တစ္ဆေ နတ်ဘုရား ပြန်လည်ပေါ်ထွက်လာခြင်း
Vol. 19 Ch. 282
ရွှစ်!
ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရပြီးနောက် မြေအောက်သခင် ပြင်းစွာ တုန်ယင်သွားသည်။
*သူတော့ သေရှာပြီပဲ …*
ယဲ့ဖန်တော့ အကြီးအကျယ် ဒုက္ခရောက်ရှာပြီကို သိနေသဖြင့် မြေအောက်သခင် ခါးသီးစွာ ပြုံးလိုက်မိသည်။
သို့သော် အလွန် ကရုဏာသက်သော အကြည့်များဖြင့် မျက်လုံးဖွင့်၍ ကြည့်လိုက်သောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့ခန္ဓာကိုယ်သည် အထိန်းအချုပ်မဲ့စွာ တုန်ယင်သွားရသည်။
လမ်းကြားလေး တစ်ခုလုံး၌ ပြည့်နှက်နေခဲ့သော ဖိအားပေးနိုင်သော တစ္ဆေချီဓာတ်သည် လုံးဝ ပျောက်ကွယ်သွားချေပြီ။
လက်ချောင်းတစ်ချောင်းက မဟူရာ ဧကရာဇ်၏ လက်ဖဝါးအား ဖောက်ထွင်းလို့နေသည်။ ဤမြင်ကွင်းကြောင့် မြေအောက်သခင်သည် နွေခေါင်ခေါင်ထဲ မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရသည်။
*လုံးဝ မဖြစ်နိုင်ဘူး*
မဟူရာ ဧကရာဇ်သည် ဒဏ္ဍာရီလာ အစောပိုင်းအဆင့် ရောက်နေသူ ဖြစ်သည်။ သို့သော် ယဲ့ဖန်သည် ဆရာသခင် နောက်ဆုံးအဆင့်၌သာ ရှိသည်။ သူတို့နှစ်ယောက်ကြားထဲ၌ အဆင့်ကိုးဆင့်တောင် ခြားနားလှသည်။
မဟူရာ ဧကရာဇ်သည် ဆရာသခင်အဆင့်တစ်ယောက်အား သူ့လက်သန်းနှင့်တောင် သတ်နိုင်သည်။ သို့ဖြစ်ပါလျက်နှင့် အခုအခါတွင် ….
"မဖြစ်နိုင်ဘူး … ငါ … ငါ အမြင်အာရုံ ဝေဝါးနေတာ ဖြစ်မယ်"
သူ မျက်ဝါးထင်ထင် မြင်လိုက်ရသည့် မြင်ကွင်းက သူ၏ အတွေးအမြင်အားလုံးကို ပြောင်းပြန်လှန်လိုက်သလို ဖြစ်နေပြီး သူသည် ကိုယ့်မျက်လုံးကိုယ် အတင်း ပွတ်သပ်နေမိသည်။
ထိုအချိန်တွင် မဟူရာ ဧကရာဇ်က ဟစ်အော်လာသည်။
"နတ်ဆိုး ချီ … သေစမ်း … မင်းမှာ နတ်ဆိုးချီ ရှိနေတာပဲ"
မဟူရာ ဧကရာဇ်သည် ချက်ချင်း နောက်သို့ ပြန်ဆုတ်လိုက်ကာ သရဲတစ္ဆေအား မြင်တွေ့လိုက်ရသကဲ့သို့ သူ့မျက်နှာသည် အကြီးအကျယ် ထိတ်လန့်လို့နေ၏။
ဤအဖြစ်အပျက်ကြောင့် မြေအောက်သခင်သည် ကတုန်ကယင်ဖြစ်ကာ အလန့်တကြားဖြစ်သွားသည်။
"ဒါ တကယ်ပါပဲလား … ဆရာသခင်အဆင့်တစ်ယောက်က ဒဏ္ဍာရီလာအဆင့် တစ်ယောက်ကို တကယ် ထိခိုက်အောင် လုပ်နေတာပဲ"
သို့သော် ယဲ့ဖန်၏ အစစ်အမှန် တိုက်ပွဲဝင် ခွန်အားသည် မဟူရာ ဧကရာဇ်၏ တိုက်ပွဲဝင်ခွန်အားနှင့် တူညီသည်ဆိုတာကိုတော့ သူ လုံးဝ သတိမပြုမိပါ။ သို့ပေမဲ့လည်း ယဲ့ဖန်သည် နတ်ဆိုးတစ်ကောင်သာ ဖြစ်သည်။
နတ်ဆိုးချီဓာတ်သည် တစ္ဆေချီဓာတ်၏ သဘာဝရန်သူ ဖြစ်သည်။ ထို့ကြောင့် သူသည် မဟူရာ ဧကရာဇ်၏ လက်ဖဝါးအား လက်ချောင်းဖြင့် ပေါက်ထွက်သွားအောင် လုပ်နိုင်သည်။
တောက်! တောက်!
အနက်ရောင် သွေးစက်များက မဟူရာ ဧကရာဇ်၏ လက်ဖဝါးမှ တစက်စက်ကျနေသည်။ ထိုစဉ် မဟူရာ ဧကရာဇ်သည် မျက်ခုံးတလှုပ်လှုပ် ဖြစ်နေပြီး သူ့မျက်နှာပေါ်တွင်လည်း ထိတ်လန့်မှုများ ပြည့်နှက်နေ၏။
ထိုအချိန်မှာပဲ ကိုယ်ရောင်ဖျောက်နိုင်သော မဟူရာ မင်းသားက အဘယ်ကြောင့် ယဲ့ဖန်၏ သတ်ခြင်းကို ခံလိုက်ရသည်ကို မဟူရာ ဧကရာဇ် နားလည်သွားရသည်။ တကယ်တမ်းမှာတော့ တစ်ဘက်ရန်သူက နတ်ဆိုးတစ်ကောင် ဖြစ်လို့နေသည်။
"ငါ မယုံဘူးကွာ … နတ်ဆိုးတွေက တစ္ဆေလူသားတွေရဲ့ အိပ်မက်ဆိုးဖြစ်တယ်ဆိုတာကို ငါ မယုံဘူးကွာ … တစ္ဆေတွေက နတ်ဆိုးတွေကို သေချာပေါက် အနိုင်ယူနိုင်တယ် .. ငါ မင်းကို လုံးဝ သတ်နိုင်မှာ"
မဟူရာ ဧကရာဇ် အလွန် ဒေါသထွက်နေ၏။ သူ၏ နောက်ပြန်ဆုတ်ပြေးနိုင်မည့် လမ်းပေါက်များကို နတ်ဆိုးလူသား တစ်ယောက်က တားဆီးထားသည်ကို သူ သိပါသည်၊ သူ မသေမချင်း တိုက်ခိုက်ရတော့မည် ဖြစ်သည်။
ထို့ကြောင့် သူသည် ချက်ချင်းပင် သူ့လက်ချောင်းမှ အရေပြားကို ဆွဲခွာလိုက်သဖြင့် သွေးများ ပန်းထွက်လာသည်။ ထို့နောက် မဟူရာ ဧကရာဇ်သည် လေထဲ၌ လက်ချောင်းများ တစ်စုံတစ်ခုကို ရေးဆွဲလိုက်သည်။
ရုတ်တရက် မနှစ်မြို့ဖွယ်ကောင်းပြီး နီရဲနေသော တစ္ဆေမှော်စာလုံးတစ်လုံး ပေါ်ပေါက်လာသည်။
"မိစ္ဆာ ဝိညာဉ်တွေကို ကျုပ်ရဲ့ သွေးနဲ့ ဆင့်ခေါ်ပါတယ်"
….
သူ၏ တင်းမာသော အသံအဆုံးတွင် ထိုတစ္ဆေစာလုံးထဲမှ နီမြန်းသော အလင်းတန်းတစ်ခု ထွက်လာသည်။
ထို့နောက် တစ်နိုင်ငံလုံးမှ မိစ္ဆာ ဝိညာဉ်များကို စုစည်းနေသကဲ့သို့ လွှမ်းမိုးနိုင်သော အနက်ရောင် ချီဓာတ်များက လမ်းကြားလေးထဲ တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။
များစွာသော တစ္ဆေနှင့် ဆင်တူသည့် အနက်ရောင် အရိပ်များက ယဲ့ဖန်ထံသို့ လွှမ်းမိုးနိုင်သော ဟန်ပန်ဖြင့် တိုးဝင်လာသည်။
မြေအောက်သခင်သည် ကြောက်လန့်စိတ်ကြောင့် ခြေဆောင့်လိုက်မိပြီး မျက်နှာမှာလည်း ပြာနှမ်းလာ၏။
"အဲ့ဒါ ခန္ဓာကိုယ်အား တစ္ဆေ ဝါးမျိုခြင်းပဲ … မဟူရာ ဧကရာဇ်ရဲ့ အစွမ်းအထက်ဆုံး တိုက်ကွက်ပဲ"
မဟူရာ ဧကရာဇ်သည် တစ်ချိန်တုန်းက သူ၏ တစ္ဆေများအား ဆင့်ခေါ်ပြီး တစ်နိုင်ငံလုံးအား သတ်ဖြတ်ခဲ့ဖူးသည်။ ထိုအချိန်မှစ၍ သူ ကျော်ကြားလာခဲ့သည်။
ထိုအချိန်က တစ္ဆေ၏ ခွန်အားသည် ပြိုင်ဘက်ကင်းလှပေသည်။ သို့သော် ယခုအခါတွင် နှစ်ဒါဇင်နှင့် ချီ၍ ကြာခဲ့ပြီးနောက် မဟူရာ ဧကရာဇ်သည် သူ၏ သေစေနိုင်လောက်သော တိုက်ကွက်အား ထပ်မံ၍ အသုံးပြုရန် ဖိအားပေးခံနေရပြီ ဖြစ်သည်။
*မယုံနိုင်စရာကောင်းလှချည်လား*
မြေအောက်သခင်၏ အံ့အားသင့်နေသော အကြည့်များအောက်မှပင် မိစ္ဆာ ဝိညာဉ်များက ကောင်းကင်ပေါ်မှ မိစ္ဆာ မိုးစက်များ ကျဆင်းလာသကဲ့သို့ ယဲ့ဖန်ဆီ ပြေးဝင်သွားသည်။
လေပြင်းတစ်ချက် တိုက်ခတ်လာပြီးနောက် တစ္ဆေများက ဟစ်ကြွေးလာသည်။ ထောင်သောင်းနှင့်ချီသော တစ္ဆေများက မော်တယ်ကမ္ဘာသို့ မာန်ဟုန်ပြင်းပြင်းနှင့် ဆင်းသက်လာသလိုပင်။
ထိတ်လန့်စရာ ကောင်းသည်က ယဲ့ဖန်သည် ထိုဒေါသထွက်နေသာ တစ္ဆေများအား လုံးဝ အာရုံစိုက်မနေပါ။
ညီညာသော ခြေလှမ်းသံများ နှင့်အတူ သူသည် မဟူရာ ဧကရာဇ်ထံသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းလာသည်။
တစ္ဆေများက သူ့အား ကိုက်ဆွဲနေတာတောင်မှ သူသည် ရှေ့သို့ တွေတွေကြီး ဆက်၍ လျှောက်လာသည်။
*ရူးချင်စရာပဲ*
မြေအောက်သခင် အလွန် မယုံသင်္ကာ ဖြစ်သွားရသည်။ ဤကဲ့သို့ အရာမျိုး သူ တစ်ခါမှ သူ မမြင်ဖူးခဲ့ပါ။ ယဲ့ဖန်သည် တစ္ဆေများ၏ ကိုက်ဖြဲခြင်းကို လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။
တကယ်ကို အံ့ဩစရာ ကောင်းလှသည်။
သို့သော် မိစ္ဆာ တစ္ဆေများက ယဲ့ဖန်ကို ကိုက်လိုက်ပြီးသောအခါ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ခုကို တွေ့မြင်လိုက်ရသကဲ့သို့ စူးရှစွာ အော်ဟစ်လေတော့သည်။
မိစ္ဆာ တစ္ဆေတစ်ကောင်ချင်းစီတိုင်းသည် တရှဲရှဲမြည်ကာ မီးခိုးတွေ အူထွက်လာသည်။ သူတို့သည် ချက်ချင်း တစ္ဆေချီဓာတ်များအဖြစ် အရည်ပျော်သွားပြီးနောက် ယဲ့ဖန်၏ ခန္ဓာကိုယ်တွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
ဖြစ်ပျက်သွားသမျှသည် မြန်ဆန်လွန်းလှ၏။ မိစ္ဆာ တစ္ဆေများစွာက ယဲ့ဖန်၏ တိုက်ခိုက်ခြင်းကို ခံလာရသည်။ မိစ္ဆာ တစ္ဆေများစွာသည် တစ္ဆေချီဓာတ်များအဖြစ်သို့ အရည်ပျော်ကျသွားပြီး ယဲ့ဖန်၏ စုပ်ယူခြင်းကို ခံနေရသည်။ သို့သော် ယဲ့ဖန်က မိစ္ဆာ တစ္ဆေများကို အရေးပင် လုပ်မနေပါ။
ထိုစဉ် သူသည် မဟူရာ ဧကရာဇ်အား များပြားလှသည့် နတ်ဆိုးချီဓာတ်များဖြင့် အရူးအမူး ထိုးနှက်လာသည်။
"ီးပဲ"
မဟူရာ ဧကရာဇ် ထိတ်လန့်စွာ ထအော်လိုက်မိပြီးနောက် ယဲ့ဖန်၏ လက်သီးအား ပြန်လည် ခုခံလိုက်သည်။
ဒုန်း! ဒုန်း! ဒုန်း!
နှစ်ယောက်သား ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံပြီးနောက် သွေးစက်များနှင့် အသားစများက နေရာအနှံ့သို့ လွင့်စဉ်ထွက်လာသည်။
သူတို့၏ ပြင်းထန်သော တိုက်ကွက်များက လူတိုင်းအား ကြောက်စိတ်ကြောင့် ကတုန်ကယင် ဖြစ်လာစေပြီး သူတို့နှစ်ယောက်လုံးအား ပြိုင်ဘက်ကင်းသော မကောင်းဆိုးဝါးများ အဖြစ် ထင်မြင်စေမိသည်။
ထို့ပြင် များပြားလှသည့် နတ်ဆိုးချီဓာတ်များက မဟူရာ ဧကရာဇ်အား ဆွဲစုတ်နေသညက်ကို သူတို့ တွေ့လိုက်ရသည်။
သူ့လက်ချောင်းများအား အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားသည်။ သူ့လက်မောင်းများ ပေါက်ကွဲထွက်သွားသည်။ သူ့လက်မောင်းသံချပ်ကာများ ကျိုးကြေကာ သူ့ရင်ဘက် စုတ်ပြဲသွားသည်။
သူ့ဒဏ်ရာများမှ သွေးများက ဒလဟော ပန်းထွက်လာသည်။ ဤသည်မှာ တစ်ဖက်သတ် တိုက်ပွဲဖြစ်နေ၏။
နတ်ဆိုးချီဓာတ်နှင့် မိစ္ဆာချီဓာတ်။
ဆရာသခင်အဆင့်နှင့် ဒဏ္ဍာရီလာအဆင့်။
….
ဤမြင်ကွင်းကို ကြည့်ပြီး မြေအောက်သခင် အကြီးအကျယ် ထိတ်လန့်သွားသည်။ မရဏ အစေခံ ခုနစ်ယောက်သည်လည်း အလွန် တုန်လှုပ်နေကြသည်။
ဝှစ်!
အစေခံတစ်ယောက် သတိလက်လွတ် ဖြစ်သွားစဉ်တွင် ပြန်လည်ဝင်စားလာသော အမှောင်သခင်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ထိုလူ၏ သွေးများ ပေနေသော ပါးစပ်ကို ကိုက်ဝါးလိုက်သည်။
ကျွိ! ကျွိ!
ပါးစပ်မှနေ၍ နတ်ဆိုးချီဓာတ်များနှင့်အတူ နီရဲနေသော သွေးများ စီးကျလာ၏။ သူ၏ သွားကြောင့် အရိုးများနှင့် အသားများ ကျိုးကြေကုန်သည့် အသံက ကျန် အစေခံ ခြောက်ယောက်အား သေမတတ် ထိတ်လန့်သွားစေသည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် အရာမျိုး သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ပါ။ ထိုသူက ဒဏ္ဍာရီလာအဆင့်တစ်ယောက်အား ကိုက်ဖြတ်နေခြင်း ဖြစ်သည်။
အံ့အားသင့်စရာ ကောင်းလှသည်။
ဝှစ်! ဝှစ်! ဝှစ်!
အစေခံ ခြောက်ယောက်လုံး ကြောက်လန့်ကာ မှင်တက်နေစဉ်တွင် ကျိုချင်းချန်၊ ဒုစရိုက် ဧကရာဇ်နှင့် ဆိုက်ဘေးရီးယား ဝံပုလွေဘုရင်တို့က ရုတ်တရက် ဒဏ္ဍာရီလာအဆင့် သုံးယောက်ကို သတ်ဖြတ်ရန် သူတို့၏ အင်အားကို ချက်ချင်း ထုတ်ဖော် အသုံးပြုလိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် ဒဏ္ဍာရီလာအဆင့် တစ်ယောက်၏ ဦးခေါင်းက ကျိုးထွက်သွားသည်၊ ဒဏ္ဍာရီလာအဆင့် တစ်ယောက်၏ နှလုံးသားကလည်း ထိုးဖောက်ခြင်း ခံလိုက်ရပြီး ကျန် ဒဏ္ဍာရီလာအဆင့် တစ်ယောက်၏ လည်ပင်းမှာလည်း ကျိုးကြေသွားသည်။
ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်များ၏ သွေးများက မြေကြီးပေါ် ဖုံးလွှမ်းလို့နေ၏။
*သူတို့ သေကုန်ပြီ*
ဒဏ္ဍာရီလာအဆင့် မရဏ အစေခံ ခုနစ်ယောက်တွင် လေးယောက်က မျက်စိတစ်မှိတ်အတွင်း အသတ်ခံလိုက်ရပြီ ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော ထိုမြင်ကွင်းကို ကြည့်ပြီး ကျန်မဟူရာ ကြက်ခြေခတ် အဖွဲ့သားများအားလုံး ကြောက်လန့်ကာ တုန်လှုပ်နေကြသည်။
သို့သော် အိပ်မက်ဆိုးက ယခုမှ စတင်မည်ဖြစ်သည်။ အမှောင်ဂိုဏ်း ၊ အကြောက်အလန့်ကင်းသော ဒုစရိုက် တိုက်ခိုက်ရေးသမားများနှင့် ဝံပုလွေနတ်ဘုရား၏ ကျေးကျွန်များ အားလုံးက ဒေါသတကြီးနှင့် မဟူရာ ကြက်ခြေခတ်အဖွဲ့သားများ၏ အသက်အား ရက်စက်စွာ နုတ်ယူတော့သည်။
သိုင်းပညာရှင်များ တစ်ယောက်ပြီးတစ်ဘောက် ကျဆုံးကုန်သည်။ အလောင်းများက မြေကြီးပေါ်သို့ တစ်လောင်းပြီးတစ်လောင်း ပုံကျလာ၏။
ဝုန်း!
ထိုစဉ် ယဲ့ဖန်က မဟူရာ ဧကရာဇ်၏ လက်ပြင်ရိုးအား တစ်ချက်တည်းဖြင့် ထိုးနှက်လိုက်သည်။ မဟူရာ ဧကရာဇ်သည် ပုံပျက်နေသော သဲအိတ်ကဲ့သို့ နောက်သို့ ဆုတ်သွားပြီး အရိုးဖြူဖြူများ အထင်းသား မြင်နေရသည်။
သူ့လက်အောက်ငယ်သားများ ခွေးလိုဝက်လို အသတ်ခံနေရသည်ကို မြင်ပြီး သူ လုံးဝ ဒေါသူပုန်ထသွားသည်။
"အား … အား … အား … ခွေးကောင်လေး … မင်းက သေချင်နေတာပဲ … မင်းတို့အားလုံး သေရမယ်"
လေထဲ၌ ဆံပင်များက တဖျပ်ဖျပ် လွင့်နေသည့် မဟူရာ ဧကရာဇ်၏ ပုံစံက ရူးသွပ်နေသော တစ္ဆေဘုရင်လိုပင်။
သူ၏ ရူးသွပ်နေသော မျက်နှာက လူတိုင်းအား ကြောက်လန့်ကာ တုန်ယင်လာသည်။ ထို့နောက် သူက ကြုံးဝါးလိုက်သည်။
"မင်းက ငါ့ကို ဒီလို တိုက်ခိုက်ဖို့ ဖိအားပေးခဲ့တာပဲ … မင်း သေသင့်တယ်ကွ"
စကားအဆုံးတွင် မဟူရာ ဧကရာဇ် အလွန် ဒေါကန်သွားသည်။ ရုတ်တရက် သူသည် သူ့နှလုံးသားအား ထိုးဖောက်၍ အားနှင့် ဆွဲထုတ်လိုက်သည်။
ဂျွတ်ခနဲ အသံနှင့်အတူ သူသည် သူ၏ သွေးသံတရဲရဲနှင့် နှလုံးသားကို ဆွဲထုတ်လာသည်။ ထို့နောက် သူသည် သူ့နှလုံးသားအား ခေါင်းပေါ်မြှောက်တင်၍ ရေရွတ်လိုက်သည်။
"ကျုပ်၏ အရှင်အား ကျုပ်၏ နှလုံးသားနှင့် ဆင့်ခေါ်ပါ၏ … တစ္ဆေ ဝိညာဉ်အား ကျုပ်၏ အသက်ကို ယဇ်ပူဇော်ပါတယ်"
"တစ္ဆေ နတ်ဘုရား ကျေးဇူးပြုပြီး ထွက်ပေါ်လာပေးပါ"
သူ၏ မနှစ်မြို့ဖွယ်ကောင်းလောက်အောင် တင်းမာသော အသံအဆုံးတွင် ကောင်းကင်တောင်မှ အရောင်ပြောင်းလဲလာ၏။