← Chapters

အခန်း (၁၀၃၀)

Vol. 69 Ch. 1030

အခန်း (၁၀၃၀)

Vol. 69 Ch. 1030

ဘာသာပြန်သူ-ARISE

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၉)

အပိုင်း(၁၀၃၀)

“ကောင်းကင်နဂါးမျိုးနွယ်စုက လုံဟို..ထိပ်တန်းပညာရှင်ဆယ့်နှစ်ယောက်ထဲက အဆင့်လေးချိတ်တဲ့သူ”

အဲနျန်ရုံ၏မျက်နှာက ပို၍ပို၍အေးစက်လာသကဲ့သို့ အေးစက်လွန်းစွာပင် စကားပြောလိုက်သည်။

လုံဟိုနှင့်သူမ၏ကြားထဲ၌ အမုန်းတရားတစ်ခုတကယ်ပဲရှိပုံရ၏။

သို့သော် လုံရှန်းကတော့ ဤအခိုက်အတန့်၌ အဲနျန်ရုံ၏ သတ်ဖြတ်လိုစိတ်နှင့်အေးစက်မှုတို့ကို များစွာအာရုံမစိုက်သကဲ့သို့ ဆက်လက်ဝင့်ကြွားစွာပြောနေသည်။

“ဟုတ်တယ်..ကျုပ်ဖေက ကောင်းကင်နဂါးမျိုးနွယ်စုက ခေါင်းဆောင်ပဲ.. သူက ထိပ်တန်းပညာရှင်ဆယ့်နှစ်ယောက်ထဲက အဆင့်လေးချိတ်တဲ့သူ ခင်ဗျား အဲနျန်ရုံက အဆင့်ဆယ့်တစ်ပဲရှိတာ.. ဟမ့်. ခင်ဗျားအတွက်ဘာကကောင်းလဲဆိုတာကိုသိရင် ကျုပ်ကိုအခုလွှတ်ပေးလိုက်.. မဟုတ်ရင် ကောင်းကင်နဲ့မြေကြီးမရွေးဘဲ ခင်ဗျားသေတဲ့အထိကျုပ်အဖေက ခင်ဗျားကို အမဲလိုက်လိမ့်မယ်”

ဤအချိန်တွင်လုံရှန်း၏ ရင်ဘက်အားထိနေသော အဲနျန်ရုံ၏ ညာလက်က ရုတ်ခြည်းလက်သည်းကုတ်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး လုံရှန်း၏လည်ချောင်းထံဖမ်းဆုပ်လိုက်သည်။

“လုံဟို.. မင်းက သူတောင်းစားလုံဟိုနဲ့အဲ့အပျက်မဆီကနေမွေးလာတဲ့ကောင်ပေါ့.. ကောင်းတယ်.အရမ်းကောင်းတယ်.. ကောင်းကင်ဘုံက မျက်လုံးတွေရှိပြီး မင်းဆိုတဲ့သူတောင်းစားလေးကိုငါ့လက်ထဲကို ကျရောက်လာစေတယ်”

“ဝူး.ဝူး..ဝူး…ဝူး..ဝူး..ဝူး”

အဲနျန်ရုံက သူ၏လည်ပင်းအားဆုပ်ကိုင်ချိန်တွင် လုံရှန်းတစ်ယောက် အသံတစ်ခုထွက်ချင်သောလည်း ရှင်းလင်းသည့်အသံတစ်ခုဖြစ်ပေါ်လာအောင်လုပ်နိုင်စွမ်းမရှိပေ။

သူ့အနေဖြင့်ခုခံတွန်းလှန်ရုန်းကန်ချင်သော်လည်း အဲနျန်ရုံ၏အနီရောင်အခိုးအငွေ့မှ ဆန်းကြယ်သောစွမ်းအားအောက်၌ လုံးဝလှုပ်ရှားနိုင်ခြင်းမရှိချေ။

“ကောင်းပြီ..ခင်ဗျားမှာ လုံဟိုနဲ့ အမုန်းတရားတစ်ခုရှိနေတယ်ဆိုရင်တောင် ဒါက ခင်ဗျားတို့အရင်မျိုးဆက်က ဖြစ်ခဲ့တဲ့အမုန်းတရားတစ်ခုသက်သက်ပဲ.. သူ့ကိုလွှတ်ပေးလိုက်ပါ”

ဤအချိန်တွင် ရှစ်ဖုန့် ဂရုမထားစွာဖြင့်ပြောလိုက်သည်။

ယခုအချိန်အထိရှစ်ဖုန့်က မပြောင်းလဲပဲအေးဆေးတည်ငြိမ်သောအမူအယာကိုဆုပ်ကိုင်ထားပြီး သုံ့ပန်းတစ်ယောက်၏ အသိစိတ်ကဲ့သို့လုံးဝရှိနေခြင်းမရှိပေ။

“မင်း”

ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် အဲနျန်ရုံ၏အေးစက်သောမျက်နှာက ရှစ်ဖုန့်ထံမျက်နှာမူလိုက်ပြီး အေးစက်စွာပြောလိုက်သည်။

ဤအခိုက်အတန့်တွင် ရှစ်ဖုန့်က ဖြည်းဖြည်းချင်းလှည့်လိုက်ပြီး အဲနျန်ရုံ၏မျက်လုံးတို့နှင့်တွေဆုံလိုက်သည်။

ဤအချိန်တွင် အဲနျန်ရုံကရှစ်ဖုန့်အား အေးစက်စွာဖြင့်မုန်းတီးမှုအပြည့်ပြောလိုက်သည်။

“အဲ့အချိန်တုန်းက လုံဟိုက ရူးသွပ်တဲ့အရာကိုလုပ်ခဲ့တာကို မင်းသိလို့လား. အဲ့အပျက်မက ကျေးဇူးကန်းတာကိုရောမင်းသိလား”

“ဒီသခင်လေးသူတို့ကိုမှမသိတာ ဘယ်လိုလုပ်အဲ့တာတွေသိမှာလဲ”

ရှစ်ဖုန့်ကပြောလိုက်သည်။

ထို့နောက်ရှစ်ဖုန့်ကထပ်မံပြောသည်။

“ဒါပေမဲ့ ခင်ဗျားသူတိုကို မုန်းတာကိုဒီသခင်လေးမြင်နိုင်တယ်.. သူ့အဖေငယ်ငယ်တုန်းကခင်ဗျားကို သစ္စာဖောက်ခဲ့တာများဖြစ်နိုင်မလား”

“ဝေါ့”

ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် အဲနျန်ရုံက တိုက်ရိုက်ပျို့အန်သလိုလုပ်လိုက်သည်။

“ဘယ်လောက်ပဲဆိုးနေပါစေ ငါအဲနျန်ရုံက ယောက်ျားတစ်ယောက်ကြောင့်နဲ့ အဲ့လောက်ကျဆင်းသွားမှာမဟုတ်ဘူး. ငါက လုံဟိုကို တိရစ္ဆာန်တစ်ကောင်လိုကြည့်ခဲ့တာ”

ယင်းကစိတ်ပိုင်းဆိုင်ရာအငြင်းပွားမှု မဟုတ်သောကြောင့် အခြားအမုန်းပွားမှုတစ်ခုဖြစ်မည်သာဖြစ်သည်။ သို့သော် အဲနျန်ရုံ၏ရုတ်ခြည်းပြောင်းလဲသွားသည့်ခက်ထန်သည့်အမူအယာနှင့် မုန်းတီးအေးစက်မှုတု့အရ ယင်းက ၎င်းတို့နှစ်ယောက်ကြားထဲ၌ နက်ရှိုင်းသောအမုန်းတရားတစ်ခု ရှိလောက်သည်ဖြစ်၏။

“ခင်ဗျားတို့နှစ်ယောက်ကြားထဲ ဘယ်လိုနက်ရှိုင်းတဲ့အမုန်းတရားတွေရှိလဲဆိုတာကိုဒီသခင်လေးဂရုမစိုက်ဘူး. ခင်ဗျားနဲ့ပဲသူအိပ်ခဲ့ခဲ့ ဒါမှမဟုတ် တစ်ခြားဟာပဲဖြစ်ဖြစ် အရေးမပါဘူး. ဒီသခင်လေးဒီလူကို ခေါ်သွားချင်တယ်”

ဤအချိန်တွင် ရှစ်ဖုန့်၏မျက်နှာကလည်းအေးစက်မှုအဖြစ်ပြောင်းလဲသွားပြီး အဲနျန်ရုံ၏ဖမ်းဆီးမှုကိုခံထားရသော လုံရှန်းကို ထိုးညွှန်ပြလိုက်သည်။

ဤအချိန်တွင်ရှစ်ဖုန့်၏လေသံက အာဏပြသည့်လေသံဖြစ်နေပြီး အမိန့်တစ်ခုပေးနေသည့်နှယ်ဖြစ်သည်။

“မင်း.မင်းကသူ့ကိုခေါ်သွားချင်တာလား”

ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်အားကြည့်နေသောအဲနျန်ရုန်မှာတုန်လှုပ်အံ့အားသင့်သွားသည်။ ထို့နောက်ဤလူငယ်နှင့်ပက်သက်၍ တစ်စုံတစ်ခုမှားယွင်းနေကြောင်း သူမသဘောပေါက်သွား၏။

၎င်းကတကယ်ကြီးလှုပ်ရှားနိုင်နေသည်။

အစောပိုင်းက အဲနျန်ရုံတစ်ယောက် လုံဟို၏နမည်ကိုကြားရချိန် ဒေါသတရားတို့ဖြင့်ပြည့်နှက်နေသောကြောင့် စိတ်လွတ်လုနီးပါးဖြစ်သွားရ၏။ ဤလူက သူမ၏ ဆန်းကြယ်သောစွမ်းအားအောက်၌ တကယ်ကြီးလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်နေပြီး လုံးဝကန့်သတ်မခံထားရသည်ကို သူမသတိမပြုမိခဲ့ချေ။

“မင်း..မင်းကဘယ်သူလဲ”

အဲနျန်ရုံ၏မျက်လုံးတို့က ရှစ်ဖုန့်ထွင်းဖောက်မြင်ချင်သကဲ့သို့ စိုက်ကြည့်နေ၏။

ထို့နောက်အဲနျန်ရုံက ထပ်မံအော်ပြောလိုက်သည်။

“မင်းကအရမ်းငယ်တယ်.. ဖြစ်နိုင်တာမင်းက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုကလူငယ်ရှန့်ဝူလား.. မင်းကမင်းရဲ့အစစ်အမှန်ကျင့်ကြံမှုကို လျှို့ဝှက်ပညာရပ်တစ်ခုသုံးပြီးဖုံးကွယ်ထားတာပဲ.. ငါတောင်မင်းကိုဖြတ်မမြင်နိုင်ဘူး”

“ဘာလို့အဲ့ရှန့်ဝူနဲ့ ဒီသခင်လေးကထပ်ပြီးပက်သက်နေပြန်ရတာလဲ”

ရှစ်ဖုန့်ကပြောလိုက်ပြီးနောက် အေးစက်စွာထပ်မံပြောလိုက်သည်။

“ဒီသခင်လေးကဘယ်သူလဲ.. ပြောပြရင်တောင် ခင်ဗျားသိမှာမဟုတ်ဘူး..အပိုတွေမပြောနဲ့ ခင်ဗျားမသေချင်ဘူးဆိုရင် ဒီသခင်လေးပြောသလိုလုပ်လိုက်”

“ဟမ့်..ငါအဲနျန်ရုံက မင်းကရှန့်ဝူဖြစ်ဖြစ်တစ်ခြားဖြစ်ဖြစ်ဂရုမစိုက်ဘူး. ဒီသူတောင်းစားလေးကငါ့လက်ထဲကျပြီးမှတော့သူ့ကို သတ်ပစ်ရမယ်”

အဲနျန်ရုံကအေးစက်စွာပြောလိုက်သကဲ့သို့ ရုန်းကန်နေသောလုံရှန်း၏လည်ပင်းထက်ရှိလက်သည်းကလည်း ရုတ်ခြည်းလှုပ်ရှားလိုက်သည်။

သို့သော်ဤအခိုက်အတန့်တွင် လုံရှန်း၏ လက်လည်းပေါ်၌ အနက်ရောင်လျှပ်စီးတစ်ခုလင်းလက်လာပြီး ရုတ်ခြည်း ထူးဆန်းသောအနက်ရောင်မိုးကြိုးတစ်ခု ဖျက်ခနဲပေါ်လာ၏။

“အူး”

အဲနျန်ရုံ၏နာကျင်မှုအပြည့်ဖြင့် အော်သံထွက်ပေါ်လာသည်။ အငိုက်မိသွားသောအတွက် အနက်ရောင်မိုးကြိုးကြောင့် တိုက်ရိုက်လှုပ်ခတ်သွားပြီ နောက်သို့ အတင်းအကျပ်ဆုတ်ခွာလိုက်ရသည်။

ရှစ်ဖုန့်ကဤအခိုက်အတန့်ကိုအခွင့်အရေးယူပြီး သူ၏ညာလက်ဖြင့်ရုတ်ခြည်းဆုပ်ယူလိုက်ကာ အန္တရာယ်ထဲမှလွတ်မြောက်လာသော လုံရှန်းအား စုပ်ယူလိုက်သည်။

“မင်း”

အဲနျန်ရုံ၏လက်မှလွတ်မြောက်လာပြီးနောက် လုံရှန်းကသူ၏ကိုယ်အားပြန်လည်း ထိန်းချုပ်နိုင်သွားသည်။ သူ၏လည်ပင်းကိုထိလိုက်ပြီး ရှစ်ဖုန့်ထံကြည့်လိုက်သည်။ အခိုက်အတန့်တစ်ခုအထိတုန်လှုပ်နေသောကြောင့်စကားပြောနိုင်ခြင်းမရှိပေ။

အစောပိုင်း၌သူ၏ခန္ဓာကိုယ်၌ဖြစ်ပျက်သွားမှုကို သူကောင်းစွာသိသည်ဖြစ်သည်။ ဤလူငယ်က သူနှင့်သက်တူရွယ်တူဖြစ်သော်လည်း တကယ်ကြီး သူ့အား အဲနျန်ရုံ၏လက်မှကယ်တင်ခဲ့ကာ သူမအား နောက်သို့အတင်းအကျပ်ဆုပ်ခွာသွားစေသည်။

“ဒါက..”

ဤလူကတကယ်ကြီး သူကဲ့သို့ ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်ဖြစ်ပါ၏လော။

သို့သော်ထို့နောက်တွင် လုံရှန်းက အဲနျန်ရုန်၏ အစောပိုင်းက စကားများကို ထပ်မံ သတိပြုမိလိုက်သည်။ အဲနျရုန်က ဤလူအား တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှရှန့်ဝူ ဟုပြောခဲ့သည်ဖြစ်၏။ သူက ကျင့်ကြံမှုကိုဖုံးကွယ်ထားခြင်းဖြစ်သည်။

“မင်းကတကယ်ကြီး တောင်ပေါ်နတ်ဆရာမျိုးနွယ်စုကရှန့်ဝူလား”

လုံရှန်းကရှစ်ဖုန့်ကိုမေးလိုက်သည်။

“ဒီသခင်လေးဘယ်သူလဲမင်းသိဖို့မလိုဘူး..မင်းအခုသက်ရှင်တာကဒီသခင်လေးကျေးဇူးကြောင့်ပဲ..ဒီသခင်လေးကို မင်းအသက်တစ်ခုအကြွေးတင်သွားပြီ”

ရှစ်ဖုန့်ကပြောလိုက်သည်။

“မင်းဘယ်သူလဲငါဂရုမစိုက်ဘူး. ငါလုံရှန်းက ငါ့အသက်ကိုကယ်ပေးတဲ့ ကျေးဇူးကို သေချာပေါက်မှတ်ထားမှာ”

လုံရှန်းကရှစ်ဖုန့်အား အလေးအမြတ်ပြောခဲ့၏။

“ထုံးထမ်းအစဉ်အလာတွေလုပ်ဖို့မလိုဘူး နောက်ကိုဆုတ်”

ရှစ်ဖုန့်ကလုံရှန်းအား ထပ်မံအော်ပြောလိုက်သည်။သူကလုံရှန်း၏အားဘယ်လက်နှင့်ဖမ်းဆုပ်လိုက်၏။

ဤအချိန်တွင်အတင်းအကျပ်နောက် ဆုတ်သွားရသောအဲနျန်ရုံက တိုက်ခိုက်လိုက်ပြီးဖြစ်သည်။ သူမ၏ညာလက်က လက်သည်းတစ်ခုအသွင်ပြောင်းသွားပြီး ၎င်းက အနီရောင်အခိုးအငွေ့တို့ထူထဲစွာဝန်းရံနေသည်။ သူမကလုံရှန်း၏လည်ပင်းအား ရုတ်ခြည်းဖမ်းဆုပ်လိုက်သည်။ သူမ၏ကိုယ်နေဟန်ထားအရ ဤစွမ်းအားကြီးစွမ်းအားက လုံရှန်း၏ကိုယ်အားတိုက်ရိုက်ထွင်းဖောက်သွားချင်သည့်ပုံပေါ်သည်။

သို့သော်လုံရှန်းအား ဖမ်းဆုပ်ထားသော ရှစ်ဖုန့်ကလုံရှန်းအား နောက်ကျောကိုဆွဲကာ သူ့နောက်သို့ဆွဲယူလိုက်သည်။အဲနျန်ရုံ၏တိုက်ခိုက်မှုက ရုတ်ခြည်းဘာမှမရှိသောလေထုကို ထိမှန်သွားသည်။

“တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက ရှန့်ဝူ.ငါ့ရဲ့ကိစ္စကို ကြားဝင်ရှုပ်ရဲတယ်လား.. မင်းတကယ်သေချင်နေတဲ့ပုံပဲ”

သူမ၏တိုက်ခိုက်မှုလွဲချော်သွားသည်အား တွေ့ရသောအခါတွင် အဲနျန်ရုံက ချက်ချင်း၌ရှစ်ဖုန့်ကို ဒေါသတကြီးအော်ပြောလိုက်သည်။

ထိုလက်သည်းကရှစ်ဖုန့်၏ နှလုံးထံတိုက်ရိုက် ဖမ်းဆုပ်လိုက်၏။

“ဟမ့်”

ရှစ်ဖုန့်ကအေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။သူ၏ညာလက်သီး၌ ပြင်းထန်သောအနက်ရောင်မိုးကြိုးတို့ထွက်ပေါ်လာပြီး ရုတ်ခြည်းအဲနျန်ရုံ၏တိုက်ခိုက်မှုထံသို့ ပေါက်ကွဲထွက်သွားသည်။

“ဘန်း”

ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ပေါက်ကွဲသံတစ်ခုရုတ်ခြည်းထွက်ပေါ်လာသည်။

“အား”

ထို့နောက်ချက်ချင်း အဲနျန်ရုံ၏ပါးစပ်မှ တိုးညှင်းရှိုက်နင်သောအသံတစ်ခု ထွက်ပေါ်လာသည်။သူမ၏ပုံရိပ်က ရှစ်ဖုန့်၏ပြင်းထန်သောအနက်ရောင်မိုးကြိုးလက်သီးကြောင့် တိုက်ရိုက်နောက်သို့လွင့်သွားသည်။

ရှစ်ဖုန့်၏နောက်၌ရပ်နေသောလုံရှန်းမှာ ရှစ်ဖုန့်၏လက်သီးတစ်ခုနှင့် အဲနျန်၌ရုံအား လွင့်ထွက်သွားစေသည်ကို ကြက်သေသေစွာကြည့်နေပြီး ဤလူက တကယ်ကြီးစွမ်းအားကြီးမားလှသည်ကို မြင်တွေ့လိုက်ရသည်။

ထို့နောက်လုံရှန်းက ဖြစ်ပျက်ခဲ့သည်ကို သဘောပေါက်သွားပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။

“မင်းမှာဒီလိုစွမ်းအားမျိုးပိုင်ဆိုင်ထားတာ ဘာလို့ ခုဏကငါ့နောက်ကိုပြေးတော့လိုက်လာတာလဲ”

ဆက်ရန်……

All Chapters