အခန်း (၁၀၃၅)
Vol. 69 Ch. 1035
ဘာသာပြန်သူ-ARISE
ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၆၉)
အပိုင်း(၁၀၃၅)
“ကြည့်လိုက်အုံး ကောင်းကင်ထဲကနေကိုးစင်းကို”
လုံရှန်း၏အံ့အားသင့်သံအားကြားရသောအခါတွင် ရှစ်ဖုန့်က ရုတ်ခြည်း ရှေ့သို့ချီတက်ခြင်းကိုရပ်တန့်လိုက်ပြီး ဟင်းလင်းပြင်ထဲ၌ အနက်ရောင်ပုံရိပ်တစ်ခု ပြန်ပေါ်လာသည်။
ထို့နောက်ရှစ်ဖုန့်ကကောင်းကင်ထဲ သို့မော့ကြည့်လိုက်သည်။
ကောင်းကင်ထဲ၌ ရှိနေသည့် နေကိုးစွန်း၏အစွန်းနား၌ အမှောင်ထုပေါ်လာပြီးနောက် အမှောင်ထုက ဖြည်းဖြည်းချင်းပျံ့နှံ့နေသည်။
၎င်းကနှေးကွေးသော်လည်း ရှစ်ဖုန့်နှင့်လုံရှန်းတို့၏မျက်လုံးထဲတွင်ယင်းက ပကတိမျက်စိဖြင့်မြင်နိုင်သည်ဖြစ်သည်။
“ကောင်းကင်ဘုံခွေးက နေကိုးစင်းကိုစားခြင်းလား”
ဤအရာအားမြင်တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်ကအံ့အားတသင့်ရေရွတ်လိုက်သည်။
ဤထူးဆန်းသောပုံရိပ်ယောင်က တကယ်ကြီး နေကိုးစင်းအားကောင်းကင်ဘုံခွေးကစားခြင်းနှင့်ဆင်တူသည်ဖြစ်သည်။
ဤအချိန်တွင် ရှစ်ဖုန့်နှင့်လုံရှန်းတို့မှာနေကိုးစင်းနောက်မှ ဧရာမမှုန်ဝါးသောအနက်ရောင်အရိပ်ကြီးကိုမြင်တွေ့လိုက်ကြရသည်။ ၎င်း၏ပုံသဏ္ဍန်က တကယ်ကြီးခွေးတစ်ကောင်နှင့်တူသည်ဖြစ်၏။
“အဲ့တာကရှေးဟောင်းနတ်ဘုရားသားရဲ ကောင်းကင်ဘုံခွေးလား”
အနက်ရောင်အရိပ်ကြီးအားမြင်တွေ့ရသောအခါတွင် လုံရှန်းကရှစ်ဖုန့်ကိုမေးလိုက်သည်။
“အဲ့တာကဘာလဲဆိုတာဘယ်သူကသိမှာလဲ”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ဝုန်း.ဝုန်း..ဝုန်း.ဝုန်း. ဝုန်း.ဝုန်း..ဝုန်း.ဝုန်း. ဝုန်း.ဝုန်း..ဝုန်း.ဝုန်း.”
ရုတ်ခြည်း သူတို့အောက်ရှိမြေပြင်က ပြင်းထန်စွာလှုပ်ခါလာပြီး သူတို့အရှေ့မှမြေပြင်ကပို၍ပြင်းထန်စွာလှုပ်ခါလာသည်ကို ရှစ်ဖုန့်ရှင်းလင်းစွာခံစားမိ၏။
ကမ္ဘာတစ်ခုလုံး၌ အဆက်မပြတ်တုန်ခါမြည်ဟိန်းသံများဖြင့်ပြည့်နှက်နေသည်။
“သွားစို့”
ရှစ်ဖုန့် လုံရှန်းအား မကျယ်သောအသံဖြင့်ပြောလိုက်ပြီး ရှေ့ရှိဟင်းလင်းပြင်သို့ ပြတ်သားစွာ ဖျက်ခနဲချီတက်သွားသည်။
“ကောင်းပြီ”
လုံရှန်းကလည်းခေါင်းညိမ့်လိုက်ပြီး သူ၏ပုံရိပ်ကလည်းဖျက်ခနဲဖြစ်သွားသည်။
နေရာတစ်ခုလုံးတုန်ခါမြည်ဟိန်းနေသော ဟင်းလင်းပြင်ထဲ၌ပုံရိပ်ခုနှစ်ခုပေါ်လာသည်။ ၎င်းတို့အားလုံက ရှေ့သို့တစ်ချိန်တည်းကြည့်လိုက်ကြ၏။
“မြင့်မြတ်သားတော်. .. ကျုပ်တို့ဘာလုပ်သင့်လဲ ရှေ့ကိုဆက်သွားရမလား ဆုတ်ခွာရမလား”
လုပ်ကြံသတ်ဖြတ်သူတစ်ဦးက ခေါင်းဆောင်လူငယ်လုပ်ကြံသူကိုမေးလိုက်သည်။
ဤအချိန်တွင်လူငယ်လုပ်ကြံသူက လေးနက်သောအသံဖြင့်ပြောလိုက်သည်။
“အခုကစပြီး ရှေ့ကအန္တရာယ်များတဲ့နေရာကို ဆက်ပြီးစူးစမ်းရှာဖွေမလား ဆုတ်ခွာမလားဆိုတာကိုမင်းတို့ဖာသာဆုံးဖြတ်ကြ”
လူငယ်လုပ်ကြံသူက စကားဆုံးပြီးနောက် သူ၏ပုံရိပ်ကဖျက်ခနဲထပ်မံဖြစ်သွားပြီး ဟင်းလင်းပြင်ထဲမှပျော်ကွယ်သွားသည်။ ရှေ့သို့တစ်ယောက်တည်းဖျက်ခနဲဦးတည်သွားပြီဖြစ်၏။
ကျန်ရှိသောလုပ်ကြံသူခြောက်ဦးကလည်း တစ်ယောက်မျက်လုံးတစ်ယောက်ကြည့်လိုက်ကြသည်။ ထို့နောက် လုပ်ကြံသူတစ်ဦးကပြောလိုက်၏။
“ငါဆုတ်ခွာဖို့ရွေးတယ်”
“ငါရောပဲ”
အသံထွက်ပေါ်လာပြီးသောအခါ လုပ်ကြံသူများ၏ခန္ဓာကိုယ်ကဖျက်ခနဲဖြစ်သွားပြီး ပျောက်ကွယ်သွားသည်။
မကြာခင် လုပ်ကြံသူလေးဦးဆုတ်ခွာသွားပြီး နှစ်ယောက်သာနောက်၌ကျန်ရစ်ခဲ့သည်။ ၎င်းတို့နှစ်ဦးကလူငယ်လုပ်ကြံသူထွက်ခွာသွားရာဘက်သို့စိုက်ကြည်နေသည်။
အဆုံးသတ်တွင် ရှေ့ဆိုဆက်သွားရန်သာသူတို့ဆုံးဖြတ်လိုက်သည်။ အန္တရာယ်များနှင့်အတူ မျှော်လင့်မထားနိုင်သော အခွင့်အလမ်းများကယှဉ်တွဲပါလာ တတ်သည်ဖြစ်သည်။
ဟင်းလင်းပြင်အတွင်းတစ်ဟုန်ထိုးခရီးနှင်နေသော ရှေးဟောင်းကြေးနီရောင်ရထားလုံးကြီး တစ်ခုမှာလည်း လှုပ်ခါနေသောမြေပြင်သိုတစ်ဟုန်ထိုးချဉ်းကပ်နေသည်။
ဤကြေးနီရောင်စစ်ရထားအား မူလက သားရဲသုံးကောင်ဆွဲသော်လည်းယခုအခါတွင် နောက်ထပ်နတ်ဆိုးသားရဲတစ်ကောင်ထပ်ပေါင်းပါဝင်လာပြီဖြစ်သည်။ ၎င်းက နတ်ဆိုးရိုင်းတောင်တန်း၏ဘုရင်ဖြစ်သူ အနက်ရောင်ရေလွှမ်းနဂါးပင်ဖြစ်သည်။
ဤအချိန်တွင် အနက်ရောင်ရေလွှမ်းနဂါးမှာ မျက်နှာမကောင်းလှပေ။ သူလည်ဤအရာအားလွန်စွာလက်သင့် မခံနိုင်ဖြစ်နေသည်။
သူအနက်ရောင်ရေလွှမ်းနဂါးက နတ်ဆိုးရိုင်းတောင်တန်းအတွင်း အထွတ်အထိပ်အရှင်သခင်တစ်ပါးအဖြစ် သုံးသပ်၍ရနိုင်သည်ဖြစ်သည်။ မည်သည့်နတ်ဆိုးသားရဲကများသူ၏အမိန့်ကိုမနာခံဘဲနေရဲပါသနည်း။
တစ်စုံတစ်ယောက်၏ ရထားလုံးအားဆွဲပေးရသည့်အဆင့်သို့ သူနိမ့်ကျသွားလိမ့်မည်ဟု မည်သူကတွေးမိပါမည်နညး်။
“ဒီနေရှေးဟောင်းအပျက်အစီးနယ်မြေက ပိုပိုပြီးစိတ်ဝင်စားဖို့ကောင်းလာတဲ့ပုံပဲ”
ကြေးနီရောင်စစ်ရထားထံမှ မိန်းမငယ်လေးတစ်ဦး၏ကြည်လင်သောအသံထပ်မံထွက်ပေါ်လာပြန်သည်။
ဤအသံအားကြားပြီးနောက်အနက်ရောင် ရေလွှမ်းနဂါး၏ ကြီးမားသောခန္ဓာကိုယ်ကြီးက အနည်းငယ်တုန်ယင်သွားသည်။
ဤမိန်းမငယ်လေး၌စိတ်ချမ်းမြေ့စရာကောင်းသောအသံကိုပိုင်ဆိုင်ထားသော်လည်း သူမ၏ အပြုအမူလုပ်ဆောင်ချက်တို့အားမြင်ဖူးသည့် အနက်ရောင်ရေလွှမ်းနဂါးအတွက်မူ သူမမည်မျှကြောက်ဖို့ကောင်းကြောင်း ကိုသိသည်ဖြစ်သည်။
“ဝုန်း.ဝုန်း..ဝုန်း.ဝုန်း.ဝုန်း”
ဤအချိန်တွင် ရှစ်ဖုန့်မှာ သူရှိနေသောကမ္ဘာက ပို၍ပြင်းထန်စွာလှုပ်ခါလာသည်ဟုခံစားရသည်။ လှုပ်ခါနေသောကမ္ဘာနှင့်အတူ သူ၏ခန္ဓာကိုယ်က လိုက်ပါယိမ်းထိုးနေသည်။ သူ၏ပုံစံကလွန်စွာမတည်မငြိမ်ဖြစ်နေပြီး ဟင်းလင်းပြင်ထဲပြုတ်ကျတော့ မည့်နှယ်ဖြစ်နေသည်။
သူ၏ဘေးမှလုံရှန်း၏ကိုယ်ကလည်းယိမ်းထိုးနေ၏။ ရှစ်ဖုန့်နှင့်အတူရှေ့သို့ဆက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ငါတို့ဆက်ပြီးသွားရင် လှုပ်ခါနေတဲ့မြေပြင်ရဲ့ မူလရင်းမြစ်ဆီကိုရောက်လောက်တယ်.. အဲ့မှာဘယ်လိုတည်ရှိမှုမျိုးရှိနေမလဲဆို တာကိုငါသိချင်မိတယ်”
“ဒီရှေးဟောင်းအပျက်အစီးနယ်မြေကို မွန်းစတားနတ်ဘုရား သင်္ချိုင်းလို့ခေါ်တယ်..မွန်းစတား နတ်ဘုရားရဲ့အလောင်းက ရှေ့တည့်တည့်မှာရှိနေတာလည်းဖြစ်နိုင်တယ်. ဒါမှမဟုတ် မွန်းစတားနတ်ဘုရားရဲ့အလောင်းပြန်ပေါ်လာလို့ ဒီကမ္ဘာမှာ ဒီလိုရုတ်တရုတ်သဲသဲဖြစ်တာမျိုးဖြစ်လာတာလည်းဖြစ်လောက်တယ်”
ရှစ်ဖုန့်ကလုံရှန်းအားပြောလိုက်သည်။ ထို့နောက်ဆက်ပြော၏။
“ ဒါမှမဟုတ် ဒီရှေးဟောင်းအပျက်အစီးနယ်မြေထဲက ရှေးဟောင်းအစီအရင်တစ်ခုအသက်ဝင်လာတာလည်းဖြစ်နိုင်တယ်.. ဘာပဲဖြစ်ဖြစ် ဒီသခင်လေးတို့တော်တော်တော့သတိထားရမယ်”
“ဝုန်း”
ဤအခိုက်အတန့်တွင် ချက်ချင်းဆိုသလို အဝေးမှ ပုံမှန်မဟုတ်အာင်ပြင်းထန်သော မိုးခြိမ်းသံကဲ့သို့ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး နေရာတစ်ခုလုံးအား လုံးဝအပြင်းထန်ဆုံးအနေအထားဖြင့် တုန်ခါသွားစေသည်။
ရှစ်ဖုန့်နှင့်လုံရှန်းတို့၏ကိုယ်များပင် ပို၍ပြင်းထန်စွာယိမ်းထိုးနေ၏။
ဤကမ္ဘာက ပြိုကျတော့မည်သကဲ့သို့ ပို၍ ပို၍ မတည်မငြိမ်ဖြစ်လာသည်။
ပေါက်ကွဲမှုအားကြားပြီးနောက် ရှစ်ဖုန့်၏ကိုယ်က ဖျက်ခနဲထပ်မံဖြစ်သွားပြီး ရှေ့သို့တစ်ဟုန်ထိုးဆက်လက်ဦးတည်လိုက်သည်။
ကမ္ဘာကြီး၏ ပိုတိုးပွားလာသောမတည်ငြိမ်မှုအားအာရုံခံရင်း လုံရှန်းတစ်ယောက်နောက်တစ်ကြိမ်တုန့်ဆိုင်းသွားသည်။ထို့နောက်သူကတီးတိုးရေရွတ်လိုက်၏။
“ထားလိုက်ပါလေ.. သူ့ကြောင့်သာမဟုတ်ရင် မိစ္ဆာနတ်ဘုရားလေးပါးကြားထဲမှငါ့အသက်ဆုံးရှုံးခဲ့လောက်တ်.. ဘာပဲဖြစ်ဖြစ်ငါ့ဘဝမှ အလကားနေခဲ့တာပဲဟာ”
ဤစကားများအားပြောပြီးနောက် လုံရှန်းက ဆုံးဖြတ်ချက်ချလိုက်ပြီးဖြစ်သည်။ သူ၏ကိုယ်ကရှေ့သို့ ဖျက်ခနဲထပ်မံဦးတည်သွားသည်။
“ဘာဖြစ်တာလဲ”
ရှေ့သို့အရှိန်အဟုန်ဖြင့်ချီတက်နေသောရှစ်ဖုန့်မှာ ရုတ်ခြည်းရှေ့ဘက်မှလာနေသည့် လွန်စွာအေးစက်မှုန်မှိုင်းသော အော်ရာတစ်ခုကိုအာရုံခံမိလိုက်သည်။ ဤအော်ရာက အစွန်းရောက်ယင်ဖြစ်ပြီး အေးစက်သည့်အော်ရာဖြစ်သည်ဉ။
“ဒါကအရာဝ္တထုတွေပစ္စည်းတွေ အစွန်းတစ်ဖက်ရောက်သွားရင် ဆန့်ကျင်ဘက်ကို ရောက်သွားတယ်ဆိုတာအမှန်ကြီးလား.. နေကိုးစင်းကုန်းမြေထဲမှာ အစွန်းရောက်ယင်ရတနာတစ်ခုရှိနေတာလား”
ရှစ်ဖုန့်က ရှေ့ရှိ လွန်စွာအေးစက်မှုန်မှိုင်းသောအော်ရာကိုခံစားရင်းတီးတိုးရေရွတ်လိုက်သည်။
“အဲ့..အဲ့မှာ ငါ့ကိုတောင်ရင်တုန်စေတဲ့ အော်ရာတစ်ခုရှိနေတယ်..”
ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏ကိုယ်အတွင်းမှ ကောင်းကင်သူတော်စင်မီးတောက်က အံ့အားတသင့်ပြောလိုက်သည်။
“ခင်ဗျားကိုတောင်ရင်တုန်စေတဲ့အော်ရာတစ်ခုလား အဲ့တာကဘာလဲ”
ရှစ်ဖုန့်က သူ၏ဝိညာဉ်စွမ်းအားဖြင့် ကောင်းကင်သူတော်စင်မီးတောက်အားလျှင်မြန်စွာဆက်သွယ်၍မေးလိုက်သည်။
“ငါလည်းမသိသေးဘူး. ဘာပဲဖြစ်ဖြစ် ငါ့ကိုအရမ်းကြောက်လန့်အောင်ခံစားရစေတယ်. မင်းဂရုတစိုက်လုပ်မှရမယ်”
ကောင်းကင်သူတော်စင်မီးတောက်ကပြန်ဖြေ၏။
ရှစ်ဖုန့်ကရပ်တန့်ခြင်းမရှိဘဲရှေ့သို့ဆက်လက်ချီတက်နေ၏။ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏ကိုယ်က ရုတ်ခြည်းရပ်တန့်သွားပြီး မျက်လုံးတို့ပြူးကျယ်သွားသည်။
“ဒါကဘာလဲ”
မလှမ်းမကမ်းရှိကောင်းကင်ထဲ၌ သွေးနီရောင်ကြာပန်းတစ်ခုပုံစံတောက်လောင်နေသည့် ဧရာမနတ်ဆိုးမီးတောက်တစ်ခုရှိနေသည်။ ရှစ်ဖုန့်အစောပိုင်းကအာရုံခံမိခဲ့သည့်အေးစက်မှုန်မှိုင်းသောအော်ရာက ဤဧရာမအနီရောင်မီးကြာပန်းကြီး ထံမှလာခြင်းဖြစ်သည်။
“ဒါ..ဒါက ဒဏ္ဍာရီလာ ငရဲမီးအနီရောင်ကြာပန်းလား”
ဧရာမအနီရောင်မီးကြာပန်းကြီးအားကြည့်၍ ရှစ်ဖုန့်က မထိန်းနိုင်ဘဲအံ့အားတသင့်ပြောလိုက်သည်။
အနီရောင်ကြာပန်းငရဲမီးတောက်မှာ ရှေးခေတ်အချိန်ကာလကတည်းက ဒဏ္ဍာရီလာတည်ရှိမှုဖြစ်သည်။ မည်သည့်သက်ရှိမဆို ငရဲမီးအနီရောင်ကြာပန်း၏ မီးပွားတစ်ခုနှင့်ထိတွေ့မိပါက ၎င်း၏ကျင့်ကြံခြင်းဖျက်ဆီးခံရလိမ့်မည်ဟုဆို၏။
ဤသည်ကားဒဏ္ဍာရီများအတွင်း ၌ပင်လွန်စွာဆိုးဝါးသောမီးတောက်တစ်ခုဖြစ်သည်။
ဤဧရာမအနီရောင်မီးကြာပန်းကြီးက ဒဏ္ဍာရီများထဲ၌ဖော်ပြထားသော အနီရောင်ငရဲမီးကြာပန်းနှင့် တစ်ထေရာတည်းတူညီသည်ဖြစ်၏။
ဤအခိုက်အတန့်တွင် အနီရောင်ကြာပန်းပွင့်ချပ်များပုံစံရှိသော လက်သီးဆုပ်အရွယ် မီးတောက်များကလည်း ဤဧရာမအနီရောင်မီးကြာပြန်းကြီးထံမှ အဆက်မပြတ် ကျဆင်းနေသည်။
ဆက်ရန်..
ဘာသာပြန်သူ-ARISE