နတ်ဘုရားအတတ်ဖန်တီးခြင်း
Vol. 78 Ch. 1091
မြေရိုင်းမြို့၊ သွေးလအရက်ဆိုင်။
ဒီနေ့မှာ ဆုလာဒ်မစ်ရှင်တစ်ခုက အကြိုနတ်ဘုရားများစွာကို ဆွဲဆောင်ခဲ့တယ်။
"ကျွတ်ကျွတ်၊ ခြေရာတွေ့ရုံနဲ့ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးငါးရာရမှာတဲ့။ ရန်သူကို မိရင် တစ်ထောင်တောင်ရမယ်ဆိုပဲ"
"တစ်ယောက်ယောက် သွေးလအမဲလိုက်အမိန့်ကို မထုတ်ပြန်ခဲ့တာ အတော်ကြာပြီ။ ဒီအဆင့်နိမ့်နတ်ဘုရားက လေဒီမယ်ဖက်ကို ဘယ်လိုဆန့်ကျင်ခဲ့တာပါလိမ့်"
"ယုံကြည်ရတဲ့သတင်းရင်းမြစ်တွေအရဆိုရင် လေဒီမက်ဖက်ရဲ့အသက်ကိုတစ်ကြိမ်ကယ်ခဲ့တဲ့အန်တိုနီက အသတ်ခံလိုက်ရတယ်။ အဲဒါ ဒီအဆင့်နိမ့်နတ်ဘုရားပဲဖြစ်မယ်လို့ ငါ ထင်တယ်"
"ဘာ။ အန်တိုနီကို သတ်ခဲ့တာလား။ မြေရိုင်းမြို့မှာ အလယ်ဆင့်နတ်ဘုရားကိုးယောက်ကလွဲပြီး ဒါကိုလုပ်နိုင်တဲ့အဆင့်နိမ့်နတ်ဘုရားတွေအများကြီးမရှိဘူး"
သွေးလအရက်ဆိုင်က လူတွေနဲ့ ပြည့်ကျပ်နေတော့တယ်။
"ကြည့်စမ်း၊ ယိုလဲက ဒီမှာပဲ"
လူအုပ်က အရက်ဆိုင်ရဲ့ဝင်ပေါက်ကို ကြည့်လိုက်တယ်။ အပြာရင့်ရောင်ဆံပင်၊ မျက်လုံးသုံးလုံးနဲ့ လူရွယ်တစ်ယောက်က လျှောက်လာတယ်။
ယိုလဲ့က အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခဲ့တဲ့မြေရိုင်းမြို့ရဲ့အဆင့်နိမ့်နတ်ဘုရားအနည်းငယ်ထဲကတစ်ယောက်ဖြစ်တယ်။ သူက အထွတ်အထိပ်အဆင့်နတ်ဘုရားတွေကို သတ်ဖို့ လုံလုံလောက်လောက်သန်မာတယ်။
"ပြီးတော့ သရဲသစ်သား"
"ချီယန်လဲ ရောက်နေတာပဲ"
"သူတို့သုံးယောက်က တစ်ပြိုင်နက်တည်း ရောက်လာမယ်လို့ မထင်ထားဘူး။ သွေးလအမဲလိုက်အမိန့်က တကယ်အားကောင်းတာပဲ"
"အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ထောင်က သေးငယ်တဲ့ပမာဏတစ်ခုမဟုတ်ဘူးလေ။ ယိုလဲ့နဲ့အခြားသူတွေကတောင် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ထောင်ကို လစ်လျူရှုမနိုင်ဘူး"
အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခဲ့တဲ့အဆင့်နိမ့်နတ်ဘုရားတစ်ယောက်က နတ်ဘုရားကျောက်တုံးတွေကို လွယ်လွယ်ကူကူရရှိနိုင်ပေမယ့် လျင်မြန်စွာပဲ ကုန်ဆုံးသွားတယ်။ နတ်ဘုရားကျောက်တုံးတွေ အများကြီးရှိတာကို မနှစ်သက်တဲ့သူ တစ်ယောက်မှမရှိဘူး။
"ယိုလဲ့၊ မင်း လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး" သရဲသစ်သားက မျက်တွင်းကျနေတဲ့သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်တယ်။
ယိုလဲ့က နှာခေါင်းရှုံ့လိုက်တယ်"မင်း လာနိုင်မှတော့ ငါ ဘာလို့ မလာနိုင်ရမှာလဲ။ သရဲသစ်သား၊ ပြီးခဲ့တဲ့အကြိမ်က ငါ မင်းရဲ့အဆင့်နိမ့်နတ်ဘုရားအတတ်ဖြစ်တဲ့လောင်ကျွမ်းသရဲမျက်လုံးတွေကို မမြင်နိုင်ခဲ့ဘူး။ ဒီတစ်ကြိမ်တော့ တိုက်ခိုက်ကြစို့"
လောင်ကျွမ်းသရဲမျက်လုံးက သရဲသစ်သားဖန်တီးခဲ့တဲ့အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုပါပဲ။ ဒီအတတ်က အကြည့်တစ်ချက်နဲ့ လူတွေကို မီးရှို့နိုင်တယ်လို့ ပြောကြတယ်။ ဒါက အရမ်းထူးဆန်းတယ်။
သရဲသစ်သားက ပြောလိုက်တယ်"မစိုးရိမ်ပါနဲ့၊ အခွင့်အရေးတစ်ခုရှိလာမှာပါ။ ငါလဲ မင်းရဲ့မိုးကြိုးနတ်ဘုရားခုတ်ချက်ကို မြင်ချင်တယ်"
"ငါတို့တွေ အခုပဲ အပြင်ထွက်ပြီး တိုက်ခိုက်ကြရင် ဘယ်လိုလဲ" ချီယန်က အဝါရောင်ဆံပင်နဲ့မိန်းမကြမ်းတစ်ယောက်ဖြစ်တယ်။ သူမက နှုတ်ခမ်းသပ်ကာ ပြောလိုက်တယ်။
ယိုလဲ့နဲ့သရဲသစ်သားက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်တယ်၊ သူတို့ရဲ့အမူအရာက အနည်းငယ်လေးနက်နေတယ်။
ချီယန်ကို မြေရိုင်းမြို့ရဲ့နံပါတ်၁အဆင့်နိမ့်နတ်ဘုရားတစ်ယောက်လို့ အသိအမှတ်ပြုထားတယ်။ သူမဖန်တီးထားတဲ့အဆင့်နိမ့်နတ်ဘုရားအတတ်ဖြစ်တဲ့မသေမျိုးမီးနတ်ဘုရားခန္ဓာကိုယ်က သူမရဲ့နတ်ဘုရားခန္ဓာကိုယ်ကို မဖျက်ဆီးနိုင်ဖြစ်စေတယ်။ သူတို့နှစ်ယောက်က သူမကို အနိုင်ရဖို့ အခွင့်အရေးအနည်းငယ်ပဲရှိတယ်။
"နောက်မှပဲ ဒါနဲ့ပတ်သက်ပြီး ပြောကြတာပေါ့။ ဒီမစ်ရှင်ကို အရင်ပြီးအောင်လုပ်ဖို့က ပိုအရေးကြီးတယ်" ယိုလဲ့က ချီယန်နဲ့ရန်ဖြစ်ရလောက်အောင် မအပါဘူး။ အဲဒါက သူ့အတွက် ဘာကောင်းကျိုးမှ မရှိဘူး။
…
"ငါ နတ်ဘုရားကမ္ဘာရဲ့အသိအမှတ်ပြုခြင်းကို ရနိုင်သရွေ့ အဲဒါက နတ်ဘုရားအတတ်တစ်ခုဖြစ်လာလိမ့်မယ်။ အခြားစကားဖြင့်ဆိုရရင် ငါ့ရဲ့မူလအဆုံးစွန်းဓားပညာက နတ်ဘုရားအတတ်လေးခုကို ဖြစ်ပေါ်စေနိုင်တယ်"
နတ်ဘုရားအတတ်တစ်ခုက ဘာလဲဆိုတာ သိပြီးနောက် လီဖူချန်းက စတင်အာရုံစိုက်လာတယ်။
မူလအဆုံးစွန်းဓားပညာက စုစုပေါင်းအကွက်လေးကွက်ရှိတယ်၊ အကန့်အသတ်မဲ့ဓားပင်လယ်၊ မူလဘူတဓား၊ ဓားချီမူလပြန်သွားခြင်း၊ မူလပြန်သွားဓားပြောင်းလဲခြင်း။
ဒီနတ်ဘုရားဓားကွက်လေးကွက်ကို နတ်ဘုရားအတတ်လေးခုလို့ ဆိုနိုင်တယ်။
…
"ဒါပေမယ့် ငါ ဓားကွက်တစ်ကွက်ကို နတ်ဘုရားအတတ်တစ်ခုဖြစ်အောင် ဘယ်လိုလုပ်ရမှာလဲ"
လမ်းတစ်လျှောက်မှာ လီဖူချန်းက ဒီပြဿနာနဲ့ပတ်သက်ပြီး စဉ်းစားနေခဲ့တယ်။
လီဖူချန်းရဲ့အမြင်အရ နတ်ဘုရားအတတ်တစ်ခုက နတ်ဘုရားကမ္ဘာရဲ့စစ်မှန်တဲ့အနှစ်သာရနဲ့ ထိတွေ့ထားသင့်တယ်။ သို့မဟုတ်ရင် ၎င်းကို နတ်ဘုရားကမ္ဘာဥပဒေသက အသိအမှတ်ပြုမှာမဟုတ်ဘူး။
ဒါပေမယ့် အဆင့်မြင့်နတ်ဘုရားအတတ်တွေက နတ်ဘုရားကမ္ဘာဥပဒေသရဲ့စစ်မှန်တဲ့အနှစ်သာရနဲ့ထိတွေ့ဖို့က သာမန်ပါပဲ။ အဆင့်နိမ့်နတ်ဘုရားအတတ်တွေက နတ်ဘုရားကမ္ဘာဥပဒေသရဲ့စစ်မှန်တဲ့အနှစ်သာရနဲ့ ထိတွေ့ဖို့ဆိုတာ မလွယ်လှဘူးမလား။
"ငါ အတွေးများနေတာပဲဖြစ်မှာပါ"
လီဖူချန်းက ခေါင်းခါယမ်းပြီး မူလအဆုံးစွန်းဓားပညာကို ပြုပြင်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူက မူလအဆုံးစွန်းဓားပညာကို ပိုရိုးရှင်းအောင်၊ ပိုသန့်စင်အောင် ပြုလုပ်ချင်တယ်။
အချိန်ကုန်ဆုံးလာတာနဲ့အမျှ မြေရိုင်းမြို့အတွင်းမှာ အဆင့်နိမ့်နတ်ဘုရားများစွာက လီဖူချန်းရဲ့ခြေရာကို လိုက်ရှာနေတယ်။
ပျံသန်းငှက်မွေးရွာ......
"သူ ဒီကို လာတာ မင်းသေချာလား" ရွာသားတစ်ယောက်ရဲ့အရှေ့မှာ ယိုလဲ့က သူ့ရဲ့နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ကာ လီဖူချန်းရဲ့ပုံရိပ်ကို ဖြစ်ပေါ်စေခဲ့တယ်။
"ငါ သေချာတယ်။ သူနဲ့အတူ အမျိုးသမီးတစ်ယောက်ရှိတယ်"
ရွာသားက ကျိန်ပြောခဲ့တယ်။
"ကောင်းပြီလေ၊ ဒီအဆငိ့နိမ့်နတ်ဘုရားကျောက်တုံးက မင်းအတွက်ပဲ"
ယိုလဲ့က အဆင့်နိမ့်နတ်ဘုရားကျောက်တုံးကို ရွာသားထံ ပစ်ပေးလိုက်တယ်။
"မင်း ထွက်မပြေးနိုင်ပါဘူး"
ယိုလဲ့က လီဖူချန်းနောက်ကို လိုက်သွားတယ်။
…
"ဓားပင်လယ်မိုးကုတ်စက်ဝိုင်း"
သဲကန္တာရမှာ လီဖူချန်းက ဓားပင်လယ်မိုးကုတ်စက်ဝိုင်းကို ထပ်ခါတလဲလဲ ထုတ်ဖော်ခဲ့တယ်။ သူ ဓားပင်လယ်မိုးကုတ်စက်ဝိုင်းကို ထုတ်ဖော်တဲ့အချိန်တိုင်း ဓားအလင်းက အလင်းလှိုင်းတစ်ခုပမာ ပျံ့နှံ့သွားတယ်။
"ဒီလိုအားကောင်းတဲ့ဓားဖိအားတစ်ခု"
အဝေးမှ ကျောက်ဖေးအာက အသားအချို့ကင်နေတယ်။ သူမက လီဖူချန်းကို တစ်ချက်ကြည့်လိုက်တယ်။
လီဖူချန်းက ဓားကွက်ကို ထုတ်ဖော်လိုက်တဲ့အခါ သူက နတ်ဘုရားစွမ်းအားကို အများကြီးအသုံးမပြုခဲ့ပါဘူး။ ဒါပေမယ့် ဒီမမြင်နိုင်တဲ့ဓားဖိအားက ကျောက်ဖေးအာရဲ့အမူအရာကို အနည်းငယ်ပြောင်းလဲပေးခဲ့တယ်။ သူမရဲ့မသိစိတ်က သူမကို ပြောပြခဲ့တယ်၊ အံ့မခန်းပဲ၊ အလွန်အံ့မခန်းပဲ။
"သူ အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုကို တကယ်ဖန်တီးနိုင်ခဲ့တာပဲ"
နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးဖို့က ခက်ခဲလွန်းတယ်။ မွေးရာပါပါရမီ၊ ထိုးထွင်းသိမြင်မှုနဲ့ ကံအားလုံးက မရှိမဖြစ်ပါပဲ။
မွေးရာပါပါရမီနဲ့ထိုးထွင်းသိမြင်မှုကောင်းရှိတဲ့အဆင့်နိမ့်နတ်ဘုရားတွေများစွာရှိတယ်။ တကယ်တော့ နတ်ဘုရားအတတ်ကိုဖန်တီးခဲ့တဲ့အချို့အဆင့်နိမ့်နတ်ဘုရားတွေထက် ပိုကောင်းတယ်။ ဒါပေမယ့် သူတို့က နတ်ဘုရားအတတ်တစ်ခုကို မဖန်တီးနိုင်ခဲ့ဘူး။
မွေးရာပါပါရမီနဲ့ထိုးထွင်းသိမြင်မှုမရှိတဲ့အဆင့်နိမ့်နတ်ဘုရားအချို့က နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်။
အပြင်ဘက်လူတွေအနေနဲ့ ဒါကို နားလည်ဖို့က အလွန်ခက်ခဲတယ်။
ကျောက်ဖေးအာက အဆင့်မြင့်နတ်ဘုရားအတတ်မှတ်စုတစ်ခုကို မြင်ခဲ့တယ်။ နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးဖို့ အခွင့်အလမ်းတစ်ခုလိုအပ်တယ်။ တစ်ယောက်ယောက်က အခွင့်အလမ်းကို ဆုပ်ကိုင်နိုင်ရင် အားထုတ်မှုတစ်ဝက်နဲ့ ရလဒ်နှစ်ဆကို ထုတ်ဖော်စေနိုင်လိမ့်မယ်။ အဲလိုမလုပ်ရင် အားထုတ်မှုနှစ်ဆနဲ့ ရလဒ်တစ်ဝက်ကိုပဲ ထုတ်ဖော်နိုင်လိမ့်မယ်။
"ဒီခံစားချက်က"
ဓားကွက်တစ်ထောင်၊ ဓားကွက်တစ်သောင်း။
ဒီရက်တွေအတွင်း ဓားကွက်ဘယ်လောက်သူဖော်ထုတ်ခဲ့သလဲကို လီဖူချန်းက မသိဘူး။ သူ့ရဲ့ဓားကွက်က အနည်းငယ်ထူးဆန်းလာတယ်လို့ လီဖူချန်းက ခံစားမိတယ်။
"တစ်ခုခု မမှန်တော့ဘူး"
"ဒါ မဟုတ်တော့ဘူး"
ထို့နောက် လီဖူချန်းက ထိုခံစားချက်ကို ရှာဖွေဖို့ ကြိုးစားခဲ့တယ်။
ဒါပေမယ့် သူ့ရဲ့နှလုံးသားက ရှုပ်ထွေးနေတာကြောင့် ဖြစ်နိုင်တယ်၊ ထိုခံစားချက်က တဖြည်းဖြည်းပိုဝေးသွားတယ်။
"ငါ စိုးရိမ်လို့မရဘူး၊ စိုးရိမ်ဖို့မလိုဘူး။ ဒါ ငါ့ရဲ့ဓားပညာကို ပထမဆုံးသင်တဲ့နေ့မဟုတ်ဘူး၊ ငါ ဒီလိုအမှားတစ်ခုကို တကယ်ပြုလုပ်ခဲ့တာပဲ" လီဖူချန်းက တည်ငြိမ်သွားတယ်။
ဓားတာအိုကို ကျင့်ကြံတဲ့အခါ စိတ်မရှည်ခြင်းကို တားမြစ်တယ်။ လီဖူချန်းရဲ့အမြင်အရ ဓားတာအိုက မဟာတာအိုဖြစ်ပြီး နတ်ဘုရားအတတ်က အသေးအဖွဲတာအိုဖြစ်တယ်။ အသေးအဖွဲတာအျုတစ်ခုအတွက် မဟာတာအိုကို ဆုံးရှုံးသွားတာ တကယ်ကို ရူးသွပ်စရာပဲ။
ဒါပေမယ့် အသေးအဖွဲတာအိုကို ကျင့်ကြံနိုင်သေးပေမယ့် မဟာတာအိုမှ သွေဖည်သွားလို့မရဘူးဆိုတာကိုတော့ ကြိုတင်သိထားရမယ်။
လီဖူချန်းရဲ့စိတ်ဝိညာဉ်အခြေအနေက မြင့်မားလွန်းတယ်လို့ ဝန်ခံရမယ်။ အလေးအနက်စဉ်းစားဆင်ခြင်ပြီးနောက် သူရှာနေတဲ့ခံစားချက်ထဲကို လီဖူချန်းက အလွယ်တကူဝင်ရောက်ခဲ့တယ်။
အသက်ရှုခြင်း။
စည်းချက်ညီခြင်း။
လှည့်ပတ်သွားခြင်း။
ခံစားချက်က ပိုသန်မာလာတာကြောင့် လီဖူချန်းက နားလည်မှုအချို့ရှိလာတယ်။
နတ်ဘုရားအတတ်ကို နတ်ဘုရားအတတ်လို့ ခေါ်ရတဲ့အကြောင်းကတော့ ၎င်းအထဲမှာ မရှိမဖြစ်အခြေခံကျတဲ့တစ်စုံတစ်ခုရှိတယ်။
ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက သိမ်မွေ့လွန်းတယ်။ ၎င်းက နတ်ဘုရားကမ္ဘာဥပဒေသနဲ့ သဟဇာတဖြစ်ပေမယ့် ပုန်းကွယ်နေခဲ့တာပဲ။ လီဖူချန်းက ၎င်းကို အကြိမ်တစ်ထောင်မဖော်ထုတ်ခဲ့ရင် ဒီလိုအချိန်တိုအတွင်းမှာ အခုလိုရလဒ်မျိုး ရရှိလာမှာမဟုတ်ဘူး။
နောက်ထပ်ရက်အနည်းငယ်အကြာမှာ လီဖူချန်းက ဓားပင်လယ်မိုးကုတ်စက်ဝိုင်းကို ဖော်ထုတ်လိုက်တဲ့အခါ မမြင်နိုင်တဲ့စွမ်းအားတစ်ခုက စုဝေးလာတာကို ခံစားမိတယ်။ အတိတ်မှာ သူက ဓားပင်လယ်မိုးကုတ်စက်ဝိုင်းကို ဖော်ထုတ်တဲ့အခါ နတ်ဘုရားကမ္ဘာဥပဒေသစွမ်းအားကို ပွင့်ထွက်လာအောင်လုပ်နိုင်ပေမယ့် ဒိီလိုကြီးမားတဲ့ဖြစ်ရပ်တစ်ခုတော့ မဖြစ်လာခဲ့ပါဘူး။
နောက်ထပ်နှစ်ရက်ကုန်ဆုံးသွားတယ်။
ဒီနေ့မှာ လီဖူချန်းက သူ့ရဲ့ဓားကို ဝှေ့ယမ်းလိုက်တဲ့အခါ ကြောက်စရာကောင်းတဲ့စွမ်းအားတစ်ခုက ဆင်းသက်လာတယ်။
ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက နတ်ဘုရားကမ္ဘာဥပဒေသရဲ့အသိအမှတ်ပြုခြင်းကို ရရှိခဲ့တာပဲ။
"နတ်ဘုရားကမ္ဘာဥပဒေသဆင်းသက်လာတာလား။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကျောက်ဖေးအာက အလွန်အံ့ဩသွားတယ်။
နတ်ဘုရားကမ္ဘာမှာ နတ်ဘုရားကမ္ဘာဥပဒေသဆင်းသက်လာစေနိုင်တဲ့အရာတွေအများကြီးမရှိဘူး။ နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးတာက တစ်ခုအပါအဝင်ပဲ။
အရိုးသားဆုံးပြောရရင် ကျောက်ဖေးအာက လီဖူချန်းကို ခပ်မြင့်မြင့်တွေးခဲ့တယ်၊ နတ်ဘုရားအတတ်တစ်ခုကိုဖန်တီးဖို့ လီဖူချန်းမှာ မျှော်လင့်ချက်တွေရှိတယ်ပေါ့။ အခြားတစ်ယောက်ယောက်သာဆိုရင် အနှီလူက နေ့ခင်းကြောင်တောင်အိမ်မက်မက်နေတယ်လို့ပဲ သူမက တွေးမိလိမ့်မယ်။
မြေရိုင်းမြို့မှာ အဆင့်နိမ့်နတ်ဘုရားတွေထောင်ကျော်ရှိတယ်၊ ဒါပေမယ့် သူတို့တွေ ဘယ်လောက်ကများ အဆင့်နိမ့်နတ်ဘုရားအတတ်တွေကို ဖန်တီးခဲ့လို့လဲ။
ဒါပေမယ့် အခုကြည့်ရသလောက် သူမက လီဖူချန်းကို ခပ်မြင့်မြင့်တွေးခဲ့တာမဟုတ်ဘူး၊ သူမက သူ့ကို လျှော့တွက်ခဲ့တာပဲ။
လီဖူချန်းမှာ နတ်ဘုရားအတတ်ကို ဖန်တီးဖို့ မျှော်လင့်ချက်တွေ ရှိပေမယ့် ဒါက နှစ်ပေါင်းများစွာကြာမှ ဖြစ်ပေါ်လာမယ်လို့ပဲ သူမက ယုံကြည်ထားခဲ့တယ်။ လီဖူချန်းက ဒီလိုအချိန်တိုအတွင်းမှာ နတ်ဘုရားအတတ်ကို ဖန်တီးနိုင်မယ်လို့ မတွေးထားခဲ့ဘူး။
"ဒါ နတ်ဘုရားအတတ်အမှတ်အသားလား"
နတ်ဘုရားကမ္ဘာရဲ့ဥပဒေသဆင်းသက်လာတဲ့အခါ အဆုံးမဲ့ချီတည်ရှိမှုပြည့်နှက်နေတဲ့သေးငယ်တဲ့ဓားအမှတ်အသားတစ်ခုက သူ့ရဲ့နတ်ဘုရားခန္ဓာကိုယ်ထဲ ဝင်ရောက်လာတာကို လီဖူချန်းက မြင်လိုက်တယ်။
ဒီသေးငယ်တဲ့ဓားအမှတ်အသားက ဓားပင်လယ်မိုးကုတ်စက်ဝိုင်းအမှတ်အသားဖြစ်ပြီး နတ်ဘုရားအတတ်အမှတ်အသားတစ်ခုဆိုတာ သိသာတယ်။
သေးငယ်တဲ့ဓားအမှတ်အသားက သူ့ခန္ဓာကိုယ်ထဲ ဝင်လာတဲ့အခါ လီဖူချန်းရဲ့ဓားပင်လယ်မိုးကုတ်စက်ဝိုင်းအပေါ်နားလည်မှုက ဆယ်ဆပိုနက်ရှိုင်းလာတယ်။ တကယ်တော့ သေးငယ်တဲ့ဓားအမှတ်အသားနဲ့ဆိုရင် လီဖူချန်းက နတ်ဘုရားကမ္ဘာရဲ့ဓားတာအိုဥပဒေသရဲ့အရိပ်အယောင်တစ်ခုကို သိမ်မွေ့စွာ ခံစားနိုင်တယ်။
"လီဖူချန်း၊ မင်း နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခဲ့တာလား"
ကျောက်ဖေးအာက မေးလိုက်တယ်။
လီဖူချန်းက ပြုံးကာ ပြောလိုက်တယ်"ဒီလောက်ရက်တွေအများကြီးကြာပြီးနောက် ငါ နောက်ဆုံးတော့ ဖန်တီးနိုင်ခဲ့ပြီ"
"နောက်ဆုံးတဲ့လား" ကျေဖေးအာရဲ့ပါးစပ်က တွန့်သွားတယ်။ နတ်ဘုရားအတတ်ဖန်တီးတာကို လီဖူချန်းက ဘယ်လိုထင်နေတာလဲ။ အခြားသူတွေဆိုရင် နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးဖို့ ရာစုနှစ်ဆယ်စုနှစ်များစွာ ကြာတယ်၊ ဒါပေမယ့် လီဖူချနိးက လဝက်တောင်မရှိသေးပဲ ဖန်တီးခဲ့တာလေ။
"ဒါ ဟုတ်တယ်။ နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးက ဘယ်လောက်ရှိလဲ။ ချိတ်ပိတ်ပြီးရင် နတ်ဘုရားအတတ်ကို ဘယ်လိုရောင်းရမလဲ။ အနာဂတ်မှာ ဒါနဲ့ ငါ ငွေတွေ ရလာနိုင်တယ်" လီဖူချန်းက ရုတ်တရက်မေးလိုက်တယ်။
ကျောက်ဖေးအာက ပြောလိုက်တယ်"တစ်ခါမှအသုံးမပြုရသေးတဲ့နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေကို အဆင့်နိမ့်မှအဆင့်မြင့်အထိ ကြယ်ကိုးလုံးခွဲခြားထားတယ်၊ ကြယ်တစ်လုံးက အနိမ့်ဆုံးဖြစ်ပြီး ကြယ်ကိုးလုံးက အမြင့်ဆုံးဖြစ်တယ်။ ပုံမှန်အားဖြင့် အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုကို ကြယ်တစ်လုံးနတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတစ်တုံးထဲမှာ ချိတ်ပိတ်ပြီး ဒီအဆင့်ရှိနတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးကို တစ်ကြိမ်ပဲ အသုံးပြုနိုင်တယ်။ တန်ဖိုးကတော့ ချိတ်ပိတ်ကျောက်တုံးတစ်တုံးအတွက် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဆယ်တုံးကျသင့်တယ်။ နတ်ဘုရားအတတ်တစ်ခုကို ချိတ်ပိတ်ပြီးရင်တော့ ပြောဖို့ခက်တယ်။ နတ်ဘုရားအတတ်က အံ့မခန်းဆိုတာ အခြားသူတွေက သိရင် မြင့်မားတဲ့ဈေးနှုန်းတစ်ခုနဲ့ ရောင်းချနိုင်တယ်။ အခြားသူတွေက မသိရင် ပုံမှန်အားဖြင့် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ရာပတ်လည်ပဲ ရှိလိမ့်မယ်"
ပြောနေရင်း ကျောက်ဖေးအာက လီဖူချန်းကို ကြည့်ကာ ပြောလိုက်တယ်"နင့်အနေနဲ့ နတ်ဘုရားအတတ်ကို ရောင်းချတာက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေအများကြီးမရလောက်ဘူး။ နင့်မှာ နတ်ဘုရားကျောက်တုံးတွေ ကင်းမဲ့ရင် ငါ ပြန်ပေးမှာပါ"
"ငါ စနေတာပါ။ ငါ နတ်ဘုရားအတတ်ကို ဆယ်ကြိမ်ရောင်းရင်တောင် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ထောင်ပဲ ရမှာလေ။ ဒါက ဘာလုပ်လို့ရမှာလဲ" လီဖူချန်းက ဟာသလုပ်နေတာ သိသာပါတယ်။ အသက်ရှင်သန်နေထိုင်ဖို့အတွက် နတ်ဘုရားအတတ်တွေ ရောင်းရလောက်တဲ့အထိ သူက သနားစရာမကောင်းပါဘူး။
ကောင်းကင်က တဖြည်းဖြည်းတောက်ပလာပြီး သူတို့နှစ်ယောက်က အနားယူဖို့ ပြင်ဆင်နေတယ်။
ရုတ်တရက် မိုးကုတ်စက်ဝိုင်းမှ လျှပ်စီးတစ်ခု လက်သွားတယ်။
အုန်း......
လျှပ်စီးက မြေပြင်ကို လောင်ကျွမ်းသွားစေပြီး ပုံရိပ်တစ်ခုက သူတို့နှစ်ယောက်အရှေ့မှာ ထွက်ပေါ်လာတယ်။
"ယိုလဲ့" ကျောက်ဖေးအာရဲ့အမူအရာက ပြောင်းသွားတယ်။
ယိုလဲ့က ကျောက်ဖေးအာကို လစ်လျူရှုခဲ့တယ်။ သူက လီဖူချန်းကို ကြည့်ကာ ပြောလိုက်တယ်"ငါ နောက်ဆုံးတော့ မင်းကို ဖမ်းမိပြီ"
"လီဖူချန်း၊ သတိမမဲ့နဲ့။ ဒီယိုလဲ့က မြေရိုင်းမြို့ထဲမှာ နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခဲ့တဲ့ အဆင့်နိမ့်နတ်ဘုရားအနည်းငယ်ထဲကတစ်ယောက်ပဲ။ သူ ဖန်တီးခဲ့တဲ့အဆင့်နိမ့်နတ်ဘုရားအတတ်ကို မိုးကြိုးနတ်ဘုရားခုတ်ချက်လို့ခေါ်တယ်။ အလယ်ဆင့်နတ်ဘုရားတွေကလွဲပြီး ခုတ်ချက်ကို ရှောင်တိမ်းနိုင်တဲ့အဆင့်နိမ့်နတ်ဘုရားတွေအများကြီးမရှိဘူး" ကျောက်ဖေးအာက လီဖူချန်းကို လျှို့ဝှက်သတိပေးလိုက်တယ်။
ထိုစကားကို ကြားပြီး လီဖူချန်းက ပြုံးကာ ခေါင်းညိတ်လိုက်တယ်။
အဆင့်နိမ့်နတ်ဘုရားအတတ်တွေအကြားတိုက်ပွဲက အလွန်စိတ်ဝင်စားဖို့ကောင်းမှာပဲ။
တရားမျှတဖို့အတွက် သူ့ရဲ့နတ်ဘုရားစွမ်းအားအညွန်းကိန်းကို လေးရာပတ်လည်အထိ ဖိနှိပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။
ထပ်ပြောရရင် သူက သူ့ရဲ့ဓားတာအိုကျွမ်းကျင်မှုကိုလဲ ဖိနှိပ်ခဲ့တယ်။
ဒီလိုမလုပ်ထားရင် သူက သူ့ရဲ့နတ်ဘုရားအတတ်ကို အသုံးမပြုခဲ့ရင်တောင် ရန်သူအနေနဲ့ သူ့ရဲ့ဓားကို တားဆီးဖို့က ခက်ခဲပေလိမ့်မယ်။