← Chapters

အခန်း (၁၀၃၂)

Vol. 69 Ch. 1032

အခန်း (၁၀၃၂)

Vol. 69 Ch. 1032

ဘာသာပြန်သူ-ARISE

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၉)

အပိုင်း(၁၀၃၂)

အတိတ်ကဝမ်းနည်းကြေကွဲဖယ်ရာများက အဲနျန်ရုံ၏ စိတ်ထဲ၌ ဆက်တိုက်ဖြစ်ပေါ်နေသည်။

သို့‌သော် ဤအရာအားလုံးက ရှစ်ဖုန့်နှင့်ဘာတစ်ခုမှမသက်ဆိုင်ပေ။ ရှစ်ဖုန့်အတွက် ဤအမျိုးသမီးကရန်သူတစ်ယောက်သာဖြစ်သည်။ သူမကသူ့အားသတ်ချင်သောကြောင့် သူကလည်း သူမအား သတ်ခဲ့ခြင်းဖြစ်သည်။ ယင်းရိုးရှင်းသည်ဖြစ်၏။

ထို့နောက်ချက်ချင်း ရှစ်ဖုန့်၏ပြင်းထန်သောအနက်ရောင် မိုးကြိုးတို့အောက်၌ အဲနျန်ရုံမှာ ရုတ်ခြည်းအပိုင်းပိုင်းအစစပေါက်ကွဲထွက်သွားသည်။ မကြာခင် ကြယ်နှစ်ပွင့်နတ်ဘုရား တစ်ပိုင်းနယ်ပယ်တစ်ဦး၏ သေခြင်းစွမ်းအား၊ဝိညာဉ်စွမ်းအားနှင့် သွေးတို့က ရှစ်ဖုန့်၏ဝါးမျိုခြင်းခံလိုက်ရသည်။

မြေရိုင်းဒေသကြီး၏ ထိပ်သီးပညာရှင်ဆယ့်နှစ်ဦးကြားထဲ၌ အဆင့်ဆယ့်တစ်ချိတ်သော ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် အဲနျန်ရုံတစ်ယောက် ကျဆုံးသွားပြီဖြစ်သည်။

“ခေါင်းဆောင်”

“ခေါင်းဆောင်”

“ခေါင်းဆောင်”

ဤအချိန်တွင် ကောင်းကင်ထဲ၌ ဝမ်းနည်းကြေကွဲဖွယ် အော်သံသုံးခုထွက်ပေါ်လာသည်။ ဤဝမ်းနည်းကြေကွဲနေသော အော်သံက မိစ္ဆာနတ်ဘုရားသုံးပါး၏ ပါးစပ်မှထွက်လာခြင်းဖြစ်သည်။

သို့သော် မိစ္ဆာနတ်ဘုရားသုံးပါးက ဝမ်းနည်းစွာအော်ဟစ်ပြီးနောက် အောက်ဘက်ရှိရှစ်ဖုန့်ထံသို့ တိုက်ခိုက်ပြီး ခေါင်းဆောင်အဲနျန်ရုံအတွက်လက်စားချေရန် တစ်ဟုန်ထိုးမလာခဲ့ပေ။

၎င်းတို၏ပုံရိပ်များက ရုတ်ခြည်းဖျက်ခနဲဖြစ်သွားသည်။ ၎င်းတို့၏အသက်အတွက်တကယ်ကြီး ထွက်ပြေးသွားခြင်းဖြစ်၏။

သို့သော် ဤသို့ပြေးသည်သာ ပုံမှန်သာဖြစ်သည်။သူတို့ကိုအသာထား ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် အဲနျန်ရုံပင် ဤထူးခြားသော လူငယ်၏လက်ထဲ၌သေဆုံးခဲ့သည်ဖြစ်သည်။သူတို့သာ အဲနျန်ရုံအတွက် တကယ်လက်စားချေလိုခဲ့လျှင် ယင်းက သူတို့သေချင်နေလို့သာဖြစ်၏။

“ဒီမိစ္ဆာနတ်ဘုရားလေးပါးက မကောင်းမှုမျိုးစုံကိုလုပ်ခဲ့တယ်.. သူတို့ရဲ့လက်ထဲမှာ အပြစ်မဲ့တဲ့သူဘယ်လောက်တောင်သေခဲ့လဲဆိုတာကို ဘယ်သူသိနိုင်မှာလဲ.. ညီအကို ..သူတို့ကို ထွက်ပြေးခွင့်မပြုနဲ့.. ငါတို့ရဲ့မြေရိုင်းဒေသကြီးအတွက်ဒီယုတ်မာတဲ့ကောင်တွေကိုဖယ်ရှားဖို့သတ်ပစ်ရအောင်”

ဤအချိန်တွင် မိစ္ဆာနတ်ဘုရားသုံးပါးထွက်ပြေးတော့မည်အားမြင်တွေ့ရသောအခါတွင် လုံရှန်းက စိုးရိမ်တကြီးအော်ပြောလိုက်သည်။

လုံရှန်း၏ ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး မိစ္ဆာနတ်ဘုရားလေးပါးထဲမှ တစ်ဦးထဲနောက်သို့လိုက်လိုက်၏။

“ဟင်းလင်းပြင်သတ်ဖြတ်ခြင်းဓား”

မိစ္ဆာနတ်ဘုရားသုံးပါးမှာ ရှစ်ဖုန့်၏ဝိညာဉ်စွမ်းအားဖြင့် ထောက်လှမ်းထားပြီးသည်မှာကြာပြီဖြစ်၏။ လုံရှန်းကအနက်ရောင်သံမဏိမျက်နှာဖုံးနှင့်လူနောက်သို့လိုက်ဖမ်းသည်အားတွေ့ရသောအခါတွင် ရှစ်ဖုန့်ကလက်နှစ်ဖက်လုံးအားဓားလက်ချောင်းအသွင်ပြုလုပ်လိုက်သည်။ မလှမ်းမကမ်ရှိဟင်းလင်းပြင်ထဲတွင် သွေးနီရောင်မီးတောက်တို့တောက်လောင်နေသော ဧရာမဓားကြီးနှစ်လက်က ရုတ်ခြည်းပေါ်လာသည်။

ထို့နောက်ချက်ချင်း သွေးနီရောင်မီးတောက်ဓားနှစ်လက်က တစ်ချိန်တည်းပြိုင်တူခုတ်ပိုင်းချလိုက်သည်။

“မဟုတ်ဘူး”

“ငါ့ကိုမသတ်ပါနဲ့”

မလှမ်းမကမ်းမှ ကျယ်လောင်သောအော်ဟစ်သံနှစ်ခု ချက်ချင်းထွက်ပေါ်လာသည်။ သွေးနီရောင်မီးတောက်ဓားနှစ်လက်၏အောက်၌ ပုံရိပ်နှစ်ခုပေါ်လာ၏။ ယင်းက တုတ်ခိုင်သန်မာကြမ်းတမ်းခက်ထန်သော ဝံပုလွေသွားရိုက်တံကိုကိုင်ထားသည့် လူဖြစ်သည်။

အရပ်ပုပု၊အကြံပက်စက်သောမျက်နှာပေါက်နှင့် နှုတ်ခမ်းထူထူ မျောက်မေးစေ့ကို ပိုင်ဆိုင်ထားပြီး လက်ထဲ၌အနက်ရောင်အရိုးကိုကိုင်ထားသော လူလည်းရှိသေး၏။

၎င်းတို့ထံသို့ပျံသန်းသွားသော ဧရာမမီးတောက်ဓားကြီးနှစ်လက်ထံမှ သူတို့အားလွှမ်းခြုံလာသည့် ခုခံခြင်းငှာတက်နိုင်စွမ်းမရှိသောစွမ်းအားကို အာရုံခံမိကြပြီးဖြစ်သည်။

ဧရာမသွေးနီရောင်မီးတောက်ဓားကြီးက ချက်ချင်းရောက်ရှိလာသည်။

ဝံပုလွေအစွယ်ပတ်တုတ်ကိုကိုင်ထားသော လူထံမှ အနက်ရောင်အရိပ်တစ်ခုထိုးထွက်လာပြီး ဧရာမဝံပုလွေကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။

အနက်ရောင်အရိုးယပ်တောင်ကိုကိုင်ထားသော က ယပ်တောင်အတွင်းသို့သူ၏ကိုယ်အတွင်းမှ စွမ်းအားများကို စုစည်းလိုက်ပြီး ကျဆင်းလာသော မီးတောက်ဓားကြီးထံသို့ ထိုးသွင်းလိုက်သည်။

သို့သော် မည်မျှပင် ၎င်းတို့နှစ်ယောက်ကြမ်းကြုတ်ခက်ထန်သောစွမ်းအားတို့ကိုစုစည်းပါစေ ၎င်းတို့က ချက်ချင်း သွေးနီရောင်မီးတောက်ဓား၏ဝါးမျိုခြင်းကိုခံလိုက်ရသည်။

၎င်းတို့အားလံဒးက ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တွေကြီးဆိုလျှင်တောင် ရှစ်ဖုန့်အားယှဉ်ပြိုင်နိုင်ခြင်းမရှိကြပေ။

သွေးနီရောင်မီးတောက်ဓားကြီးနှစ်လက်က လျှင်မြန်စွာမှေးမှိန်ပျောက်ကွယ်သွားသည်။ သွေးနီရောင်မီးတောက်ဓားတို့ကြောင့် ထိုလူနှစ်ယောက်က လုံးဝဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ လေထဲ၌ သွေးအိုင်နှစ်ခုသာကျန်ရစ်ခဲ့ပြီး ရှစ်ဖုန့်ထံသို့ဦးတည်သွား၏။

“ဂါး”

ရုတ်ခြည်း ရှေ့မှ နဂါးအော်သံတစ်ခုကိုရှစ်ဖုန့်ကြားလိုက်ရသည်။

လုံရှန်းက အနက်ရောင်သံမဏိမျက်နှာဖုံးနှင့်လူကိုမှီသွားပြီး နှစ်ယောက်သားပြင်းထန်စွာတိုက်ခိုက်နေသည်။

လုံရှန်း၏ကိုယ်မှထွက်ပေါ်လာသည့် စိမ်းပြာရောင်နဂါးတစ်ကောင်ကိုရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။ နဂါးအရိပ်နှင့်လုံရှန်းတို့မှာ သွေးကြောင့်ဆက်နွယ်နေပုံရ၏။

“အစစ်အမှန်နဂါးရဲ့မျိုးဆက်သွေး.. ကောင်းကင်နဂါးမျိုးနွယ်စုက အစစ်အမှန်နဂါးရဲ့ဆင်းသက်လာသူတွေပဲ”

လုံရှန်းနှင့် စိမ်းပြာရာင်နဂါးရိပ်တို့အားကြည့်၍ ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။

ဤအခိုက်အတန့်တွင် လုံရှန်းက ပြင်းထန်သောလက်သီးတို့ကို အနက်ရောင်သံမဏိမျက်နှာဖုံး လူထံသို့တစ်လုံးပြီးတစ်လုံးပစ်သွင်းနေသည်။

အနက်ရောင်သံမဏိမျက်နှာဖုံးအားဝတ်ဆင်ထားသည့်လူကလည်း ကြီးမားသောစွမ်းအားတို့ကို အဆက်မပြတ်ထုတ်ဖော်နေပြီး လက်တွေရောခြေတွေပါအသုံးပြုနေ၏။ သူ၏လက်သီးရိပ်နှင့်ခြေထောက်ရိပ်တို့က လုံရှန်း၏ တိုက်ခိုက်မှုတို့နှင့် ဆက်တိုက်ထိပ်တိုက်တွေ့နေသည်။

“ဘန်း.ဘန်း..ဘန်း.ဘန်း.ဘန်း”

တစ်ဖက်နှစ်တစ်ဖက်ပစ်ဆောင့်ကြပြီး ကျယ်လောင်သောပေါက်ကွဲသံတို့ကို ဖြစ်ပေါ်စေသည်။

နှစ်ယောက်သားမှာတစ်ဖက်နှစ်တစ်ဖက် လက်ရည်တူနေပုံရ၏။

“ဟ”

ဤအခိုက်အတန့်တွင်လုံရှန်းက ရုတ်ခြည်းကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ရုတ်ခြည်းပေါ်လာသောစိမ်းပြာရောင်နဂါးပုံရိပ်က ဆန်းကြယ်သော နဂါးစွမ်းအားတစ်ခုကိုထုတ်လွှတ်ကာ လုံရှန်း၏ကိုယ်သို့ စီးဆင်းသွားစေ၏။

“အမ်”

စိမ်းပြာရောင်နဂါးရိပ်မှ လုံရှန်း၏ကိုယ်သို့စီးဆင်းနေသော နဂါးစွမ်းအားအားအာရုံခံရင်း ရှစ်ဖုန့်အံ့အားသင့်သွားရသည်။

ဤအချိန်တွင် အနက်ရောင်သံမဏိမျက်နှာဖုံးကို ဝတ်ဆင်ထားသော လူက သူ၏ခြေထောက်ကိုကန်ထုတ်ကာ သူ့ကိုယ်ကို ရုတ်ခြည်း တစ်ဟုန်ထိုးလည်ပတ်စေလိုက်၏။ သူ၏တစ်ကိုယ်လုံးက ရုတ်ခြည်း ပြင်းထန်သော လေမုန်တိုင်းတစ်ခုအဖြစ်ပြောင်းလဲသွားကာ ကုန်းမြေအားကူးလူးဖြတ်သန်းသွားသည်။

ပြင်းထန်သောမုန်တိုင်းက လုံရှန်းထံပြင်းထန်စွာဦးတည်နေပြီး ယင်းက လုံရှန်းအားလုံးဝဝါးမျိုပစ်ချင်ပုံရသည်။

“ဖျက်ဆီးခြင်းနဂါးလက်သီး”

သို့သော် ဤအခိုက်အတန့်တွင် လုံရှန်းက နောက်တစ်ကြိမ်ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး လက်သီးတစ်လုံးကိုမုန်တိုင်းထံပစ်သွင်းလိုက်သည်။

လုံရှန်း၏ကိုယ်မှ ရှေးဟောင်းအစစ်အမှန်နဂါး၏ အော်ရာတစ်ခုက ခပ်ရေးရေး ထွက်ပေါ်လာသည်။

“ဝုန်း”

ဖော်ပြခြင်းငှာမစွမ်းသာသည့် ပြင်းထန်သော ပေါက်ကွဲမြည်ဟိန်းသံတစ်ခုက ကောင်းကင်ထဲ၌ဖြစ်ပေါ်လာသည်။ လုံရှန်း၏လက်သီးချက်အောက်၌ ထိန်းသိမ်းမရနိုင်သောမုန်တိုင်းကြီးက ပျောက်ကွယ်သွားသည်ကိုရှစ်ဖုန့်မြင်တွေ့ရ၏။

မုန်တိုင်းပျောက်ကွယ်သွားသောအခါတွင် အနက်ရောင်သံမဏိမျက်နှာဖုံးအားဝတ်ဆင်ထားသူ ပေါ်လာသည်။သို့သော် ၎င်းမှာ လွန်စွာ စုတ်ပြတ်သက်နေ၏။ ၎င်း၏အဝတ်များကစုတ်ပြဲနေကာ ခန္ဓာကိုယ်၌ ဒဏ်ရာများနှင့်သွေးများဖုံးလွှမ်းနေသည်။

“ဘန်း”

၎င်း၏မျက်နှာထက်ရှိ အနက်ရောင်သံမဏိမျက်နှာဖုံးက ရုတ်ခြည်းအပိုင်းပိုင်းပေါက်ကွဲသွားသည်။

၎င်းက တကယ်ကြီးအသွေးအသားမရှိသောမျက်နှာတစ်ခုထွက်ပေါ်လာခြင်းဖြစ်၏။ ယင်းမှာ အရိုးခေါင်းတစ်ခုကဲ့သို့ဖြစ်ပြီး လွန်စွာထိတ်လန့်တုန်လှုပ်ကြောက်ရွံ့ဖို့ကောင်းသည်ဖြစ်သည်။

ဤလူအားကြည့်ရင်း လုံရှန်းက ဒေါသတကြီးထပ်မံအော်ပြောလိုက်၏။

“ကူးရှား.. မင်းကမကောင်းတဲ့အရာတွေအများ ကြီးလုပ်ခဲ့တယ်..ငါလုံရှန်း မင်းကိုဒီမြေရိုင်းဒေသကြီးအတွက် ရှင်းလင်းပစ်မယ်”

အော်ဟစ်လိုက်သကဲ့သို့ ကူးရှား၏ကိုယ်က လုံရှန်း၏အော်ရာအောက်၌ အလိုအလျောက် နောက်ဆုတ်သွားသည်။ သို့သော် သူ၏ကိုယ်ကလွန်စွာမတည်မငြိမ်ဖြစ်နေပြီး ကောင်းကင်ထဲမှပြုတ်ကျတော့မည့်နှယ်ဖြစ်နေ၏။

လုံရှန်းက ၎င်းနောက်သို့လိုက်ကာ ကူးရှားဟုခေါ်သောလူထံ နောက်ထပ်လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။ လက်သီးက ရင်ဘက်ပေါ်သို့ကျရောက်သွားပြီး ရုတ်ခြည်းသတ်ဖြတ်ခံလိုက်ရသည်။

ကူးရှား၏ကိုယ်က အောက်ဘက်ရှိခြစ်ခြစ်တောက်ပူသော မြေပြင်ပေါ်သို့ တစ်ဟုန်ထိုးပြုတ်ကျသွား၏။

ဤအချိန်တွင် ကူးရှား၏အရိုးခေါင်းရှိဒွာရငါးပေါက်မှ သွေးတန်းငါးခု ရုတ်ခြည်းထွက်လာသည်ကိုလုံရှန်းမြင်တွေ့လိုက်ရသည်။

သွေးတန်းငါးခုက တစ်ဟုန်ထိုးထွက်လာသကဲ့သို့ ကူးရှား၏ကိုယ်က လည်း တစ်ဟုန်ထိုး ရှုံ့တွသွားသည်။

လုံရှန်း၏အကြည့်က သွေးတန်းငါးခုနောက်သို့လိုက်ပါပြီးလှည့်ကြည့်လိုက်သည်။ မကြာခင် သွေးတန်းငါးခုကရှစ်ဖုန့်ထံသို့ ဝင်ရောက်သွားသည်ကို တွေ့လိုက်ရ၏။

ဤမြင်ကွင်းအားတွေ့ရသောအခါ လုံရှန်း၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး ဟင်းလင်းပြင်ထဲမှပျောက်ကွယ်သွား၏။

ရှစ်ဖုန့်က ဘယ်လက်ငါးချောင်းကိုဖွင့်လိုက်ပြီး သူထံသို့လာနေသောသွေးတန်းငါးခုကိုထိမှန်စေလိုက်ကာ ၎င်းတို့ကို စုပ်ယူလိုက်သည်။

ထို့နောက်ချက်ချင်း ပုံရိပ်တစ်ခုက ရှစ်ဖုန့်၏ရှေ့၌ပေါ်လာသည်။၎င်းက လုံရှန်းဖြစ်ပြီး သွေးတို့အားစုပ်ယူနေသည့် လုံရှန်း၏ ဘယ်လက်အား ကြည့်ကာပြောလိုက်သည်။

“မင်းကသွေးတွေဝါးမျိုနေတာပဲ. မင်းက ဒီလို မကောင်းတဲ့ ကျင့်ကြံနည်းကို ကျင့်ကြံခဲ့ပြီး တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက ရှန့်ဝူမဟုတ်ဘူးလို့ပြောရဲသေးတယ်”

“အိုး.. ဒီသခင်လေးကသွေးတွေကိုဝါးမျိုတာနဲ့ပဲ တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက ရှန့်ဝူဖြစ်သွားရောလား”

ရှစ်ဖုန့်က လုံရှန်းကိုမေးလိုက်သည်။

ဤအချိန်တွင်ကူးရှား၏ ကိုယ်အတွင်းရှိသွေးတို့က ရှစ်ဖုန့်၏လုံးဝဝါးမျိုခြင်းကိုခံလိုက်ရပြီး အကွာအဝေးတစ်ခုအတွင်းရှိ ခြစ်ခြစ်တောက်ပူသော မြေပြင်ထက်၌ ခြောက်သွေ့သောအလောင်းတစ်ခု အဖြစ်ပြောင်းလဲသွားသည်။

ဆက်ရန်…….

All Chapters