← Chapters

အခန်း (၁၀၂၆)

Vol. 69 Ch. 1026

အခန်း (၁၀၂၆)

Vol. 69 Ch. 1026

ဘာသာပြန်သူ-ARISE

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၉)

အပိုင်း(၁၀၂၆)

ဥက္ကာပျံကဲ့သို့ ဓားအလင်းအားရင်ဆိုင်ရရာတွင်ရှစ်ဖုန့်က လုံးဝဂရုစိုက်ခြင်းမရှိပေ။ သူ၏ခန္ဓာကိုယ်မှအနက်ရောင်မိုးကြိုးတို့ ပေါက်ကွဲထွက်လာပြီး သူ့နှင့်အနီးကပ်ဆုံးရှိနေသည့် ပုံရိပ်နှစ်ခုထံသို့ တစ်ဟုန်ထိုးဦးတည်သွားလိုက်သည်။ သူ၏ခန္ဓာကိုယ်၌အေးစက်သောသတ်ဖြတ်ခြင်း အော်ရာများဖြင့်ပြည့်နှက်နေသည်။

ဤအခွင့်အရေးအားအရယူပြီး ဤခိုးကြောင်းခိုးဝှက်လုပ်ကြံသတ်ဖြတ်သူများကို သူသတ်ဖြစ်ရမည်ဖြစ်သည်။

မကြာခင် ရှစ်ဖုန်ကလုပ်ကြံသတ်ဖြတ်သူနှစ်ယောက် ရှေ့သို့ရောက်ရှိလာသည်။

“ဒေါင်”

နတ်ဘုရားမြေခေါင်းလောင်းအားကိုင်ထားသောသူ၏ဘယ်လက်က ရုတ်ခြည်းလှုပ်ရှားသွားသည်။ သူက နတ်ဘုရားမြေခေါင်းလောင်းအား လေထဲသို့ခပ်မြင့်မြင့်မြှောက်လိုက်ပြီး ယိမ်းထိုးနေသော လုပ်ကြံသူတစ်ယောက်အား ဖုံးလိုက်ကာ ၎င်းအား နတ်ဘုရားမြေခေါင်းလောင်းအတွင်းပိတ်လှောင်လိုက်သည်။

တစ်ချိန်တည်း၌ ပြင်းထန်သောအနက်ရောင်မိုးကြိုးတို့ လင်းလက်တောက်ပနေသောသူ၏ ညာလက်က အခြားသော ယိမ်းထိုးနေသည့် လုပ်ကြံသတ်ဖြတ်သူထံထိုးနှက်လိုက်သည်။ ဤပြင်းထန်ပြီးစွမ်းအားကြီးမားသောအား၏အောက်တွင် ရှစ်ဖုန့်ကြောင့်လုပ်ကြံသူ၏ ဦးခေါင်းက တိုက်ရိုက်ချေမွခံလိုက်ရသည်။

ဦးခေါင်းမဲ့သောခန္ဓာကိုယ်က မြေပေါ်သို့တိုက်ရိုက်ကျဆင်းသွားသည်။ ကျဆင်းသွားသကဲ့သို့ တောက်ပနီရဲသောသွေးတို့က ပန်းထွက်လာပြီး ဦးခေါင်းမဲ့နေသောခန္ဓာကိုယ်မှာ လျှင်မြန်စွာခြောက်သွေ့သွားသည်။

ဤအချိန်တွင် ရှစ်ဖုန့်ထံသို့တစ်ဟုန်ထိုးဦးတည်လာနေသော ဥက္ကာပျံကဲ့သို့ဓားအလင်းက ရှစ်ဖုန့်၏နောက်ကျောမှ အနက်ရောင်မိုးကြိုးတို့ကို ထွင်းဖောက်ဖြတ်သန်းကာ ထျန်းကန်ပန်းကန်လုံး၏ကြယ်အလင်းကိုလည်းဖြတ်ကျော်ပြီး ကျီးကန်းနက်ငှက်မွှေးဝတ်စုံကိုပါဖောက်ထွင်း၍ ရှစ်ဖုန့်၏ကျောပြင်မှအသားအတွင်းထိုးစိုက်ဝင်ရောက်သွား၏။

“အား”

ရှစ်ဖုန့်ကနာကျင်စွာဖြင့်အော်ဟစ်လိုက်သော်လည်း နတ်ဘုရားမြေခေါင်းလောင်းကိုပြင်းထန်စွာထိုးနှက်လိုက်ဆဲဖြစ်သည်။

“ဒေါင်”

နတ်ဘုရားမြေခေါင်းလောင်းမှာ ရှစ်ဖုန့်လက်သီးချက်၏နောက်တစ်ကြိမ်ထိမှန်မှုကိုခံလိုက်ရသည်။ ပြင်းထန်သောအသံလှိုင်းတို့က နောက်တစ်ကြိမ် အရပ်မျက်နှာအနှံ့သို့ထပ်မံတစ်ဟုန်ထိုးပျံ့နှံ့သွား၏။

ကျန်နေသောလုပ်ကြံသတ်ဖြတ်သူရှစ်ယောက်မှာ ရှစ်ဖုန့်၏ အခြားနှစ်ယောက်အပေါ် တိုက်ခိုက်မှုကိုအခွင့်အရေးယူပြီး ၎င်းတို့၏ဟန်ချက်ကိုပြန်ထိန်းကာ နောက်ထပ်တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။

သို့သော် နတ်ဘုရားမြေခေါင်းလောင်း၏ စွမ်းအားကြီး အသံလှိုင်းတို့ကြောင့် ဤတိုက်ခိုက်ခုများက ဘာမှမကျန်သည်အထိဖျက်ဆီးခံလိုက်ရ၏။ နောက်ထပ် ဓားအလင်းတန်းတစ်ခုကသာ အသံလှိုင်းတို့ကို ဖြတ်သန်းလာပြီး ရှစ်ဖုန့်ထံသို့ ဥက္ကာပျံကဲ့သို့ တစ်ဟုန်ထိုးတိုးဝင်လာပြန်၏။

ဤဥက္ကာပျံကဲ့သို့ဓားအလင်းက လွန်စွာထူးဆန်းသည်ဖြစ်သည်။ ၎င်းကမည်သည့်စွမ်းအား သို့မဟုတ် အရာဝတ္ထုနှင့်မှ ထိတွေသည့်ပုံမပေါ်ပေ။ သက်ရှိသတ္တဝါတစ်ဦး၏အသားအတွင်းသို့ တိုးဝင်သည်အထိ၎င်းက ဆက်လက်သွားသည်ဖြစ်၏။

“ချီးပဲ..ထပ်လာပြန်ပြီ”

သူ၏နောက်ကျောဘက်မှ ထပ်မံချဉ်းကပ်လာနေသောထူးဆန်းသည့်စွမ်းအားကိုအာရုံခံမိသောအခါတွင်ရှစ်ဖုန့်က ဒေါသတကြီးအော်ဟစ်လိုက်သည်။ ရှစ်ဖုန့်က ချက်ချင်းလက်ငင်း လှည့်လိုက်ပြီး အနက်ရောင်မိုးကြိုးလျှပ်စီးတို့ ဖုံးလွှမ်းနေသော ၎င်း၏လက်သီးဖြင့်ထိုးနှက်လိုက်သည်။ ရှစ်ဖုန့်၏လက်သီးချက်ထိုးနှက်ခံရပြီးနောက် ဥက္ကာပျံဓားအလင်းက မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။

ဤအချိန်တွင် ရှစ်ဖုန့်တစ်ယောက်တည်းသာ ဟင်းလင်းပြင်ထဲ၌ကျန်ရစ်ခဲ့သည်။ အခြားသူများအားလုံးက ၎င်းတို့ကိုယ်၎င်းတို့ကိုယ်ဖျောက်လိုက်ကြပြီးဖြစ်၏။

နတ်ဘုရားမြေခေါင်းလောင်း၏အသံလှိုင်းစွမ်းအားအား ပထမဆုံးအကြိမ်ရှစ်ဖုန့်အသုံးပြုစဉ်က လုပ်ကြံသူများသတိလက်လွတ်ဖြစ်နေကြ သောကြောင့်၎င်းတို့အား အလဲထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဒုတိယအကြိမ်၌မူ ဤလုပ်ကြံသူများက အခြေအနေကို နားလည်ပြီး ပြင်ဆင်ထားနှင့်ပြီးကြပြီဖြစ်သည်။ ရှစ်ဖုန့်အားတိုက်ခိုက်ပြီးနောက် ၎င်းတို့က လျှင်မြန်စွာဆုတ်ခွာသွားကြပြီး အသံလှိုင်းစွမ်းအား၏ သက်ရောက်မှုကို မခံကြရတော့ပေ။

“ဒေါင်”

ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏ညာလက်က ရုတ်ခြည်း သူ၏ဘယ်လက်ထဲမှ နတ်ဘုရားမြေခေါင်းလောင်းအား ရိုက်ချလိုက်သည်။ ပုံရိပ်တစ်ခုက ခေါင်းလောင်းအပြင်ဘက်သို့ရိုက်ထုတ်ခံလိုက်ရပြီး အောက်ဘက်ရှိခြစ်ခြစ်တောက်ပူပြင်းသော မြေပြင် ပေါ်သို့ ကျဆင်းသွားသည်။နတ်ဘုရားမြေခေါင်းလောင်းအတွင်း၌ ပိတ်မိနေသော လုပ်ကြံသူမှာ ရှစ်ဖုန့်၏သတ်ဖြတ်ခြင်းကို ခံရပြီးဖြစ်သည်။

လုပ်ကြံသူ၏အလောင်းက မြေပြင်ပေါ်သို့ကျဆင်းသွားပြီး သွေးမြှားငါးတန်းက ၎င်း၏ ဒွာရငါးပေါက်မှထွက်လာကာ ရှစ်ဖုန့်ထံသို့ဝင်ရောက်သွားသည်။

ယခုအချိန်ထိတိုင် မူလက လုပ်ကြံသူဆယ့်သုံးယောက်ရှိရာမှာ ရှစ်ဖုန့်က လေးယောက်ကိုသတ်ဖြတ်ခဲ့ပြီး ဝတ်ရုံနက်က တစ်ယောက်ကိုသတ်ဖြတ်ခဲ့သည်ဖြစ်သည်။ ၎င်းတို့စုစုပေါင်း ရှစ်ယောက်သာကျန်ရှိသည်ဖြစ်၏။

ရှစ်ဖုန့်က နတ်ဘုရားမြေခေါင်းလောင်းအားဘယ်လက်ထဲ၌ကိုင်ထားဆဲဖြစ်ပြီး သူ၏ညာလက်၌လည်း ပြင်းထန်သော မိုးကြိုးတို့က လင်းလက်နေဆဲဖြစ်သည်။ ဟင်းလင်းပြင်ထဲ၌ တစ်ယောက်တည်းရပ်နေပြီး ပတ်ဝန်းကျင်အားအာရုံခံလိုက်သည်။

“အား”

ဤအခိုက်အတန့်၌ ရှစ်ဖုန့်၏နောက်ဘက်၌ နာကျင်မှုဖြင့် အော်ဟစ်သံထွက်ပေါ်လာသည်။

ထို့နောက်ပုံရိပ်နှစ်ခုက ရှစ်ဖုန့်၏နောက်ကျောဘက်၌ပေါ်လာ၏။

၎င်းကဝတ်ရုံနက်နှင့်နောက်ထပ်လုပ်ကြံသတ်ဖြတ်သူတစ်ဦးဖြစ်သည်။ ဤအချိန်တွင် ဝတ်ရုံနက်က လုပ်ကြံသတ်ဖြတ်သူ၏လည်ချောင်း ကိုကိုင်ထားသည်။ သိသာစွာပင် လုပ်ကြံသတ်ဖြတ်သူ၏လည်ပင်းက သူမ၏ ချေမွမှုကိုခံထားရပြီး ၎င်းအနေဖြင့်အသက်ရှူခြင်းမရှိတော့ပေ။

ထို့နောက် ဝတ်ရုံနက်၏ ဖြူဖွေးသေးသွယ်သောလက်က ပြေလျော့သွားပြီး လုပ်ကြံသူ၏အလောင်းက အောက်သို့ လျှောကျသွားသည်။ဤအခိုက်အတန့်တွင် ယခင်လုပ်ကြံသူကဲ့သို့ပင် သွေးမြှားငါးတန်းက ဒွာရငါးပေါက်မှထွက်လာပြီး ရှစ်ဖုန့်ထံသို့ ဝင်ရောက်သွားသည်။

လုပ်ကြံသတ်ဖြတ်သူအားသတ်ပြီးနောက် ဝတ်ရုံနက်က နောက်ပြန်ပျံသန်းလာပြီး ရှစ်ဖုန့်နှင့်နီးသောနေရာတွင်ရပ်လိုက်သည်။

ထို့နောက်ရှစ်ဖုန့်နှင့်အတူ နှစ်ယောက်သား ပတ်ဝန်းကျင်ကိုအာရုံခံကာ ကျန်ရှိနေသော လုပ်ကြံသတ်ဖြတ်သူများကိုအတူတကွအာရုံခံလိုက်သည်။

“ရွှီ”

ဤအချိန်တွင် ထူးဆန်းသော လေချွန်သံတစ်ခုက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ရုတ်ခြည်းထွက်ပေါ်လာသည်။

လေချွန်သံကလျှင်မြန်စွာထွက်ပေါ်လာပြီးနောက် ပြန်လည် တိတ်ကျသွားသည်။

လေချွန်သံထွက်ပေါ်လာပြီးနောက် ဝတ်ရံနက်က ရှစ်ဖုန့်အားလျှင်မြန်စွာ သတင်းပို့လိုက်သည်။

“သူတို့ဆုတ်ခွာသွားပြီ”

စုစုပေါင်းလုပ်ကြံသူဆယ့်သုံးယောက်ရှိခဲ့ပြီး ယခု ခုနှစ်ယောက်သာကျန်တော့သည်ဖြစ်သည်။ ၎င်းတို့ထဲမှတစ်ဝက်နီးပါးအသတ်ခံခဲ့ရခြင်းဖြစ်၏။ ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့အားကြောက်လန့် သောကြောင့် ၎င်းတို့ဆုတ်ခွာသွားကြပုံရသည်။

“မင်းသူတို့ကိုအာရုံခံနိုင်လား”

ရှစ်ဖုန့်ကဝတ်ရုံနက်ကိုမေးလိုက်သည်။

“သူတို့ရဲ့ကိုယ်ဖျောက်ပညာရပ်က အရမ်းကောင်းတယ်..အရမ်းအားနည်းတဲ့အော်ရာတစ်ခုကို ငါတောင် အခိုက်တန့်လေးလောက်ပဲအာရုံခံနိုင်ခဲ့တာ”

ဝတ်ရုံနက်ကရှစ်ဖုန့်ကိုပြောလိုက်သည်။

“အခိုက်တန့်လေးပဲလား”

ရှစ်ဖုန့်ကမေးလိုက်သည်။

“အင်း..အခိုက်တန့်လေးပဲ”

ဝတ်ရုံနက်ကပြောသည်။

“သူတို့ကိုငါအာရုံခံနိုင်တဲ့အခိုက်တန့်လေးမှာ အဲ့အပေါ်အခွင့်အရေးယူပြီး ငါသူတို့ကိုတိုက်ခိုက်ရတယ်.. မဟုတ်ရင် နောက်လုပ်ရှားမှုအတွင်း သူတို့ကငါ့အာရုံခံ မှုကနေ ပျောက်ကွယ်သွားလိမ့်မယ်”

ခဏကြာပြီးနောက် ခြစ်ခြစ်တောက်ပူပြင်းသောနေကိုးစင်း ကုန်းမြေပေါ်တွင် မည်သည့်လှုပ်ရှားမှုမှရှိမနေတော့ပေ။ ဝတ်ရုံနက်က ရှစ်ဖုန့်ကို ထပ်မံပြောလိုက်သည်။

“သူတို့တကယ်ဆုတ်ခွာသွားကြပြီ”

“အင်း”

ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူကလှည့်လိုက်ပြီး ပထမဆုံးဝတ်ရုံနက်၏နောက်ကျောကိုမြင် တွေ့လိုက်ရသည်။ ထို့နောက်သူက ခေါင်းငုံ့ပြီး အောက်သို့ကြည့်လိုက်၏။ နောက်တစ်ကြိမ် ခြစ်ခြစ်တောက်ပူသောအော်ရာတစ်ခုကို ထုတ်လွှတ်နေသည့် မီးသစ်ပင်ကို ကြည့်လိုက်သည်။

ရှစ်ဖုန့်လှည့်လာသည်ကိုအာရုံခံမိသောအခါတွင် ဝတ်ရုံနက်က ဟင်းလင်းပြင်အတွင်းခြေလှမ်းအနည်းငယ်ရှေ့တိုးလိုက်သည်။ အရင်ဆုံးရှစ်ဖုန့်နှင့်အကွာအဝေးတစ်ခုကိုထိန်းထားလိုက်၏။ ထို့နောက်သူကလှည့်လိုက်ပြီး ရှစ်ဖုန့်ကိုကြည့်ကာ မေးလိုက်သည်။

“မင်းက ကြယ်နှစ်ပွင့်လုပ်ကြံသတ်ဖြတ်သူတစ်ဦးရဲ့ ဓားနဲ့ထိမှန်တာခံထားရတယ်.. မင်းရဲ့ဒဏ်ရာအခုဘယ်လိုနေလဲ”

ဝတ်ရုံနက်၏သူ့ဒဏ်ရာအပေါ်စိုးရိမ်မှုအား ကြားရသောအခါတွင် ရှစ်ဖုန့်က ဖြည်းညှင်းစွာခေါင်းမော့လိုက်ပြီး သူမကိုကြည့်လိုက်သည်။ သူကပြုံးလိုက်ပြီးပြောလိုက်၏။

“ဒီသခင်လေးမှာ အရိုင်းတိုက်ကြီးထဲကဒဏ္ဍာရီလာ မသေမျိုးနတ်ဆိုးခန္ဓာကိုယ်ရှိတယ်လေ.. ဒီလိုဒဏ်ရာလောက်က ဒီသခင်လေးအတွက်ဘာမှမဟုတ်ဘူး”

ထိုအချိန်က ထူးဆန်းသော ဥက္ကာပျံဓားအလင်းက ရှစ်ဖုန့်၏နောက်ကျောအားဖောက်ဝင်ပြီးနောက် ရုတ်ခြည်းရှစ်ဖုန့်၏မာကျောသော အရိုးတို့ကို စိုက်ဝင်လာခဲ့၏။ သို့သော် ၎င်းကထိုနေရာမှာပင်ရပ်တန့်ခြင်းမရှိခဲ့ပေ။ ရှေ့သို့ဆက်လက်တိုးဝင်လာခဲ့ပြီး ရှစ်ဖုန့်၏နှလုံးအား ဖောက်ထွင်းလိုခဲ့သည်။

ရှစ်ဖုန့်အနေဖြင် မည်ကဲ့သို့ ဆက်လက်ဖြစ်ခွင့်ပေးနိုင်ပါမည်နည်း။ သူ၏ ခန္ဓာကိုယ်အတွင်းမှစွမ်းအင်အားလုံးကို လမ်းကြောင်းတစ်ခုတည်း၌ စုစည်းလိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းထိုးဖောက်ဝင် ရောက်လာသော ဓားအလင်းအား အစိတ်စိတ်အမွှာမွှာကွဲကြေသွားစေ၏။

ထိုးဖောက်ခံရခြင်းကြောင့်ဖြစ်ပေါ်လာသည့် သူ၏ကျောထက်မှ အသားနှင့်သွေးတို့မှာမူ သူ၏မျိုးစုံသောပြန်လည်ကုသသည့်စွမ်းအားကြီးနည်းလိမ်းများကြောင့် လျှင်မြန်စွာပြန်ကောင်းမွန်လာသည်။

ဤအချိန်တွင် ရှစ်ဖုန့်ကထပ်မံပြောလိုက်သည်။

“ အခု ဒီမီးသစ်ပင်ကို ဒီသခင်လေးရဲ့ရွှမ်းလက်နက်ထဲ ရွှေ့ကြစို့ ..မင်းလည်းဒီသခင်လေးရဲ့ရွှမ်းလက်နက်ထဲဝင်ကျင့်ကြံနိုင်ပြီး ဖြစ်နိုင်သမျှ အမြန်ဆုံး ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုချိုးဖျက်နိုင်တယ်”

“အင်း”

ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် ဝတ်ရုံနက်က အနည်းငယ်ခေါင်းညိမ့်ပြလိုက်သည်။

ထို့နောက်ရှစ်ဖုန့်၏ပုံရိပ်က မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာဆင်းသက်သွားပြီး မီးသစ်ပင်ရှေ့ညင်သာစွာဆင်းလိုက်သည်။

ဆက်ရန်……….

All Chapters