အခန်း (၁၀၂၇)
Vol. 69 Ch. 1027
ဘာသာပြန်သူ-ARISE
ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၉)
အပိုင်း(၁၀၂၇)
အကယ်၍သူသာ မီးတောက်သစ်ပင်ကို ရွှေ့ချင်သည်ဆိုလျှင် ဤကုန်းမြေအပိုင်းအစကို ပါ ရွှေ့ပြောင်းချင်းကအကောင်းဆုံးဖြစ်သည်။
ထို့နောက် ရှစ်ဖုန့်က သူ၏စိတ်ကိုအသုံးပြုလိုက်ပြီး သူ၏ရှေ့၌သွေးနီရောင်အလင်းတန်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။ ယင်အလောင်းကောင်တစ်ကောင်က ရှစ်ဖုန့်၏ဆင့်ခေါ်ခြင်းကို ခံခဲ့ရခြင်းဖြစ်၏။
၎င်းက အဆင့်လေး ဘုရင်နယ်ပယ် သာရှိသော လက်မောင်းတစ်ခုတည်းရှိသည့် ယင်အလောင်းကောင်တစ်ကောင်ဖြစ်သည်။ အင်ပါယာအလောင်းကောင်အား ရှစ်ဖုန့် မဆင့်ခေါ်ရသည့်အကြောင်းပြချက်က ရှေးဟောင်းအပျက်အစီးနယ်မြေအတွင်းမှ ဤကုန်းမြေအပိုင်းအစက အန္တရာယ်များပြီး ကြိုတင်ခန့်မှန်း၍မရနိုင်သောကြောင့်ဖြစ်သည်။
ရှစ်ဖုန့်အနေဖြင့် ဤအဆင့်လေးယင်အလောင်းကောင်အတွက် မည်သည့်ခံစားချက်မှ မဖြစ်ပေါ်ပေ။ အကယ်၍၎င်းသေသွားခဲ့လျှင် သေသွားသည်သာဖြစ်သည်။ ထိုထပ်ပိုသည်ကား အကယ်၍ မည်သည့် မတော်တဆမှုမျိုးမှ မဖြစ်ပေါ်ခဲ့လျှင် ဤအဆင့်လေးဘုရင်နယ်ပယ် ယင်အလောင်းကောင်၏ မြေစွမ်းအားက ဤကုန်းမြေအပိုင်းအစအား ရွှေ့ပြောင်းရန်လုံလောက်သည်ဖြစ်၏။
ထို့နောက် ရှစ်ဖုန့်က သူ၏စိတ်အား အသုံးပြုလိုက်သည်။
“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း”
သူ၏ခြေထောက်အောက်မှ ကုန်းမြေက ရုတ်ခြည်း စတင်ပြင်းထန်စွာ တုန်ခါလာသည်။ အချင်းဝက် ဆယ်မီတာ ရှိသော ကုန်းမြေနှင့်အတူ မီးတောက်သစ်ပင်က စတင်မြင့်တက်လာ၏။၎င်းက မြင့်သည်ထက်မြင့်မားစွာမြင့်တက်လာသည်။
ကုန်းမြေက ဆယ်မီတာ အမြင့်အထိ မြင့်တက်လာခဲ့ပြီးနောက် ရှစ်ဖုန့်က သူ၏ စိတ်ကို ထပ်မံအသုံးပြုလိုက်သည်။ ထို့နောက် မီးတောက်သစ်ပင်အပါအဝင် ကုန်းမြေက ဧရာမသွေးနီရောင်အလင်းကြီးတစ်ခု လင်းလက်လာသည်။
သွေးနီရောင်အလင်းပျောက်ကွယ်သွားသောအခါတွင် မီးတောက် သစ်ပင်က ပျောက်ကွယ်သွားသည်။ ၎င်းက ရှစ်ဖုန့်၏သွေးနီရောင်ကျောက်ပြားအတွင်းသို့ စုပ်ယူခံလိုက်ရခြင်းဖြစ်၏။
ဤအချိန်တွင် ဝတ်ရုံနက်ကလည်း ရှစ်ဖုန့်၏ဘေးသို့ဆင်းသက်လာသည်။ ရှစ်ဖုန့်က သူမအားလှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ကောင်းပြီ.. မင်းရဲ့စိတ်ကို ဖြေလျော့ထား.. ငါမင်းကို စိတ်ဝိညာဉ်လက်နက်ထဲ စုပ်ယူမယ်.. ကြယ်နှစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို အောင်အောင်မြင်မြင်နဲ့ဝင်ရောက်ပြီးတဲ့နောက် မင်းထွက်လာနိုင်တယ်”
“ကောင်းပြီ”
ဝတ်ရုံနက်က ရှစ်ဖုန့်အား အနည်းငယ်ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် ရှစ်ဖုန့်က ထပ်မံစိတ်ကို အသုံးပြုလိုက်၏။ ဝတ်ရုံနက်က သွေးနီရောင်အလင်းတစ်ခုအဖြစ်ပြောင်း လဲသွားပြီး သဲလွန်စမကျန်အောင်ပျောက်ကွယ်သွားသည်။
ယခုဤခြစ်ခြစ်တောက်ပူပြင်းလှသော ကုန်းမြေပေါ်တွင် ရှစ်ဖုန့်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
“သွားမယ်”
ရှစ်ဖုန့်ကအသံတိုးတိုးဖြင့်ပြောလိုက်ပြီး ဖျက်ခနဲလှုပ်ရှားသွားသည်။
ယခုမီးတောက်သစ်ပင်အား အောင်အောင်မြင်မြင်ရရှိခဲ့ပြီး ဖြစ်သောကြောင့် ဤနေရာ၌ထပ်မံနေရာစရာဘာအချက်မှရှိမ နေတော့ပေ။ အကယ်၍နေကိုးစင်းကုန်းမြေအား ဆက်လက်စူးစမ်းရှာဖွေမည်ဆိုလျှင် နောက်ထပ်အထွတ်အထိပ်ရတနာများကို ရလိမ့်မည်ဖြစ်သည်။
ဤကုန်းမြေ၏အစွန်းရောက်ယန်စွမ်းအင်က နှစ်ပေါင်းမရေတွက်နိုင်အောင်တည်ရှိခဲ့ပြီးဖြစ်ပြီး ပြိုင်ဘက်ကင်းရတနာတစ်ခု ဤနေရာ၌ပေါ်လာခဲ့လျှင်ပင် အံ့အားသင့်စရာဖြစ်လိမ့်မည်မဟုတ်ပေ။
ဖျက်ဆီးခံရပြီးနောက် သန့်စင်သောမီးတောက်စွမ်းအင်တို့အဖြစ်ပြောင်းလဲသွားသော ထိုမီးတောက်စိတ်ဝိညာဉ်များလည်းရှိသေး သည်ဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့်၎င်းတို့အား ရှာဖွေလိုသေး၏။ ထိုမွန်းစတားများကလည်းသူ့အတွက်ရှားပါးသောရတနာများဖြစ်ကြသည်။
ခြစ်ခြစ်တောက်ပူးပြင်းလှသော ကုန်းမြေတစ်ခုပေါ်တွင် မှုန်ဝါးဝါးပုံရိပ်ခုနှစ်ခုက တစ်ခုပြီးတစ်ခု ဖျက်ခနဲဖြစ်ပေါ်နေသည်။ ဖြည်းဖြည်းချင်း ပုံရိပ်ခုနှစ်ခုက ရှင်းလင်းလာ၏။
၎င်းတို့၏မျက်နှာတစ်ဝက်အား အမည်းရောင်အဝတ်တစ်ခုနှင့်ဖုံးကာထားသည်။ ၎င်းတို့က ထွက်ပြေးလာသောလုပ်ကြံသတ်ဖြတ်သူ ခုနှစ်ယောက်မှလွဲ၍အခြားမဟုတ်ကြပေ။
“မြင့်မြတ်သားတော်.. ကျွန်တော်တို့ အဲ့လူကို ဒီအတိုင်းလွှတ်ပေးလိုက်ရမှာလား. မီးတောက်သစ်ပင်ကို လက်လျှော့လိုက်ရတော့မှာလား”
ကိုယ်တိုင်ထွက်ပေါ်လာပြီးနောက် လုပ်ကြံသတ်ဖြတ်သူများထဲမှတစ်ဦးက အားအကောင်းဆုံး လုပ်ကြံသတ်ဖြတ်သူလူငယ်အား ကြီးစွာသောဝန်လေးမှုနှင့်ပြောလိုက်သည်။
ထိုလုပ်ကြံသတ်ဖြတ်သူ၏စကားဆုံးပြီးပြီးချင်း ငယ်ရွယ်သော လုပ်ကြံသတ်ဖြတ်သူ၏ အေးစက်သောအသံထွက်ပေါ်လာသည်။
“ဒီသူတော်စင်က သူ့ကို လွှတ်ပေးမယ်လို့ ဘယ်တုန်းကမှမပြောခဲ့ဘူး. ဒါပေမဲ့ ဒီလူက တကယ်ကိုငါတို့နားလည်မှုလွဲမှားသင့်တဲ့လူမျိုးမဟုတ်ဘူး. သူနဲ့ထိပ်တိုက်ရင်ဆိုင်ပြီးတိုက်ဖို့က ငါတို့အတွက်မသင့်တော်ဘူး.. ငါတို့ရဲ့ခွန်အားကိုအသုံးပြုပြီး သူ့ကိုလုပ်ကြံသတ်ဖြတ်ဖို့အတွက် အခွင့်အလမ်းတစ်ခုကိုရှာရမယ်”
“ဒါပေမဲ့ ဒီရှေးဟောင်းအပျက်အစီးနယ်မြေက အရမ်းကြီးမားတယ်.. အခုကျွန်တော်တို့ကအဲ့နေရာကနေဆုတ်ခွာလာခဲ့ရတော့ နောက်ကြဒီလူကို ဘယ်နေရာမှာသွားရှာရမလဲ”
နောက်ထပ်လုပ်ကြံသူတစ်ဦးကပြောလိုက်သည်။
“ဒါနဲ့ပက်သက်ပြီးမင်းတို့ စိတ်ပူနေစရာမလိုဘူး”
မြင့်မြတ်သားတော်ဟုသိရသော လူငယ်လုပ်ကြံသူက ပြောလိုက်သည်။
“ငါတို့သူနဲ့တိုက်ခိုက်ချိန်တုန်းက ငါက အထီးကျန်ကြယ်တာရာဓားကို အသုံးပြုခဲ့ပြီး အထီးကျန်ကြယ်တရာဓားက သူ့ရဲ့ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားပြီးပြီ.. သူ့မှာ အထီးကျန်ကြယ်တာရာဓားရဲ့စွမ်းအား ပျောက်ကွယ်သွားတယ်ဆိုရင်တောင် ဟမ့်.. အထီးကျန်ကြယ်တာရာဓားနဲ့ အထိုးစိုက်ခံရတဲ့ဘယ်သက်ရှိမှ ကမ္ဘာအဆုံးထိပြေးရင်တောင် ဒီသခင်လေးဆီကနေလွတ်အောင်ပြေး နိုင်စွမ်းရှိမှာမဟုတ်ဘူး”
“အထီးကျန်ကြယ်တာရာဓား”
“အထီးကျန်ကြယ်တာရာဓား”
အထီးကျန်ကြယ်တာရာဓားဟူသည့်စကား တို့အားကြားလိုက်ရသောအခါတွင် နောက်ထပ်လုပ်ကြံသတ်ဖြတ်သူများထံမှ အံ့အားသင့်သောရေရွတ်သံများတစ်ခုပြီး တစ်ခုထွက်ပေါ်လာသည်။
“အထီးကျန်ကြယ်တရာဓားက ငရဲခန်းမရဲ့ အန္တိမနည်းစနစ်တွေထဲကတစ်ခုပဲ.. ကောလဟာလတွေအရ ဒီဓားပညာရပ်က ကြယ်သုံးပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် ဓားပညာရပ်တစ်ခုတဲ့ . .ဆန်းကြယ်တဲ့ ကြယ်သုံးပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် ဓားပညာရပ်တစ်ခုက ကြယ်သုံးပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို မရောက်ဘဲနဲ့တစ်စုံတစ်ယောက်နားလည်ဆင်ခြင်နိုင်တဲ့အရာမျိုး မဟုတ်ဘူး”
သို့သော်ဤလူငယ်က ငရဲခန်းမအတွင်း အငယ်ဆုံး ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်လုပ်ကြံသတ်ဖြတ်သူတစ်ဦးဖြစ်သည်သာမက ငရဲခန်းမ လူငယ်မျိုးဆက်၏ နံပါတ်တစ်ပါရမီရှင်ဟူသည့် ဂုဏ်သတင်းကျော်စောမှုနှင့် နေထိုင်နေသူတစ်ဦးလည်းဖြစ်သည်။
သူက ငရဲခန်းမ၏ မှတ်တမ်းအတွင်း ကြယ်သုံးပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်အောက် ကျင့်ကြံမှုအခြေခံဖြင့် အထီးကျန်ကြယ်တာရာဓားကို ဆင်ခြင်နားလည်နိုင်ခဲ့သည့် ဆဋ္ဌမမြောက်လူဖြစ်သည်။
အထီးကျန်ကြယ်တာရာဓားအား ဆင်ခြင်နားလည်နိုင်ခဲ့သည့်လူကခြောက်ယောက်သာရှိခဲ့သည်ဖြစ်၏။ ယင်းမှာ အထီးကျန်ကြယ်တာရာဓားအား ဆင်ခြင်နားလည်နိုင်ရန်မည်မျှခက်ခဲသည်ဖြစ် ကြောင်းကို သိသာထင်ရှားစွာပြနေခြင်းပင်ဖြစ်သည်။
သူ့အနေဖြင့် အထီးကျန်ကြယ်တာရာဓား၏ အခြေခံများကိုသာနားလည်သင်ယူနိုင်သေး သည်ဖြစ်သော်လည်း အကယ်၍သူသာ အထီးကျန်ကြယ်တာရာဓားကို အစစ်အမှန်ကျွမ်းကျင်သွားခဲ့လျှင် ငရဲခန်းမနှင့်တိုက်ခိုက်ရဲသည့်လူမှန်သမျှ အထီးကျန်ကြယ်တာရာဓား၏အောက်၌ ဆက်လက်အသက်ရှင်ခွင့်ပြုလိမ့်မည်မဟုတ်ပေ။
သို့သော် အထီးကျန်ကြယ်တာရာဓားက မည်မျှဆန်းကြယ်ကြောင်းကို ငရဲခန်းမရှိလူတိုင်းကသိကြသည်ဖြစ်သည်။ လူတစ်ယောက်ကအထီးကျန်ကြယ်တာရာဓား ကြောင့်ဒဏ်ရာရသွားခဲ့သည်နှင့် ၎င်းတို့၏လက်ကျန်ဘဝတစ်လျှောက်လုံး အထီးကျန်ကြယ်တာရာဓား၏အော်ရာ စွန်းထင်းခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ အကယ်၍၎င်းတို့ကမ္ဘာအဆုံးထိထွက် ပြေးခဲ့လျှင်ပင် အထီးကျန်ကြယ်တာရဦဓား၏ရှာဖွေတွေ့ရှိနိုင်မှုမှ ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။
အရိုင်းတိုက်ကြီးအတွင်းတွင် ၎င်းက ငရဲခန်းမ၏ သေစေနိုင်သောတိုက်ကွက်တစ်ခုလည်းဖြစ်သည်။ ၎င်းက အရမ်းကို ဒုက္ခများသော အဆုံးသတ်တိုက်ကွက်တစ်ခုဖြစ်၏။ လူတစ်ယောက် ၎င်း၏ထိမှန်ခြင်းကိုခံလိုက်ရသည်နှင့် အနာဂတ်၌ ၎င်းအား လုပ်ကြံသတ်ဖြတ်ရန်အဆုံးမရှိသော လုပ်ကြံသတ်ဖြတ်သူများ၏ လိုက်ပါမှုကို ခံရလိမ့်မည်ဖြစ်သည်။
၎င်းတို့အနေဖြင့်ငြိမ်းငြိမ်းချမ်းချမ်းလုံးဝနေရလိမ့်မည်မဟုတ်ပေ။
အထီးကျန်ကြယ်တာရာဓားအားအသုံးပြုခဲ့သည့်သူ့ကို သတ်ဖြတ်ခဲ့လျှင်ပင် ယင်းကအသုံးဝင်မည်မဟုတ်ပေ။
“ဒီလူက အထီးကျန်ကြယ်တာရာဓားချက်ထိမှန်တာကိုခံခဲ့ရတယ်ဆိုတော့ ဒါဆို ဒီလူက ငရဲခန်းမရဲ့ထိန်းချုပ်မှုအောက်ကို လုံးဝကျရောက်သွားပြီပဲ”
လုပ်ကြံသူတစ်ယောက်ကခက်ထန်စွာ ပြောလိုက်သည်။
ထို့နောက်အခြားသောလုပ်ကြံသတ်ဖြတ်သူများအားလုံးကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိမ့်လိုက်ကြ၏။အထီးကျန်ကြယ်တာရား၏ထိမှန်ခြင်းကိုခံရသည့်မည်သူမှ တစ်နှစ်ထက်ပိုပြီးအသက်ရှင်နိုင်သည်ဟု ငရဲခန်းမ၌မကြားဖူးပေ။
နေကိုးစင်းကုန်းမြေအားဆက်လက်စူးစမ်း ရှာဖွေနေသောရှစ်ဖုန့်မှာ သူ့အနေဖြင့် ငရဲခန်းမမှ သေစေနိုင်သောတိုက်ခိုက်မှု၏ ငြိတွယ်မှုကို ခံရပြီးဖြစ်သည်ကိုသိခြင်းမရှိပေ။
ပတ်ဝန်းကျင်အားအာရုံခံနေသကဲ့သို့ ရှစ်ဖုန့်၏ ပုံရိပ်က ဆူပွက်နေသောဟင်းလင်းပြင်အတွင်း ဖျက်ခနဲဖြစ်ပေါ်နေ၏။ ထို့နောက် သူ၏ဝိညာဉ်စွမ်းအားကိုအသုံးပြုပြီး ကောင်းကင်းသူတော်စင်မီးတောက်အား ဆက်သွယ်ကာ မေးလိုက်သည်။
“နောက်ထပ်မီးဒြပ်စင်ရတနာတွေကိုခင်ဗျားအာရုံခံမိသေးလား”
ကောင်းကင်မီးတောက်တစ်ခုဖြစ်သည်နှင့်အညီ သူတော်စင်မီးတောက်၏ စွမ်းရည်က မီးဒြပ်စင် ရတနာများကို အာရုံခံရာ၌ ကြယ်ရှစ်ပွင့်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနေသော ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားထက်သာလွန်သည်ဖြစ်သည်။
မီးသစ်ပင်နေရာမှထွက်ခွာလာပြီးနောက် သူတော်စင်မီးတောက် က တောက်လောင်နေသောမီးပွားတစ်ခုကို အာရုံခံမိခဲ့သည်။ ထို့နောက် ရှစ်ဖုန့်က ၎င်းအား ဆွဲယူပြီး တိုက်ရိုက်ပင်ဝါးမျိုခဲ့သည်။
သူ့အနေဖြင့် သူ၏ဒန်တန်အတွင်း စွမ်းအင်အနည်းငယ်ကို ထပ်ပေါင်းထည့်နိုင်ခဲ့ပြီး ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့တက်လှမ်းရန်နောက်ထပ်ခြေလှမ်းအသေးစားလေးတစ်ခုလှမ်းနိုင်ခဲ့သည်။
“ငါဘာမှအာရုံမခံမိဘူး”
ရှစ်ဖုန့်၏စကားတို့အားကြားပြီး နောက်ကောင်းကင်သူတော်စင်မီးတောက်က ပြန်ဖြေသည်။
“ကောင်းပြီ.. ကျုပ်တို့ဆက်ပြီးရှာကြတာပေါ့”
ရှစ်ဖုန့်ကမကျယ်သောအသံဖြင့်ပြောလိုက်၏။ ထို့နောက် သူ၏ပုံရိပ်က ဖျက်ခနဲထပ်မံဖြစ်သွားပြီး ဤဟင်းလင်းပြင်မှပျောက်ကွယ်သွားသည်။
ဤနေကိုးစင်းကုန်းမြေအတွင်းတွင် ကောင်းကင်ထဲ၌ရှိနေသည့် နေကိုးစင်းနှင့်အတူ နေ့အချိန်တစ်ခုတည်းသာရှိသည်ဖြစ်သည်။ညဟူ၍မရှိပေ။ ရှစ်ဖုန့်၏တွက်ချက်မှုအရသူ့အနေဖြင့် ဤကုန်းမြေသို့ ရောက်နေသည်မှာ နှစ်ရက်နီးပါးရှိပြီဖြစ်သည်။
ဤနှစ်ရက်အတွင်းသူ့အနေဖြင့်လုံးဝအနားယူခဲ့ခြင်းမရှိပေ။ တစ်ချိန်လုံးသူက စူးစမ်းရှာဖွေနေခဲ့သည်။ သူတို့၏အဆင့်၌ ခန္ဓာကိုယ်အတွင်းမှစွမ်းအင်မကုန်းခမ်းသွားသ၍ အားအင်ကုန်းခမ်းပင်ပန်းနွမ်းနွယ်ခြင်း ဟူသည်ကား ဘာဆိုသည်ကို သူတို့မသိပေ။
သို့သော်ရှစ်ဖုန့်၏ကံကောင်းမှုတို့က ကုန်ခမ်းသွားပုံရ၏။ နောက်ဆုံးအကြိမ်တောက်လောင်နေသောမီးပွားရရှိခဲ့ပြီးနောက် အခြားမည်သည့် မီးဒြပ်စင်ရတနာကိုမှ ရှစ်ဖုန့်ရှာမတွေ့ခဲ့ချေ။
သို့သော် မီးတောက်သားရဲလှိုင်းတစ်ခုနှင့်တော့သူ ပက်ပင်းကြုံခဲ့သည်။ စုစုပေါင်းနှစ်ဆယ်ရှိပြီး ၎င်းတို့ကြားထဲရှိ အမြင့်ဆုံးက အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ်ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း၎င်းတို့အားလုံး ရှစ်ဖုန့်၏သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
သို့သော် ၎င်းတို့၏ စွမ်းအင်အားဝါးမျိုပြီးဒန်တန်အားအာရုံခံပြီးနောက် သူ့အနေဖြင့် ဘာမှခံစားရခြင်းမရှိပေ။
“ဟမ်”
ထို့နောက် နောက်တစ်ကြိမ်လေထုအလယ်၌ ရပ်တန့်နေသောရှစ်ဖုန့်၏ ပုံရိပ်က သူ၏ရှေ့၌တစ်ဟုန်ထိုးရွေ့လျားကာ သူ့ထံသို့ အပြင်းဦးတည်လာနေသည့်ရုတ်ခြည်း ပေါ်လာသောလူငယ်တစ်ယောက်ကို မြင်တွေ့လိုက်ရသည်။
ဆက်ရန်………..