ထွက်ပြေးခြင်း
Vol. 78 Ch. 1094
ဒီနတ်ဘုရားအစအနတွေက နတ်ဘုရားစွမ်းအားကို အရမ်းဖိနှိပ်မှန်း သိသာတယ်။ ၎င်း ထိတွေ့တာ ဘာပဲဖြစ်ဖြစ်၊ ပြင်းထန်စွာ ပေါက်ကွဲထွက်လိမ့်မယ်။ လီဖူချန်းရဲ့ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက အချိန်ကြာကြီးမခံဘဲ ပျက်ဆီးသွားခဲ့တယ်။ အခြားတစ်ယောက်ယောက်သာဆိုရင် သူတို့က ငွေရောင်အစအနပေါက်ကွဲမှုကြောင့် အသက်ရှင်နိုင်လိမ့်မှာမဟုတ်ဘူး၊ မုန့်မုန့်ညက်ကြေသွားလိမ့်မယ်။
ဒါပေမယ့် လီဖူချန်းက ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်ရှိသေးတယ်။
ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်က အရမ်းထူးခြားတယ်။ ငွေရောင်အစအနတွေရဲ့ပေါက်ကွဲမှုစွမ်းအားက အလွန်အားကောင်းပေမယ့် ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်နဲ့ ရင်ဆိုင်ရတဲ့အခါ အသံတိတ်သွားတဲ့မီးပမာ ဖြစ်သွားပေလိမ့်မယ်။ စွမ်းအားက အဆတစ်ရာကျော် လျော့ကျသွားပြီး လီဖူချန်းကို လုံးဝဒဏ်ရာမရစေနိုင်ခဲ့ဘူး။
"ထင်ထားသလိုပဲ၊ ငါ့ရဲ့ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်က နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်တစ်ခုမဟုတ်ဘူး၊ အဲဒါထက် မြင့်တယ်"
လီဖူချန်းက သဘောပေါက်သွားတယ်။
မသေမျိုးမီးလျှံနတ်ဘုရားခန္ဓာကိုယ်နဲ့ နှိုင်းယှဉ်ရင် သူ့ရဲ့ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်က ပိုသန်မာမှန်း သိသာတယ်။
မသေမျိုးဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်က အဓိကအားဖြင့် မသေနိုင်ဘူး ဒါပေမယ့် ၎င်းရဲ့ခံစစ်က အတော်လေးအားနည်းနေသေးတယ်။
တိုက်ခိုက်မှုအားလုံးကို ဖျက်ဆီးနိုင်တာအပြင် သူ့ရဲ့ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်မှာလဲ အလွန်အမင်းမာကျောတဲ့ခုခံမှုရှိတယ်။
စွမ်းအားအဆတစ်ရာကျော်လျော့ကျလာတဲ့ငွေရောင်အစအနတွေက ပေါက်ကွဲသွားတယ်။ လီဖူချန်းအတွက် သူ့ခန္ဓာကိုယ်ပေါ်မှာ ဗျောက်အိုးတွေချိတ်ထားတာနဲ့ မကွာပါဘူး။ ၎င်းက နာကျင်နိုင်ပေမယ့် အန္တရာယ်မရှိပါဘူး။
"ပိုင်နက်နတ်ဘုရားအတတ်လား။ နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်လား"
မက်ဖယ်က မျက်မှောင်ကြုတ်လိုက်တယ်။ နတ်ဘုရားအတတ်နှစ်ခုက အတူတကွဆင့်ပုံသွားရင် ကြေကွဲငွေရောင်ဖုန်မှုန့်ကို ပျက်ပြယ်စေနိုင်လိမ့်မယ်။
"မင်းရဲ့နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်ကို ထိုးဖောက်တာကို စောင့်ကြည့်ပါ၊ အိမ်မက်သတ်ဖြတ်သူဆန္ဒ......."
မက်ဖက်က အော်လိုက်တာကြောင့် ပုံရိပ်ယောင်ငွေရောင်လှံတံတစ်ခုက သူ့ရဲ့ဦးခေါင်းအထက်မှာ သိပ်သည်းသွားတယ်။ နောက်အခိုက်အတန့်မှာ ငွေရောင်လှံတံက အလင်းဖုန်မှုန့်အဖြစ် ပြောင်းသွားပြီး ၎င်း ပြန်ထွက်ပေါ်လာတဲ့အခါ လှံထိပ်က လီဖူချန်းရဲ့ခန္ဓာကိုယ်နဲ့ ထိတွေ့သွားပြီး ထိုးဖောက်တော့မတတ်ပါပဲ။
အုန်း.......
ငွေရောင်လှံတံက ပေါက်ကွဲသွားပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်က တုန်ခါသွားတယ်။
"မဖြစ်နိုင်ဘူး"
မက်ဖယ်ရဲ့အမူအရာက မကျေမနပ်ဖြစ်နေတယ်။
သူ့ရဲ့ဒီနတ်ဘုရားအတတ်က အစစ်အမှန်နဲ့အတုအယောင်အကြား ခွဲခြားဖို့ ခက်ခဲတယ်။ အကျိုးသင့်အကြောင်းသင့်ပြောရရင် မခုခံနိုင်သင့်ဘူး။
"မယုံနိုင်စရာပဲ။ ငါ့ရဲ့တစ်ကွက်ကို လက်ခံစမ်း" လီဖူချန်းက တိုက်ခိုက်မှုတွေကို ဆက်လက်မခံနိုင်တော့ဘူး။ သူက ကောင်းကင်ဘုံအသူတရာချောက်နက်ဓားကို ဝှေ့ယမ်းကာ မက်ဖယ်ကို ထိုးဖောက်လိုက်တယ်။
ချွမ်း.......
ကြည်လင်တဲ့ဓားပဲ့တင်သံတစ်ခု ထွက်လာတယ်။ ဓားအရိပ်တစ်သောင်းက အလင်းကို ထုတ်လွှတ်နေပြီး ပြင်းထန်တဲ့မုန်တိုင်းတစ်ခုပမာ မက်ဖက်ကို ဝါးမျိုသွားတယ်။
ဒီလိုတိုက်ခိုက်မှုတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အခါ မက်ဖက်က သတိမမဲ့ရဲဘူး၊ တန်ပြန်တိုက်ခိုက်ဖို့ ဆန္ဒမရှိဘူး။ သူက သူ့ရဲ့တတိယမြောက်နတ်ဘုရားအတတ်ဖြစ်တဲ့အကာအကွယ်နတ်ဘုရားအတတ်တစ်ခုကို ဖော်ထုတ်ခဲ့တယ်။
ချွမ်း ချွမ်း ချွမ်း ချွမ်း ချွမ်း ချွမ်း......
ပုံရိပ်ယောင်အလင်းတံခါးတစ်ချပ်က မက်ဖက်ခန္ဓာကိုယ်ရဲ့အပြင်ဘက်မှာ ထွက်ပေါ်လာတယ်။ ဓားအရိပ်တစ်ထောင်က အလင်းတံခါးကို ခုတ်ပိုင်းလိုက်ရာ မီးပွားမရေမတွက်များစွာ ပျံသန်းထွက်လာတယ်။
အဆင့်နိမ့်အကာအကွယ်နတ်ဘုရားအတတ်-အလင်းတံခါး။
"ဒါ နတ်ဘုရားတွေအကြားတိုက်ပွဲလား" အဝေးမှ ကြည့်နေတဲ့ကျောက်ဖေးအာက မှင်တက်သွားတယ်။
သာမန်လူတွေရဲ့မျက်လုံးထဲမှာ ခက်ခဲ့တဲ့ နတ်ဘုရားအတတ်တွေကို မက်ဖက်က အလွယ်တကူဖမ်းဆုပ်ခဲ့တာပဲ။ သူ နတ်ဘုရားအတတ်တွေ ဘယ်လောက်တောင် ကျွမ်းကျင်သလဲကို မသိဘူး။
ဒီနတ်ဘုရားအတတ်တွေအားလုံးက အဆင့်နိမ့်နတ်ဘုရားအတတ်တွေဆိုပေမယ့်ပေါ့။
နှိုင်းယှဉ်ရရင် လီဖူချန်းက ဒီတိုက်ပွဲမှာ အနည်းငယ်ပိုအားနည်းပေမယ့် သူက ဒဏ်ရာလုံးဝမရရှိခဲ့ဘူး။
လီဖူချန်းရဲ့မူလဘူတဓားက ဘယ်လောက်ပဲ ကြမ်းတမ်းနေပါစေ၊ အလင်းတံခါးက ထိုနေရာမှာ ရှိနေတုန်းပဲ။ ဒါက နတ်ဘုရားအတတ်တွေအကြားခြားနားချက်တစ်ခုမဟုတ်ဘူး၊ နတ်ဘုရားစွမ်းအားခြားနားချက်တစ်ခုဖြစ်တယ်။
"မင်းက ငါ့ကို နတ်ဘုရားစွမ်းအားအညွှန်းကိန်းတစ်ထောင်ကျော်လောက်နဲ့ တကယ်ဖိနှိပ်နိုင်တာပဲ" မက်ဖက်ရဲ့အမူအရာက ပြောင်းလဲသွားတယ်။ လီဖူချန်းရဲ့နတ်ဘုရားအတတ်က ကြမ်းတမ်းလွန်းတယ်။ မြေရိုင်းမြို့မှာ ဒီနတ်ဘုရားအတတ်ထက် ပိုကြမ်းတမ်းတဲ့အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုကို သူ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး။ မဟုတ်ဘူး၊ မြေရိုင်းမြို့အပြင်ဘက်မှာတောင် ဒီလိုကြမ်းတမ်းတဲ့အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုကို သူ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး။ အခြားသူတွေ အလယ်ဆင့်နတ်ဘုရားအတတ်ကို ထုတ်ဖော်တာကို မမြင်ခဲ့ဖူးရင် လီဖူချန်းက အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုကို ထုတ်ဖော်နေတယ်လို့ သူ သံသယဖြစ်မိလိမ့်မယ်။
မူလဘူတဓားက ဘယ်လောက်ပဲ ကြမ်းတမ်းနေပါစေ၊ ဓားစွမ်းပကားကုန်ဆုံးမယ့် အချိန်တစ်ခု ရှိလာမှာပဲ။
မက်ဖက်က ဒီအခိုက်အတန့်ကို စောင့်နေတယ်။ "အိမ်မက်သတ်ဖြတ်သူ-အတိုင်းအဆမဲ့"
မက်ဖက်မှာ သူ့ရဲ့ကိုယ်ပိုင်ရည်မှန်းချက်ရှိတယ်။ သူက အိမ်မက်သတ်ဖြတ်သူကို အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုမဖြစ် အဆင့်မြှင့်တင်ဖို့ အမြဲတောင့်တနေခဲ့တယ်။ သူ အောင်မြင်သွားတာနဲ့ မြို့အရှင်ချမ်ရှစ်ကလွဲပြီး မြေရိုင်းမြို့ရှိတစ်ယောက်မှ သူ့အတွက် ပြိုင်ဘက်မဟုတ်တော့ဘူး။
မြို့အရှင်ချမ်ရှစ်ကတောင် အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုကို ပိုင်ဆိုင်တဲ့မက်ဖက်ကို ဖိနှိပ်ဖို့ ပြင်ပအားတစ်ခုကို မှီခိုရလိမ့်မယ်။
ဒါပေမယ့် ကြိုတင်သိထားရမှာကတော့ မက်ဖက်က အောင်မြင်ဖို့ လိုတယ်ဆိုတာပဲ။
ထွန်းထောက်ဖြာထွက်အလင်းတစ်ခုပေါက်ကွဲထွက်လာပြီး ပုံရိပ်ယောင်ငွေရောင်လှံတံက လီဖူချန်းရဲ့နတ်ဘုရားခန္ဓာကိုယ်ကို ထိုးဖောက်သွားတယ်။
အရင်ကနဲ့မတူဘဲ ဒီတစ်ခါမှာတော့ ငွေရောင်လှံတံက ပေါက်ကွဲသွားပေမယ့် လုံးဝပျောက်ကွယ်သွားတာတော့မဟုတ်ဘူး။ အဲအစား ၎င်းက ထပ်မံသိပ်သည်းလာတယ်။
ထပ်ပြီးတော့၊ ထပ်ပြီးတော့၊ အချိန်တိုအတွင်းမှာ ငွေရောင်လှံက လီဖူချန်းကို အကြိမ်ဒါဇင်ပေါင်းများစွာ တိုက်ခိုက်ခဲ့တယ်။ ဖျက်ဆီးခြင်းနတ်ဘုရားအတတ်နဲ့ဆိုရင်တောင် လီဖူချန်းက အနည်းငယ်ဒုက္ခခံစားရနေတုန်းပဲ။
"သူက အလယ်ဆင့်နတ်ဘုရားတစ်ယောက်ဆိုတာ အံ့ဩစရာမရှိဘူးပဲ။ ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်သာမရှိရင် ငါ အကြိမ်မရေမတွက်များစွာ သေသွားလောက်ပြီ။ ငါ ဒီဓားကွက်ကို ထုတ်ဖော်ရတော့မှာပေါ့လေ"
လီဖူချန်းက ဓားချီမူလပြန်သွားခြင်းနတ်ဘုရားအတတ်ကို ထုတ်ဖော်ခဲ့တယ်။
ဓားကွက်ကို ထုတ်ဖော်လိုက်တာနဲ့ လေနဲ့တိမ်က အရောင်ပြောင်းလာတယ်။ ထက်ရှတဲ့စွမ်းပကားတစ်ခုက မက်ဖက်ကို ပိတ်ထားလိုက်တယ်။
"မကောင်းတော့ဘူး"
မသိစိတ်အရ မက်ဖက်က အလင်းတံခါးနတ်ဘုရားအတတ်ကို ထုတ်ဖော်လိုက်တယ်။
ဝှစ်......
သာမန်ဓားအရိပ်တစ်ခုက ဘယ်နေရာကမှန်းမသိ ထွက်လာတယ်။ ဓားက အလင်းတံခါးကို ထိုးဖောက်ပြီး မက်ဖက်ရဲ့နတ်ဘုရားခန္ဓာကိုယ်ကိုလဲ ထိုးဖောက်ခဲ့တယ်။
"မဖြစ်နိုင်ဘူး၊ ဒါ အလယ်ဆင့်နတ်ဘုရားအတတ်ပဲ"
မက်ဖက်က ဆောက်တည်မရအော်လိုက်တယ်။
လီဖူချန်းရဲ့အမူအရာက မပြောင်းလဲပါဘူး၊ သူက မက်ဖက်ကို ထပ်မံတိုက်ခိုက်လိုက်တယ်။
"ပြေးတော့"
မက်ဖက်ရ သူ့ရဲ့စတုတ္ထမြောက်နတ်ဘုရားအတတ်၊နောက်ဆုံးနတ်ဘုရားအတတ်လဲဖြစ်တဲ့အလင်းတည်နေရာရွှေ့ပြောင်းခြင်းကို ထုတ်ဖော်လိုက်တယ်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက အဆုံးမဲ့အလင်းစက်တွေအဖြစ် ပြောင်းကာ ပျောက်ကွယ်သွားတယ်။
ဝှစ်......
ဓားအရိပ်က အလင်းစက်တွေကို ဖြတ်သွားတယ်၊ မက်ဖက်ရဲ့မသဲမကွဲညည်းသံကို ကြားလိုက်ရတယ်။
လီဖူချန်းက မလိုက်ပါဘူး။ အလယ်ဆင့်နတ်ဘုရားတစ်ယောက်ကို အနိုင်ယူဖို့က လွယ်ကူပေမယ့် အလယ်ဆင့်နတ်ဘုရားတစ်ယောက်ကို သတ်ဖို့က ဆယ်ဆပိုခက်ခဲတယ်။
အဝေးမှ မက်ဖက်က ရှုံးနိမ့်ထွက်ပြေးသွားရတာကို မြင်တဲ့အခါ ကျောက်ဖေးအာက အလွန်ထိတ်လန့်တုန်လှုပ်သွားတယ်။
စွမ်းအားကြီးမြင့်တဲ့အလယ်ဆင့်နတ်ဘုရားတစ်ယောက်ကို အဆင့်နိမ့်နတ်ဘုရားတစ်ယောက်က အမှန်တကယ်ဖယ်ရှားနိုင်ခဲ့တာပဲ။ ဒီသတင်းသာ ပျံ့သွားရင် ဘယ်လိုတောင်ထိတ်လန့်တုန်လှုပ်စရာကောင်းလိမ့်မလဲ။
ဒါပေမယ့် လီဖူချန်းက အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးနိုင်ခဲ့တာကို စဉ်းစားမိလိုက်တော့ အလယ်ဆင့်နတ်ဘုရားတစ်ယောက်ကို အနိုင်ယူတာက မကြီးကျယ်တော့ပါဘူး။
တကယ်တော့ အလယ်ဆင့်နတ်ဘုရားတစ်ယောက်ကို အနိုင်ယူနိုင်တာနဲ့ ယှဉ်ရင် အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးတာက ပိုခက်ခဲတယ်လေ။
"မြေရိုင်းမြို့ရဲ့အလယ်ဆင့်နတ်ဘုရားကိုးယောက်ထဲမှာ ဒီမက်ဖက်က ဘယ်အဆင့်ရှိလဲ" လီဖူချန်းက ကျောက်ဖေးအာကို မေးလိုက်တယ်။
ကျောက်ဖေးအာက တုံ့ပြန်လိုက်တယ်"သူ့ထက်ပိုသန်မာတာ အနည်းဆုံးခြောက်ယောက်လောက်ရှိတယ်"
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်၊ ဘာမှတော့ မပြောခဲ့ပါဘူး။
…
အဝေးမိုင်ရာအနည်းငယ်မှာ အလင်းစက်တွေက မက်ဖက်ရဲ့ပုံရိပ်အဖြစ် စုစည်းသွားတယ်။
"တောက်"
မက်ဖက်က အတော်လေးမကျေမနပ်ဖြစ်နေတယ်။
လီဖူချန်းကို ရှုံးနိမ့်သွားရလိမ့်မယ်လို့ သူ ဘယ်တော့မှ မမျှော်လင့်ထားခဲ့ဘူး။
အခုဆိုရင် အန်တိုနီအတွက် လက်စားချေဖို့ မပြောနဲ့၊ ဒီဒုက္ခကို ဘယ်လိုဖြေရှင်းရမလဲကိုတောင် မစဉ်းစားတတ်တော့ဘူး။
လီဖူချန်းက ဒီကိစ္စကို ဒီအတိုင်းထားမယ်လို့တော့ သူ မထင်ဘူး။
ဒါ့ပြင် သူကလဲ ဒီအတိုင်း မထားချင်ပါဘူး။
"လုံခွင်း၊ မင်း သိပ်သည်းမြူခိုးရတနာရဲ့တည်နေရာကို အမြဲတမ်းသိချင်နေတာမလား။ ကောင်းပြီ၊ ငါ မင်းကို ပြောပြမယ်" မက်ဖက်ရဲ့မျက်နှာအမူအရာက အေးစက်သွားတော့တယ်။