← Chapters

အခန်း (၁၀၃၃)

Vol. 69 Ch. 1033

အခန်း (၁၀၃၃)

Vol. 69 Ch. 1033

ဘာသာပြန်သူ-ARISE

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၉)

အပိုင်း(၁၀၃၃)

“ဒီသခင်လေးကသွေးတွေကို ဝါးမျိုတာနဲ့ပဲ တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက ရှန့်ဝူဖြစ်သွားရောလား”

ရှစ်ဖုန့်၏မေးခွန်းအားရင်ဆိုင်ရရာတွင် လုံရှန်းက ဖြစ်ကိုဖြစ်ရမည့် ကိစ္စတစ်ခုကဲ့သို့ ပြုမူပြီးပြောလိုက်သည်။

“မင်းတို့တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှာပဲ ဒီလို ယုတ်ညံ့တဲ့ သွေးစုပ်ပညာရပ်မျိုးရှိတာ.. ပြီးတော့ မင်းတို့တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှာပဲဖြစ်ဖြစ် ဒါမှမဟုတ် ငါတို့ရဲ့မြေရိုင်းဒေသကြီးမှာပဲဖြစ်ဖြစ် ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဖြစ်တဲ့မင်းရှန့်ဝူ တစ်ယောက်တည်းကပဲ ဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကြယ်နှစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦးကိုသတ်နိုင်တာလေ”

“ဒီသခင်လေးရဲ့နယ်ပယ်က ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်မဟုတ်ဘူး. ဒီသခင်လေးက မင်းလိုပဲ ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ပဲ”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

လုံရှန်းက လုံးဝယုံကြည်ခြင်းမရှိဘဲ ပြောလိုက်သည်။

“မင်းငါ့ကိုလိမ့်စရာမလိုပါဘူး. ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်တစ်ယောက်က အဲနျန်ရုန်လို ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို ဘယ်လိုလုပ်လွယ်လွယ်လေးနဲ့သတ်နိုင်မှာလဲ”

“ဒီသခင်လေးကတောင်ပေါ်နတ်ဆရာမျိုးနွယ်စု ကမဟုတ်ဘဲ ရှန့်ဝူလည်းမဟုတ်ဘူးလို့ ပြောပြီးပြီ.. ယုံတာမယံဒတာ မင်းအလုပ်ပဲ. မင်းကိုရှင်းပြလို့လည်းဘာအဓိပ္ပါယ်မှမရှိဘူး”

ရှစ်ဖုန့်ကသူ၏ပါးစပ်ကိုထပ်မံဖွင့်ဟ၍ ပြောလိုက်သည်။

သူနှင့်လုံရှန်းတို့က အခွင့်အရေးရှိလို့သာတွေ့ဆုံကြခြင်းဖြစ်သည်။ ထိုအချိန်က ၎င်းအားသူကယ်တင်ခဲ့သည့်အကြောင်းပြချက်က ဤလူ၏စရိုက်က မဆိုးဝါးပဲ သန့်စင်ကြင်နာတတ်သည်ဟုခံစား ရသောကြောင့်ဖြစ်၏။

ထို့နောက်ရှစ်ဖုန့်ကပြောလိုက်သည်။

“မိစ္ဆာနတ်ဘုရားလေးပါး က အသတ်ခံလိုက်ရပြီဆိုတော့ မင်းလည်းလုံခြုံပြီ. တို့တွေဒီမှာပဲလမ်းခွဲကြစို့”

“ငါတော့မသင့်တော်ဘူးလို့ထင်တယ်”

ရှစ်ဖုန့်ပြောသောစကားတို့အားကြားလိုက်ရသည့်အခါတွင် လုံရှန်းက အလျှင်အမြန်ပြောလိုက်သည်။ထို့နောက်သူက ခြစ်ခြစ်တောက်ပူပြင်းသည့်နေကိုးစင်းကုန်းမြေအားကြည့်ပြီး လေးနက်သောအမူအယာနှင့်ပြောလိုက်၏။

“အခုငါတို့ကဒီအန္တရာယ်များတဲ့နေရာကို မှားပြီးဝင်လာခဲ့တာကြောင့် တို့တွေအတူတူနေပြီး တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ကြတာက ပိုကောင်းမယ်လို့ငါထင်တယ်”

“မင်းနဲ့အတူနေပြီး မင်းကို ဂရုစိုက်ရတာက ဒီသခင်လေးကိုပဲလေးဖင့်စေလိမ့်မယ်”

ရှစ်ဖုန့်က လုံရှန်းအား အားနာမနေဘဲပြောလိုက်သည်။ တကယ်လည်းထိုသို့သာဖြစ်၏။

လုံရှန်းမှာရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် အခက်ကြုံသည့်အမူအယာတစ်ခုကိုပြသလာသည်။ ၎င်းကတကယ်လည်းသူ့ထက်သန်မာသည်ဖြစ်သည်။ အကယ်၍ဤအန္တရာယ်များလှသောနေရာ၌ သူတို့သာအတူတူသွားခဲ့လျှင် သူကသာ ၎င်း၏စောင့်ရှောက်မှုကိုခံရမည့်သူဖြစ်သည်။

“ဒါဆိုလည်း ငါမင်းနောက်ကိုလိုက်ခွင့်ပြုပါ.. ငါဒါကိုစဉ်းစားနေခဲ့တာ ငါသာမင်းနောက်လိုက်ရင် အသက်ရှင်ဖို့အခွင့်အရေးပိုများတယ်.. မင်းငါ့ကိုကယ်နိုင်ရင်ကယ်ပေးပါ.မကယ်နိုင်ရင်လည်းငါ့ရဲ့ကံတရားလို့သတ်မှတ်လိုက်ပါ”

လုံရှန်းကပြောလိုက်သည်။

“ငါမကောင်းတဲ့သွေးစုပ်ပညာရပ်ကိုကျင့်ကြံတာ မင်းငါ့နောက်လိုက်လာရင်သွေးစုပ်ခံရမှာမကြောက်ဘူးလား..ငါကတောင်ပေါ်နတ်ဆရာမျိုးနွယ်စုဝင်ဖြစ်နေမှာမကြောက် ဘူးလား”

ရှစ်ဖုန့်က အေးစက်စွာရယ်မော၍ လုံရှန်းကိုထပ်မံအေးလိုက်သည်။

“မင်း”

လုံရှန်းက ခဏစဉ်းစားလိုက်ပြီးပြောလိုက်သည်။

“မင်းကလူကောင်းတစ်ယောက်ပါ. ငါ့အသက်ကိုအရင်ကကယ်တင်ခဲ့တယ်..မင်းသာတကယ်ငါ့သွေးကိုစုပ်ချင်ရင် ငါ့ခွန်အားနဲ့လုံးဝခုခံနိုင်မှာမဟုတ်ဘူး. မင်းဘာမှမလုပ်ခဲ့တာမို့ ဒါကငါ့ကို မင်းထိခိုက်အောင်လုပ်မှာမဟုတ်ဘူးပြနေတာပဲ”

“မင်းကြိုက်တာသာလုပ်တော့”

ရှစ်ဖုန့်က ဂရုမစိုက်သည့်လေသံဖြင့်ပြောလိုက်သည်။ထို့နောက် သူ၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး ဤနေရာ၌ပျောက်ကွယ်သွားသည်။

လုံရှန်းမှာရှစ်ဖုန့်၏စကားအားကြားသောအခါတွင် ရှစ်ဖုန့်နောက်သို့လျှင်မြန်စွာအမှီလိုက်လိုက်သည်။

“ဂါး”

ခြစ်ခြစ်တောက်ပူပြင်းသောနေကိုးစင်းကုန်းမြေပေါ်တွင် ခက်ထန်သည့်ကျယ်လောင်သော အော်သံတစ်ခုထွက်ပေါ်လာသည်။

နတ်ဆိုးရိုင်းတောင်တန်း၏ဘုရင်ဖြစ်သူ အနက်ရောင်ရေလွှမ်းနဂါးမှာ မပြောပြနိုင်လောက်သည့်အခက်အခဲများ စွာကိုကျော်ဖြတ်ခဲ့ပြီးနောက် နောက်ဆုံးတွင် ခြစ်ခြစ်တောက်ပူပြင်းသော ဤနယ်မြေသို့ရောက်ရှိလာပြီးပြင်း ထန်စွာဟိန်းဟောက်လိုက်သည်။

အနက်ရောင်ရေလွှမ်းနဂါး၏နောက်တွင် စွမ်းအားကြီးနတ်ဆိုးသားရဲများ တစ်ကောင်ပြီးတစ်ကောင်ပေါ်လာသည်။

သို့သော် ထူးဆန်းပြီးခြောက်ခြားဖွယ်ကောင်းသော တောအုပ်နှင့်ကြုံတွေ့ပြီးနောက် ၎င်း၏အောက်၌မူလကရှိသည့် နတ်ဆိုးသားရဲသုံးရာကျော်မှာ ယခုအခါ၎င်းတို့ထဲမှအနည်းလေး တစ်ရာကျော်မရှိတော့ပြီဖြစ်၏။

တောအုပ်အားစူးစမ်းရှာဖွေရန်ထွက်ခွာသွားသော နတ်ဆိုးသားရဲဆယ်ကောင်ကျော်မှာ ထွက်သွားပြီးနောက် လုံးဝပြန်ရောက်မလာတော့ပေ။

နတ်ဆိုးသားရဲနှစ်ရာကျော်ကလည်း တောအုပ်အတွင်း၌ ထူးဆန်းသော အသံများကိုကြားရသည်ဟုအခိုင်အမာ ပြောကြသည်။ ထို့နောက် ထူးဆန်းသောအသံများကိုကြား ရသည့်နတ်ဆိုးသားရဲများမှာ မမြနိုင်သောစွမ်းအားတစ်ခု၏လုပ်ကြံခြင်းကို တစ်ကောင်ပြီးတစ်ကောင် ခံကြရသည်။

ထိုတောအုပ်အားကြုံတွေ့ပြီးနောက် နတ်ဆိုးသားရဲဘုရင်မှာ ယခင်ကဲ့သို့ ခံ့ညားထည်ဝါအရှိန်အဝါကြီးမားခြင်း ရှိမနေတော့ပေ။အနည်းငယ်ပင်အားနည်း ပင်ပန်းကာ စိတ်ဓာတ်ကျနေပုံပေါက်သည်။

“ဂါး.ဂါး.ဂါး.ဂါး”

ဤအချိန်တွင် အနက်ရောင်ရေလွှမ်းနဂါးမှာ အောက်ဘက်ရှိသူလက်အောက်မှ နတ်ဆိုးသားရဲများ၏ ဖရိုဖရဲအော်သံများကိုကြားလိုက်ရသည်။

အနက်ရောင်ရေလွှမ်းနဂါးမှာ စိတ်အလိုမကျစိတ်ရှုပ်ထွေးဖြစ်နေသည်မှာ ကြာပြီဖြစ်ပြီး သူ၏ ကြီးမားသော အနက်ရောင်ခန္ဓာကိုယ်ကြီးအားလှည့်ကာ ဒေါသတကြီးဟိန်းဟောက်လိုက်သည်။

“မင်းတို့ဘာလုပ်နေတာလဲ.အားလုံးတိတ်တိတ်နေစမ်း”

သို့သော် ထို့နောက်ချက်ချင်း သူ၏အနောက်ဘက်မှ မြင့်မားသောအရှိန်ဖြင့် ကြေးနီရောင်ရထားလုံးတစ်စင်းကို ရေလွှမ်းနဂါးတွေ့လိုက်ရသည်။သူ၏လက်အောက်ရှိ နတ်ဆိုးသားရဲများမှာ ရထားလုံးကြောင့် အဝေးသို့အဆက်မပြတ်တိုက်ထုတ်ခံနေရ၏။

“ဘယ်သူလဲကွ.. ငါ့ရှေ့မှာ ဘယ်လိုတောင်လာပြီးရိုင်းစိုင်းရဲတာလဲ”

အနက်ရောင်ရေလွှမ်းနဂါးက ချက်ချင်းဒေါသတကြီးဟိန်းဟောက်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ အားကောင်းသောသတ်ဖြတ်ခြင်းအော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။

“ဂါး”

ထို့နောက်ချက်ချင်း ပုံမှန်မဟုတ်သောကျယ်လောင်သည့်ဟိန်းဟောက်သံတစ်ခုက ရထားလုံး၏နတ်ဆိုးသားရဲများထံမှ ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်တွင် အနက်ရောင်ရေလွှမ်းနဂါး၏မျက်လုံးတို့ ပြူးကျယ်သွားသည်။ သူ့ရှေ့ရှိ ရထားလုံးအားဆွဲလာသော နတ်ဆိုးသားရဲသုံးကောင်ကို မြင်တွေ့လိုက်ရ၏။

နတ်ဆိုးသားရဲသုံးကောင်၏ တစ်ကောင်ချင်းစီအော်ရာတိုင်းက အနက်ရောင်ရေလွှမ်းနဂါးနှင့်နှိုင်းယှဉ်နိုင်သည်ဖြစ်သည်။

ဤမြင်ကွင်းအားတွေ့ရသောအခါတွင် အနက်ရောင်ရေလွှမ်းနဂါးမှာ ကြာကြာထပ်နေရဲခြင်းမရှိတော့ချေ။ သူ့နတ်ဆိုးသားရဲများ၏သေခြင်းရှင်ခြင်းကို ဂရုမစိုက်နိုင်တော့ဘဲ၎င်း၏ဧရာမကိုယ်ကြီဂက ဖျက်ခနဲဖြစ်သွား၏။

ရထားလုံးအား ဆွဲသောနတ်ဆိုးသားရဲသုံးကောင်မှတစ်ကောင်ချင်းစီတိုင်းက သူနှင့်နှိုင်းယှဉ်နိုင်သည်ဖြစ်၏။ ကြေးနီရောင်ရထားလုံးအတွင်း ထိုင်နေသော သူ၏သရုပ်မှန်က ထူးခြားအံ့ဖွယ်ဖြစ်လိမ့်မည်ဖြစ်သည်။

မြေရိုင်းဒေသကြီး၏ စွမ်းအားအကြီးမားဆုံးသူဖြစ်သော ကုန်စွန်းထိုက်ယင်ပင် သည်လောက် အလွန်အကျွံကြီးသုံးစွဲလိမ့်မည်မဟုတ်ပေ။

အနက်ရောင်ရေလွှမ်းနဂါးအနေဖြင့် ဤသို့သောလူမျိုးအား စော်ကားလိုခြင်းမရှိပေ။ ရထားလုံးရှေ့ရှိ နတ်ဆိုးသားရဲသုံးကောင်ကဲ့သို့လည်း အတင်းအကျပ် ရထားလုံးအား မဆွဲလိုပေ။

“အမ်”

သို့သော် ဤအခိုက်အတန့်တွင် ကြေးနီရောင်ရထားလုံးထံမှ မိန်းမငယ်လေးတစ်ဦး၏ကြည်လင်သောအသံတစ်ခုထွက်ပေါ်လာသည်။

ထိုအသံကခဏထွက်ပေါ်လာပြီးနောက် မိန်းမငယ်လေး၏ကြည်လင်သောအသံက ရထားလုံးထံမှထပ်မံထွက်ပေါ်လာပြန်သည်။

“ငါကတယ်ကြီး ဒီနေရာမှာ ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် အနက်ရောင်ရေလွှမ်းနဂါးနဲ့လာတွေ့တာပဲ. မဆိုးဘူး. သူ့နောက်ကိုလိုက်”

“ဂါး”

“ဂါး”

“ဂါး”

မိန်းကလေး၏အသံထွက်ပေါ်လာပြီးနောက် ရှေ့ရှိနတ်ဆိုးသားရဲသုံးကောင်က ပြိုင်တူဟိန်းဟောက်လိုက်ကြ၏။

၎င်းတို့က ကြေးနီရောင်ရထားလုံးအားဆွဲကာ ဟင်းလင်းပြင်ထဲတစ်ဟုန်ထိုးဦးတည်လိုက်သည်။

ဤအချိန်တွင် နေကိုးစင်းကုန်းမြေပေါ်၌ တစ်ဟုန်ထိုးသွားနေသော ရှစ်ဖုန့်ကရုတ်ခြည်းရပ်တန့်လိုက်သည်။

“ဘာဖြစ်တာလဲ”

နောက်မှလိုက်နေသော လုံရှန်းက ရှစ်ဖုန့်ရပ်တန့်သွားသောအခါ စိတ်ရှုပ်ထွေးစွာဖြင့်မေးလိုက်၏။

ရှစ်ဖုန့်ကလုံရှန်း၏မေးခွန်းအားဖြေခြင်းမရှိပေ။ ထိုအစား သူ၏ဝိညာဉ်စွမ်းအားကိုအသုံးပြုလိုက်ပြီး ပတ်ဝန်းကျင်အားအာရုံခံလိုက်သည်။ ထို့နောက် ညာဘက်သို့ဖြည်းဖြည်းချင်းလှည့်လိုက်ပြီး ထိုဘက်သို့ကြည့်လိုက်၏။

“ဟမ်”

ရှစ်ဖုန့် လှည့်လိုက်သကဲ့သို့ လုံရှန်းကလည်းထိုဘက်သို့လှည့်လိုက်သည်။ သို့သော် လုံရှန်းရုတ်ခြည်းမျက်မှောင်ကြုတ်လိုက်သည်။

သူတို့ရောက်ရှိနေသောနေရာနှင့်အရမ်း ကိုဝေးကွာနေသော်လည်း ထိုဘက်မှလာနေသည့် စွမ်းအင်အတက်အကျလှိုင်းတစ်ခုကို သူပင်ခံစားနိုင်သည်ဖြစ်သည်။

စွမ်းအင်အတက်အကျလှိုင်းက သူတို့အား ထိုဘက်၌ ကြီးမားသောငလျှင်တစ်ခု လှုပ်ခတ်နေသကဲ့သို့ခံစားရစေသည်။

ရှစ်ဖုန့်ကပြောလိုက်သည်။

“တစ်ချက်သွားကြည့်ကြစို့”

“ကောင်းပြီ”

ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် လုံရှန်းက အလျှင်အမြန်ခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူနှင့်ရှစ်ဖုန့်တို့က ဖျက်ခနဲပျောက်ကွယ်သွားကြသည်။

“ဟမ်”

ရှစ်ဖုန့်နှင့်လုံရှန်းတို့ရှိနေသည့်သိပ်မဝေးသောနေရာမှ ဟင်းလင်းပြင်ထဲတွင် လူငယ်တစ်ယောက်၏ တိုးဖျော့သောအသံထွက်ပေါ်လာသည်။ ဖြည်းဖြည်းချင်းဟင်းလင်းပြင်ထဲ၌ ပုံရိပ်ခုနှစ်ခုထွက်ပေါ်လာ၏။ ၎င်းတို့က ငရဲခန်းမမှလုပ်ကြံသတ်ဖြတ်သူ ခုနှစ်ယောက်ဖြစ်သည်။

လုပ်ကြံသတ်ဖြတ် မြင့်မြတ်သားတော်ဟုခေါ်သည့် လူငယ်ဦးဆောင်သော ငရဲခန်းမမှ လုပ်ကြံသတ်ဖြတ်သူ များက ရှစ်ဖုန့်အား တိတ်တဆိတ်ခြေရာခံကာ တစ်ချက်တည်းသတ်ဖြတ်နိုင်ရန် သင့်တော်သော အခွင့်အရေးတစ်ခုကို ရှာနေကြခြင်းဖြစ်သည်။

ဆက်ရန်……

All Chapters