အခန်း (၁၀၂၂)
Vol. 69 Ch. 1022
ဘာသာပြန်သူ-ARISE
ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၉)
အပိုင်း(၁၀၂၂)
အကြီးအကဲကျိအားဝါးမျိုပြီးနောက် အနက်ရောင်မိုးကြိုးနဂါးက ရှစ်ဖုန့်ထံသို့ပြန်လည်ပျံသန်းလာပြီး ရှစ်ဖုန့်၏ညာလက်ထံသို့ တစ်ဟုန်ထိုးဝင်ရောက်သွားသည်။
၎င်းမှာ ရှစ်ဖုန့် ၏ညာလက်ကြောင် တစ်ဟုန်ထိုး စုပ်ယူခံလိုက်ရသည့်ပုံပေါ်ပြီး တစ်လွှာချင်းပျော်ကွယ်သွားသည်။
အနက်ရောင်မိုးကြိုးနဂါးပျောက်ကွယ်သွားသောအခါတွင် ရှစ်ဖုန့်က အကြီးအကဲကျိ၏ သေခြင်းစွမ်းအင်၊ဝိညာဉ်နှင့် သွေးတို့အား ဝါးမျိုပြီးဖြစ်သည်။ သူ၏ဒန်တန်အတွင်းမှစွမ်းအင်ကလည်း အနည်းငယ်တိုးပွားလာသည်။
ဤအချိန်တွင် ရှစ်ဖုန့်၏လက်အတွင်း၌ရှေးဟောင်းပန်းကန်လုံးတစ်လုံးပေါ်လာသည်။ ၎င်းကအကြီးအကဲကျိ၏ထျန်းကန်းပန်းကန်လုံးဖြစ်သည်။
ရုတ်ခြည်း ရှစ်ဖုန့်၏လက်ပေါ်မှ အနက်ရောင်လျှပ်စီးမျှင်တန်းလေးတစ်ခု ထွက်ပေါ်လာပြီး ထျန်းကန်ပန်းကန်လုံးပေါ်မှ အတားအဆီးကန့်သတ်ချက်ကို လျှင်မြန်စွာ ဖျက်ဆီးလိုက်သည်။ ထို့နောက် ရှစ်ဖုန့်က သူ၏သိုလှောင်လက်စွပ်အတွင်းသို့ ပန်းကန်လုံးကိုထည့်သွင်းလိုက်၏။
ထျန်းကန်ပန်းကန်လုံးမှာ ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် ခုခံရေးလက်နက်တစ်ခုဖြစ်သည်။ ၎င်းနှင့်ဆိုလျှင် အနာဂတ်၌အခြားသောသူများနှင့်တိုက်ခိုက်သောအခါတွင် ၎င်း၏ ကိုယ်ပိုင်ခုခံနိုင်စွမ်းအားက ပို၍အားကောင်းလာနိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်။
သူ၏လက်တလောခုခံနိုင်စွမ်းကပင်ကောင်းကင်ဘုံကိုဆန့်ကျင်နေပြီဖြစ်သည်။
ငရဲဘုံကိုးခု မသေမျိုးခန္ဓာကိုယ်မှာ ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ရောက်ရှိနေပြီဖြစ်ပြီး သူ့၌ နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျီးကန်းနက်၏ငှက်မွှေးချပ်ဝတ်လည်းရှိသေးသည်ဖြစ်သည်။ထပ်ပေါင်းရမည်ဆိုလျှင် သူ့၌ထျန်းကန်ပန်းကန်လုံး၊အင်မော်တယ်သွေးစက်ကိုးစက်နှင့် သူ၏ခန္ဓာကိုယ်အတွင်း ရှေးဟောင်းအသက်ဓာတ်ကိုယ်စားပြု စာလုံးလည်းရှိသေးသည်ဖြစ်သည်။
သူ့၌ဝှက်ဖဲများစွာရှိနေခြင်းနှင့်အတူ ယင်းက သာမန်လူတစ်ယောက်အနေဖြင့် သူအားသတ်ဖို့မှာ တကယ်ကိုခက်ခဲလိမ့်မည်ဖြစ်သည်။
သို့သော် ရှစ်ဖုန့်ငုံ့ကြည့်လိုက်သည့်အခိုက်အတန့်တွင် လဲ့ကလန်ခေါင်းဆောင်၏ဦးခေါင်းမဲ့ နေသောအလောင်းမှ သွေးတို့ထပ်မံ ပန်းထွက်လာပြီး ကောင်းကင်ထဲရှိ ရှစ်ဖုန့်ထံသို့ ဦးတည်သွားသည်။
ယင်ကျန်းအသတ်ခံလိုက်ရသည့်အချိန်မှာပင် ၎င်း၏သေခြင်းစွမ်းအင်နှင့်ဝိညာဉ် တို့ကိုရှစ်ဖုန့်ဝါးမျိုပြီးဖြစ်သည်။ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦး၏သွေးဖြစ်သည်နှင့်အညီ ယင်ကျန်း၏ခန္ဓာကိုယ်မှသွေးတို့က သာမန်လူတစ်ယောက်နှင့် နှိုင်းယှဉ်၍မရနိုင်ပေ။
အကယ်၍သာမန်လူတစ်ယောက်သာ ခြစ်ခြစ်တောက်ပူပြင်းသောနေကိုးစင်းကုန်းမြေပေါ်၌ သေဆုံးသွားခဲ့လျှင် ၎င်းတို့၏သွေးတို့ကအငွေ့ပျံသွား သည်မှာကြာလောက်ပြီဖြစ်သည်။
ဖြည်းဖြည်းချင်း ယင်ကျန်း၏ ဦးခေါင်းမဲ့နေသောအလောင်းက ရှုံ့တွသွားပြီး ရှုံ့တွခြောက်သွေ့သောအလောင်းအဖြစ်ပြောင်းလဲသွားသည်။
သိပ်မဝေးသောနေရာ၌ရှိနေသည့် ဟွမ်ရှီနှင့် ယွဲ့ချန်တို့မှာ လွန်စွာတုန်လှုပ်နေကြသည်။
ဤမကောင်းဆိုးဝါး၏မိစ္ဆာဆန်သော ပညာရပ်အောက်၌ အလောင်းတစ်ခု က ရှုံ့တွသောအလောင်းတစ်ခုအဖြစ်ပြောင်းသွားသည်ကို သူတို့အနေဖြင့် ဒုတိယအကြိမ်မြောက်မြင်တွေ့ရခြင်းဖြစ်သည်။
ပထမဆုံးသူတို့တွေ့ခဲ့စဉ်က မိုးကြိုးကလန်မှကျင့်ကြံသူလဲ့ဟောင်၏ ကိုယ်ဖြစ်သည်။
လဲ့ဟောင်၏သွေးတို့က ဤလူ၏စုပ်ယူခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်၌ များစွာသောလူတို့ ထိတ်လန့်တုန်လှုပ်သွားကြသည်ဖြစ်သည်။
ထို့နောက်ဟွမ်ရှီနှင့် ယွဲ့ချန်တို့က ဖြည်းညှင်းစွာကောင်းကင်ထဲသို့ မော့ကြည့်လိုက်သည်။လေထဲ၌လှုပ်ရှားခြင်းမရှိဘဲ ဝင့်ကြွားစွာရပ်နေဆဲဖြစ်သော လူငယ်ကိုမော့ကြည့်နေကြ၏။ မျက်နှထက်ရှိ အေးစက်သောအပြုံးတစ်ခုနှင့်သူတို့အား အေးစက်စွာငုံ့ကြည့်နေသည်။
ဤလူငယ်ကငယ်ရွယ်သော်လည်း သူ့အားတွေ့ဖူးသည့်လူတိုင်းက သာမန်လူငယ်တစ်ယောက်ကဲ့သို့ ဆက်ဆံကြလိမ့်မည်မဟုတ်ပေ။
ဤသည်ကား သေချာပေါက် ပြတ်ပြတ်သားသား သတ်ဖြတ်တတ်သော ရက်စက်ကြမ်းကြုတ်သည့်သူဖြစ်သည်။
“အခုကစပြီးသခင်လေးကို သစ္စာအပ်နှင်းပါ့မယ်.. အခုစပြီးသခင်လေး ဦးဆောင်တဲ့နောက်ကိုကျွန်တော်ကလိုက်ပါပါ့မယ်”
လပြည့်ကလန်၏ခေါင်းဆောင်ဖြစ်သူ ယွဲ့ချန်မှာ အကြီးအကဲကျိကသူတို့အားမသတ်ခဲ့သည်ကို ပြန်အမှတ်ရသွားသောအခါတွင် သူ၏ ရိုးသားဖြူစင်သောအမူအယာကိုလျှင်မြန်စွာ ပြသလိုက်ပြီးဟင်းလင်းပြင်ထဲမှရှစ်ဖုန့်ကို အော်ပြောလိုက်သည်။
“ကျုပ်ဟွမ်ရှီ လည်း သခင်လေးကို သခင်အဖြစ်အသိအမှတ်ပြုဖို့ဆန္ဒရှိပါတယ်”
ဟွမ်ရှီကလည်းပြောလိုက်သည်။
ယခုအခြေအနေများကဤအတိုင်းအတာထိဖြစ်လာသောကြောင့် သူ့အနေဖြင့် အသက်ရှင်ရန်ကြိုးစားကြည့်ဖို့သာတက်နိုင်သည်ဖြစ်သည်။
၎င်းအနေဖြင့်အကြီးအကဲကျိကဲ့သို တူညီမှုရှိမည်ဟုသာမျှော်လင့်မိသည်။
ထို့နောက်ဟွမ်ရှီကထပ်ပြောသည်။
“ကျုပ်ရဲ့စိတ်ကိုဖွင့်ပေးထားပြီးပါပြီ.. သခင့်အနေနဲ့အချိန်မရွေး ကျုပ်နဲ့ သခင်နဲ့အစေခံစာချုပ်ကိုချုပ်ဆိုနိုင်ပါတယ်.. ကျုပ်ရဲ့သစ္စာစောင့်သိမှုကို ရိုးသားစွာနဲ့သခင့်ကိုနှင်းအပ်ပါတယ်”
ဤအချိန်တွင် ဟွမ်ရှီမှာ စွမ်းအားတစ်ခုသူ၏စိတ်အတွင်းသို့ချက်ချင်း ဝင်ရောက်လာကာသူနှင့်သခင်နှင့်အစေခံစာ ချုပ်ချုပ်ဆိုရန် အသည်းအသန်မျှော်လင့်နေမိသည်။ထိုနည်းလမ်းနှင့်ဆိုလျှင်သူသေလိမ့်မည်မဟုတ်ပေ။
အစေခံတစ်ယောက်ဖြစ်လာရသော်လည်း ယင်းက သေတာထက်စာလျှင် ပို၍ကောင်းသည်ဖြစ်သည်။
သို့သော် ဟွမ်ရှီနှင့် ယွဲ့ချန်တို့က စစ်မှန်သောစိတ်ထားနှင့်မျှော်လင့်စောင်းစားမှုတို့ပြည့်နှက်နေပြီး ကောင်းကင်ထဲမှလူကို ကြည့်နေကြသော်လည်း ထိုလူက သူ၏ခေါင်းအား သူတို့ထံရက်ရက်စက်စက်ခါပြလိုက်သည်ကိုတွေ့လိုက်ရသည်။
ဟွမ်ရှီနှင့် ယွဲ့ချန်တို့၏နှလုံးသားက ဟိုးအောက်ဆုံးအထိပြုတ်ကျသွားရသည်။
သူတို့၏စိတ်ထဲ၌ လဲ့ဟောင်နှင့် သွေးတို့ခြောက်သွေ့သည်အထိစုပ်ယူခံရပြီး ခြောက်သွေ့သောအလောင်းအဖြစ်ပြောင်းသွားရသည့် ယင်ကျန်း၏ဦးခေါင်းမဲ့အလောင်း တို့အားမြင်ယောင်လာသည်။
ရှစ်ဖုန့်ကပြောလိုက်သည်။
“ ဘယ်လိုလုပ်ပြီးဒီသခင်လေးက မင်းတို့ကို အသင်ရှင်ခွင့်ပေးရမှာလဲ.. မင်းတို့တစ်ယောက်ယောက်ကိုယ်သတ်ချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်းပြန်အသတ်ခံရဖို့ကိုပြင်ဆင်ထားသင့်တယ်”
ရှစ်ဖုန့်ကပြောလိုက်သကဲ့သို့သူ၏ ညာလက်ဖြင့် ဟွမ်ရှီနှင့်ယွဲ့ချန်တို့အားထိုးညွှန်လိုက်သည်။
ရှစ်ဖုန့်၏အပြုအမူအားမြင်တွေ့လိုက်ရသောအခါတွင် ယွဲ့ချန်ကအလျှင်အမြန်အော်ပြောလိုက်သည်။
“မဟုတ်ဘူး.ငါ့ကိုမသတ်ပါနဲ့ မင်းငါကို့မသတ်ရင်ငါမင်းကို ခေါင်းဆောင်အဖြစ်အသိအမှတ်ပြုပါ့မယ်.. ခေါင်းဆောင်..ကျုပ်ကိုမသတ်ပါနဲ့”
ခြောက်သွေ့သည်အထိစုပ်ယူခံရကာသေဆုံးရမည်ကိုကြောက်လန့်နေသော လပြည့်ကလန်ခေါင်းဆောင်ယွဲ့ချန်တစ်ယောက် အသက်ရှန်နိုင်ရေးကိုကြိုးပမ်းနေသည်။ သူ၏ ဂုဏ်သိက္ခာနှင့်အောက်ဆုံးစည်းကိုပင်အပြီးတိုင်ချိုးဖျက်ပစ်လိုက်၏။
ယွဲ့ချန်၏အော်ဟစ်ပြောဆိုနေမှုကို ဟွမ်ရှီပင်လက်သင့်မခံနိုင်ပေ။
ရှစ်ဖုန့်၎င်းတို့ကသတ်ချင်နေသောကြောင့် သူတို့ဘာပြောပြောဂရုစိုက်လိမ့်မည်မဟုတ်ပေ။ ရုတ်ခြည်း အားကောင်းသောစုပ်ယူအားတစ်ခု ရှစ်ဖုန့်၏ညာလက်၌ပေါ်လာ၏။
ပြင်းထန်စွာထိခိုက်ထားပြီးဖြစ်သော ဟွမ်ရှီနှင့်ယွဲ့ချန်တို့မှာ လုံးဝခုခံနိုင်ခြင်းမရှိပေ။ထို့နောက်မကြာခင် သူတို့၏ခန္ဓာကိုယ်အတွင်းရှိသွေးတို့က ပြောင်းပြန်မစီးဆင်းခင်ပြင်းထန်စွာဆူပွက်လာသည်။
သူတို့၏တစ်ကိုယ်လုံး၌ဖော်ပြ၍မရနိုင်သော သက်တောင့်သက်သာမဖြစ်သည့်ခံစားချက်တစ်ခုကို ခံစားနေရသည်။
လူငယ်၏သတ်ဖြတ်သည့်နည်းလမ်းများကို မျက်မြင်ကြုံတွေ့ပြီးနောက် လူငယ်ကသူတို့၏သွေးများအားစတင်စုပ်ယူတော့မည်ဖြစ်သည်ကို တွေ့လိုက်ရသည်။
“ဟင့်အင်း.. ခေါင်းဆောင်.. ကျုပ်ကိုမသတ်ပါနဲ့.. ကျုပ်ကိုမသတ်ပါနဲ့ ..ခေါင်းဆောင်ရက်စက်တဲ့ကျားတစ်ကောင်တောင်သူ့ရဲ့ကလေးတွေကိုမစားပါဘူး ကျုပ်ရဲ့လပြည့်ကလန်မှာ အလှထိပ်ခေါင်လေးနှစ်ယောက်ရှိပါတယ်.. ခေါင်းဆောင်သာကျုပ်ရဲ့လပြည့်ကလန်ကိုဝင်လိုက်တာနဲ့ အချိန်မရွေး သူတို့နဲ့ပျော်ပါးနိုင်ပါတယ်”
နာကျင်နေသောယွဲ့ချန်မှာ သူ၏စိတ်ရင်းကြောင့် ပြောင်းလဲသွားမလားဟူသောမျှော်လင့်ချက်ဖြင့် ရှစ်ဖုန့်အားအသနားခံနေဆဲဖြစ်သည်။
သို့သော်ဤအခိုက်အတန့်တွင် သူ၏အသံက ဖော်ပြ၍မရနိုင်လောက်အောင်အက်ကွဲနေပြီဖြစ်သည်။ ရုတ်ခြည်းသူ၏ပါးစပ်မှသွေးတန်းတစ်ခုက ပြင်းပြင်းထန်ထန် ပန်းထွက်လာသည်။
သူ၏ပါးစပ်မှသွေးတို့ပန်းထွက်လာပြီးနောက် သူ၏မျက်လုံးတို့နှင့် နှာခေါင်းပေါက်တို့မှလည်းသွေးတန်းလေးခုပန်းထွက်လာပြီး ကောင်းကင်ထဲသို့ထိုးတက်သွားသည်။
မကြာခင် ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်ခေါင်းဆောင်နှစ်ဦးတို့မှာ ရှုံ့တွခြောက်သွေ့သောအလောင်းများအဖြစ်ပြောင်းလဲသွားကြသည်။
သေခြင်းစွမ်းအင်၊သွေးနှင့်ဝိညာဉ်တို့အား ဝါးမျိုပြီးနောက် ဤရှုံ့တွနေသောအလောင်းနှစ်ခုအား ရှစ်ဖုန့်ကထပ်မံဂရုစိုက်ခြင်းမရှိတော့ပေ။ ၎င်းတို့အသက်ရှင်စဉ်ကအရှိန်အဝါကြီးမားသော ၎င်းတို့ကလန်အသီးသီး၏ ခေါင်းဆောင်များဖြစ်ခဲ့ကြပြီး လေနှင့်မိုးတို့ကိုပင် ဆင့်ခေါ်နိုင်သူများဟုပြောနိုင်ကြသူများဖြစ်ကြ၏။
ယခု ဤခြစ်ခြစ်တောက်ပူနေသောမြေပြင် ထက်၌သေဆုံးသွားကြသောအခါတွင် ၎င်းတို့ကခွေးရိုင်းနှစ်ကောင်နှင့်ကွာခြား မှုမရှိကြတော့ပေ။
ရှစ်ဖုန့်ကလှည့်လိုက်ပြီးအောက်ရှိမီးသစ်ပင်ကိုကြည့်လိုက်သည်။သူကပြောလိုက်၏။
“ဒီသခင်လေးကဒီမှာရန်သူတွေကိုသတ် နေပေမဲ့မင်းကတော့ တစ်ချိန်လုံးကျင့်ကြံနေတာပဲ. ဒီမီးသစ်ပင်ကဘယ်လိုခံစားရလဲ”
ရှစ်ဖုန့်စကားပြောပြီးသောအခါတွင် မှုန်ဝါးသော အနက်ရောင်ပုံရိပ်တစ်ခု မီးသစ်ပင်အတွင်းဖြည်းဖြည်းချင်းပေါ်လာပြီး ရှင်းလင်းပြတ်သားလာသည်။ ၎င်းမှာ ဝတ်ရုံနက်မှလွဲ၍မည်သူဖြစ်နိုင်မည်နည်း။
ရှစ်ဖုန့်နှင့်သူမတို့ရောက်ရှိလာပြီးနောက် သူမက မီးသစ်ပင်အထက်သို့ဝင်ရောက်သွားကာ သန့်စင်သောအပူစွမ်းအင်တို့ကိုစုပ်ယူပြီး ကျင့်ကြံနေခဲ့သည်။
“အရမ်းကောင်းတယ်”
ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက်ဝတ်ရုံနက်ကပြန်ဖြေသည်။
“ဒီမီးသစ်ပင်ကစီးထွက်ပျံ့လွင့်နေတဲ့ ခြစ်ခြစ်တောက်ပူတဲ့စွမ်းအားက စုပ်ယူနေတုန်းမှာပဲငါ့ရဲ့စွမ်းအင်အဖြစ်ချက်ချင်းအသွင်ပြောင်းသွားတယ်.. အဲ့တာထက် ဒီသစ်ပင်ထဲမှာကျင့်ကြံရင် ငါ့ရဲစိတ်က ပိုပြီးကြည်လင်လာပြီး ကျင့်ကြံမှုအဆင့်ကိုဆင်ခြင်နားလည်ရမှာ ပိုပြီးကောင်းလာစေတယ်.. ငါသာ ဒီအတိုင်းဆက်ကျင့်ကြံသွားရင် လဝက်အတွင်းကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုငါရောက်လိမ့်မယ်”
ဆက်ရန်………