← Chapters

အလယ်ဆင့်နတ်ဘုရားဖြစ်လာခြင်း

Vol. 78 Ch. 1095

အလယ်ဆင့်နတ်ဘုရားဖြစ်လာခြင်း

Vol. 78 Ch. 1095

မသိလိုက်မသိဘာသာနဲ့ လီဖူချန်း နတ်ဘုရားနယ်မြေကို ရောက်ရှ်ိလာတာ ငါးနှစ်ရှိပြီ။

"ငါ့ရဲ့နတ်ဘုရားစွမ်းအားတိုးလာမှုက ပိုနှေးကွေးလာတာပဲ"

လွန်ခဲ့တဲ့ငါးနှစ်အတွင်း လီဖူချန်းရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၁၂၀၀မှ၁၃၀၀အထိ တိုးလာတယ်။ သာမန်လူတစ်‌ယောက်ရဲ့မျက်လုံးထဲမှာ ဒီအရှိန်က လုံးဝထိတ်လန့်တုန်လှုပ်စရာပဲ။

ဒါပေမယ့် ဒီအရှိန်က နှေးလွန်းတယ်ဆိုတာ လီဖူချန်းကပဲ ရှင်းရှင်းလင်းလင်းသိတယ်။

သူ့ရဲ့တိုးတက်မှုနှေးကွေးတဲ့အကြောင်းရင်းကတော့ သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက မြင့်မားလွန်းလို့ပဲလို့ လီဖူချန်းက ယူဆခဲ့တယ်။

တကယ်တော့ သူက အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းနဲ့ပတ်သက်ပြီး အကန့်အသတ်တစ်ခု ရှိပါသေးတယ်။

သူက သူ့ရဲ့နတ်ဘုရားစွမ်းအားကို လျင်မြင်စွာ တိုးချင်ရင် နည်းလမ်းတစ်ခုပဲ ရှိတယ်၊ အလယ်ဆင့်နတ်ဘုရားနယ်ပယ်ကို တိုးမြှင့်ဖို့ပါပဲ။

"မကြာမီမှာ ငါ့ရဲ့နတ်ဘုရားလိပ်ပြာနဲ့နတ်ဘုရားစွမ်းအားက ပေါင်းစပ်ခြင်းအခြေအနေနဲ့ ပိုနီးကပ်လာနေတယ်လို့ ခံစားမိတယ်"

နတ်ဘုရားတွေရဲ့အဆင့်ခြားနားချက်က နတ်ဘုရားလိပ်ပြာနဲ့နတ်ဘုရားစွမ်းအားကြား ပေါင်းစပ်ခြင်းပမာဏခြားနားချက်ဖြစ်တယ်။

အဆင့်နိမ့်နတ်ဘုရားတွေကြားပေါင်းစပ်ခြင်းပမာဏက အလယ်ဆင့်နတ်ဘုရားတွေထက် သိသိသာသာနိမ့်ကျတယ်။

ပုံမှန်အနေအထားမှာ အဆင့်နိမ့်နတ်ဘုရားတွေရဲ့ပေါင်းစပ်ခြင်းက တစ်ဆယ်ပတ်လည်ရှိတယ်၊ အလယ်ဆင့်နတ်ဘုရားတွေက နှစ်ဆယ်ပတ်လည်ရှိပြီး အဆင့်မြင့်နတ်ဘုရားတွေက သုံးဆယ်ပတ်လည်ရှိတယ်။

နတ်ဘုရားလိပ်ပြာနဲ့နတ်ဘုရားစွမ်းအားက ပေါင်းစပ်ခြင်းပမာဏပိုမြင့်မားလာတဲ့အခါ နတ်ဘုရားတွေရဲ့အမျိုးမျိုးသောကဏ္ဍတွေမှာ အကြီးအကျယ်တိုးမြင့်လာလိမ့်မယ်။

လီဖူချန်းရဲ့အနေအထားက အခြားသူတွေနဲ့ မတူပါဘူး။ နတ်ဘုရားနယ်ပယ်မှာ အဆင့်နိမ့်နတ်ဘုရားဖြစ်စေ၊ ဒါမှမဟုတ် အဆင့်မြင့်နတ်ဘုရားဖြစ်စေ၊ သူတို့ရဲ့နတ်ဘုရားလိပ်ပြာက ခရမ်းရောင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အနီရောင်ဖြစ်တယ်။

လီဖူချန်း အဆင့်နိမ့်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိလာတဲ့အချိန်မှာ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်ခြင်းက ဆယ့်ငါးရာခိုင်နှုန်းရှိတယ်။

မတော်တဆမရှိရင် လီဖူချန်း အလယ်ဆင့်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိလာတဲ့အခါ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်ခြင်းက သေချာပေါက် နှစ်ဆယ်ရာခိုင်နှုန်းကို ကျော်သွားလိမ့်မယ်။

နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားကြားပေါင်းစပ်ခြင်းအလားအလာအပြင် လွန်ခဲ့တဲ့ငါးနှစ်အတွင်း လီဖူချန်းရဲ့အကြီးမားဆုံးတိုးတက်မှုက သူ့ရဲ့ဓားတာအိုအဆင့်ဖြစ်တယ်။

အဆင့်ပိုမြင့်မားတဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့ဆိုရင် လီဖူချန်းက နတ်ဘုရားနယ်ပယ်ရှိရေထဲမှာကူးခတ်နေတဲ့ငါးတစ်ကောင်ပမာပါပဲ။

အရင်က သူ့ရဲ့ဓားတာအိုက အလယ်ဆင့်နတ်ဘုရားနယ်ပယ်ရဲ့အလယ်အခြေအနေဒါမှမဟုတ်နှောင်းပိုင်းအခြေအနေမှာ ရှိသလားဆိုတာ လီဖူချန်းက မသေချာဘူး။ ဒါပေမယ့် အခု သူ့ရဲ့ဓားတာအိုက အလယ်ဆင့်နတ်ဘုရားနယ်ပယ်ရဲ့နှောင်းပိုင်းအခြေအနေမှာရှိတယ်ဆိုတာ သူက ခုနှစ်ဆယ်ရာခိုင်နှုန်းဒါမှမဟုတ်ရှစ်ဆယ်ရာခိုင်နှုန်းသေချာတယ်။

သူ့ရဲ့ဓားတာအိုအဆင့်တိုးတက်မှုနဲ့အတူ လီဖူချန်းရဲ့နတ်ဘုရားအတတ်သုံးခုက ပိုအားကောင်းလာတယ်။

ဓားချီမူလပြန်သွားခြင်းက အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုဖြစ်ပြီးသားပဲ။

မူလဘူတဓားက အလယ်ဆင့်နတ်ဘုရားအတတ်အဖြစ် အဆင့်မြင့်တက်သွားတယ်။

ဒါပေမယ့် ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက ကင်းမဲ့နေတုန်းပဲ။ ၎င်းကို အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုအဖြစ် မမြှင့်တင်ခင် သူ့ရဲ့ဓားတာအိုကို အလယ်ဆင့်နတ်ဘုရားနယ်ပယ်ရဲ့အထွတ်အထိပ်အခြေအနေသို့ တိုးမြင့်ဖို့ လိုလိမ့်မယ်လို့ လီဖူချန်းက ယူဆထားတယ်။

တကယ်တော့ နတ်ဘုရားအတတ်တွေက ဖန်တီးရတာ အခက်ခဲဆုံးဖြစ်သလို တိုးတက်ဖို့လဲ အခက်ခဲဆုံးဖြစ်တယ်။

"မူလပြန်သွားဓားပြောင်းလဲခြင်းက လွဲပြီး မူလအဆုံးစွန်းဓားပညာရဲ့ကျန်ကာတွေအားလုံးကို နတ်ဘုရားအတတ်အဖြစ် ပြောင်းလဲပြီးပြီ။ စပ်ကြောင်းမဲ့ဓားချီက ဘယ်အချိန်ကျမှ နတ်ဘုရားအတတ်တစ်ခု ဖြစ်လာမယ်မသိ"

စပ်ကြောင်းမဲ့ဓားချီက အရမ်းကြောက်စရာကောင်းတယ်။ ၎င်းက နတ်ဘုရားအတတ်တစ်ခုဖြစ်သွားတာနဲ့ ကြောက်စရာအကောင်းဆုံးအလယ်ဆင့်နတ်ဘုရားအတတ်တစ်ခု သေချာပေါက် ဖြစ်လာလိမ့်မယ်။ ၎င်းက အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုတောင် ဖြစ်နိုင်တယ်။

ဒီအကွက်နဲ့ရင်ဆိုင်ရတဲ့အခါ ခုခံမှုအားလုံးက အသုံးမဝင်ပါဘူး။

ဒီအကွက်ကို လီဖူချန်းရဲ့အပြောင်မြောက်ဆုံးလက်ရာလို့ သတ်မှတ်နိုင်တယ်။ ၎င်းက နတ်ဘုရားအတတ်တစ်ခုမဖြစ်ရင်တောင် စွမ်းအားက အဆင့်နိမ့်နတ်ဘုရားအတတ်အများစုထက် မနိမ့်ကျပါဘူး။

ဟူး.......

ပေသုံးသောင်းမြင့်တဲ့တောင်ထွတ်ပေါ်မှာ လီဖူချန်းက အဝေးသို့ ကြည့်လိုက်တယ် မိုင်ဒါဇင်အနည်းငယ်အတွင်းရှိမြင်ကွင်းက ပေါ်လာတယ်။

"နတ်ဘုရားကမ္ဘာရဲ့မြင်ကွင်းက တကယ်ကို ကြီးကျယ်ခမ်းနားလှပါလား"

မြေရိုင်းမြို့က တကယ်တော့ နတ်ဘုရားကမ္ဘာရဲ့အထီးကျန်မြေတစ်ခုပါပဲ။ ဒါပေမယ့် နတ်ဘုရားကမ္ဘာက နတ်ဘုရားကမ္ဘာပါပဲ။ ‌နတ်ဘုရားကမ္ဘာရဲ့တောင်တွေ၊ ကျောက်တုံးတွေ၊ သစ်ပင်တွေက သာမန်ထက်ထူးကဲတယ်။  ဒီနေရာရှိကြုံရာကျောက်တုံးတစ်ခုက ခွင်းဝူစကြာဝဠာမှာဆိုရင် ရှားပါးတဲ့ရတနာတစ်ခုဖြစ်မယ်လို့ ပြောရင် မလွန်ပါဘူး။

လွန်ခဲ့တဲ့ငါးနှစ်အတွင်း လီဖူချန်းက လှည့်လည်ခရီးသွားလာနေပြီး ဓားတာအိုကို ရှာဖွေနေခဲ့တယ်။ သူ့ဘဝက လွတ်လပ်ပေါ့ပါးနေလျက်ပါပဲ။

ကျောက်ဖေးအာကတော့ လွန်ခဲ့တဲ့သုံးနှစ်ကတည်းက သူနဲ့ ခွဲထွက်သွားခဲ့ပြီ။

ကျောက်ဖေးအာက မြေရိုင်းမြို့ရဲ့အပြင်ဘက်အလွန်လျှို့ဝှက်ဖုန်းကွယ်ထားတဲ့နေရာတစ်ခုမှ လာတယ်- ဝံပုလွေရွာ။

သန့်စင်တဲ့သမန်းဝံပုလွေတွေ၊ သွေးနှောသမန်းဝံပုလွေများစွာ နေထိုင်ကြရာနေရာဖြစ်တယ်။

ဝံပုလွေရွာက အပြင်လူတွေကို ဖယ်ကြဥ်တာကြောင့် လီဖူချန်းက ဝင်ဖို့ အခွင့်မရှိခဲ့ဘူး။

အဝေးကနေ မီးခိုးခေါင်းတိုင်မှ မီးခိုးတွေ မြင့်တက်နေတာကို လီဖူချန်းက မြင်ရတယ်။ အဝေးမိုင်ဒါဇင်အနည်းငယ်မှာ နတ်ဘုရားရွာတစ်ခုရှိတယ်။ နတ်ဘုရားရွာက အတော်လေးသက်ဝင်လှုပ်ရှားနေပြီး ရွာအဝင်ပေါက်မှာ ကလေးတွေက လိုက်တမ်းပြေးတမ်းကစားနေကြတယ်။ ရွာအနီးနားမှာ စမ်းချောင်းတစ်ခုရှိပြီး အမျိုးသမီးတွေက အဝတ်လျှော်နေကြတယ်။ အမျိုးသားတွေက ပစ္စည်းတွေကို သယ်ကာ အုပ်စုဖွဲ့ပြန်လာနေကြတယ်။

ဒီမြင်ကွင်းက ရင်းနီးလှတယ်။

မိန်းမောနေခိုက် သူက ငယ်ဘဝကို ပြန်ရောက်သွားပြီး အရှေ့ယူနီကွန်တိုက်ကြီးသို့ ပြန်ရောက်လာသလို လီဖူချန်းက ခံစားမိတယ်။ ထိုနေရာရှိသာမန်လူတွေက အခုလိုပဲ နေထိုင်ကြမှာပဲ။

ဝုန်း......

လီဖူချန်းနဲ့နတ်ဘုရားကမ္ဘာမှာ တံတားတစ်ခုရရှိလာပုံရတယ်၊ ချိတ်ဆက်မှုက ပိုနီးကပ်လာတယ်။

တစ်ချိန်တည်းမှာ လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားက ရုတ်တရက်ပေါက်ကွဲထွက်လာတယ်။

အနောက်ရေတွင်းရွာက မြေရိုင်းမြို့ရဲ့သာမန်အဆင့်၁နတ်ဘုရားရွာတစ်ရွာဖြစ်တယ်။

ရွာမှာ အဆင့်နိမ့်နတ်ဘုရားစုစုပေါင်းလေးယောက်ရှိပြီး အဆင့်၁နတ်ဘုရားရွာတစ်ရွာအတွက် အလွန်ရှားပါးတယ်လို့ဆိုရမှာပဲ။

ဒီနေ့မှာ ညနေရောက်လာတဲ့အခါ အဆင့်နိမ့်နတ်ဘုရားလေးယောက်က သောက်စားနေတယ်။

"ရွာခေါင်းဆောင်၊  ဒီနှစ်ဆိုရင် မင်းရဲ့အသက်က နှစ်ငါးထောင်ကျော်ပြီ၊ မင်းရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းကလဲ လေးရာအကျော်မှာ ရှိတယ်။ မင်း အလယ်ဆင့်နတ်ဘုရားတစ်ယောက်ဖြစ်ဖို့ မဝေးတော့ဘူးမလား" ညစာစားပွဲမှာ ပါးသိုင်းမွှေးတွေနဲ့လူတစ်ယောက်က မေးလိုက်တယ်။

အနောက်ရေတွင်းရွာက အဆင့်၁ရွာတစ်ရွာသာဖြစ်ပေမယ့် ရွာခေါင်းဆောင်လုခယ်ရဲ့ခွန်အားက အဆင့်နိမ့်နတ်ဘုရားတွေရဲ့အထွတ်အထိပ်ကို ရောက်ရှိနေတာကို လူအနည်းငယ်ကပဲ သိတယ်။ ဒါပေမယ့် သူ မလှုပ်ရှားတာ နှစ်ပေါင်းတစ်ထောင်ကျော်ပြီလေ။

တုံ့ပြန်တဲ့အနေနနဲ့ မီးခိုးရောင်ဆံပင်အကြီးအကဲက ရေရွတ်လိုက်တယ်" ဘယ်လိုလုပ်လွယ်မှာလဲ။ အလယ်ဆင့်နတ်ဘုရားတစ်ယောက်ဖြစ်ဖို့အရေးကြီးဆုံးအရာက နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားကို ပေါင်းစပ်ဖို့ပဲ။ နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားကို ပေါင်းစပ်ခြင်းက တစ်ဦးချင်းစီရဲ့မွေးရာပါထိုးထွင်းသိမြင်မှုအပေါ် မူတည်တယ်။ မွေးရာပါပါရမီမြင့်မားတဲ့သူတွေကပဲ နတ်ဘုရားကမ္ဘာရဲ့ဥပဒေသနဲ့ ပိုလိုက်လျောညီထွေဖြစ်လိမ့်မယ်။ နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားကို ပေါင်းစပ်ဖို့က ပိုလွယ်ကူလိမ့်မယ်။ ထိုးထွင်းသိမြင်မှုမြင့်မားတဲ့သူတွေက သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်ကို ပိုမြင့်အောင် ပြုလုပ်နိုင်ပြီး နတ်ဘုရားကမ္ဘာရဲ့ဥပဒေသနဲ့ တဖြည်းဖြည်းလိုက်လျောညီထွေဖြစ်လာနိုင်လိမ့်မယ်။ မွေးရာပါပါရမီနဲ့ထိုးထွင်းသိမြင်မှုအရ ငါက သာမန်ပါပဲ။ အလယ်ဆင့်နတ်ဘုရားနယ်ပယ်ကို မြင့်တက်ဖို့ အရမ်းခက်ခဲတယ်"

ဘေးမှ အသားလတ်တဲ့လူလတ်ပိုင်းတစ်ယောက်က မျက်မှောင်ကြုတ်ကာ ပြောလိုက်တယ်"ငါတို့လို သာမန်အဆင့်နိမ့်နတ်ဘုရားတွေက အလယ်ဆင့်နတ်ဘုရားနယ်ပယ်ကို မြင့်တက်ဖို့ ဖြစ်နိုင်ချေရှိလား"

မီးခိုးရောင်ဆံပင်အကြီးအကဲက သူ့ခေါင်းကို ခါယမ်းလိုက်တယ်"နည်းလမ်းတစ်ခုတော့ အမြဲရှိနေမှာပဲ။ မွေးရာပါပါရမီနဲ့ထိုးထွင်းသိမြင်မှုအပြင် အရမ်းအရေးကြီးတာတစ်ခုရှိတယ်။ အဲဒါ ကံကြမ္မာပဲ။ ကံကြမ္မာက မင်းကို ဈာန်ဝင်စားမှုတစ်ခုဖြစ်စေနိုင်တယ်။ ကံကြမ္မာလုံလောက်ရင် ငါက ဈာန်စင်စားခြင်းတစ်ခုဖြစ်လာပြီး ငါ့ရဲ့နတ်ဘုရားစွမ်းအားနဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို ပိုနက်ရှိုင်းတဲ့အဆင့်တစ်ခုအထိ ပေါင်းစပ်နိုင်လိမ့်မယ်"

"ကံကြမ္မာဆိုတာ မရေရာပါဘူးလေ" အသားလတ်တဲ့လူလတ်ပိုင်းတစ်ယောက်က ခေါင်းခါယမ်းလိုက်တယ်။ သူက ပြောနေတဲ့အခိုက် အားကောင်းတဲ့နတ်ဘုရားစွမ်းအားတစ်ခုက ရွာအပြင်မှ လာနေတာကို ရုတ်တရက် ခံစားမိတယ်။

ရွှမ်း.......

မီးခိုးရောင်ဆံပင်အကြီးအကဲက အိမ်အပြင်ဘက်ကို အရင်ပြေးထွက်ခဲ့တယ်။

ရွာအထက်ကောင်းကင်မှာ အဆင့်နိမ့်နတ်ဘုရားလေးယောက်က ဘေးချင်းကပ်ရပ်နေတယ်၊ အဝေးမိုင်ဒါဇင်အနည်းငယ်ရှိတောင်တစ်ခုကို ကြည့်လိုက်တယ်။

"ဒါက"

ပါးသိုင်းမွှေးနဲ့လူက ထိတ်လန့်တုန်လှုပ်သွားတယ်။ ဒီနတ်ဘုရားစွမ်းအားက အားကောင်းလွန်းပြီး ရွာခေါင်းဆောင်လုခယ်ထက် အဆတစ်ရာပိုသန်မာတယ်။ ဒါ့အပြင် ၎င်းက အဆက်မပြတ်တိုးလာနေပြီး အဆုံးမရှိသလို ခံစား‌ရစေတယ်။

"အကြီးအကဲလုခယ်က ပြောလိုက်တယ်"သူ အလယ်ဆင့်နတ်ဘုရားနယ်ပယ်ကို မြင့်တက်နေတာပဲ"

"အလယ်ဆင့်နတ်ဘုရားနယ်ပယ်ကို မြင့်တက်တာလား"

သူတို့က မနာလိုဖြစ်သွားတယ်။ စောစောက သူတို့က အလယ်ဆင့်နတ်ဘုရားနယ်ပယ်နဲ့ ပတ်သက်ပြီး ပြောနေသေးတယ်။ သူတို့ရဲ့အနီးဝန်းကျင်မှာ တစ်ယောက်ယောက်က အလယ်ဆင့်နတ်ဘုရားနယ်ပယ်ကို မြင့်တက်နေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

"အလယ်ဆင့်နတ်ဘုရားနယ်ပယ်ကို မြင့်တက်ရာမှထွက်လာတဲ့နတ်ဘုရားစွမ်းအားလှိုင်းက ဒီလောက်အားကောင်းတာလား" ရွာရဲ့တစ်ဦးတည်းသောအမျိုးသမီးအဆင့်နိမ့်နတ်ဘုရားဗီဗီယန်က မေးလိုက်တယ်။

လုခယ်က ခေါင်းညိတ်ကာ တုံ့ပြန်လိုက်တယ်"ပုံမှန်အားဖြင့်ပြောရရင် အလယ်ဆင့်နတ်ဘုရားနယ်ပယ်ကို တက်တဲ့အခါ ဒီလိုဖြစ်ရပ်တစ်ခု ဖြစ်လာဖို့က မဖြစ်နိုင်ဘူး။ သူထုတ်လွှတ်နေတဲ့နတ်ဘုရားစွမ်းအားက လက်ရွေးစင်အလယ်ဆင့်နတ်ဘုရားတွေကို ကျော်လွန်နေတယ်"

သာမန်အလယ်ဆင့်နတ်ဘုရားတစ်ယောက်ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက တစ်ထောင်နဲ့နှစ်ထောင်ကြားမှာရှိတယ်၊ လက်ရွေးစင်အလယ်ဆင့်နတ်ဘုရားရဲ့နတ်ဘုရားစွမ်းအားအညွန်းကိန်းက နှစ်ထောင်နဲ့သုံးထောင်ကြားမှာရှိတယ်၊ ပထမတန်းစားအဆင့်အလယ်ဆင့်နတ်ဘုရားရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက သုံးထောင်နဲ့လေးထောင်ကြားမှာရှိတယ်၊ အထွတ်အထိပ်အလယ်ဆင့်နတ်ဘုရားရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက လေးထောင်နဲ့ငါးထောင်ကြားရှိတယ်။

လီဖူချန်းက အနောက်ရေတွင်းရွာရဲ့အဆင့်နိမ့်နတ်ဘုရားလေးယောက်ကို အာရုံမစိုက်ပါဘူး၊ သူက ပူပင်ကြောင်ကြမဲ့တဲ့ခံစားမှုထဲမှာ နစ်မြုပ်နေတော့တယ်။

ဆယ့်ငါးရာခိုင်နှုန်း။

ဆယ့်ရှစ်ရာခိုင်နှုန်း။

နှစ်ဆယ်ရာခိုင်နှုန်း။

နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားက ရေခဲစိုင်ကြီးနှစ်ခုနဲ့ တူတယ်။ ထိုအချိန်မှာ ရေခဲစိုင်နှစ်ခုကန့်လန့်ဖြတ်တည်ရှိရာအစိတ်အပိုင်းက စတင်အရည်ပျော်ကျလာပြီး ရေခဲရေအဖြစ် ပြောင်းကာ အတူတကွပေါင်းစပ်သွားတယ်။

တစ်ချိန်တည်းမှာ လီဖူချန်းရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက စတင်လိမ့်တက်လာတယ်။

၁၃၀၀၊ ၁၅၀၀၊ ၁၈၀၀၊ ၂၀၀၀။

မကြာမီမှာပဲ ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၂၀၀၀ကို ကျော်သွားတယ်။

၂၁ရာခိုင်နှုန်း၊ ၂၂ရာခိုင်နှုန်း၊ ၂၃ရာခိုင်နှုန်း။

လီဖူချန်း ထင်ထားသလိုပဲ၊ အလယ်ဆင့်နတ်ဘုရားနယ်ပယ်ကို မြင့်တက်ပြီးနောက် သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက သာမန်အလယ်ဆင့်နတ်ဘုရားတွေထက် သာလွန်တယ်။

နတ်ဘုရားစွမ်းအားအညွှန်းကိန်းတူညီရင် သူ့ရဲ့နတ်ဘုရားစွမ်းအားက အခြားလူရဲ့နတ်ဘုရားစွမ်းအားကို ရိုက်နှက်နိုင်လိမ့်မယ်။

၂၅ရာခိုင်နှုန်း၊ ၂၆ရာခိုင်နှုန်း။

နောက်ဆုံးမှာ နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားက ပေါင်းစပ်ခြင်းရပ်သွားတယ်။

တစ်ချိန်တည်းမှာ လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက မြင့်တက်ရာမှာ တဖြည်းဖြည်းရပ်တန့်ခဲ့တယ်။

လီဖူချန်းက စမ်းသပ်ဖို့ နတ်ဘုရားစွမ်းအားဘောလုံးကို အသုံးမပြုခဲ့ပါဘူး၊ ဒါပေမယ့် သူ့ရဲ့လက်ရှိနတ်ဘုရားစွမ်းအားအညွှန်းကိန်းက တစ်သောင်းပတ်လည်မှာ ရှိမယ်လို့ သူက ယူဆထားတယ်။ ၎င်းက ခုနှစ်ဆကျော် ရုတ်တရက် တိုးလာတယ်။

တကယ်တော့ သူက နတ်ဘုရားကမ္ဘာရှိစွမ်းအင်သိပ်သည်းတဲ့နေရာတစ်ခုမှာရှိရင် သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ပိုမြင့်မားတဲ့အဆင့်တစ်ခုကို ရောက်ရှိပေလိမ့်မယ်။

သူက အဆင့်နိမ့်နတ်ဘုရားနယ်ပယ်ကို တိုးမြင့်တုန်းက သူ့ရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက အသစ်အဆင့်နိမ့်နတ်ဘုရားတွေထက် အဆတစ်ရာရှိတယ်။ လက်ရှိမှာ သူ့ရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကန်းက အသစ်အလယ်ဆင့်နတ်ဘုရားတစ်ယောက်ထက် ဆယ်ဆပတ်လည်ပဲရှိတယ်။

ဒါပေမယ့် အဆင့်နိမ့်နတ်ဘုရားက အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး အလယ်ဆင့်နတ်ဘုရားက အလယ်ဆင့်နတ်ဘုရားတစ်ယောက်ဖြစ်တယ်။ သူတို့ကို စုပေါင်းလို့မရနိုင်ပါဘူး။ ပထမ၊ နတ်ဘုရားစွမ်းအားသန့်စင်ခြင်းက လုံးဝကွဲပြားတဲ့အဆင့်တစ်ခုမှာ ရှိတယ်။ အရှေ့တစ်ခုရဲ့အဆတစ်ရာက အနည်းငယ်ကင်းမဲ့နေတယ်။

"အလျင်လိုစရာမလိုဘူး၊ ငါ နတ်ဘုရားကျောက်တုံးတွေ သုံးပြီး အနာဂတ်မှာ ဖြည်းဖြည်းချင်း မြှင့်တင်နိုင်တယ်"

နတ်ဘုရားစွမ်းအားအညွှန်းကိန်းက တစ်သောင်းကို ရောက်သွားတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်က လေတွေနဲ့ ပြည့်နေသလို လီဖူချန်းက ခံစားရတယ်။ သူ့ခြေထောက်အောက်ရှိတောင်က ပြင်းပြင်းထန်ထန်တုန်ခါသွားပြီး ‌ကျောက်တုံးတွေက စတင်‌ကျဆင်းလာတယ်။

" နေရာတစ်ခုရှာပြီး ငါ့ရဲ့နတ်ဘုရားစွမ်းအားကို အရင် တည်ငြိမ်အောင် လုပ်ရမယ်"

နတ်ဘုရားစွမ်းအားက နေရာလပ်အချိန်ကို တွန့်လိမ်သွားစေတယ်။ လီဖူချန်းရဲ့ပုံရိပ်က တောင်ထိပ်မှ ရုတ်တရက် ပျောက်သွားပြီး အံ့ဩတုန်လှုပ်နေတဲ့အဆင့်နိမ့်နတ်ဘုရားလေးယောက်ကို ချန်ထားရစ်တော့တယ်။

All Chapters