← Chapters

အရိပ်အစောင့်

Vol. 78 Ch. 1088

အရိပ်အစောင့်

Vol. 78 Ch. 1088

"ငါ အရင် လှုပ်ရှားမယ်"

ခါဖယ်ရိုက အပြာရောင်ရည်စက်တစ်ခုကို ယူထုတ်ကာ အသက်သွင်းလိုက်တယ်။ အပြာရောင်ရေပူဖောင်းတစ်ခုက သူ့ကို ဝန်းရံလာတယ်။

ဒီနတ်ဘုရားရေစက်က အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။ ခါဖယ်ရိုက အထဲကို နတ်ဘုရားစွမ်းအားအလုံအလောက်ထည့်သွင်းလိုက်ပြီး အတွေးတစ်ချက်နဲ့အတူ နတ်ဘုရားရေစက်က သူ့ကို ရှေ့သို့ သယ်သွားတယ်။

ရွှမ်း......

နတ်ဘုရားရေစက်က ခါဖယ်ရိုကို ရစ်ပတ်ထားပြီး လိုဏ်ဂူထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားတယ်။

ထို့နောက် လူတိုင်းက သူတို့ရဲ့နတ်ဘုရားစွမ်းရည်တွေကို ထုတ်ဖော်လိုက်ကြတယ်။ သူတို့က ခါဖယ်ရိုလိုပဲ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ နတ်ဘုရားစွမ်းအားအတားအဆီးအလွှာတွေကို တပ်ဆင်လိုက်ကြတယ်။ သူတို့က အသူတရာချောက်နက်စွမ်းအားကို ခုခံကာ လိုဏ်ဂူထဲသို့ ပြေးဝင်သွားကြတယ်။

လီဖူချန်းတစ်ယောက်ပဲကျန်တော့တဲ့အချိန်မှာ သူက လျှပ်တစ်ပြက်လက်သွားပြီး အစိမ်းရောင်မီးခိုးပမာ နောက်မှ လိုက်သွားတယ်။

ယား.....

လီဖူချန်းက မြေပြင်ပေါ် ဆင်းသက်လိုက်တဲ့အခါ သူတို့လေးယောက်ရဲ့အမူအရာက မကျေမနပ်ဖြစ်နေတာကို မြင်လိုက်ရတယ်။

"ဘာဖြစ်နေတာလဲ" လီဖူချန်းက တမင်မေးလိုက်တယ်။

"လမ်းမှာ အသူတရာ‌ချောက်နက်အကြိုနတ်ဘုရားသားရဲနဲ့နတ်ဘုရားသားရဲတွေနည်းနည်းပဲရှိတာအံ့ဩစရာမရှိဘူးပဲ။ သူတို့အားလုံးကို အလယ်ဆင့်အသူတရာချောက်နက်နတ်ဆိုးပန်းရဲ့အသူတရာချောက်နက်စွမ်းအားက ဆွဲဆောင်ခဲ့တာကိုး" ဒင်းက သူ့ရဲ့ဓားရှည်ကို ဆွဲထုတ်လိုက်တယ်။

တိုက်ပွဲက လျင်မြန်စွာ စတင်လာတယ်။ အသူတရာချောက်နက်အကြိုနတ်ဘုရားသားရဲတွေထောင်ကျော်က ဒီရေလှိုင်းတစ်ခုပမာ သူတို့ငါးယောက်ထံ တိုးဝင်လာကြတယ်။

"ငရဲကို သွားကြစမ်း"

ခါဖယ်ရိုက လက်သီးတစ်ချက်ထုတ်ဖော်လိုက်တယ်၊ ပြင်းထန်တဲ့လှိုင်းတစ်ခုပမာ အသူတရာချောက်နက်အကြိုနတ်ဘုရားသားရဲဒါဇင်ကျော်ကို သတ်ဖြတ်ခဲ့တယ်။

"ကြယ်ဝါးမျိုခြင်းအမြောက်...."

ကြယ်ဝါးမျိုသူက နတ်ဘုရားစွမ်းအားတိုင်တစ်ခုကို ထုတ်လွှတ်လိုက်တယ်။ ဒီနတ်ဘုရားစွမ်းအားတိုင်က မှင်တက်စရာစွမ်းအားရှိပြီး အနည်းဆုံးအသူတရာချောက်နက်အကြိုနတ်ဘုရားသားရဲတစ်ရာကျော်ကို ပျောက်ကွယ်သွားစေခဲ့တယ်။

(ကြယ်ပျံလွှာအစား ကြယ်ဝါးမျိုသူလို့ ပြောင်းသုံးပါ့မယ်- ဘာသာပြန်သူ)

"လက်သည်းဓားသွားမုန်တိုင်း......"

ကျောက်ဖေးအာက သူမရဲ့လက်သည်းကို ဝှေ့ယမ်းလိုက်တယ်၊ လက်သည်းအရိပ်မုန်တိုင်းတစ်ခုက အသူတရာချောက်နက်အကြိုနတ်ဘုရားသားရဲတွေကို တစ်ကောင်ပြီးတစ်ကောင် ဆုတ်ဖြဲသွားတယ်။

"လှိုင်းဓား......"

ဒင်းလဲ လီဖူချန်းလို ဓားတာအိုကျင့်ကြံသူပဲ။ ဓားတာအိုက သတ်ဖြတ်ခြင်းကို အလေးထားတယ်၊ အသူတရာချောက်နက်အကြိုနတ်ဘုရားသားရဲတွေကို သတ်ဖြတ်ရတာက ဂျုံရိတ်သိမ်းနေရသလိုပါပဲ။

ဒီပျော်ရွှင်မှုက အကြာကြီးတော့ မခံခဲ့ဘူး။ တစ်ခဏအတွင်းမှာ သူတို့ငါးယောက်က ပြိုင်ဘက်အသီးသီးနဲ့ ရင်ဆိုင်ခဲ့ရတယ်။

ခါဖယ်ရို၊ ကြယ်ဝါမျိုးသူ၊ ကျောက်ဖေးအာတို့ရဲ့ပြိုင်‌ဘက်တွေက အသူတရာချောက်နက်နတ်ဘုရားသားရဲတွေဖြစ်ပြီး ဒင်းနဲ့လီဖူချန်းတို့ရဲ့ရန်သူတွေက အသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားတွေဖြစ်တယ်။

မြေရိုင်းနတ်ဆိုးသားရဲတွင်းရှိအသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားတွေက အသူတရာချောက်နက်စွမ်းအားကြောင့် ညစ်ညမ်းသွားခဲ့တဲ့နတ်ဘုရားတွေဖြစ်ပြီး သန့်စင်တဲ့အသူတရာချောက်နက်သက်ရှိတွေမဟုတ်ပါဘူး။

ပုံမှန်စိတ်ခံစားချက်တွေရှိမနေတဲ့အသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားရဲ့အနီရင့်ရောင်မျက်လုံးတွေကို လီဖူချန်းက ကြည့်လိုက်တယ်။ သူက ခေါင်းခါယမ်းလိုက်မိတယ်။ အသူတရာ‌ ချောက်နက်နတ်ဆိုးနတ်ဘုရားတွေက အသူတရာချောက်နက်စွမ်းအားကို တဖြည်းဖြည်းထိန်းချုပ်လာနိုင်ပြီး အစစ်အမှန်အသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားတစ်‌ယောက်မဖြစ်လာရင် ညစ်ညမ်းသွားတဲ့ဒီလိုသက်ရှိတွေက လမ်းလျှောက်နေတဲ့အလောင်းကောင်တွေနဲ့ မခြားပါဘူး။

ဝှစ်....

သူတို့နှစ်ယောက်က လမ်းကြောင်းရှင်းရင်း အသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားတစ်‌ယောက်က ပြာအဖြစ် ပြောင်းလဲသွားစေခဲ့တယ်။

"အသူတရာချောက်နက်စွမ်းအားက ပိုသိပ်သည်းလာတယ်"

ခါဖယ်ရိုရဲ့ခန္ဓာကိုယ်က အသူတရာချောက်နက်စွမ်းအားအရိပ်အယောင်တစ်ခုစွန်းထင်နေတာကို လီဖူချန်းက မြင်လိုက်ရတယ်။

"တောက်၊ ငါ အသူတရာချောက်နက်နတ်ဘုရားဆေးတစ်ခုကို ဖြုန်းတီးရတော့မှာပဲ"

ခါဖယ်ရိုက သူ့ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း သူ့ရဲ့နေရာလပ်လက်စွပ်မှ ဆေးတစ်ခုကို ထုတ်ကာ သုံးစွဲလိုက်တယ်။

"နတ်ဘုရားအဆင့်ဆေးလား"

လီဖူချန်းက တွေးရင်း ခါဖယ်ရိုရဲ့ပြိုင်ဘက်ကို ဖယ်ရှားပေးလိုက်တယ်။

"ကျေးဇူးအများကြီးတင်ပါတယ်" ခါဖယ်ရိုက လီဖူချန်းထံ ပြုံးပြလိုက်တယ်။

သူတို့ငါးယောက်က အသူတရာချောက်နက်အကြိုနတ်ဘုရားသားရဲတွေနဲ့အသူတရာချောက်နက်နတ်ဘုရားသားရဲတွေကို သတ်ခဲ့တာကြောင့် ပတ်ဝန်းကျင်ရှိအသူတရာချောက်နက်စွမ်းအားက အဆများစွာစတင်တိုးလာတယ်။ လီဖူချန်းက လွဲပြီး လူတိုင်းက အသူတရာချောက်နက်နတ်ဘုရားဆေးကို သုံးစွဲနေခဲ့ရတယ်။

အသူတရာချောက်နက်နတ်ဘုရားဆေးက အသူတရာချောက်နက်စွမ်းအားကို ဝါးမျိုနိုင်တဲ့ဆေးတစ်မျိုးဖြစ်တယ်။

တစ်လုံး၊ နှစ်လုံး......

အသူတရာချောက်နက်နတ်ဘုရားဆေးရဲ့ဆေးရလဒ်က အကန့်အသတ်ရှိတယ်၊ ဒါပေမယ့် ပတ်ဝန်းကျင်ရှိအသူတရာချောက်နက်စွမ်းအားက အကန့်အသတ်မရှိလုနီးပါးပဲ။

"ဒါ မဟုတ်တော့ဘူး၊ အသူတရာချောက်နက်နတ်ဘုရားဆေးအကုန်သုံးပြီးသွားပြီ၊ နတ်ဘုရားစွမ်းအားကလဲ စတင်ကျဆင်းလာနေပြီ"

ခါဖယ်ရိုက နောက်ထပ်နတ်ဘုရားဆေးတစ်လုံးကို ထုတ်ကာ ပါးစပ်ထဲ ထည့်လိုက်တယ်။

ဒီတစ်ခါမှာတော့ သူက ဟင်းလင်းပြင်ဝိညာဉ်ဆေးကို သုံးစွဲခဲ့တယ်။ ဒါက နတ်ဘုရားခန္ဓာကိုယ်ကို လှုံ့ဆော်နိုင်တဲ့ဆေးတစ်မျိုးဖြစ်ပြီး အချိန်တိုအတွင်းမှာ နတ်ဘုရားခန္ဓာကိုယ်ကို နတ်ဘုရားစွမ်းအားတွေ ထုတ်လွှတ်စေတယ်။ အားနည်းချက်ကတော့ ဆေးစွမ်းအားကုန်သွားတာနဲ့ နတ်ဘုရားစွမ်းအားက အချိန်အကြီးလျော့ကျနေပေလိမ့်မယ်။

အသူတရာချောက်နက်နတ်ဘုရားဆေးနဲ့နှိုင်းယှဉ်ရင် ဟင်းလင်းပြင်ဝိညာဉ်ဆေးက ပိုဈေးပေါတယ် ဒါပေမယ့် ဆေးနှစ်လုံးက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်တုံးကျသင့်နေပါသေးတယ်။

"အားလုံးပဲ၊ ငါ ဒီအလယ်ဆင့်အသူတရာချောက်နက်နတ်ဆိုးပန်းတွေရဲ့ရှစ်ဆယ်ရာခိုင်နှုန်းကို လိုချင်တယ်။ မင်းတို့ကောင်တွေ အနားယူလို့ရပြီ" လီဖူချန်းက နေရာလပ်လက်စွပ်မှ ရွက်သင်္ဘောတစ်စင်းကို ထုတ်လိုက်တယ်။ ဒါက သူပထမဆုံးရရှိခဲ့တဲ့ပထမတန်းစားအဆင့်သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။

"ဘာ။ ပထမတန်းစားသင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုလား"

သူတို့လေးယောက်က လီဖူချန်းကို အံ့ဩတုန်လှုပ်စွာ ကြည့်လိုက်ကြတယ်။ ဈေးအပေါဆုံးပထမတန်းစားအဆင့်သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးငါးရာအနည်းဆုံးကျသင့်တယ်။ ဒါ့ပြင် ဒါက မြေရိုင်းမြို့မှာ မရရှိနိုင်ဘူး၊ အခြားနတ်ဘုရားမြို့တွေမှာပဲ ဝယ်ယူရရှိနိုင်မှာ။

မြေရိုင်းမြို့တစ်ခုလုံးမှာ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ပိုင်ဆိုင်တာ နှစ်ဆယ်အောက်ပဲရှိတယ်။ ကိုးယောက်က အလယ်ဆင့်နတ်ဘုရားတွေပဲ။ ဒါပေမယ့် အလယ်ဆင့်နတ်ဘုရားတွေထဲမှာ မြို့အရှင်ချမ်ရှစ်တို့လို၊ သွေးလအရက်ဆိုင်ပိုင်ရှင်သွေးလတို့လိုအနည်းငယ်ကပဲ ပထမတန်းစားအဆင့်သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ပိုင်ဆိုင်တယ်။

"မင်းဘာလို့စောစောစီးစီးမထုတ်တာလဲ" ခါဖယ်ရိုက မကျေမနပ်ပြောလိုက်တယ်။

လီဖူချန်းက ခါဖယ်ရိုကို လစ်လျူရှုကာ မေးလိုက်တယ်"ဘယ်လိုလဲ"

"ဒါ မများလွန်းဘူးလား" ကြယ်ဝါးမျိုသူက ချီတုံချတုံဖြစ်နေတယ်။

လက်ရှိမှာ သူ့အတွက် ပြဿနာမရှိသေးပါဘူး။

"မင်း ငြင်းပယ်နိုင်တယ်" လီဖူချန်းက စိတ်မရှိပါဘူး။

ရွှမ်း.......

ကျောက်ဖေးအာက ရွက်သင်္ဘောပေါ်တက်တဲ့ပထမဆုံးလူဖြစ်တယ်။

"ရှစ်ဆယ်ရာခိုင်နှုန်းဆို‌တော့လဲ ရှစ်ဆယ်ရာခိုင်နှုန်းပေါ့" ဒင်းက မမျှသလို ခံစားရပေမယ့် ဘာကို ရွေးချယ်ရမလဲဆိုတာ သူ သိတယ်။

‌အဆုံးမှာ ခါဖယ်ရိုနဲ့ကြယ်ဝါးမျိုသူတို့ကလဲ သင်္ဘောပေါ်တက်ဖို့ ရွေးချယ်ခဲ့တယ်။

ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့ကာကွယ်ပေးမှုနဲ့အတူ လူတိုင်းက ပိုစိတ်သက်သာရာရလာတယ်။

"လီဖူချန်း၊ မင်းရဲ့အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေက ရဖို့ အရမ်းလွယ်တာပဲ။ မင်းရှစ်ဆယ်ရာခိုင်နှုန်းတောင် ယူထားတယ်၊ ငါတို့ကို တစ်ဆယ်ရာခိုင်နှုန်းလောက် မလျှော့ပေးချင်ဘူးလား" ခါဖယ်ရိုက စသလိုပြောင်သလို ပြောလိုက်တယ်။

လီဖူချန်းက ပြောလိုက်တယ် "မင်းဆိုရင်ရော အလျှော့ပေးမှာလား"

သန်မာခြင်းကိုပဲ လေးစားတဲ့ကမ္ဘာတစ်ခုမှာ အားထုတ်မှုနဲ့‌ဆုလာဒ်က တိုက်ရိုက်အချိုးကျပါတယ်။

သူက ခါဖယ်ရိုရဲ့နေရာမှာဆိုရင် တစ်ဖက်လူက သူတို့သေတာကို စောင့်ကြည့်ပြီး အသူတရာချောက်နက်နတ်ဆိုးပန်းတွေကို သူတစ်ယောက်တည်းအပိုင်စီးသွားမှာပေါ့။ နှစ်ဆယ်ရာခိုင်နှုန်းပေးတာကတင် အတော်သဘောကောင်းနေပါပြီ။

ကျောက်ဖေးအာက ပြောလိုက်တယ်"ရှစ်ဆယ်ရာခိုင်နှုန်းက မများပါဘူး။ လီဖူချန်းမရှိရင် ငါတို့တွေ ဒီနေရာမှာ ရပ်ပြီးစကားပြောနိုင်မှာတောင် မဟုတ်ဘူးလေ"

"ငါ ပြောကြည့်ရုံလေးပါ၊ အလေးအနက်မထားပါနဲ့" ခါဖယ်ရိုက ပြုံးကာ ပြောလိုက်တယ်။

သူတိူ့ရဲ့တရစပ်တိုက်ခိုက်မှုတွေအောက်မှာ လိုဏ်ဂူထဲရှိအသူတရာချောက်နက်အကြိုနတ်ဘုရားသားရဲတွေနဲ့အသူတရာချောက်နက်နတ်ဘုရားသားရဲတွေက တိုးလာတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ရှိအသူတရာချောက်နက်စွမ်းအားကလဲ တစ်ဆက်တည်းတိုးလာတယ်။ ဒီအသူတရာချောက်နက်စွမ်းအားကို သူတို့မသေခင် အသူတရာချောက်နက်အကြိုနတ်ဘုရားသားရဲနဲ့အသူတရာချောက်နက်နတ်ဘုရားသားရဲတွေက ထုတ်လွှတ်ခဲ့တာပဲ။

ထိုအချိန်မှာ လီဖူချန်းက လွဲပြီး တစ်ယောက်မှ သင်္ဘောပေါ်မှ မဆင်းချင်ပါဘူး။

"သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရှိတာအတော်ကောင်းတယ်"

လူတိုင်းက အားကျနေမိတယ်။

အကြိုနတ်ဘုရားစွမ်းအားတွေပတ်ရံလျက် လူတိုင်းက အလယ်ဆင့်အသူတရာချောက်နက်နတ်ဆိုးပန်းတွေကို ရွက်သင်္ဘောပေါ်သို့ ဂရုတစိုက် သယ်ဆောင်လာခဲ့ကြတယ်။

"စုစုပေါင်းနှစ်ဆယ့်လေးပွင့်။ ရှစ်ဆယ်ရာခိုင်နှုန်းဆိုတော့ ၁၉ပွင့်ရမှာပေါ့"

လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းကာ အသူတရာချောက်နက်နတ်ဆိုးပန်း၁၉ပွင့်ကို သိမ်းလိုက်တယ်။

ကျန်ရှိနေတဲ့ငါးပွင့်အတွက် သူတို့လေးယောက်က တစ်ယောက်တစ်ပွင့်စီရမှာပါ။ ကျန်တစ်ပွင့်ကို ကြယ်ဝါးမျိုသူက ပိုင်ဆိုင်ခဲ့တယ်၊ ဒါပေမယ့် ကြယ်ဝါးမျိုသူကလဲ အဆင့်နိမ့်နတ်ဘုရားကျောက်တုံး၃၇တုံးထိုက်တန်တဲ့တစ်ခုခုကို ထုတ်ပေးခဲ့တယ်လေ။

"သွားကြစို့"

ရွက်သင်္ဘောကို ထိန်းချုပ်လျက် လီဖူချန်းက လိုဏ်ဂူမှ ထွက်လာတယ်။

အုန်း.....

ရွက်သင်္ဘောက လိုဏ်ဂူမှ ထွက်လာချင်းချင်း ကြီးမားတဲ့လက်သီးတစ်ချက်က ရုတ်တရက်တိုက်ခိုက်လာပြီး သင်္ဘောကိုယ်ထည်အပေါ် ကျရောက်သွားတယ်။

ဖြောက်......

သင်္ဘောကိုယ်ထည်က ထိခိုက်သွားတယ်။

အကြိုနတ်ဘုရားတွေက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို မဖျက်ဆီးနိုင်ပေမယ့် နတ်ဘုရားတွေက တတ်နိုင်တယ်။

နတ်ဘုရားစစ်မြေပြင်မှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနတွေများစွာရှိတယ်။

ဒါပေမယ့် အလယ်ဆင့်နတ်ဘုရားတွေကတောင် ပထမတန်းစားအဆင့်သ‌င်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို အလုံးစုံဖျက်ဆီးဖို့ ခက်ခဲတယ်။ ဒီလက်သီးက သင်္ဘောကိုယ်ထည်ကို အနည်းငယ်သာ ထိခိုက်စေခဲ့တယ်။

"ငါ သတိမဲ့သွားတယ်"

.

လီဖူချန်းက တကယ်သတိမဲ့သွားတယ်။ လိုဏ်ဂူအပြင်ဘက်မှာ ရန်သူတစ်ယောက်က ချောင်းမြောင်းတိုက်ခိုက်လိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။

သူတို့ကိုချောင်းမြောင်းတိုက်ခိုက်ခဲ့တဲ့သူက အသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားတစ်ယောက်ပဲ။ စောစောကလက်သီးအားအရ ရန်သူရဲ့ခွန်အားက အထွတ်အထိပ်အဆင့်နိမ့်နတ်ဘုရားအဆင့်မှာ ရှိတာ သေချာပေါက်ပဲ။ ဒါ့အပြင် သူက အထွတ်အထိပ်အဆင့်နိမ့်နတ်ဘုရားတွေကြားမှာတောင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်လောက်တယ်။

ပထမတန်းစားအဆင့်သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက သူတို့ကို အသူတရာချောက်နက်ကပ်ဘေးစွမ်းအားရဲ့နှောင့်ယှက်မှုကို ယာယီရှောင်တိမ်းနိုင်စေပြီး သူတို့ရဲ့ခံစစ်ကို တိုးစေတယ်။ ဒါပေမယ့် အထွတ်အထိပ်အဆင့်နိမ့်နတ်ဘုရားတစ်ယောက်နဲ့ရင်ဆိုင်မှာတော့ အသုံးမဝင်ဘူး။ သူတို့အထဲမှာ အထွတ်အထိပ်အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ရှိပြီး သူ့ရဲ့နတ်ဘုရားစွမ်းအားကို နတ်ဘုရားစွမ်းအားကန်ထဲသို့ ထည့်သွင်းပေးရင်တော့ သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက အထွတ်အထိပ်အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ရဲ့တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်လိမ့်မယ်။

ဒါပေမယ့် သူတို့အထဲမှာ အထွတ်အထိပ်အဆင့်နိမ့်နတ်ဘုရားတစ်‌ယောက်မှမရှိဘူး။ ကြယ်ဝါးမျိုသူဖြစ်စေ၊ လီဖူချန်းဖြစ်စေ၊ သူတို့နှစ်လုံးက ပထမတန်းစားအဆင့်နိမ့်နတ်ဘုရားတွေသာဖြစ်တယ်။

"သေစမ်း"

ဒိအသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားက ဆင်ခြင်တုံတရားတစ်ချို့တစ်လေရရှိထားခဲ့တယ်။ သူ့မျက်လုံးတွေထဲမှာ သတ်ဖြတ်ခြင်းဆန္ဒအပြင် အသိဉာဏ်ရှိတဲ့အရိပ်အယောင်တစ်ခုကိုလဲ တွေ့ခဲ့ရတယ်။

ပြင်းထန်ကြမ်းတမ်းတဲ့လက်သီးက ရွက်သင်္ဘောအပေါ်  မိုးရွာချတဲ့အလား ကျဆင်းလာတယ်။

အနေအထားကို မြင်ပြီး လီဖူချန်းရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားကာ ခုတ်ပိုင်းလိုက်တယ်။

အုန်း ဒုန်း.....

ဓားအလင်းနဲ့လက်သီးအရိပ်တို့က တစ်ခုကိုတစ်ခုချေဖျက်ခဲ့တယ်။ သင်္ဘောဦးပိုင်းပေါ်မှာရပ်နေတဲ့လီဖူချန်းက ခြေလှမ်းအနည်းငယ်သာ နောက်ဆုတ်ခဲ့ရတယ်။ လူတိုင်းထင်သလို သူက လွင့်ထွက်သွားခြင်းမရှိခဲ့ဘူး။

"ဒါက" အထွတ်အထိပ်အဆင့်တိုက်ခိုက်ရေးအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုလား"

ဒင်းက လီဖူချန်းရဲ့လက်ထဲရှိဓားရှည်ကို ထိတ်လန့်တုန်လှုပ်တဲ့အမူအရာနဲ့ ကြည့်လိုက်တယ်။

အထွတ်အထိပ်အဆင့်တိုက်ခိုက်ရေးအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့တန်ဖိုးက ပထမတန်းစားအဆင့်သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့တန်ဖိုးထက် နိမ့်ကျနိုင်တယ်။ အဲဒါက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ရာအထက်မှာရှိတယ်၊ ဒါပေမယ့် ပြောင်မြောက်တဲ့ပြောင်မြောက်တဲ့အထွတ်အထိပ်အဆင့်တိုက်ခိုက်ရေးအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့တန်ဖိုးက ပထမတန်းစားအဆင့်သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့တန်ဖိုးထက် မနိမ့်ကျပါဘူး။ မြေရိုင်းမြို့အရှင်ချမ်ရှစ်ရဲ့အထွတ်အထိပ်အဆင့်တိုက်ခိုက်ရေးအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းလိုပေါ့။ ၎င်းရဲ့တန်ဖိုးက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ထောင်အထက်မှာရှိတယ်လို့ပြောကြတယ်၊ ဒါက သာမန်ပထမတန်းစားသင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေထက် ပိုဈေးကြီးတယ်။

"အခြားသူတွေနဲ့နှိုင်းယှဉ်ရတာ တကယ်ကို စိတ်တိုစရာပဲ"

ခါဖယ်ရိုက စိတ်အချဉ်ပေါက်နေတော့တယ်။

အထွတ်အထိပ်အဆင့်တိုက်ခိုက်ရေးအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခု။ လီဖူချန်းမှာ အခြားပြောင်မြောက်တဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေထပ်ရှိအုံးမှန်း ဘယ်သူက သိမှာလဲ။ လီဖူချန်းရဲ့ချပ်ဝတ်ကလဲ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်လောက်တယ်။

အတိုချုပ်အားဖြင့် ကြွယ်ဝမှုအရ လီဖူချန်းနဲ့ယှဉ်နိုင်တဲ့အဆင့်နိမ့်နတ်ဘုရားတွေအများကြီးမရှိပါဘူး။

"နတ်ဘုရားစွမ်းအားအညွှန်း၂၄၀၊ ငါ ဒီလိုလုပ်မှပဲ ရမယ်"

လီဖူချန်းက တွေးမိပြီး သူ့ခွန်အားကို မထုတ်ပြဖို့ ဆုံးဖြတ်လိုက်တယ်။

သူက သူ့ခွန်အားကို မထုတ်ပြဘူးဆိုရင် အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ထုတ်ပြရမှာပေါ့။

သူကက ပထမတန်းစားအဆင့်သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ထုတ်ပြခဲ့ပြီးမှတော့ နောက်ထပ်အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ထုတ်ပြဖို့က ကိစ္စကြီးတစ်ခုမဟုတ်ပါဘူး။

ဒါပေမယ့် ပြောရမယ်ဆိုရင် နတ်ဘုရားကမ္ဘာမှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကြားစွမ်းအားကွာခြားချက်က အများကြီးပိုသေးပါတယ်လေ။

ဒါက နားလည်လွယ်ပါတယ်။

နတ်ဘုရားစစ်မြေပြင်မှာ လူတိုင်းက အကြိုနတ်ဘုရားစွမ်းအားကို အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းထဲသို့ ပို့ဆောင်ကြတယ်။

နတ်ဘုရားတစ်ယောက်ဖြစ်လာပြီးနောက် အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက အကြိုနတ်ဘုရားစွမ်းအားနဲ့ပြည့်နေပါလိမ့်မယ်။

အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနဲ့အကြိုနတ်ဘုရားစွမ်းအားကြားမှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက သေချာပေါက် လွှမ်းမိုးတယ်။

အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနဲ့နတ်ဘုရားစွမ်းအားကြားမှာ ပြောင်းပြန်ဖြစ်ပြီး နတ်ဘုရားစွမ်းအားက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို လွှမ်းမိုးတယ်။

"နတ်ဘုရားစွမ်းအားပိုသန်မာ‌လာလေလေ၊ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့သက်ရောက်မှုက ပိုအားနည်းလာလေပဲ။ အဆင့်မြင့်နတ်ဘုရားတစ်‌ယောက်ဖြစ်ပြီးရင်တော့ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့သက်ရောက်မှုကို လစ်လျူရှုနိုင်ပြီ" လီဖူချန်းက သူ့ရာသူ တွေးလိုက်တယ်။

"အတူတိုက်ခိုက်ကြစို့" လီဖူချန်းက အော်လိုက်တယ်။

လီဖူချန်းက မပြောခင် လူတိုင်းက စတင်တိုက်ခိုက်နေပြီ။

ကြယ်ဝါးမျိုသူရဲ့ကြယ်ဝါးမျိုခြင်းအမြောက်က အသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားထံ ဦးစွာတိုက်ခိုက်လာတယ်။

တိုက်ပွဲက အချိန်အတော်ကြာခဲ့တယ်။ လီဖူချန်းက အခွင့်အရေးကို ဆုပ်ကိုင်ကာ ရွက်သင်္ဘောမှ ရုတ်တရက် ခုန်ထွက်လိုက်တယ်။ ထို့နောက် သူက အသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားကို နှစ်ပိုင်းခုတ်ပိုင်းလိုက်တယ်။

တကယ်တော့ သူတို့‌တွေ အတူတကွတိုက်ခိုက်လာတာလဲ ရက်များစွာရှိပြီ၊ လူတိုင်းက အပြန်အလှန်နားလည်နေပြီလေ။ သူတို့လဲ အခွင့်အရေးကို ဆုပ်ကိုင်လျက် အသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားရဲ့မပြည့်စုံတော့တဲ့ခန္ဓာကိုယ်ကို ဗလာနတ္ထိဖြစ်စေခဲ့တယ်။

"သွားကြစို့၊ အခြားအသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားတွေ ပြေးလာနေပြီ"

လီဖူချန်းက သင်္ဘောပေါ် တက်ကာ ထိန်းချုပ်လျက် လျင်မြန်စွာ ထွက်ခွာသွားခဲ့တယ်။

လီဖူချန်းနဲ့အခြားသူတွေထွက်သွားပြီးသိပ်မကြာခင်မှာပဲ အသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားသုံးယောက်က ဆင်းသက်လာတယ်။

"ဂူတာရို သေပြီ"

"အဲအရူးက အသူတရာချောက်နက်စွမ်းအားနည်းနည်းပဲ ထိန်းချုပ်နိုင်တာ။ သူ သေသွားလဲ ပြဿနာမရှိဘူး"

"သူကာကွယ်နေတဲ့အလယ်ဆင့်အသူတရာချောက်နက်နတ်ဆိုးပန်းတွေအားလုံးပါသွားတာ စိတ်ပျက်စရာပဲ"

"အလယ်ဆင့်အသူတရာချောက်နက်နတ်ဆိုးပန်းနှစ်ဆယ်လေးပွင့်လောက်ပဲ။ အသူတရာချောက်နက်နဲ့ချိတ်ဆက်မှုပိုနီးကပ်လာသရွေ့ အသူတရာချောက်နက်နတ်ဆိုးပန်းတွေ ပိုများလာမှာပါ"

"ဒါဟုတ်တယ်"

အသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားသုံးယောက်က လာပြီး လျင်မြန်စွာ ထွက်ခွာသွားတယ်။ အချိန်တိုအတွင်းမှာ သူတို့က ခြေရာလက်ရာတစ်ခုတောင် မကျန်ဘဲ ပျောက်ကွယ်သွားတယ်။

…

မြေရိုင်းနတ်ဆိုးသားရဲတွင်းရဲ့အထပ်သုံးဆယ်မြောက်ကနေ ထွက်လာပြီး နှစ်ဆယ့်ကိုးထပ်မြောက်ကို ရောက်ရှိလာပြီးနောက် သူတို့ငါးယောက်က စိတ်သက်သာရာရစွာ အသက်ရှုထုတ်လိုက်တယ်။

အသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားတစ်ယောက်ကတင် ရင်ဆိုင်ရတာခက်ခဲလွန်းတယ်။ နောက်ထပ်အသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားတွေရောက်ရှိလာပြီး ဒီတစ်‌‌ယောက်ထက်တောင်ပိုပြောင်မြောက်နေမလဲဆိုတာ ဘယ်သူ သိမှာလဲ။

သူတို့ငါးယောက်က မရပ်တန့်ဘဲ ဆက်လက်ခရီးနှင်ခဲ့တယ်။ နောက်ဆုံးမှာ သူတို့က မြေရိုင်းနတ်ဆိုးသားရဲတွင်းမှ ထွက်ခွာလာနိုင်ခဲ့တယ်။

…

အန်တိုနီရဲ့အိမ်တော်က မြေရိုင်းမြို့ထဲမှာမဟုတ်၊ မြို့ပြင်မှာပဲ။

တောင်တန်းတစ်ခုရဲ့အနက်ပိုင်းထဲမှာ ဧရာမရဲတိုက်တစ်ခုရှိတယ်။

"ဘယ်သူတွေလဲ"

ရဲတိုက်ကို တင်းကြပ်စွာ စောင့်ကြပ်ထားတယ်။ သူတို့ငါးယောက်ထွက်ပေါ်လာတာနဲ့ သူတို့ကို ဝတ်စုံနက်အဆင့်နိမ့်နတ်ဘုရားတစ်ယောက်က ရှာတွေ့ခဲ့တယ်။

ခါဖယ်ရိုက သူတို့လေးယောက်ကို တိုးတိုးပြောလိုက်တယ်"ဒီလူတွေက အန်တိုနီရဲ့အရိပ်အစောင့်တွေပဲ။ သူတို့က လက်ရွေးစင်အဆင့်နိမ့်နတ်ဘုရားတွေဖြစ်ရုံတင်မက အရိပ်တည်နေရာရွှေ့ပြောင်းခြင်းကိုလဲ ကျွမ်းကျင်တယ်၊ သူတို့က မထင်မှတ်ထားသလို ထွက်ပေါ်လာနိုင်တယ်၊ ပျောက်ကွယ်နိုင်တယ်"

"ခမ်းနားထည်ဝါလှချည်လား"

ဒင်းက မေးငေါ့လိုက်တယ်။

အထွတ်အထိပ်အဆင့်နိမ့်နတ်ဘုရားတစ်ယောက်က အလယ်ဆင့်နတ်ဘုရားတစ်ယောက်လိုပဲ၊ သူရဲ့ကိုယ်ပိုင်အစောင့်တွေတောင် ရှိတယ်။

"ဂျာရို၊ ငါ အန်တိုနိရဲဲ့သူငယ်ချင်းခါဖယ်ရိုပဲ" ခါဖယ်ရိုက ဝတ်စုံနက်အဆင့်နိမ့်နတ်ဘုရားကို နှုတ်ဆက်လိုက်တယ်။

ဂျာရိုရဲ့အူမရာက ထူးမခြားနားပါပဲ"မင်းက ခါဖယ်ရိုလား။ ငါ့နောက်လိုက်ခဲ့"

ပြောနေရင်း သူက အရိပ်တစ်ခုအဖြစ် ပြောင်းကာ ဦးဆောင်ခေါ်သွားတယ်။

"အသူတရာချောက်နက်စွမ်းအားရဲ့အငွေ့အသက်ရှိနေတာပဲ"

လီဖူချန်းရဲ့မျက်လုံးတွေက ထူးဆန်းတဲ့အလင်းတစ်ခုလက်သွားတယ်။ စောစောက သူက သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ရဲတိုက်ရဲ့ဝန်းကျင်ကို စစ်ဆေးခဲ့တယ်၊ အသူတရာချောက်နက်စွမ်းအားအရိပ်အငွေ့တွေကို သတိပြုမိခဲ့တယ်။

ဒီအသူတရာချောက်နက်စွမ်းအားအရိပ်အငွေ့က ပါးလွှာလွန်းတယ်၊ သူက လွဲပြီး တစ်ယောက်မှ အဲဒါကို သတိမပြုမိနိုင်ဘူး။

"သူ ဘာလုပ်ဖို့ အသူတရာချောက်နက်နတ်ဆိုးပန်းတွေကို လိုချင်တာလဲ" လီဖူချန်းက အလွန်သိချင်မိတယ်။

All Chapters