နတ်ဘုရားအတတ်ဆိုတာ ဘာလဲ။
Vol. 78 Ch. 1090
"ဘာ"
ကြည့်ရှုနေသူတွေအားလုံး ထိတ်လန့်တုန်လှုပ်သွားတယ်။
အသူတရာချောက်နက်နတ်ဘုရားအတတ်ကို ထုတ်ဖော်ခဲ့တာတောင် အန်တိုနီက လီဖူချန်းအတွက် ပြိုင်ဘက်တစ်ယောက်မဟုတ်ပါလား။
လီဖူချန်းက အန်တိုနီနဲ့ ကစားနေတယ်လို့ ဆိုလိုတာမဟုတ်လား။
လီဖူချန်းရဲ့ခွန်အားအစစ်အမှန်ကို ဘယ်တော့မှ မထုတ်ပြခဲ့ဘူးပဲ။
"ဒါ ဆိုးပါတယ်ကွာ" ဒင်းက သူ့ရဲ့ စောစောကသဘောထားကို သတိရကာ အနည်းငယ်မလွယ်ကူသလို ခံစားရတယ်။
ဒင်းနဲ့နှိုင်းယှဉ်ရင် ခါဖယ်ရိုက ကြောက်ရွံ့နေမိတယ်။
ဒီလီဖူချန်းက ဘာလား။ သူက အသူတရာချောက်နက်နတ်ဘုရားအတတ်ကိုတောင် မကြောက်ဖူးပဲ။
သူသိထားတာအရ အဆင့်တူညီတဲ့နတ်ဘုရားအတတ်တွေကြားမှာ အသူတရာချောက်နက်နတ်ဘုရားအတတ်က သေချာပေါက် ကြောက်စရာအကောင်းဆုံးပဲ။ တစ်စုံတစ်ယောက်က အသူတရာချောက်နက်နတ်ဘုရားအတတ်ကို ပျက်ပြယ် စေနိုင်ရင်တောင် အသူတရာချောက်နက်စွမ်းအားရဲ့တိုက်စားမှုကို မပျက်ပြယ်စေနိုင်ပါဘူး။
"မဖြစ်နိုင်ဘူးပဲ"
လူတိုင်းနဲ့နှိုင်းယှဉ်ရင် အန်တိုနီက ပိုပြီးတော့မယုံကြည်နိုင်ဖြစ်နေတယ်။
သူ့ရဲ့အသူတရာချောက်နက်နတ်ဘုရားအတတ်ဖြစ်တဲ့ကြက်သွေးရောင်လက်သည်းက အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုမဟုတ်ဘူး၊ ၎င်းက အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုဖြစ်တယ်။
သူက နှစ်ဒါဇင်အနည်းငယ်ပဲ ကျင့်ကြံထားပြီး အသူတရာချောက်နက်နတ်ဘုရားအတတ်ရဲ့ကြမ်းတမ်းတဲ့အခြေအနေကြောင့် သူက ကြက်သွေးရောင်လက်သည်းကို အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ထိ မကျင့်ကြံနိုင်ခဲ့ဘူး။ ဒါပေမယ့် အလယ်ဆင့်နတ်ဘုရားအတတ်က အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုသာဖြစ်တယ်။ အထွတ်အထိပ်အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ဖြစ်တဲ့လီဖူချန်းတစ်ယောက်ကို အသာထား၊ လီဖူချန်းက ဆယ်ဆပိုသန်မာရင်တောင် သူက သတိပေါ့လျော့တာနဲ့ ထိခိုက်သွားရလိမ့်မယ်။ သူ့ရဲ့ကြက်သွေးရောင်လက်သည်းကို ခုတ်ချက်တစ်ချက်နဲ့ ပျက်ပြက်စေဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ယ
"ပြေးတော့"
အန်တိုနီက ဆုံးဖြတ်ချက်ပြတ်သားတဲ့လူတစ်ယောက်ပဲ။ သူက ဒါကို လက်ခံမခံခံ ကိစ္စမရှိဘူး၊ ထွက်ပြေးခြင်းကပဲ အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်။
မီးခိုးရောင်ငှက်တောင်ပံတစ်စုံက အန်တိုနီရဲ့နောက်ကျောမှာ ထွက်ပေါ်လာတယ်။ သူက မိုးကုတ်စက်ဝိုင်းဆီ တစ်ဟုန်ထိုးပြေးသွားတယ်။
သူက မက်ဖယ်ဆီ ရောက်တာနဲ့ စားပွဲကို ပြောင်းပြန်လှန်ဖို့ အခွင့်အရေးတစ်ခုရှိလာပါလိမ့်မယ်။
"မင်း ထွက်ပြေးနိုင်မယ်လို့ မင်းထင်နေတာလား"
အသူတရာချောက်နက်နတ်ဘုရားအတတ်က အန်တိုနီရဲ့ဝှက်ဖဲဆိုတာ မြင်ပြီးနောက် လီဖူချန်းက အန်တိုနီနဲ့တိုက်ခိုက်ဖို့ စိတိမဝင်စားတော့ဘူး။ သူက ကောင်းကင်ဘုံအသူတရာချောက်နက်ဓားကို မြှောက်ကာ လေထဲကို ထိုးဖောက်လိုက်တယ်။
ဝှစ်......
ဓားအလင်းတစ်ခုက အန်တိုနီရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားတယ်။ နောက်အခိုက်အတန့်မှာ အန်တိုနီက ဖြူကောင်တစ်ကောင်အလား တောက်ပနေပြီး အဆုံးမဲ့ဓားအလင်းတွေက သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာတယ်။
မကြာမီမှာပဲ အန်တိုနီက ပြာအဖြစ် ပြောင်းသွားတယ်။
ဒီလိုအားကောင်းတဲ့အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ရှိတာလား"
ဒင်းက ပြောလိုက်တယ်"သူ့ရဲ့နယ်ပယ်က အရမ်းမြင့်မယ်ဆိုတာ သံသယရှိစရာမလိုဘူး။ သူက အဆင့်နိမ့်နတ်ဘုရားအဆင့်ကို ကျော်ဖြတ်သွားပြီးလောက်ပြီ။ သူက အလယ်ဆင့်နတ်ဘုရားအဆင့်ကိုတောင် ရောက်ရှိနေနိုင်တယ်။ ဒါကြောင့် သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက အဆင့်နိမ့်နတ်ဘုရားအဆင့်မှာ ရှိနေသေးပေမယ့် သူက အထွတ်အထိပ်အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ကို ချက်ချင်းသတ်နိုင်ခဲ့တာပဲ"
လီဖူချန်းပေါက်ကွဲထွက်စေခဲ့တဲ့ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက လေးရာနဲ့ငါးရာပတ်လည်ပဲ ရှိပေမယ့် အဲဒါက မချဲ့ကားလွန်းပါဘူး။ ဒါပေမယ့် သူ့ရဲ့ဓားတာအိုအဆင့်က မြင့်မားလွန်းတယ်။ မြင့်မားတဲ့အဆင့်နဲ့အတူ အဆင့်နိမ့်နတ်ဘုရားမှအလယ်ဆင့်နတ်ဘုရားအဆင့်သို့ လျင်မြန်စွာ တိုးမြင့်နိုင်လောက်တယ်။
ဒါပေမယ့် နတ်ဘုရားအဆင့်တစ်ခုတိုးမြင့်ဖို့ဆိုရင် လိုအပ်ချက်တွေအများကြီးရှိတယ်။
တစ်စုံတစ်ယောက်ရဲ့နယ်ပယ်က နောက်ဆုံးကော်မျှပါပဲ။ လိုအပ်ချက်အားလုံးကို ကော်ကပ်ပေါင်းစည်းစေပြီး တစ်ချက်တည်းနဲ့ချိုးဖြတ်ဖို့ ၎င်းကို အသုံးပြုတယ်။ တစ်စုံတစ်ယောက်ရဲ့နယ်ပယ်က ရောက်ရှိသွားတဲ့အခါ အဆင့်က ချက်ချင်းတက်သွားမယ်လို့ ပြောဖို့က မဖြစ်နိုင်ဘူး။ ဒါက လက်တွေ့မကျသလို စိတ်မချရဘူး။
သူက ဓားတာအိုမှာ အလယ်ဆင့်နတ်ဘုရားတစ်ယောက်ဖြစ်လာချင်ရင် နတ်ဘုရားကမ္ဘာဥပဒေသတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်အရင်လုပ်ရမယ်လို့ လီဖူချန်းက ယူဆထားတယ်။
တကယ်တော့ သူ နတ်ဘုရားကမ္ဘာကို ရောက်ရှိတာ အချိန်တိုလေးပဲ ရှိသေးတယ်။ သူ့နဲ့နတ်ဘုရားကမ္ဘာကြားမှာ ကွက်လပ်သေးသေးလေးတစ်ခုတော့ အမြဲတမ်းရှိနေမှာပဲ။
"မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ မင်း အန်တိုနီကို သတ်ခဲ့တဲ့အတွက် မင်း အသက်ရှင်ဖို့ဆိုတာ မစဉ်းစားတော့နဲ့"
အန်တိုနီက ပြာဖြစ်သွားတာနဲ့ အဖြူရောင်အလင်းလုံးတစ်ခုက ပျံသန်းထွက်လာပြီး အေးစက်တဲ့အသံတစ်ခုက အတွင်းမှ ထွက်လာတယ်။
"ဒါ အမျိုးသမီးမက်ဖယ်လား"
ကျောက်ဖေးအာရဲ့အမူအရာက ပြောင်းသွားတယ်။
မယ်ဖက်က အန်တိုနီပေါ်မှာ နည်းလမ်းတစ်ခုချန်ထားခဲ့မှန်း သိသာတယ်။ တစ်ယောက်ယောက်က အန်တိုနီကို သတ်ခဲ့ရင် မက်ဖက်က သိပေလိမ့်မယ်။
အလယ်ဆင့်နတ်ဘုရားတစ်ယောက်ရဲ့ဒေါသက ကြောက်စရာကောင်းတယ်။
"ဟားဟား၊ လီဖူချန်း၊ မင်းတော့သေပြီ။ လေဒီမက်ဖက်က လှုပ်ရှားမှတော့ မင်း အသက်ရှင်ဖို့ မဖြစ်နိုင်တော့ဘူး။ မင်းရဲ့အပြစ်ကို လက်ခံဖို့ မင်း ဘာလို့ လေဒီမက်ဖက်ဆီ မသွားတာလဲ" စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ခါဖယ်ရိုက မျှော်လင့်ချက်တွေ ပြန်ရလာပြီး သူက ခွက်ထိုးခွက်လန်ရယ်လိုက်လေတယ်။
"စကားများလွန်းတယ်"
လီဖူချန်းက သူ့ဓားကို ဝှေ့ယမ်းလိုက်တယ်၊ ခါဖယ်ရိုက အန်တိုနီရဲ့ခြေလှမ်းနောက်ကို လိုက်သွားတော့တယ်။
ဒင်းနဲ့ကြယ်ဝါးမျိုသူတို့ရဲ့ဦးရေပြားက ထုံထိုင်းလာတယ်။သူတို့နှစ်ယောက်က မလှုပ်ရဲဘူး၊ လီဖူချန်းရဲ့အာရုံကို ဆွဲဆောင်မိသွားမှာစိုးလို့လေ။
လီဖူချန်းက သူတို့ကို ဂရုမစိုက်ပါဘူး။ သူတို့က လူကောင်းတွေမဟုတ်ပေမယ့် သူ့ကို ထိခိုက်အောင် မလုပ်ထားဘူးလေ။ ဒါကြောင့် လီဖူချန်းက လက်စားချေမှာမဟုတ်ဘူး။
လီဖူချန်းက ကျောက်ဖေးအာကို ပြုံးကာ ပြောလိုက်တယ်"ကျေးဇူးအများကြီးတင်ပါတယ်"
"ဒါ ငါ့ရဲ့မလိုအပ်တဲ့အပြုအမူပါပဲ" ကျောက်ဖေးအာက ရှက်ရွံ့စွာ ပြောလိုက်တယ်။
လီဖူချန်းက ခေါင်းခါလိုက်တယ်"ပန်းထိုးရတာ လွယ်ပေမယ့် အချိန်မီကူညီပေးနိုင်တဲ့သူဆိုတာ အများကြီးမရှိဘူးလေ"
ကျောက်ဖေးအာက ဘေးကနေပဲ စောင့်ကြည့်ဖို့ ရွေးချယ်မယ်ဆိုရင် သူမက မှန်ကန်တဲ့အရာကို လုပ်ခဲ့တယ်လို့ပဲ လီဖူချန်းက ခံစားမိပါလိမ့်မယ်။ တကယ်တော့ သူတို့က ဘာဆက်ဆံရေးတစ်ခုမှာမရှိဘူးလေ။ ဒါပေမယ့် ကျောက်ဖေးအာရဲ့ရွေးချယ်မှုက မမျှော်လင့်ထားတာပဲ။ သူမက သူ့ဘက်ကို ရပ်တည်လိမ့်မယ်လို့ သူ မထင်ထားဘူး။ သူမက ဒါကို မကြိုက်လို့များလား။
ဒါမှမဟုတ် သူမက ကြင်နာမှုကို ကြင်နာမှုနဲ့ ပြန်ပေးဆပ်တတ်တဲ့လူတစ်ယောက်လား........
သူက လူတိုင်းကို မြေရိုင်းနတ်ဆိုးသားရဲတွင်းမှာ ကယ်ခဲ့တာကြောင့် သူမက ဒီလိုရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ လီဖူချန်းက ခန့်မှန်းထားတယ်။
ဒါပေမယ့် လူတိုင်းက ကျောက်ဖေးအာလိုမဟုတ်ဘူး၊ ဒင်းနဲ့ကြယ်ဝါးမျိုသူတို့လိုပေါ့။
ခါဖယ်ရိုက အဆိုးဆုံးပဲ။
"လီဖူချန်း၊ မြန်မြန်ထွက်သွားတော့။ မယ်ဖက်က အလယ်ဆင့်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး မြေရိုင်းမြို့ကနေ ဒီနေရာကို လာဖို့ အချိန်အများကြီးမလိုအပ်ဘူး" ကျောက်ဖေးအာက လီဖူချန်းကို သတိပေးလိုက်တယ်။
"လီဖူချန်းက ပြောလိုက်တယ်"အလျင်လိုစရာမလိုပါဘူး"
ပြောနေရင်း လီဖူချန်းက ဒင်းနဲ့ကြယ်ဝါးမျိုသူတို့ကို ကြည့်လိုက်တယ်"ငါက ကြင်နာမှုကို ကြင်နာမှုနဲ့ ပြန်ပေးဆပ်ပြီး ရက်စက်မှုကို ရက်စက်မှုနဲ့ ပြန်ပေးဆပ်တဲ့ လူတစ်ယောက်ပဲ။ မြေရိုင်းနတ်ဆိုးသားရဲတွင်းထဲမှာ မင်းတို့နှစ်ယောက်က ငါ့ရဲ့ကြင်နာမှုကို လက်ခံထားခဲ့ရတယ်။ ဒီလိုဆိုဘယ်လိုလဲ၊ မင်းတို့တွေ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ရာထိုက်တန်တဲ့တစ်ခုခုကို ချန်ထားပြီးရင် ထွက်သွားတော့"
တုံ့ဆိုင်းမနေဘဲ သူတို့နှစ်ယောက်က နတ်ဘုရားကျောက်တုံးနဲ့တန်ဖိုးကြီးပစ္စည်းတွေကို ချန်ထားပြီး လျင်မြန်စွာ ထွက်ခွာသွားတယ်။
သူတို့အနေနဲ့ သူတို့ရဲ့အသက်တွေကို ထိန်းသိမ်းနိုင်တာနဲ့တင် လုံလောက်နေပါပြီ။ ဒါ့ပြင် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေက ဒီခရီးရဲ့ရိတ်သိမ်းမှုနဲ့ ညီမျှတယ်။ လီဖူချန်းက အရမ်းမရက်စက်ခဲ့ပါဘူးလေ။
တစ်ဆက်တည်းမှာ လီဖူချန်းက အန်တိုနီရဲ့ရဲတိုက်ကို မွှေနောက်ရှာဖွေခဲ့တယ်။ အန်တိုနီရဲ့အရိပ်အစောင့်တွေအတွက်ကတော့ သူတို့က ပျောက်သွားတာ ကြာပြီ။ ကျေက်ဖေးအာရဲ့ရှင်းပြချက်အရ ဒင်းအရိပ်အစောင့်တွေက အန်တိုနီရဲ့ထိန်းချုပ်မှုအောက်မှာရှိတယ်။ အခု အန်တိုနီက သေသွားပြီးဆိုတော့ သူတို့က လွတ်လပ်ပြီးလို့ ပြောလို့ရတယ်။
"ဒါ အဆင့်နိမ့်ကျောက်တုံးငါးရာပဲ။ ရော့"
လီဖူချန်းက ကျောက်ဖေးအာထံ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးငါးရာကို ပေးလိုက်တယ်။
"များလွန်းတယ်"
ကျောက်ဖေးအာရဲ့အသက်ရှုသံက အနည်းငယ်မြန်ဆန်သွားတယ်။
ဒါက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးငါးရာပဲ၊ သူမရဲ့တစ်ဘဝလုံးမှာ ဒီလောက်များတဲ့အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေကို မမြင်ဖူးပါဘူး။
"သွားကြစို့။ မက်ဖယ်က ရောက်လာတော့မယ်" လီဖူချန်းက ကျောက်ဖေးအာကို ပြောလိုက်တယ်။
ရွေးချယ်စရာမရှိဘဲ ကျောက်ဖေးအာက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေကို သိမ်းကာ လီဖူချန်းနဲ့အတူ ရဲတိုက်မှ ထွက်ခွာသွားတယ်။
…
သူတို့နှစ်ယောက်ထွက်သွားပြီး သိပ်မကြာပါဘူး၊ အားကောင်းတဲ့ပုံရိပ်တစ်ခုက ရဲတိုက်ရဲ့အနီးဝန်းကျင်မှာ ထွက်ပေါ်လာတယ်။
"အန်တိုနီ၊ ငါ မင်းအတွက် လက်စားချေပေးမှာပါ"
မက်ဖက်ရဲ့မျက်လုံးတွေက ဒေါသအလင်းတွေ ဖြစ်နေတော့တယ်။
သူမ အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ပဲ ဖြစ်တုန်းက အန်တိုနီက သူမရဲ့အသက်ကို ကယ်ဆယ်ခဲ့တာကို သူမ ဘယ်တော့မှ မမေ့ပါဘူး။
"ငါ မင်းရဲ့အသွင်အပြင်ကို မှတ်ထားပြီးပြီ၊ မင်း ထွက်မပြေးနိုင်ပါဘူး" သူမ ပြန်ရောက်တာနဲ့ သွေးလအရက်ဆိုင်ကို သွားပြီး သွေးလဆုလာဒ်ကို ထုတ်ပြန်ဖို့ စီစဉ်ထားတယ်။ သတ်ဖြတ်သူရဲ့အရိပ်အယောင်ကို ရှာတွေ့တဲ့ဘယ်သူမဆို အဆင့်နိမ့်နတ်ဘုရားကျောက်တုံးငါးရာကို ရရှိပေမယ်။
…
"နတ်ဘုရားအတတ်တွေကို နတ်ဘုရားကမ္ဘာရဲ့ဥပဒေသတွေက အသိအမှတ်ပြုထားတယ်လို့ မင်းဆိုလိုတာလား" လမ်းမှာ နတ်ဘုရားအတတ်တစ်ခုက ဘာလဲဆိုတာ ကျောက်ဖေးအာထံမှ လီဖူချန်းက ကြားသိခဲ့တယ်။
ကျောက်ဖေးအာက ခေါင်းညိတ်လိုက်တယ်" နတ်ဘုရားကမ္ဘာရဲ့ဥပဒေသအသိအမှတ်မပြုတဲ့နတ်ဘုရားအတတ်တွေက နတ်ဘုရားအတတ်တစ်ခုလို့ မသတ်မှတ်နိုင်ဘူး။ ဒါမှမဟုတ် ပြီးပြည့်စုံတဲ့နတ်ဘုရားအတတ်တစ်ခုလို့ ပြောလို့မရဘူး။ နတ်ဘုရားအတတ်ကို တစ်ကြိမ်ဖန်တီးပြီးတာနဲ့ ၎င်းကို နတ်ဘုရားကမ္ဘာဥပဒေသတွေက ထောက်ပံ့ပေးလိမ့်မယ်။ ဒါ့ပြင် ဖန်တီးသူကလဲ နတ်ဘုရားအတတ်အမှတ်အသားတစ်ခုကို ရရှိလိမ့်မယ်။ ဒီနတ်ဘုရားအတတ်အမှတ်အသားရှိတဲ့သူကသာ နတ်ဘုရားအတတ်ကို နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးမှာ ချိတ်ပိတ်ပြီး အခြားသူတွေ ကျင့်ကြံဖို့ ထောက်ပံ့ပေးနိုင်တယ်။ ဒါပေမယ့် နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးကို တစ်ကြိမ်ပဲ ကျင့်ကြံနိုင်တယ်။ နှစ်ကြိမ်ဒါမှမဟုတ်နှစ်ကြိမ်ထက်ပိုပြီးကျင့်ကြံနိုင်တဲ့နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးအနည်းငယ်ပဲရှိတယ်"
"ဒိီလိုဆိုရင် ဖန်တီးသူက နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးဆိုင်တစ်ဆိုင်ကို ဖွင့်ပြီး ငွေတွေ စောင့်နေရုံပဲမလား" လီဖူချန်းက မေးလိုက်တယ်။
ကျောက်ဖေးအာက ခေါင်းခါယမ်းလိုက်တယ်"ငါ သိထားတာအရ နတ်ဘုရားအတတ်ကို နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးထဲမှာ ချိတ်ပိတ်တာက အလွန်ပင်ပန်းနွမ်းနယ်စေတယ်။ ဒါ့ပြင် အကြိမ်အများကြီးချိတ်ပိတ်ရင် နတ်ဘုရားအတ်အမှတ်အသားကို ထိခိုက်စေလိမ့်မယ်။ ပုံမှန်အနေအထားမှာ နတ်ဘုရားအတတ်ရဲ့အဆင့်ကို ပိုမြင့်လေလေ၊ နတ်ဘုရားအတတ်အမှတ်အသားက ပိုသန်မာပြီး ချိတ်ပိတ်နိုင်တဲ့အရေအတွက်က ပိုများလေလေပဲ။ သာမန်အဆင့်နိမ့်နတ်ဘုရားအတတ်တွေကို အကြိမ်အနည်းငယ်ပဲ ချိတ်ပိတ်နိုင်တယ်"
"ငါ သိပြီ" လီဖူချန်းက နားလည်ခဲ့တယ်။
နတ်ဘုရားအတတ်အမှတ်အသားကို နတ်ဘုရားကမ္ဘာဥပဒေသက အပ်နှင်းထားတာပဲ။ ၎င်း ထိခိုက်သွားတယ်ဒါမှမဟုတ်ပျက်ဆီးသွားတာနဲ့ အကျိုးဆက်က မခန့်မှန်းနိုင်ဖြစ်လာပေလိမ့်မယ်။ အနာဂတ်မှာ နတ်ဘုရားအတတ်ရဲ့အစစ်အမှန်စွမ်းအားကို အသုံးချဖို့ ခက်ခဲလာနိုင်တယ်။ နတ်ဘုရားတစ်ယောက်က အခြားလူတစ်ယောက်ရဲ့နတ်ဘုရားအတတ်ကို ကျင့်ကြံတာနဲ့ တူတယ်။ သူတို့က နတ်ဘုရားအတတ်ကို အဆုံးစွန်းထိ ကျင့်ကြံနိုင်ဖို့ ဘယ်တော့မှ မဖြစ်နိုင်ဘူး။ နတ်ဘုရားအတတ်ကို ၎င်းစွမ်းအားရဲ့ခုနှစ်ဆယ်ရာခိုင်နှုန်းဒါမှမဟုတ်ရှစ်ဆယ်ရာခိုင်နှုန်းအထိ ကျင့်ကြံနိုင်ဖို့တောင် အလွန်ရှားတယ်။
"အသူတရာချောက်နက်နတ်ဘုရားအတတ်ကရော ဘယ်လိုလဲ။ အသူတရာချောက်နက်ဥပဒေသက အသိအမှတ်ပြုထားတာများလား" လီဖူချန်းက တစ်ခုခုကို တွေးလိုက်တယ်။
ကျောက်ဖေးအာက ပြောလိုက်တယ်"ငါလဲ မသေချာဘူး။ တကယ်တော့ နတ်ဘုရားကမ္ဘာရဲ့ဥပဒေသတွေကတောင် အလွန်ယေဘုယျကျတဲ့သဘောတရားတစ်ခုပဲ။ နတ်ဘုရားကမ္ဘာဥပဒေသတွေက ဘာလဲဆိုတာ တစ်ယောက်မှ မသိဘူး။ သေချာတဲ့အဆင့်တစ်ခုကို ရောက်မှသာ နတ်ဘုရားအတတ်တွေဖြစ်ပေါ်ခြင်းရဲ့အကြောင်းပြချက်ကို သိနိုင်လောက်မယ်"
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။ သူတို့ရဲ့လက်ရှိအဆင့်က နိမ့်လွန်းတယ်၊ ဒီလိုအသေးအဖွဲကိစ္စတွေကို စဉ်းစားတာက သူတို့အတွက် မသင့်လျော်ပါဘူး။
"အန်တ်ုနီရဲ့နေရာလပ်လက်စွပ်ထဲရှိနတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးက အသူတရာချောက်နက်နတ်ဘုရားအတတ်ဖြစ်တဲ့ကြက်သွေးရောင်လက်သည်းများလား" အန်တိုနီရဲ့နေရာလပ်လက်စွပ်ထဲမှာ အလွန်ထူးခြားတဲ့ချီတည်ရှိမှုတစ်ခုရှိတဲ့ပုံဆောင်ခဲကျောက်တုံးတစ်တုံးကို တွေ့ရှိခဲ့တယ်။ ပုံဆောင်ခဲကျောက်တုံးပေါ်မှာ ပုံရိပ်ယောင်ကြက်သွေးရောင်အမှတ်အသားတစ်ခုက အဆက်မပြတ်တလက်လက်ဖြစ်နေတယ်။
ဒါက နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတစ်ခုမှန်း သိသာတယ်၊ ကြက်သွေးရောင်လက်သည်းချိတ်ပိတ်တစ်ခုဖြစ်ဖို့ အလွန်များတယ်။
လီဖူချန်းက အသူတရာချောက်နက်နတ်ဘုရားအတတ်ကို မလိုအပ်ပါဘူး၊ ဒါပေမယ့် အနာဂတ်မှာ အသူတရာချောက်နက်ကို သွားဖြစ်တဲ့အခါ သူ့ကိုယ်သူဖုံးကွယ်ဖို့ အသူတရာချောက်နက်နတ်ဘုရားအတတ်ကို မှီခိုနိုင်တယ်။
ရက်အနည်းငယ်ကြာခရီးသွားပြီးနောက် သူတို့နှစ်ယောက်က အဆင့်၃နတ်ဘုရားရွာတစ်ခုကို ရောက်ရှိလာတယ်။
အဆင့်၁နတ်ဘုရားရွာတစ်ခုက လူဦးရေတစ်ထောင်ဒါမှမဟုတ်နှစ်ထောင်ပတ်လည်ရှိတယ်။ အဆင့်၃နတ်ဘုရားရွာတစ်ခုက လူဦးရေအဆအနည်းငယ်ပိုများပြီး သောင်းအနည်းငယ်ပတ်လည်ရှိတယ်။
နတ်ဘုရားရွာတစ်ခုလို့ခေါ်ပေမယ့် မြို့ငယ်တစ်ခုနဲ့ ပိုတူတယ်။
"ငါတို့တွေ လောလောဆယ် မြေရိုင်းမြို့ကို မသွားနိုင်ဘူး။ ဒီနေရာရှိ နတ်ဘုရားအဆင့်ဆေးအချို့ကို ဝယ်ရအောင်" ကျောက်ဖေးအာက အကြံပြုလိုက်တယ်။
အဆင့်၃နတ်ဘုရားရွာတွေမှာ ဆိုင်တွေရှိတယ်။ ဒါပေမယ့် ဒီဆိုင်တွေမှာရောင်းတဲ့ပစ္စည်းတွေက အလွန်သာမန်ပါပဲ။ ပစ္စည်းကောင်းတွေကို နတ်ဘုရားမြို့တွေမှာပဲ ဝယ်ယူနိုင်တယ်။
"ကောင်းပြီလေ"
လီဖူချန်းက နတ်ဘုရားအဆင့်ဆေးတွေနဲ့ပတ်သက်ပြီး ပိုနားလည်ချင်ခဲ့တယ်။
သူတို့ရောက်ရှိနေတဲ့အဆင့်၃နတ်ဘုရားရွာကို ပျံသန်းငှက်မွေးရွာလို့ခေါ်တယ်။ ဆေးဆိုင်တွေအနည်းငယ်ရှိပေမယ့် နတ်ဘုရားအဆင့်ဆေးတွေရောင်းတာ တစ်ဆိုင်ပဲရှိတယ်။
ဟင်းလင်းပြင်ဝိညာဉ်ဆေး၊ နတ်ဘုရားစိတ်ဝိညာဉ်ဆေး၊ စိတ်နှလုံးသားဆေး။
ဆိုင်က နတ်ဘုရားအဆင့်ဆေးသုံးမျိုးကိုပဲ ရောင်းချတယ်။
ဟင်းလင်းပြင်ဝိညာဉ်ဆေးက နတ်ဘုရားခန္ဓာကိုယ်ကို လှုံ့ဆော်တဲ့ဆေးတစ်မျိုးဖြစ်ပြီး နတ်ဘုရားခန္ဓာကိုယ်ကို အချိန်တိုအတွင်းမှာ နတ်ဘုရားစွမ်းအားတွေ ပိုပေါက်ကွဲထွက်လာစေတယ်။
နတ်ဘုရားစိတ်ဝိညာဉ်ဆေးက နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားကို လေ့ကျင့်ပေးနိုင်တဲ့
စိတ်နှလုံးသားဆေးက ဥပဒေသနားလည်မှုကို တိုးမြင့်စေနိုင်တဲ့ နတ်ဘုရားအဆင့်ဆေးတစ်မျိုးဖြစ်တယ်။
မြေရိုင်းမြို့နဲ့ယှဉ်ရင် ဒီဆေးသုံးမျိုးတွေက အနည်းငယ်ဈေးပေါတယ်။ ဒါပေမယ့် ဆေးတွေကိုလဲ အရည်အသွေးခွဲခြားထားတာပဲ။အဆင့်နိမ့်အရည်အသွေးက သာလွန်အရည်အသွေးကို ဘယ်ယှဉ်နိုင်ပါ့မလဲ။ နတ်ဘုရားရွာတွေရှိဆေးတွေက နတ်ဘုရားမြို့တွေရှိဆေးတွေနဲ့ယှဉ်ရင် နိမ့်ကျတယ်။
"လူကြီးမင်းတို့၊ ငါ့ရဲ့ဆေးတွေရဲ့အရည်အသွေးတွေက နတ်ဘုရားမျိုးတွေနဲ့ မယှဉ်နိုင်ပေမယ့် သူတို့က အသုံးမဝင်တဲ့ဆေးတွေမဟုတ်ဘူးဆိုတာကိုတော့ ငါ အာမခံတယ်" ဆိုင်ပိုင်ရှင်က အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး အနှီနှစ်ယောက်ကို မျှော်လင့်ချက်တွေနဲ့ ကြည့်လိုက်တယ်။ ဒီဆေးသုံးမျိုးကို သန့်စင်ဖို့ အားထုတ်မှုအမြောက်အများပြုခဲ့ရပြီး ပစ္စည်းများစွာ အသုံးပြုခဲ့ရတယ်။ ဒါပေမယ့် သူ အဲဒါတွေကို ရောင်းချနိုင်သရွေ့ ငွေတွေရလာမှာပါ။ သူ့ရဲ့သန့်စင်မှုအဆင့်ပိုမြင့်မားလာတာနဲ့ နတ်ဘုရားမြို့တွေမှာ ဆိုင်တစ်ဆိုင်ဖွင့်ဖို့ ပြင်ဆင်ရမယ်......
"ဒီဆေးသုံးမျိုးတစ်ပုလင်းစီပေးပါ"
ကျောက်ဖေးအာက လီဖူချန်းရဲ့အဆင့်နိမ့်နတ်ဘုရားကျောက်တုံးငါးရာကို အဆုံးမှာ လက်ခံခဲ့တယ်။
အဆင့်နိမ့်နတ်ဘုရားကျောက်တုံးငါးရာနဲ့ဆိုရင် ကျောက်ဖေးအာက သေချာပေါက်ကြွယ်ဝတယ်။ ဒါ့အပြင် ဒိီနေရာရှိနတ်ဘုရားအဆင့်ဆေးတွေက တကယ်ဈေးပေါတယ်။
မှန်ပါပဲ။