ထွက်ခွာခြင်း
Vol. 78 Ch. 1097
လုံခွင်းနဲ့မက်ဖက်က လီဖူချန်းကို ကြွယ်ဝချမ်းသာစေခဲ့တယ်။ အကြမ်းဖျင်းခန့်မှန်းပြီးနောက် သူတို့နှစ်ယောက်ရဲ့ကြွယ်ဝမှုစုစုပေါင်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးနှစ်သိန်းပတ်လည်မှာ ရှိတယ်။
ဒီလောက်များတဲ့အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေနဲဆိုရင် လီဖူချန်းက သူ့ရဲ့နတ်ဘုရားစွမ်းအားကို အလွန်မြင့်မားတဲ့အဆင့်တစ်ခုအထိ မြှင့်တင်ဖို့ လုံလောက်တယ်။
"ဒီရွှေရောင်မျက်လုံးက အတော်လေးစိတ်ဝင်စားစရာပဲ"
လီဖူချန်းက မျက်လုံးနည်းစနစ်အဆင့်နိမ့်နတ်ဘုရားအတတ်တစ်ခုကို လုံခွင်းရဲ့နေရာလပ်လက်စွပ်ထဲမှာ တွေ့ခဲ့တယ်။
ဒီနတ်ဘုရားအတတ်က ကျင့်ကြံသူကို မြေပြင်နဲ့ကျောက်သားတွေကို ဖြတ်ကာ မြေပြင်ရဲ့အနက်ပိုင်းရှိသတ္တုတွေက ထုတ်လွှတ်တဲ့ နတ်ဘုရားအလင်းကို မြင်နိုင်စေတယ်။
ရေးသားချက်အရ နတ်ဘုရားအလင်းက ပိုသိပ်သည်းလေ၊ သတ္တုတွေက ပိုတန်ဖိုးရှိလေလေပဲ။
"လူအချို့ရဲ့မျက်လုံးထဲမှာ ရွှေရောင်မျက်လုံးရဲ့တန်ဖိုးက အလယ်ဆင့်နတ်ဘုရားအတတ်တွေနဲ့ ယှဉ်နိုင်လောက်မယ်"
အဆင့်အနိမ့်ဆုံးနတ်ဘုရားသတ္တုတွေကတောင် ထိတ်လန့်တုန်လှုပ်စရာတန်ဖိုးရှိတယ်။ အဆင့်ပိုမြင့်မားတဲ့နတ်ဘုရားသတ္တုတွေဆိုရင် အဆင့်ပိုမြင့်မားတဲ့နတ်ဘုရားတွေကို မနာလိုဖြစ်စေဖို့ လုံလောက်တယ်။
ရွှေရောင်မျက်လုံးကို ကျင့်ကြံဖို့ လီဖူချန်းအတွက် သုံးရက်ပဲ ကြာခဲ့တယ်။
ရွှေရောင်မျက်လုံးကို ကျင့်ကြံပြီးနောက် လီဖူချန်းရဲ့မျက်လုံးတွေက ရွှေရောင်ပြောင်းသွားတယ်။ သူ ကြည့်လိုက်တဲ့နေရာတိုင်းမှာ သတ္တုတစ်ခုရှိသရွေ့ အလင်းဖြာထွက်စေလိမ့်မယ်။ နတ်ဘုရားအဆင့်အောက်ရှိသတ္တုတွေက မပြောပလောက်တဲ့အလင်းဖြာထွက်မှုတစ်ခုကို ထုတ်လွှတ်စေလိမ့်မယ်။ နတ်ဘုရားသတ္တုတွေက ပိုသိပ်သည်းတဲ့အလင်းကို ထုတ်လွှတ်လိမ့်မယ်။
ထပ်ပြောရရင် ပထမတန်းစားအဆင့်နဲ့အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကလဲ တောက်ပတဲ့နတ်ဘုရားအလင်း ထုတ်လွှတ်နေတာကို လီဖူချန်းက သတိပြုမိခဲ့တယ်။ သူတို့မှာ နတ်ဘုရားအဆင့်သတ္တုတွေပါဝင်မှန်း သိသာတယ်။
၇၀ရာခိုင်နှုန်း၊ ၈၀ရာခိုင်နှုန်း။
လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုနဲ့ဆိုရင် သူက ရွှေရောင်မျက်လုံးကို ကျွမ်းကျင်မှုရှစ်ဆယ်ရာခိုင်နှုန်းရောက်တဲ့အထိ အလွယ်တကူကျင့်ကြံနိုင်ခဲ့တယ်။ ပြီးရင်တော့ ကျင့်ကြံခြင်းအခက်အခဲက ဆယ်ဆဒါမှမဟုတ်အဆဒါဇင်ကျော်တိုးလာတာ စိတ်မကောင်းစရာပဲ။
…
မြို့အရှင်အိမ်တော်.......
အလယ်ဆင့်နတ်ဘုရားခုနှစ်ယောက်က စုဝေးနေတယ်။
"မြို့အရှင်၊ ဒီအရှင်ရဲ့နောက်ခံက ဘာလဲ"
"သူနဲ့ပတ်သက်ပြီး မင်း ဘာမှ မသိဘူးလို့တော့ ငါ့ကို မပြောနဲ့" ပြောနေတဲ့သူက ခန္ဓာကိုယ်တုတ်တုတ်ခိုင်ခိုင်နဲ့ လူသန်ကြီးတစ်ယောက်ဖြစ်တယ်။
ချမ်ရှစ်က ပြောလိုက်တယ်"ငါ ဘာသိမှာလဲ။ ငါ တစ်ခုခုကို ပြောရဲခဲ့ရင် ဒီမှာထိုင်ပြီး မင်းတို့နဲ့ စကားပြောနိုင်မှာတောင် မဟုတ်ဘူး"
"လုံခွင်းနဲ့မက်ဖက်က ဒီလိုနဲ့အဆုံးသတ်သွားတာပဲ။ ကမ္ဘာကြီးက မခန့်မှန်းနိုင်ပါလား။ ငါ့အမြင်အရ ဒီအရှင်ရဲ့နောက်ခံက ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး၊ ငါတို့ကို ဘာမှမလုပ်နိုင်ဘူး။ ငါတို့တွေ သူ့ကို မနှောင့်ယှက်သရွေ့ သူက ငါတို့ကို ဘာပြဿနာမှရှာမှာမဟုတ်ဘူး" နောက်ထပ်အလယ်ဆင့်နတ်ဘုရားတစ်ယောက်က ပြောလိုက်တယ်။
ဒါကို ကြားပြီး သွေးရောင်ဆံပင်ရွှယ်ယွဲ့က ခေါင်းညိတ်လိုက်တယ်"သူက မြို့အရှင်ကို အလွယ်တကူအနိုင်ယူနိုင်၊ သတ်ဖြတ်နိုင်တာကြောင့် သူက ငါတို့ခုနှစ်ယောက်ကိုလဲ အလွယ်တကူသတ်ဖြတ်နိုင်တယ်လို့ ဆိုလိုတယ်။ သူက ငါတို့တွေ မလေးမစားလုပ်လို့ရမယ့်သူမျိုးမဟုတ်ဘူး"
သူတို့အနေနဲ့ အလယ်ဆင့်နတ်ဘုရားဖြစ်အောင် ခက်ခက်ခဲခဲ ကျင့်ကြံထားရတာ။ သူတို့က သေရင် သူတို့က အလဟာသသေသွားသလိုဖြစ်ပါလိမ့်မယ်။
နောက်ဆုံးမှာ ချမ်ရှစ်က လီဖူချန်းကို မနှောင့်ယှက်ဖို့ ရန်မစဖို့ ဆုံးဖြတ်ခဲ့တယ်။ လီဖူချန်းက တောင်းဆိုမှုတစ်ခုခုပြုလာရင် သူက သေချာပေါက် ကျေနပ်စေရလိမ့်မယ်။
…
"ငါ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက တစ်သောင်းသုံးထောင်ကို ရောက်ရှိလာပြီ"
အဆင့်နိမ့်နတ်ဘုရားကျောက်တုံးလုံလုံလောက်လောက်နဲ့အတူ လီဖူချန်းရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားက အလွန်လျင်မြန်စွာ တိုးမြင့်လာတယ်။ သုံးလအတွင်းမှာ ၎င်းက တစ်သောင်းတစ်ထောင်မှ တစ်သောင်းသုံးထောင်အထိ တိုးလာတယ်။
အမှတ်နှစ်သောင်းလောက်တိုးတာကို အထင်မသေးပါနဲ့၊ အဲဒါက လီဖူချန်းရဲ့စွမ်းရည်ကို အဆများစွာ တိုးစေတယ်။
ဒါ့ပြင် အလယ်ဆင့်နတ်ဘုရားတစ်ယောက်ဖြစ်လာပြီးနောက် လီဖူချန်းက နတ်ဘုရားကမ္ဘာဥပဒေသတွေကို ပိုနက်နက်ရှိုင်းရှိုင်းနားလည်လာတယ်။ သူ့ရဲ့ဓားတာအိုကျွမ်းကျင်မှုကလဲ တိုးလာတယ်။ သူက အလယ်ဆင့်နတ်ဘုရားအထွတ်အထိပ်အခြေအနေကို မရောက်ရင်တောင် မဝေးတော့ပါဘူး။
ဒီလိုအနေအထားအောက်မှာ ပိုင်နက်အဆင့်နိမ့်နတ်ဘုရားအတတ်ဖြစ်တဲ့ဓားပင်လယ်မိုးကုတ်စက်ဝိုင်းက အလယ်ဆင့်နတ်ဘုရားအတတ်ထိ တိုးမြင့်လာခဲ့တယ်။
"ထွက်သွားဖို့အချိန်ပဲ"
ရဲတိုက်ရဲ့အပေါ်ဆုံးအထပ်မှာ လီဖူချန်းက အောက်ဘက်ရှိမြင်ကွင်းကို ကြည့်ရင်း တွေးလိုက်တယ်။
သူ့အနေနဲ့ မြေရိုင်းမြို့က သေးလွန်းတယ်။ သူကနတ်ဘုရားကမ္ဘာတစ်ခုလုံးရဲ့မြင်ကွင်းကို မမြင်ရသေးဘဲနဲ့ မြေရိုင်းမြို့မှာ ဘယ်လိုလုပ်ပြီး ဆက်နေရမှာလဲ။
မြို့အရှင်ချမ်ရှစ်ကို ဆင့်ခေါ်ပြီးနောက် လီဖူချန်းက ပတ်ဝန်းကျင်အနေအထားကို စစ်ဆေးမေးမြန်းလိုက်တယ်။
ချမ်ရှစ်က ရိုသေလေးစားစွာ ပြန်ဖြေလိုက်တယ်"ဖြူရော်မြေရိုင်းရဲ့အလယ်ဆင့်နတ်ဘုရားသားရဲဖြစ်တဲ့ဖြူရော်ဘုရင်က ကျွန်တော်ထက် ပိုသန်မာပေမယ့် ငါ့အရှင်ကိုတော့ ယှဉ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် အရှင်က ဖြူရော်မြေရိုင်းကနေ ဘာအတားအဆီးမှ မရှိဘဲ ထွက်သွားနိုင်တယ်။ ဖြူရော်မြေရိုင်းကို ကျော်ဖြတ်ပြီးရင် အဆင့်၁နတ်ဘုရားမြို့ဖြစ်တဲ့လင်းယုန်မြို့ရဲ့ပိုင်နက်ပဲ။ လင်းယုန်မြို့မှာ အလယ်ဆင့်နတ်ဘုရားဒါဇင်ကျော်ရှိတယ်.........."
ချမ်ရှစ်က ပတ်ဝန်းကျင်အနေအထားကို အသေးစိတ်ရှင်းပြခဲ့တယ်။
မြူခိုးတောင်တန်းတွေနဲ့ပတ်သက်ပြီး ရှင်းပြတဲ့အခါ ချမ်ရှစ်ရဲ့အမူအရာက လေးနက်သွားတယ်။ "မြူခိုးတောင်တန်းတွေက အလွန်အန္တရာယ်များတယ်။ အလယ်ဆင့်နတ်ဘုရားတွေကတောင် လှုပ်ရှားဖို့ ခက်ခဲတယ်။ နတ်ဘုရားသားရဲတွေအပြင် ထူးဆန်းတဲ့နတ်ဘုရားအဆင့်သက်ရှိတွေလဲ ရှိတယ်။ မြူဘီလူးလို့ခေါ်တဲ့နတ်ဘုရားအဆင့်သက်ရှိတစ်ကောင်ရှိပြီး ၎င်းရဲ့ခွန်အားက အဆင့်မြင့်နတ်ဘုရားအဆင့်မှာ ရှိတယ်။ မြူဘီလူးရဲ့အရှေ့မှာ အလယ်ဆင့်နတ်ဘုရားတွေက စားနပ်ရိက္ခာတွေပဲ။ ဒါ့ပြင် ဒါက အပြင်ပိုင်းနယ်မြေပဲ ရှိသေးတယ်။ အတွင်းနယ်မြေနဲ့ပတ်သက်ပြီး တစ်ယောက်မှ မသိဘူး"
"ဒါ တကယ်ကို နည်းနည်းအန္တရာယ်များတာပဲ" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။
…
နောက်တစ်နေ့မှာ လီဖူချန်းက ထွက်ခွာလာတယ်။
သူက မသေချင်ဘူး၊ မြူခိုးတောင်တန်းတွေရှိရာဦးတည်ဘက်ဆီ မလျှောက်သွားခဲ့ဘူး။ အဲ့အစား သူက ဖြူရော်မြေရိုင်းကို ရွေးချယ်လိုက်တယ်။
ဖြူရော်မြေရိုင်းမှာ နတ်ဘုရားသားရဲတွေများစွာရှိတယ်။ လမ်းတစ်လျှောက်မှာ လီဖူချန်းက အဆုံးမဲ့နတ်ဘုရားသားရဲတွေနဲ့ ရင်ဆိုင်ခဲ့တယ်။
ဒါပေမယ့် လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားဖိနှိပ်မှုအောက်မှာ ဒီအဆင့်နိမ့်နတ်ဘုရားသားရဲတွေအားလုံးက ခိုက်ခိုက်တုန်ကာ လီဖူချန်းကို မတိုက်ခိုက်ရဲကြဘူး။
လီဖူချန်းရဲ့ချီတည်ရှိမှုကို အာရုံခံမိတဲ့အခါ အလယ်ဆင့်နတ်ဘုရားသားရဲတွေကတောင် အနီးကပ်မရဲဘဲ အဝေးကို ရှောင်ခွာထွက်ပြေးခဲ့ကြတယ်။
ဒီလိုနဲ့ လီဖူချန်းက ဖြူရော်မြေရိုင်းကို ကျော်ဖြတ်ကာ ပိုကျယ်ဝန်းတဲ့လင်းယုန်ငှက်မြက်ခင်းပြင်ကို ရောက်ရှိလာတယ်။
လင်းယုန်ငှက်မြက်ခင်းပြင်မှာ အဆင့်၁နတ်ဘုရားမြို့တစ်ခုဖြစ်တဲ့လင်းယုန်ငှက်မြို့ရှိတယ်။
အဆင့်၁နတ်ဘုရားမြို့တစ်ခုအနေနဲ့ လင်းယုန်ငှက်မြို့က မြေရိုင်းမြို့ထက် ပိုစည်ပင်တယ်။ အလယ်ဆင့်နတ်ဘုရားအရေအတွက်ကလဲ နှစ်ဆနီးပါးရှိတယ်။
လင်းယုန်ငှက်မြို့မှာ ရက်အနည်းငယ်ကြာ နေထိုင်ပြီးနောက် လီဖူချန်းက ထွက်လာပြန်တယ်။
သူ့ရဲ့ပစ်မှတ်က အဆင့်၂နတ်ဘုရားမြို့တစ်ခုဖြစ်တယ်။
အဆင့်၁နတ်ဘုရားမြို့တစ်ခုက ဘယ်လောက်ပဲ စည်ကားနေပါစေ၊ ၎င်းက အဆင့်နိမ့်နတ်ဘုရားတွေအတွက်ပဲ သင့်တော်တယ်။ အလယ်ဆင့်နတ်ဘုရားတွေအတွက် အရင်းအမြစ်က အလွန်နည်းပါးတယ်။
ချမ်ရှစ်နဲ့မြေရိုင်းမြို့ကအခြားသူတွေက ကျင့်ကြံခြင်းအရင်းအမြစ်ရဲ့ကြီးမားတဲ့ပမာဏတစ်ခုကို ဝယ်ယူဖို့ နှစ်အနည်းငယ်ပြည့်တိုင်း အဆင့်၂နတ်ဘုရားမြို့တစ်ခုသို့ ခရီးတစ်ခေါက်ထွက်လေ့ရှိတယ်။
"ဒါ နတ်ဘုရားကမ္ဘာရဲ့မြင်ကွင်းလား။ ဒါက တကယ်ကို ဆန်းကြယ်ပြီး ခမ်းနားတယ်"
လမ်းတစ်လျှောက်မှာ လီဖူချန်းရဲ့အမြင်က အဆမရေမတွက်များစွာ ကျယ်ပြန့်လာတယ်။
နတ်ဘုရားကမ္ဘာမှာ အဓိကမျိုးနွယ်သုံးခုရှိတယ်။ သူတို့က နတ်ဘုရားမျိုးနွယ်၊ နတ်ဘုရားသားရဲမျိုးနွယ်နဲ့ အမျိုးမျိုးသောထူးခြားတဲ့နတ်ဘုရားအဆင့်သက်ရှိတွေ ဖြစ်တယ်။
နတ်ဘုရားမျိုးနွယ်က ဉာဏ်ရည်အမြင့်ဆုံးမျိုးနွယ်ဖြစ်တယ်။ ၎င်းမှာ လူသားမျိုးနွယ်၊ တိုင်တန်မျိုးနွယ်၊ နတ်ဆိုးသားရဲမျိုးနွယ်၊ သွေးမျိုးနွယ်နဲ့ အခြားဉာဏ်ရည်မြင့်မားတဲ့မျိုးနွယ်တွေထောင်ကျော်ရှိတယ်။
နတ်ဘုရားသားရဲမျိုးနွယ်က နတ်ဘုရားကမ္ဘာမှာ မွေးဖွားခဲ့တဲ့မျိုးနွယ်ဖြစ်တယ်။ သူတို့အနေနဲ့ လူသားသက်ရှိပုံစံအဖြစ်ကို ပြောင်းလဲဖို့က အလွန်အမင်းခက်ခဲတယ်။ ပုံမှန်အားဖြင့် သူတို့က အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိပြီးနောက်မှ လူသားသက်ရှိပုံစံအဖြစ်သို့ ပြောင်းလဲနိုင်တယ်။
နတ်ဘုရားအဆင်ဘသက်ရှိတွေအတွက်ကတော့ သူတို့က နတ်ဘုရားကမ္ဘာမှာ အတော်လေးရှားပါးတယ်။ ပုံမှန်အားဖြင့် ဒီလိုနတ်ဘုရားအဆင့်သက်ရှိတွေက ချောင်ကျပြီးအန္တရာယ်များတဲ့နယ်မြေတွေမှာပဲ ထွက်ပေါ်လာလိမ့်မယ်။
"ငါ နတ်ဘုရားကမ္ဘာမှာ နတ်ဘုရားမျိုးနွယ်ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
လီဖူချန်းက ခါးသီးစွာ ပြုံးလိုက်မိတယ်။
…
အနီးဆုံးအဆင့်၂နတ်ဘုရားမြို့က လင်းယုန်ငှက်မြို့မှ အလွန်ဝေးတယ်။ လီဖူချန်းက အလျင်မလိုတာကြောင့် လအနည်းငယ်ကြာမှ ရောက်ရှိခဲ့တယ်။
ဒီအဆင့်၂နတ်ဘုရားမြို့ကို ခရမ်းရောင်လမြို့လို့ ခေါ်တယ်။ ၎င်းက မြေရိုင်းမြို့ထက် အဆဒါဇင်ကျော်ပိုစည်ကားပြီး လင်းယုန်ငှက်မြို့ထက် ဆယ်ဆပိုစည်းကားတယ်။
အဆင့်၁နတ်ဘုရားမြို့ကလွဲပြီး ခရမ်းရောင်လမြို့မှာ အဆင့်မြင့်နတ်ဘုရားတွေရှိတယ်၊ ဒါပေမယ့် အဆင့်မြင့်နတ်ဘုရားသုံးယောက်ပဲရှိတယ်။
အလယ်ဆင့်နတ်ဘုရားတွေက များစွာရှိတယ်၊ တစ်ရာမရှိရင်တောင် အနည်းဆုံးရှစ်ရာရှိတယ်။
အဆင့်နိမ့်နတ်ဘုရားတွေကို ဖော်ပြစရာမလိုပါဘူး၊ လမ်းတွေက သူတို့နဲ့ပဲ ပြည့်နေတယ်။
"နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက အဆင့်၂နတ်ဘုရားမြို့တွေရဲ့လေလံခန်းမတွေမှာ ရံဖန်ရံခါ ထွက်ပေါ်လာတယ်လို့ ငါ ကြားသိခဲ့တယ်။ ငါ ကံကောင်းပြီး တစ်ခုခုများ ရနိုင်မလားမသိ"
ခရမ်းရောင်လမြို့ကို ဝင်ရောက်ပြီးနောက် လီဖူချန်းကို ခရမ်းရောင်လမြို့ရဲ့တစ်မူထူးတဲ့ပတ်ဝန်းကျင်က ချက်ချင်းဆွဲဆောင်ခဲ့တယ်။
ခရမ်းရောင်လမြို့အထက်ကောင်းကင်မှာ ခရမ်းရောင်လတစ်ခုက တွဲလွဲဖြစ်နေတယ်။
ဒီခရမ်းရောင်လကို နတ်ဘုရားအစီအရင်ရဲ့စွမ်းအားက ဖွဲ့စည်းခဲ့တယ်ဆိုတာ လီဖူချန်းက မြင်နိုင်တယ်။
နတ်ဘုရားအစီအရင်ရဲ့အဆင့်က အနည်းဆုံးကြယ်နှစ်လုံးရှိမယ်လို့ လီဖူချန်းက ယူဆထားတယ်။