အခန်း (၁၀၃၄)
Vol. 69 Ch. 1034
ဘာသာပြန်သူ-ARISE
ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၉)
အပိုင်း(၁၀၃၄)
ငရဲခန်းမမှ လုပ်ကြံသတ်ဖြတ်သူများမှာ ရှစ်ဖုန့်အားလုပ်ကြံသတ်ဖြတ်ရန် အခွင့်အရေးတစ်ခုကိုရှာဖွေနေခြင်းဖြစ်သော်လည်း ရှစ်ဖုန့်က ၎င်းတို့အားလုံးဝ အခွင့်အရေးတစ်ခုပင်မပေးချေ။
အစကနေအဆုံးအထိ ရှစ်ဖုန့်က ဤရှေးဟောင်းအပျက်အစီးနယ်မြေအတွင်း လုံးဝသတိပေါ့လျော့စွာနေခြင်းမရှိခဲ့ပေ။
ယခုအချိန်ထိတိုင် ဤငရဲခန်းမရှိလုပ်ကြံသတ်ဖြတ်သူများမှာ အခွင့်အရေးတစ်ခုကို ရှာမတွေ့ပေ။ ၎င်းတို့၌ အခွင့်အရေးတစ်ခုပင်ရှိမနေသောကြောင့် ၎င်းတို့ကိုယ်၎င်းတို့လည်းရှစ်ဖုန့်အားဖော်ပြခြင်းမရှိပေ။
ရှစ်ဖုန့်ထွက်ခွာသွားရာဘက်သို့ကြည့်၍ ငရဲခန်းမ၏ မြင့်မြတ်သားတော်က ထိုဘက်မ စွမ်းအင်အတက်အကျလှိုင်းတို့ကို ဖြည်းဖြည်းချင်းအာရုံခံမိလိုက်သည်။
“ဟိုဘက်မှာ မြေကြီးကလှုပ်ခတ်နေတယ်. ရတနာတစ်ခုပေါ်လာတာဖြစ်လောက်တယ်. သွားပြီးတစ်ချက်ကြည့်ကြစို့”
“ဟုတ်ကဲ့”
လုပ်ကြံသူများကပြန်ဖြေလိုက်ကြသည်။
ထို့နောက်မကြာခင် ငရဲခန်းမမှ လုပ်ကြံသူများအားလုံး လေထဲ၌ပျောက်ကွယ်သွားကြပြီး ရှစ်ဖုန့်ထွက်သွားရာဘက်သို့အလျှင် အမြန်လိုက်လိုက်ကြသည်။
“ဝုန်း..ဝုန်း.ဝုန်း”
ဤအခိုက်အတန့်တွင် ရှစ်ဖုန့်နှင့်လုံရှန်းတို့က ပြင်းထန်စွာလှုပ်ခတ်နေသေည့် မြေပြင်သို့ ရောက်ရှိလာသည်။ ရှေ့သို့သူတို့ပိုသွားလေ မြေပြင်ကပို၍ပြင်းထန်စွာလှုပ်ခါလာလေဖြစ်သည်။
ရုတ်ခြည်း ရှေ့ဘက်မှ ဆူနာမီကဲ့သို့ပေါက်ကွဲထွက်လာသည့် မီးတောက်များကို ရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။
ဤဆူနာမီကဲ့သို့မီးတောက်များက မီးတောက်မွန်းစတားများ ပြွတ်သိပ်စွာစုစည်းနေကြခြင်းဖြစ်သည်။
သို့သော် ဤအခိုက်အတန့်တွင် ဤမီးတောက်မွန်းစတားများက သူ့အား တိုက်ခိုက်ခြင်းမရှိသည်ကိုရှစ်ဖုန့်အာရုံခံမိ၏။
သူ၏စူးရှသော ဝိညာဉ်စွမ်းအားအောက်တွင်ဤအချိန်၌၎င်းတို့၏ စိတ်ခံစားချက်များကို အာရုံခံမိ၏။၎င်းတို့မှာကြောက်မက်ဖို့ကောင်းသောတစ်စုံတစ်ခုနှင့်ပက်ပင်းကြုံခဲ့ပုံရပြီး အသည်းအသန်ထွက်ပြေးနေကြခြင်းဖြစ်သည်။
ဤများပြားလှသောမီးတောက်မွန်းစတားများကြားထဲတွင် ၎င်းတို့ထဲမှခြောက်ကောင်က ရှစ်ဖုန့်ကိုပင်ရင်တုန်စေ၏။
ဤမွန်းစတားခြောက်ကောင်ကရှစ်ဖုန့်ကိုပင်ရင်တုန်စေလောက်သည်ဆိုလျှင် ၎င်းတို့၏ခွန်အားက အနည်းလေး ကြယ်သုံးပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် သို့မဟုတ် ထိုထက်မြင့်လိမ့်မည်ဖြစ်သည်။
အရမ်းစွမ်းအားကြီးမားလှသည့်၎င်းတို့ကိုပင် ထိတ်လန့်စွာထွက်ပြေးစေနိုင်သည်အထိ မည်သည့်အရာများရှေ့၌ဖြစ်ပျက်နေပါသနည်း။
“ဘာ..ငါတို့ဘာလုပ်သင့်လဲ.. စိတ်ဝိညာဉ်မွန်းစတားတွေအများကြီး ဟိုဘက်ကနေလာနေတယ်.. မင်းအဲ့တာကိုကိုင်တွယ်နိုင်လား”
လုံရှန်းကရှေ့ရှိဆူနာမီကဲ့သို့မီး တောက်မွန်းစတားများကိုကြည့်၍ ရှစ်ဖုန့်အားထိပ်ထိပ်ပျာပျာနှင့်မေးလိုက်သည်။
“ဘယ်နိုင်မှာလဲ”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ဒီမီးတောက်မွန်းစတားတွေထဲကတစ်ချို့က ဒီသခင်လေးကိုတောင်သတ်ပစ်နိုင်တယ်. ဒါပေမဲ့ သူတို့က တို့တွေကိုမတိုက်ခိုက်ဘူး. သူတို့ကထွက်ပြေးနေကြတာ.. အပေါ်တက်ပြီးသူတို့နဲ့ဝေးဝေးနေကြတာပေါ့”
စကားဆုံးပြီးနောက်ရှစ်ဖုန့်က အလျှင်အမြန်ကောင်းကင်ထဲသို့ထိုး တက်လိုက်သည်။
“အိုး”
လုံရှန်းမှာ သံသယဖြစ်စွာနှင့်ပြန်ဖြေပြီးနောက် ရှေ့ရှိ တလိမ့်လိမ့်ဦးတည်လာနေသော မီးတောက်မွန်းစတားများကိုကြည့်လိုက်ပြီး သူ၏မျက်နှာထက်၌ နောက်တစ်ကြိမ်ထိတ်လန့်တုန်လှုပ်မှု တို့ဖြစ်ပေါ်လာသည်။ တုန့်ဆိုင်းနေမှုအား အလျှင်အမြန်ရပ်တန့်လိုက်ပြီး သူ၏ပုံရိပ်ကဖျက်ခနဲဖြစ်သွားကာ ရှစ်ဖုန့်နောက်သို့နောက်တစ်ကြိမ်လိုက်လိုက်သည်။
ရှစ်ဖုန့်၏ပုံရိပ်က ကောင်းကင်ထဲသို့ဖျက်ခနဲထိုးတက်သွားပြီးနောက် ရပ်တန့်လိုက်သည်။ ထို့နောက်လုံရှန်းလည်းရောက်ရှိလာသည်။ သူက ရှစ်ဖုန့်၏ဘေး၌ရပ်လိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်၏။
မီးတောက်မွန်းစတားများက ဖြတ်သွားခြင်းသာဖြစ်ပြီး သူတို့အားမတိုက်ခိုက်ဟု ရှစ်ဖုန့်ကပြောသော်လည်း လုံရှန်း၏နှလုံးသားကတော့တင်း ကျပ်နေဆဲဖြစ်သည်။ အားလုံးထက်ရှစ်ဖုန့်၏စကားများက ၎င်း၏စကားများသာဖြစ်သည်။
တလိမ့်လိမ့်ဦးတည်လာနေသောမီးတောက်မွန်းစတားများက သူတို့ထံသို့ဦးတည်မလာဘဲ တစ်ဟုန်ထိုးဖြတ်ကျော်သွားသည်ကိုလုံရှန်း မြင်တွေ့လိုက်ရပြီး လုံရှန်း၏တင်းကျပ်နေသောနှလုံးသားက ဖြည်းဖြည်းချင်း ပြေလျော့လာသည်။
လုံရှန်းကရှစ်ဖုန့်အားလှည့်ကြည့်လိုက်ပြီး သိချင်စိတ်ဖြင့်မေးလိုက်သည်။
“ဒီမွန်းစတားတွေငါတို့ကိုမတိုက်ခိုက်ဘူးဆိုတာ မင်းဘယ်လိုသိတာလဲ”
ယခင်ကလုံရှန်းအနေဖြင့် သူတို့က၎င်းတို့၏နယ်မြေသို့ ကျူးကျော်လာသောကြောင့် ဤမီးတောက်မွန်းစတားများက တိုက်ခိုက်လိုသည့်အသွင်ဖြင့်သူတို့ထံတစ်ဟုန်ထိုးလာနေခြင်းဖြစ်သည်ဟု လုံရှန်းထင်ခဲ့သည်။
ထို့နောက်လုံရှန်းကထပ်မံမေးလိုက်သည်။
“သူတို့ရဲ့ဘာသာစကားကိုမင်းနားလည်တာလား”
တစ်ဟုန်ထိုးထွက်ခွာသွားသော မီးတောက်မွန်းစတားများက တကယ်ကြီးဖရိုဖရဲအော်ဟစ်သံများကို ဆက်တိုက်ပြုလုပ်နေသည်။ ပင်ကိုယ်အားဖြင့်လုံရှန်းမှာ ၎င်းတို့၏အော်ဟစ်နေမှုအား နားလည်ခြင်းမရှိပေ။ ၎င်းတို့က “သူတို့ကိုသတ်” သို့မဟုတ် “ကျူးကျော်သူတွေကိုသတ်”ဟု ပြောခြင်းဟုသာ သူထင်ခဲ့သည်။
ရှစ်ဖုန့်၏မျက်နှာကတည်ငြိမ် နေဆဲဖြစ်သော်လည်း သူက အလွန်ဟိတ်ဟန်ပါစွာဖြင့်ပြောလိုက်သည်။
“မင်းစိတ်ကိုသူတို့အပေါ်ထားလိုက်တာနဲ့မင်းသိလိမ့်မယ်”
“စိတ်ကိုသူတို့အပေါ်ထားရမှာလား”
ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် လုံရှန်းက လေးနက်စွာခေါင်းငုံ့လိုက်ပြီး သူ၏နှလုံးရှိရာနေရာသို့ကြည့်လိုက်သည်။
ရှစ်ဖုန့်ကလုံရှန်းအားစကားပြောပြီးနောက် သူ၏အကြည့်က အောက်ဘက်ရှိ မီးတောက်မွန်းစတားများပေါ်သို့ကျ ရောက်သွားသည်။ထို့နောက်သူ၏အကြည့်ကရှေ့သို့ထပ်မံကျရောက်သွား၏။သူမြင်တွေ့ရသည်က အသက်အတွက်ထွက်ပြေးနေကြသည့် အဆုံးမရှိသော မီးတောက်မွန်းစတားတန်းကြီးဖြစ်သည်။
ဤအခိုက်အတန့်တွင်ရှစ်ဖုန့်က လုံရှန်းကိုပြောလိုက်သည်။
“ဒီသခင်လေး ဆက်ပြီး စူးစမ်းရှာဖွေမလို့ .ဒီစွမ်းအားကြီးမီးတောက်မွန်းစတားတွေက တကယ်ကြီးသူတို့အသက်အတွက်ထွက်ပြေးနေကြတာ ရှေ့မှာ စိတ်ကူးလို့မရနိုင်လောက်တဲ့အန္တရာယ် တွေရှိမှာသေချာတယ်.. မင်းဘာလုပ်မလဲ”
“ငါလား”
ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် လုံရှန်းမှာ ခေတ္တတုန့်ဆိုင်းသွားသည်။ ထို့နောက်သူ၏အမူအယာကဖြည်းဖြည်း ချင်းစိတ်ပိုင်းဖြတ်ထားပုံပေါ်လာသည်။သူကပြောလိုက်၏။
“ငါမင်းနဲ့အတူသွားပြီးတစ်ချက်ကြည့်မယ်..ငါ့အတွက်အဲ့မှာအံ့ဖွယ်တွေစောင့်နေတာလဲဖြစ်ကောင်းဖြစ်နိုင်တယ်”
“ဘာပဲဖြစ်ဖြစ်ငါ့အဖေမှာသားနှစ်ယောက်ရှိသေးတယ်.. ငါသာကံဆိုးပြီးသေခဲ့ရင် ဖြစ်ပါစေတော့”
“ဒါဆိုသွားစို့”
ရှစ်ဖုန့်ကပြောလိုက်သည်။သူ၏ပုံရိပ်ကရှေ့သို့ဖျက်ခနဲဦးတည်သွားပြီး ဘာမှန်းမသိသောအန္တရာယ်ရှိရာသို့ တစ်ဟုန်ထိုးချဉ်းကပ်သွားသည်။
ဤအချိန်တွင်ရှစ်ဖုန့်ကသူ၏ ဝိညာဉ်စွမ်းအားဖြင့်ဆက်သွယ်ပြီး သွေးကျောက်ပြားအတွင်းမှ ဝတ်ရုံနက်အားမေးလိုက်၏။
“မင်းအခုဘယ်လိုနေလဲ.. ငါကအခုနေကိုးစင်းကုန်းမြေပေါ်မှာပဲရှိသေးတယ်.. ဒီနေရာမှာကသောင်းကနင်းတစ်ခုဖြစ်နေတယ်.. ထောင်နဲ့ချီတဲ့မီးတောက်မွန်းစတားတွေက သူတို့အသက်အတွက်ထွက်ပြေးနေကြတယ်.. ငါသွားပြီးစူးစမ်းရှာဖွေမလို့ မင်းဘာလုပ်ဖို့အစီအစဉ်ရှိလဲ”
ရှစ်ဖုန့်၏ဝိညာဉ်ဆက်သွယ်မှုအသံက ဝတ်ရုံနက်ရှိရာ၌ ခဏဖြစ်ပေါ်လာပြီးနောက်မကြာခင်၎င်း ၏ပြန်လည်ဖြေကြားမှုကိုရရှိလာ၏။
“ငါမကြာခင်အဆင့်ချိုးဖျက်နိုင်တော့မယ်.. အဆင့်ချိုးဖျက်ပြီးရင် ငါထွက်လာခဲ့မယ်”
ဝတ်ရုံနက်၏အသံကအိုမင်းအက်ရှသောအဘိုးအိုတစ်ဦး၏အသံဖြစ်နေဆဲဖြစ်သည်။
“နားလည်ပြီ”
ဝတ်ရုံနက်အားဤသို့ပြောပြီးနောက် ရှစ်ဖုန့်က ဝတ်ရုံနက်နှင့်ဆက်သွယ်မှုကိုဖြတ် တောက်လိုက်သည်။
“ဂါး.ဂါး.ဂါး.ဂါး”
ဤအချိန်တွင် မီးတောက်မွန်းစတားများ၏အလယ်၌ မီးတောက်တောင်ကြီးတစ်လုံကဲ့သို့ ရွေ့လျားနေသည့် ဖောက်ပြ၍မရနိုင်လောက်သော ဧရာမမီးတောက်မွန်းစတားကြီးကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
“ဝုန်း..ဝုန်း..ဝုန်း…ဝုန်း.ဝုန်း”
ဧရာမမီးတောက်မွန်းစတားကြီးက ရွေ့လျားနေသကဲ့သို့ မြေပြင်ကလည်းပို၍ပြင်းထန်စွာလှုပ်ခါနေ၏။
ရှစ်ဖုန့်အနေဖြင့်ဤမီးတောက်မွန်းစတားကြီးအား လွန်ခဲ့သောရက်အချို့က အာရုံခံမိခဲ့သည်ဖြစ်သည်။ ဤမီးတောက်မွန်းစတားကြီးမှ ထုတ်လွှတ်နေသောအော်ရာက ရှစ်ဖုန့်အား လွန်စွာကြောက်လန့်တုန်ရင်စေ၏။
၎င်း၏ကိုယ်ပေါ်မှထုတ်လွှတ်နေသည့် မီးတောက်များက ပုံမှန်မဟုတ်လောက်အောင်ပြင်းထန်ပြီး စွမ်းအားကြီးမားသောမီးတေက်စွမ်း အင်များဖြစ်သည်။
ထိုအချိန်က ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့မှာ ၎င်းအားမြင်တွေ့ပြီး ချက်ချင်း တစ္ဆေတစ်ကောင်ကိုတွေ့သကဲ့သို့ ထွက်ပြေးခဲ့ရသည်။
သို့သော်ဤအချိန်တွင် ဤဧရာမမီးတောက်မွန်းစတားကြီးကလည်း မီးတောက်လှိုင်းကြီးနှင့်အတူ ထွက်ပြးနေခြင်းဖြစ်သည်ကိုရှစ်ဖုန့်အာရုံခံမိသည်။
ထိုဘက်၌မည်ကဲ့သို့တည်ရှိမှုမျိုးရှိနေသနည်း။
ပြင်းထန်စွာလှုပ်ခါနေသည့်ကောင်းကင်နှင့်မြေကြီးနှင့်ရှစ်ဖုန့်ပိုန၍ီးကပ်လာလေ သူ၏အမူအယာကပို၍လေးနက်လာလေဖြစ်သည်။ စိုးရိမ်ပူပန်မှုကိုပင်ခပ်ရေးရေးခံစားရသည်။
“ကြည့်လိုက်အုံး.ကောင်းကင်ထဲက အဲ့နေကိုးစင်းကို “
ထိုအချိန်တွင် လုံရှန်း၏ လွန်စွာ ထိတ်လန့်စွာဖြင့် အံ့အားတသင့်အော်သံက ရုတ်ခြည်းထပ်မံထွက်ပေါ်လာသည်။
ဆက်ရန်………..