်။

ရွှစ်! ရွှစ်! ရွှစ်!

ယဲ့ဖန်၏ လက်ချောင်းနှင့် ရင်ဆိုင်လိုက်ရချိန်တွင် ဖိနှိပ်နိုင်သော ပုံစံရှိသည့် တစ္ဆေချီဓာတ်သည် စက္ကူကဲ့သို့ တစ်လွှာပြီးတစ်လွှာ စုတ်ပြဲသွားလေသည်။ ထို့ပြင် တစ်ဟုန်ထိုး တိုးပွားလာသော တစ္ဆေချီဓာတ်သည် သူ၏ သဘာဝရန်သူများ တွေ့ဆုံလိုက်ရသကဲ့သို့ ထွက်ပြေးလေတော့သည်။

ထို့နောက် ယဲ့ဖန်က ရုတ်တရက် မဟူရာ ဧကရာဇ်၏ လက်ဖဝါးအား လက်ညှိုးဖြင့် ထိုးလိုက်သည်။

ဝုန်း!

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သွေးစက်များက လေထုထဲသို့ လွင့်စဉ်ကုန်လေ၏။

All Chapters