← Chapters

အခန်း (၁၀၂၃)

Vol. 69 Ch. 1023

အခန်း (၁၀၂၃)

Vol. 69 Ch. 1023

ဘာသာပြန်သူ-ARISE

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၉)

အပိုင်း(၁၀၂၃)

ရှစ်ဖုန့်မှာ တစ်ချိန်လုံး မီးသစ်ပင်အပေါ်၌ရှိနေခဲ့သည်ဖြစ်သောကြောင့် မီးသစ်ပင်မှထုတ်လွှတ်သောအပူကို စတင်စုပ်ယူခဲ့ပြီးဖြစ်သည်။

အပူအားစုပ်ယူပြီးသည့်နောက် ၎င်းက သူ၏ဒန်တန်အတွင်းစီးမျောဝင်ရောက်သွားပြီး သူ့ဒန်တန်၏စွမ်းအင်အဖြစ်ပြောင်းလဲသွားသည်။ ခြစ်ခြစ်တောက်ပူသောအပူအားသူ၏ကာယခန္ဓာကိုယ်ကစုပ်ယူပြီးသည့်နောက် သူ၏ကာယခန္ဓာကိုယ်၏ ခွန်အားကလည်းတိုးပွားလာသည်။

ဤမီးသစ်ပင်အား အထွတ်အထိပ်ရတနာတစ်ပါးအဖြစ်သေချာပေါက် တင်စားနိုင်သည်ဖြစ်သည်။

ဝတ်ရုံနက်မှာမူလက ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် တစ်ဦးဖြစ်လာရန် အနာဂတ်၌ပင်အလှမ်းဝေးကွာဆဲဖြစ်သည်ဟု မူလကထင်ခဲ့၏။ သို့သော် ဤမီးသစ်ပင်နှင့်သူကျင့်ကြံနေသ၍ လဝက်အတွင်းကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦးဖြစ်လာလိမ့်မည်ဟု သူအာရုံခံမိ၏။

“မြန်မြန်ဒီမီးသစ်ပင်ကိုဝါးမျိုလိုက်.. ငါတို့ဒါကိုဝါးမျိုနိုင်တာနဲ့ ငါတို့ရဲ့စွမ်းအင်ကတစ်ဝက်လောက်တိုးပွားလာလိမ့်မယ်.. ငါတို့တွေ အဆင့်ချိုးဖျက်ဖို့ခြေတစ်လှမ်းစာပဲလိုတော့မှာ”

ကောင်းကင်သူတော်စင်မီးတောက်က ရှစ်ဖုန့်အားစိတ်လှုပ်ရှားစွာဖြင့်ပြောသည်။

မရေတွက်နိုင်သောနှစ်ပေါင်းများစွာအကြာက ဤအခွင့်အရေးကိုသူလွဲချော်ခဲ့ရသည်ဖြစ်သည်။ နှစ်ပေါင်းမရေတွက်နိုင်အောင်ကြာမြင့်ခဲ့ပြီးနောက် ထပ်မံမလွဲချော်ချင်တော့ပေ။ သူ၏နှလုံးသားထဲ၌မည်သည့်နောင်တကိုမှ ထပ်မံမရချင်တော့ပေ။

သို့‌သော်ရှစ်ဖုန့်ကတော့ ကောင်းကင်သူတော်စင်မီးတော်၏ အကြံပေးမှုကို ဂရုစိုက်ပုံမရပေ။

သူ၏ပုံမှန်မဟုတ်သောဒန်တန်အား ဤမီးသစ်ပင်ကို ဝါးမျိုစေလိုက်ခြင်းက သူ၏ စွမ်းအင်တစ်ဝက်ကို တိုးပွားစေလိမ့်မည်ဖြစ်သည်။ဤသည်ကား အလွန်မြန်ဆန်သောအမြန်နှုန်းတစ်ခုဖြစ်၏။ အကယ်၍ ဤမီးသစ်ပင်မှ ထုတ်လွှတ်သော အပူကိုသာသူစုပ်ယူခဲ့လျှင် သူ၏ဒန်တန်မှစွမ်းအင်တစ်ဝက်တိုးပွား လာရန်အနည်းဆုံးဆယ်နှစ်အချိန်ယူရမည်ကို ရှစ်ဖုန့်အာရုံခံမိသည်။

သို့သော် ဤမီးသစ်ပင်၏တန်ဖိုးက လူတစ်ယောက်၏စွမ်းအင်ကိုတိုးပွားစေခြင်း၌ သေချာပေါက်ကန့်သတ်ထားခြင်းမဟုတ်ပေ။ မီးသစ်ပင်မှထုတ်လွှတ်သောအပူကိုစုပ်ယူခြင်းက လူတစ်ယောက်၏ စိတ်ကိုကြည်လင်စေသည်ဖြစ်သည်။ ဤသည်ကားဤမီးသစ်ပင်၏ အစစ်အမှန်အံ့ဖွယ်ဖြစ်၏။

အကြီးအကဲကျိမှာသူ၏တစ်ဘဝလုံနီးပါး ကျင့်ကြံအားထုတ်ခဲ့ပြီး သူ၏ခန္ဓာကိုယ်၌လုံလောက်သောစွမ်းအင်တို့ရှိနေခဲ့သည်။ သို့သော် ဘဝတစ်လျှောက်လုံး ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တွင်သာပိတ်မိနေခဲ့ကာ အဆင့်ချိုးဖျက်ခြင်းကိုမပြုလုပ်နိုင်ခဲ့ပေ။

အကယ်၍၎င်းသာ ဤမီးသစ်ပင်နှင့်မမျှော်လင့်ဘဲ မကြုံတွေ့ခဲ့လျှင် ကျန်သည့်ဘဝတစ်လျှောက်လုံး ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်၌သာ သောင်တင်နေခြင်းမျိုးဖြစ်နေလိမ့်မည်ဖြစ်သည်။

ယင်းကဝတ်ရုံနက်အတွက်လည်း အတူတူပင်ဖြစ်သည်။

ဤမီးသစ်ပင်ကိုကျင့်ကြံခြင်းအတွက်အသုံးပြုခြင်းတန်ဖိုးက တိုက်ရိုက်ဝါးမျိုသည့်တန်ဖိုးထက်ပို၍သာလွန်သည်ဖြစ်သည်။

ရှစ်ဖုန့်သည်လည်း မီးသစ်ပင်အားမဝါးမျိုချင်ပေ။ ထိုအစား အစားထိုးစိုက်ပျိုးချင်သည်ဖြစ်သည်။ အကယ်၍သူ၏သွေးကျောက်ပြားအတွင်း၌သာ အစားထိုးစိုက်ပျိုးနိုင်ခဲ့လျှင်….

ရှစ်ဖုန့်မှာ ဤမီးသစ်ပင်အားမည်ကဲ့သို့ကိုင်တွယ်ရမည်ကို စဉ်းစားနေခဲ့သည်။ ရှစ်ဖုန့်ကဘာမှမပြောသည်ကိုတွေ့ရသောအခါတွင် ဝတ်ရုံနက်ကဆက်လက်ကျင့်ကြံနေလိုက်၏။

ဤအချိန်တွင်ရှစ်ဖုန့်က သူ၏ပါးစပ်ကိုဖွင့်ဟပြီး ဝတ်ရုံနက်ကိုပြောလိုက်သည်။

“ ငါ့မှာ အထဲမှာနေရာလွတ်တစ်ခုရှိနေတဲ့ရွှမ်းလက်နက်တစ်ခုရှိတယ်.. ဒီမီးသစ်ပင်ကို ငါ့ရဲ့ ရွှမ်းလက်နက်နေရာလွတ်ထဲကို ပြောင်းလိုက်မယ်. မင်းငါ့ရဲ့ရွှမ်းလက်နက်ထဲမှာကျင့်ကြံနိုင်တယ်..မင်းဘယ်လိုသဘောရလဲ”

တစ်စုံတစ်ယောက်အားသူ၏စိတ်ဝိညာဉ်လက်နက်အတွင်း၌ ကျင့်ကြံစေချင်လျှင် ဤကိစ္စအားအရင်ဆုံးဆွေးနွေးဖို့လို လိမ့်မည်ဖြစ်သည်။

အားလုံးထက် တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်နေရာလွတ်လက်နက်အတွင်း သို့ဝင်ရောက်ချိန်တွင် လူတစ်ယောက်အနေဖြင့်စိတ်ကိုဖွင့်ထားဖို့လို၏။ ဤအခိုက်အတန့်တွင်ယင်းကလွန်စွာအန္တရာယ်များသည်ဟုပြော၍ရသည်ဖြစ်သည်။ အကယ်၍ထိုလူ၌သာ မကောင်းသောရည်ရွယ်ချက်တို့ရှိနေမည်ဆိုလျှင် သူက အခွင့်အရေးကိုရယူပြီး ဒဏ်ရာရစေခြင်းသို့မဟုတ် တိုက်ရိုက်သတ်ခြင်းတို့ကို ပြုလုပ်ပစ်နိုင်သည်။

ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် ဝတ်ရုံနက်က မီးသစ်ပင်အတွင်းတင်ပျဉ်ခွေကျင့်ကြံနေရာမှနိုးထာပြီးရိုးရှင်းစွာပင်ပြောလိုက်သည်။

“ကောင်းပြီ”

သို့သော်ဝတ်ရုံနက်က နေရာလွတ်ရွှမ်းလက်နက်တစ်ခုနှင့်ပက်သက်ပြီး အများကြီးတု့န်ပြန်မှုမပြုသည်ကို ရှစ်ဖုန့်သဘောပေါက်လိုက်သည်။ ထျန်းဟန်တိုက်ကြီးအတွင်း၌ နေရာလွတ်ပါရှိသောရွှမ်းလက်နက်တို့က တော်တော်လေးရှားပါးပုံပေါ်သော်လည်း အရိုင်းတိုက်ကြီး၌တော့ မြင်တွေ့နေကြအရာဝတ္ထုတစ်ခုအဖြစ် သုံသပ်၍ရလောက်သည်ဖြစ်သည်။

အရိုင်းတိုက်ကြီး၌ များစွာသော နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျင့်ကြံသူများ ရှိသည်ဖြစ်ပြီး များစွာသော နတ်ဘုရားတစ်ပိုင်းနယ်ပယ်လက်နက်များ ကိုလည်း သူမြင်တွေ့ခဲ့သည်ဖြစ်ကာ ဤနေရာ၌ အဆင့်တစ်ဆယ် သန့်စင်သူများလည်းရှိလောက်ဟုရှစ်ဖုန့် တွေးမိသည်။

ထျန်းဟန်တိုက်ကြီးအတွင်း၌ အဆင့်တစ်ဆယ့်သန့်စင်သူများမှာ ရှေးခေတ်အချိန်ကာလတွင်သာရှိခဲ့ခြင်းဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့် အဆင့်တစ်ဆယ်သန့်စင်သူတစ်ယောက်အားတကယ်ကြီးတွေ့ဆုံလိုမိ၏။

“စိတ်ဝိညာဉ်ရွှမ်းလက်နက်တစ်ခု.. အင်း.ဒါကတကယ့်ကို ဒီအရာနဲ့လိုက်ဖက်တယ်. ဒီရတနာသစ်ပင်ကိုသိုလှောင်ဖို့ အကောင်းဆုံးပဲ”

အသံအားကြားပြီးနောက် ရှစ်ဖုန့်၏ အမူအယာကရုတ်ခြည်းအေးစက်မှုအဖြစ်ပြောင်းလဲသွား၏။ သူ၏မျက်လုံးတို့က မျက်မှောင်ကြုတ်ထားသကဲ့သို့ မှေးသွားသည်။ သူ၏မျက်နှာထက်၌ တင်းမာခက်ထန်သောအမူအယာနှင့်ပြည့်နှက်နေသည်။

တစ်စုံတစ်ယောက်ကသူ၏အထက်ကောင်းကင်ထဲ၌တကယ်ကြီးပေါ်လာခဲ့ပြီး သူကလုံးဝသတိပြုမိခဲ့ခြင်းမရှိပေ။

ဤအတွက်ဖြစ်နိုင်ချေနှစ်ခုရှိသည်ဖြစ်သည်။ ပထမတစ်ခုက ထိုလူကသူလုံးဝအာရုံခံမရလောက်အောင်စွမ်း အားကြီးမားနေခြင်းဖြစ်၏။ ဒုတိယတစ်ခုက ဤလူ၌ အံ့ဖွယ်ကောင်းသောဖုန်းကွယ်ခြင်းပညာ ရပ်တစ်ခုရှိနေခြင်းဖြစ်နိုင်သည်။ အနည်းဆုံး ယင်းက ဝတ်ရုံနက်၏ဖုံးကွယ်ခြင်းပညာရပ်ထက် ပို၍ ကောင်းမွန်လိမ့်မည်ဖြစ်သည်။

ကောင်းကင်ထဲမှအသံထွက်ပေါ်လာသောအခါတွင် ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့က တစ်ချိန်တည်းမော့ကြည့်လိုက်ကြသည်။

ဤအချိန်တွင် အပူကြောင့်ဆူပွက်နေပြီးဖြစ်သောသူတို့အထက်ဟင်းလင်းပြင်ကပို၍ဆူပွက်လာသည်။ ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့၏အထက်ကောင်းကင်ထဲ၌ မှုန်ဝါးသောပုံရိပ်တန်းတစ်ခုပေါ်လာ၏။

တစ်ချက်ကြည့်ရုံဖြင့်လူဆယ်ယောက်ကျော်ရှိသည်ကိုပြောနိုင်သည်ဖြစ်သည်။

“ဒီလူတွေကိုမင်းသိလား”

ရှစ်ဖုန့်က ကောင်းကင်ထဲမှလူတန်းအားကြည့်နေသကဲ့သို့ ဝတ်ရုံနက်ထံသို့လည်းအသံပို့လွှတ်လိုက်သည်။

“ဟင့်အင်း.ငါမသိဘူး. ဒါပေမဲ့သူတို့ရဲ့ကိုယ်ဖျောက်ပညာရပ်က ငါ့ထက်ပိုပြီး ကောင်းတယ်.. မြေရိုင်းဒေသထဲမှာဒီလိုအင်အားစုမျိုး ကိုငါလုံးဝမကြားဖူးဘူး..သူတို့မှာထူးခြားတဲ့နောက်ခံတစ်ခုရှိတာပဲဖြစ်လိမ့်မယ်.. ငါတို့မဆင်မခြင်လုပ်လို့မရဘူး”

ဝတ်ရုံနက်ကပြန်ဖြေလိုက်သည်။

မှုန်ဝါးသောပုံရိပ်တို့ကဖြည်းဖြည်းချင်းရှင်းလင်းလာသည်။ စုစုပေါင်းလူဆယ့်သုံးယောက်ရှိသည်ကို ရှစ်ဖုန့်ရှင်းလင်းစွာမြင်နိုင်၏။ ဤလူဆယ့်သုံးယောက်၏ဝတ်စားဆင်ယင်ပုံက မြေရိုင်းဒေသထဲမှအခြားသောလူများနှင့်ကွာခြားမှုမရှိပေ။ အချို့ကသားရဲအရေပြားများကိုဝတ်ဆင်ပြီး အချို့ကရင်အုပ်ဗလာနှင့်ဖြစ်သည်။

သို့သော်သူတို့၏မျက်နှာတစ်ဝက်အား ဝတ်ရုံနက်ကဲ့သို့အနက်ရောင်အဝတ်ဖြင့်ဖုံးကာထား၏။ ၎င်းတို့အနေဖြင့် အခြားသူများအား မျက်နှာအစစ်အမှန်ကိုမပြလိုကြချေ။

သို့သော်ဝတ်ရုံနက်က မြေရိုင်းဒေသအတွင်း ဝတ်ရုံနက်တမာန်တော်ဟု နမည်ဆိုးဖြင့်ကျော်ကြားသောသူဖြစ်သည်။ သူမ၌လွန်စွာလှပသောမျက်နှာတစ်ခု ကိုပိုင်ဆိုင်ထားသောကြောင့် အခြားသူများကို မျက်နှာအစစ်အမှန်မပြချင်သည်ကားကနားလည်၍ရနိုင်သည်ဖြစ်သည်။

သို့သော် ဤလူများ၏ပုံစံမှတစ်ဆင့် ၎င်းတို့က သုံးဆယ်ဝန်းကျင်လူများဖြစ်သည်မှာသိသာ၏။

ရုတ်ခြည်းဝတ်ရုံနက်၏အံ့အားသင့်တုန်လှုပ် နေသောအသံက ရှစ်ဖုန့်၏နားထဲသို့ဝင်ရောက်လာသည်။

“ဒီဝတ်ပုံစားပုံ”

“ဒီဝတ်ပုံစားပုံကဘာဖြစ်လို့လဲ.. မျက်နှာတွေကိုအဝတ်နက်နဲ့ကာထားတာကလွဲပြီး ဘာမှကွဲပြားတာမရှိပါဘူး”

ရှစ်ဖုန့်ကပြောလိုက်သည်။

“အဲ့အဝတ်နက်..အရိုင်းတိုက်ကြီးထဲမှာအဲ့လိုဝတ်တဲ့အင်အားစုတစ်ခုပဲရှိတယ် .ငရဲ”

ဝတ်ရုံနက်က အသံတိုးတိုးဖြင့်ပြောသည်။

“ငရဲ”

ဤနမည်အားကြားသောအခါတွင်ရှစ်ဖုန့် တစ်ယောက် အံ့အားသင့်စွာရေရွတ်လိုက်မိသည်။ သူကဝတ်ရုံနက်ကိုမေးလိုက်၏။

“လုပ်ကြံသတ်ဖြတ်သူအင်အားစု.ငရဲခန်းမလား”

ရှစ်ဖုန့်အံ့အားသင့်ရခြင်းမှာ ထျန်းဟန်တိုက်ကြီး၌ ရှေးခေတ်အချိန်ကာလကတည်းက လုပ်ကြံသတ်ဖြတ်သူအင်အားစုတစ်ခုရှိခဲ့သော ကြောင့်ဖြစ်သည်။၎င်းအားငရဲခန်းမဟုခေါ်သည်။

ထျန်းဟန်တိုက်ကြီးအတွင်းမှငရဲခန်းမမှာ ထျန်းဟန်တိုက်ကြီးအတွင်း အင်အားအကောင်းဆုံးလုပ်ကြံ သတ်ဖြတ်သူအင်အားစုဖြစ်သည်။

ယခင်က ကံကြမ္မာမြို့၌ရှစ်ဖုန့်ရှိနေစဉ် ကိုယ့်ကိုယ်ကိုယ်သကြားဆီးသီး ရောင်းသူအဖြစ်ရုပ်ဖျက်ထားခဲ့သော အဘွားအိုတစ်ဦးနှင့်ပက်ပင်းကြုံခဲ့သည်။ ထိုအဘွားအိုကငရဲခန်းမမှလုပ်ကြံ သတ်ဖြတ်သတ်ဖြတ်သူတစ်ဦးဖြစ်သည်။

ရှစ်ဖုန့်၏မျက်လုံးအတွင်းသူ့အထက်ရှိ လူဆယ့်သုံးယောက်က လုပ်ကြံသူများကဲ့သို့ဝတ်ဆင်ထားသည်ဖြစ်သည်။ ၎င်းတို့ကရေလိုက်ငါးလိုက်ပုံစံမရှိသော်လည်း ရှစ်ဖုန့်မှာ ထျန်းဟန်တိုက်ကြီးအတွင်း ငရဲခန်းမဟုခေါ်သော လုပ်ကြံသတ်ဖြတ်သူအင်အားစုနှင့် ၎င်းတို့၏ဖုံးကာထားသောမျက်နှာများကိုတွေးမိသွားသည်။

၎င်းတို့ရောက်ရှိလာမှုကိုရှစ်ဖုန့်ပင်အာရုံမခံနိုင်ခဲ့ပေ။ လုပ်ကြံသူတိုင်းက၎င်းတို့ကိုယ်၎င်းတို့ မည်ကဲ့သို့ဖုံးကွယ်ရမည်ကိုသိကြပြီး ထိုမှသာ သားကောင်၏ထောက်လှမ်းခံရမှုကို မခံရမည်ဖြစ်သည်။၎င်းတို့အနေဖြင့်သား ကောင်းအားတစ်ချက်တည်းဖြင့် သတ်ဖြတ်ဖို့လမ်းကို ရှာဖို့လိုအပ်သည်ဖြစ်၏။

“မင်းငရဲခန်းမကိုကြားဖူးတာလား”

ရှစ်ဖုန့်၏အံ့အားသင့်သောအသံအားကြားလိုက်ရသည့်အခါတွင်ဝတ်ရုံနက်ကလည်းအံ့အားသင့်စွာမေးလိုက်သည်။

ဝတ်ရုံနက်၏စကားအရဤလူများက ငရဲခန်းမမှတကယ့်လုပ်ကြံသူများဖြစ်ပုံရ၏။

ထျန်းဟန်တိုက်ကြီး၌ငရဲခန်းမဟုခေါ်သော လုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းတစ်ခုရှိပြီး ယခုအရိုင်းတိုက်ကြီး၌လည်း ငရဲခန်းမရှိနေသည်။ ၎င်းတို့နှစ်ခုကြားထဲ၌ ဆက်နွယ်မှု အချို့ရှိနေနိုင်မည်လော။

ဆက်ရန်………..

All Chapters