← Chapters

ပိုင်နက်နတ်ဘုရားအတတ်

Vol. 78 Ch. 1092

ပိုင်နက်နတ်ဘုရားအတတ်

Vol. 78 Ch. 1092

"ထွက်ပြေးဖို့ စဉ်းတောင်မစဉ်းစားနဲ့။ မြေရိုင်းမြို့ထဲမှာ အလယ်နတ်ဘုရားတွေကလွဲပြီး တစ်ယောက်မှ ငါ့ထက် မမြန်ဘူး" ယိုလဲ့က သူ့လက်ဝါးကို လှန်လိုက်တယ်၊ လျှပ်စီးနဲ့အတူဓားသွားတစ်ခုက သူ့လက်ထဲမှာ ထွက်ပေါ်လာတယ်။

"ငါ ဘာလို့ ထွက်ပြေးရမှာလဲ" လီဖူချန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်တယ်"ငါ မင်းရဲ့နတ်ဘုရားအတတ်မိုးကြိုးနတ်ဘုရားခုတ်ချက်ကို တွေ့ကြုံချင်ရုံပါပဲ"

"ကောင်းပြီလေ၊ မင်းက မင်းပါးစပ်ထွက်သလို သန်မာပါစေလို့ ငါ မျှော်လင့်တယ်" ယိုလဲ့ရဲ့အမူအရာက လေးနက်သွားပြီး ကြောက်စရာကောင်းတဲ့လျှပ်စီးစွမ်းအင်တစ်ခုက သူ့ပတ်လည်မှာ စုဝေးလာတယ်။

နတ်ဘုရားအတတ်ဖြစ်တဲ့မိုးကြိုးနတ်ဘုရားခုတ်ချက်ကို ဖန်တီးပြီးကတည်းက သူက တိုက်ပွဲသုံးဆယ့်ရှစ်ပွဲကို တိုက်ခိုက်ခဲ့ပြီး သုံးဆယ့်ရှစ်ပွဲစလုံးကို အနိုင်ရခဲ့တယ်။ သူတို့အထဲမှာ သုံးဆယ့်ငါးယောက်က ချက်ချင်းအသတ်ခံခဲ့ရတယ်၊ နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခဲ့တဲ့အဆင့်နိမ့်နတ်ဘုရားတစ်ယောက်တောင် ပါတယ်။

သူ့မိုးကြိုးနတ်ဘုရားခုတ်ချက်နဲ့ပတ်သက်ပြီးစိတ်ကြီးဝင်နေတာမဟုတ်ဘူး။ အဲဒါက မြန်တယ်။

ရန်သူက သေသွားတာတောင် မတုံ့ပြန်နိုင်ခဲ့တဲ့အထိ မြန်လွန်းတယ်။

ဒီတစ်ခါလဲ ချွင်းချက်မရှိဘူးလို့ သူက ယုံကြည်တယ်။

"သတိထားပါ" ကျောက်ဖေးအာက ထိတ်လန့်နေမိတယ်။

ယိုလဲ့ရဲ့ဂုဏ်သတင်းက ကြီးကျယ်လွန်းတယ်။

မြေရိုင်းမြို့ရဲ့အဆင့်နိမ့်နတ်ဘုရားတွေအကြားမှာ ယိုလဲ့က အနည်းဆုံးထိပ်ဆုံးသုံးယောက်ထဲဝင်တယ်လေ။

"မစိုးရိမ်ပါနဲ့" လီဖူချန်းက ပြုံးလိုက်တယ်၊ သူ့အမူအရာက တည်ငြိမ်နေလျက်ပါပဲ။

ဘယ်လိုဟာသလဲ၊ ရန်သူက အဆင့်နိမ့်နတ်ဘုရားလေးပဲ၊ လီဖူချန်းက ဒီနေရာမှာ ရပ်ပြီး ဘာမှမတုံ့ပြန်ရင်တောင် ရန်သူက သူ့ကို ဒဏ်ရာရစေမှာတဲ့လား။

"မိုးကြိုးနတ်ဘုရားခုတ်ချက်"

ယိုလဲ့ရဲ့ပုံရိပ်က ပျောက်သွားတယ်၊ တလက်လက်လျှပ်စီးဓားသွားက အစားဝင်လာတယ်။

မိုးကြိုးလျှပ်စီးဓားသွားရဲ့စဦးအရှိန်ကတင် မယုံနိုင်လောက်အောင်မြန်တယ်။ ရှေ့တိုးလေ၊ ၎င်းရဲ့အရှိန်က တိုးလာလေလေပဲ၊ ၎င်းရဲ့စွမ်းအားကလဲ တိုးလာတယ်။

ဒါပေမယ့် ဒီလိုအချိန်တိုအတွင်းမှာ ဖြစ်ပျက်ခဲ့တာကို လီဖူချန်းကပဲ မြင်န်ိုင်တယ်။

"နတ်ဘုရားအတတ်ဆိုတဲ့အတိုင်းပါပဲ"

လီဖူချန်းက တိတ်တဆိတ်ချီးကျူးလိုက်တယ်။

ယိုလဲ့ရဲ့မိုးကြိုးနတ်ဘုရားခုတ်ချက်၊ 'မြန်တယ်'ဆိုတဲ့စကားလုံးကတင် လူတွေကို မတားဆီးနိုင်စေဖို့ လုံလောက်တယ်။ အကြွင်းမဲ့မြန်နှုန်းအရှေ့မှာ တစ်စုံတစ်ယောက်ရဲ့တိုက်ခိုက်မှုက ဘယ်လောက်ပဲ ကောင်းပါစေ၊ သူတို့ရဲ့စွမ်းအားကိုတောင် ထုတ်ပြခင်မှာမဟုတ်ဘဲ အသတ်ခံရလိမ့်မယ်။

ယိုလဲ့ရင်ဆိုင်နေရတာ လီဖူချန်းဖြစ်နေတာ စိတ်မကောင်းစရာပဲ။

"ဓားပင်လယ်မိုးကုတ်စက်ဝိုင်း"

ဓားကိုတောင် မထုတ်၊ သူ့ရဲ့နတ်ဘုရားစွမ်းအားတစ်စိတ်တစ်ပိုင်းကို လှည့်ပတ်ပြီး ဓားပင်လယ်မိုးကုတ်စက်ဝိုင်းကို ပေါက်ကွဲထွက်စေလိုက်တယ်။

ပင့်ကူအိမ်လိုအက်ကြောင်းတွေက ကန္တရတစ်လျှောက် ပျံ့နှံ့သွားပြီး ကြောက်စရာကောင်းတဲ့ဓားဖိအားတစ်ခုက ချက်ချင်းဆင်းသက်လာကာ ကန္တရတစ်ခုလုံးအပြည့်ဖြစ်သွားတယ်။

ယိုလဲ့ရဲ့မိုးကြိုးနတ်ဘုရားခုတ်ချက်က နှေးကွေးလာတာကို မြင်နိုင်တယ်။ အနည်းဆုံးအဆတစ်ရာလောက်အထိ ပိုနှေးလာတယ်။

"ဘာဖြစ်သွားတာလဲ"

ထိတ်လန့်တုန်လှုပ်မှုက ယိုလဲ့ရဲ့စိတ်ကို ဖြတ်သန်းသွားတယ်။

သူ့ရန်သူရဲ့ဓားအဟုန်က သူ့ရဲ့နတ်ဘုရားအတတ်ကို တကယ်အေးခဲစေခဲ့တာပဲ။ ဒါ ဘယ်လိုတောင် ကြောက်စရာကောင်းတာလဲ။

"ဒါ ပိုင်နက်တစ်ခုပဲ"

ရုတ်တရက် ယိုလဲ့က နားလည်သွားတယ်။

တစ်ဖက်လူက ပိုင်နက်အမျိုးအစားနတ်ဘုရားအတတ်တစ်ခုကို ထုတ်လွှတ်ခဲ့တာပဲ။

ပိုင်နက်နတ်ဘုရားအတတ်နဲ့ရင်ဆိုင်ရတဲ့အခါ သူနဲ့မတိုက်ခိုက်တာက အကောင်းဆုံးဖြစ်တယ်။ ဖြစ်နိုင်သမျှ အဝေးကို ပြေးသွားတာ အကောင်းဆုံးဖြစ်တယ်။ ဒိလိုမှမဟုတ်ရင် နီးကပ်သွားတာနဲ့ ထွက်ပြေးလွတ်မြောက်နိုင်တော့မှာမဟုတ်ဘူး။

မိုးကြိုးဓားမော့အလင်းက ယိုလဲ့မှ သုံးပေအကွာမှာ ရှိတဲ့အခါ ယိုလဲ့က ရှေ့ဆက်မတိုးနိုင်တော့ဘူး၊ လေထဲမှာပင် အေးခဲသွားတယ်။

သူ့ရဲ့ညာလက်ညှိုးနဲ့လက်ခလယ်ကို မြှောက်ကာ လီဖူချန်းက ဓားလက်ချောင်းနဲ့ ထိုးဖောက်လိုက်တယ်။

ဝှစ်........

သေးငယ်တဲ့အပေါက်တစ်ခုက ယိုလဲ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာတယ်။

ဓားအဟုန်က လွင့်စင်ပပျောက်သွားတာကြောင့် ယိုလဲ့ရဲ့ခန္ဓာကိုယ်မှ ဓားအလင်းတွေ ပေါ်ထွက်လာတယ်။ ထို့နောက် သူက အလင်းလူသားတစ်ယောက်အဖြစ် လျင်မြန်စွာ ပြောင်းလဲကာ ပျက်ဆီးသွားတော့တယ်။

"ဘာ"

ကျောက်ဖေးအာက ထိုအခိုက်မှ သတိဝင်လာတယ်။

သူမက ထိတ်လန့်တုန်လှုပ်စရာမြင်ကွင်းတစ်ခုကို မြင်ခဲ့ရတာပဲ။

ယိုလဲ့က သေသွားပြီးလား။

မယုံနိုင်စရာပဲလို့ သူမက ခံစားမိတယ်။

သူမက လီဖူချန်းအတွက် စိုးရိမ်နေမိတာ ဟာသပါပဲ။

မြေရိုင်းမြို့ထဲမှာ အလယ်ဆင့်နတ်ဘုရား‌တွေကလွဲပြီး တစ်ယောက်မှ လီဖူချန်းအတွက် ပြိုင်ဘက်မဟုတ်ဘူး။

"ဒီယိုလဲ့က အ‌တော်လေးသန်မာတယ်။ ငါနဲ့တွေ့တာက သူ့ရဲ့ကံဆိုးမှုတစ်ခုပဲ" လီဖူချန်းက ယိုလဲ့ရဲ့နေရာလပ်လက်စွပ်ကို သိမ်းလိုက်တယ်။

ကျောက်ဖေးအာက ခါးသီးစွာ ပြုံးကာ ပြောလိုက်တယ်"မင်းက သန်မာသန်မာလွန်းလို့လေ။ လီဖူချန်း၊ ရှင့်ရဲ့ခွန်အားအဆင့်က ဘယ်လောက်လဲ။ အလယ်ဆင့်နတ်ဘုရားတွေကို တိုက်ခိုက်နိုင်လား"

သူမရဲ့သိလိုစိတ်က ပိုသန်မာလာပြီး မနေနိုင်တော့ဘဲ မေးလိုက်မိတယ်။

လီဖူချန်းက ပြောလိုက်တယ်"ပြောင်မြောက်တဲ့အလယ်ဆင့်နတ်ဘုရားတွေကိုတော့ ငါ မပြောတတ်ဘူး ဒါပေမယ့် သာမန်အလယ်ဆင့်နတ်ဘုရားတွေကို တိုက်ခိုက်ဖို့ဆိုရင်တော့ ငါ ယုံကြည်ချက်ရှိတယ်"

အလယ်ဆင့်နတ်ဘုရားတွေကို မျက်လုံးထဲမထည့်ရလောက်တဲ့အထိ လီဖူချန်းက မမောက်မာပါဘူး။

ကျင့်ကြံခြင်းအဆင့်အရ သူက အလယ်ဆင့်နတ်ဘုရားတွေထက် ပိုမသန်မာပါဘူးလေ။

နတ်ဘုရားစွမ်းအားအညွှန်းကိန်းအရ သူ့ရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားက တစ်ထောင်ကျော်သာရှိပြီး အသစ်ဖြစ်လာတဲ့အလယ်ဆင့်နတ်ဘုရားတစ်ယောက်လို့တော့ သတ်မှတ်နိုင်တယ်။

နတ်ဘုရားအတတ်အရ သူ့မှာ တစ်ခုပဲ ရှိတယ်။ အလယ်ဆင့်နတ်ဘုရားတွေက အလယ်ဆင့်နတ်ဘုရားအတတ်ကို သင်ယူနိုင်တယ်။ ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက မိုးကြိုးနတ်ဘုရားခုတ်ချက်ကို တန်ပြန်နိုင်ပေမယ့် အလယ်ဆင့်နတ်ဘုရားအတတ်တွေကိုတော့ မတန်ပြန်နိုင်ဘူး။

လီဖူချန်းရဲ့တစ်ခုတည်းသောအားကိုးရာက ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်ပဲ။

ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်နဲ့ဆိုရင် သူက အလယ်ဆင့်နတ်ဘုရားတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်။

"သူက သာမန်အလယ်ဆင့်နတ်ဘုရားတွေနဲ့ ယှဉ်နိုင်တာလား" ကျောက်ဖေးအာက အတွေးနက်သွားမိတယ်။

နောက်ထပ်သုံးရက်ကြာပြီးနောက် ကိုယ်ပိုင်နတ်ဘုရားအတတ်ကိုဖန်တီးခဲ့တဲ့အဆင့်နိမ့်နတ်ဘုရားတစ်ယောက်က သူ့ကို လာဖမ်းတယ်။

"ဒီလူကို သရဲသစ်သားလို့ခေါ်တယ်။ သူက မျက်လုံးနည်းစနစ်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီထားတယ်၊ လောင်ကျွမ်းသရဲမျက်လုံး။ သူ့ခွန်အားက ယိုလဲ့ထက် မနိမ့်ကျဘူး" ဒီတစ်ခါမှာတော့ ကျောက်ဖေးအာက ပိုပြီးစိတ်သက်သာရာဖြစ်နေပါပြီ။

သရဲသစ်သားက မျက်မှောင်ကြုတ်လိုက်တယ်၊ ပတ်ဝန်းကျင်က မူမမှန်ဘူးဆိုတာ သူက ခံစားမိတယ်။

"လောင်ကျွမ်းစမ်း"

သရဲသစ်သားက လောင်ကျွမ်းသရဲမျက်လုံးကို အသက်သွင်းလိုက်တယ်။ သူ့မျက်လုံးတွေက အစိမ်းရောင်မီးလျှံတွေ တောက်လောင်နေတော့တယ်။

ဟူး......

လီဖူချန်းပတ်လည်မှာ အစိမ်းရောင်မီးလျှံတွေက ထွက်ပေါ်လာတယ်။ ဒါပေမယ့် မီးလျှံထွက်ပေါ်လာတဲ့အချိန်တိုင်း သူတို့က အဆုံးမဲ့အဆုံးမဲ့မီးပွားတွေအဖြစ် ကြေမွသွားပြီး လီဖူချန်းအနားကို မကပ်နိုင်ခဲ့ဘူး။

"မဖြစ်နိုင်ဘူး၊ ငါ့ရဲ့လောင်ကျွမ်းသရဲမျက်လုံးက သူ့ရဲ့နတ်ဘုရားစွမ်းအားကို မလောင်ကျွမ်းစေနိုင်ဘူးလား" သရဲသစ်သားရဲ့အမူအရာက ထိတ်လန့်တုန်လှုပ်သွားတယ်။ အတိတ်မှာ သူက ခွန်အားချင်းယှဉ်နိုင်တဲ့ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်ရရင်တောင် သူ့ရဲ့လောင်ကျွမ်းသရဲမျက်လုံးက ရန်သူရဲ့နတ်ဘုရားစွမ်းအားကို လောင်ကျွမ်းစေနိုင်ခဲ့ပါတယ်။

"သေစမ်း"

နတ်ဘုရားစွမ်းအားတွေက သူ့မျက်လုံးမှာ ပိုလိမ့်တက်လာပြီး အစိမ်းရောင်မီးလျှံတိုင်နှစ်ခုက လီဖူချန်းကို တိုက်ခိုက်လာတယ်။

အုန်း.......ဝုန်း......

အစိမ်းရောင်မီးလျှံတိုင်တွေက အစစ်အမှန်မဟုတ်ပါဘူး။ သူတို့ဖြတ်သွားတဲ့နေရာတိုင်းမှာ မီးလျှံတွေက ထွက်ပေါ်လာပြီး ကန္တရကို မီးရှို့လိုက်သလိုပဲ။ ကျောက်ဖေးအာက အဝေးကို အမြန်ပြေးထွက်သွားပေမယ့် သူမရဲ့ခန္ဓာကိုယ်ထဲရှိနတ်ဘုရားစွမ်းအားက လောင်ကျွမ်းနေတာကို ခံစားမိနေသေးတယ်။

"ဒီလိုကြောက်စရာကောင်းတဲ့လောင်ကျွမ်းသရဲမျက်လုံး" ကျောက်ဖေးအာက ကြောက်လန့်တကြားနောက်ဆုတ်နေ‌တော့တယ်။

သူမကို နည်းနည်းပဲ သက်ရောက်ခဲ့ပေမယ့် မခံနိုင်ဘူးဖြစ်နေတယ်။

သရဲသစ်သားရဲ့လောင်ကျွမ်းသရဲမျက်လုံးကို ထိပ်တိုက်ရင်ဆိုင်ရတာ ဘယ်လိုလဲဆိုတာ စိတ်ကူးယဉ်ဖို့ ခက်ခဲလှပေတယ်။

ပြန်ဆုတ်နေရင်း ကျောက်ဖေးအာက လီဖူချန်းကို ကြည့်လိုက်တယ်။

လီဖူချန်းရဲ့သုံးပေပတ်လည်အတွင်းမှာ အကြွင်းမဲ့ပိုင်နက်တစ်ခုရှိသလို ခံစားရတယ်။ သရဲသစ်သားရဲ့လောင်ကျွမ်းသရဲမျက်လုံးက ဘယ်လောက်ပဲ မယုံနိုင်စရာကောင်းနေပါစေ၊ ဒီပိုင်နက်ကို မကျူးကျော်နိုင်ဘူး။

"ပြေးရမယ်"

လောင်ကျွမ်းသရဲမျက်လုံးက လီဖူချန်းကို ဘာတစ်ခုမှ မလုပ်နိုင်တာကို မြင်ပြီး သရဲသစ်သားက ဆုံးဖြတ်ချက်တစ်ခုကို မဆိုင်းမတွချကာ ပြန်ဆုတ်လိုက်တော့တယ်။

လီဖူချန်းက အံကြိတ်ကာ ပြန်ဆုတ်နေတဲ့သရဲသစ်သားရဲ့ပုံရိပ်ကို ရပ်တန့်ဖို့ သူ့ရဲ့ဓားစွမ်းပကားကို ရုတ်တရက် ကြီးမားစေလိုက်တယ်။

ဝှစ် ........

ဘာမှန်း‌တောင်မသိလိုက်ဘဲ သရဲသစ်သားက ယိုလဲ့နောက်ကို လိုက်သွားတော့တယ်။

"မြေရိုင်းမြို့မှာ နတ်ဘုရားအတတ်ကိုဖန်တီးနိုင်တဲ့အဆင့်နိမ့်နတ်ဘုရားတွေနည်းနည်းပဲရှိတယ်။ ရက်အနည်းငယ်အတွင်း သူတို့ထဲကနှစ်ယောက်က ရှင့်ရဲ့လက်ထဲမှာ သေဆုံးသွားခဲ့တယ်" သရဲသစ်သားက အလောင်းတောင် မကျန်တော့တာကို မြင်ပြီး ကျောက်ဖေးအာက ရေရွတ်လိုက်တယ်။

လီဖူချန်းက ပြောလိုက်တယ်"နတ်ဘုရားကမ္ဘာမှာ ပါရမီရှင်တွေမကင်းမဲ့ပါဘူး။ နှစ်ယောက်သေရင် သုံးယောက်လာမယ်"

"ဒါ ဟုတ်ပါတယ်လေ" ကျောက်ဖေးအာက ခေါင်းညိတ်လိုက်တယ်။

သူတို့နှစ်ယောက်က ဆက်လက်ခရီးနှင်နေခဲ့တယ်။ ကျောက်ဖေးအာရဲ့ရည်ရွယ်ချက်က အချိန်တစ်ခုအကြာ သီးခြားကျင့်ကြံဖို့ နေရာတစ်ခုကိုရှာဖွေဖို့အတွက်ဖြစ်ပြီး လီဖူချန်းက ရည်ရွယ်ချက်မရှိပါဘူး။ ဘယ်နေရာပဲရောက်ရောက် သူက နတ်ဘုရားအတတ်တွေကို လေ့လာဖန်တီးနိုင်တယ်လေ။

သရဲသစ်သားသေပြီးငါးရက်မြောက်ညမှာ ရဲရဲတောက်အလင်းတစ်ခုက ဥက္ကာပျံတစ်ခုပမာ မိုးကုတ်စက်ဝိုင်းမှ ဆင်းသက်လာတယ်။

"ငါ ခန့်မှန်းတာ မမှားရင် သူမက မြေရိုင်းမြို့ရဲ့နံပါတ်၁အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ဖြစ်တဲ့ချီယန်ပဲ" ကျောက်ဖေးအာရဲ့အမူအရာက အတော်လေးနက်သွားတယ်။

ချူယန်က ယိုလဲ့နဲ့သရဲသစ်သားတို့နဲ့မတူပါဘူး။ ယိုလဲ့နဲ့သရဲသစ်သားတို့မှာ အံ့မခန်းတိုက်ကွက်တွေရှိပြီး ချီယန်မှာ အံ့မခန်းနတ်ဘုရားခန္ဓာကိုယ်ရှိတယ်။

ချီယန်ရဲ့နတ်ဘုရားအတတ်ကို မသေမျိုးမီးနတ်ဘုရားခန္ဓာကိုယ်လို့ခေါ်တယ်။

နတ်ဘုရားခန္ဓာကိုယ်ကို မချိုးဖြတ်နိုင်ရင် ချီယန်ကို သတ်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ချီယန်က သင့်ကို အကြိမ်ထောင်ပေါင်းများစွာသတ်ဖြတ်နိုင်တယ်။

အုန်း အုန်း အုန်း......

တိုက်ပွဲက မယုံနိုင်လောက်အောင် ပြင်းထန်တယ်။

ချီယန်က တိုက်ပွဲအရူးတစ်ယောက်ဆိုတာ သိသာတယ်။ သူက လီဖူချန်းကို မြင်တဲ့အခါ ဘာတစ်ခုမှ မပြောဘဲ ချက်ချင်း တိုက်ခိုက်လာတယ်။

"ဒါ နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်လား"

လီဖူချန်းက ချီယန်ရဲ့နတ်ဘုရားခန္ဓာကိုယ်ကို အကဲဖြတ်လိုက်တယ်။

မသေမျိုးမီးနတ်ဘုရားခန္ဓာကိုယ်ကို အသက်သွင်းပြီးနောက် ချီယန်ရဲ့နတ်ဘုရားခန္ဓာကိုယ်ကို ကြည့်ရတာ ရွှေရောင်ကျောက်ရည်ပူတွေနဲ့ သိပ်သည်းထားသလိုပါပဲ။ လီဖူချန်းရဲ့ဓားလက်ချောင်းက ချီယန်ရဲ့ခန္ဓာကိုယ်ကို အနည်းငယ်ပဲ အားနည်းသွားစေတယ်။

သူ့ခွန်အားက ချီယန်ထက် ဆယ်ဆပိုမသန်မာရင် ချီယန်ကို သတ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ လီဖူချန်းက မြင်နိုင်တယ်။

လီဖူချန်းက သူ့ခွန်အားကို မတိုးရင် ချီယန်ကို ဘာတစ်ခုမှ မလုပ်နိုင်ဘူးလို့ ဆိုလိုတယ်။

"ကောင်းတယ်၊ လာစမ်း"

ချီယန်ကို လီဖူချန်းက ဖိနှိပ်ထားပေမယ့် သူမက ပိုပြီးတောင် ကြမ်းတမ်းလာတယ်။

မသေမျိုးမီးနတ်ဘုရားခန္ဓာကိုယ်နဲ့ဆိုရင် သူမကို သတ်ဖို့ မဖြစ်နိုင်ဘူးလို့ သူမက တွေးထားတာများလား၊ ဒါကြောင့် သူမက အကြောက်အရွံ့ကင်းမဲ့နေတာပေါ့။

"ငါ မင်းကို ဘာမှမလုပ်နိုင်ဘူးလို့ မင်း ထင်နေတာလား"

လီဖူချန်းက နှာခေါင်းရှုံ့လိုက်တယ်၊ သူ့နတ်ဘုရားစွမ်းအားက စတင်လိမ့်တက်လာတယ်။

၄၅၀၊ ၅၅၀၊ ‌၆၅၀၊ ၇၅၀.......

လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ချက်ချင်း တိုးလာတယ်။

နတ်ဘုရားစွမ်းအားအညွှန်းကိန်းက နှစ်ဆဖြစ်လာတိုင်း နတ်ဘုရားစွမ်းအားခွန်အားနှစ်ဆဖြစ်လာတယ်လောက် မရိုးရှင်းပါဘူး၊ ဆယ်ဆလောက်အထိ ပိုသန်မာလာတယ်လို့ ပြောနိုင်တယ်။

"မင်း ဒီတစ်ခါရင်ဆိုင်နိုင်မလား ကြည့်ရတာပေါ့"

လီဖူချန်းက ကောင်းကင်ဘုံအသူတရာချောက်နက်ဓားကို ဆွဲထုတ်ကာ ချီယန်ရဲ့နတ်ဘုရားခန္ဓာကိုယ်ထဲကို ထိုးဖောက်လိုက်တယ်။

ဝှစ် ဝှစ် ဝှစ် ဝှစ် ......

အသံတွေက ပူဖောင်းတွေ ပေါက်ကွဲထွက်နေသလိုပဲ၊ ချီယန်ရဲ့မသေမျိုးမီးနတ်ဘုရားခန္ဓာကိုယ်က လျင်မြန်စွာ မှေးမှိန်လာတယ်။

ဝှစ်.......

လီဖူချန်းက ဒုတိယမြောက်ဓားကွက်ကို ထုတ်ဖော်လိုက်တဲ့အခါ ချီယန်က အော်ဖို့ အချိန်တောင် မရှိလိုက်ဘူး၊ သူက ချက်ချင်းပျောက်ကွယ်သွားတယ်။ သူ သေသွားတာ သံသယရှိစရာမလိုပါဘူး။

အခုဆိုရင် လီဖူချန်းနောက်ကိုလိုက်နေတဲ့အသန်မာဆုံးအဆင့်နိမ့်နတ်ဘုရားသုံးယောက်စလုံးက လီဖူချန်းရဲ့လက်ထဲမှာ သေသွားလေပြီ။ ဒီသတင်းက ထွက်သွားရင် မြေရိုင်းမြို့တစ်ခုလုံးကို

တုန်လှုပ်စေမှာအမှန်ပါပဲ။

All Chapters