← Chapters

လှိုင်းသားရဲ

Vol. 78 Ch. 1099

လှိုင်းသားရဲ

Vol. 78 Ch. 1099

"ဒီလိုစွမ်းအား"

လူအုပ်ထဲမှာ မောင်နှမနှစ်‌ယောက်က အလွန်အံ့အားသင့်သွားတယ်။

လေနတ်ဘုရားနဲ့ခေါင်းသုံးလုံးမိုးကြိုးစပါးအုံးမွေတို့ရဲ့တိုက်ခိုက်မှုတွေကို တစ်ချက်တည်းနဲ့ ချိုးဖြတ်တာက သာမန်အဆင်မြင့်နတ်ဘုရားတွေတောင် မလုပ်နိုင်တဲ့အရာပဲ........

ဒါပေမယ့် သူတို့က လီဖူချန်းကို ခရမ်းရောင်လမြို့ရဲ့လမ်းပေါ်မှာ မြင်ခဲ့တယ်မလား။

…

"သန္ဓေပြောင်းအနီရောင်စိတ်ဝိညာဉ်ဆေးပင်ဆိုတာ အံ့ဩစရာမရှိဘူးပဲ။ ဆေးသက်ရောက်မှုက သာမန်အနီရောင်စိတ်ဝိညာဉ်ဆေးပင်တွေထက် ဆယ်ဆပိုကောင်းတယ်"

ခရမ်းနီရောင်စိတ်ဝိညာဉ်ဆေးပင်ကို သုံးစွဲပြီးနောက် လီဖူချန်းနတ်ဘုရားစိတ်ဝိညာဉ်ရဲ့သုံးဆယ်ရာခိုင်နှုန်းက အနီရောင်ပြောင်းသွားတယ်။ သူက နောက်ထပ်ရိုးတံနှစ်ခုသုံးခုလောက်ကို သုံးစွဲခဲ့ရင် သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အနီရောင်ဖျော့ဖျော့မှ အနီရောင်ပြောင်းဖို့က ပြဿနာတစ်ခုမဟုတ်တော့ဘူး။

"အဲလောက်များတဲ့သန္ဓေပြောင်းအနီရောင်စိတ်ဝိညာဉ်ဆေးပင်တွေရှိနိုင်ပါ့မလား"

လီဖူချန်းက အနီရောင်စိတိဝိညာဉ်‌တောင်ပေါ်မှာပဲ ရက်အနည်းငယ်ကြာနေထိုင်ဖို့ စီစဉ်ထားတယ်။

…

အုန်း အုန်း အုန်း.......

အနီရောင်စိတ်ဝိညာဉ်တောင်ရဲ့အနက်ပိုင်းထဲမှာ လူတစ်ယောက်နဲ့သားရဲတစ်ကောင်က အသည်းအသန်တိုက်ခိုက်နေတယ်။

"အရူးနတ်ဘုရား၊ မင်း အနီရောင်စိတ်ဝိညာဉ်တောင်ရဲ့အနက်ပိုင်းထဲကို ခြေမချသင့်ဘူး" ပြောလိုက်တဲ့သူက ကြောင်တစ်ကောင်နဲ့တူတဲ့အမြီးရှစ်ချောင်းနတ်ဘုရားကျားသစ်တစ်ကောင်ဖြစ်တယ်။ ဒါပေမယ့် ၎င်းက ကြောင်းတစ်ကောင်ထက် အဆများစွာပိုကြီးပြီးပိုရက်စက်တယ်။

၎င်းလဲ အဆင့်မြင့်နတ်ဘုရားသားရဲတစ်ကောင်ဖြစ်ပေမယ့် အမြီးရှစ်ချောင်းနတ်ဘုရားကျားသစ်က ခေါင်းသုံးလုံးမိုးကြိုးစပါးအုံးထက် ပိုသန်မာရုံတာမက ၎င်းရဲ့ခံစစ်က ပိုတောင် ထူးကဲတယ်။ ၎င်းရဲ့ခန္ဓာကိုယ်ပေါ်ရှိသားမွေးတွေက တိုက်ခိုက်မှုမျိုးစုံလုံးကို လမ်းလွဲသွားစေနိုင်တယ်၊ တိုက်ခိုက်မှုတွေကို သေရေးရှင်ရေးအခြေအနေမှာ တားဆီးဖို့ အမြီးရှစ်ချောင်းကို ပြောင်းလဲနိုင်တယ်။ ၎င်းကို တိုက်စစ်နဲ့ခံစစ်ပူးပေါင်းမှုတစ်ခုလို့ စဉ်းစားနိုင်တယ်။

"ငါ ဒီအနီရောင်စိတ်ဝိညာဉ်တောင်မှာ ကြိုက်သလိုသွားနိုင်လာနိုင်တယ်။ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ" လီဖူချန်းက သူ့ဓားအလင်းကို ဝှေ့ယမ်းကာ အမြီးရှစ်ချောင်းနတ်ဘုရားကျားသစ်ရဲ့တိုက်ခိုက်မှုကို အလွယ်တကူပိတ်ဆို့နိုင်တယ်။

"ကောင်းတယ်၊ ကောင်းတယ်။ ဒီနေ့၊ ငါ အမြီးရှစ်ချောင်းနတ်ဘုရားကျားသစ်က မင်းကို စားရတဲ့အထိ မရပ်ဘူးကွ"

အမြီးရှစ်ချောင်းနတ်ဘုရားကျားသစ်ရဲ့အမြီးက ကြီးမားလာပြီး ကောင်းကင်ကို ဖုံးအုပ်သွားတယ်။

"အမြီးရှစ်ချောင်းနတ်ဘုရားကျားသစ်ရဲ့ခွန်အားကို အထင်သေးလို့မရဘူး။ သူနဲ့ ရင်ဆိုင်ဖို့ မလိုဘူး"

လီဖူချန်းနဲ့အမြီးရှစ်ချောင်းနတ်ဘုရားကျားသစ်ကြားတိုက်ပွဲဖြစ်ရတဲ့အကြောင်းရင်းကတော့ လီဖူချန်းက အမြီးရှစ်ချောင်းနတ်ဘုရားကျားသစ်ရဲ့ပိုင်နက်ကို ဝင်ရောက်ခဲ့တာကြောင့်ပဲ။

အနီရောင်စိတ်ဝိညာဉ်တောင်မှာ အဆင့်မြင့်နတ်ဘုရားသားရဲစုစုပေါင်းဆယ်ကောင်ရှိပြီး တစ်ကောင်စီမှာ သူတို့ရဲ့ကိုယ်ပိုင်ပိုင်နက်ရှိတယ်။

အစက လီဖူချန်းက အတင်းမဝင်ချင်ပါဘူး၊ ဒါပေမယ့် ဒီအဆင့်မြင့်နတ်ဘုရားသားရဲတွေရဲ့ပိုင်နက်က အရင်းအမြစ်တွေနဲ့ ပေါကြွယ်ဝလွန်းတယ်လေ။

"အချိန်တောင်ပံ"

ဓားတာအိုလိုပဲ လီဖူချန်းရဲ့နေရာလပ်အချိန်တာအိုကလဲ အလယ်ဆင့်နတ်ဘုရားအဆင့်ကို ရောက်ရှိခဲ့တယ်။ နေရာလပ်အချိန်နတ်ဘုရားစွမ်းအားက ဓားတာအိုနတ်ဘုရားစွမ်းအားနဲ့ မယှဉ်နိုင်ပေမယ့် မြန်နှုန်းအရ ၎င်းက သေချာပေါက်သာလွန်တယ်။

ဒီအချိန်တောင်ပံတွေက လီဖူချန်းဖန်တီးခဲ့တဲ့အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုပဲ။

ဖောက်ထွင်းမြင်နိုင်တဲ့တောင်ပံတစ်စုံက လီဖူချန်းရဲ့နောက်ကျောမှာ ထွက်ပေါ်လာတယ်။ တောင်ပံတွေလက်သွားပြီး လီဖူချန်းက ချက်ချင်း ပျောက်ကွယ်ကာ မိုးကုတ်စက်ဝိုင်းမှာ ပြန်ထွက်ပေါ်လာတယ်။

၎င်းကို ကြည့်ရတာ မီးရောင်လက်နေသလိုပဲ။

"နေရာလပ်-အချိန်နတ်ဘုရားအတတ်လား"

အမြီးရှစ်ချောင်းနတ်ဘုရားကျားသစ်က မလိုက်ခဲ့ပါဘူး။ သူ မဖမ်းနိုင်ဘူးဆိုတာ သူ သိတယ်။

နေရာလပ်အချိန်နတ်ဘုရားအတတ်ကို ကျွမ်းကျင်တဲ့နတ်ဘုရားတစ်ယောက်နဲ့ ရင်ဆိုင်ရရင် သူက ရန်သူထက် အဆဒါဇင်ကျော်ပိုမသန်မာဘဲနဲ့ ရန်သူကို ရပ်တန့်ဖိ့ မဖြစ်နိုင်ဘူး။

…

လီဖူချန်းက အ‌ဆင့်မြင့်နတ်ဘုရားသားရဲပိုင်နက်ငါးခုအထိ သွားခဲ့ပြီးပြီ။ အခြားငါးခုကိုတော့ သူတို့က ရန်ရှာဖို့ လီဖူချန်းမှာ ယုံကြည်ချက်မရှိသေးပါဘူး။

သူ့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့ပတ်သက်ပြီး သူက တိတိကျကျနားလည်ထားတယ်။ သူက သာမန်အဆင့်မြင့်နတ်ဘုရားသားရဲတစ်ကောင်နဲ့ ရင်ဆိုင်ရရင် သူက အနိုင်ယူနိုင်လိမ့်မယ်၊ ဒါပေမယ့် သူက လက်ရွေးစင်အဆင့်မြင့်နတ်ဘုရားသားရဲတွေနဲ့ ရင်ဆိုင်ရရင် သူက အနည်းငယ်နိမ့်ကျတယ်။ သူက အားကောင်းတဲ့အဆင့်မြင့်နတ်ဘုရားသားရဲတစ်ကောင်နဲ့ ရင်ဆိုင်ရရင် သူ့မှာ အချိန်တောင်ပံရှိရင်တောင် အန္တရာယ်ရှိသေးတယ်။ အဆင့်မြင့်နတ်ဘုရားသားရဲတွေမှာ အံ့မခန်းမွေးရာပါအတတ်တစ်ခုရှိမလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ။ နတ်ဘုရားသားရဲတွေမှာလဲ နတ်ဘုရားအတတ်ရှိတယ်၊ သူတို့အနေနဲ့ သူတို့ရဲ့ကိုယ်ပိုင်နတ်ဘုရားအတတ်ကို ဖန်တီးနိုင်တာ ရှားပါတယ်။

"ခုနှစ်ဆယ်ရာခိုင်နှုန်းက အနီရောင်ပြောင်းသွားပြီ။ ငါ သုံးဆယ်ရာခိုင်နှုန်းပဲ လိုတော့တယ်"

လီဖူချန်းရဲ့'သေမင်းခံတွင်းဝ'ဆောက်ရွက်ချက်တွေက သူ့ကို ဆုလာဒ်တွေအမြောက်အများသယ်ဆောင်လာပေးတယ်။

…

လှိုင်းသားရဲပိုင်နက်.......

လှိုင်းသားရဲတွေက အနီရောင်စိတ်ဝိညာဉ်‌တောင်ရှိအဆင့်မြင့်နတ်ဘုရားသားရဲဆယ်ကောင်ထဲမှာ ထိပ်ဆုံးငါးကောင်ထဲဝင်တယ်။ ၎င်းက မြေတာအိုနတ်ဘုရားသားရဲတစ်ကောင်ဖြစ်တယ်။

၎င်းနိုးထလာတဲ့မွေးရာပါအတတ်ကို ကောင်းကင်ဘုံမြေကြီးဒေါသလို့ခေါ်တယ်။ ၎င်းက ၎င်းရဲ့ခန္ဓာကိုယ်ကို လှိုင်းအရင်းအမြစ်အဖြစ် အသုံးပြုကာ ကမ္ဘာတစ်ခုလုံးနဲ့ရန်သူတွေကို တုန်ခါစေတယ်။

လှိုင်းသားရဲနဲ့ ရင်ဆိုင်ရတဲ့အခါ အရေအတွက်အသာစီးရတာက အသုံးမဝင်ပါဘူး။ အဲဒါက အဆင့်မြင့်သားရဲနှစ်ယောက်ဆိုရင်တောင် ဘာမှမဖြစ်ဘူး၊ လှိုင်းသားရဲအတွက် ဘာခြားနားချက်တစ်ခုမှ မပြုလုပ်နိုင်ပါဘူး။

လှိုင်းသားရဲနဲ့ရင်ဆိုင်ဖို့ဆိုရင် ကောင်းကင်ဘုံမြေကြီးဒေါသကို အရင်ခုခံရမယ်။

လီဖူချန်းက လှိုင်းသားရဲကို ရန်စဖို့ အစီအစဉ်မရှိပေမယ့် လှိုင်းသားရဲရဲ့ပိုင်နက်အနက်ပိုင်းထဲမှာ သန္ဓေပြောင်းအနီရောင်စိတ်ဝိညာဉ်ဆေးပင်ရိုးတံနှစ်ခုရှိတာကို သူ့ရဲ့နတ်ဘုရားစွမ်းအားက ရှာတွေ့ခဲ့တယ်။

သန္ဓေပြောင်းအနီရောင်စိတ်ဝိညာဉ်ဆေးပင်ရိုးတံတစ်ခုက သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို သုံးဆယ်ရာခိုင်နှုန်းလောက် ပြောင်းလဲပေးနိုင်တယ်။ ရိုးတံနှစ်ခုက သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို အနီရောင်ဖျော့ဖျော့မှ အနီရောင်သို့ သေချာပေါက် ပြောင်းလဲပေးနိုင်တယ်လေ။ သူ ဘယ်လိုလုပ်လက်လျှော့ရမှာလဲ။

"မင်း ငါ့ကို ရန်စရတာပဲ။ ဒီနေရာမှာပဲ အမြဲတမ်းနေခဲ့တော့"

လှိုင်းသားရဲမှာ လူပုံသဏ္ဍာန်ခန္ဓာကိုယ်ရှိပြီး ထူထပ်တဲ့မြေဝါသဘာဝချပ်ဝတ်နဲ့ ဖုံးအုပ်ထားတယ်။ လီဖူချန်းက တစ်ချက်ကြည့်လိုက်တယ်၊ လှိုင်းသားရဲက ထိုနေရာမှာ ရပ်နေရင်တောင် သာမန်အဆင့်မြင့်နတ်ဘုရားသားရဲတွေက ၎င်းရဲ့သဘာဝချပ်ဝတ်ကို မချိုးဖြတ်နိုင်ဘူးလို့ သူက ယူဆခဲ့တယ်။

လှိုင်းသားရဲက ၎င်းရဲ့ညာလက်ကို ဝှေ့ယမ်းလိုက်တာကြောင့် ပြင်းထန်တဲ့လှိုင်းတစ်ခုက ကမ္ဘာကို ဝါးမျိုကာ လီဖူချန်းကို တိုက်ခိုက်လာတယ်။

"မင်းက ငါ့ကို အထင်သေးလွန်းသွားပြီ"

လှိုင်းသားရဲက သူ့ရဲ့မွေးရာပါအတတ်ကိုတောင် မဖော်ထုတ်ဘဲ မွေးရာပါစွမ်းရည်ကိုပဲ အသုံးပြုတာကို မြင်တဲ့အခါ လီဖူချန်းက ရှောင်တိမ်းဖို့ အစီအစဉ်မရှိဘူး၊ တိုက်ခိုက်မှုကို သူ့ဓားနဲ့ ကြိုဆိုလိုက်တယ်။

အုန်း.......

လှိုင်းအားက သေချာပေါက်ကြောက်စရာကောင်းတဲ့စွမ်းအားတစ်ခုပဲ။ လီဖူချန်းရဲ့ဓားချီက လှိုင်းအားနဲ့ ထိတွေ့တာနဲ့ ချက်ချင်း တစ်စစီဖြစ်သွားတယ်။ ထို့နောက် လီဖူချန်းက လွင့်ထွက်သွားတယ်။

လီဖူချန်းရဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက အလယ်ဆင့်နတ်ဘုရားအဆင့်မှာရှိပြီး သူ့ရဲ့ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်က မဖျက်ဆီးနိုင်တဲ့အခြေအနေမှာ ရှိတာကြောင့် ဒီတိုက်ခိုက်မှုက သူမသေရင်တောင် လီဖူချန်းကို မသန်မစွမ်းဖြစ်သွားစေလိမ့်မယ်။

"ဒီလိုကြောက်စရာကောင်းတဲ့မွေးရာပါစွမ်းရည်"

လီဖူချန်းရဲ့အမူအရာက လေးနက်နေတယ်။

"ဒဏ်ရာမရဘူးလား"

လီဖူချန်းက မထိခိုက်တာကို မြင်ပြီး လှိုင်းသားရဲက အတော်လေးအံ့အားသင့်သွားတယ်။

အနီရောင်စိတ်ဝိညာဉ်တောင်မှာ ထိပ်တန်းအဆင့်ဝင်သူအနည်းငယ်နဲ့ခရမ်းရောင်လမြို့အရှင်မလို့ခေါ်တဲ့အဆင့်မြင့်နတ်ဘုရားတစ်ယောက်ကလွဲပြီး တစ်ယောက်မှ လှိုင်းသားရဲရဲ့တိုက်ခိုက်မှုတစ်ချက်ကို မရင်ဆိုင်နိုင်ဘူး။

"မင်း ငါ့ကို ရန်စရဲတာ အံ့ဩစရာမရှိဘူးပဲ။ သေဖို့ ပြင်ထားပေတော့........ကောင်းကင်ဘုံမြေကြီးဒေါသ......."

လှိုင်းသားရဲက သူ့ရဲ့မွေးရာပါအတတ်ဖြစ်တဲ့ကောင်းကင်ဘုံမြေကြီးဒေါသကို ထုတ်ဖော်လိုက်တယ်။

အုန်း အုန်း အုန်း.......

လှိုင်းသားရဲကို အလယ်ဗဟိုမှာ ထားလျက် ဦးတည်ဘက်တိုင်းရှိတောင်တွေ၊ မြစ်တွေက ဖုန်မှုန့်အဖြစ် ချက်ချင်းပြောင်းသွားတယ်။ ပတ်ဝန်းကျင်ရှိနတ်ဘုရားဥပဒေသကတောင် ဖရိုဖရဲဖြစ်သွားတယ်။ ကြောက်စရာကောင်းတဲ့တုန်ခါမှုအားက ကမ္ဘာနဲ့နေရာလပ်-အချိန်ကို ဝါးမျိုသွားတယ်။ ထိုအချိန်မှာ လီဖူချန်းက အချိန်တောင်ပံကို ထုတ်ဖော်ခဲ့ရင်တောင် သူ့အနေနဲ့ လွတ်မြောက်ဖို့ ခက်ခဲတယ်။ အကြောင်းကတော့ ပတ်ဝန်းကျင်မှာ တုန်ခါမှုအားစက်ကွင်းဖြစ်ခဲ့တာကြောင့်ပဲ။ တုန်ခါမှုအားစက်ကွင်းကို ချိုးဖြတ်ပြီးမှသာ လီဖူချန်းက နေရာလပ်-အချိန်နတ်ဘုရားအတတ်ဖြစ်တဲ့အချိန်တောင်ပံကို ထုတ်ဖော်နိုင်လိမ့်မယ်။

ဒါပေမယ့် လီဖူချန်းက လှိုင်းသားရဲရဲ့ပိုင်နက်ကို လာရဲမှတော့ သူ့မှာ ယုံကြည်ချက်အချို့ရှိမှာပေါ့။

"ငါ မင်းကို ငါ့ရဲ့ဖျက်ဆီးခြင်းနတ်ဘုရားအတတ်ကို မြင်တွေ့ခွင့်ပေးမယ်.....ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်"

လီဖူချန်းရဲ့ခန္ဓာကိုယ်က ရုတ်တရက်ပုံရိပ်ယောင်ဖြစ်သွားတယ်။ တစ်ယောက်ယောက်က ဂရုတစိုက် လေ့လာရင် လီဖူချန်းရဲ့နတ်ဘုရားခန္ဓာကိုယ်က တောက်ပပြီးမှုန်ဝါးသေးငယ်တဲ့အမှုန်မရေမတွက်များစွာနဲ့ ဖြစ်လာတယ်လို့ ထင်ရတယ်။ ဒီအမှုန်တွေက ဖျက်ဆီးလုလုအဆက်မပြတ်ဖြစ်နေတယ်။

သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အနီရောင်ပြောင်းသွားတာကြောင့် လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုက သိသိသာသာတိုးမြင့်လာတယ်။ သူ နောက်ဆုံးမှာ ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်ကို အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။

အခြားသူတွေမှာ နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်‌တွေရှိတယ်၊ ယခု လီဖူချန်းမှာလဲ နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်တစ်ခုရှိလာတယ်။ ဒါ့ပြင် အဲဒါက ပိုတောင်အားကောင်းတယ်။ သူတို့နှစ်ခုလုံးက အလယ်ဆင့်နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်တွေဖြစ်ပေမယ့် သူ့ရဲ့ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်က သေချာပေါက်ပိုမြင့်တယ်။

ကောင်းကင်ဘုံမြေကြီးဒေါသက ဖြစ်ပေါ်စေခဲ့တဲ့တုန်ခါမှုအားက လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ဖြာထွက်နေတယ်။

တုန်ခါမှုအားက စဦးအခြေအနေမှာ အလွန်ပြင်းထန်ပေမယ့် ကြောက်စရာကောင်းတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ တကယ်ကြောက်စရာကောင်းတာကတော့ တုန်ခါမှုအားကို ဆင့်ပုံနိုင်တာပဲ။ ဆင့်ပုံဆင့်ပုံလာတဲ့အခါ လှိုင်းသားရဲထက်ပိုသန်မာတဲ့တည်ရှိမှုတစ်ခုကတောင် တောင့်ခံနိုင်မှာမဟုတ်ဘူး။

ဖောက် ဖောက် ဖောက် ......

သူ့ရဲ့ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်မှ နူးညံ့တဲ့ပူဖောင်းပေါက်ကွဲထွက်သံတွေကို လီဖူချန်းကပဲ ကြားနိုင်တယ်။

ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်က ထိခိုက်သွားတယ်လို့ ဆိုလိုတယ်။

ဒါကို စဉ်းစားပြီးနောက် ပုံမှန်ပါပဲ။ လှိုင်းသားရဲက သာမန်အဆင့်မြင့်နတ်ဘုရားသားရဲတစ်ကောင်မဟုတ်ဘူးလေ။ ၎င်းက အနီရောင်စိတ်ဝိညာဉ်တောင်ရဲ့အဆင့်မြင့်နတ်ဘုရားသားရဲထိပ်ဆုံးငါးကောင်ထဲကတစ်ကောင်‌ပဲ။ ၎င်းရဲ့ခွန်အားက သာမန်အဆင့်မြင့်နတ်ဘုရားသားရဲတွေရဲ့အမူအရာကို ပြောင်းလဲစေဖို့ လုံလောက်တယ်။

လီဖူချန်းရဲ့ခွန်အားက သာမန်အဆင့်မြင့်နတ်ဘုရားသားရဲတွေနဲ့ ယှဉ်ပြိုင်နိုင်ရုံပဲ။

ဒါ့အပြင် အလယ်ဆင့်နတ်ဘုရားအတတ်ဖြစ်တဲ့ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်က မဖျက်ဆီးနိုင်ဘူးဆိုတာ တကယ်မမှန်ပါဘူး။ အပြစ်အနာအဆာတွေရှိတာ မလွဲဧကန်ပါပဲ။

ပူဖောင်းပေါက်ကွဲသံက ပိုပိုသိပ်သည်းလာပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်က ပိုတောင့်တင်းလာတယ်။

"ဒါ ဘယ်လိုနတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်လဲ"

လှိုင်းသားရဲက ထိတ်လန့်တုန်လှုပ်သွားတယ်။

လီဖူချန်းက သူ့ကို အများကြီးအံ့အားသင့်စေခဲ့တာပဲ။

ဘယ်လိုနတ်ဘုရားအတတ်နတ်ဘုရားခန္ဓာကိုယ်က ကောင်းကင်ဘုံမြေကြီးဒေါသကို ခုခံနိုင်တယ်ဆိုတာ လှိုင်းသားရဲက နားမလည်နိုင်ဘူ။ အဆင့်မြင့်နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်တစ်ခုများလား။

မဖြစ်နိုင်ဘူး။ လီဖူချန်းရဲ့နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်က ကောင်းကင်ဘုံမြေကြီးဒေါသကို အပြည့်အဝမခုခံနိုင်ဘဲ ထိခိုက်မှုသိသိသာသာခံစားရတယ်ဆိုတာ လှိုင်းသားရဲက မြင်နိုင်တယ်။ ဒါက အဆင့်မြင့်နတ်ဘုရားခန္ဓာကိုယ်နတ်ဘုရားအတတ်တစ်ခုဆိုရင် ကောင်းကင်ဘုံမြေကြီးဒေါသကို အလွယ်တကူခုခံနိုင်ပါလိမ့်မယ်။

ဒါ့အပြင် လှိုင်းသားရဲက အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးနိုင်တဲ့တည်ရှိမှုတစ်ခုအတွက် ပြိုင်ဘက်မဟုတ်ပါဘူး။ အဲလိုသာဆိုရင် လီဖူချန်းက သူ့ကို တိုက်ကွက်တစ်ကွက်တည်းနဲ့ သတ်ဖြတ်နိုင်ပါလိမ့်မယ်။

အလယ်ဆင့်နတ်ဘုရားအတတ်တစ်ခုနဲ့အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခြင်းက ကောင်းကင်ဘုံနဲ့မြေကြီးပမာပါပဲ။

လီဖူချန်းက အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုကို တကယ်ပဲ ဖန်တီးနိုင်တယ်ဆိုရင် လှိုင်းသားရဲက သေချာပေါက်ပြန်လှည့်ကာ ထွက်သွားလိုက်မယ်။ ဘာလို့ သူက လီဖူချန်းနဲ့ သေတဲ့အထိ တိုက်ခိုက်နေရမှာလဲ။

"ငါ့ရဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက အားနည်းလွန်းတယ်"

သူ့ရဲ့ဖျက်ဆိးခြင်းနတ်ဘုရားခန္ဓာကိုယ်က မသန်မာတာကြောင့်မဟုတ်ဘူး၊ သူ့ရဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက အားနည်းလွန်းလို့ဆိုတာ လီဖူချန်းက ရှင်းရှင်းလင်းလင်းသိတယ်။

ပထမ၊ သူ့ရဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက အလယ်ဆင့်နတ်ဘုရားအဆင့်မှာပဲ ရှိပေမယ့် ရန်သူရဲ့နတ်ဘုရားစွမ်းအားက အဆင့်မြင့်နတ်ဘုရားအဆင့်မှာ ရှိတာလေ။

ဒုတိယ၊ လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားနဲ့နတ်ဘုရားစိတ်ဝိညာဉ်ပေါင်းစပ်ခြင်းက ၂၈ရာခိုင်နှုန်းမှာပဲ ရှိတယ်။ အဲဒါက အဆင့်မြင့်နတ်ဘုရားတစ်ယောက်ရဲ့၃၀ရာခိုင်နှုန်းပေါင်းစပ်မှုမှ ကွက်လပ်အသေးတစ်ခုရှိနေသေးတယ်။

တတိယ၊ သူ့ရဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားအညွှန်းကိန်းက သူ့ရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းထက် နိမ့်ကျပြီး တစ်သောင်းထက် မပိုပါဘူး။

အကန့်အသတ်မျိုးစုံနဲ့ဆိုရင် ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်က ဆန်မရှိတဲ့အိမ်ရှင်မတစ်ယောက်ပမာပါပဲ။ အခြေခံအားဖြင့် ၎င်းမှာ ရှိသင့်တဲ့စွမ်းအားကို မထုတ်ဖော်နိုင်ခဲ့ဘူး။

လီဖူချန်းရဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက အဆင့်မြင့်နတ်ဘုရားတစ်ယောက်ရဲ့အဆင့်မှာရှိရင် လှိုင်းသားရဲဆယ်ယောက်ကတောင် ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်ကိုတောင် ထိခိုက်နိုင်လိမ့်မှာမဟုတ်ဘူး။

"ငါ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အနီရောင်ဖြစ်သွားတာနဲ့ အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုကို ငါ ဖန်တီးနိုင်မလား"

ထိုးထွင်းသိမြင်မှုက စိတ်ဝိညာဉ်ထဲရှိပြောင်းလဲမှုတွေနဲ့ နီးကပ်စွာဆက်စပ်တယ်။

စိတ်ဝိညာဉ်က စတင်အရောင်ပြောင်းလာတဲ့အခါ ထိုးထွင်းသိမြင်မှုက တဖြည်းဖြည်းတိုးလာလိမ့်မယ်။

လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အနီရောင်ဖြစ်လာရင် ထိုးထွင်းသိမြင်မှုက သေးငယ်တဲ့ပြောင်းလဲမှုတစ်ခုသေချာပေါက်ရှိလာလိမ့်မယ်။

သူ့ရဲ့ထိုးထွင်းသိမြင်မှုက အလွန်ကြောက်စရာကောင်းပြီး အချိန်တိုအတွင်းမှာ သူက အလယ်ဆင့်နတ်ဘုရားအတတ်များစွာကို ဖန်တီးနိုင်ခဲ့တယ်။ သေးငယ်တဲ့ပြောင်းလဲမှုတစ်ခုရှိလာတာနဲ့ သူ့အတွက် အဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးဖို့ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။

ဒါပေမယ့် စိတ်ဝိညာဉ်က အရောင်ပြောင်းလဲမှုတစ်ခုရှိလာရင် ပိုတောင်ကြောက်စရာကောင်းပါလိမ့်မယ်။ ဥပမာအားဖြင့် အစိမ်းမှအပြာ၊ အပြာမှခရမ်းရောင်၊ ခရမ်းမှအနီရောင်။ ဒိီလိုသန့်စင်တဲ့အရောင်ပြောင်းလဲမှုတစ်ခုက ထိုးထွင်းသိမြင်မှုမှာ ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကို ဖြစ်စေလိမ့်မယ်။

ပြီးရင်တော့ လီဖူချန်းက ဒီလိုအဆင့်မြင့်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးနိုင်လိမ့်မယ်။

ဒါပေမယ့် အနီရောင်နတ်ဘုရားစိတ်ဝိညာဉ်တစ်ခုက အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့နတ်ဘုရားစိတ်ဝိညာဉ်တစ်ခုဖြစ်နေပြီးပဲ။ နတ်ဘုရားစိတ်ဝိညာဉ်ဘာအရောင်တွေ ထပ်ရှ်ိလာမလဲကို လီဖူချန်းက မသိဘူး။ အနာဂတ်မှာ နတ်ဘုရားစိတ်ဝိညာဉ်က အရောင်တစ်ခုပြောင်းတိုင်း ပို၍ပို ၍ကြောက်စရာကောင်းလိမ့်မယ်ဆိုတာ လီဖူချန်းက ရေးတေးတေးသိတယ်။

All Chapters