လုံခွင်းနဲ့ချမ်ရှစ်
Vol. 78 Ch. 1096
နတ်ဘုရားစွမ်းအားအညွှန်းကိန်းတစ်သောင်းက ဘယ်လောက်ကြောက်စရာကောင်းသလဲကို လီဖူချန်းက မသိခဲ့ဘူး။
မက်ဖက်လို နတ်ဘုရားစွမ်းအားအညွှန်းကိန်းနှစ်ထောင်ကျော်တဲ့ အလယ်ဆင့်နတ်ဘုရားတစ်ယောက်ကို သူက နတ်ဘုရားစွမ်းအားတုန်ခါမှုတစ်ခုနဲ့တင် သတ်နိုင်တယ်ဆိုတာ လီဖူချန်းသာ သိတယ်။
အလယ်ဆင့်နတ်ဘုရားတစ်ယောက်ဖြစ်လာပြီးနောက် သူ့ရဲ့ခွန်အားကို ဘေးဖယ်ထားလိုက်ပါအုံး၊ လီဖူချန်းရဲ့အခြားအရည်အသွေးတွေလဲ အကြီးအကျယ်တိုးလာတယ်။
နတ်ဘုရားခန္ဓာကိုယ်နဲ့နတ်ဘုရားစိတ်ဝိညာဉ်ကတောင် တိုးတက်မှုအချို့ဖြစ်လာတယ်။ အရင်အနီရောင်ဖျော့ဖျော့က ပိုနက်လာတယ်။
နောက်ထပ်တစ်လကြာပြီးနောက် လီဖူချန်းရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားက နောက်ဆုံးမှာ ပြီးပြည့်စုံသွားတယ်။
ထိုအခိုက်မှာ သူ့ရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက တစ်သောင်းကနေတစ်သောင်းတစ်ထောင်အထိ အမြောက်အများတိုးလာတယ်။ ဒါက အသစ်ဖြစ်လာတဲ့အဆင့်မြင့်နတ်ဘုရားတွေဖက် ပိုမြင့်တယ်။
ဒါပေမယ့် နတ်ဘုရားစွမ်းအားသန့်စင်မှုအရ သူက အဆင့်မြင့်နတ်ဘုရားတွေထက် နိမ့်ကျပါသေးတယ်။
တကယ်တော့ အဆင့်မြင့်နတ်ဘုရားတစ်ယောက်ရဲ့နတ်ဘုရားလိပ်ပြာနဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ၃၀ရာခိုင်နှုန်းမှာ ရှိတယ်လေ။
"ငါ့မှာ နတ်ဘုရားကျောက်တုံးတွေ အလုံအလောက်မရှိဘူးပဲ"
သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက တစ်ထောင်လောက်ပဲ တိုးလာပေမယ့် လီဖူချန်းရဲ့အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေက ကုန်လုနီးပါးဖြစ်သွားတယ်။
နတ်ဘုရားရဲ့အဆင့်က ပိုမြင့်လေ၊ နတ်ဘုရားကျောက်တုံးလိုအပ်ချက်က ပိုကြီးမားလေပါပဲ။
…
မြေရိုင်းမြို့က ပုံမှန်အတိုင်းပဲ ပျာပန်းခပ်လှုပ်ရှားနေတယ်။
လွန်ခဲ့တဲ့နှစ်ငါးနှစ်အတွင်း မက်ဖက်ရဲ့ဘဝက အတော်လေးသက်သောင့်သက်သာမရှိဖြစ်နေတယ်။ လီဖူချန်းရဲ့တည်ရှိမှုကသူ့ရဲ့လည်ချောင်းထဲမှာ စူးဝင်နေတဲ့ ငါးအရိုးပမာပဲ။
လီဖူချန်းက တစ်နေ့မှာ လက်စားလာပြန်ချေမလားကို သူ မသိဘူး။ သူက လီဖူချန်းကို မဖယ်ရှားနိုင်ရင် သူ့နှလုံးသားထဲမှာ အရိပ်တစ်ခုဖြစ်လာလိမ့်မယ်၊ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို သက်ရောက်ပေလိမ့်မယ်။
"လာပါ၊ ငါ့ကို လက်စားလာပြန်ချေစမ်းပါ၊ မြန်လေ ကောင်းလေပဲ....."
မက်ဖက်က လီဖူချန်းလက်စားလာပြန်ချေဖို့ ဆန္ဒရှိနေတယ်။
ပြီးရင်တော့ သူက လုံခွင်နဲ့ပူးပေါင်းကာ လီဖူချန်းကို ဖယ်ရှားနိုင်မယ်။
လုံခွင်ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက မက်ဖက်ထက် တစ်ထောင်ပိုပြီး သုံးထောင်ကျော်ရှိတယ်။ နတ်ဘုရားစွမ်းအားအညွှန်းကိန်းအရ လုံခွင်က မြေရိုင်းမြို့ရဲ့အဆင့်၂ဖြစ်ပြီး မြို့အရှင်ချမ်ရှစ်ထက်သာ နိမ့်ကျတယ်။ ခွန်အားအရ သူက အဆင့်၃ဖြစ်ပြီး မြို့အရှင်ချမ်ရှစ်နဲ့သွေးလတို့ ထက်ပဲ နိမ့်ကျတယ်။
သူတို့နှစ်ယောက်ပူးပေါင်းလိုက်ရင် လီဖူချန်းမှာ အသက်သုံးသက်ရှိရင်တောင် လုံလောက်မှာမဟုတ်ဘူး။
ဝိုင်တစ်ငုံသောက်ပြီးနောက် မက်ဖက်က သူ့ရဲ့ခြံဝင်းမှ ထွက်လာပြီး လုံခွင်ရဲ့ရဲတိုက်ဆီ ပျံသန်းသွားတယ်။
…
သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက တစ်သောင်းတစ်ထောင်ကို ရောက်ရှိတဲ့အခါ လီဖူချန်းရဲ့ပျံသန်းခြင်းအရှိန်က အဆတစ်ရာပိုတိုးလာတယ်။ အားကောင်းတဲ့နတ်ဘုရားစွမ်းအားက နေရာလပ်ဇုန်ကို အတိုင်းအတာတစ်ခုအထိ တွန့်လိမ်သွားစေပြီး ရုတ်ချည်းတည်နေရာရွှေ့ပြောင်းခြင်းနဲ့နီးကပ်တဲ့သက်ရောက်မှုတစ်ခုကို ဖန်တီးခဲ့တယ်။
ဒါက ခရီးနှင်ဖို့ နေရာလပ်-အချိန်စွမ်းအားကို အသုံးပြုတာထက် ပိုမြန်တယ်၊ အကြောင်းကတော့ လက်ရှိမှာ နေရာလပ်-အချိန်နတ်ဘုရားစွမ်းအားက နေရာလပ်ကို အနည်းငယ်ပဲ တွန့်လိမ်စေနိုင်တာလေ။
မြေရိုင်းမြို့က သူ့ရဲ့စိတ်ထဲမှာ အထင်းသားဖြစ်နေတယ်။ လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားကို ချက်ချင်းထုတ်လွှတ်ပြီး မြေရိုင်းမြို့တစ်ခုလုံးကို ဝန်းရံသွားတယ်။
ဒါက အတိတ်တုန်းကဆိုရင် လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားက မြေရိုင်းမြို့တစ်ခုလုံးကို လွှမ်းခြုံဖို့ဆိုတာ အိမ်မက်ပါပဲ။ ပထမ၊ အဆင့်နိမ့်နတ်ဘုရားထောင်ကျော်နဲ့အလယ်ဆင့်နတ်ဘုရားကိုးယောက်မှနတ်ဘုရားစွမ်းအားလှိုင်းတွေက သူ့အပေါ် ကံကြမ္မာအနှောင့်အယှက်ကို ဖြစ်စေလိမ့်မယ်။ သူ့ရဲ့နတ်ဘုရားစွမ်းအားကို အဝေးကြီးကို ထုတ်လွှတ်လိုက်တာနဲ့ ၎င်းကို နတ်ဘုရားစွမ်းအားလှိုင်းတွေက ဆုတ်ဖြဲသွားလိမ့်မယ်။ ဒုတိယ၊ မြေရိုင်းမြို့ကို နတ်ဘုရားအစီအရင်က ကာကွယ်ထားတယ်။ အလယ်ဆင့်နတ်ဘုရားတွေကတောင် မြေရိုင်းမြို့ကို မစစ်ဆေးနိုင်ဘူး။
ဒါပေမယ့် လက်ရှိလီဖူချန်းရဲ့နတ်ဘုရားစွမ်းအားက အဆင့်မြင့်နတ်ဘုရားတစ်ယောက်ထက် မနိမ့်ကျဘူး။ သူ့ရဲ့နတ်ဘုရားစွမ်းအားက အဆင့်မြင့်၁နတ်ဘုရားမြို့တစ်မြို့ကို လွှမ်းခြုံဖို့ ဖြစ်နိုင်ပါသေးတယ်။
ဒါ့ပြင် ဒါဆို သူ့ကို ရှာတွေ့တော့ရော ဘာဖြစ်လဲ။ သူက လာရဲမှတော့ ဘာတုံ့ပြန်မှုကိုမှ မကြောက်ပါဘူး။
ဝီဝီ......
မြေရိုင်းမြို့ရဲ့ဟင်းလင်းပြင်ထဲမှာ တွန့်လိမ်မှုတစ်ခုဖြစ်သွားတယ်။
မြို့အရှင်အိမ်တော်ထဲမှာ ပိန်ခြောက်ခြောက်လူတစ်ယောက်က သံသယဖြစ်ဟန် သူ့မျက်လုံးတွေကို ဖွင့်လိုက်တယ်။
မြေရိုင်းမြို့တစ်ခုလုံးကိုဝန်းရံထားတဲ့နတ်ဘုရားအစီအရင်က အံ့မခန်းနတ်ဘုရားအစီအရင်တစ်ခုမဟုတ်ပေမယ့် ကြယ်တစ်လုံးအဆင်မြင့် ဖြစ်ပါသေးတယ်။ ပိန်ခြောက်ခြောက်လူကို မသိစေဘဲ ဘယ်အလယ်ဆင့်နတ်ဘုရားတစ်ယောက်ကမှ မြေရိုင်းမြို့ကို စောင့်ကြည့်စစ်ဆေးမနိုင်ပါဘူး။
ဒါပေမယ့် စောစောက နတ်ဘုရားအစီအရင်က တကယ်ပဲ နည်းနည်းမတည်မငြိမ်ဖြစ်သွားတယ်။
"တစ်ယောက်ယောက်က အဆင့်နိမ့်နတ်ဘုရားအဖြစ် မြင့်တက်နေတာပဲ ဖြစ်မယ်"
အဆင့်နိမ့်နတ်ဘုရားတစ်ယောက်အဖြစ်မြင့်တက်တာက နတ်ဘုရားကမ္ဘာဥပဒေသမှာ အတက်အကျမတည်မငြိမ်မှုတစ်ခုကို ဖြစ်စေတယ်။ နတ်ဘုရားကမ္ဘာဥပဒေသမတည်မငြိမ်မှုက နတ်ဘုရားအစီအရင်ရဲ့လည်ပတ်မှုကို သက်ရောက်ပါလိမ့်မယ်။
ပိန်ခြောက်ခြောက်လူက အလေးအနက်ထားမနေတော့ဘဲ မျက်လုံးကို ဆက်မှိတ်လိုက်တယ်။
"တွေ့ပြီ"
လီဖူချန်းက မက်ဖက်ကို ရဲတိုက်တစ်ခုထဲမှာ တွေ့ခဲ့တယ်။
နတ်ဘုရားစွမ်းအားကြီးကြီးမားမားကွာခြားချက်ကြောင့် လီဖူချန်းက မက်ဖက်ကို သတိပြုမိခဲ့ပေမယ့် မက်ဖက်ကတော့ သူ့ကို သတိမပြုမိခဲ့ဘူး။
ရွှမ်း.......
လီဖူချန်းက မြေရိုင်းမြို့ဆီ ပျံသန်းသွားတယ်။
အဝတ်စတစ်ခုကို ဖြတ်သွားတဲ့ ဖယောင်းတိုင်မီးပမာ လီဖူချန်းက နတ်ဘုရားအစီအရင်ကို အလွယ်တကူဖြတ်ကျော်ပြီး မြေရိုင်းမြို့ထဲကို ဝင်ရောက်ခဲ့တယ်။
တကယ်တော့ လီဖူချန်းက မြို့ဂိတ်ကနေ ဝင်နိုင်ပေမယ့် သူက အလုပ်ရှုပ်ခံမနေတော့ဘူး။
"ဘာဖြစ်နေတာလဲ"
ပိန်ခြောက်ခြောက်လူက သူ့မျက်လုံးတွေ ဖွင့်လိုက်တယ်၊ သူ့မျက်နှာက သံသယတွေ ဖြစ်သွားတယ်။
စောနက နတ်ဘုရားအစီအရင်မတည်မငြိမ်ခြင်းအကြိမ်အရေအတွက်က ပိုတောင် မြင့်လာတယ်။ သူ့နတ်ဘုရားစွမ်းအားကို ထုတ်လွှတ်လိုက်တဲ့အခါမှာတော့ သူက မူမမှန်တာ ဘာတစ်ခုမှ မမြင်ခဲ့ဘူး။
"ဒါ တကယ်ထူးဆန်းတယ်"
ပိန်ခြောက်ခြောက်လူက ကျင့်ကြံခြင်းကို ရပ်ကာ အိမ်မှ ထွက်သွားတယ်။
သူက ဟိုဟိုသည်သည်လှည့်ပတ်ကြည့်ရှုစစ်ဆေးဖို့ စိီစဉ်ထားတယ်။
…
လုံခွင်ရဲ့ရဲတိုက်က ကြီးမားပြီးခံ့ညားထည်ဝါတယ်။ မြေရိုင်းမြို့ရဲ့နံပါတ်၃အလယ်ဆင့်နတ်ဘုရားအနေနဲ့ သူ့မှာ ကြီးမားတဲ့ကြေးစားအဖွဲ့တစ်ခုရှိတယ်။ ခွန်အားဒါမှမဟုတ်အဆင့်အတန်းဒါမှမဟုတ်လွှမ်းမိုးမှုအရဖြစ်စေ၊ လုံခွင်က မက်ဖက်ထက် ပိုမြင့်တယ်။
"မက်ဖက်၊ မင်းက ငါ့ကို သိပ်သည်းမြူခိုးရတနာရဲ့တည်နေရာကို ပြောပြရင် ငါက မင်းရဲ့ရန်သူကို ဖယ်ရှားဖို့ ကူညီပေးရုံတင်မက မင်းကိုလဲ မျက်နှာသာတစ်ခုပေးမှာပါ။ ဘယ်လိုလဲ။ မင်း ဘယ်လိုထင်လဲ" လုံခွင်က မက်ဖက်ထက် အဆများစွာပိုမြင့်ပြီး သေးငယ်တဲ့တောင်တစ်ခုနဲ့ တူတယ်။
မက်ဖက်က ခေါင်းခါလိုက်တယ်"လုံခွင်၊ မင်း ဘာလို့ ဒီလောက်အလျင်လိုနေတာလဲ။ နည်းနည်းထပ်စောင့်ပါအုံး"
သူက လုံခွင်ကို မယုံဘူး။
သူ့ခေါင်းကို ခါလျက် လုံခွင်းရဲ့မျက်နှာက မကျေမနပ်ဖြစ်သွားတယ်။ မြေရိုင်းမြို့ထဲမှာ သတ်ဖြတ်ခြင်းကို တားမြစ်ထားတဲ့ ချမ်ရှစ်ရဲ့အမိန့်ကြောင့် မဟုတ်ရင် လုံခွင်းက မက်ဖက်ကို ဖမ်းပြီး သိပ်သည်းမြူခိုးရတနာရဲ့တည်နေရာကို ထုတ်ပြခိုင်းလိုက်ပြီ။
"မက်ဖက်၊ မင်း ရှိနေလား"
သူတို့နှစ်ယောက်သောက်နေစဉ် အသံတစ်ခုက ရဲတိုက်ထဲမှာ ပဲ့တင်ထပ်သွားတယ်။
"သူ ဒီလိုနဲ့ လာတာလား"
မက်ဖက်က ပထမအံ့အားသင့်သွားတယ်၊ ပိုတောင် အံ့အားသင့်သွားတယ်။
လီဖူချန်းက ရုတ်တရက် ရောက်လာတာပဲ၊ သူက စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ထားရသေးဘူး။
"သူက မင်းရဲ့ရန်သူလား"
လုံခွင်းရဲ့မျက်လုံးတွေက အလင်းလက်သွားတယ်။ လီဖူချန်းက အချိန်မှန်ကို ရောက်လာတာပဲ။ လီဖူချန်းကို ဖယ်ရှားပြီးတာနဲ့ မက်ဖက်က သိပ်သည်းမြူခိုးရတနာရဲ့တည်နေရာကို ဆက်ဖုံးကွယ်မရဲလောက်တော့ဘူး။
သူတို့နှစ်ယောက်က ရဲတိုက်မှ ထွက်လာပြီး ရဲတိုက်အထက်ကောင်းကင်ကို ရောက်ရှိလာတယ်။
သူတိူ့နှစ်ယောက်ရဲ့အရှေ့မှာ ပုံရိပ်တစ်ခုက ကောင်းကင်မှာ ရပ်နေတယ်။
လီဖူချန်းက လွဲပြီး ဘယ်သူဖြစ်နိုင်မှာလဲ။
"မင်း မြေရိုင်းမြို့ကို တကယ်လာရဲတယ်ပေါ့လေ" မက်ဖက်က အံ့အားသင့်သွားပေမယ့် သူကအထိတ်တလန့်မဖြစ်ခဲ့ပါဘူး။ လူသေတစ်ယောက်ကို ကြည့်နေတဲ့အလား သူက လီဖူချန်းကို ကြည့်လိုက်တယ်။
မက်ဖက်က ယုံကြည်ချက်ရှိတယ်။ လီဖူချန်းက လွန်ခဲ့တဲ့ငါးနှစ်အတွင်း တိုးတက်မှုအချို့ဖြစ်လာခဲ့ရင်တောင် သူက လုံခွင်းတစ်ယောက်တည်းအတွက်တောင် ပြိုင်ဘက်မဖြစ်သေးပါဘူး။
လီဖူချန်းက လုံခွင်းကို အကဲဖြတ်လိုက်တယ်။ "မင်းက အကူအညီတစ်ယောက်ရထားပုံပဲ"
လီဖူချန်းက လုံခွင်းကို အကဲဖြတ်နေသလိုပဲ၊ လုံခွင်းက လီဖူချန်းက အကဲဖြတ်နေတယ်။ လုံခွင်းက ထူးဆန်းတာတစ်ခုကို ရှာတွေ့ခဲ့တယ်၊ သူက လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားလှိုင်းတွေကို မမြင်နိုင်ခဲ့ဘူး။
ဒီလိုအနေအထားတွေအတွက် ဖြစ်နိုင်ချေနှစ်ခုပဲ ရှိတယ်။ ပထမ၊ လီဖူချန်းက သူ့ရဲ့နတ်ဘုရားစွမ်းအားကို ဖုံးကွယ်ဖို့ နည်းလမ်းတစ်ခုကို ကျင့်ကြံထားတာပဲ ဖြစ်ရမယ်။ ဒုတိယ၊ လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားက လုံခွင်းထက် ပိုသန်မာတာကြောင့် လုံခွင်းက လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားလှိုင်းတွေကို ရှာမတွေ့နိုင်တာပေါ့။
ဒုတိယမြောက်ဖြစ်နိုင်ချေကို ဖယ်ရှားနိုင်မှန်း သိသာတယ်။
မက်ဖက်အရ လွန်ခဲ့တဲ့ငါးနှစ်က လီဖူချန်းရဲ့တစ်ထောင်ကျော်လောက်ပဲ ရှိတယ်။ ငါးနှစ်ပြီးနောက် လီဖူချန်းက ကြီးမားတဲ့ကံကြမ္မာအခွင့်အလမ်းတစ်ခုကို ရှာတွေ့ခဲ့ရင်တောင် သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို အမှတ်ရာအနည်းငယ်လောက်ပဲ တိုးနိုင်မှာပါ။ လုံခွင်းအနေနဲ့ လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားလှိုင်းတွေကို ရှာမတွေ့ဖို့ဆိုရင် လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက လေးထောင်အထက်ရှိရမယ်၊ ဒါက မဖြစ်နိုင်ပါဘူး။
"မက်ဖက်၊ ငါ မင်းအတွက် သူ့ကို အခုပဲ ဖယ်ရှားပေးမယ်"
လုံခွင်းရဲ့နတ်ဘုရားစွမ်းအားက ပေါက်ကွဲထွက်လာပြီး သူ့ရဲ့အဆင့်နိမ့်နတ်ဘုရားအတတ်ဖြစ်တဲ့ကောင်းကင်ဝါးမျိုလက်ကို ဖော်ထုတ်ကာ လီဖူချန်းကို ဖမ်းပြီးသတ်ဖြတ်ဖို့ ကြိုးစားလိုက်တယ်။
လုံခွင်းရဲ့တိုက်ခိုက်မှုကို ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက နှာခေါင်းရှုံ့လိုက်တယ်။ သူက သူ့ရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားကို ထုတ်လွှတ်ကာ တုန်ခါစေလိုက်တယ်။
ပထမဆုံးတစ်စစီဖြစ်သွားတာက လုံခွင်းရဲ့အဆင့်နိမ့်နတ်ဘုရားအတတ်ဖြစ်တဲ့ကောင်းကင်ဝါးမျိုလက်ပါပဲ။ ထို့နောက် လုံခွင်းရဲ့နတ်ဘုရားခန္ဓာကိုယ်ကလဲ ချက်ချင်းတစ်စစီဖြစ်သွားတယ်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက အပြီးတိုင်ပျောက်ကွယ်သွားခဲ့တယ်၊ သူ့ရဲ့နေရာလပ်လက်စွပ်နဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကလွဲပြီး ဘာတစ်ခုမှ မကျန်ခဲ့ဘူး။
ဘေးမှာ မက်ဖက်က အရာအားလုံးကို မြင်ပြီး လုံးဝမှင်တက်နေတယ်။
နတ်ဘုရားစွမ်းအားတုန်ခါမှုတစ်ခုက လုံခွင်းကို သတ်ခဲ့တယ်။
လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ဘယ်လောက်လဲ။
အဆုံးမဲ့နောင်တရမှုက မက်ဖက်ရဲ့နှလုံးသားမှာ ပြည့်သွားပြီး အသက်ချမ်းသာပေးဖို့အတွက် တောင်းပန်ဖို့ ပြင်ဆင်နေတယ်။
အသံဒါမှမဟုတ်ချီတည်ရှိမှုတစ်ခုမှ မထွက်ပေါ်လာဘဲ မက်ဖက်ရဲ့နတ်ဘုရားခန္ဓာကိုယ်ကလဲ တစ်စစီဖြစ်သွားတယ်။
"ငါ ဒီလိုနဲ့ သေရမှာလား" မက်ဖက်ရဲ့အသိက အဆုံးမဲ့အမှောင်ထုထဲသို့ နစ်မြုပ်သွားတယ်။
"သေစမ်း"
အလာကောင်းပေမယ့် အချိန်နှောင်းသွားပါပြီ။
ဒါက ပိန်ခြောက်ခြောက်လူတစ်ယောက်ဖြစ်တဲ့မြေရိုင်းမြို့အရှင်ချမ်ရှစ်ပါပဲ။
လုံခွင်းရဲ့နတ်ဘုရားစွမ်းအားက ပေါက်ကွဲထွက်လာတဲ့အချိန်မှာ ချမ်ရှစ်က ထိုနေရာရှိဖြစ်ရပ်ကို အာရုံခံမိပေမယ့် သူက ခြေတစ်လှမ်းနောက်ကျသွားသေးတယ်။
"မင်း ဘယ်သူလဲ" ချမ်ရှစ်က လီဖူချန်းကို စိုက်ကြည့်လိုက်တယ်။
လီဖူချန်းရဲ့ခွန်အားက သံသယရှိစရာမလိုအလွန်အားကောင်းတယ်။ ချမ်ရှစ်ကတောင် လုံခွင်းကို သန့်စင်တဲ့ခွန်အားနဲ့ မသတ်ဖြတ်နိုင်ဘူး။
ဒါပေမယ့် ဒါက မြေရိုင်းမြို့ဖြစ်ပြီး ကြယ်တစ်လုံးအဆင့်မြင့်နတ်ဘုရားအစီအရင်ရဲ့အကူအညီနဲ့ဆိုရင် အလယ်ဆင့်နတ်ဘုရားတွေအကြားတစ်ယောက်မှ သူ့အတွက် ပြိုင်ဘက်မဟုတ်ဘူး။
သူ့ရဲ့စွမ်းပကားကို ယှဉ်ပြိုင်ဖို့ တစ်ယောက်မှကို သူက ခွင့်မပြုဘူး။
"မင်းက မြို့အရှင်ချမ်ရှစ်ပဲဖြစ်ရမယ်၊ ငါ မင်းကို မသတ်ချင်ဘူး...." လီဖူချန်းက ချမ်ရှစ်ကို ကြည့်လိုက်တယ်။
"စိတ်ကြီးဝင်လှချည်လား"
တိုက်ခိုက်ရေးတူတစ်လက်က ချမ်ရှစ်ရဲ့လက်မှာ ထွက်ပေါ်လာတယ်။ အဆုံးမဲ့နတ်ဘုရားအစီအရင်စွမ်းအားက တိုက်ခိုက်ရေးတူနဲ့ ပေါင်းစပ်လာပြီး ချမ်ရှစ်က လီဖူချန်းကို တူနဲ့ ရိုက်ချလိုက်တယ်။
အုန်း........
တူအရိပ်က လီဖူချန်းနဲ့တောင် ထိတွေ့မခင်ဘဲ ၎င်းက ချက်ချင်းပျောက်ကွယ်သွားတယ်။ တစ်ချိန်တည်းမှာ ကြောက်စရာကောင်းတဲ့တုန်ခါမှုအားတစ်ခုက သဲကြီးမဲကြီးတိုက်ခိုက်လာတယ်။
"မကောင်းတော့ဘူး"
ချမ်ရှစ်က နတ်ဘုရားအစီအရင်စွမ်းအားကို လျင်မြန်စွာ အသက်သွင်းလိုက်ပြီး နတ်ဘုရားစွမ်းအားအကာအကွယ်ထဲ ပေါင်းထည့်လိုက်တယ်။
အုန်း ဝုန်း.......
လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားတုန်ခါမှုနဲ့ ရင်ဆိုင်ရတဲ့အခါ အကန့်အသတ်မဲ့နတ်ဘုရားအစီအရင်စွမ်းအားက အသက်တစ်ခါရှုချိန်တောင် မခံခဲ့ဘူး။
နောက်ပိုင်းမှာ ချမ်ရှစ်က လွင့်ထွက်သွားပြီး သူ့ခန္ဓာကိုယ်က သွေးမြူတစ်ခုကို ထုတ်လွှတ်ခဲ့တော့တယ်။
"ငါ မင်းကို မသတ်ချင်ဘူးလို့ အရင်က ပြောခဲ့တာပဲ။ ဒါပေမယ့် မင်း သေချင်ရင် ငါ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမှာပါ" လီဖူချန်းက ချမ်ရှစ်ကို ပြောလိုက်တယ်။
ထိုစကားကို ကြားပြီး ချမ်ရှစ်ရဲ့နှလုံးသားက အေးစက်သွားတယ်။ သူက မဆင်မခြင်လုပ်ခဲ့တယ်ဆိုတာ သူ သိတယ်။ လီဖူချန်းမှာ သတ်ဖြတ်ခြင်းဆန္ဒရှိရင် ချမ်ရှစ်က အလောင်းတစ်ခု ဖြစ်သွားပြီ။ မဟုတ်ဘူး၊ အလောင်းတောင် ကျန်မှာ မဟုတ်ဘူး။
"ငါ့အရှင်၊ ငါ့ကို ခွင့်လွှတ်ပေးပါ။ ချမ်ရှစ်က မျက်စိကန်းသွားပါတယ်"
အကြွင်းမဲ့ခွန်အားနဲ့ရင်ဆိုင်ရတဲ့အခါ ချမ်ရှစ်က ခေါင်းငုံလိုက်ရတယ်။
"ဒီနေရာမှာ မင်းအနေနဲ့ လုပ်စရာ ဘာမှမရှိဘူး၊ ထွက်သွားတော့။ သတိရပါ ငါ့ကို နောက်ထပ်မနှောင့်ယှက်နဲ့"
လုံခွင်းနဲ့မက်ဖက်က သေသွားပြီ၊ ဒါကြောင့် သူတို့ရဲ့ရဲတိုက်တွေထဲရှိကြွယ်ဝမှုတွေက လီဖူချန်းရဲ့ပိုင်ဆိုင်မှု ဖြစ်လာခဲ့တယ်။
"ဟုတ်ကဲ့"
ချမ်ရှစ်က အလျင်အမြန် ထွက်ခွာသွားတယ်။
"ဒီရဲတိုက်က မဆိုးဘူး၊ ငါ ယာယီနေထိုင်ဖို့ အသုံးပြုနိုင်တယ်" လီဖူချန်းက လုံခွင်းရဲ့ရဲတိုက်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်တယ်။