← Chapters

အခန်း (၁၀၂၄)

Vol. 69 Ch. 1024

အခန်း (၁၀၂၄)

Vol. 69 Ch. 1024

ဘာသာပြန်သူ-ARISE

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၉)

အပိုင်း(၁၀၂၄)

တိုက်ကြီးနှစ်ခုလုံးရှိအင်အားစုနှစ်ခုလုံးက ငရဲခန်းမမှဖြစ်ကြပြီး နှစ်ခုလုံးကလုပ်ကြံသတ်ဖြတ်သူများဖြစ်ကြသည်။ ယင်းကသေချာပေါက် တိုက်ဆိုင်မှုတစ်ခုမဟုတ်ပေ။

အရိုင်းတိုက်ကြီးပေါ်မှလူများ အရာဝတ္ထုများနှင့်ပိုပြီး မြင်တွေ့ဆက်ဆံလာရလေ ရှစ်ဖုန့်အနေဖြင့် တိုက်ကြီးနှစ်ခုက နီးစပ်လှသောဆက်နွယ်မှုရှိသည်ဟု ခံစားရလေဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်က ဝတ်ရုံနက်အားသူ၏အသံကို ဆက်လက်ပို့လွှတ်လိုက်သည်။

“ထျန်းဟန်တိုက်ကြီးထဲမှာ ငရဲခန်းမလို့ခေါ်တဲ့ လုပ်ကြံသတ်ဖြတ်တဲ့အင်အားစုတစ်ခုရှိတယ်.. ထျန်းဟန်တိုက်ကြီးထဲမှာ ငရဲခန်းမက အကြီးမားဆုံးလုပ်ကြံသတ်ဖြတ်သူအင်အားစုပဲ”

“ဘာ”

ရှစ်ဖုန့်၏စကားတို့အားကြားရသောအခါတွင် ဝတ်ရုံနက်ကအံ့အားသင့်စွာပြောဆိုလိုက်သည်။

“အရိုင်းတိုက်ကြီးထဲမှာလည်းငရဲခန်းမက အကြီးမားဆုံးလုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းပဲ. အဲ့မှာရှိတဲ့လုပ်ကြံသတ်ဖြတ်သူတွေ အရမ်းအားကောင်းကြတယ်.. ငါကြားတာတော့ အစွမ်းအထက်ဆုံးကောင်းကင် အဆင့်လုပ်ကြံသတ်ဖြတ်သူက ကြယ်ကိုးပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်မှာတဲ့. ဒီလိုလူမျိုးက အရိုင်းတိုက်ကြီးမှာ သေချာပေါက်ထိပ်တန်းအဆင့်ပဲ”

“ကောင်းကင်အဆင့်.. ကြယ်ကိုးပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်”

ရှစ်ဖုန့်ကအေးစက်စွာတီးတိုးရေရွတ်လိုက်သည်။

အရိုင်းတိုက်ကြီး၏လုပ်ကြံသတ်ဖြတ်သူများကိုလည်းကောင်းကင်အဆင့်အထိခွဲထားသည်ဖြစ်သည်။

သို့သော် ထျန်းဟန်တိုက်ကြီးထဲမှ ကောင်းကင်အဆင့်လုပ်ကြံသတ်ဖြတ်သူများမှာ ကိုယ့်ကြယ်ကိုးပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ယောက်နှင့်မနှိုင်းယှဉ်နိုင်ပေ။

ဤအချိန်တွင် ကောင်းကင်ထဲရှိလူဆယ့်သုံးယောက်၏အလယ်မှဝင့်ကြွားစွာရပ်နေသော လူက မောက်မာစွာပြောလိုက်သည်။

“မင်းဆီကရတနာကိုလက်လွှဲပေးပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေလိုက်.. ငါမင်းခန္ဓာကိုယ်ကို အကောင်းအတိုင်းထားပေးမယ်”

သူ၏အသံနှင့်ပြောပေါက်ဆိုပေါက်က ကောင်းကင်အမြင့်ထက်မှတစ်စုံတစ်ယောက်က အမိန့်တစ်ခုချမှတ်နေသည့်နှယ်ဖြစ်သည်။

ဤအသံအားကြားပြီးနောက်၎င်းက ရှစ်ဖုန့်၏နေရာလွတ်ရွှမ်းလက်နက်နှင့် မီးသစ်ပင်တို့အား ယူဆောင်သွားချင်နေမှန်းသိလိုက်ရ၏။

ဤလူက ကောင်းကင်ထဲရှိလူဆယ့်သုံးယောက်ထဲ၌ အသန်မာဆုံးသူလည်းဖြစ်သည်။ အခြားသူများက ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်များဖြစ်ကြသော်လည်း ဤကတော့ကြယ်နှစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဖြစ်သည်။

၎င်း၏အသံမှအကဲဖြတ်ရသလောက် ရှစ်ဖုန့်နှင့်သက်တူရွယ်တူဖြစ်လောက်၏။ ဤကဲ့သို့အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို ရောက်ရှိနိုင်ခြင်းကြောင့် ၎င်း၏ ပါရမီကသေချာပေါက်ရိုးရှင်းလိမ့်မည်မဟုတ်ပေ။

ထို့နောက် အားကောင်းသောသတ်ဖြတ်ခြင်းအော်ရာတစ်ခုက အထက်မှအောက်သို့ကျဆင်းလာပြီး သူတို့နှစ်ဦးအား လွှမ်းခြုံလာသည်ကို ရှစ်ဖုန့် အာရုံခံမိလိုက်သည်။

ဤသတ်ဖြတ်ခြင်းအော်ရာက လူဆယ့်သုံးယောက်ထံမှတစ်ချိန်တည်းလာခြင်းဖြစ်ပြီး ၎င်းတို့အားစုစည်းထားခြင်းဖြစ်သည်။

သို့သော် ဤသတ်ဖြတ်ခြင်းအော်ရာတို့အားရင်ဆိုင်ရရာတွင် ရှစ်ဖုန့်က မည့်သည့်ကြောက်လန့်သောလက္ခဏာကိုမှပြသခြင်းမရှိပေ။ထိုအစား အထင်းသေးမှုအပြည့်ဖြင့်ပင်သရော်လိုက်သေးသည်။ သတ်ဖြတ်ခြင်းအော်ရာတွင်၎င်းတို့ကသူနှင့်လာပြိုင်ရဲသေး၏။

သတ်ဖြတ်ခြင်းအော်ရာဆိုသည်ကားမမြင်နိုင်သောအားဖြစ်သည်။ သတ်ဖြတ်ခြင်းအော်ရာအားကောင်းလေ သက်ရှိများအား ပို၍သတ်ဖြတ်ထားလေဟုဆိုလိုက်သည်။

ရှစ်ဖုန့်အတွက်မူ ဤဘဝ၌ပင် သက်ရှိမည်မျှအားသတ်ဖြတ်ထားလဲဆိုသည်ကို သူပင်မမှတ်မိပေ။

ထို့နောက် ရှစ်ဖုန့်က သူ၏သတ်ဖြတ်ခြင်းအော်ရာကို အပြည့်အဝထုတ်လွှတ်လိုက်သည်။ ရုတ်ခြည်း ကောင်းကင်ထဲ၌အားကောင်းသော သတ်ဖြတ်ခြင်းအော်ရာတို့ပြည့်နှက်လာသည်။

သတ်ဖြတ်ခြင်းအော်ရာတို့ကြောင့် ခြစ်ခြစ်တောက်ပူပြင်းသောကမ္ဘာ၏အပူချိန်ပင် အနည်းငယ်လျော့ကျသွားသည်။

ရှစ်ဖုန့်၏သတ်ဖြတ်ခြင်းအော်ရာနှင့် ရင်ဆိုင်ရရာတွင် ၎င်းက လူဆယ့်သုံးယောက်၏သတ်ဖြတ်ခြင်းအော်ရာအား ရုတ်ခြည်း ဝါးမျိုသွားသည်။

“အိုး.. သူကအရမ်းငယ်သေးတာကို ..သက်ရှိတွေဘယ်လောက်တောင်သူသတ်ခဲ့တာလဲ”

ရှစ်ဖုန့်ထုတ်လွှတ်သောသတ်ဖြတ်ခြင်းအော်ရာအားအာရုံခံမိသောအခါတွင် ဝတ်ရုံနက်ပင်မနေနိုင်ဘဲ အံ့အားသင့်စွာပြောဆိုလိုက်သည်။

“ဒီသခင်လေးဘဝမှာလူတွေဘယ်လောက်သတ်ခဲ့လဲဆိုတာကို ဒီသခင်လေးတောင်မမှတ်မိတော့ဘူး. သေဖို့အတွက်ဒီသခင်လေးဆီကိုတံခါးလာလာခေါက်နေတဲ့သူတွေကအမြဲတမ်းအများကြီးပဲ.. ဒီသခင်လေးကလည်းသူတို့ဆန္ဒတွေကိုတစ်ယောက်ပြီးတစ်ယောက်ဖြည့်ဆည်းပေးခဲ့တယ်လေ”

ရှစ်ဖုန့်ကအေးစက်သောရယ်သံနှင့်အတူပြန်ဖြေသည်။

“ဒီလူကမရိုးရှင်းဘူး. သူ့ကိုသတ်”

ထို့နောက်တွင် လူငယ်၏အေးစက်သောအော်သံက အထက်မှထွက်ပေါ်လာသည်။ ဤအသံက လူဆယ့်သုံးယောက်ကြားထဲဝင့်ကြွား စွာရပ်နေသော လူငယ်နှင့်သက်ဆိုင်၏။

အော်သံထွက်ပေါ်လာသည်နှင့် လေတိုးသံများလည်းထွက်ပေါ်လာသည်။

“ဝှစ်ရှ်…ဝှစ်ရှ်…ဝှစ်ရှ်..ဝှစ်ရှ်”

ကောင်းကင်ထဲမှပုံရိပ်ဆယ့်သုံးခုက ဖျက်ခနဲဖြစ်သွားပြီး တစ်ပြိုင်နက်တည်းပျောက်ကွယ်သွားကြသည်။

ဤလူများ၏ပျေုာက်ကွယ်သွားမှုက သာမန်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦး၏ နေရာကူးပြောင်းခြင်းသို့မဟုတ် ဖျက်ခနဲဖြစ်သွားခြင်းနှင့် ကွဲပြားသည်ဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းနယ်ပယ်များ ဖြတ်ခနဲဖြစ်သွားရခြင်းမှာ ၎င်းတို့၏လှုပ်ရှားမှုအမြန်နှုန်းကြောင့်ဖြစ်ပြီး ယင်းက ပကတိမျက်စိဖြင့်မမြင်နိုင်သောကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထိုလူများကမှ ၎င်းတို့၏ခန္ဓာကိုယ်များကဖျက်ခနဲဖြစ်သွားပြီး ပျောက်ကွယ်သွားခြင်းဖြစ်သည်။ ၎င်းတို့က ၎င်းတို့ကိုယ်၎င်းတို့ ကိုယ်ဖျောက်ရန်အတွက် ဖုံကွယ်ခြင်းပညာရပ်ကိုအသုံးပြုခဲ့ခြင်းဖြစ်၏။

“ငရဲခန်းမရဲ့ကိုယ်ဖျောက်ပညာရပ်က အရိုင်းတိုက်ကြီးထဲမှာ အဆန်းကြယ်းဆုံကိုယ်ဖျောက်ပညာရပ်ပဲ.. အမှုမဲ့အမှတ်မဲ့မနေနဲ့. ကောလဟာလတွေအရ ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ယောက်တောင် ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်တာကိုခံခဲ့ရတယ်တဲ့”

ကောင်းကင်ထဲရှိပုံရိပ်ဆယ့်သုံးခုက ပြိုင်တူပျောက်ကွယ်သွားသည်အား တွေ့လိုက်ရသောအခါတွင် ဝတ်ရုံနက်က ရှစ်ဖုန့်ဆီသို့အသံပို့လွှတ်ပြီးအ လျှင်အမြန်သတိပေးလိုက်သည်။

ဤအချိန်တွင်ရှစ်ဖုန့်၏ဝိညာဉ်စွမ်းအားက အရပ်မျက်နှာပေါင်းစုံသို့ ဖြန့်ကျတ်ပစ်လိုက်၏။ သို့သော် သူ၏ဝိညာဉ်စွမ်းအားဖြင့် လုပ်ကြံသတ်ဖြတ်သူဆယ့်သုံးယောက်အားအာရုံမခံမိပေ။

ငရဲခန်းမ၏ ကိုယ်ဖျောက်ပညာရပ်က တကယ့်ကို ထူးခြားအံ့ဖွယ်ဖြစ်ပုံရ၏။

သို့သော်ဤအချိန်တွင် ပြင်းထန်သောအနက်ရောင်မိုးကြိုးတို့က ရှစ်ဖုန့်၏ ကိုယ်မှ ရုတ်ခြည်းပေါက်ကွဲထွက်လာ၏။ မိုးကြိုးလျှပ်စီးတို့ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ တစ်ဟုန်ထိုးပျံ့နှံ့သွားသည်။

“ဝုန်း.ဝုန်း.ဝုန်း..ဝုန်း”

ရုတ်ခြည်း မိုးခြိမ်းသံများဆက်တိုက်ထွက်ပေါ်လာသည်။

ရှစ်ဖုန့်အသုံးပြုလိုက်သည်ကား ကောင်းကင်ဘုံကိုးခု လှုပ်ခတ်မိုးကြိုးပင်ဖြစ်သည်။

အောက်ဘက်ရှိမီးသစ်ပင်အတွင်းမှ ဝတ်ရုံနက်ကလည်း ဖျက်ခနဲပျောက်ကွယ်သွား၏။

သူမကလည်းကိုယ်ဖျောက်ပညာရပ်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

ဤအချိန်တွင်အရပ်မျက်နှာအနှံ့သို့ မိုးကြိုးလျှပ်စီးတို့ဖြန့်ကျတ်ခဲ့သောရှစ်ဖုန့်မှာ သူ၏နောက်ကျောဘက်မှ အော်ရာအတက်အကျလှိုင်းနှစ်ခုကို အာရုံခံမိလိုက်သည်။ ပုံရိပ်နှစ်ခု အနက်ရောင်မိုးကြိုးတို့အတွင်းနစ်ဝင်လာ၏။

“ကောင်းတယ်”

ပုံရိပ်နှစ်ခုအားအာရုံခံမိချိန်တွင် ရှစ်ဖုန့်က သရော်လိုက်သည်။ ချက်ချင်း သူကလှည့်လိုက်၏။

ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်နှစ်ဦးကရှစ်ဖုန့်၏နောက်ကျော်ဘက်မှပုန်းကွယ်ပြီး သူ့ကိုလုပ်ကြံသတ်ဖြတ်လိုခဲ့သည်။ သို့သော် ၎င်းတို့ မိုးကြိုးလျှပ်စီးတို့အတွင်းနစ်ဝင်သွားခဲ့ပြီး အနက်ရောင်မိုးကြိုးလျှပ်စီးတို့အောက်၌ ၎င်းတို့၏ဖုံးကွယ်နေသောပုံရိပ်များက ထွက်ပေါ်လာသည်။

“ဖျက်ဆီးစမ်း”

ရှစ်ဖုန့်ကအေးစက်စွာအော်ပြောလိုက်သည်။ ရုတ်ခြည်း ပုံရိပ်နှစ်ခုကပြာအဖြစ်ပြောင်းလဲသွား၏။ အနက်ရောင်မိုးကြိုးလျှပ်စီးတို့အတွင်း သွေးစီးကြောင်းနှစ်ခုထွက်ပေါ်လာပြီး ရှစ်ဖုန့်ထံသို့တစ်ဟုန်ထိုးဝင်ရောက်လာသည်။

သေခြင်းစွမ်းအင်နှစ်ခုနှင့်ဝိညာဉ်စွမ်းအင်နှစ်ခုတို့ကရှစ်ဖုန့်၏ဝါးမျိုမှုကို ချက်ချင်းခံလိုက်ရသည်။

“ဟ”

ထို့နောက်ရှစ်ဖုန့်ကထပ်မံကြုံးဝါးလိုက်သည်။ သူ၏ကိုယ်ပေါ်ရှိအနက်ရောင်မိုးကြိုးတို့က ထပ်မံပျံ့နှံ့သွားပြီး မကြာခင်ဟင်းလင်းပြင်အတွင်း ပြင်းထန်သောမိုးကြိုးပင်လယ် တစ်ခုဖြစ်ပေါ်လာသည်။

ဤလုပ်ကြံသတ်ဖြတ်သူများ၏ကိုယ်ဖျောက်ပညာရပ်က အံ့ဖွယ်ကောင်းသော်လည်း ရှစ်ဖုန့်၏ကောင်းကင်ဘုံကိုးခု လှုပ်ခတ်မိုးကြိုးက ပြင်းထန်သောအနက်ရောင်မိုးကြိုးပင်လယ်တစ်ခုအဖြစ်ပြောင်းနိုင်သည်ဖြစ်သည်။ ၎င်းတို့သာသေဖို့မကြောက်လျှင် မိုးကြိုးပင်လယ်အတွင်းသို့တစ်ဟုန်ထိုးဝင်ရောက်လာပြီးသူ့အားသတ်နိုင်သည်ဖြစ်သည်။

“ဘာလဲ.. မင်းတို့ လုပ်ကြံတဲ့နေရာမှာတော်တဲ့ ငရဲခန်းမက လုပ်ကြံသူတွေမဟုတ်ဘူးလား. လာပြီးဒီသခင်လေးကိုသတ်လေ. ဒီသခင်လေးကဒီမှာ. လာသတ်စမ်းပါ”

အနက်ရောင်မိုးကြိုးပင်လယ်အတွင်း၌ရှိနေသောရှစ်ဖုန့်က မော်မာစွာအော်ပြောလိုက်သည်။

“အား”

ရုတ်ခြည်း အနက်ရောင်မိုးကြိုးပင်လယ်မသက် ရောက်သောအောက်ဘက်ရှိဟင်းလင်းပြင်ထဲမှ နာကျင်မှုဖြင့်အော်ဟစ်သောအသံတစ်ခုထွက်ပေါ်လာသည်။

အော်သံထွက်ပေါ်လာပြီးနောက် ပုံရိပ်နှစ်ခုချက်ချင်းပေါ်လာ၏။ ၎င်းတို့ထဲမှတစ်ယောက်ကဝတ်ရုံနက်ဖြစ်သည်။ အခြားတစ်ယောက်ကငရဲခန်းမမှလုပ်ကြံသတ်ဖြတ်သူဖြစ်၏။

ဤအချိန်တွင် ဝတ်ရုံနက်ကသူ၏လက်ချောင်းဖြင့် လုပ်ကြံသူ၏လက်ချောင်းကိုထိုးဖောက်ထားသည်။ ထို့နောက် ဝတ်ရုံနက်က လုပ်ကြံသူ၏ခန္ဓာကိုယ်နှင့်အတူ အပေါ်သို့တစ်ဟုန်ထိုးထိုးတက်လိုက်ပြီး အထက်ရှိ အနက်ရောင်မိုးကြိုးပင်လယ်အတွင်းသို့ဝင်ရောက်သွားသည်။

သူမကကိုယ်ဖျောက်ရာ၌တော်သည်ဖြစ်၏။ လုပ်ကြံသူတစ်ယောက်အားသတ်ဖြတ်ပြီးနောက် များစွာသောအော်ရာများက သူမထံတစ်ဟုန်ထိုးချဉ်းကပ်လာသည်ကိုအာရုံခံမိသည်။

သူမကချက်ချင်းစတင်ဆုတ်ခွာလိုက်၏။ အလုံခြုံဆုံးနေရာက ပြင်းထန်သော အနက်ရောင်မိုးကြိုးပင်လယ်ပင်ဖြစ်သည်။

ရှစ်ဖုန့်၏ကျွမ်းကျင်သောထိန်းချုပ်မှုအောက်တွင် အနက်ရောင်မိုးကြိုးပင်လယ်အတွင်းဝင်ရောက်လာသော ဝတ်ရုံနက်က သာမန်ဟင်းလင်းပြင်အတွင်းသို့ဝင်ရောက်သကဲ့သို့ပင်ဖြစ်သည်။သို့သော် သူမသယ်ဆောင်လာသော လုပ်ကြံသူမှာမူ အနက်ရောင်မိုးကြိုးပင်လယ်၏အောက်၌ အဆက်မပြတ်ဖျက်ဆီးခံလိုက်ရသည်။

ဆက်ရန်……

All Chapters