← Chapters

အနီရောင်စိတ်ဝိညာဉ်ဆေးပင်

Vol. 78 Ch. 1098

အနီရောင်စိတ်ဝိညာဉ်ဆေးပင်

Vol. 78 Ch. 1098

ခရမ်းရောင်လမြို့က အဆင့်၂နတ်ဘုရားမြို့တစ်ခုဖြစ်တယ်။ သူတို့က အလယ်ဆင့်နတ်ဘုရားအတတ်ချိတ်ပိတ်ကျောက်တုံးတွေကိုတောင် ရောင်းချတယ်။

တန်ဖိုးက ကျောက်ဖေးအာပြောခဲ့သလိုပဲ၊ အလွန်တုန်လှုပ်ဖွယ်ရာပင်။ ဈေးအပေါဆုံးကတောင် အနည်းဆုံးအဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်သိန်းကျသင့်တယ်။

လုံခွင်းနဲ့မက်ဖက်တို့ရဲ့ကြွယ်ဝမှုကနေ လီဖူချန်းက အဆင့်နိမ့်နတ်ဘုရား‌ကျောက်တုံးနှစ်သိန်းကျော်ရရရှိခဲ့တယ်။

အဆင့်နိမ့်နတ်ဘုရားတစ်ယောက်အနေနဲ့ ဒါက ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ကြွယ်ဝမှုပမာဏပါပဲ။

ဒါပေမယ့် အဆင့်၂နတ်ဘုရားမြို့မှာတော့ အဲလောက်က မျက်စိဖမ်းစားစရာမဟုတ်ပါဘူး။

နတ်ဘုရားဆေးအိမ်တော်က ခရမ်းရောင်လမြို့ရဲ့အကြီးမားဆုံးဆေးဆိုင်ဖြစ်တယ်။

နတ်ဘုရားဆေးအိမ်တော်ကို ဝင်ရောက်ပြီးနောက် လီဖူချန်းက ပထမထပ်ကို ဖြတ်လျှောက်ကာ ဒုတိယထပ်ကို တည့်မတ်စွာ သွားခဲ့တယ်။

ပထမထပ်က ကြယ်တစ်လုံးနတ်ဘုရားဆေးတွေကို ရောင်းချတယ်။

ကြယ်တစ်လုံးနတ်ဘုရားဆေးတွေကို အဆင့်နိမ့်နတ်ဘုရားတွေနဲ့သာမန်အလယ်ဆင့်နတ်ဘုရားတွေအတွက်ပဲ အသုံးပြုတယ်။

ဒုတိယမြောက်ထပ်မှာ ကြယ်နှစ်လုံးနတ်ဘုရားဆေးတွေကို ပုံဆောင်ခဲကောင်တာပေါ်မှာ တင်ထားတယ်။

တန်ဖိုးက ကြယ်တစ်လုံးနတ်ဘုရားဆေးတွေနဲ့ နှိုင်းယှဉ်ရင် အလွန်ထိတ်လန့်စရာပဲ။ သူတို့က အခြေခံအားဖြင့် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဒါဇင်အနည်းငယ်ရှိပြီး အချို့က အဆင့်နိမ့်နတ်ဘုရားကျောက်တုံးရာအနည်းငယ်ရှိတယ်။

"ဒီနတ်ဘုရားအဆီအနှစ်ဆေးက မဆိုးဘူးပဲ"

နတ်ဘုရားအဆီအနှစ်ဆေးက ကြယ်နှစ်လုံးနတ်ဘုရားဆေးတစ်မျိုးဖြစ်ပြီး အလယ်ဆင့်နတ်ဘုရားတွေနဲ့အဆင့်မြင့်နတ်ဘုရားတွေရဲ့နတ်ဘုရားစွမ်းအားကို လျင်မြန်စွာ ပြန်ဖြည့်နိုင်တယ်။ ဆေးတစ်လုံးက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ရာထိုက်တန်တယ်။

အလယ်ဆင့်နတ်ဘုရားအတတ်တွေထုတ်ဖော်ရတာက နတ်ဘုရားစွမ်းအားတွေများစွာ ကုန်ဆုံးပြီး အရေးပေါ်အသုံးအတွက် လီဖူချန်းက ဆေးအချို့ကို ဝယ်ခဲ့ရတယ်။

"နတ်ဘုရားပေါင်းစပ်ခြင်းဆေးလဲ မဆိုးပါဘူး။ ၎င်းက နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားတို့ရဲ့ပေါင်းစပ်မှုကို တိုးမြင့်စေနိုင်တယ်"

အသက်တစ်ခါရှုအချိန်အတွင်း လီဖူချန်းက ကြယ်၂လုံးနတ်ဘုရားဆေးအချို့ကို ဝယ်ယူခဲ့တယ်။

"အမ်။ နတ်ဘုရားစိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်တဲ့ နတ်ဘုရားဆေးတစ်မျိုးလား"

ဒုတိယအထပ်ရဲ့အတွင်းပိုင်းမှာ လီဖူချန်းက ခရမ်းရောင်ဝိညာဉ်ဆေးလို့ခေါ်တဲ့ကြယ်၂လုံးနတ်ဘုရားဆေးတစ်မျိုးကို ရှာတွေ့ခဲ့တယ်။ ၎င်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးသုံးထောင်ကျသင့်တယ်။

"ဝယ်သူခင်ဗျား၊ ဒီ ခရမ်းရောင်ဝိညာဉ်ဆေးက မကြာသေးတဲ့နှစ်တွေကမှ ငါတို့နတ်ဘုရားဆေးအိမ်တော်က ထုတ်လုပ်ထားတဲ့နတ်ဘုရားဆေးအသစ်တစ်ခုပဲ။ ၎င်းကို သုံးစွဲပြီးရင် စိတ်ဝိညာဉ်ကို အားဖြည့်ပေးရုံသာမက နယ်ပယ်တွေကို ချိုးဖြတ်ရာမှာလဲ သေချာပေါက် သက်ရောက်မှုရှိတယ်" မီးခိုးရောင်ဆံပင်နဲ့လူအိုကြီးတစ်ယောက်က မိတ်ဆက်လိုက်တယ်။

"နတ်ဘုရားစိတ်ဝိညာဉ်ရဲ့အဆင့်ကိုရော တိုးစေနိုင်လား" လီဖူချန်းက မေးလိုက်တယ်။

ဒါကို ကြားပြီး မီးခိုးရောင်ဝတ်အကြီးအကဲက ပြုံးကာ ပြောလိုက်တယ်"မင်း ဟာသလုပ်နေတာပဲ။ နတ်ဘုရားစိတ်ဝိညာဉ်အဆင့်ကို တိုးမြင့်စေနိုင်တဲ့နတ်ဘုရားဆေးတစ်ခုက တန်ဖိုးမဖြတ်နိုင်ဘူးလေ။ ခရမ်းရောင်ဝိညာဉ်ဆေးက တစ်စုံတစ်ယောက်ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို အားဖြည့်နိုင်ပေမယ့် ၎င်းရဲ့အကန့်အသတ်က အဆင့်မြင့်နတ်ဘုရားအထွတ်အထိပ်ဖြစ်တယ်"

"ကောင်းပြီ၊ ငါ့ကို ဒီဆေးငါးလုံးပေးပါ" ခရမ်းရောင်စိတ်ဝိညာဉ်ဆေးက သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်အပေါ် သက်ရောက်မှုရှိသလားကို လီဖူချန်းက မြင်ချင်ခဲ့တယ်။

…

စားသောက်ဆိုင်ရဲ့သီးသန့်ခန်းထဲမှာ။

"ဒါ တကယ် ထိရောက်တာပဲ"

ရွှေရောင်အဆောင်နဲ့အတူ သူက ခရမ်းရောင်စိတ်ဝိညာဉ်ဆေးရဲ့ဆေးစွမ်းအင်ကို အပြည့်အဝသန့်စင်နိုင်ပြီး စိတ်ဝိညာဉ်အတွက် အသုံးဝင်တဲ့အစိတ်အပိုင်းကိုသာ စုပ်ယူနိုင်တယ်။

ဒါပေမယ့် သက်ရောက်မှုက အားနည်းလွန်းတယ်။ မဟုတ်ဘူး၊ အဲဒါက ငါ့ရဲ့စိတ်ဝိညာဉ်က အဆင့်မြင့်လွန်းတာကြောင့်ပဲ။

လီဖူချန်းရဲ့စိတ်ဝိညာဉ်က အစစ်အမှန်နတ်ဘုရားအဆင့်မှာ သေချာပေါက် ရှိတယ်။ ခရမ်းရောင်စိတ်ဝိညာဉ်ဆေးက ကြယ်၂လုံးနတ်ဘုရားတစ်ခုသာဖြစ်ပြီး အစစ်အမှန်နတ်ဘုရားအဆင့်အောက်ကိုပဲ သက်ရောက်တယ်။

"ကြည့်ရတာ ငါ့ရဲ့စိတ်ဝိညာဉ်တိုးတက်ဖို့ဆိုရင် အနည်းဆုံးကြယ်သုံးလုံးနတ်ဘုရားဆေးပင်ဒါမှမဟုတ်ကြယ်သုံးလုံးနတ်ဘုရားဆေးကို လိုအပ်ပုံပဲ"

လီဖူချန်းက သူ့ရာသူတွေးလိုက်တယ်။

တစ်ခုခုကို အမှတ်ရသွားပြီး လီဖူချန်းက နတ်ဘုရားဆေးပင်လက်စွဲစာအုပ်တစ်အုပ်ကို ဝယ်ဖို့ သွားခဲ့တယ်။

ဒီနတ်ဘုရားဆေးပင်လက်စွဲစာအုပ်က အရမ်းဆန်းကြယ်တယ်။ စာမျက်နှာတိုင်းမှာ နတ်ဘုရားဆေးပင်ပုံတစ်ပုံရှိတယ်။

"ငွေရောင်မျက်လုံးဆေး၊ ကြယ်သုံးလုံးနတ်ဘုရားမြက်။ သုံးစွဲခြင်းက အမြင်အာရုံနဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို အကြီးအကျယ် တိုးမြင့်စေနိုင်တယ်။ တိကျတဲ့ပမဏတစ်ခုအထိသုံးစွဲခြင်းက ငွေရောင်မျက်လုံးမွေးရာပါစွမ်းရည်ကို ဖွံ့ဖြိုးဖို့ အခွင့်အရေးတစ်ခုရစေပြီး အမြင်အာရုံကို အဆတစ်ရာတိုးစေတယ်"

"အနီရောင်စိတ်ဝိညာဉ်ဆေးပင်။ ကြယ်သုံးလုံးနတ်ဘုရားဆေးပင်။ အသုံးပြုခြင်းက နတ်ဘုရားစိတ်ဝိညာဉ်ကို အကြီးအကျယ်တိုးတက်စေတယ်။  ၎င်းက အစစ်အမှန်နတ်ဘုရားတွေအတွက်လဲ သက်ရောက်မှုရှိတယ်"

"မီးတောက်နေမြင့်တက်စိတ်ဝိညာဉ်ဆေးပင်၊ ကြယ်လေးလုံးနတ်ဘုရားဆေးပင်။ အဆင့်နိမ့်နတ်ဘုရားတစ်ယောက်သုံးစွဲရင် နတ်ဘုရားစိတ်ဝိညာဉ်ကို အဆင့်မြင့်နတ်ဘုရားအဆင့်သို့ တိုးမြင့်စေနိုင်တယ်။ အဆင့်မြင့်နတ်ဘုရားတစ်ယောက်သုံးစွဲခြင်းက နတ်ဘုရားစိတ်ဝိညာဉ်ကို အကြိုအစစ်အမှန်နတ်ဘုရားအဆင့်သို့ ဆင့်ကဲပြောင်းလဲဖို့ အခွင့်အလမ်းတစ်ခုကို ပေးတယ်"

နတ်ဘုရားဆေးပင်လက်စွဲစာအုပ်ထဲမှာ ဖော်ပြထားတံ့နတ်ဘုရားဆေးပင်တွေ များစွာရှိတယ်၊ ဒါပေမယ့် နတ်ဘုရားဆေးပင်တွေရဲ့အမြင့်ဆုံးအဆင့်က ကြယ်လေးလုံးသာဖြစ်တယ်။

နတ်ဘုရားစိတိဝိညာဉ်ကို တိုးမြင့်ဖို့ ပြင်ပပစ္စည်းတွေအပေါ်မှာပဲ မှီခိုတာက အလွန်ခက်ခဲတယ်ဆိုတာ လီဖူချန်းက သဘောပေါက်ခဲ့တယ်။

အဆင့်မြင့်နတ်ဘုရားတွေအတွက်တောင် ဒိီလိုဆိုရင် အစစ်အမှန်နတ်ဘုရားတွေအတွက် သူတို့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို တိုးမြှင့်ဖို့က အဆတစ်ရာဒါမှမဟုတ်တစ်ထောင်ပိုခက်ခဲလိမ့်မယ်။

ရွှေရောင်အဆောင်ကြောင့်ပဲ လီဖူချန်းက သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို တိုးမြင့်နိုင်ခဲ့တာ။

ရွှေရောင်အဆောင်က အလွန်ဆန်းကြယ်ပြီး သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို အဆက်မပြတ်အားဖြည့်ပေးနေတာလေ။

ဒါ့အပြင် ရွှေရောင်အဆောင်က ဆေးစွမ်းအင်ကို သန့်စင်နိုင်ပြီး မသန့်စင်မှုတွေကို ဖယ်ရှားနိုင်တယ်။

အခြားသူတွေက သူတို့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်တွေကို တိုးမြှင့်ဖို့ နတ်ဘုရားဆေးပင်နဲ့ဆေးတွေကို အသုံးပြုတဲ့အခါ မသန့်စင်မှုအချို့က နတ်ဘုရားစိတ်ဝိညာဉ်ထဲမှာ ကျန်ခဲ့လိမ့်မယ်။ ဒါက အချိန်တိုအတွင်းမှာတော့ အဆင်ပြေနိုင်ပေမယ့် အချိန်ကြာသွားရင် ကြီးမားတဲ့အကျိုးသက်ရောက်မှုတစ်ခုဖြစ်လာလိမ့်မယ်။

"မီးတောက်နေမြင့်တက်စိတ်ဝိညာဉ်ဆေးပင်ကို ရှာတွေ့ဖို့က ခက်ခဲလွန်းတယ်။ အနီရောင်စိတ်ဝိညာဉ်ဆေးပင်ကို အနီရောင်စိတ်ဝိညာဉ်‌တောင်မှာ တွေနိုင်တယ်"

အနီရောင်စိတ်ဝိညာဉ်တောင်က ကြယ်နှစ်လုံးအန္တရယ်နယ်မြေတစ်ခုဖြစ်တယ်။

ကြယ်နှစ်လုံးအန္တရယ်နယ်မြေတစ်ခုလို့ခေါ်ရခြင်းက အဆင့်မြင့်နတ်ဘုရားတွေကို ခြိမ်းခြောက်နိုင်လို့ပဲ။

"အနီရောင်စိတ်ဝိညာဉ်တောင်ကို သွားဖို့ အဖွဲ့တစ်ခု ဖွဲ့နေတယ်။ ငါတို့က လက်ရှိမှာ ............"

"အဖွဲ့ဝင်ငါးဆယ်ပါအဖွဲ့ကို လေနတ်ဘုရားက ဦးဆောင်မယ်။ ငါတို့က လောလောဆယ်သုံးယောက်လိုနေတယ်"

မြို့ဂိတ်ပေါက်မှာ အကြိုနတ်ဘုရားတွေက ‌အော်နေတာကို လီဖူချန်းက ကြားလိုက်ရတယ်။

သူက သာမန်အကြိုနတ်ဘုရားတစ်ယောက်ဆိုရင် လီဖူချန်းက အဖွဲ့တစ်ခုဖွဲ့မှာပါ။ တကယ်တော့ အနီရောင်စိတ်ဝိညာဉ်တောင်က အန္တရာယ်များလွန်းပြီး အဖွဲ့တစ်ခုဖွဲ့တာက ပိုဘေးကင်းတယ်လေ။ ဒါပေမယ့် သူ့ခွန်အားက အလယ်ဆင့်နတ်ဘုရားတွေထက်သာလွန်ပြီး ဒီအလယ်ဆင့်နတ်ဘုရားတွေနဲ့ အဖွဲ့တစ်ခုဖွဲ့တာက သူ့ကိုသာ ဆွဲချပါလိမ့်မယ်။

"အမ၊ လေနတ်ဘုရားက အဖွဲ့ကို ဦးဆောင်နေတယ်။ မြန်မြန်သွားကြရအောင်"

လီဖူချန်းဘေးနားရှိမောင်နှမနှစ်ယောက်ရဲ့မျက်လုံးတွေက လင်းလက်သွားပြီး သူတို့က လျင်မြန်စွာ သွားလိုက်တယ်။

"ဒီလေနတ်ဘုရားက အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးနိုင်တယ်။ သူ့ခွန်အားက အတော်လေးကောင်းတာပဲ"

လီဖူချန်းက လေနတ်ဘုရားရဲ့နာမည်ကို ကြားခဲ့တယ်။

လေနတ်ဘုရားက အလယ်ဆင့်နတ်ဘုရားအတတ်ကို ဖန်တီးနိုင်တဲ့ ခရမ်းရောင်လမြို့ရှိအလယ်ဆင့်နတ်ဘုရားအနည်းငယ်ထဲကတစ်ယောက်ဖြစ်တယ်။ အဆင့်မြင့်နတ်ဘုရားတစ်ယောက်ကတောင် သူ့ကို အထင်မသေးရဲဘူး။

ခေါင်းခါယမ်းလျက် လီဖူချန်းက လျင်မြန်စွာ ထွက်သွားတယ်။

…

အနီရောင်စိတ်ဝိညာဉ်တောင်မှာ အဆင့်နိမ့်နတ်ဘုရားသားရဲတွေမရေမတွက်နိုင်စွာ ရှိတယ်။

အနီရောင်စိတ်ဝိညာဉ်တောင်ရှိအဆင့်နိမ့်နတ်ဘုရားသားရဲတွေက ပုံမှန်အားဖြင့် အုပ်စုဖွဲ့ကာ နေထိုင်ကြတယ်။

ကြီးမားတဲ့နတ်ဘုရားသားရဲအုပ်စုနဲ့ ရင်ဆိုင်မိရင် အားကောင်းတဲ့အလယ်ဆင့်နတ်ဘုရားတစ်ယောက်ကတောင် အလွန်ဒုက္ခရောက်ပေလိမ့်မယ်။ ဝိုင်းရံခြင်းခံရလိုက်တာနဲ့ နတ်ဘုရားစွမ်းအားက အကြီးအကျယ်လျော့ကျသွားပေလိမ့်မယ်။

ဒါကြောင့်လဲ လူတိုင်းက အဖွဲ့ဖွဲ့ကာ အနီရောင်စိတ်ဝိညာဉ်တောင်ကို ဝင်ဖို့ ရွေးချယ်ရခြင်းဖြစ်တယ်။

ဒါပေမယ့် နတ်ဘုရားသားရဲတွေက အားနည်းသူကို အနိုင်ကျင့်ပြီး သန်မာသူကို ကြောက်ရွံ့ကြတယ်။

သူတို့ရဲ့မျက်လုံးထဲမှာ လီဖူချန်းက အဆင့်မြင့်နတ်ဘုရားတစ်ယောက်နဲ့တူတဲ့တည်ရှိမှုတစ်ခုဖြစ်ပြီး သွားနှောင့်ယှက်လို့မရဘူး။

သူ့ရဲ့ပစ်မှတ်က အနီရောင်စိတ်ဝိညာဉ်ဆေးပင်ဖြစ်တယ်။

ရိုးတံတစ်ခု၊ ရိုးတံနှစ်ခု........

နတ်ဘုရားစွမ်းအားအညွှန်းကိန်းတစ်သောင်းကျော်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှု၂၈ရာခိုင်နှုန်းနဲ့အတူ လီဖူချန်းရဲ့ကင်းထောက်အကွာအဝေးက အလွန်ကျယ်ပြန့်ကာ သာမန်အဆင့်မြင့်နတ်ဘုရားတွေထက် မနိမ့်ကျဘူး။ တစ်လကြာပြီးနောက် လီဖူချန်းက အနီရောင်စိတ်ဝိညာဉ်ဆေးပင်ရဲ့ရိုးတံလေးခုကို ရှာတွေ့ခဲ့တယ်။

နေရာတစ်ခုကို ရှာပြီးနောက် လီဖူချန်းက အနီရောင်စိတ်ဝိညာဉ်ဆေးပင်ရဲ့ပထမဆုံးရိုးတံကို သုံးစွဲလိုက်တယ်။

ရွှေရောင်အဆောင်ရဲ့ပြောင်းလဲပေးမှုနဲ့အတူ အနီရောင်စိတ်ဝိညာဉ်ဆေးပင်ရဲ့ဆေးသက်ရောက်မှုအားလုံးကို အဆုံးစွန်းအထိ သန့်စင်ခဲ့တယ်။ အဲဒီလိုဆိုရင် ဆေးသက်ရောက်မှုပမာဏက ပိုနည်းပေမယ့် အလုံးစုံသက်ရောက်မှုက ပိုသန်မာတယ်လို့ လီဖူချန်းက ခံစားရတယ်။

အနီရောင်စိတ်ဝိညာဉ်ဆေးပင်ရဲ့ရိုးတံလေးခုကို သုံးစွဲပြီးနောက် အနီရောင်ဖျော့ဖျော့နတ်ဘုရားစိတ်ဝိညာဉ်က အနီရောင်ပြောင်းလာတယ်။

"ဒီနှုန်းအတိုင်းဆိုရင် နတ်ဘုရားစိတ်ဝိညာဥ်ကို အနီရောင်‌ဖျော့ဖျော့မှ အနီရောင်သို့ ပြောင်းလဲဖို့ အနီရောင်စိတ်ဝိညာဉ်ဆေးပင်ရဲ့ရိုးတံတစ်ရာလောက် အနည်းငယ်လိုအပ်မယ်"

လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။

အနီရောင်စိတ်ဝိညာဉ်တောင်တစ်ခုလုံးမှာတောင် ဒီလောက်များတဲ့အနီရောင်စိတ်ဝိညာဉ်ဆေးပင်တွေ မရှိပါဘူး။

ပုံမှန်အတိုင်းပဲ၊ လီဖူချန်းက သူ့ရဲ့နတ်ဘုရားစွမ်းအားကို ထုတ်လွှတ်ကာ အနီရောင်စိတ်ဝိညာဉ်ဆေးပင်ကို ဂရုတစိုက်ရှာဖွေခဲ့တယ်။

"အမ်။ ခရမ်းနီရောင်စိတ်ဝိညာဉ်ဆေးပင်လား"

လီဖူချန်းရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။

အဆဝးရှိမိုင်တစ်ထောင်အကွာမှာ သူက ခရမ်းနီရောင်စိတ်ဝိညာဉ်ဆေးပင်ကို တွေ့လိုက်ရတယ်။

"သန္ဓေပြောင်းအနီရောင်စိတ်ဝိညာဉ်ဆေးပင်များလား"

ဒိအနီရောင်စိတ်ဝိညာဉ်ဆေးပင်က သာမန်အနီရောင်စိတ်ဝိညာဉ်ဆေးပင်တွေထက် အဆဒါဇင်ကျော်ပိုသာလွန်တဲ့ ချီလှိုင်းတစ်ခုကို ထုတ်လွှတ်‌နေမှန်း လီဖူချန်းက ခံစားနိုင်တယ်။

ဒါပေမယ့် ခရမ်းနီရောင်စိတ်ဝိညာဉ်ဆေးပင်ရဲ့ဘေးနားမှာ ထိတ်လန့်တုန်လှုပ်စရာတိုက်ပွဲတစ်ခုက ဖြစ်ပွားနေတယ်။

အလယ်ဆင့်နတ်ဘုရားအဖွဲ့တစ်ဖွဲ့နဲ့ အလယ်ဆင့်နတ်ဘုရားသားရဲတစ်ကောင်ကြားတိုက်ပွဲပါပဲ။

အလယ်ဆင့်နတ်ဘုရားအဖွဲ့မှာ အဖွဲ့ဝင်ငါးဆယ်နီးပါးရှိတယ်။ ဒီလိုကြီးမားတဲ့အလယ်ဆင့်နတ်ဘုရားအဖွဲ့တစ်ဖွဲ့ကို အခြေခံအားဖြင့် အနီရောင်စိတ်ဝိညာဉ်တောင်မှာ မရပ်တန့်နိုင်ပါဘူ။

အလယ်ဆင့်နတ်ဘုရားသားရဲက ခေါင်းသုံးလုံးဧရာမစပါးအုံးမြွေဖြစ်တယ်။

ဒီခေါင်းသုံးလုံးဧရာမမြွေက အနီရောင်စိတ်ဝိညာဉ်တောင်ရှိအားနည်းတဲ့ခေါင်းသုံးလုံးမိုးကြိုးစပါးအုံးတစ်ကောင်ဆိုတာ လီဖူချန်းက သိတယ်။

ခေါင်းသုံးလုံးမိုးကြိုးစပါးအုံးရဲ့ခေါင်းသုံးလုံးက မိုးကြိုးသွားတွေ၊ ဟာရီကိန်းတွေ၊ လက်သည်းတိုက်ခိုက်မှုတွေကို ပစ်လွှတ်နိုင်တယ်။

အားနည်းတယ်လို့ဆိုရတဲ့အကြောင်းရင်းကတော့ ခေါင်းသုံးလုံးမိုးကြိုးစပါးအုံးရဲ့ခံစစ်က အတော်လေးအထိခိုက်မခံဖြစ်ကာ အခြားအလယ်ဆင့်နတ်ဘုရားသားရဲတွေလောက် ဘက်စုံမရပါဘူး။

ဒါပေမယ့် အလယ်ဆင့်နတ်ဘုရားသားရဲက အဆုံးမှာတော့ အလယ်ဆင့်နတ်ဘုရားသားရဲပါပဲ။ တစ်ယောက်ချင်းစီမှာ အလယ်ဆင့်နတ်ဘုရားတစ်ယောက်က အလယ်ဆင့်နတ်ဘုရားသားရဲ‌တစ်ကောင်အတွက် ပြိုင်ဘက်မဟုတ်ဘူး။ အလယ်ဆင့်နတ်ဘုရားအတတ်ကိုဖန်တီးခဲ့တဲ့အလယ်ဆင့်နတ်ဘုရားတစ်ယောက်ကတောင် ခေါင်းသုံးလုံးမိုးကြိုးစပါးအုံးနဲ့ ယှဉ်နိုင်ရုံမျှဖြစ်ပြီး အနိုင်ယူဖို့ မဖြစ်နိုင်ပါဘူး။

"အားလုံးပဲ၊ ဒီသ‌န္ဓေပြောင်းအနီရောင်စိတ်ဝိညာဉ်ဆေးပင်ကို ရပြီးရင် ငါ၊ လေနတ်ဘုရားက ကျန်ရှိတဲ့ဆုလာဒ်တွေကို ခွဲဝေတဲ့အခါမှာ မပါဝင်‌တော့ဘူး။ ထပ်ပြောရရင် မင်းတို့ထဲကတစ်ဝက်ကျော်က အနီရောင်စိတ်ဝိညာဉ်တောင်က မထွက်ခွာချင်ရင် ငါလဲ ထွက်သွားမှာ မဟုတ်ဘူး"

သန္ဓေပြောင်းအနီရောင်စိတ်ဝိညာဉ်ဆေးပင်ကို အရယူဖို့ လေနတ်ဘုရားက ဆုံးဖြတ်ထားတယ်။

သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အလယ်ဆင့်နတ်ဘုရားအဆင့်ကို ရောက်ရှိပြီးဆိုပေမယ့် အလယ်ဆင့်နတ်ဘုရားအထွတ်အထိပ်အခြေအနေမှ ဝေးကွာနေသေးတယ်။

နတ်ဘုရားစိတ်ဝိညာဉ်က ပိုသန်မာလေ၊ တိုးတက်ဖို့က ပိုလွယ်ကူလေပါပဲ။

ဒီသ‌န္ဓေပြောင်းအနီရောင်စိတ်ဝိညာဉ်ဆေးပင်က ကြယ်လေးလုံးနတ်ဘုရားဆေးပင်ဖြစ်တဲ့မီးတောက်နေမြင့်တက်စိတ်ဝိညာဉ်ဆေးပင်နဲ့ မယှဉ်နိုင်ပေမယ့် သိပ်မကွာပါဘူး။ ဒါနဲ့ဆိုရင် သူက ဆယ်နှစ်အတွင်းမှာ အဆင့်မြင့်နတ်ဘုရားအဆင့်ကို မြင့်တက်ဖို့ ယုံကြည်ချက်ရှိတယ်။

အားလုံးက လှိုက်လှိုက်လဲလဲတုံ့ပြန်ခဲ့ကြတယ်။ သန္ဓေပြောင်းအနီရောင်စိတ်ဝိညာဉ်ဆေးပင်က သူတို့မျှော်လင့်နိုင်တဲ့အရာမဟုတ်ဘူးဆိုတာ သူတို့က သိတယ်။ သူတို့က လေနတ်ဘုရားရဲ့အဖြေအတွက် အရမ်းကျေနပ်ပါတယ်။

တိုက်ပွဲက ပြင်းထန်တယ်။ လေနတ်ဘုရားက သူ့ရဲ့အလယ်ဆင့်နတ်ဘုရားအတတ်ကို မကြာခဏထုတ်ဖော်ခဲ့တာတောင် သူက ခေါင်းသုံးလုံး‌မိုးကြိုးစပါးအုံးနဲ့ တိုက်ခိုက်နိုင်ရုံမျှပဲ။ သူ့မှာ အလယ်ဆင့်နတ်ဘုရားလေးဆယ်ကျော်ရှိတာ ကံကောင်းသွားတယ်။

အလယ်ဆင့်နတ်ဘုရားလေးဆယ်ကျော်ပူးပေါင်းမှုနဲ့အတူ ခေါင်းသုံးလုံးမိုးကြိုးစပါးအုံးရဲ့အားနည်းတဲ့ခံစစ်က ဒဏ်ရာတွေနဲ့ တဖြည်းဖြည်းပြည့်နှက်သွားတယ်။ ၎င်းရဲ့တိုက်ခိုက်မှုများစွာကို လေနတ်ဘုရားက တားဆီးခဲ့ပြီး သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုကသာ လူအုပ်ကြီးအပေါ် ကျရောက်ခဲ့တယ်။ အဲဒါက ထိရောက်တဲ့တိုက်ခိုက်မှုတစ်ခုကို မဖြစ်စေနိုင်ပါဘူး။

ဒါပေမယ့် ဒီလိုဆိုပေမယ့် ဒဏ်ရာအပြင်းအထန်ရတဲ့အလယ်ဆင့်နတ်ဘုရားအနည်းငယ်ရှိပြီး အားပြန်ဖြည့်ဖို့ အဝေးသို့ ဆုတ်သွားခဲ့ကြတယ်။

"ဘယ်သူလဲ"

နှစ်ဖက်လုံးက တိုက်ခိုက်နေစဉ်မှာ အရိပ်တစ်ခုက သန္ဓေပြောင်းအနီရောင်စိတ်ဝိညာဉ်ဆေးပင်ရဲ့ဘေးနားမှာ ရုတ်တရက် ထွက်ပေါ်လာတယ်။ လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ သန္ဓေပြောင်းအနီရောင်စိတ်ဝိညာဉ်ဆေးပင်က ပျောက်သွားတယ်။

အနေအထားကို မြင်ပြီး လေနတ်ဘုရားနဲ့ခေါင်းသုံးလုံးမိုးကြိုးစပါးအုံးတို့က ဒေါသထွက်သွားတယ်။

သူတို့က ဒီသန္ဓေပြောင်းအနီရောင်စိတ်ဝိညာဉ်ဆေးပင်အတွက် သေမတတ်တိုက်ခိုက်နေရပေမယ့် တစ်ဖက်လူက သူတို့ရဲ့ပစ္စည်းကို အလစ်သုတ်ခဲ့တာပဲ။

"လေဒြပ်စင်ခုတ်ချက်"

လေနတ်ဘုရားက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ ကြောက်စရာကောင်းတဲ့အစိမ်းရောင်လေဓားသွားတစ်ခုက ပျံ့နှံ့လာတယ်။ ချက်ချင်းပဲ၊ ဟင်းလင်းပြင်ထဲမှာ အက်ကွဲသံတစ်ခုဖြစ်လာတယ်။

အခြားတစ်ဘက်မှာ ခေါင်းသုံးလုံးမိုးကြိုးစပါးအုံးက မိုးကြိုးဘောလုံးတစ်လုံး၊ ဟာရီကိန်းတစ်ခု၊ ရေခဲလှံတစ်ခုကို ထွေးထုတ်လိုက်တယ်။ တိုက်ခိုက်မှုသုံးမျိုးက ပေါင်းစပ်ကာ မိုးပမာ ရွာကျလာတယ်။

ခေါင်းကို မော့လျက် လီဖူချန်းက ဓားချီတစ်ခုကို ထုတ်ဖော်လိုက်တယ်။

ဝုန်း အုန်း.......

လေနတ်ဘုရားရဲ့အလယ်ဆင့်နတ်ဘုရားအတတ်ဖြစ်တဲ့လေဒြပ်စင်ခုတ်ချက်ဖြစ်‌စေဒါမှမဟုတ်ခေါင်းသုံးလုံးမိုးကြိုးစပါးအုံးရဲ့တိုက်ခိုက်မှုတွေဖြစ်စေ၊ သူတို့အားလုံးက လီဖူချန်းရဲ့ဓားချီနဲ့အတွေ့မှာ လွင့်မျောနေတဲ့တိမ်ပမာပါပဲ။ လေတစ်ချက်တိုက်ခိုက်လိုက်ရာ သူတို့က မီးခိုးငွေ့ပမာ ပျောက်ကွယ်သွားတော့တယ်။

အရာအားလုံးကို ပြုလုပ်ပြီးနောက် လီဖူချန်းက သက်သောင့်သက်သာနဲ့ ထွက်ခွာသွားတယ်။

လေနတ်ဘုရားနဲ့ခေါင်းသုံးလုံးမိုးကြိုးစပါးအုံးတို့က သူ့ကို ထပ်မတားဆီးရဲတော့ပါဘူး။

All Chapters