မက်ဖက်နဲ့တိုက်ခိုက်ခြင်း
Vol. 78 Ch. 1093
ဓားပင်လယ်မိုးကုတ်စက်ဝိုင်းကို နတ်ဘုရားအတတ်တစ်ခုအဖြစ်သို့ ပြောင်းပြီးနောက် လီဖူချန်းက မူလဘူတဓားကို နတ်ဘုရားအတတ်တစ်ခုအဖြစ် စတင်ပြောင်းလဲခဲ့တယ်။
သူက မူလအဆုံးစွန်းဓားပညာရဲ့ဓားကွက်လေးခုလုံးကို နတ်ဘုရားအတတ်တစ်ခုအဖြစ် ပြောင်းလဲနိုင်ရင်တော့လား။ တိုက်ခိုက်ရေးနည်းလမ်းအရ လီဖူချန်းက ဘယ်သူ့ကိုမှ ကြောက်စရာမလိုတော့ဘူး။
ဓားပင်လယ်မိုးကုတ်စက်ဝိုင်းနဲ့ နှိုင်းယှဉ်ရင် မူလဘူတဓားရဲ့တိုက်ခိုက်ရေးစွမ်းအားက ပိုသန်မာတယ်။ လီဖူချန်းရဲ့စိတ်ကူးအရ ဒီဓားကွက်က နတ်ဘုရားအတတ်တစ်ခုအဖြစ် ပြောင်းသွားရင် စွမ်းအားက သေချာပေါက် မှင်တက်စရာကောင်းလိမ့်မယ်။ အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုနဲ့ မယှဉ်နိုင်ရင်တောင် အများကြီးကွာမှာမဟုတ်ဘူး။
…
လူနေထိုင်မှုမရှိတဲ့စွန့်ပစ်ရွာတစ်ခုမှာ။
ခံ့ညားထည်ဝါတဲ့စွမ်းပကားတစ်ခုက ရုတ်တရက် ဆင်းသက်လာတယ်။ ထို့နောက် ရွာကို ဓားအလင်းနဲ့ဓားချီတွေ ပြည့်သွားတယ်။ အလွန်အမင်းဝင်းလက်တောက်ပတဲ့ဓားချီတိုင်တစ်ခုက ကောင်းကင်မှာ ပေါက်ကွဲထွက်သွားပြီး တိမ်တွေကိုတောင် ဆုတ်ဖြဲမတတ်ပါပဲ။
"သူ နောက်ထပ်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခဲ့တာလား"
ကျောက်ဖေးအာက ကြောင်အနေမိတယ်။ ရက်ဘယ်လောက်ပဲ ရှိသေးလို့လဲ၊ လီဖူချန်းက ဒုတိယမြောက်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခဲ့တာပဲ။
နတ်ဘုရားအတတ်တွေကို ဖန်တီးဖို့ ဘယ်အချိန်ကတည်းက ဒီလောက်လွယ်ရတာလဲ။
ဒါမှမဟုတ် လီဖူချန်းက နှစ်တစ်သန်းမှာ တစ်ခါထွက်ပေါ်လာတဲ့ ဓားတာအိုပါရမီရှင်တစ်ယောက်လား။
ကျောက်ဖေးအာက ခေါင်းကို ခါယမ်းကာ ဆက်လက်ကျင့်ကြံလိုက်တယ်။
"မူလဘူတဓားလဲ နတ်ဘုရားအတတ်တစ်ခုဖြစ်လာပြီးပေါ့"
ရွာအနက်ပိုင်းထဲမှာ လီဖူချန်းက ပြုံးလိုက်တယ်။
"ဓားပင်လယ်မိုးကုတ်စက်ဝိုင်းနဲ့မူလဘူတဓား။ တစ်ခုက ခံစစ်၊ တစ်ခုက တိုက်စစ်။ သူတို့က အဆုံးစွန်းနှစ်ခုကို ကိုယ်စားပြုပေမယ့် တတိယအကွက်ဓားချီမူလပြန်သွားခြင်းနဲ့ယှဉ်ရင် နည်းနည်းနိမ့်ကျတယ်"
ခံစစ်အရ ဓားချီမူလပြန်သွားခြင်းက ဓားပင်လယ်မိုးကုတ်စက်ဝိုင်းလောက် မကောင်းဘူး။ သန့်စင်တဲ့တိုက်စစ်အရ ၎င်းက မူလဘူတဓားကို မကျော်ဖြတ်နိုင်ဘူး၊ ဒါပေမယ့် ဓားချီမူလပြန်သွားခြင်းက ဆန်းကြယ်ပြီး နက်နဲတယ်။
အချိန်တိုင်းမှာ မင်းရဲ့စွမ်းအားက ဘယ်လောက်ပဲအားကောင်းနေပါစေ၊ မင်းက ရန်သူကို အရင်ရိုက်နှက်ရပါမယ်။ မင်းက ကျင့်ကြံခြင်းနယ်ပယ်ပိုမြင့်တဲ့တစ်ယောက်ယောက်နဲ့ရင်ဆိုင်ရရင် ဓားပင်လယ်မိုးကုတ်စက်ဝိုင်းနဲ့မူလဘူတဓားက အသုံးမဝင်ပေမယ့် ဓားချီမူလပြန်သွားခြင်းက တိုက်ခိုက်နိုင်ပါသေးတယ်။
ဒါပေမယ့် ကြိုတင်သိထားရမှာကတော့ ကျင့်ကြံခြင်းနယ်ပယ်က မမြင့်မားလွန်းရင် နတ်ဘုရားအတတ်က အသုံးဝင်လိမ့်မှာမဟုတ်ဘူး။
ဓားချီမူလပြန်သွားခြင်းကို နတ်ဘုရားအတတ်တစ်ခုအဖြစ် ပြောင်းလဲတဲ့အခက်အခဲက လီဖူချန်းထင်ထားတာထက် ဆယ်ဆပိုခက်ခဲတယ်။
ပြီးတော့ ဒါက လီဖူချန်းရဲ့ဓားတာအိုအဆင့်က အဆက်မပြတ်ကြီးထွားနေတဲ့အချိန်ဖြစ်တယ်။
လီဖူချန်းက နတ်ဘုရားကမ္ဘာကို စရောက်ရှိချိန်က သူ့ရဲ့ဓားတာအိုအဆင့်က အဆင့်နိမ့်နတ်ဘုရားရဲ့အထွတ်အထိပ်အခြေအနေမှာ ရှိနေပါပြီ။ လက်ရှိမှာ သူ့ရဲ့ဓားတာအိုအဆင့်က အလယ်အခြေအနေဒါမှမဟုတ်နှောင်းပိုင်းအခြေအနေအလယ်နတ်ဘုရားမှာ ရှိမယ်လို့ လီဖူချန်းက ယူဆထားတယ်။
အခြားစကားဖြင့်ဆိုရရင် လီဖူချန်းက အလယ်ဆင့်နတ်ဘုရားတစ်ယောက်အနေနဲ့ အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးနေတာပဲ။ မမြန်မှသာ ထူးဆန်းနေပေလိမ့်မယ်။
ဒါပေမယ့် လက်ရှိမှာ သူ့အနေနဲ့ ဓားချီမူလပြန်သွားခြင်းကို နတ်ဘုရားအတတ်တစ်ခုအဖြစ် ပြောင်းလဲခြင်းက ခက်ခဲတယ်။ ဓားချီမူလပြန်သွားခြင်းက နတ်ဘုရားအတတ်တစ်ခုဖြစ်သွားတာနဲ့ အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုဖြစ်လိမ့်မယ်လို့ လီဖူချန်းက ယူဆထားတယ်။
သူမှာ အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုရှိရင် သာမန်အလယ်ဆင့်နတ်ဘုရားတွေနဲ့တိုက်ခိုက်ဖို့ ပိုယုံကြည်မှုရှိလာလိမ့်မယ်။
မျက်စိတစ်မှိတ်အတွင်း တစ်လက ကုန်ဆုံးသွားတယ်။
"နတ်ဘုရားစွမ်းအားအညွှန်းကိန်းက နည်းနည်းတိုးလာပြီးပဲ"
ကျောက်ဖေးအာက သီးခြားကျင့်ကြံရာမှ ထလာတယ်။
သူမရဲ့နတ်ဘုရားစွမ်းအအညွှန်းကိန်းကို တစ်လအတွင်း တစ်မှတ်တိုးနိုင်တာက အလွန်မြန်ဆန်တဲ့အရှိန်တစ်ခုပဲ။ ဒီအတိုင်းသာဆက်သွားရင် သူမက တစ်နှစ်မှာ ဆယ့်နှစ်မှတ်၊ ဆယ်နှစ်မှာ အမှတ်တစ်ရာ့နှစ်ဆယ်တိုးလာလိမ့်မယ်။
ဒါပေမယ့် ဒါက မဖြစ်နိုင်ဘူးဆိုတာ ကျောက်ဖေးအာက သိတယ်။
နတ်ဘုရားစွမ်းအားအညွှန်းကိန်းပိုမြင့်လာလေလေ၊ အမှတ်တိုးဖို့ ပိုခက်ခဲလာလေပဲ။ နတ်ဘုရားအဆင့်ဆေးတွေရဲ့အကူအညီနဲ့ဆိုရင် သူမရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက နှစ်တစ်ရာမှာ တစ်ရာ့နှစ်ဆယ်မှတ်အထိ တိုးလာရင်ပင် ဂုဏ်ပြုဖို့ထိုက်တန်တယ်။
နောက်ထပ်တစ်လကုန်ဆုံးသွားတယ်၊ ကျောက်ဖေးအာရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက နောက်ထပ်တစ်မှတ်တိုးလာတယ်။
Huff!
ဟူး.......
ဒီနေ့မှာ ကြမ်းတမ်းတဲ့လေပြင်းမုန်တိုင်းတစ်ခုက ကောင်းကင်မှာ ဖြစ်ပေါ်လာတယ်။ ထို့နောက် မိုးကြိုးတွေ၊လျှပ်စီးတွေ ဖြစ်ပေါ်လာတယ်။
ကြောက်စရာကောင်းတဲ့ကောင်းကင်နဲ့မြေကြီးစွမ်းအားက ဆင်းသက်လာပြီး လီဖူချန်းရဲ့သီးခြားကျင့်ကြံတဲ့နေရာကို ဝန်းရံသွားတယ်။
ဒီကောင်းကင်နဲ့မြေကြီးစွမ်းအားက ကြောက်စရာကောင်းလွန်းတယ်။ ကျောက်ဖေးအာက သူမရဲ့မျက်လုံးတွေကို မှိတ်လိုက်တဲ့အခါ ဓားတစ်လက်က နေရာလပ်အချိန်ကို ထိုးဖောက်သွားတာကို သူမက မြင်နိုင်သလို ခံစားမိတယ်။
"ဒါ ဘာနတ်ဘုရားအတတ်လဲ"
လီဖူချန်းက တတိယမြောက်နတ်ဘုရားအတတ်ကို ဖန်တီးခဲ့တာကို ကျောက်ဖေးအာက ဘယ်လိုလုပ်ပြီး နားမလည်နိုင်ရမှာလဲ။
ဒါပေမယ့် ဒီနတ်ဘုရားအတတ်က ကွဲပြားပုံပေါ်တယ်။ ဆင်းသက်လာတဲ့နတ်ဘုရားကမ္ဘာဥပဒေသက ကြောက်စရာကောင်းတယ်။
"ဒါ အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုများလား"
ကျောက်ဖေးအာရဲ့စိတ်က အတွေးတစ်ခုလက်သွားပြီး သူမက အဲဒါကို မဖယ်ရှားနိုင်ခဲ့ဘူး။
ဖောက် ဖောက် ဖောက်.......
သူက အဆုံးမဲ့ပူဖောင်းတွေပေါက်ကွဲထွက်နေတာကို ကြားနေရသလို လီဖူချန်းက ခံစားမိတယ်။
ဒါက ဓားချီမူလပြန်သွားခြင်းရဲ့ဓားဆန္ဒအသံဖြစ်ပြီး အားကောင်းလွန်းတာကြောင့် နေရာလပ်အချိန်ကိုတောင် သက်ရောက်ခဲ့တာပဲ။
"ထင်ထားတဲ့အတိုင်းပဲ၊ နတ်ဘုရားအတတ်တစ်ခုအဖြစ် ပြောင်းလဲပြီးနောက် ဓားချီမူလပြန်သွားခြင်းက အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုဖြစ်လာတာပဲ"
လီဖူချန်းက ပြင်ဆင်ခဲ့ပေမယ့် သူက အတော်လေးအံ့အားသင့်နေတုန်းပါပဲ။
အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုက အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုထက် အဆတစ်ရာပိုသန်မာတယ်။
အသန်မာဆုံးအဆင့်နိမ့်နတ်ဘုရားအတတ်က အားအနည်းဆုံးအလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုရဲ့တိုက်ခိုက်မှုတစ်ခုကိုတောင် ရင်ဆိုင်နိုင်မှာမဟုတ်ဘူး။
"ဒါပေမယ့် ဓားချီမူလပြန်သွားခြင်းက သာမန်အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုပဲဆိုတာ ငါ ခံစားနိုင်တယ်။ လက်ရွေးစင်အဆင့်နိမ့်နတ်ဘုရားအတတ်တွေဖြစ်တဲ့ဓားပင်လယ်မိုးကုတ်စက်ဝိုင်းနဲ့မူလပြန်သွားဓားပြောင်းလဲခြင်းတို့လိုမဟုတ်ဘူး"
အဆင့်တူတဲ့နတ်ဘုရားအတတ်တွေအကြားမှာ ကြီးမားတဲ့ကွဲပြားချက်တစ်ခုရှိတယ်။ သာမန်အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုက အားကောင်းတဲ့အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုနဲ့ ရင်ဆိုင်ရရင် သာမန်အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုက ဖိနှိပ်ခံရမယ်ဆိုတာ မလွှဲဧကန်ပါပဲ။
"ငါ ဒါကို အနာဂတ်မှာ ဖြည်းဖြည်းချင်းပြည့်စုံအောင်လုပ်နိုင်တယ်။ အလျင်လိုစရာမလိုဘူး"
နတ်ဘုရားအတတ်တွေကိုလဲ တိုးမြင့်နိုင်တယ်၊ ပြည့်စုံစေနိုင်တယ်။
အဆင့်နိမ့်နတ်ဘုရားအတတ်တွေကို အလယ်ဆင့်နတ်ဘုရားအတတ်တွေအဖြစ် တိုးမြင့်နိုင်ပေမယ့် အလယ်ဆင့်နတ်ဘုရားအတတ်တွေကို အဆင့်မြင့်နတ်ဘုရားအတတ်တွေအဖြစ် တိုးမြင့်နိုင်တယ်။
"လီဖူချန်း၊ ရှင် အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခဲ့တာလား" အဝေးမှ ကျောက်ဖေးအာက ပျံသန်းလာပြီး သိချင်စိတ်အပြည့်နဲ့ မေးလိုက်တယ်။
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်"အဲလိုပြောလို့ရပါတယ်"
ကျောက်ဖေးအာရဲ့နှလုံးသားက တစ်ခဏရပ်သွားတယ်၊ သူမက အသက်ကို နက်ရှိုင်းစွာ ရှုသွင်းရင်း ပြောလိုက်တယ်"ငါတို့လိုသာမန်နတ်ဘုရားတွေက နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့ပေမယ့် ရှင်တို့လိုပါရမီရှင်တွေရဲ့ရက်အနည်းငယ်ကျင့်ကြံတာကိုတောင် မယှဉ်နိုင်ဘူးပဲ"
လီဖူချန်းက ရယ်ကာ ပြောလိုက်တယ်"မြေရိုင်းမြို့မှာ အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခဲ့တဲ့သူရှိလား"
"နတ်ဘုရားအတတ်ကို ဖန်တီးရတာ ဘယ်လောက်ခက်ခဲသလဲကို ရှင် မသိပါဘူး။ ပုံမှန်အနေအထားမှာ အဆင့်နိမ့်နတ်ဘုရားတစ်သောင်းလောက်ကပဲ အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးနိုင်တယ်။ ဒီလိုပဲ အလယ်ဆင့်နတ်ဘုရားတစ်သောင်းလောက်ကပဲ အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးနိုင်တယ်။ ဒါပေမယ့် အလယ်ဆင့်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတစ်ခုကို ရရှိပြီး အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုကို သင်ယူဖို့ ဖြစ်နိုင်တယ်"
အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခြင်းနဲ့ အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုကို သင်ယူရတာက မတူညီတဲ့အရာတွေပါပဲ။
အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုကို သင်ယူတဲ့အခါ နတ်ဘုရားကမ္ဘာရဲ့ဥပဒေသတွေက အသိအမှတ်ပြုမှာမဟုတ်ဘူး၊ နတ်ဘုရားကမ္ဘာရဲ့ဥပဒေသတွေက အားပေးမှာမဟုတ်ဘူး။ ဖော်ထုတ်နိုင်တဲ့စွမ်းအားက အလွန်ကန့်သတ်ထားတယ်။
ဒါပေမယ့် ဒါက အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုထက် သေချာပေါက် ပိုသန်မာတယ်။ ဒါနဲ့ပတ်သက်ပြီး သံသယရှိစရာမလိုပါဘူး။
""အလယ်ဆင့်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတစ်ခုက အရမ်းဈေးကြီးတယ်လို့ ဆိုလိုတာလား" လီဖူချန်းက မေးလိုက်တယ်။
ကျောက်ဖေးအာက ခေါင်းညိတ်လိုက်တယ်"အရမ်းဈေးကြီးတယ်။ အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်သိန်းအနည်းဆုံးထိုက်တန်ပြီး ၎င်းအတွက် ဈေးကွက်ဆိုတာ မရှိဘူး"
"ကြည့်ရတာ ငါ ချမ်းသာလာတော့မှာပဲ" လီဖူချန်းက မေးငေါ့လိုက်တယ်။
အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်သိန်းက လက်ရှိလီဖူချန်းအတွက် ကြီးမားတဲ့ပမာဏတစ်ခုပဲ။
"နင့်မှာ နတ်ဘုရားကျောက်တုံးတွေ မကင်းမဲ့ရင် အဲဒါကို မရောင်းဖို့ ငါ အကြံပေးတယ်။ ဒါမှမဟုတ်ရင် အခြားသူတွေက ရှင့်နတ်ဘုရားအတတ်ရဲ့ထူးခြားချက်ကို အလွယ်တကူရှာတွေ့သွးလိမ့်မယ်" ကျောက်ဖေးအာက သတိပေးလိုက်တယ်။
"ငါ စကားအဖြစ်ပြောတာပါ"
နောက်ပိုင်းမှာ မူလအဆုံးစွန်းဓားရဲ့စတုတ္ထမြောက်ဓားကွက်ဖြစ်တဲ့မူလပြန်သွားဓားပြောင်းလဲခြင်းကို နတ်ဘုရားအတတ်တစ်ခုအဖြစ် ဆက်လက်မပြောင်းလဲခဲ့ပါဘူး။
သူ့ရဲ့လက်ရှိဓားတာအိုကျွမ်းကျင်မှုက အတော်လေးနိမ့်နေသေးတယ်။ သူက ဓားချီမူလပြန်သွားခြင်းကို နတ်ဘုရားအတတ်သို့ ပြောင်းလဲနိုင်ခဲ့တဲ့အကြောင်းရင်းကတော့ သူ့ရဲ့ကျွမ်းကျင်မှုနဲ့ထိုးထွင်းသိမြင်မှုက လုံလောက်နေလို့ပဲ၊ ဒါကြောင့် သူက အောင်မြင်နိုင်ခဲ့တယ်။
သူက မူလပြန်သွားဓားပြောင်းလဲခြင်းကို ပြောင်းလဲချင်ရင် သူ့ရဲ့ကျွမ်းကျင်မှုက မလုံလောက်မှန်း သိသာတယ်၊ ထိုးထွင်းသိမြင်မှုအပေါ်ပဲ မှီခိုဖို့ မလုံလောက်ပါဘူး။
"မင်းက ဒီနေရာမှာ ပုန်းနေတာကိုး"
အဆုံးမဲ့စွမ်းပကားတစ်ခုက ဆင်းသက်လာပြီး တစ်ရွာလုံးကို လွှမ်းခြုံသွားတယ်။
"အလယ်ဆင့်နတ်ဘုရားမက်ဖက်လား" ကျောက်ဖေးအာရဲ့အမူအရာက ပြောင်းသွားတယ်။
ဒီလူက ခန့်ညားတဲ့မျက်နှာနဲ့ငွေရောင်တိုက်ခိုက်ရေးချပ်ဝတ်ကို ဝတ်ဆင်ထားတယ်။ သူ့ခန္ဓာကိုယ်က အလွန်အမင်းအားကောင်းတဲ့နတ်ဘုရားစွမ်းအားလှိုင်းတစ်ခုကို ထုတ်လွှတ်နေတယ်။ ဒီလူရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက အနည်းဆုံးနှစ်ရာအထက်ရှိမယ်လို့ ကျောက်ဖေးအာက ယူဆထားတယ်။
"အလယ်ဆင့်နတ်ဘုရားတစ်ယောက်နဲ့ရင်ဆိုင်ရတဲ့အခါ ငါ့ရဲ့နတ်ဘုရားစွမ်းအးအညွှန်းကိန်းက တကယ်ကို အားနည်းချက်ပဲ" လီဖူချန်းက ကောင်းကင်သို့ ပျံဝဲတက်ကာ မက်ဖက်နဲ့ ရင်ဆိုင်လိုက်တယ်။
သူ့ရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက မနိမ့်ကျပါဘူး၊ တစ်ထောင်ကျော်ရှိတယ်။ ဒါပေမယ့် မက်ဖက်နဲ့နှိုင်းယှဉ်ရင် အများကြီးနိမ့်ကျနေပါသေးတယ်။
ဒါပေမယ့်လဲ ဒီတိုက်ပွဲက ရှောင်ရှားလို့မရပါဘူးလေ။
"မင်းက အန်တိုနီ၊ ယိုလဲ့နဲ့ အခြားသူတွေကို သတ်နိုင်တာ အံ့ဩစရာမရှိဘူးပဲ။ မင်းက တကယ်ကို အလယ်ဆင့်နတ်ဘုရားတစ်ယောက်ပဲ" မက်ဖက်က သူမရဲ့မျက်လုံးတွေ ဝေ့ကြည့်လိုက်တယ်။
လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက တစ်ရာကျော်မှန်းသိသာတယ်။
အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက တစ်ရာကျော််ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
ဒါကြောင့် သူမရဲ့အမြင်အရ လီဖူချန်းက သေချာပေါက်အလယ်ဆင့်နတ်ဘုရားတစ်ယောက်ပဲ။
"ငါ ထင်တာ မမှားရင် မင်း ချိုးဖြတ်ခဲ့တာ မကြာသေးပုံပဲ။ မင်း ငါ့ကို ဆန့်ကျင်ခဲ့မိတာ သနားစရာပဲ" လီဖူချန်းက အလယ်ဆင့်နတ်ဘုရားတစ်ယောက်ဆိုတာ သိပြီးနောက် မက်ဖက်ရဲ့သတ်ဖြတ်ခြင်းဆန္ဒက ဆယ်ဆပိုသန်မာလာတယ်။
"တိုက်ကြစို့"
လီဖူချန်းက မငြင်းပါဘူး။ ကွဲပြားချက်အချို့တလေက လွဲပြီး သူက အလယ်ဆင့်နတ်ဘုရားတစ်ယောက်နဲ့ မခြားပါဘူးလေ။
"သေစမ်း၊ ကြေကွဲငွေရောင်ဖုန်မှုန့်"
မက်ဖက်က အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုကို ချက်ချင်းထုတ်ဖော်လိုက်တယ်။
ဒီအဆင့်နိမ့်နတ်ဘုရားအတတ်က မက်ဖက်ရဲ့ဂုဏ်ယူအရဆုံးနတ်ဘုရားအတတ်ဖြစ်တယ်။ ၎င်းကို ထုတ်ဖော်လိုက်တဲ့အခါ ကောင်းကင်က ကြေကွဲနေတဲ့ငွေရောင်အစအနတွေနဲ့ ပြည့်သွားတယ်။ ၎င်းကို ကြည့်ရတာ အိမ်မက်ဆန်နေသလိုပဲ၊ သတ်ဖြတ်ခြင်းဆန္ဒအပြည့်ဖြစ်နေတယ်။
"အချိန်ကျပြီ"
ဓားပင်လယ်မိုးကုတ်စက်ဝိုင်းကို ထုတ်ဖော်လိုက်တယ်၊ ပိုင်နက်စွမ်းအားက လီဖူချန်းကို ဝန်းရံလာတယ်။
အုန်း အုန်း အုန်း........
ငွေရောင်အစအနတွေက လီဖူချန်းရဲ့ပိုင်နက်စွမ်းအားနဲ့ ထိတွေ့တဲ့အခါ ဆက်လက်ပေါက်ကွဲထွက်လာတယ်။ ဒါပေမယ့် မကြာမီမှာပဲ အဝတ်စုတ်ပြဲသံထွက်လာတယ်။ လီဖူချန်းရဲ့ဓားပင်လယ်မိုးကုတ်စက်ဝိုင်းကို ချိုးဖြတ်သွားပြီး ငွေရောင်အစအနတွေက လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ပြန့်ကျဲသွားတယ်။