အခန်း (၁၀၃၁)
Vol. 69 Ch. 1031
ဘာသာပြန်သူ-ARISE
ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၉)
အပိုင်း(၁၀၃၁)
“မင်းမှာဒီလိုစွမ်းအားမျိုးရှိနေတာကို ဘာလို့ခုဏကငါ့ကိုထားခဲ့ပြီးထွက်မပြေးတာလဲ”
နောက်မှ လုံရှန်း၏စကားတို့အားကြားရသောအခါတွင် ရှစ်ဖုန့်ကပြောလိုက်သည်။
“ငါမပြေးခဲ့ဘူး. အစကအနေအဆုံးအထိ မင်ပဲငါ့ကို ဆွဲခေါ်ပြီးပြေးလာတာ”
“အင်း..အဲ့လိုဖြစ်ပုံပါပဲ”
ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် တစ်ခုခုမမှန်ကန်ဘူးဟု ခံစားရသော်လည်း လုံရှန်းမှာထိုသို့သာဖြစ်သည်ဟု ခံစားရ၏။ သူကတွေးတွေးဆဆဖြင့်ခေါင်းညိမ့်လိုက်သည်။
သိပ်မဝေးသောနေရာတွင်
ရှစ်ဖုန့်၏လက်သီးချက်ကြောင့်လွင့်ထွက်သွား
သော အဲနျန်ရုံက ရုတ်ခြည်းရပ်တန့်သွားသည်။
“ဝေါ့”
အဲနျန်ရုံရပ်တန့်သွားသောအခါတွင်
သူမ၏နှစ်လိုဖွယ်ကောင်းသောကိုယ်ကတုန်ယင်
လာပြီး လည်ချောင်းဝကပူတက်လာသည်။
သူမက ထိုအရာအား လက်ဖြင့်ဖုံးကာလိုက်၏။
ထို့နောက် သူမ၏လက်ဖဝါးမှ
တောက်ပနီရဲသောသွေးစီးကြောင်းလေး တစ်ခုစီး
ကျလာသည်။
အဲနျန်ရုံကသူမ၏ခေါင်းအားထပ်မံမော့လိုက်၏။
လူငယ်အားကြည့်လိုက်ချိန်တွင်သူမ၏မျက်နှာ
ထက်၌ တုန်လှုပ်မှုတို့ဖြင့်
ပြည့်နှက်နေသည်။
တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ ပါရမီရှင်
ရှန့်ဝူမှာ ထိပ်သီးပညာရှင်ဆယ့်နှစ်ဦးထဲ၌
အဆင့်ဆယ့်နှစ်သာရှိသည်ဖြစ်သည်။
၎င်းက သူမအောက်၌ဖြစ်သော်လည်း
ဤကဲ့သို့စွမ်းအားကြီးမားသည့်တိုက်ခိုက်နိုင်စွမ်း
ရှိနေမည်ဟု သူမမမျှော်လင့်ထားခဲ့ပေ။
ထို့နောက် အဲနျန်ရုံက
သူမ၏ပါးစပ်ကိုဖွင့်ဟလိုက်ပြီး
အေးစက်စွာအော်ပြောလိုက်သည်။
“ရှန့်ဝူဒီနေ့ နင်နဲ့တွေ့တာငါအဲနျန်ရုံအတွက်
ကံဆိုးတာပဲ..ဒီနေ့ကိစ္စမှာငါနင့်ကိုမျက်နှာသာပေး
ပြီးတော့ဒီသူတောင်းစားလေးကို
ခွင့်လွှတ်ပေးလိုက်မယ်”
သူမကစကားပြောနေရင်း
လုံရှန်းထံသို့ထိုးညွှန်ကာ
အံကိုတင်းတင်းကြိတ်ပြီး ထပ်မံပြောလိုက်သည်။
“လုံဟိုနဲ့ အဲ့ခွေးမကနေမွေးလာတဲ့ သူတောင်းစား
နောက်တစ်ကြိမ် ငါနဲ့မတွေ့မိတာပိုကောင်းမယ်..
မဟုတ်ရင်ငါသေချာပေါက် နင့်ကို
မြှုပ်စရာနေရာမရှိအောင်လုပ်ပစ်မယ်”
ဤအချိန်တွင် သိပ်မဝေးသောနေရာ၌ရှိနေသည့်
သုံးယောက်ကလည်းဤနေရာမှအခြေအ
နေကိုသတိပြုမိပြီးဖြစ်ပြီး
အန္တရာယ် ပြုမည့်ပုံစံမျိုးဖြင့်
တစ်ဟုန်ထိုးလာနေ၏။
အဲနျန်ရုံက တစ်ဟုန်ထိုးချဉ်းကပ်လာနေသော
မိစ္ဆာနတ်ဘုရားသုံးပါးကို တစ်ချက်ကြည့်လိုက်ပြီး
အေးစက်စွာအော်ပြော လိုက်သည်။
“သွားစို့”
စကားပြောပြီးနောက် အဲနျန်ရုံက
တစ်ခြားသူများအား ဂရိုစိုက်ခြင်းမရှိတော့ပေ။
သူမက လှည့်လိုက်ပြီး ထွက်သွားချင်နေ၏။
သို့သော် ဤအချိန်တွင် ငယ်ရွယ်ပြီး
စိမ်ပြေနပြေနိုင်သော အသံက
ရုတ်ခြည်းထပ်မံထွက်ပေါ်လာသည်။
“အဘွားကြီး.. ဒီသခင်လေးကသွား
ဖို့သဘောတူလို့လား”
“နင်”
ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက်
အဲနျန်ရုံ၏ကိုယ်က
တုန်ယင်သွားသည်။ ချက်ချင်းပဲလှဉ့်လိုက်ပြီး
ရှစ်ဖုန့်ထံအေးစက်စွာကြည့်လိုက်၏။
သူမကအေးစက်စွာပြောလိုက်သည်။
“နင်..ရှန့်ဝူ.
ငါ့ဆီကတစ်ခြားဘာလိုချင်သေးလို့လဲ”
“ဒီသခင်လေးက နတ်ဘုရားတစ်ပါးမဟုတ်ဘူးလို့
အရင်ထဲကပြောပြီးသား.. ဒီသခင်လေး မင်းကို
သွားဖို့အခွင့်အရေးပေးခဲ့ပေမဲ့
မင်းက မဆင်မခြင်နဲ့ ဒီသခင်လေးကို
မနာမခံလုပ်ခဲ့တယ်.. အခု ဒီသခင်လေးက
မင်းထက်ပိုသန်မာတာကိုမြင်မှ ထွက်သွားချင်
နေတာလား..ဟမ့်..အရမ်းနောက်ကျသွားပြီ”
ရှစ်ဖုန့်နောက်ဆုံးစကားပြောပြီးချိန်တွင်
သူ၏ပုံရိပ်ကဖျက်ခနဲဖြစ်သွားပြီးဖြစ်သည်။
အစောပိုင်းက အဲနျန်ရုံအား
မသေချင်လျှင် လုံရှန်းကိုချပေး
ဖို့ရှစ်ဖုန့်ပြောခဲ့၏။ ထိုအချိန်က ရှစ်ဖုန့်အနေဖြင့်
ဤအမျိုးသမီးအား
သေရမည်ဟု မတွေးထားခဲ့ချေ။
ဤမိန်းမက သူပြောသည့်အတိုင်း
မလုပ်ရုံသာမက ပို၍ပင်ရန်လိုပြီး
လုံရှန်းအားသေသည်အထိ
လည်ပင်းညှစ်ချင်ခဲ့သည်။
လုံရှန်းအားသူကယ်တင်ခဲ့ပြီးသည့်
နောက်၌ပင်သူ့အားတကယ်တိုက်ခိုက်ရဲ၏။
ရှစ်ဖုန့်၏ပုံရိပ်က အဲနျန်ရုံ၏ရှေ့သို့လျှင်မြန်စွာ
ဖျက်ခနဲရောက်ရှိသွားသည်။ပြင်းထန်သောအနက်
ရောင်မိုးကြိုးတို့ပေါက်ကွဲ
ထွက်ပေါ်နေသောသူ၏ ညာလက်က
နောက်တစ်ကြိမ်အမျိုးသမီး
ထံသို့ဝင်ရောက်သွားသည်။
“နင်သိပ်လွန်သွားပြီ.. ငါဒီနေ့နင့်ကိုမျက်နှသာ
ပေးမယ်လို့ပြောခဲ့ပေမဲ့ နင်က
အရမ်းကိုရန်လိုနေသေးတယ်..ငါကလွယ်လွယ်
လေးအနိုင်ကျင့်လို့ရမယ်လို့ထင်နေတာလား”
ရှစ်ဖုန့်၏လက်သီးချက်အား
မြင်တွေ့ရသောအခါတွင်
အဲနျန်ရုံကဒေါသတကြီးအော်ဟစ်လိုက်သည်။
ထို့နောက် ချက်ချင်း သူမ
၏လက်တို့အား ဆီးလ်တစ်ခုအဖြစ်ပုံဖော်လိုက်ပြီး သူမ၏တစ်ကိုယ်လုံး၌ အနီရောင်အခိုးအငွေ့တို့ ထပ်မံပျံ့နှံ့လာသည်။
သူရှိနေသာကမ္ဘာကရုတ်ခြည်း ပြောင်းလဲသွားသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။ ခြစ်ခြစ်တောက်ပူပြင်းသောနေကိုးစင်း ကုန်း
မြေမှ ရုတ်ခြည်း အနီရောင်အခိုးအငွေ့တို့ဖြင့်ပြည့်နေသော ကမ္ဘာငယ်လေးတစ်ခုအဖြစ်ပြောင်းလဲသွားကာ နွေးထွေးသက်တောင့်သက်သာရှိသော ခံစားချက်တစ်ခုကို ပင် ပေးစွမ်းနေ၏။
“လာပါ..လေလေ”
“လာပါ..တို့မင်းကိုစောင့်နေတာ တော်တော်ကြာနေပြီ”
“လာခဲ့ပါ”
ဤအချိန်တွင် အမျိုးသမီးတစ်ဦး၏ မောပန်းညည်းညူသည့်အသံတစ်ခုက ရှစ်ဖုန့်၏ ဘက်ပေါင်းစုံဝန်းကျင်မှထွက်ပေါ်လာသည်။
ရုတ်ခြည်း ဘက်ပေါင်းစုံမှ ရှစ်ဖုန့်ထံသို့ ကာမစိတ်ကိုလွန်ကဲစေသည့် ရနံ့တစ်ခုက ညင်သာစွာလွင့်ပျံလာသည်။ အနီရောင် အခိုးအငွေ့ထဲတွင် ညှို့ယူဖမ်းစားနိုင်သောအမျိုးသမီးတို့၏ အဝတ်မဲ့ခန္ဓာကိုယ်များက ခပ်ရေးရေးထွက်ပေါ်လာသည်။ ၎င်းက အရမ်းကို ဆွဲဆောင်မှုရှိလှသည်ဖြစ်၏။
၎င်းတို့ကရှစ်ဖုန့်၏ရောက်ရှိလာမှုကို စောင့်ဆိုင်းနေပြီး ရှစ်ဖုန့်၏အခွင့်အရေးပေးမှုကို အလွန်အမင်းလိုလားတောင့်တနေပုံပေါ်၏။
“ဟမ့်”
ရှစ်ဖုန့်ကဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီးအေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ သူက အထင်သေးမှုအပြည့်ဖြင့်အော်ပြောလိုက်၏။
“အဆင့်နိမ့်ပုံရိပ်ယောင်လေးနဲ့ ဒီသခင်လေးကို ညှို့ယူချင်တာလား. ဒီသခင်လေးချိုးဖျက်ပစ်မယ်”
ဤအဲနျန်ရုံက ရှစ်ဖုန့်အားသူမအနေဖြင့် ခွန်အားအရာ၌ မယှဉ်ပြိုင်နိုင်သည်ကိုသိပုံရပြီး နောက်ထပ်နည်းလမ်းတစ်ခုကိုအသုံးပြုခဲ့ခြင်းဖြစ်သည်။ သို့သော် စိတ်ဓာတ်ခိုင်မာပြတ်သားသောရှစ်ဖုန့်အနေဖြင့်မည်ကဲ့သို့ သူမ၏ပုံရိပ်ယောင်အောက်၌ ညှို့ယူခံရမည်နည်း။
ရှစ်ဖုန့်၏နောက်ဆုံး “ချိုးဖျက်စမ်း” ဟူသည့်စကားပြီးသောအခါတွင် အနီရောင်အခိုးအငွေ့တို့နှင့်ပြည့်နေသည့်ကမ္ဘာက သဲလွန်စမကျန်အောင်ရုတ်ခြည်း ပျောက်ကွယ်သွားပြီးခြစ်ခြစ်တောက်ပူပြင်းသောကမ္ဘာအဖြစ်ပြန်လည်ပြောင်းလဲသွားသည်။
“ဝေါ့”
ဤအချိန်တွင် ရှစ်ဖုန့်၏ရှေ့၌ရှိနေသော အဲနျန်ရုံမှာ ရှစ်ဖုန့်ကြောင့် သူမ၏ပုံရိပ်ယောင်လှည့်စားမှု ကျိုးပျက်သွားသည့်အတွက် တန်ပြန်သက်ရောက်မှုကိုခံစားလိုက်ရသည်။ သူမ၏ပါးစပ်မှ ပါးစပ်အပြည့်သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး သူမ၏ မျက်နှာက ရုတ်ခြည်းပုံမှန်မဟုတ်အောင်ဖြူဖျော့သွားသည်။
“ဟမ့်..ခွေးမ ငရဲကိုသွားစမ်း”
ရှစ်ဖုန့်ကအေးစက်စွာအော်ပြောလိုက်ပြီး အဲနျန်ရုံအား ပြင်းထန်သောအနက်ရောင်မိုးကြိုးလက်သီးဖြင့် ဆက်လက်ထိုးနှက်လိုက်သည်။
ဤအခိုက်အတန့်တွင် အဲနျန်ရုံမှာလွန်စွာအားနည်းသည့်ပုံပေါ်နေသည်။ ယခုကိုထားအုံး သူမအထွတ်အထိပ်ရှိနေသည့်အချိန်၌ပင် ရှစ်ဖုန့်အားမယှဉ်ပြိုင်နိုင်ခဲ့ပေ။
“အား.မဟုတ်ဘူး”
အဲနျန်ရုံ၏မျက်လုံးတို့က ပြူးကျယ်သွားသည်။ သူမထံသို့ပေါက်ကွဲဦးတည်လာနေသည့်ပြင်းထန်သောလက်သီးအားကြည့်ကာ စူးစူးဝါးဝါးအော်ဟစ်လိုက်၏။
“ဘန်း”
ထို့နောက်ချက်ချင်း ရှစ်ဖုန့်၏အညှာအတာကင်းမဲ့သောလက်သီးက အမျိုးသမီး၏နှလုံးအားတိုက်ရိုက် ချေမွပစ်လိုက်ပြီး သူမ၏ကိုယ်ကိုတိုက်ရိုက်ထွင်းဖောက်သွားသည်။
“နင်..နင်..နင်..နင်”
သူမ၏ ဆွဲဆောင်မှုရှိနေသာကိုယ်၌ နာကျင်မှု၊ထိတ်လန့်မှုတို့ဖြင့်ပြည့်နှက်နေသည်။ အဲနျန်ရုံက ရှစ်ဖုန့်အားပြူးကျယ်သောမျက်လုံးတို့ဖြင့် စိုက်ကြည့်နေပြီး ယနေ့ဤအခြေအနေသို့သူမကျရောက်ရသည်ကို မယုံနိုင်သကဲ့သို့ဖြစ်နေသည်။
မူလကအရာအားလုံးက အဆင်ပြေချောမွေ့နေသည်ဖြစ်သည်။ မူလက သူမနှင့်ကစားရန်ရုပ်ရည်ချောမောသော လူငယ်ကိုဖမ်းဆီးချင်ခဲ့သော်လည်း……
အဲနျန်ရုံအနေဖြင့်သူမသေရလိမ့်မည်ဟုတော့လုံးဝတွေးခဲ့ခြင်းမရှိပေ။
ဖြည်းဖြည်းချင်း အဲနျန်ရုံ၏မျက်ဝန်းတို့မှကြည်လင်သော မျက်ရည်တို့စီးကျလာပြီး သူမ၏မျက်နှာထက်၌ဝမ်းနည်းကြေကွဲသောအမူအယာတစ်ခုဖြစ်ပေါ်လာသည်။
“ဒီ..ဒီလိုနဲ့ ငါကသေတော့မှာပေါ့.ငါက ဒီသွေးကြွေးကို တာဝန်ယူထမ်းပိုးထားရတာလေ”
“လုံဟိုနဲ့ ဟွာယန်”
အဲနျန်ရုံက ထိုနမည်တို့ကို ခက်ထန်စွာရေရွတ်လိုက်သည်။ သူမ၏စိတ်ထဲ၌ဖြစ်ရပ်များက လျှပ်စီးကဲ့သို့ ဖျက်ခနဲဖြစ်ပေါ်လာသည်။
ထိုနှစ်က သူက ဆယ့်ခြောက်နှစ်အရွယ် မိန်းမငယ်လေးတစ်ဦးဖြစ်သ်။ သူမစမ်းချောင်း၌ကစားနေခဲ့ပြီး သွေးများဖုံးလွှမ်းနေသည့် လွန်စွာ ထိခိုက်ဒဏ်ရာရထားသော အမျိုးသမီးတစ်ဦးကိုကယ်တင်ခဲ့၏။
သူမကထိုအမျိုးသမီးအားရွာသို့ သယ်သွားခဲ့သည်။ သိပ်မကြာခင် အမျိုးသမီး၏ယောက်ျားဆိုသူက နေဥရာကိုရှာတွေ့ခဲ့သည်။
ရွာ၏ခေါင်းဆောင်ကြီးက အမျိုးသမီးမှာ ပြင်းထန်သောဒဏ်ရာရထားသည်ကိုသိပြီး အမျိုးသမီးအားကုသပေးရန်အတွက် မျိုးဆက်အဆက်ဆက်လက်ဆင့်ကမ်းအမွေပေးလာခဲ့သော အမွေအနှစ်ပစ္စည်းကို ထုတ်ကာ ၎င်း၏စွမ်းအားကိုအသုံးပြုခဲ့သည်။
သို့သော် အမျိုးသမီးနှင့် သူမ၏ယောက်ျားတို့က ဘိုးဘွားပိုင်ပစ္စည်းအား မတရားလိုချင်တပ်မက်ခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
၎င်းတို့အနေဖြင့်မည်သို့ကျေးဇူး တင်ရမည်ကိုမသိရုံသာမက အစာကျွေးသောလက်ကိုပင်ပြန်ကိုက်ခဲ့၏။ ညရောက်သောအခါ ထိုအမျိုးသားက ရွာအတွင်း အဆိပ်ငွေ့တို့ကို တိတ်တဆိတ်ထုတ်လွှတ်ခဲ့သည်။
လူပေါင်းသုံးရာနှစ်ဆယ့်နှစ်ယောက် ရွာ၏အသက်ပေါင်းသုံးရာနှစ်ဆယ့်နှစ်ခု ၎င်းတို့ကြားထဲ၌ ဒါဇင်နှင့်ချီသော သက်ကြီးရွယ်အိုများ၊ လူငယ်များ၊အမျိုးသမီးများနှင့်ကလေးများပါဝင်သည်။ ညလယ်ရောက်သောအခါတွင်၎င်းတို့က အဆိပ်မိနေသောကြောင့် အားနည်းပြီး အစွမ်းမဲ့လာခဲ့ကြသည်။ ၎င်းတို့မှာ ထိုလူ၏ရက်ရက်စက်စက်သတ်ဖြတ်မှုကိုခံခဲ့ရ၏။
သူမက ထိုခွေးမအား စမ်းချောင်း၌ကယ်တင်ခဲ့သော်လည်း သူမကြောင့်တစ်ရွာလုံးကို သေစေသည်အထိဖြစ်စေခဲ့သည်။
သူမကအပြစ်သားတစ်ယောက်သာဖြစ်၏။
ဆက်ရန်………