← Chapters

အခန်း (၁၀၂၈)

Vol. 69 Ch. 1028

အခန်း (၁၀၂၈)

Vol. 69 Ch. 1028

ဘာသာပြန်သူ-ARISE ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၉)

အပိုင်း(၁၀၂၈)

သူ့ထံသို့တစ်ဟုန်ထိုး ဦးတည်လာနေသော လူငယ်အား ရှစ်ဖုန့်အနေဖြင့် ယခင်ကတစ်ခါမှ မြင်ဖူးခြင်းမရှိပေ။ သို့သော် ၎င်းက ငယ်ရွယ်ပြီး ရှစ်ဖုန့်နှင့်အသက်အတူတူလောက်ရှိကာ ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် သို့ရောက်ရှိနေပြီးဖြစ်သည်။

၎င်းအားပါရမီရှင်တစ်ယောက်အဖြစ် သုံးသပ်၍ရနိုင်သည်ဖြစ်၏။သူ့ထံသို့တစ် ဟုန်ထိုးဦးတည်လာနေသော သူအားတွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်။

“ တောင်ပေါ်နတ်ဆရာမျိုးနွယ်စုနဲ့ နတ်ဘုရားမြေခေါင်းလောင်းကြောင့် ဒီသခင်လေးအတွက်နောက်ထပ်သေချင်နေတဲ့ သူတစ်ယောက်လား”

ရှစ်ဖုန့်ကလေထဲ၌ရပ်နေပြီး လှုပ်ရှားခြင်းမရှိပေ။ သူက လူငယ်ကိုစိုက်ကြည့်နေပြီး ၎င်းဘာလုပ်ဖို့ကြိုးစားမည်ကို ပုံဖော်ဖို့ကြိုးစားနေ၏။

အကယ်၍၎င်းကသေချင်လျှင် ၎င်းအား သွားရမည့်လမ်းကြောင်းသို့ပို့ဆောင်ပေး ရန်ရှစ်ဖုန့်ဝန်လေးနေမည်မဟုတ်ပေ။ သူ၏ဒန်တန်အတွင်းသို့လည်း စွမ်းအင်အချို့ပေါင်းထည့်နိုင်လိမ့်မည်ဖြစ်သည်။

သို့သော် ဤလူ၌မည်သည့်သတ်ဖြတ်လိုစိတ်မှရှိမနေသည်ကို ရှစ်ဖုန့် ဖြည်းဖြည်းချင်း အာရုံခံမိလာသည်။ ထိုအစား ကြောက်မက်ဖွယ်ကောင်းသောတစ်စုံတစ်ခုနှင့် ပက်ပင်းကြုံလာရသကဲ့သို့ ၎င်း၏မျက်နှာထက်၌ ထိတ်လန့်မှုတို့ဖြင့်ပြည့်နှက်နေ၏။

ထိတ်လန့်ကြောက်ရွံ့မှုတို့ဖြည့်ပြည့်နှက်နေသောမျက်နှာတစ်ခုနှင့် လူငယ်က သူ့ရှေ့ရှိရှစ်ဖုန့်အား မြင်တွေ့လိုက်ရသောအခါတွင် ချက်ချင်းသူ၏မျက်နှာထက်၌ တုန်လှုပ်မှုတို့ဖြင့်ပြည့်နှက်သွားသည်။ သူကကျယ်လောင်စွာအော်ပြောလိုက်၏။

“ပြေး..မြန်မြန်.. မြန်မြန်ပြေးတော့. မြန်မြန်လေး”

“ဟမ်”

လူငယ်၏အော်ပြောသံအားကြားပြီးနောက် ဤလူကသေဖို့ရောက်လာခြင်းမဟုတ်ကြောင်း ရှစ်ဖုန့်သေချာလုနီးပါးဖြစ်သွားသည်။ ၎င်းကတကယ် ဒုက္ခရောက်နေခြင်းဖြစ်၏။

သို့သော် ရှစ်ဖုန့်က လှုပ်ရှားခြင်းမပြုပေ။ မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့သို့အေးစက်စွာကြည့်လိုက်သည်။ ဖြည်းဖြည်းချင်း မိုးကုတ်စက်ဝိုင်းမှ ပုံရိပ်လေးခုက ဖြည်းဖြည်းချင်းပေါ်လာပြီး သူတို့ထံသို့ အပြင်းဦးတည်လာနေ၏။

၎င်းတို့က စုစုပေါင်းလေးယောက်ဖြစ်၏။ ၎င်းတို့ထဲမှတစ်ဦးက ကြယ်နှစ်ပွင့်နတ်ဘုရားနယ်ပယ်ဖြစ်ပြီး အခြားသူများကတော့ ကြယ်တစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဖြစ်သည်။

၎င်းတို့လေးယောက်မှာ ယောက်ျားသုံးယောက်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ ၎င်းတို့၏အသွင်အပြင်များကို အကဲဖြတ်ရသလောက် ၎င်းတို့အားကိုင်တွယ်ရန်မလွယ်ကူသည့်ပုံပေါ်၏။

ကြယ်နှစ်ပွင့်နတန်ဘုရားတစ်ပိုင်းနယ်ပယ်လူက သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမ၏ဆံပင်ရှည်တို့ကပြေလျော့နေပြီး သားရဲအရေးပြားနှင့် ပြုလုပ်ထားသည့် အနီရောင် အဝတ်အစားကိုဝတ်ဆင်ထားသည်။ မိတ်ကပ်ထူထူဖို့ထားပြီး သူမက ညှို့ယူဖမ်းစားနိုင်သည့်ပုံစံရှိ၏။ ဤအမျိုးသမီးကလွန်စွာအားကောင်းသည့် ကာမရာဂစိတ်ကို နှိုးဆွနိုင်သော အော်ရာတစ်ခု ထုတ်လွှတ်နေသည်ကို ရှစ်ဖုန့်အာရုံခံမိသည်။

အခြားယောက်ျားသုံးယောက်၌တစ်ယောက်မှာ ကြမ်းတမ်းခက်ထန်သောအသွင်အပြင်ရှိပြီး လက်ထဲ၌ ပုဆိန်တုတ်တစ်ခုကို ကိုင်ထားသည်။

နောက်တစ်ယောက်ကအရပ်ပုပြီး နှုတ်ခမ်းထူကာ မျောက်မေးစေ့ကိုပိုင်ဆိုင်ထားပြီးဆိုး ယုတ်သောအော်ရာတစ်ခုကိုထုတ်လွှတ်နေ၏။ ၎င်း၏လက်ထဲ၌အနက်ရောင်အရိုးအစွယ်တစ်ခုကို ကိုင်ထားသည်။

နောက်ဆုံးတစ်ယောက်ကတော့ အနက်ရောင်သံမျက်နှာဖုံးတစ်ခုကို ဝင်ဆင်ထားသည်။၎င်း၏ညာလက်ထဲ၌ အရိုးခေါင်းတစ်ခုကို ဆော့ကစားနေသည်။ ထိုအရိုးခေါင်းကလူသားတစ်ဦးနှင့် သက်ဆိုင်နေသည်မှာသိသာ၏။

ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးဦးတည်လာနေသောလူငယ်က ရှစ်ဖုန့်ကိုအော်ပြောပြီး တစ်ဟုန်ထိုးဖြတ်ကျော်သွားသည်။သို့သော် ခဏကြာပြီးနောက် လူငယ်၏ပုံရိပ်က ရှစ်ဖုန့်၏ရှေ့သို့ ဖျက်ခနဲထပ်မံရောက်ရှိလာသည်။

ရှစ်ဖုန့်ကလှုပ်ရှားခြင်းမရှိသည်ကိုတွေ့ ရသောအခါတွင် လူငယ်ကပို၍ပို၍ အစောတလျှင်ဖြစ်လာ၏။ သူကအလျှင်အမြန်အော်ပြောလိုက်သည်။

“မြန်မြန်..မြန်မြန်ပြေး..မင်းထပ်ပြီးအသက်မရှင်ချင်တော့ဘူးလား. အဲ့လူလေးယောက်ကဘယ်သူတွေလဲ ဆိုတာသိလား”

စိုးရိမ်ပူပန်နေသောလူငယ်အားတွေ့ရသော်လည်း ရှစ်ဖုန့်က ဂရုစိုက်ခြင်းမရှိပေ။ သူကအနည်းငယ်ခေါင်းယမ်းလိုက်ပြီး ဖြည်းညှင်းစွာပြေလိုက်သည်။

“ငါသူတို့ကိုမသိဘူး”

ရှစ်ဖုန့်စိုးရိမ်ပူပန်မှုမရှိသည်ကိုတွေ့ရလေ လူငယ်က ပို၍စိုးရိမ်ပူပန်လာလေဖြစ်သည်။ သူကအလျှင်အမြန်ပြောလိုက်သည်။

“မိစ္ဆာနတ်ဘုရားလေးပါး.. သူတို့က‌မြေရိုင်းဒေသကြီးထဲက မိစ္ဆာနတ်ဘုရားလေးပါးပဲ. မင်းမပြေးရင် သူတို့လက်ထဲကိုရောက်ပြီးတဲ့နောက်မင်းဘာဖြစ်မလဲဆိုတာသိလား”

လူငယ်၏စကားတို့အားကြားရသော်လည်းရှစ်ဖုန့်က အလျှင်လိုခြင်းမရှိဘဲ အေးဆေးတည်ငြိမ်နေဆဲဖြစ်သည်။ သူက အနည်းငယ်ခေါင်းယမ်းလိုက်သည်။

“ငါမသိဘူး..ငါသူတို့ကိုလုံးဝမကြားဖူးဘူး”

“လခွီးပဲ”

ဤအချိန်တွင်လူငယ်က ရှစ်ဖုန့်၏လက်မောင်းအားဆုပ်ကိုင်လိုက်သည်။ သူကအော်ပြောလိုက်သည်။

“မင်းသူတို့ကိုမသိပေမဲ့ ပြေးလို့ရသေးတယ်.. မင်းအခုမပြေးရင် နောင်တရလိမ့်မယ်”

လူငယ်ကသူ့အားဆုပ်ကိုင်လာသည်ကို တွေ့ရသောအခါတွင်ရှစ်ဖုန့်က ရှောင်ရှားခြင်းမရှိပေ။ လူငယ်၏လက်ထဲလျှင်မြန်စွာဖမ်းမိသွားသည်။ ထို့နေမာက်လူငယ်က ရှစ်ဖုန့်ကိုသယ်ဆောင်ပြီး တစ်ဟုန်ထိုးထပ်မံစတင်ရွှေ့လျားလိုက်သည်။

“ဟားဟား…ဟားဟားဟားဟား”

“ဟားဟားဟား”

၎င်းတို့နောက်မှလူလေးယောက်ကနီးကပ်သည်ထက်နီးကပ်လာသကဲ့သို့ ထူးဆန်းသောရယ်မောသံများထွက်ပေါ်လာသည်ကိုလည်း ရှစ်ဖုန့်ကြားရသည်။

ရှစ်ဖုန့်မှာလူငယ်၏ဖမ်းဆုပ်မှုကိုခံထား ရဆဲဖြစ်သည်။ နောက်မှဆိုးယုတ်သောလူလေးယောက်နှင့်ရင်ဆိုင်ရရာတွင် လူငယ်က အလျှင်အမြန်ရှောင်ရှားလိုက်သည်။ရှစ်ဖုန့်ကလူငယ်ကိုပြောလိုက်၏။

“မင်းဒီလူလေးယောက်ကို အရမ်းကြောက်လန့်နေတာ ဘာလို့ ထွက်ပြေးဖို့အချိန်ကို အသုံးမချတာလဲ.. အဲ့အစား မင်းပြန်လာပြီးငါ့ကိုပြောနေသေးတယ်”

“ငါကမင်းအတွက်ငါးစာဖြစ်နေရင် မင်းအဝေးကိုမြန်မြန်ပိုမပြေးနိုင်ဘူးလား”

“မင်းဘာတွေပြောနေတာလဲ.ငါလုံရှန်းက အဲ့လိုလူစားမျိုးမဟုတ်ဘူး”

ရှစ်ဖုန့်၏စကားတို့အားကြားရသောအခါတွင် လုံရှန်းဟုခေါ်သောလူငယ်က ချက်ချင်းမပျော်မရွှင်ဖြစ်သွားရသည်။

ထို့နောက်သူက ပြတ်သားစွာပြောလိုက်၏။

“မိစ္ဆာနတ်ဘုရားလေးပါးက ငါ့နောက်ကိုလိုက်လာခဲ့တာ.. သူတို့ကြောင့်မင်းအသတ်ခံလိုက်ရရင် ငါသတ်တာကိုခံလိုက်ရတာနဲ့ဘာမှမကွာခြားဘူး”

“ဒါပေမဲ့ငါ့ကြောင့်မင်းခုဏက အချိန်တွေအလကားဖြစ်သွားတယ်လေ.. သူတို့ငါတို့ကိုမှီဖို့သိပ်ကြာတော့မှာမဟုတ်ဘူး. အဲ့အချိန်ငါတို့အားလုံးသေလိမ့်မယ်”

ရှစ်ဖုန့်ကထပ်မံပြောလိုက်သည်။သို့‌သော် သူကလှုပ်ရှားခြင်းတော့မရှိသေးပေ။ ရှစ်ဖုန့်မှာလုံရှန်းဟုခေါ်သောလူငယ်၏ဆွဲခေါ်ခံရမှုနောက်သို့လိုက်ပါလာဆဲဖြစ်သည်။

လုံရှန်း၏ အမြန်နှုန်းက ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်အမျိုးသမီး၏ အမြန်နှုန်းကို မယှဉ်နိုင်ကြောင်း ရှစ်ဖုန့်တွေ့ရသည်။ အခြားသုံးယောက်ကသူတို့နှင့်အလှမ်းဝေး နေသေးသော်လည်း အမျိုးသမီးကတော့နီးကပ်သည်ထက်နီးကပ်လာသည်။

“ဟားဟားဟား”

မကြာခင်ရှစ်ဖုန့်နှင့်လုံရှန်းတို့ အမျိုးသမီး၏ရယ်မောသံကိုကြားရသည်။သူမ၏အသံကနွဲ့နှောင်းနေကာ လူတစ်ယောက်၏ခန္ဓာကိုယ်အတွင်းမှ အရိုးကို ပင် အရည်ပျော်နိုင်စွမ်းရှိပုံရ၏။

“နောက်ထပ်ဝင်းပကြည်လင်ပြီး ချောမောတဲ့ကောင်လေးတစ်ယောက်ကိုတွေ့ရမယ်လို့ ငါမမျှော်လင့်ထားဘူး. …..အဝေးကိုမပြေးပါနဲ့..ဒီမှာနေပြီး ငါနဲ့ကစားပါအုံး… ငါမင်းတို့နှစ်ယောက်ကို ကောင်းကောင်းဂရုစိုက်ပြီး ကမ္ဘာ‌ပေါ်က ပျော်ရွှင်မှုအားလုံးကို ခံစားခွင့်ပြုမှာပါ”

အမျိုးသမီးက အပြုံးတစ်ခုနှင့်ပြောလိုက်သကဲ့သို့ သူ့ကိုကြည့်နေသည့်အမျိုးသမီး၏ပုံစံက ပို၍ တပ်မက်စိတ်တို့ပြင်းပြင်သော ပုံစံဖြစ်လာ၏။ အမျိုးသမီး၏အသံမှာ လူတစ်ယောက်၏စိတ်အားညှို့ယူနိုင်သော ဆန်းကြယ်သည့်စွမ်းအားတစ်ခုပါရှိပုံရ၏။

သို့သော် ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားက ကြယ်ရှစ်ပွင့် မဟာသူတော်စင်နယ်ပယ်သို့ရောက် ရှိနေပြီဖြစ်သည်။ ဤအမျိုးသမီး၏ ညှို့ယူခြင်းကိုလုံးဝခံရခြင်းမရှိပေ။

“အဲ့မိန်းမအသံနဲ့ညှို့တာမခံရစေနဲ့.. တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ကိုထား.. မင်းကိုမင်းမဆုံးရှုံးသွားစေနဲ့..”

ဤအချိန်တွင် လုံရှန်းက ရှစ်ဖုန့်ကို အလျှင်အမြန်သတိပေးလိုက်သည်။

ထို့နောက်သူကထပ်ပြော၏။

“မင်းအဲ့မျိုးသမီးညှို့တာကိုတစ်ကြိမ်ခံလိုက်ရတာနဲ့ .. မင်းတော့သွားပြီပဲ.. မင်းသူ့ရဲ့ရုပ်သေးရုပ်ဖြစ်သွားတာနဲ့ ထာဝရကစားစရာဖြစ်သွားလိမ့်မယ်… သူမင်းကိုငြီးငွေ့သွားရင် .. ဖြည်းဖြည်းချင်းသေတဲ့အထိ ကစားလိမ့်မယ်”

“တစ်ခုခုပြောအုံးဟ..မင်းအခုသူညှို့တာ ခံလိုက်ရပြီလား”

ရှစ်ဖုန့်၏တိတ်ဆိတ်နေမှုအား ကြားရသောအခါတွင် လုံရှန်းကရှစ်ဖုန့်ကို စိုးရိမ်စွာမေးလိုက်သည်။

“အိုး..မခံရပါဘူး”

ရှစ်ဖုန့်ကပြန်ဖြေသည်။

ပြောရလျှင် အစောပိုင်းကလုံရှန်းအနေဖြင့်လွန်စွာ အန္တရာယ်များခဲ့သည်ဖြစ်သည်။ရှစ်ဖုန့်သာ စိတ်ဆန္ဒ အားကောင်းသူ ဟုတ်မနေခဲ့ပါက ထိုမိန်းမ၏ညှို့ယူခံရပြီး သူ့အားတိုက်ခိုက်ဖို့များသည်ဖြစ်၏။

“အိုး.ကောင်းတယ်.”

ရှစ်ဖုန့်၏အဖြေအားကြားရသောအခါတွင် လုံရှန်းက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

“မင်းခုဏကကြောက်သွားသေးလား”

ရှစ်ဖုန့်က အပြုံးတစ်ခုနှင့်မေးလိုက်သည်။

“ဒါပေါ့ ငါကြောက်တာပေါ့. မင်းသာအဲ့မိန်းမညှို့တာခံလိုက်ရရင် စိတ်လွတ်သွားပြီး ငါ့ကိုတိုက်ခိုက်လိမ့်မယ်.. ဘယ်လိုလုပ်ပြီးငါကစိတ်မပူဘဲနေမှာလဲ”

လုံရှန်းကအရှိကိုအရှိအတိုင်းပြောလိုက်သည်။

“ဒါဆိုငါကမင်းကို ထိခိုက်စေမလား မသေချာမရေရာဖြစ်နေတာတောင်ဘာလို့ ငါ့ကို မစွန့်ပစ်သွားတာလဲ”

ရှစ်ဖုန့်ကထပ်မံမေးလိုက်သည်။

ဆက်ရန်…….

All Chapters