အခန်း (၁၀၂၁)
Vol. 69 Ch. 1021
ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၉)
အပိုင်း(၁၀၂၁)
“အား..အား….လက်..ငါ့လက်”
သူ၏ညာလက်ပျောက်ကွယ်သွားပြီး ဘာမှမရှိတော့သောနေရာမှာ လက်ဆတ်သောသွေးတို့ပန်းထွက်လာသည်ကိုတွေ့ရသောခါတွင် အကြီးအကဲကျိက ရူးသွပ်သွားသကဲ့သို့ ရူးရူးနှမ်းနှမ်းအော်ဟစ်လိုက်သည်။
ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ ဝင်ရောက်ခဲ့ပြီးသော သူလိုလူက ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်၌သာရှိသော ဤမကောင်းဆိုးဝါးသတ္တဝါလေး၏ အနိုင်ယူခြင်းခံရလိမ့်မည်ဟု လုံးဝစိတ်ကူးမထားခဲ့ပေ။
“ငါ..ငါက ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် စွမ်းအားကြီးသူပဲ”
ဤအချိန်တွင် အကြီးအကဲကျိမှာ အဖြစ်ပျက်ခဲ့သမျှအရာအားလုံးအား လက်သင့်ခံနိုင်ရန်ခက်ခဲနေသည်။
“ငါက ကျယ်ပြောတဲ့မြေရိုင်းဒေသကြီးရဲ့ စွမ်းအားကြီးသူ ဆယ့်သုံးယောက်ထဲကတစ်ယောက်ပဲ”
“ခုဏက လက်သီးနဲ့လက်သည်းတို့ထိပ်တိုက်တွေ့တုန်း ငါ့ရဲ့လက်သည်းက သူ့ရဲ့လက်သီးကို ချေမွပစ်သင့်တာ”
ဤအခိုက်အတန့်တွင် မြေပြင်ထက်၌လဲနေကြသော ဟွမ်ရှီနှင့် ယွဲ့ချန်တို့မှာ ကောင်းကင်ထက်မှ တိုက်ပွဲထံသို့မော့ကြည့်လိုက်ပြီး အကြီးအကဲကျိတစ်ယောက်ရူးသွပ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့၏မျက်နှာများထက်၌ လွန်စွာ တုန်လှုပ်ထိပ်လန့်နေမှုတို့ဖြစ်ပေါ်လာ၏။
“ဒီတောင်ပေါ်နတ်ဆရာမျိုးနွယ်စုရဲ့ မသေမျိုးနတ်ဆိုးခန္ဓာကိုယ်က တကယ်ကြီး ကောင်းကင်ဘုံကိုဆန့်ကျင်လွန်းတယ်.. ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျင့်ကြံသူတောင်မှ လက်ကို ဆုံးရှုံးလိုက်ရတယ်”
“ဒီတောင်ပေါ်နတ်ဆရာမျိုးနွယ်စုက လူငယ်က အသက်ဆယ့်ခုနှစ် ဆယ့်ရှစ်နှစ်လောက်ပဲရှိသေးတာ.အကယ်၍သူ့ကိုသာဆက်ပြီး ကြီးထွားလာခွင့်ပြုလိုက်ရင်..”
“မဟုတ်ဘူး. မဖြစ်နိုင်တာ. .ဘယ်လိုလုပ်ပြီးဒီနတ်ဘုရားကရှုံးနိမ့်ရတာလဲ..”
အကြီးအကဲကျိမှာ အပြင်းစားရိုက်ချက်အား ထပ်မံတောင့်မခံနိုင်တော့ဘဲ အစောပိုင်းက သူ၏ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမျာအားဆုံးရှုံးလိုက်ရပြီးနောက် လုံဝကိုရူးသွပ်သွားပြီဖြစ်၏။
အကြီးအကဲကျိ၏ဦးခေါင်းထက်၌ ပြောင်းပြန်အနေအထားနှင့်ပန်းကန်လုံးတစ်လုံးထပ်မံပေါ်လာပြီး ကြယ်အလင်းတို့ကို လင်းဖြာကျဆင်းလာသည်။
ကြယ်နှစ်ပွင့်နတန်ဘုရားတစ်ပိုင်း နယ်ပယ်သို့ဝင်ရောက်ခဲ့ပြီးနောက် အကြီးအကဲကျိအနေဖြင့် သူ၏လက်ရှိခွန်အားအရ ထျန်းကန်ပန်းကန်လုံးကိုသုံးဖို့မလိုအပ်ဟု ခံစားရပြီး ဖယ်ထားခဲ့ခြင်းဖြစ်သည်။
“အား. ဘယ်လိုတောင်ဒီနတ်ဘုရားကို ခုခံရဲပြီး ဒီနတ်ဘုရားရဲ့လက်ကိုဖျက်ဆီးရဲတာလဲ. ခွင့်မလွှတ်နိုင်ဘူး.ခွင့်မလွှတ်နိုင်ဘူး. သေစမ်း”
အကြီးအကဲကျိက ရူးသွပ်စွာထပ်မံအော်ဟစ်လိုက်သည်။ ဤအခိုက်အတန့်တွင် သူ၏ဘယ်လက်က လက်သည်းအသွင်ပြောင်းသွားပြီး ရှစ်ဖုန့်ထံသို့ ညွှန်လိုက်၏။
လက်သည်း၏အလယ်ဗဟိုအတွင်းမှ မမြင်နိုင်သောစွမ်းအားကြီးလက်သည်းတစ်ခုက သူ့အားဖမ်းဆုပ်တော့မည့်သကဲ့သို့ရှစ်ဖုန့်ခံစားရ၏။
“ဒီခံစားချက်”
ရှစ်ဖုန့်မှာ ယခင်က ဤအဘိုးကြီးနှင့်ရင်ဆိုင်ဖူးပြီး ဤတိုက်ခိုက်မှုဒဏ်ကိုခံစားဖူးသည်ဖြစ်သည်။
ထိုအချိန်က ကျင်းဖူ၏မိုင်တစ်ထောင်နတ်ဘုရားမှန်နှင့်ဝင်နှောက်ယှက်မှုကြောင့် ဤတိုက်ခိုက်မှုအောက်တွင်သူ၏အသက်ကို ပါဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရသည်ဖြစ်သည်။
ဤအချိန်တွင် ဝတ်ရုံနက်က ညသုတ်သင်ခြင်းအမှောင်အရိပ်ကို သူ့အားကယ်တင်ရန်အသက်သွင်း ခဲ့ခြင်းကြောင့်သာသူကံကောင်းခဲ့ခြင်းဖြစ်သည်။
ယခုအကြီးအကဲကျိ၏တိုက်ခိုက်မှုက ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦးဖြစ်လာသည်နှင့်အညီ ယခင်ကနှင့်နှိုင်းယှဉ်၍မရတော့ပေ။
“ငါ့အတွက်သေလိုက်စမ်း”
အကြီးအကဲကျိ၏မျက်နှာထက်ရှိခက်ထန်သောအမူအယာတစ်ခုနှင့်အတူ ရှစ်ဖုန့်အားစကားပြောနေသကဲ့သို့နဖူးထက်၌သွေးကြောများပင်ဖောင်းကြွနေသည်။
အကြီးအကဲကျိကရှစ်ဖုန့်အားရုတ်ခြည်းဖမ်းဆုပ်လိုက်သည်။
အကြီးအကဲကျိဘယ်လက်၏ လှုပ်ရှားမှုနောက်ကိုလိုက်ပါပြီး ရှစ်ဖုန့်အား စွမ်းအားကြီး မမြင်နိုင်သောအားတို့ကဝန်းရံလာကာ ချက်ချင်းပဲ အရပ်မျက်နှာအနှံ့မှ သိမ်းကျုံးဝင်လာသည်။
ဤအခိုက်အတန့်တွင်ရှစ်ဖုန့်က ရုတ်ခြည်းသူ၏ညာခြေကို လေထဲ၌စောင့်နင်းချလိုက်ပြီး ပေါက်ကွဲအော်ဟစ်လိုက်သည်။
“ဟ”
ချက်ချင်းပဲ ရှစ်ဖုန့်၏ခန္ဓာကိုယ်ပေါ်မှ ပြင်းထန်သောအနက်ရောင်မိုးကြိုးတို့ထွက်ပေါ်လသည်။ ရှစ်ဖုန့်၏တစ်ကိုယ်လုံးက အနက်ရောင်မိုးကြိုးလူသား တစ်ယောက်အဖြစ်ပြောင်းလဲသွားပြီး အနက်ရောင်မိုးကြိုးတို့ကလည်း ဘက်ပေါင်းစုံသို့ ပျံ့နှံ့သွားသည်။
ရှစ်ဖုန့်ထံသို့ဦးတည်လာသော မမြင်နိုင်သည့် စွမ်းအားတို့မှာ အနက်ရောင်မိုးကြိုးလျှပ်စီးတို့ကြောင့် ရုတ်ခြည်းဖျက်ဆီးခံလိုက်ရ၏။
“ဒါ..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ. ငါ့စွမ်းအားက”
သူ၏ အစွမ်းကုန်သုံးကာထုတ်ဖော်ခဲ့သည့် အားအကောင်းဆုံးတိုက်ခိုက်မှုက တစ်ဖက်လူကြောင့် အလွယ်တကူ ဖျက်ဆီးခံလိုက်ရသည်ကို တွေ့လိုက်ရသောအခါတွင် အကြီးအကဲကျိ၏ အိုမင်းသောမျက်နှာထက်၌ မယုံကြည်နိုင်မှုတို့ဖြင့်ပြည့်နှက်နေသည်။
“အား….”
အကြီးအကဲကျိကကောင်းကင်ထဲသို့မော့ပြီး လက်သင့်မခံနိုင်မှုတို့ဖြင့်ထပ်ကာထပ်ကာ အော်ဟစ်နေ၏။ သူအနေဖြင့် လုံးဝရူးသွပ်သွားပုံရသည်။
“ဘာလို့လဲ.ဘာလို့လဲ.. ငါကကြယ်နှစ်ပွင့်နတ်ဘုရား တစ်ပိုင်းနယ်ပယ်ဖြစ်နေပြီကို ဘာလို့ငါကကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် ပုရွက်ဆိတ်လေးကိုရှုံးရတာလဲ. သူကမသေမျိုးနတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်ဖြစ်နေလို့ငါ့ကိုဒီလိုမျိုးလုပ်နိုင်တာလား”
“ဒါကိုလက်ခံဖိုငြင်းတယ်”
ဤအချိန်တွင် သူက ကောင်းကင်ထဲရှိနေကိုးစင်းအား အော်ဟစ်နေသည်နှင့်တူနေသည်။
ကောင်းကင်ဘုံက သူ့အပေါ်ကြီးမားသည့်ဟာသတစ်ခုအဖြစ်ကစားခဲ့သည်ဖြစ်သည်။ ဘဝ၏အချိန်တစ်ဝက်ခန့်လောက်ကိုကုန်ဆုံးပြီးမှ နောက်ဆုံးတွင် သူခါးသီးစွာလိုက်ရှာဖွေနေခဲ့သော နယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံး၌ ကမ္ဘာကြီးအားအပေါ်စီးမှနေ ၍ကြည့်နိုင်ပြီဟုသူထင်ခဲ့၏။
သို့သော်ယခုအခါ၌သူသည် သူခါးသီးစွာရှာဖွေနေခဲ့သော ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ရောက်ရှိသည်မှာ နှစ်နာရီပင်မရှိသေးပေ။
ကျယ်ပြောလှသောမြေရိုင်းဒေသကြီးသို့ စွမ်းအားကြီးသူတစ်ယောက်အနေဖြင့် မပြန်ရသေးပေ။ ယခင်ကသူနှလုံးသားထဲမှ စွမ်းအားကြီးသူများနှင့် ကမ္ဘာကြီးအကြောင်းကို ရယ်မောပြောဆိုခြင်းမပြုရသေးပေ။ ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်တစ်ယောက်က သူ့၌ရှိသည့်အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်ဖြစ်သည်။
“ဒီသက်ကြားအိုကြီး.တကယ်ရူးသွားတဲ့ပုံပဲ”
ရှစ်ဖုန့်က သူအားဦးခေါင်းထက်ရှိ ထျန်းကန်ပန်းကန်လုံးနှင့်ထပ်မံ တိုက်ခိုက်ခြင်းမရှိတော့ဘဲကောင်းကင်ထဲသို့မော့ကာ အော်ဟစ်နေသည့်အကြီးအကဲကျိအားကြည့်၍ တီးတိုးပြောဆိုလိုက်သည်။
“ငါသူ့အပေါ်နည်းနည်းများရက်စက်သွားလား”
ရှစ်ဖုန့်ကအသံတိုးတိုးဖြင့်ထပ်မံရေရွတ်ပြောဆိုလိုက်သည်။
ရှစ်ဖုန့်မှာ ၎င်းတို့လေးယောက်အားမြင်တွေ့စဉ်ကတည်းက အကြီးကအကဲကျိ၏ အော်ရာက အနည်းငယ်မတည်မငြိမ်ဖြစ်နေသည်ကို သတိပြုမိပြီးဖြစ်သည်။ ယင်းက အဆင့်ချိုးဖျက်နိုင်တော့မည့်လက္ခဏာဖြစ်၏။
ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦး၏သေခြင်းစွမ်းအင်၊သွေးနှင့်ဝိညာဉ်တို့ကိုဝါးမျိုခြင်းက ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်း တစ်ယောက်နှင့်နှိုင်းယှဉ်၍မရပေ။
၎င်းတို့လေးယောက်အားအလွယ်တကူသတ်ပစ်နိုင်သောရှစ်ဖုန့်က ခဏလောက်စောင့်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
တစ်ချိန်တည်းတွင်သူက ဟင်းလင်းပြင်သတ်ဖြတ်ခြင်းဓားကို အသက်သွင်းပြီး သွေးနီရောင်မီးတောက်တို့ကိုဖော်ထုတ်ကာ အဘိုးအိုအတွက်အခက်အခဲအချို့ကိုဖန်တီးပေးခဲ့သည်။
နောက်ပိုင်းတွင် ရှစ်ဖုန့်ဆန္ဒရှိသကဲ့သို့ အကြီးအကဲကျိက ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်သို့အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့၏။
သို့သော်အကြီးအကဲကျိကတော့သူ၏အခွင့်အလမ်းရောက်ရှိလာပြီဟု တွေးထင်ခဲ့သည်။
တစ်ဖက်တွင်တော့ရှစ်ဖုန့်က၎င်းအား ကြီးထွားလာပြီးနောက်သတ်ဖြတ် မည့်ဝက်တစ်ကောင်ကဲ့သို့သာ ပြင်ဆင်ပျိုးထောင်နေခဲ့ခြင်းဖြစ်သည်။
“ကောင်းပြီဒီသခင်လေးခင်ဗျားကိုသွားရမဲ့လမ်းကိုပို့ပေးမယ်”
ရှစ်ဖုန့်ကရူးသွပ်သွားသောအကြီးအကဲကျိကိုကြည့်၍အေးစက်စွာပြောလိုက်သည်။
ချက်ချင်းပဲရှစ်ဖုန့်၏ကိုယ်ပေါ်၌အရိုင်းဆန်စွာကခုန်နေသော အနက်ရောင်မိုးကြိုးတို့က သူ၏ညာလက်သီးပေါ်၌စုစည်းသွားသည်။
သူ၏လက်သီးထက်မှ အနက်ရောင်မိုးကြိုးတို့က ပို၍ပြင်းထန်လာပြီး ရှစ်ဖုန့်၏ခန္ဓာကိုယ်အတွင်းယခင်က စုပ်ယူထားခဲ့သော အနက်ရောင်မိုးကြိုးတို့ပြန်ပေါ်လာသည်။
ထို့နောက် ရှစ်ဖုန့်က ညာလက်သီးအား အကြီးအကဲကျိထံသို့ ထိုးသွင်းလိုက်သည်။ သူ၏လက်သီးမှ အနက်ရောင်မိုးကြိုးနဂါးတစ်ကောင်ထွက်လာပြီး အကြီးအကဲကျိကို ခုန်အုပ်လိုက်သည်။
“အား.အား.အား”
ကောင်းကင်ထဲသို့မော့ကာ အော်ဟစ်နေဆဲဖြစ်သောအကြီးအကဲကျိမှာ သူ့ထံသို့လာနေသည့်အန္တရာယ်အား သဘောပေါက်ပုံမရပေ။ ထို့နောက် အနက်ရောက်မိုးကြိုးနဂါးက ၎င်းကိုခုန်အုပ်သွားပြီး မျက်စိတစ်မှိတ်အတွင်းဝါးမျိုသွားသည်။
မျိုးနွယ်စုကြီးတစ်ခုမှ အကြီးအကဲတစ်ဦးဖြစ်သူ ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် အကြီးအကဲကျိတစ်ယောက် သေဆုံးသွားခဲ့ပြီဖြစ်သည်။
ဟင်းလင်းပြင်ထဲ၌ဖြစ်ပျက်နေသောတိုက်ပွဲက အဆုံးသတ်သွားပုံရ၏။ အောက်ဘက်ရှိမြေပြင်ပေါ်တွင် လဲလျောင်းနေကြဆဲဖြစ်သော ဟွမ်ရှီနှင့် ယွဲ့ချန်တို့မှာ တစ်ယောက်ကိုယ်တစ်ယောက် တစ်ချိန်တည်း၌လှည့်ကြည့်လိုက်ကြသည်။ မျက်လုံးချင်းဆုံတွေ့ချိန်တွင် ခါးသက်စွာပြုံးလိုက်ကြ၏။
ယနေ့ကသူတို့အတွက် အတက်အကျများလှသောနေ့ရက်တစ်ရက်ပင်ဖြစ်သည်။
မူလက ဧရာမသွေးနီရောင်မီးတောက်ဓားကြီးကြောင့် သူတို့အသတ်ခံရတော့မည်ဟု ထင်နေချိန်တွင် အကြီးအကဲကျိ၏အဆင့်ချိုးဖျက်နိုင်မှုကြောင့် အသက်ရှင်ခဲ့ရသည်။
အကြီးအကဲကျိက ယင်ကျန်းကိုသတ်ပြီးနောက်သူတို့ကိုပါမလွှတ်ပေးလောက်ဟုထင်ခဲ့သော်လည်း သူတို့၏သစ္စာစောင့်သိမှုကို အကြီးအကဲကျိက သဘောကျေသောကြောင့်အသက်ရှင်ခဲ့ရပြန်သည်။
အစက သူတို့အတွက်ရှင်သန်ရန်ကပြဿနာ မဟုတ်တော့သော်လည်း အကြီးအကဲကျိကအနာဂတ်၌ ညှာတာထောက်ထားလိမ့်မည်ဟု ထင်ခဲ့ပြန်သည်။ သို့သော်ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ရောက်ရှိနေခဲ့သော အကြီးအကဲကျိတစ်ယောက် သေဆုံးသွားလိမ့်မည်ဟုတော့သူတို့ မျှော်လင့်မထားခဲ့ပေ။
ယခုအခါတွင်သူတို့ကိုစောင့်ဆိုင်းနေသည်ကား တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ မွန်းစတား၏ ဆုံးဖြတ်ချက်ချမှုအပေါ်တွင်ဖြစ်သည်။
ဆက်ရန်……