အခန်း (၁၀၂၉)
Vol. 69 Ch. 1029
ဘာသာပြန်သူ-ARISE
ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၉)
အပိုင်း(၁၀၂၉)
မိစ္ဆာနတ်ဘုရားလေးပါးက သူတို့နောက်သို့လိုက်ဖမ်းနေ၏။ လုံရှန်းဟု အမည်ရသော လူငယ်က ရှစ်ဖုန့်အား ဆွဲခေါ်ပြီး ဆက်လက်လျှင်မြန်စွာပြေးနေသည်။
“စောစောက ငါမင်းကို ထိခိုက်နိုင်မလားမထိခိုက်နိုင်လား မသေချာတာကို ဘာလို့ ငါ့ကို မထားခဲ့တာလဲ”
ရှစ်ဖုန့်ကပြောလိုက်သည်။
လုံရှန်းမှာ ရှစ်ဖုန့်၏စကားတို့အားကြားသောအခါတွင် ချက်ချင်းပဲ မပျော်ရွှင်စွာဖြင့်ပြန်ဖြေလိုက်သည်။
“မင်းဘာလို့ဒါကိုထပ်ပြီး ပြောနေတာလဲ.. ငါကအဲ့လိုလူစားမဟုတ်ဘူးလို့ မင်းကိုပြောထားပြီးသား . ငါသာမင်းကိုထားခဲ့ရင် သေတဲ့အထိမိစ္ဆာနတ်ဘုရားလေးပါးကြောင့် သေချာပေါက်မင်းဒုက္ခရောက်လိမ့်မယ်”
လုံရှန်း၏စကားတို့အားကြားပြီးနောက် ရှစ်ဖုန့် တိတ်တဆိတ်သူ၏ခေါင်းကိုခါယမ်းလိုက်သည်။ ဤလူငယ်ကတကယ်ကို အတွေ့အကြုံမရှိသောသူဖြစ်ပုံရ၏။ ပြင်ပရှိလူများ၏ ရက်စက်အကြံပက်စက်မှုကို ၎င်းသိခြင်းမရှိပေ။
သူ့အား ကြင်နာတတ်သူ သို့မဟုတ် ဖြူစင်လွန်းသူဟုပြောနိုင်၏။ သို့သော် လူတစ်ချို့အတွက်တော့ ၎င်းအား တုံးအမိုက်မဲသူအဖြစ်ပြောနိုင်သည်။
ဤကမ္ဘာပေါ်၌ အစာကြွေးသောလက်အား ပြန်ကိုက်သည့်လူများစွာရှိသည်ဖြစ်သည်။
ဤအခိုက်အတန့်၌ အကယ်၍လုံရှန်းသာ တစ်ကိုယ်ကောင်းသမားတစ်ယောက်ကို ဖမ်းဆွဲလာမိခဲ့လျှင် ၎င်းက လုံရှန်းအား ချောင်းတိုက်ပြီး နောက်မှလိုက်လာသည့်လူများ၏ အာရုံအားဆွဲဆောင်စေကာ ၎င်းကတော့ထွက်ခွာသွားလိမ့်မည်ဖြစ်သည်။ ထို့နောက် ၎င်းက ထွက်ပြေးလွတ်မြောက်သွားလိမ့်မည်ဖြစ်၏။
ကံကောင်းစွာဖြင့် သူက ထိုသို့သောလူစားမျိုးမဟုတ်သည့် ရှစ်ဖုန့်နှင့်တွေ့ခဲ့ခြင်းဖြစ်သည်။ ရှစ်ဖုန့်ကထိုကဲ့သို့ လူစားမျိုးမဟုတ်ပေ။
သို့သော် နောက်မှလိုက်ဖမ်းနေသကဲ့သို့ နောက်ရှိအမျိုးသမီးက နီးကပ်သည်ထက်နီးကပ်လာသည် ကို
ရှစ်ဖုန့်တွေ့လိုက်ရသည်။
လုံရှန်းမှာလည်း သူ၏အနောက်ဘက်မှ လှုပ်ရှားမှုကိုအာရုံခံမိပြီး မျက်နှာထက်ကအမူအရာက ပို၍ စိုးရိမ်ပူပန်သည်ထက် ပူပန်လာသည်။
လုံရှန်းက ရှစ်ဖုန့်ကိုထပ်မံပြောလိုက်သည်။
“ငါ.ငါတို့အဝေးကိုထွက်မပြေးနိုင် လောက်တော့ဘူး..ဒီလိုသာဆက်သွားမယ်ဆိုရင် မကြာခင်ဒါမှမဟုတ်နောက်ပိုင်း ငါတို့အဖမ်းခံရလိမ့်မယ်..အဲ့..အဲ့နောက်..”
လုံရှန်း၏အသံ၌ တောင်းပန်မှုတို့ဖြင့်ပြည့်နှက်နေသည်။ သူကရှစ်ဖုန့်ကိုပြောလိုက်သည်။
“ညီအကို.. ငါတောင်းပန်ပါတယ်ကွာ..ငါသာ ဒီဘက်ကိုပြေးမလာခဲ့ရင် မင်းပါအမှုပတ်ပြီး မတရားညှင်းပန်းခံရမှာဟုတ်ဘူး..စကားမစပ် မင်းနမည်ဘယ်လိုခေါ်လဲ”
“ရှစ်ဖုန့်”
ရှစ်ဖုန့်ကပြန်ဖြေသည်။
“ရှစ်ဖုန့်တဲ့လား..ကောင်းတယ်.. ငါမှတ်ထားမယ်..”
လုံရှန်းကပြောလိုက်သည်။
“ဒီဘဝမှာ ငါလုံရှန်း မင်းအပေါ်အကြွေးတင်သွားပြီ….နောက်ဘဝသာ တကယ်ရှိခဲ့ရင်. မင်းရဲ့နမည်ကိုမပြောင်းပါနဲ့ ငါလုံရှန်းမင်းကို နောက်ဘဝမှာသေချာပေါက်ရှာပြီး ဒီဘဝကအကြွေးတင်ခဲ့တာအတွက် ကျိန်းသေပြန်ပေးဆပ်မယ်”
နောက်ဆုံးစကားအားပြောချိန်တွင် လုံရှန်းက ပြတ်သားခိုင်မာစွာပြောလိုက်သည်။
လုံရှန်း၏စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်ကပြောလိုက်သည်။
“ဒီဘဝမှာမင်းကမသေခင်ငါ့အပေါ် အသက်တစ်ခုအကြွေးတင်တယ်..အဲနောက် နောက်ဘဝမှာမင်းကငါ့ကိုပြန်ပေးဆပ်မယ်ဆိုတော့.. မင်းက နှစ်ကြိမ်သေမယ်လို့ ပြောချင်တာလား”
“နောက်ဘဝမှာငါ့အသက်နဲ့မင်း ကိုပြန်ပေးဆပ်စေချင်တယ်ဆိုရင် ငါလုံရှန်းဘာထက်တွန့်မှတက်မှာမဟုတ်ဘူး.. ငါလုပ်နိုင်တယ်”
ရှစ်ဖုန့်၏မေးခွန်းအား လုံရှန်းက နောက်တစ်ကြိမ်ပြတ်သားစွာပြန်ဖြေသည်။
အကယ်၍ဤလူငယ်သာအမြဲတမ်း ဤကဲ့သို့ဖြစ်ခဲ့မည်ဆိုလျှင် ၎င်းကြီးပြင်းအရွယ်ရောက်လာသောအခါ၌ သေချာပေါက် ခိုင်မာမြဲမြံသောစရိုက်နဲ့ ယောက်ျားစစ်တစ်ဦးဖြစ်လာလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်ကသူ့ဖာသာသူတွေးလိုက်၏။
“ဟားဟားဟားဟားဟား.. အရုပ်လေးနှစ်ရုပ်က အမကြီးလက်ထဲကို ရောက်တော့မှာပဲ. ဒီအမကြီးက မင်းတို့အပေါ်မှာသဲသဲလှုပ်ကို ဂရုစိုက်ပေးမှာပါ ဟင်းဟင်းဟင်း”
ဤအချိန်တွင် အမျိုးသမီး၏ညှုတုတုအသံကထွက် ပေါ်လာပြီးကြားရသည့်သူတို့အား အားပြော့သွားသလိုခံစားရအောင်ပြုလုပ်နိုင်၏။
ဤအခိုက်အတန့်တွင် အမျိုးသမီးက ရှစ်ဖုန့်နှင့် လုံရှန်းတို့နှင့်ခြေသုံးလမ်းစာသာ ကွာဝေးတော့သည်ဖြစ်သည်။ သူမ၏မျက်နှာထက်၌ မူနွဲ့သောအပြုံးတို့ဖြင့်ပြည့်နှက်နေသည်။ ဖြည်းဖြည်းချင်းညာလက်ကိုလှမ်းလိုက်ပြီးရှစ်ဖုန့်နှင့်လုံရှန်းတို့ထံမျက်နှာမူလိုက်သည်။
“အား..မကောင်းတော့ဘူး”
ဤအခိုက်အတန့်တွင် လုံရှန်း၏ပါးစပ်မှ လွန်စွာဆိုးဆိုးဝါးဝါးအော်ဟစ်သောအသံထွက်ပေါ်လာ၏။
ရုတ်ခြည်းဆန်းကြယ်သော အားတစ်ခုက သူ့အပေါ်လွှမ်းခြုံလာသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။ သူ့ဝန်းကျင်ရှိ နေရာအနှံ့မှ ထူထဲသော အနီရောင်မီးခိုးတို့ ထိုးထွက်လာ၏။
လုံရှန်း၏ပုံရိပ်က လေထုအလယ်၌ အေးခဲသွားပုံရပ်ပြီး လှုပ်ရှားနေသောပုံစံအတိုင်းကြီးရှိနေသည်။
ဆန်းကြယ်သောစွမ်းအားတစ်ခုအားအာရုံခံမိသည့်ရှစ်ဖုန့်ပင် ခန္ဓာကိုယ်ကရေခဲကဲ့သို့အေးစက်လာသကဲ့သို့ခံစားရသည်။
“ဟီးဟီးဟီးဟီးဟီး”
ဤအချိန်တွင်လုံရှန်း၏အနောက် ရှစ်ဖုန့်၏ရှေ့၌ရှိနေသော အမျိုးသမီးက နောက်တစ်ကြိမ်ညှုတုတုရယ်မောလိုက်၏။ ဖြည်းဖြည်းချင်းမျောလွင့်လာပြီး ရှစ်ဖုန့်နှင့်လုံရှန်းတို့ထံ ချဉ်းကပ်လာသည်။
သူမ၏မက်မွန်ပွင့်မျက်လုံးနှစ်လုံးက တပ်မက်သောအကြည့်တစ်ခုကို ပြသနေပြီး ရှစ်ဖုန့်နှင့်လုံရှန်းတို့ထံအဆက်မပြတ်ကူးသန်းလာသည်။
“မင်းတို့နှစ်ယောက်ကတကယ် ကိုကောင်းတဲ့ကလေးတွေပဲ.. မင်းတို့ကိုပိုပြီးကြည့်လေ ပိုပြီးတော့ကြိုက်လေပဲကွယ်”
အမျိုးသမီးကအပြုံးတစ်ခုနှင့်ပြောလိုက်သည်။ ညှို့ဓာတ်ပါသောအနံတစ်ခုကို သူမ၏ကိုယ်က ထုတ်လွှတ်နေပုံရပြီး ပို၍အားကောင်းသည်ထက်အားကောင်းလာသည်။ ဤအချိန်တွင်သူမကရှစ်ဖုန့်၏အရှေ့၌ မျောလွင့်ရပ်တည်နေပြီဖြစ်သည်။
အမျိုးသမီးက သူမ၏လက်ကိုလှမ်းပြီဂ ရှစ်ဖုန့်အားထိတွေ့တော့မည့်အချိန်တွင် လုံရှန်း၏ ဒေါသတကြီးအော်သံက ချက်ချင်းထွက်ပေါ်လာသည်။
“အာနျန်ရုံ.. ခင်ဗျားအရမ်းကိုအလျှင်လိုနေရင်ကျုပ်ဆီကိုလာခဲ့.. အပြစ်မရှိတဲ့ ညီအကိုရှစ်ကို ထိခိုက်အောင်မလုပ်နဲ့”
“အိုး”
လုံရှန်း၏အသံအားကြားပြီးနောက် အာနျန်ရုံက ရှစ်ဖုန့်ထံလှမ်းနေသောသူမ၏လက်ကိုရပ်တန့်လိုက်သည်။ ညှို့ဓာတ်အပြည့်နှင့်မျက်နှာက လုံရှန်းအားကြည့်လိုက်ပြီး ထို့နောက် ရှစ်ဖုန့်အားဖြတ်ကျော်ကာ လုံရှန်းရှေ့သို့ ဖြည်းညှင်းစွာလျှောက်သွားလိုက်သည်။
အဲနျန်ရုံ၏ မက်မွန်ပွင့်ကဲ့သို့ မျက်လုံးများက လုံရှန်း၏တစ်ကိုယ်လုံးသို့ စတင်ခြုံငုံကြည့်လာသည်။ ထို့နောက် သူမ၏ တပ်မက်မှုတို့ပြည့်နေသောအကြည့်ဖြင့် အောက်ရှိလုံရှန်းကိုအာရုံစိုက်လိုက်ပြီး အပြုံးတစ်ခုနှင့်ပြောလိုက်သည်။
“ဟားဟားဟား..မောင်လေး. ဒီမမက မင်းကို မျက်နှာသာပေးမှာကို မစောင့်နိုင်တဲ့ပုံပဲ… အရမ်းစိတ်မရှည်မဖြစ်ပါနဲ့ကွယ်”
“ခင်ဗျား.. အဓိပ္ပါယ်မရှိတာတွေလာပြောမနေနဲ့..”
အဲနျန်ရုံ၏ စကားတို့အားကြားပြီးနောက် လုံရှန်းက ဒေါသတကြီး ထပ်မံအော်ဟစ်လိုက်သည်။
“ဟားဟားဟား. မင်းဒေါသထွက်နေတာပဲ.. မင်းကငယ်ငယ်လေးရှိသေးတာ.. မင်းရဲ့ကိုယ်က လည်း အရမ်းအကြမ်းခံပြီးသန်မာလိုက်တာ”
အဲနျန်ရုံ၏မျက်နှာထက်၌ မူနွဲ့သောအပြုံးတို့ပြည့်နှက်နေပြီး စကားပြောလိုက်၏။ထို့နောက် သူမ၏လက်ကိုလှမ်းကာ လုံရှန်း၏ ခန္ဓာကိုယ်ကို ထိတွေ့လိုက်သည်။
ဤအချိန်တွင် မိစ္ဆာနတ်ဘုရားလေးပါးမှ အခြားသူသုံးယောက်ကလည်း တစ်ဟုန်ထိုးလာနေပြီဖြစ်သည်။ ၎င်းတို့က သိပ်မဝေးသောနေရာရှိဟင်းလင်းပြင်ထဲ၌ ရပ်တန့်လိုက်ကြပြီး အဲနျန်ရုံနှင့် ရှစ်ဖုန့်တို့ထံသို့ကြည့်လိုက်သည်။ ၎င်းတို့အနေဖြင့် ကြားဖြတ်နှောက်ယှက်ရန်အတွက်သွားခြင်းမရှိပေ။
မိစ္ဆာနတ်ဘုရားလေးပါးဖြစ်သည်နှင့်အညီ ခေါင်းဆောင်ဖြစ်သော အဲနျန်ရုံ၏ စိတ်ကိုသိကြ၏။အကယ်၍သူတို့သာအ ရေးကြီးသောအခိုက်အတန့်၌ သူမအားကြားဖြတ်နှောက်ယှက်ခဲ့လျှင် နောက်ဆက်တွဲဖြစ်လာမည့်အကျိုးဆက်က အလွန်ပြင်းထန်လိမ့်မည်ဖြစ်သည်။
ဤအမျိုးသမီးက အရမ်းကိုညှို့ယူဖမ်းစားနိုင်သော်လည်သူမဒေါသထွက်ချိန်တွင်လွန်စွာကြောက်ဖို့ကောင်းသည်ဖြစ်သည်။
“အဲနျန်ရုံ..ရဲတင်းလိုက်တာ.. ကျုပ်အဖေသာ ခင်ဗျားဒီလိုမျိုးကျုပ်ကိုဆက်ဆံတာကိုသိရင် သေချာပေါက်ခင်ဗျားကိုလွှတ်ပေးမှာမဟုတ်ဘူး”
ဤအချိန်တွင် လုံရှန်းက ဒေါသတကြီးထပ်မံအော်ဟစ်လိုက်သည်။
“အိုး”
လုံရှန်း၏ဒေါသတကြီးအော်ဟစ်သံအားကြားလိုက်ရသောအခါတွင် အဲနျန်ရုံ၏ ၎င်းအားထိမည့်လက်တို့က ရပ်တန့်သွားသည်။ သို့သော် ဤအခိုက်အတန့်တွင် ၎င်းကလုံရှန်း၏ သန်မာသော ရင်အုပ်ပေါ်၌ရပ်တန့်နေပြီး သူမကလုံရှန်းအားသိချင်စိတ်ပြင်းပြသော အမူအယာတစ်ခုနှင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
“မောင်လေး..မမကိုပြောပါအုံး..မင်းအဖေကဘယ်သူလဲ..မမသူ့ကိုသိလားမသိလားသိရတာပေါ့. ဒါကိုမမနဲ့မင်းလုပ်နိုင်တာလည်းဖြစ်သွားနိုင်တာပဲ..ဟီးဟီးဟီး”
“ထွီ”
အဲနျန်ရုံ၏စကားတို့အားကြားပြီးနောက် လုံရှန်းကလွန်စွာဒေါသထွက်စွာဖြင့် အေးစက်စွာအော်ပြောလိုက်သည်။
“ကျုပ်အဖေက ကောင်းကင်နဂါးမျိုးနွယ်စုရဲ့လုံဟိုပဲ”
“ကောင်းကင်နဂါးမျိုးနွယ်စုက လုံဟို”
အဲနျန်ရုံမှာ ဤနမည်အားကြားလိုက်ရသောအခါတွင် သူမ၏ မျက်နှာကရုတ်ခြည်းပြောင်းလဲသွားပြီး အံ့အားသင့်စွာရေရွတ်လိုက်သည်။
“ကောင်းကင်နဂါးမျိုးနွယ်စုက လုံဟိုလား”
ရှစ်ဖုန့်ကလည်းဤနမည်ကိုတီးတိုး ရေရွတ်လိုက်သည်။
ကောင်းကင်နဂါးမျိုးနွယ်စုနှင့် အရှင်သခင်လုံအား ရှစ်ဖုန့်အနေဖြင့် တစ်နေရာရာ၌ကြားဖူးသကဲ့သို့ ခံစားရ၏။
ထို့နောက် ထိုညက ဝတ်ရုံနက်နှင့် သူ ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်အကြောင်းပြောစဉ် ဝတ်ရုံနက်က ဤလူအား ပြောဖူးသည်ကို ရှစ်ဖုန့်လျှင်မြန်စွာမှတ်မိသွားသည်။
ကောင်းကင်နဂါးမျိုးနွယ်စုမှလုံဟိုက ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်တစ်ဦးဖြစ်သည်။
လုံရှန်းအစောပိုင်းကပြောသော နမည်အားကြားပြီးနောက် အဲနျန်ရုံ၏မျက်နှာကအေးစက် သည်ထက်အေးစက်လာသည်။
သူမကလုံရှန်းအားသူမအပေါ် အကြွေး အမြောက်အများတင်နေသည့် သူတစ်ဦးကဲ့သို့ ကြည့်နေသည်။
ဆက်ရန်……..