← Chapters

အခန်း (၁၀၂၅)

Vol. 69 Ch. 1025

အခန်း (၁၀၂၅)

Vol. 69 Ch. 1025

ဘာသာပြန်သူ-ARISE

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၉)

အပိုင်း(၁၀၂၅)

အနက်ရောင်မိုးကြိုးပင်လယ်အား ထုတ်လွှတ်လိုက်ခြင်းနှင့်အတူ ရှစ်ဖုန့်က လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်နှင့် ဝတ်ရုံနက်၏လုပ်ကြံသူ ပေါင်းသုံးယောက်အားသတ်ပြီးဖြစ်သည်။

ဤအခိုက်အတန့်တွင် အနက်ရောင်မိုးကြိုးပင်လယ်၏အထက်လေထုထဲ၌ ပုံရိပ်များကတစ်ခုပြီးတစ်ခုဖျက်ခနဲဖြစ်ပေါ်လာသည်။ ကျန်နေသော လုပ်ကြံသတ်ဖြတ်သူ ဆယ်ယောက်က တစ်ချိန်တည်းပေါ်လာပြီး အောက်သို့ကြည့်လိုက်သည်။

လုပ်ကြံသတ်ဖြတ်သူများမှာ မည်သည့်အသံမှမထွက်စေဘဲ အနီးကပ်လုပ်ကြံသတ်ဖြတ်ခြင်း၌ ကျွမ်းကျင်သူများဖြစ်ကြသည်။

သို့သော် ရှစ်ဖုန့်ကဲ့သို့ ကောင်းကင်ဘုံကိုးခုလှုပ်ခတ်မိုးကြိုးအား အသုံးပြုခြင်းက ၎င်းတို့လေ့ကျင့်ထားသော လုပ်ကြံသတ်ဖြတ်သည့်ပညာရပ်များအား လွန်စွာအကျိုးမဲ့ဖြစ်စေ၏။

“ဒီလူက ဒီထူးဆန်းတဲ့ အနက်ရောင်မိုးကြိုးကို ကျင့်ကြံထားပြီး လျှပ်စီးတိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်အသုံးပြုတယ်.. အဲ့တာက တကယ်ကြီး ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုရောက်နေပြီ.. အဲ့တာထက်ပိုတာက သာမန် ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုတောင်ဖိနှိပ်နိုင်တာပဲ.. ဒီတိုက်ခိုက်ရေးပညာရပ်ကသေချာပေါက် ထူးခြားအံ့ဖွယ်ပဲ”

အလယ်မှဦးဆောင်သော လူငယ်က အေးစက်စွာပြောလိုက်သည်။

“ဒါဆို ကျုပ်တို့ဘာလုပ်သင့်လဲ….ဒီလူကအရမ်းကိုင်တွယ်ဖို့ခက်လွန်းတယ်.. အောက်ဘက်က အဖိုးတန်ရတနာ မီးသစ်ပင်ကို လက်လျော့လိုက်ရမှာလား”

လုပ်ကြံသတ်ဖြတ်သူတစ်ယောက်က လွန်စွာ ဝန်လေးမှုတို့ပြည့်နှက်နေသောအသံဖြင့် ပြောလိုက်၏။

“ဘယ်ဟုတ်မလဲ”

ငယ်ရွယ်သောလုပ်ကြံသတ်ဖြတ်သူက ငြင်းဆန်လိုက်သည်။ ထို့‌နောက် သူကအေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။

“ ဟမ့်.. သူက ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်နဲ့ ဒီပြင်းထန်တဲ့ လျှပ်စီးစွမ်းအားကိုအသုံးပြုနေတာ … သူ့ကိုယ်ထဲစွမ်းအင်က တစ်ချိန်လုံးအများကြီးကုန်ဆုံးနေမှာပဲ.. သူဘယ်လောက်ထိန်းထားနိုင်မ လဲကြည့်ကြတာပေါ့”

“ဟုတ်တယ်”

လူငယ်၏စကားဆုံးပြီးပြီးချင်း နောက်ထပ်လုပ်ကြံသတ်ဖြတ်သူတစ်ယောက်က အလျှင်အမြန်ပြန်ဖြေလိုက်သည်။

“ဒီလိုမျိုးပဲဆက်သွားပြီး သူ့ဆီ မချဉ်းကပ်ဘဲနေရအောင်.. ကျုပ်တို့ကိုယ်ဖျောက်ပညာရပ်နဲ့ဆိုရင် ကျုပ်တို့ရဲ့တည်နေရာကိုသူ သေချာပေါက် အာရုံခံနိုင်မှာမဟုတ်ဘူး. သူစွမ်းအားကုန်ခမ်းသွားတာနဲ့ ကျုပ်တို့ရဲ့ သနားညှာတာမှုကို သူတောင်းခံရလိမ့်မယ်”

“ဟုတ်တယ်”

စကားဆုံးပြီးပြီးချင်း လုပ်ကြံသတ်ဖြတ်သူဆယ်ယောက်က ထပ်ကာထပ်ကာဖျက်ခနဲဖြစ်သွားပြီး ခြစ်ခြစ်တောက်ပူသောလေထုအတွင်း ပျောက်ကွယ်သွားကြသည်။

ပြင်းထန်သော အနက်ရောင်မိုးကြိုးလျှပ်စီးပင်လယ်အတွင်း ဝတ်ရုံနက်က ရှစ်ဖုန့်ထံ အသံပို့လွှတ်လိုက်သည်။

“မင်းဒီလိုဆက်သွားနေရင် မင်းကိုယ်ထဲက စွမ်းအင်က တစ်ဟုန်ထိုးကုန်ခမ်းလိမ့်မယ်.. ဒီအနက်ရောင်မိုးကြိုးလျှပ်စီးပင်လယ်နဲ့သာဆိုရင် သူတို့က မင်းဆီကို အချိန်တစ်ခုအထိ သေချာ‌ပေါက်ချဉ်းကပ်မှာမဟုတ်ဘူး. ဒါပေမဲ့. အနက်ရောင်မိုးကြိုးလျှပ်စီးပင်လယ် မှေးမှိန်ပျောက်ကွယ်သွားပြီး မင်းရဲ့စွမ်းအင် ကုန်ခမ်းသွားတာနဲ့ သူတို့ကသေချာပေါက်မင်းကို အသားကုန်တိုက်ခိုက်လိမ့်မယ်”

ဝတ်ရုံနက်၏စကားတို့အားကြားပြီးနောက်ရှစ်ဖုန့်က ပြန်ဖြေလိုက်သည်။

“ငါသိတယ်”

ဝတ်ရုံနက်ပြောသကဲ့သို့ပင် ကောင်းကင်ဘုံကိုးခု လှုပ်ခတ်မိုးကြိုးအား အသက်သွင်းပြီး ပြင်းထန်သော အနက်ရောင်မိုးကြိုးလျှပ်စီးပင်လယ်အား အသက်သွင်းရာ၌ သူ၏ဒန်တန်အတွင်းရှိစွမ်းအင်က တစ်ဟုန်ထိုးကုန်ခမ်းသည်ဖြစ်သည်။

“ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ”

ရှစ်ဖုန့်က ဝတ်ရုံနက်ကိုပြောလိုက်သည်။

ထို့နောက် ပြင်းထန်သောအနက်ရောင်မိုးကြိုးလျှပ်စီး ပင်လယ်က အလယ်ဗဟို၌ရှိနေသော ရှစ်ဖုန့်ထံသို့ ပြန်လည်ပေါင်းစုံလာသည်။

ဤအချိန်တွင် ရှစ်ဖုန့်က အကြီးအကဲကျိထံမှရခဲ့သော ထျန်းကန် ပန်းကန်လုံးကိုထုတ်ယူလိုက်ပြီး သူ၏ဦးခေါင်းထက်၌ မျောလွင့်ရပ်တည်သွားစေသည်။ ရုတ်ခြည်း သူ၏ခန္ဓာကိုယ်အားကာကွယ်ရန် ထျန်းကန်ပန်းကန်လုံးထံမှ ကြယ်အလင်းတို့လင်းဖြာကျလာ၏။

ထို့နောက်ရှစ်ဖုန့်၏လက်အတွင်း သွေးနီရောင်အလင်းတစ်ခုဖျက်ခနဲ လင်းလက်လာပြီး သွေးသောက်ဓားကသူ၏လက်ထဲ၌ပေါ်လာသည်။သွေးသောက်ဓား၏အော်ရာက ရုတ်ခြည်းကောင်းကင်ထဲသို့ ထိုးတက်သွားသည်။

အရပ်မျက်နှာအနှံ့မှ ပြန်လည်လှိမ့်ဝင်လာသော အနက်ရောင်မိုးကြိုးတို့က ရှစ်ဖုန့်၏ကိုယ်အတွင်းလျှင်မြန်စွာပြန်လည်စုပ်ယူခံလိုက်ရသည်။

ဤအခိုက်အတန့်တွင် သူ့နောက်မှချဉ်းကပ်လာသောတိုက်ခိုက်မှုတစ်ခုကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။

လုပ်ကြံသတ်ဖြတ်သူများကကိုယ်ဖျောက်ရာ၌ တော်ကြသော်လည်း ၎င်းတို့တိုက်ခိုက်ချိန်တွင် ရှစ်ဖုန့်၏ထက်ရှသော ဝိညာဉ်စွမ်းအားအောက်၌ ထောက်လှမ်းခံဆဲဖြစ်သည်။

“ဟင်းလင်းပြင်သတ်ဖြတ်ခြင်းဓား”

ရုတ်ခြည်းရှစ်ဖုန့်က မကျယ်သောအသံဖြင့်အော်ပြောလိုက်ပြီး သွေးနီရောင်မီးတောက်တို့တောက်လောင်နေသော ဧရာမ သတ်ဖြတ်ခြင်းဓားတစ်လက်က ရှစ်ဖုန့်၏နောက်၌ပေါ်လာသည်။

“ဘန်း”

ဧရာမသွေးနီရောင်မီးတောက်ဓားကြောင့် ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးချဉ်းကပ်လာနေသော တိုက်ခိုက်မှုက ချက်ချင်းတားဆီးခံလိုက်ရသည်။

ထို့နောက်ဧရာမသွေးနီရောင်မီးတောက်ဓားကြီးက ရုတ်ခြည်းခုတ်ပိုင်းကျဆင်းသွား၏။

သို့သော်လုပ်ကြံသတ်ဖြတ်သူ၏တိုက်ခိုက်မှုအမြန်နှုန်းက အရမ်းကို မြန်သည်ဖြစ်ပြီး ၎င်း၏ဆုတ်ခွာမှုအမြန်နှုန်းကလည်း လွန်စွာမြန်သည်ဖြစ်သည်။ လုပ်ကြံသတ်ဖြတ်ခြင်းတာအိုက မူလကတည်းက တစ်ချက်တည်းတိုက်ခိုက်ပြီးနောက်ပြန်လည်ဆုတ်ခွာခြင်းဖြစ်သည်။ ရှစ်ဖုန့်၏ သတ်ဖြတ်ခြင်းဓားက ဘာမှမရှိသောလေထုကိုသာခုတ်ပိုင်းမိသွားသည်။

ထို့နောက် သူ၏ဦးခေါင်းထက်မှကျဆင်းလာသော အေးစက်သည့်အလင်းတစ်ခုကိုရှစ်ဖုန့် အာရုံခံမိလိုက်သည်။ အေးစက်သောအလင်းကဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှစ်ဖုန့်ထံသို့ထိုးဝင်လာသည်။

ဤအေးစက်သောအလင်းက ရှစ်ဖုန့်အား လွန်စွာစွမ်းအားကြီးမားလှသော တိုက်ခိုက်မှုတစ်ခုအဖြစ်ခံစားရစေ၏။

ဤတိုက်ခိုက်မှုကကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်လုပ်ကြံသတ်ဖြတ်သူလူငယ် ထုတ်ဖော်ခြင်းဖြစ်ရမည်ဖြစ်သည်။

“ပေါက်ကွဲစမ်း”

ရှစ်ဖုန့်အနေဖြင့်မဆင်မခြင်မပြုမူရဲပေ။ သူကထပ်မံအော်ပြောလိုက်ပြီး ခန္ဓာကိုယ်မှ အနက်ရောင်မိုးကြိုးတို့ ထပ်မံပေါက်ကွဲထွက်လာက ထိုးတက်သွားသည်။

အနက်ရောင်မိုးကြိုးတို့၏ ပြင်းထန်သောစွမ်းအားအောက်တွင် ဓားအလင်းက ချက်ချင်းဖျက်ဆီးခံလိုက်ရ၏။

သို့သော် ရှစ်ဖုန့်ထုတ်ဖော်သောအနက်ရောင်မိုးကြိုးတို့က မည်သူ့ကိုမှမထိမှန်သွားပေ။

နောက်တစ်ကြိမ် ဤတိုက်ခိုက်မှုပြီးနောက်လုပ်ကြံသတ်ဖြတ်သူက အတင်းအကျပ်ပြန်လည်ဆုတ်ခွာသွားသည်။

အနက်ရောင်မိုးကြိုးတို့အားထုတ်ဖော်ရန်ရှစ်ဖုန့်က စွမ်းအင်တော်တော်များများသုံးစွဲခဲ့ရသည်။

ပါးနပ်သောလုပ်ကြံသတ်ဖြတ်သူက ရှစ်ဖုန့်၏စွမ်းအင်မကုန်ခမ်းသေးသည်ကို တွေ့သောအခါတွင် ဆက်လက်ကုန်ခမ်းသွားစေရန်လုပ်ဆောင်ပုံရသည်။ သူ၏စွမ်းအားလုံးဝကုန်ဆုံးမသွားခင်အထိ ၎င်းတို့အနေဖြင့် ကျေနပ်လိမ့်မည်မဟုတ်ပေ။

“ချီးပဲ”

ရုတ်ခြည်း ဤအချိန်တွင် အရပ်မျက်နှာအနှံ့မှ မမြင်နိုင်သောတိုက်ခိုက်မှုများနှင့် သူတို့သို့တစ်ဟုန်ထိုးချဉ်းကပ်လာနေမှုတို့ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။

ဤလုပ်ကြံသတ်ဖြတ်သူများက ဖြန့်ကျတ်ပြီး အရပ်မျက်နှာပေါင်းစုံမှ သူ့အားတိုက်ခိုက်သည့်ပုံပေါ်သည်။

အကယ်၍ရှစ်ဖုန့်သာ အနက်ရောင်မိုးကြိုးတို့အား အသုံးပြုလျှင် ဤတိုက်ခိုက်မှုအားလုံးကို တားဆီးနိုင်သည်ဖြစ်သည်။သို့သော် ဤပါးနပ်သောလုပ်ကြံသူများက သူ့အား အနက်ရောင်မိုးကြိုးတို့ကို အတင်းအကျပ်အသုံးပြုစေပြီး သူ၏စွမ်းအင်ကိုကုန်ခမ်းစေလိုခြင်းဖြစ်သည်။

ယခု၎င်းတို့ကပြင်ဆင်ထားကြခြင်းဖြစ်၏။ အနက်ရောင်မိုးကြိုးလျှပ်စီးတို့အောက်နစ်မြုပ်သွားသော လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်နှင့် မတူဘဲ ရှစ်ဖနု့်အနက်ရောင်မိုးကြိုးအား အသုံးပြုသည့်အခိုက်အတန့်၌ ဆုတ်ခွာသွားလိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်ကလည်း၎င်းတို့၏ထောင်ချောက်အတွင်း ထပ်မံကျရောက်သွားလိမ့်မည်ဖြစ်သည်။

“ချီးပဲ…ခိုးကြောင်ခိုးဝှက်ကောင်တွေ.. ဒါကိုမြည်းကြည့်စမ်း”

ရှစ်ဖုန့်က သူ၏ဘယ်လက်အတွင်း ရှေးဟောင်းကြေးခေါင်းလောင်းတစ်ခုကို ဆုပ်ကိုင်လိုက်သည်။

၎င်းက မြေကလန်၏ရတနာဖြစ်သော နတ်ဘုရားမြေခေါင်းလောင်းဖြစ်၏။

ထို့နောက်ရှစ်ဖုန့်၏လက်ထဲမှသွေးသောက်ဓားက သွေးနီရောင်ဓားအမှတ်အသားတစ်ခုအဖြစ်ပြောင်းသွားသည်။ သူ၏ညာလက်ကအားလက်သီး အဖြစ်ဆုပ်ထားပြီးဖြစ်၏။ ပြင်းထန်သောမိုးကြိုးတို့လက်သီး၌ထွက်ပေါ်လာသကဲ့သို့ ကြေးခေါင်းလောင်းကိုထိုးနှက်ချလိုက်သည်။

“ဒေါင်”

ရှစ်ဖုန့်၏မိုးကြိုးလက်သီးအောက်တွင် နတ်ဘုရားမြေခေါင်းလောင်းက ပြင်းထန်စွာ တုန်ခါသွားသည်။ ပြင်းထန်သောအသံလှိုင်းတို့က အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ဖြင့်ပျံ့နှံ့သွား၏။

အသံလှိုင်းတို့ပျံ့နှံ့သည့်အမြန်နှုန်းက အနက်ရောင်မိုးကြိုးတို့၏အမြန်နှုန်းထက် မရေတွက်နိုင်အောင်ပိုမိုမြန်ဆန်သည်ဖြစ်သည်။

သို့သော် ဤနတ်ဘုရားမြေခေါင်းလောင်းက ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်လက်နက်တစ်ခုသာဖြစ်သည်ကိုရှစ်ဖုန့်အာရုံခံမိပြီးဖြစ်၏။ ယခုသူက မိုးကြိုးလက်သီးနှင့် ထိခတ်စေသောကြေင့် ပျံ့နှံ့သွားသောအသံလှိုင်းက သာမန်ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦးစွမ်းအားသာရှိသည်ဖြစ်သည်။

သူ၏လက်သီးချက်က သာမန်ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်တစ်ဦးထက်သာလွန်သည်ဖြစ်၏။ နတ်ဘုရားမြေခေါင်းလောင်း၏စွမ်းအားမှာ ၎င်း၏အကန့်အသတ်သို့ရောက်ရှိသွားပုံပေါ်သည်။

အသံလှိုင်းတို့ပျံ့နှံ့သွားပြီးပြီးချင်း အရပ်မျက်နှာအနှံ့မှ ရှစ်ဖုန့်ထံသို့ ဝင်ရောက်လာသောတိုက်ခိုက်မှုများမှာ ရုတ်ခြည်းဖျက်ဆီးခံလိုက်ရသည်။

အားလုံးထက်ထိုလုပ်ကြံသတ်ဖြတ်သူများက ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်သာရှိသည်ဖြစ်သည်။

ထို့နောက်မကြာခင် စွမ်းအားကြီးအသံလှိုင်းတို့ကြောင့်မမြင်နိုင်သော ပုံရိပ်များက လည်း လှုပ်ခါကုန်သည်။

သို့သော် ဤအခိုက်အတန့်တွင် ဥက္ကာပျံကဲ့သို့ဓားအလင်းတစ်ခုက ပြင်းထန်သောအသံလှိုင်းတို့၏အလွှာများ ကိုဖြတ်သန်းလာသည်။၎င်းက ဟင်းလင်းပြင်အားထိုးခွင်းပြီး ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးထိုးဖောက်ဝင်ရောက်လာသည်။

“ဟ”

ဤအချိန်တွင်ကျယ်လောင်စွာအော်ဟစ်လိုက်သောရှစ်ဖုန့်က လျှင်မြန်စွာလှုပ်ရှားလိုက်သည်။ တစ်ချိန်တည်းတွင်ပြင်းထန်သော အနက်ရောင်မိုးကြိုးတို့က ရှစ်ဖုန့်၏ကိုယ်မှထွက်ပေါ်လာပြီး အနက်ရောင်မိုးကြိုးလူသား တစ်ယောက်အဖြစ်ပြောင်းသွားသည်။

ရှစ်ဖုန့်မှာ သူ့ထံသို့ ဦးတည်လာနေသောဥက္ကာပျံကဲ့သို့ဓားအလင်းကို အာရုံစိုက်ခြင်းမရှိပေ။ ထိုအစား ပုန်းကွယ်သောနေရာများမှ လှုပ်ခတ်ထွက်ပေါ်လာကာ မတည်မညိမ်ဖြစ်နေသော လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်ထံသို့ တစ်ဟုန်ထိုးဦးတည်လိုက်သည်။

အသံလှိုင်းစွမ်းအားက စုစုပေါင်းလုပ်ကြံသူကိုးယောက်အား နောက်သို့လွင့်စင်သွားစေသော်လည်း ရှေ့ရှိနှစ်ယောက်ကသာ ရှစ်ဖုန့်နှင့်အနီးဆုံးဖြစ်သည်။

ဆက်ရန်…….

All Chapters