နတ်ဘုရားအတတ်
Vol. 78 Ch. 1089
မကြာမီမှာပဲ သူတို့ငါးယောက်က ရဲတိုက်ကို ရောက်ရှိလာပြီး ရဲတိုက်ရဲ့ပင်မခန်းမမှာ အန်တိုနီကို စောင့်မျှော်နေတယ်။
အန်တိုနီက ဇိမ်ခံတတ်တဲ့နတ်ဘုရားတစ်ယောက်မှန်း သိသာတယ်။ ရဲတိုက်ရဲ့ပင်မခန်းမကို ခမ်းနားကြီးကျယ်စွာ အလှဆင်ထားတယ်။ အလင်းတွေဖြာထွက်ထုတ်လွှတ်နေတဲ့ပုံဆောင်ခဲမီးပန်းဆိုင်းတစ်ခုက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးအနည်းငယ်ထိုက်တန်မယ်လို့ လီဖူချန်းက ခန့်မှန်းခဲ့တယ်။
နာရီအနည်းငယ်တော့ရှိလာပြီ၊ အန်တိုနီက အလုပ်များနေပုံရတယ်။
သူတို့အားလုံးက နတ်ဘုရားတွေဖြစ်တာကြောင့် နာရီအနည်းငယ်လောက်စောင့်ဆိုင်းရတာ ပြဿနာကြီးတစ်ခုမဟုတ်ပါဘူး။
နောက်ဆုံးမှာ နတ်ဘုရားကမ္ဘာရဲ့နေက အနောက်အရပ်ကို စတင်ဝင်လာတဲ့အချိန်မှာ အန်တိုနီက ရောက်ရှိလာတယ်။
"တောင်းပန်ပါတယ်၊ ငါ အားလုံးကို စောင့်ဆိုင်းစေမိပြီ" အန်တိုနီက မီးခိုးရောင်ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားပြီး အသွင်အပြင်က အလွန်သာမန်ဆန်တယ်။ သူ့ကိုကြည့်ရတာ အားကောင်းတဲ့အထွတ်အထိပ်အဆင့်နိမ့်နတ်ဘုရားတစ်ယောက်နဲ့မတူဘူး၊ သာမန်အဆင့်နိမ့်နတ်ဘုရားတစ်ယောက်နဲ့ ပိုတူနေတယ်။
ခါဖယ်ရိုက ထိုင်ခုံမှ ထကာ ပြုံးလျက် ပြောလိုက်တယ်"အန်တိုနီ၊ အခုရောက်လာတာကတင် အတော်လေးမြန်နေပြီ" သူ့ရဲ့ထင်မြင်ချက်အရ အန်တိုနီက ပုံမှန်အားဖြင့် သီးခြားနေပြီး လေ့လာသုတေသနပြုခြင်းကို အာရုံစိုက်နေလေ့ရှိတယ်။ ဒီလိုလူတွေက အချိန်ဆိုတာကို ပုံမှန်အားဖြင့် သတိမေ့တတ်ကြတယ်။
အန်တိုနီက ပြုံးကာ ပြောလိုက်တယ်"မင်းတို့တွေ ငါ ပြောထားတဲ့အသူတရာချောက်နက်နတ်ဆိုးပန်းကို ယူလာခဲ့ကြလား"
ခါဖယ်ရိုက စိတ်လှုပ်ရှားနေတယ်"အန်တိုနီ၊ ငါတို့တွေ မင်းစိတ်ကူးထားတာထက် အသူတရာချောက်နက်နတ်ဆိုးပန်းတွေအများကြီး ရိတ်သိမ်းလာခဲ့တယ်။ မင်း ပြင်ဆင်ထားလောက်ပြီးဖြစ်မယ်လို့ ငါ ထင်တယ်"
"အို၊ ဒါဆိုလဲ ဘယ်လောက်တောင်များလဲ ကြည့်ရအောင်" အန်တိုနီလဲ စိတ်လှုပ်ရှားနေတယ်။
လူတိုင်းက အသူတရာချောက်နက်နတ်ဆိုးပန်းအားလုံးကို ယူထုတ်လိုက်တယ်၊ အန်တိုနီရဲ့မျက်လုံးတွေက ပိုပိုတောက်ပလာနေတယ်။
"ဒါ တကယ်ပဲ ငါ ထင်ထားတာထက် ပိုများတာပဲ။ ဒါပေမယ့် မစိုးရိမ်ပါနဲ့၊ ငါ မင်းတို့အားလုံးကို အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေ အပြည့်အဝပေးမှာပါ" ပြောရင်း အန်တိုနီက ခါဖယ်ရိုထံ အဆင့်နိမ့်နတ်ဘုရားကျောက်တုံး၇၂တုံးပါဝင်တဲ့အိတ်ငယ်တစ်လုံးကို ပေးလိုက်တယ်။
ထို့နောက် ကျောက်ဖေးအာအတွက် အဆင့်နိမ့်နတ်ဘုရားကျောက်တုံး၇၉တုံး၊ ဒင်းအတွက် အဆင့်နိမ့်နတ်ဘုရားကျောက်တုံး၈၅တုံး၊ ကြယ်ဝါးမျိုသူအတွက် အဆင့်နိမ့်နတ်ဘုရားကျောက်တုံး၁၀၀။
နောက်ဆုံးမှာ လီဖူချန်းရဲ့အလှည့်ရောက်လာတယ်။
"စုစုပေါင်းအဆင့်နိမ့်နတ်ဘုရားကျောက်တုံး၁၀၈၀တုံးမလား" အန်တိုနီက လီဖူချန်းက ကြည့်လိုက်တယ်။
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်"ဟုတ်တယ်"
လီဖူချန်းက နတ်ဘုရားစွမ်းအားလေးခုကို ပိုင်ဆိုင်ထားပြီး တစ်ခုစီမှာ အလွန်မြင့်မားတဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းရှိတယ်။ ဒါကြောင့် သူ့ရဲ့နတ်ဘုရားကျောက်တုံးလိုအပ်ချက်က သာမန်အဆင့်နိမ့်နတ်ဘုရားတွေထက် အဆများစွာပိုများတယ်။ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဒါဇင်အနည်းငယ်က မလုံလောက်ပါဘူး။ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ထောင်ကျော်က သူ့အတွက် နှစ်အနည်းငယ်အထိ အသုံးပြုဖို့ လုံလောက်ပါလိမ့်မယ်။
"ငါ ရှက်မိပါတယ်၊ ငါ့မှာ လက်ရှိ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေ အများကြီးရှိမနေဘူး၊ ဒါပေမယ့် မကြာမီ ငါ့မှာ ရှိလာမှာပါ။ မင်း ဒီနေရာမှာ ရက်အနည်းငယ်လောက် စောင့်ပေးပါ၊ ငါ အပြင်ထွက်ပြီး တစ်ယောက်ယောက်ဆီက ချေးငှားလိုက်မယ်" အန်တိုနီက အကြုံပြုလ်ိုက်တယ်။
ထိုအချိန်မှာ ခါဖယ်ရိုက ပြောလိုက်တယ်"လီဖူချန်း၊ မစိုးရိမ်ပါနဲ့။ အဆင့်နိမ့်နတ်ဘုရားကျောက်တံယးတစ်ထောင်ကို မဆိုနဲ့၊ အန်တိုနီက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးနှစ်ထောင်ကိုတောင် ချေးငှားနိုင်တယ်"
လီဖူချန်းက ရယ်လိုက်တယ်"ငါ သဘောမတူရင် ဘာဖြစ်မလဲ"
ဒါကို ကြီးပြီး အန်တိုနီရဲ့အမူအရာက မည်းမှောင်သွားတယ်။ ခါဖယ်ရိုက မျက်မှောင်ကြုတ်ကာ ပြောလိုက်တယ်"ဒါက ရက်အနည်းငယ်လောက်ပဲလေ"
ဒင်းက ဖျောင်းဖျလိုက်တယ်"ရက်အနည်းငယ်လောက်က ပြဿနာကြီးတစ်ခုမဟုတ်ပါဘူး။ လီဖူချန်း၊ နည်းနည်းလောက် ထပ်စောင့်လိုက်ရအောင်"
လူအုပ်ထဲမှာ ကြယ်ဝါးမျိုသူနဲ့ကျောက်ဖေးအာကပဲ ဘာတစ်ခုမှ မပြောတာပါ။
ကြယ်ဝါးမျိုသူက သူ့နဲ့ဘာမှမဆိုင်သလိုပါပဲ။
ကျောက်ဖေးအာက တစ်ခုခုကို ပြောချင်ပေမယ့် တုံ့ဆိုင်းနေခဲ့တယ်။
"တစ်ရက်၊ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေကို လုံလုံလောက်လောက်ချေးငှားဖို့ ငါ တစ်ရက်ပဲ လိုအပ်တယ်" အန်တိုနီက လက်ချောင်းတစ်ချောင်းကို ထုတ်ပြကာ ပြောလိုက်တယ်။
လီဖူချန်းက ခေါင်းခါယမ်းလိုက်တယ်"တောင်းပန်ပါတယ်၊ ငါ သဘောမတူဘူး"
"စိတ်ကြီးဝင်နေတာပဲ" အန်တိုနီက တကယ် ဒေါသထွက်သွားတယ်။
"လီဖူချန်း၊ ဟူး" ခါဖယ်ရိုက ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်တယ်။
အပြုံးနဲ့မတူတဲ့အပြုံးကို ထုတ်ပြလျက် လီဖူချန်းက အန်တိုနီရဲ့လက်ချောင်းပေါ်ရှိနေရာလပ်လက်စွပ်ကို စစ်ဆေးလိုက်တယ်"စောစောက မင်းရဲ့နေရာလပ်လက်စွပ်မှာ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ထောင်ရှိတယ်ဆိုတာ ငါ သတိပြုမိတယ်။ ငါ့ကို လိမ်လို့မရဘူးဆိုတာ မှတ်ထား"
ဒါကို ကြားပြီး အန်တိုနီအပါအဝင် လူတိုင်းက မှင်တက်သွားတယ်။
ခါဖယ်ရိုရဲ့မျက်လုံးထဲမှာ ထူးဆန်းတဲ့အလင်းတစ်ခုလက်သွားတယ်ဆိုတာကို ကျောက်ဖေးအာက သတိပြုမိသွားတယ်။
ဒီကိစ္စက ခါဖယ်ရိုနဲ့ ဆက်စပ်နေမှန်း သိသာတယ်။
"ဟားဟားဟား" အန်တိုနီက ခွက်ထိုးခွက်လန်ရယ်လိုက်တယ်၊ သူ့ခန္ဓာကိုယ်က ချီစွမ်းပကားပေါက်ကွဲထွက်လာပြီး အရင်ကလို သာမန်မဆန်တော့ပါဘူး။
"ငါ အစက မင်းကို တိတ်တဆိတ်ရင်ဆိုင်ဖို့စီစဉ်ထားတာ၊ မင်း သတိပြုမိမယ်လို့ မမျှော်လင့်ထားခဲ့ဘူး" အန်တိုနီက သူ့ရဲ့သတ်ဖြတ်ခြင်းစိတ်ကို မဖုံးကွယ်ဘဲ တစ်လုံးချင်းစီပြောခဲ့တယ်။
"ခါဖယ်ရို၊ ဘာဖြစ်နေတာလဲ" ဒင်းက ခါဖယ်ရိုကို လျင်မြန်စွာ ကြည့်လိုက်တယ်။
ခါဖယ်ရိုက ပြောလိုက်တယ်"ဒင်း၊ ကြယ်ဝါးမျိုသူ၊ ကျောက်ဖေးအာ၊ ဒီကိစ္စက မင်းတို့နဲ့မဆိုင်ဘူး။ ဝင်မပါနဲ့"
ခါဖယ်ရိုရဲ့ရှင်းပြချက်ကို ကြားပြီးနောက် ဒင်းနဲ့အခြားသူတွေက ဘာဖြစ်နေသလဲကို ဘာလို့ နားမလည်နိုင်ရမှာလဲ။
လီဖူချန်းရဲ့ကြွယ်ဝမှုက လုယက်ချင်စရာပဲလေ၊ အန်တိုနီရဲ့သတ်ဖြတ်ခြင်းဆန္ဒကို အစပျိုးပေးခဲ့တာပေါ့။ ခါဖယ်ရိုက ပေါင်းကူးပေးတဲ့တံတားပဲ ဖြစ်ရမယ်။
"အဓိပ္ပါယ်မရှိတာတွေ ပြောနေတာ တော်လောက်ပြီ၊ မင်း လှုပ်ရှားတော့"
လီဖူချန်းက ကောင်းကင်ဘုံအသူတရာချောက်နက်ဓားကို ထုတ်လိုက်တယ်။
"ထင်ထားတဲ့အတိုင်းပဲ၊ ဒါက အထွတ်အထိပ်အဆင့်တိုက်ခိုက်ရေးအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ၊ အရည်အသွေးက အရမ်းမြင့်တယ်" အန်တိုနီက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို အရင်က မြင်ဖူးခဲ့ပေမယ့် အရည်အသွေးက လီဖူချန်းရဲ့ဓားလောက် မကောင်းဘူး။ မြေရိုင်းမြို့အရှင်ချမ်ရှစ်ရဲ့တိုက်ခိုက်ရေးတူကပဲ လီဖူချန်းရဲ့ဓားနဲ့ ယှဉ်နိုင်မယ်။
ခါဖယ်ရိုထံမှ သိထားတာအရ ပထမတန်းစားအဆင့်သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုလဲရှိတယ်။ သူက လီဖူချန်းကို ရင်ဆိုင်နိုင်ရင် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးနှစ်ထောင်ဒါမှမဟုတ်သုံးထောင်လောက်ကို ရရှိနိုင်လိမ့်မယ်။ တကယ်တော့ သူက လီဖူချန်းကို သတ်နိုင်ခဲ့ရင် လီဖူချန်းရဲ့အသူတရာချောက်နက်နတ်ဆိုးပန်းတွေအတွက် ပေးချေစရာတောင် မလိုတော့ဘူး။
"လီဖူချန်း၊ ငါ နင့်ကို ကူညီပေးမယ်" ကျောက်ဖေးအာက အံကြိတ်ကာ ထရပ်လိုက်တယ်။
ခါဖယ်ရိုက သူမကို ရပ်တန့်ကာ ပြောလိုက်တယ်"မင်း ထရပ်လို့လဲ အသုံးမဝင်ဘူး"
သူ အန်တိုနီနဲ့ ဆွေးနွေးထားပြီးသား။ ဒီကိစ္စပြီးသွားတာနဲ့ အန်တာနီက သူ့ကို အဆင့်နိမ့်နတ်ဘုရားကျောက်တုံးငါးရာပေးလိမ့်မယ်။
အဆင့်နိမ့်နတ်ဘုရားကျောက်တုံးငါးရာကို ရရှိပြီးနောက် ကျင့်ကြံခြင်းကိုကူညီပေးတဲ့နတ်ဘုရားအဆင့်ဆေးတွေကို ပိုဝယ်ရမယ်။ နတ်ဘုရားအတတ်တစ်ခုဒါမှမဟုတ်နှစ်ခုကိုလဲ ဝယ်ရလိမ့်မယ်၊ ပြီးရင်တော့ ရာစုနှစ်တစ်နှစ်နှစ်နှစ်အထိ သီးခြားကျင့်ကြံဖို့ စီစဉ်ထားတယ်။
"ဒီကိစ္စက ငါနဲ့ မဆိုင်ဘူး။ အန်တိုနီ၊ မင်း ငါ့ကို သွားခွင့်ပေးလို့ရမလား" ဒင်းက ဒီကိစ္စကို စိတ်မဝင်စားပါဘူး။ သူက နတ်ဘုရားကျောက်တုံးတွေနဲ့အတူ ထွက်သွားချင်ရုံပဲ။ လီဖူချန်းရဲ့သေခြင်းရှင်ခြင်းက သူနဲ့ မဆိုင်ပါဘူးလေ။
အန်တိုနီက ပြောလိုက်တယ်"ငါ သူ့ကို ဖြေရှင်းပြီးတာနဲ့ မင်းတို့ကို ထွက်သွားခွင့်ပြုမယ်"
"မင်း ကတိတည်မယ်လို့ ငါ မျှော်လင့်တယ်" ဒင်းက ပြောလိုက်တယ်။
ပြောရင်း သူနဲ့ကြယ်ဝါးမျိုသူက ဘေးသို့ နောက်ဆုတ်လိုက်တယ်။
လက်ဝါးကို လှန်လိုက်ရာ မီးခိုးရောင်ကြိမ်တုတ်တစ်ခုက အန်တိုနီရဲ့လက်ထဲမှာ ထွက်ပေါ်လာတယ်။ သူက ခေါင်းကို ခါယမ်းရင်း လီဖူချန်းကို ပြောလိုက်တယ်"နေရာလပ်လက်စွပ်ကို အခုလွှဲပေးရင် မင်းရဲ့အလောင်းကို အကောင်းပတိချန်ထားပေးမယ်"
"အဓိပ္ပါယ်မရှိတာတွေ" လီဖူချန်းက ပြောစရာစကားမဲ့နေတယ်။ အန်တိုနီရဲ့ခန္ဓာကိုယ်ပေါ်မှာ ရစ်ဝဲနေတဲ့ အသူတရာချောက်နက်စွမ်းအားအရိပ်အငွေ့တစ်ခုကို အာရုံမခံမိရင် လီဖူချန်းက အနှီလူကို သတ်ဖြတ်ပြီးလောက်ပြီ။
"သေချင်နေတာပဲ"
အန်တိုနီက လှုပ်ရှားခဲ့တယ်၊ ကြောက်စရာကောင်းတဲ့နတ်ဘုရားစွမ်းအားကို မီးခိုးရောင်ကြိမ်တုတ်ထဲသို့ ထည့်သွင်းလိုက်တယ်။ မီးခိုရောင်နတ်ဘုရားစွမ်းအားဘောလုံးတစ်လုံးက လီဖူချန်းကို တိုက်ခိုက်လာတယ်။
အုန်း......
ရဲတိုက်တစ်ဝက်က ပေါက်ကွဲသွားပြီး ဖုန်တိမ်တိုက်တစ်ခုဖြစ်လာတယ်။
"သူ သေသွားပြီးလား"
ခါဖယ်ရိုက မြင်ကွင်းကို စိုက်ကြည့်နေခဲ့တယ်။
အန်တိုနီက သာမန်အထွတ်အထိပ်အဆင့်နိမ့်နတ်ဘုရားတစ်ယောက်မဟုတ်ဘူး။ သူက ခွန်အားအပြည့်သုံးရင် ပထမတန်းစားအဆင့်နိမ့်နတ်ဘုရားတစ်ယောက်ကို ချက်ချင်းသတ်နိုင်တယ်။
ဖုန်တွေ ပျောက်ကွယ်သွားပြီးနောက် လီဖူချန်းရဲ့ပုံရိပ်က ထွက်ပေါ်လာတယ်"ဒီလောက်ပဲလား"
လီဖူချန်းက မေးငေ့ါလိုက်တယ်။
"မင်းက အထွတ်အထိပ်အဆင့်နိမ့်နတ်ဘုရားတစ်ယောက်လား" အန်တိုနီက ခါဖယ်ရိုကို တစ်ချက်ကြည့်လိုက်တယ်။ ဒီအရူးက လီဖူချန်းရဲ့ခွန်အားကိုတောင် မသိဘူးပဲ။ သူ့မှာ အားကောင်းတဲ့ဝှက်ဖဲတစ်ခုရှိနေတာ ကံကောင်းသွားတယ်။
ဒင်းနဲ့ကြယ်ဝါးမျိုသူတို့က မျက်မှောင်ကြုတ်လိုက်တယ်။ လီဖူချန်းက သူ့ခွန်အားကို ဖုံးကွယ်ထားလိမ့်မယ်လို့ သူတို့မမျှော်လင့်ထားခဲ့ဘူး။
"ဒါပေါ့" လီဖူချန်းက ရယ်လိုက်တယ်။
"အပျော်စောမနေနဲ့။ ငါက သာမန်အထွတ်အထိပ်ဆင့်နိမ့်နတ်ဘုရားတစ်ယောက်မဟုတ်ဘူး။ ငါ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၄၅၀ပတ်လည်ရှိတယ်ကွ" အန်တိုနီက မီးခိုရောင်ကြိမ်တုတ်ကို ပင့်မြှောက်လိုက်တယ်၊ မီးခိုးရောင်နတ်ဘုရားစွမ်းအားစက်လုံးဒါဇင်ကျော်က လေထဲမှာ လွင့်မျောလာတယ်။
အုန်း အုန်း အုန်း.....
မီးခိုးရောင်နတ်ဘုရားစွမ်းအားစက်လုံးတွေက လီဖူချန်းကို ပကတိမျက်စိနဲ့မမြင်နိုင်တဲ့အရှိန်တစ်ခုနဲ့အတူ တိုက်ခိုက်လာတယ်။
"အချိန်ကျပြီ၊ ဓားပင်လယ်မိုးကုတ်စက်ဝိုင်း" လီဖူချန်းက ကောင်းကင်ဘုံအသူတရာချောက်နက်ဓားနဲ့အတူ ခုတ်ပိုင်းလိုက်တယ်၊ ဓားအလင်းက စက်လုံးတစ်လုံးပမာ ကြီးမားလာတယ်။
နတ်ဘုရားကမ္ဘာမှာဖြစ်တာကြောင့် လီဖူချန်းရဲ့ဓားပညာက ရန်သူကို ဝန်းရံဖို့ စကြာဝဠာဒါမှမဟုတ်နတ်ဘုရားစစ်မြေပြင်မှာလို ကမ္ဘာတစ်ခုဒါမှမဟုတ်စကြာဝဠာတစ်ခုကို မဖြစ်ပေါ်စေနိုင်ခဲ့ဘူး။
နောက်ထပ်ဆယ့်ငါးမိနစ်ကြာပြီးနောက် အန်တိုနီက ရပ်လိုက်တယ်၊ သူ့အမူအရာက ကောင်းမနေပါဘူး။
သူက သူ့ရဲ့ခွန်အားအပြည့်ကို အသုံးပြုခဲ့ပေမယ့် လီဖူချန်းကို ဘာမှမလုပ်နိုင်ခဲ့ဘူး။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ အန်တိုနီက သူ့ကို မရင်ဆိုင်နိုင်ဘူးလား"ခါဖယ်ရိုရဲ့အမူအရာက မယုံကြည်နိုင်ဖြစ်နေတယ်။
း
"ခါဖယ်ရို၊ မင်း ကျေးဇူးမကန်းသင့်ဘူး။ လီဖူချန်းက မင်းကို မကယ်ခဲ့ရင် မင်း မြေရိုင်းနတ်ဆိုးသားရဲတွင်းမှာပဲ သေသွားတာကြာပြီ" ကျောက်ဖေးအာက စက်ရှုပ်ရွံ့ရှာစွာ ပြောလိုက်တယ်။
ခါဖယ်ရိုက ကျောက်ဖေးအားကို စိုက်ကြည့်လိုက်တယ်"တိတ်စမ်း။ သူက အန်တိုနီကို ယှဉ်နိုင်မယ်လို့ မင်း တကယ်ထင်နေတာလား။ မင်း အန်တိုနီကို နားမလည်ဘူးလို့ပဲ ငါ ပြောနိုင်တယ်။ သူက ဘယ်တော့မှ ယုံကြည်ချက်မရှိတာကို မလုပ်ဖူးဘူးကွ"
"မင်း ငါ့ကို နားလည်သေးတာပဲ၊ ခါဖယ်ရို"
အန်တိုနီရဲ့အမူအရာက တဖြည်းဖြည်းတည်ငြိမ်လာတယ်။ သူက လီဖူချန်းကို နက်ရှိုင်းစွာ ကြည့်ကာ ပြောလိုက်တယ်"ငါ အသူတရာချောက်နက်နတ်ဘုရားအတတ်ဖြစ်တဲ့ကြက်သွေးရောင်လက်သည်းကို ရရှိကတည်းက ကျင့်ကြံအားထုတ်လာခဲ့တာ နှစ်ဒါဇင်အနည်းငယ်ရှိပြီ။ မင်းက အဲဒါရဲ့တည်ရှိမှုကို ပထမဆုံးမြင်တွေ့ခွင့်ရတဲ့သူပဲ"
"နတ်ဘုရားအတတ်လား"
း
ဒင်းရဲ့နှလုံးသားက လှုပ်ရှားသွားတယ်။
နတ်ဘုရားအတတ်တွေက အံ့မခန်းတည်ရှိမှုတွေပါပဲ။
အဆင့်နိမ့်နတ်ဘုရားတစ်ယောက်က အဆင့်နိမ့်နတ်ဘုရားအတတ်ကို ကျင့်ကြံထားရင် သူတို့ရဲ့အကြိုနတ်ဘုရားအညွှန်းကိန်းက တစ်ရာဒါမှမဟုတ်နှစ်ရာပဲရှိရင်တောင် သူတို့က အထွတ်အထိပ်အဆင့်နိမ့်နတ်ဘုရားတစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်လိမ့်မယ်။ အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုဆိုရင် သူတို့က အထွတ်အထိပ်အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ကို ဖိနှိပ်နိုင်ပြီး အလယ်ဆင့်နတ်ဘုရားအောက်မှာ ပြိုင်ဘက်ကင်းဖြစ်လိမ့်မယ်။
စိတ်မကောင်းစွာနဲ့ နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးဖို့က ခက်ခဲလွန်းတယ်။ အလယ်ဆင့်နတ်ဘုရားတွေကတောင် အဆင့်နိမ့်နတ်ဘုရားအတတ်တွေကို ဖန်တီးဖို့ ခက်ခဲတဲ့အချိန်တစ်ခုရှိတယ်။
ပုံမှန်အားဖြင့်ပြောရရင် တစ်ယောက်ယောက်က နတ်ဘုရားအတတ်တစ်ခုကို သင်ယူချင်ရင် သူတို့က နတ်ဘုရားကျောက်တုံးတွေကို အသုံးချကာ နတ်ဘုရားအတတ်ချိတ်ပိတ်ခြင်းကျောက်တုံးကို ဝယ်ယူရလိမ့်မယ်။
အသူတရာချောက်နက်နတ်ဘုရားအတတ်က အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုဖြစ်ရင်တောင် ၎င်းက ကြောက်စရာကောင်းတဲ့အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုဖြစ်လောက်တယ်။ တကယ်တော့ ၎င်းမှာ 'အသူတရာချောက်နက်'ဆိုတဲ့စကားလုံးပါဝင်တယ်လေ။ အန်တိုနီက အသူတရာချောက်နက်နတ်ဆိုးပန်းတွေရဲ့ကြီးမားတဲ့အရေအတွက်တစ်ခုကို လိုအပ်တာကြောင့် အသူတရာချောက်နက်နတ်ဘုရားအတတ်ကို ကျင့်ကြံတာက အသူတရာချောက်နက်စွမ်းအားအစိတ်အပိုင်းတစ်ခုကို ထိန်းချုပ်တာဖြစ်လောက်မယ်လို့ ဒင်းက ခန့်မှန်းထားတယ်။
"ဒါဆိုလဲ ကြည့်ရတာပေါ့" နောက်ထပ်နတ်ဘုရားအတတ်တစ်ခုရှိတာကြောင့် နတ်ဘုရားကမ္ဘာက ပိုပိုစိတ်ဝင်စားဖို့ကောင်းလာပါပြီ။
နတ်ဘုရားအတတ်နဲ့နတ်ဘုရားအဆင့်သိုင်းပညာတစ်ခုအကြားကွာခြားချက်က ဘာလဲဆိုတာ သူမသိပါဘူး။
း
"သေစမ်း"
အန်တိုနီရဲ့ခန္ဓာကိုယ်က လေထဲကို ပျံဝဲတက်သွားတယ်၊ ကြောက်စရာကောင်းတဲ့အသူတရာချောက်နက်စွမ်းအားက ပေါက်ကွဲပြီး သူ့ရဲ့ဘယ်ဘက်လက်မှာ စုဝေးလာတယ်။ သူ့ရဲ့ဘယ်ဘက်လက်က ပကတိမျက်စိနဲ့မြင်နိုင်တဲ့အရှိန်တစ်ခုနဲ့ ကြက်သွေးရောင်အဖြစ် ပြောင်းသွားတယ်၊ နတ်ဘုရားလက်သည်းတစ်ခုအလားပါပဲ။
ရွှမ်း.......
အန်တိုနီက သူ့ရဲ့ဘယ်ဘက်လက်သည်းနဲ့ ကုတ်ဆွဲခဲ့တာကြောင့် ကြက်သွေးရောင်နတ်ဆိုးလက်သည်းပုံရိပ်တစ်ခုက လီဖူချန်းကို ကုတ်ခြစ်လာတယ်။ မြေပြင်နဲ့ပတ်ဝန်းကျင်ရှိအပင်တွေက နတ်ဆိုးလက်သည်းပုံရိပ်ကြောင့် ခြောက်သွေ့ညှိုးနွမ်းသွားခဲ့တယ်။ သက်ရောက်မှုကို ရှောင်ရှားဖို့ ခါဖယ်ရို၊ ဒင်းနဲ့ အခြားသူတွေက လျင်မြန်စွာ နောက်ဆုတ်ခဲ့ကြတယ်။
"ငါ မင်းရဲ့အသူတရာချောက်နက်နတ်ဘုရားအတတ်ကို ဘယ်လိုဖျက်ဆီးမလဲကို ကြည့်နေ"
လီဖူချန်းက ရယ်ကာ ဓားနဲ့ ခုတ်ပိုင်းလိုက်တယ်၊ နတ်ဆိုးလက်သည်းအရိပ်က ချက်ချင်း ကွဲအက်သွားတယ်။ ဓားရဲ့ကျန်ရှိနေတဲ့အရှိန်အဟုန်က မပျောက်သွားဘဲ အန်တိုနီကို ရက်ရက်စက်စက်ခုတ်ပိုင်းခဲ့တယ်။